Tuesday, December 4, 2012

အင်တာနက် သုံးရာတွင် လုံခြုံစေရန် Firefox ရဲ့ Feature တစ်ခု


ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အင်တာနက် အသုံးပြုတဲ့သူအားလုံးလိုလို Mozilla Firefox Browser ကိုပဲ အသုံးပြုကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Firefox ကိုပဲ အသုံးများပါတယ်။ နည်းပညာဆိုတာက ချစ်ဖို့ကောင်းသလို မုန်းဖို့လဲ ကောင်းတယ် ဆိုရမယ်။ အွန်လိုင်းဆိုတာက ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့ သူတွေလဲ အများကြီးပဲဗျ။ ဆိုလိုချင်တာက ကျွန်တော်တို့ အင်တာနက်ထဲမှာ နေ့စဉ် လည်ပတ်နေကြတယ်။ ဟို site လေးဝင်ကြည့်လိုက်
ဒီ site လေး ၀င်ကြည့်လိုက် ။ facebook လေးသုံးလိုက် ၊ Gtalk လေး Chat လိုက်ပေါ့ :P ။ အဲဒီလို ဟို site ၀င် ဒီ site ၀င်တာက အရေးမကြီးဘူး။ အင်တာနက်ပေါ်မှာ မကောင်းမှု ပြုနေတဲ့ လူတစ်ချို့က အဲဒီ website တွေကနေ တဆင့် ကိုယ့်ကို ခြေရာခံလာနိုင်ပါတယ်။ ဥပမာ - လွယ်လွယ်ပြောရရင် ကျွန်တော်တို့ ကိုယ့်ဆီကို ၀င်လာတဲ့ gmail က ဘယ်နိုင်ငံ၊ ဘယ်ဒေသ က Send လုပ်လိုက်သလဲဆိုတာကို ခြေရာခံကြသလိုမျိုးပေါ့။ Networking အခေါ်အဝေါ်အရဆိုရင်တော့ tracert လိုက်တယ်လို့ ခေါ်ပါတယ်။ Mozilla Firefox က အသုံးပြုတဲ့ user တွေအတွက် Do Not Track ဆိုတဲ့ Feature တစ်ခု ထည့်ထားပေးပါတယ်။ user တွေအနေနဲ့ သတိမထားမိကြဘူး။ ဒီလိုပဲ အင်တာနက်ဆိုင်မှာ သုံးတဲ့သူဆိုလဲ ဆိုင်ရှင်က ဖွင့်ထားပေးတဲ့ အတိုင်း အလွယ်တကူပဲ ၀င်သုံးလိုက်တယ်။ တချို့ဆို Gtalk, facebook သုံးပြီး ကိုယ့်အကောင့်ကို Sign out လုပ်ရမှန်းတောင် မသိ့ဘူး။ နေ့စဉ် အင်တာနက်သုံး၊ အင်တာနက်နဲ့ အလုပ်လုပ်နေတဲ့ သူတွေ ၊ အင်တာနက်နဲ့ ငွေရှာနေတဲ့ သူတွေ ၊ လေ့လာနေတဲ့ သူတွေအတွက်ကတော့ Firefox ရဲ့ Do Not Track ဆိုတာကို Enable ပြုလုပ်ထားသင့်ပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ တချို့ တချို့သော website တွေက ခင်ဗျား ၀င်ကြည့်နေတဲ့ အချိန်အတိုင်းအတာလေး အတွင်း၊ ခင်ဗျား သတိမထားမိလိုက်တဲ့ အချိန်အပိုင်းအခြားလေး အတွင်းမှာပဲ ခင်ဗျားရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူသွားနိုင်ပါတယ်ဗျာ။
Step (1) Firefox Browser ရဲ့ ဘယ်ဘက် အပေါ်ထိပ်က Firefox Button ကိုနှိပ်ပါ။ Menu တစ်ခု ကျလာရင် Option ထဲကို ၀င်ပါ။
Step (2)  Option Box ကျလာပြီဆိုရင်တော့ Privacy Tab ထဲက Tracking အောက်မှာ ရှိတဲ့ Tell Website I do not want to be tracked ကို check ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ 

Step (3) Check ပြုလုပ်ပြီးချိန်မှာတော့ ပြောင်းလဲထားတဲ့ setting တွေကို အတည်ပြုဖို့ အတွက် ok ကိုနှိပ်ဖို့တော့ မမေ့ပါနဲ့။

Short Note : Firefox Option > Privacy > Tracking > tell website i do not want to be tracked > Check On

Mozilla Firefox ကို အသုံးပြုတဲ့ user တွေအနေနဲ့ အခု Do Not Track ကို Enable ပြုလုပ်ပြီး အသုံးပြုခြင်းအားဖြင့် Website တွေကနေ တဆင့် မိမိတို့ရဲ့ Information တွေကို ခိုးယူနိုင်ဖို့ အခွင့်အလမ်း နည်းသွားပါလိမ့်မယ်။ 

Ref>>>http://www.tramyanmar.net/2012/12/firefox-feature.html

အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် .....     စဦးသူ

0 ကွန်မန့်ရေးရန်:

Post a Comment