This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 8, 2014

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်အရ ကြယ်စင်အိမ်ရာ အခန်းငှားခ ထက်ဝက်လျော့ သတ်မှတ် ..............

ထင်လင်းအောင် .

သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်းမှ အခန်းငှားရမ်းခနှုန်းထားများကို မြို့တွင်းအိမ်ရာ အငှားဈေး နှုန်းများအောက် ထက်ဝက်နီးပါး လျှော့ချထားခြင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု စီမံကိန်းမန်နေဂျာ မစ္စတာပီတာ ဂျေဖရန့်စ်က် မဇ်္ဈိမကို ပြောသည်။

မစ္စတာ ပီတာဂျေဖရန့်စ် က“ ဒီမှာရှိတဲ့အခန်းတွေအားလုံးက ပြည်ပဧည့်သည်တွေရဲ့ လူနေမှုပုံစံနဲ့ အဆင် ပြေတဲ့အဆင့်ကို လုပ်ထားတာပါ။ ဒါပေမယ့် ဈေးနှုန်းကတော့ မြို့ထဲက အိမ်ရာဈေးနှုန်းတွေနဲ့စာရင် အရမ်း ကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ဒီနေရာက (သန်လျင်မြို့)အခုမှ ဖွံ့ဖြိုးစဖြစ်သလို၊ သွား လာမှုမှာ နည်းနည်းအခက်အခဲရှိတော့ ဈေးကို မျှတထားတာပါ။ ဒီလိုဖွံ့ဖြိုးဆဲ အခြေအနေ တစ်ခုကလဲ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစေပါတယ်” ဟု မတ် လ ၄ ရက် ပြုလုပ်သည့် နိုင်ငံခြား ဧည့်သည် များကို အခန်းငှားခနှုန်းများကို ရှင်းပြသည့် အခမ်းအနားတွင် မဇ်္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားပြောသည်။

Star City ကြယ်စင်အိမ်ရာ အခန်းခနှုန်းထားများကို အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းပါ စတုရန်းပေ ၆၆၀ ၀န်းကျင် အခန်းကို တစ်လငှားရမ်းခ ကန်ဒေါ်လာ ကျပ် ၁,၀၀၀ ကျော်ဝန်းကျင်ဖြင့် (ကျပ်ငွေ ဆယ်သိန်း ၀န်းကျင်) အနိမ့်ဆုံးဈေးနှင့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း ၊ရေချိုးခန်းပါ စတုရန်းပေ ၂,၈၀၀ ၀န်းကျင်အခန်းကို ကန်ဒေါ်လာ ၄,၀၀၀ ၀န်းကျင် (ကျပ်ငွေ ၄၉သိန်းကျော် ၀န်းကျင်)ဖြင့် အမြင့်ဆုံး ဈေးများဖြင့် သတ်မှတ် ထားခြင်းဖြစ်သည်ဟု အိမ်ရာအရောင်းမန်နေဂျာ ဦးဆမ်မြူ ရယ်စိုင်းက ပြောသည်။

၂၀၁၄ မတ်လ၏ ကာလပေါက်ဈေးအနေဖြင့် မြို့တွင်း ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များတွင် စတုရန်းပေ ၆၀၀ အခန်း တစ်ခန်း၏ တစ်ရက် ငှားရမ်းခနှုန်းထားမှာ ကန်ဒေါ်လာ ၁၅၀ မှ၂၀၀ ၀န်းကျင် အကြားရှိသည် ဟု ဟိုတယ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်း၏ ဇုန်အေ အမှတ် ၅ (Zone A5)မှ အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်း စသဖြင့် အခန်းပေါင်း ၁၅၀ ကျော်အား ဇွန်လအတွင်း စတင်ငှားရမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။

အားကစားသမားများအနေဖြင့် အမြင်အာရုံ ထက်မြက်လာစေမည့် လေ့ကျင့်ခန်း .....................


Health Updates Journal No. 107

လေ့လာမှုအသစ်တစ်ခုအရ အားကစားသမားများအနေဖြင့် ကွန်ပျူတာ၊ တက်ဘလက်များအား အသုံးပြု၍ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အမြင်အာရုံပိုမိုထက်မြက်လာစေကြောင်း သိရသည်။

University of California။ မှ သိပံ္ပပညာရှင်များက ဘေ့စ်ဘောအားကစားသမားများအား စမ်းသပ်မှုတွင် ပါဝင်စေခဲ့ပြီး တစ်ရက်လျှင် ၂၅မိနစ်၊ တစ်ပတ်လျှင် လေးရက်နှုန်းနှင့် နှစ်လခန့်ကွန်ပျူတာဖြင့် ဦးနှောက်လေ့ကျင့်ခန်းဂိမ်းများအား ကစားစေခဲ့ သည်။ နှစ်လကြာလေ့ကျင့်မှုပြီးသည့် နောက်တွင် ပါဝင်သူများသည် အခြားသော ကစားသမားများထက် အမြင်အာရုံပိုမိုစူးရှလာပြီး ဘောလုံးကို ပိုမိုမြင်လာရုံသာမက မျက်စိရှေ့ တည့်တည့်ကြည့်နေသော်လည်း ဘေးဖက်သို့မြင်ရသည့်မြင်ကွင်း ပိုကျယ်လာကြောင်း သိရသည်။

လေ့လာသူများက ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်တော်တို့အားကစားရုံများတွင် လေ့ကျင့်ခြင်းဖြင့် ကာယစွမ်းအားပိုမိုလာသကဲ့သို့ပင် ဦးနှောက်အား လေ့ကျင့်ခန်းပေးခြင်းဖြင့် စိတ် စွမ်းအား ပိုမိုကောင်းမွန်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အ၀င်း
ref:Netdoctor.co.uk