This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 29, 2014

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ ...............

Posted by: Ko Myo on Sunday, April 27, 2014 Categories:


ရာသီဥတုပူလွန်းလို့ လူတွေကို ဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လဲ ခေါ်တယ်။ အရပ်ခေါ် အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလဲ ဖြစ်စေနိုင်တယ်။

Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက် လွတ်ဖြစ်တာ၊ Heat exhaustion အပူကြောင့် ကုန်ခမ်းသွားတာတွေက ဆိုးတဲ့ လက္ခဏာတွေ မဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့ မဆိုင်ဘဲလဲ ဖြစ်တတ်တယ်။

အပူချိန်မြင့်နေတာနဲ့ အချိန်ကြာ ထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့ နစ်ကိုထိခိုက် ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက် ထက်ကျော် တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။

ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊
• Rapid heartbeat နှလုံးခုန်မြန်၊
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေ တဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။ First Aid for Heat Stroke ရှေးဦး သူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့ နည်းတွေသုံးပါ။ ရေအေး ဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာ ဖွင့်ပေးပါ၊ ယပ်ခပ်ပေးပါ။
• သက်သာလာပြီးနောက်မှာလဲ အပူဒဏမခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထံတဲ့အားကစား၊ ကိုယ် လက်လေ့ကျင့်ခန်း ရှောင်ထားပါ။
• ရေအေးတဘက်နဲ့ ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေး စရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့ သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်း ပါ။
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄

Beat the summer heat အပူဒဏ်ကာကွယ်ရန် ....................

Posted by: Ko Myo on Sunday, April 27, 2014 Categories:


• အရိပ်ထဲမှာသာနေပါ။ နားနိုင်သမျှ နားနေပါ။ အိမ်ထဲ-ကျောင်းထဲ-ရုံထဲမှာသာ နေပါ။
• အပြင်ထွက်ရင် ဆောင်းစရာပါပါစေ။
• ပြင်းထံတဲ့ အလုပ်မျိုးတွေ ရှောင်ထားပါ။
• ရေ တနေကုန်သောက်ပါ။ မဆာလဲသောက်ပါ။ ဆာလာပြီဆိုတာ ရေ+ဓါတ်ဆား ခမ်းလာလို့ဖြစ်တယ်။
• သိပ်အေးတဲ့ အရည်ကို မသောက်ပါနဲ့။ Stomach cramps အစာအိမ်ကြွက်တက် သလိုဖြစ်စေနိုင်လို့ပါ။
• Painkillers အနာသက်သာဆေးတွေနဲ့ Laxatives ဝမ်းနုပ်ဆေးတွေကို သိပ်လိုမှ သာသောက်ပါ။
• ရေအေးနဲ့သာ ရေချိုးပါ။
• ဖြစ်နိုင်ရင် အဲယားကွန်နဲ့နေပါ။
• အဝတ်အစား ချောင်ချိတာနဲ့ ခြည်ထည်သာ ဝတ်ဆင်ပါ။
• အသက်ကြီးသူတွေ ပိုသတိထားပါ။
• အရက်မသောက်ပါနဲ့။
• မိုးလေဝသသတင်း နားထောင်နေပါ။ အကြံပြုချက်တွေကို လိုက်နာပါ။
• အပြင်ထွက်စရာရှိရင် ပြင်ဆင်ပါ။ ထီး၊ ဦးထုပ်၊ ခမောက်ဆောင်းပါ။ ရေယူသွားပါ။ ရေ ကိုအေးနေအောင်စီမံပါ။ ဖြစ်နိုင်ရင် လေအေးစက်ပါ ယာဉ်သုံးပါ။ ရေပန်း-ဖြန်းစရာ သုံးနိုင်ပါတယ်။
• အပြင်မှာအလုပ်လုပ်ရလဲ အရိပ်ခိုတာ မကြာခဏလုပ်ပါ။ နေနဲ့တွေ့ချိန် နည်းနိုင်သမျှနည်းအောင်လုပ်ပါ။
• အပူဒဏ်ခံရရင်ဘာတွေဖြစ်လာမလဲ သိထားပါ။ ဘယ်လိုလုပ်ရမလဲ သိထားပါ။ သူများဖြစ်ရင် အကူ အညီပေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄

Dramatic temperature change ရုတ်တရက် အပူချိန်အပြောင်းအလဲမှာ ဘာသတိထားရမလဲ...............



Posted by: Ko Myo on Sunday, April 27, 2014 Categories:


1. ဆရာ နေပူထဲကလာပြီး ချက်ချင်း မျက်နှာသစ်ရင် ချေထောက်ရေလောင်းရင် အပူရှပ်ပြီး သေတတ် တယ်တို့၊ သွေးကြောပြတ်ပြီး သေတတ်တယ်တို့ ကြားဘူးပါတယ် ဟုတ်ပါသလား ဆရာ။
2. အပြင် အပူထဲကပြန်လာလို့ ရေခဲရေသောက်ရင်အပူရှပ်ပြီး သွေးကြောပြတ်သေတယ်လို့ သိထားတယ်။ အပူရှပ်တဲ့လူကို ရေအေးတွေ ရုတ်တရက်သုံးတော့ အန္တရယ်မရှိနိုင်ဘူးလား။

ဘယ်အရာမဆို ယုတ်တရက်အပြောင်းအလဲလုပ်တိုင်း ချောမွေ့မှုမရှိတတ်ပါ။ အပူချိန်သိပ်ပူရာကနေ သိပ်အေးတဲ့နေရာကို ရောက်တာနဲ့ လူ့ကိုယ်ခန္ခာကို သက်ရောက်မှုဖြစ်တာတွေကလဲ မခံနိုင်ဖြစ်သူတွေ ရှိတယ်။
• သိပ်ပူတဲ့နေရာကနေ ပြန်ရောက်လို့ သိပ်အေးတာကို သောက်တာ၊ စားတာ၊ ရေချိုးတာမှန်သမျှ မသင့်လှပါ။
• လူတိုင်းကို မဟုတ်ပေမဲ့ အပူချိန်ကွာလွန်းတာကို ရုတ်တရက်တွေမိရင် ဆရာ့စာထဲမှာပါသလို Stomach cramps အစာအိမ် ကြွက်တက်တယ်လို့ ခေါ်တာမျိုးဖြစ်စေနိုင်တယ်။
• သွေးကြောကိုမေးတာမှာလဲ အတူဘဲလို့မှတ်ယူနိုင်ပါတယ်။ တချို့ကို မကောင်းတာဖြစ်စေနိုင်ပါတယ်။
• အပြင်အပူထဲကနေ လေအေးစက်ပေးထားတဲ့နေရာထဲဝင်လိုက်တာနဲ့ ပြောင်းပြီ။ အရေပြားသွေ့ ခြောက် လာမယ်။ အရေပြားအပါးစားတွေဖြစ်တဲ့ မျက်စိ၊ နှုပ်ခမ်းတွေလဲ ခြောက်လာမယ်။ မျက်စိပိုးဝင်တာ၊ အသက် ရှူလမ်း ပိုးဝင်တာနဲ့ ကြွက်သား ကြွက်တက်တာတွေဖြစ်လာစေနိုင်တယ်။ ပန်းနာထသူ၊ လည်ချောင်းနာသူ၊ တုပ်ကွေးလိုဖြစ်သူ၊ ခေါင်းကိုက်၊ ကြွက်သားနာသူတွေများတယ်။
• လေအေးပေးထားတဲ့နေရာဌာနတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကနေ ၂၃-၂၅ ဒီဂရီ စီ မှာ ထားသင့်တယ်လို့ အကြံပေးပါတယ်။ ၁၉ ထိနည်းရင် ဆိုးနိုင်တာများတယ်။ တိတိကျကျ ပြော ထားတာကတော့ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီအချိန် အခန်းတွင်းမှာ ၂၂့၅ ဒီဂရီ စီ ထားသင့်တယ်လို့ဖြစ်ပါ တယ်။
• အပူချိန်အပြေင်းအလဲ မြန်လို့ အသစ်ရောဂါဖြစ်တာရှိသလို ရှိနေတဲ့ရောဂါကိုပါ ဆိုးစေတတ်သေးပါတယ်။ Coronary heart diseases နှလုံးသွေးကြောကျဉ်းရောဂါ၊ Vascular cardiac, Vascular brain diseases and Peripheral vascular diseases နှလုံး-ဦးနှောက်-ကိုယ်ဖျားပိုင်း သွေးကြောရောဂါတွေကို ဆိုးလာစေနိုင်တယ်။
• အသက် ၆၅ နှစ်ကျော်သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံး၊ သွေးတိုး၊ အဆုပ်၊ စိတ်ရောဂါ အခံရှိသူတွေက ပိုသတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

Friday, April 25, 2014

ရေကို အလွန်အကျွံသောက်ရင် ဘာဖြစ်တတ်သလဲ............

Posted by: Ko Myo on Thursday, April 24, 2014 Categories:

Health Updates Journal No. 113

ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကို လိုအပ် တာထက် ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေး အတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စား ဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆို ရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သာမန်လူတွေက အဲဒီလိုဖြစ် ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ် တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref: ANI

ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ .........

Slimming pills ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာအမျိုးမျိုးရှိကြတယ်။ သုံးစွဲတဲ့အခါ သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသေးတယ်။အဆီဓာတ်ချပေးတဲ့ပိန်ဆေးလား၊ကစီဓာတ်ချပေးတဲ့ ပိန်ဆေးလား၊ဒါမှမဟုတ် အမျှင်ဓာတ်ပါဝင်တဲ့ဝမ်းသွားစေတဲ့ပိန်ဆေးမျိုးလား။ဒါသိရုံနဲ့တင်မပြီးသေးဘူး။ပါဝင်တဲ့ဆေးအမျိုးအစား၊ဘယ်လောက်ပမာဏ ပါဝင်ကြသလဲ။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်နိုင်လဲ ဆိုတာပဲ။ တွေ့သလောက်ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာလောက်သာ သိရှိကြတယ်။ အာနိသင်ဘယ်လိုရှိလဲ။ဘယ်နေရာတွေမှာ အသုံးပြုရလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲရမှာလဲ။မသိသူသာ များကြတယ်။သူများကောင်းတယ်ပြောလို့ လိုက်သောက်ကြသူက ထက်ဝက်ကျော်လောက်ရှိမယ်။ ဆေးဆိုင်ညွှန်းလိုက်တာပါထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြေငြာတွေကလည်း ကောင်းလိုက်တာ ကလား။ဆေးက ဘယ်နှစ်ရက်အတွင်း ဘယ်လိုကျသွားစေရမယ်၊အစာရှောင်စရာ မလိုဘူးဆိုတာက ပါသေးတယ်။ ဒီနေရာမှာ ပိန်ချင်သူတွေ သိရှိရမယ့် အရေးကြီးအချက်နှစ်ချက်ကို ဖော်ပြပါမယ်။

၁။အလေးချိန်ရုတ်တရက် ကျဆင်းတာဟာ ကျန်းမာရေး ပြဿနာတစ်ခုပါ။ဥပမာ တပတ်အတွင်း ၁၀ပေါင်လောက် ကျဆင်းသွားရင် မကောင်းတော့ဘူး။ လူကို တခုခုထိခိုက်နိုင်တယ်ဆိုတာ သတိပြုပါ။

၂။အစားအသောက်မလျှော့ပဲ ပိန်တဲ့ဆေး မရှိပါဘူး။အစားအသောက်အပြင် လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်မှ အမှန်တကယ် ဝိတ်ကျပါတယ်။ကျွန်တော်တို့ရဲ့ အားနည်းချက်က အယုံလွယ်တာပဲ။ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်လည်း မနည်းလှဘူး။ ကြေငြာလေးများကောင်းရင် သိပ်သုံးကြည့်ချင်တာပဲ။ သို့သော် ကိုယ်တင်သူတင်မဟုတ်။ တခြားတိုင်းပြည်တွေမှာလည်း အလားတူပါပဲ။ ဒါ့ကြောင့်ပဲ ကြေငြာတွေ အပြိုင်အဆိုင် လုပ်ကြတာပေါ့။ သုံးစွဲတဲ့အခါ ကိုယ်နဲ့တဲ့တာ ရှိသလို တချို့ မတဲ့တာမျိုးလည်း ရှိတတ်တယ်။ အချို့သောပိန်ဆေးတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်တာမျိုးကို ဖြစ်တတ်သေးတယ်။ဥပမာ နှလုံးရောဂါနဲ့ကင်ဆာလို ရောဂါမျိုးပေါ့။ ဒီလိုဆေးမျိုးတွေကို အမေရိကား FDAက တရားဝင် ပိတ်ပင်လိုက်ပေမယ့် ဆက်လက်သုံးစွဲသူက သုံးစွဲကြဆဲပဲ။ မရှိတာထက် မသိတာက ပိုခက်တယ်မလား။ ကိုယ့်လူမျိုးထုံးစံက ဒီဆေးနဲ့တဲ့ရင် အခြားတယောက်ကိုပါ ဆေးသောက်ဖို့၊သုံးစွဲဖို့ ညွန်တတ်ကြသေးတယ်။ ဘာ့ကြောင့်သုံးမှန်းတော့ ကောင်းကောင်းမသိကြဘူး။ပိန်ဆေးအချို့သုံးပြီး ဆေးမတည့်တဲ့ လူနာတွေလည်း ရှိတတ်ကြတယ်။ ပိန်ချင်တာတော့ ဟုတ်ပါတယ်။ ဆေးသောက်ရုံ သောက်ပြီး အစားအသောက်၊အနေအထိုင်မဆင်ခြင်နိုင်ရင်လည်း အဆင်မပြေပြန်ဘူး။ ဆေးကုမ္ပဏီတွေဟာpsychoသဘောတရားကိုနားလည်တယ်ပြောရမယ်။ကောင်းကောင်းအသုံးချတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ထက်ဝက်ကျော်ဟာ overweightပုံမှန်ထက် ဝသူတွေဖြစ်ကြတယ်။အနည်းဆုံး BMI 25အထက်မှာ ရှိကြတယ်။ ဒီလိုလူတွေဟာ ပိန်ချင်တယ်။ပိန်ဖို့ ငွေဘယ်လောက်ကုန်ကုန်ဆိုတာမျိုးတွေလဲ အများအပြားပဲ။ လွယ်လွယ်ကူကူပိန်ဖို့နည်းမျိုးစုံသုံးကြတယ်။သောက်ဆေး၊ထိုးဆေး၊လိမ်းဆေး၊ကပ်ခွာဆေး၊ချက်ကပ်တဲ့ဆေးစသည်ဖြင့် မျိုးစုံပဲ။ ဆေးကုမ္ပဏီတွေအတွက်ကတော့ အခွင့်ကောင်းပဲ။ ပိန်ဆေးဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ နာမည်အမျိုးမျိုးတပ်ကြတယ်။dietary supplementဆိုတာမျိုး၊ herbal ဖြစ်လို့ ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုတာမျိုး၊စားချင်တာစား ဝိတ်ကျဖို့ တာဝန်ထားဆိုတာမျိုးတွေ မြှုဆွယ်တတ်ကြတယ်။ဘေးထွက်ဆိုးကျိုးမရှိရင် သုံးစွဲဖို့ဝန်မလေးကြတာ အများစုပါ။ ကံကောင်းရင် ဝိတ်ကျမယ်။ကံမကောင်းလဲ ဆိုးကျိုးမရှိလို့ ပျော်ပျော်ကြီးသုံးစွဲကြတယ်။ ဒီထဲမှာ ပိုကံကောင်းတာက ဆေးကုမ္ပဏီတွေပဲ။ နှစ်စဉ်ဒေါ်လာဘီလီယံချီပြီး ဝင်နေကြတယ်။တချို့ကုမ္ပဏီတွေက herbal ဆိုတဲ့ခေါင်းစဉ်အောက်မှာ တားမြစ်ထားတဲ့ပိန်ဆေးအချို့ ထည့်မှန်းမသိထည့်ကြတယ်။နောက်ဆုံးကျ အလွယ်ကြိုက်တတ်တဲ့ သုံးစွဲသူတွေသာ အချိန်ကုန်၊ငွေကုန်ဖြစ်ပြီး ဝိတ်ကမကျဘဲစိတ်ညစ်ရတယ်။ စားချင်တာစားလိုက်မိလို့ ပိုဝလာတာပဲ အဖတ်တင်တယ်။ကြေငြာကောင်းပြန်တော့ နောက်ဆေးပြောင်းသောက်မယ်။ဈေးကြီးပြီး နောက်ဆုံးတော့ဒုံရင်းက ဒုံရင်းပဲ။ကိုယ်တိုင်ဝိတ်ကျဖို့ မကြိုးစားပဲ ဆေးချည်းအားကိုးနေတဲ့အခါ ဒီလိုမျိုးတွေသာဖြစ်နေကြတယ်။ ဆေးဆိုတာမျိုးက ကူညီရုံသာတတ်နိုင်တယ်။ ပိန်ဆေးတိုင်းမှာလဲ အစားရှောင်ဖို့၊လေ့ကျင့်ခန်းလုပ်ဖို့ ရေးထားပါတယ်။ပိန်ဖို့အတွက် ကိုယ်ပိုင် planချပြီး သေချာလုပ်ဆောင်ရတယ်။

ပိန်စေဖို့အရေးကြီးဆုံးအချက် နှစ်ချက်

၁။ခံယူချက်-ပိန်ရမယ်၊ဝိတ်ကျကို ကျရမယ်ဆိုတဲ့ သံဓိဌာန်မျိုး လုံးဝချမှတ်ရမယ်။

၂။လုပ်ဆောင်ချက်-ခံယူချက်အတိုင်း လိုက်လံလုပ်ဆောင်နိုင်မှ အမှန်တကယ် အလုပ်ဖြစ်ပါလိမ့်မယ်။ပင်းပန်းဆင်းရဲခံနိုင်ရမယ်။ချုပ်တီးနိုင်စွမ်းလည်းရှိရမယ်။ အစားအသောက်၊အနေအထိုင် ဆင်းရဲနိုင်သလို လေ့ကျင့်ခန်းပါ ပူးတွဲလုပ်ဆောင်နိုင်မှ အကျိုးရှိပါလိမ့်မယ်။သူများဝိတ်ကျသူတွေကြည့်ပြီး အားကျရုံနဲ့ မပြီးဘူး။

မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်နှစ်ချက်

၁။အစားအသောက် လုံးဝဆင်ခြင်ရမယ်။အထူးသဖြင့် အဆီအစိမ့် တွေ။

၂။လေ့ကျင့်ခန်းကိုတဆင့်ချင်း ပိုမိုလုပ်ဆောင်ရမယ်။လှုပ်ရှားမှုမရှိခဲ့တဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပေါ့ပါးလာစေဖို့ စတင်လုပ်ဆောင်ပါ။ တဆင့်ထက် တဆင့်တက်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အတွေ့ကြုံအရပြောရရင် အစားအသောက်မှာ ပြဿနာမရှိပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အခါ သာမန်ကာ လျှံကာလောက်သာ လုပ်ကြသူကများတယ်။ဒီအနေအထားမှာ အထက်မှာပြောခဲ့သလို ခံယူချက်ပိုင်းက အရေးပါလာပြီ။ပင်းပန်းဆင်းရဲခံနိုင်ရမယ်ဆိုတဲ့ ခံယူချက်၊သံဓိဌာန်မခိုင်မာတဲ့အခါ ဒီအပိုင်းမှာအားနည်းပြီး ပိန်ဖို့ရာခိုင်နှုန်းဟာ အားနည်းသွားတယ်။ ပုံမှန်အားဖြင့် ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားဖို့ တခုတည်းနည်းလမ်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခြင်းပဲ ရှိပါတယ်။ အဲလို လုပ်ဆောင်နိုင်မှသာ အဆီပြင်တွေ လှုပ်ရှားမှုမှတဆင့် ပြိုကွဲပြီး အပြင်ထွက်နိုင်မှာလေ။ ဒီအရေးကြီးဆုံးအစိတ်အပိုင်းကို စိတ်ဓာတ်ခွန်အားနဲ့ ကောင်းကောင်းကျော်ဖြတ်နိုင်ပြီဆိုရင် ပိန်ဖို့ထက်ဝက်ကျော်လောက် သေချာပြီလို့ ပြောနိုင်ပါတယ်။ ကိုယ့်ကို ကိုယ် ညှာတာဖို့ လုံးဝမစဉ်းစားလေနဲ့။ ဒုတိယအရေးကြီးတဲ့အချက်က စားတဲ့အခါတိုင်း ကိုယ်ပင်ပင်ပန်းပန်းလုပ်ရတာကို အောက်မေ့ပြီး တတ်နိုင်သလောက်လျှော့စားပေးရမယ်။ လိုအပ်သလောက်သာ ချင့်ချိန်ပြီး စားပေးသင့်တယ်။ပိုလျှံအောင်တော့ ဘယ်သောအခါမှ မစားလေနဲ့။ စွမ်းအင်လိုအပ်တဲ့အခါ ခန္ဓာကိုယ်တွင်းသိမ်းဆည်းထားတဲ့ အဆီပြင်က လိုအပ်သလောက်ထုတ်ပေးလိမ့်မယ်။ ဒီလိုနဲ့ အဆီပြင်ဟာ လုံးပါးပါးပြီး ဝိတ်ကျလာလိမ့်မယ်။သတိပြုစရာအချက်က အစားအသောက် အလွန်အကျွံရှောင်ဖို့ မလိုအပ်ဘူး။ ဗိုက်ပြည့်လွယ်တဲ့ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်တွေ ပြောင်းလဲစားသုံးပေးရမယ်။ ဗိုက်တင်းအောင်ထိ မစားလေနဲ့။ဗိုက်ပြည့်ရုံသာ စားပါလေ။မနက်စာနဲ့နေ့လည်စာစားပြီး ညစာရှောင်တာလဲ ကောင်းတဲ့အကျင့်ပဲ။အဆီပိုတွေတက်မလာအောင် ကာကွယ်ပေးနိုင်တယ်။

ပိန်ဆေးအမျိုးအစားတွေကို ယေဘုယျလောက် သိအောင်ကြိုးစားသင့်တယ်။

၁။starchကစီဓာတ်ကျစေတဲ့ ပိန်ဆေး

-အူလမ်းကြောင်းက ကစီဓာတ်တွေမစုပ်ယူနိုင်အောင် တားမြစ်တဲ့သဘောဖြစ်ပါတယ်။အစာခြေလမ်းကြောင်းက enzymeဓာတ် တမျိုးကို တားဆီးပေးတယ်။ဥပမာ-Lobeseလိုဆေးမျိုးဟာ ဆန်၊ဂျုံ၊ပြောင်း အစားများသူတွေနဲ့ သင့်တော်တယ်။

၂။fatအဆီဓာတ်ကျစေမယ့် ပိန်ဆေး

-အူလမ်းကြောင်းမှာရှိတဲ့ အဆီဓာတ်ချေဖျက်ပေးတဲ့ enzyme ကို တားမြစ်ပေးတယ်။အဆီဓာတ်ကို မစုပ်ယူနိုင်လို့ တဖြည်းဖြည်းဝိတ်ကျဆင်းစေတယ်။ ဈေးကွက်မှာ Zytrim,Xanical,Obelit နာမည်တွေနဲ့ ရနိုင်တယ်။FDAက အသိမှတ်ပြုထားတဲ့ ပိန်ဆေးမျိုးဖြစ်ပါတယ်။အဆီ၊အဆိမ့်၊အသား အစားများသူတွေ သောက်သုံးနိုင်တယ်။

၃။အစာစားချင်စိတ် တားဆီးတဲ့ဆေး

-ဦးနှောက်ထဲမှာ ရှိတဲ့ အစာစားချင်စိတ်ကို ထိန်းသိမ်းပြောင်းလဲပစ်တယ်။ရင်ပြည့်နေသလို ခံစားရတယ်။ဈေးကွက်မှာ အသုံးများတဲ့ Slimmax 10ဟာဒီလိုဆေးမျိုးဖြစ်ပါတယ်။ နှလုံးပုပ်တာ၊လေဖြတ်တာ စတဲ့ ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ၂၀၁၀နောက်ပိုင်းကစပြီး တားမြစ်ခဲ့တယ်။

၎။ဝမ်းပျော့၊အဆီချ ပိန်ဆေး

-အဓိက ဝမ်းနှုတ်ပေးတဲ့သဘောမျိုးဖြစ်ပါတယ်။အမျှင်ဓာတ်များတယ်။အဆီအစိမ့်အစားများသူဟာ ဝမ်းချုပ်တတ်တယ်။ ဆေးဆိုတာထက် dietary supplement အမျိုးအစားထဲ ထည့်ထားတယ်။ဝမ်းလဲသွားသလို မကောင်းတဲ့အညစ်အကြေးတွေပါ ပါသွားစေတယ်။တချို့ဆေးတွေက မနက်သောက်ပြီး တချို့ကညသောက်ရတယ်။အဆီချ ဇီးသီး၊ကော်ဖီ၊ အမှုန့်ထုပ်စသဖြင့် အမျိုးမျိုး လာတယ်။ကပ်ခွာဆေးလဲ ဒီသဘောပဲ။သိပ်မထူးလှဘူး။ဘေးထွက်ဆိုးကျိုးကတော့ ရှိကြတာချည်း ဖြစ်ပါတယ်။ သတိထားသုံးစွဲဖို့သာ မိမိတာဝန်ဖြစ်ပါတယ်။ကောင်းတဲ့အချက်ထက် ဘေးထွက်ဆိုးကျိုးသေချာသိမှသာ ပိန်ဆေးတွေကို သုံးစွဲသင့်ကြောင်း အကြံပေးလိုပါတယ်။

credit to ဆေးဝါးကမ္ဘာ ဘလောခ့်

Wednesday, April 23, 2014

ယောက္ခမအကြိုက် စကား (၆) ခွန်း

Posted by: Ko Myo on Wednesday, April 23, 2014 Categories:


လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ

Tuesday, April 22, 2014

ယုဇန ဥယျာဉ် အိမ်ယာ ရေရရှိရေး အတွက် ငွေကြေး ကျပ်နှစ်သိန်း၊ ပြည်သူများ မပေးနိုင်..............


Bookmark and Share [ ]


ရန်ကုန်၊ ဧပြီ ၂၁ ။

ပြည်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇန ဥယျာဉ် အိမ်ယာ မှ ရေကောင်းရေသန့် ရရှိရန် အတွက် ပိုက်သွယ် တန်းရန်နှင့် ဖြန့်ဝေပေးရန် တိုက်ခန်း တစ်ခန်းလျှင် ငွေ ကျပ်နှစ်သိန်း တောင်းယူ မှုများရှိကြောင်း ဧပြီလ ၂၁ ရက်နေ့က သိရသည်။

ယုဇန ဥယျာဉ် အိမ်ယာတွင် လူနေ တိုက်ခန်းပေါင်း ၇၀၀၀ ကျော်ရှိပြီး တစ်ခန်းလျင် ၂ သိန်းဖြင့် အချိုးကျ
တွက်ကြည့်လျှင် ကျပ်သိန်းပေါင်း သောင်းကျော် ရှိသောကြောင့် ယင်းအိမ်ယာနေ ပြည်သူလူထုသည် ယု
ဇနကုမ္ပဏီဘက်မှ တောင်းသည့် ငွေကျပ် ၂ သိန်းအား မပေးနိုင်ကြောင်း ယမန်နေ့က ပြုလုပ်လိုက်သော ရပ်ကျေးပြည်သူလူထုနှင့် ရပ်ကျေးအထောက်ကူပြုကော်မတီတို့တွေဆုံပွဲတွင် ဆုံးဖြတ်လိုက်သည်။

“အမှန်ဆိုရင် ကုမ္ပဏီဘက်က အကုန်အကျခံပြီးတော့ လုပ်ပေးသင့်တာပါ။ သူတို့က ကျွန်တော်တို့ အတွက်
ရေကိုလည်း ပြီးစလွယ် လုပ်ပေးထားတယ်။ အဲ့ဒီရေက လုံးဝကို သုံးလို့မရဘူး အဲ့ဒီရေနဲ့ ထမင်းချက်ရင် ထ
မင်းက ချက်ချင်းသိုးတယ်။ အကျီ င်္ အဖြူလျှော်တယ်ဆိုရင်လဲ မဖြူဘဲနဲ့ မဲသွားတယ်။ အဲဒီရေကို သောက်မိ
ရင် ဝမ်းလျောတာတွေဖြစ်တယ်။ ဒါကို ကုမ္ပဏီက ၂သိန်းတောင်းတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး”ဟု ယုဇနအိမ်ယာနေ ကိုမင်းထွေးကပြောသည်။

ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇနဥယျာဉ်အိမ်ယာအား ရေကောင်းရေသန့်မရရှိသည့်အတွက် ရပ်ကွက်
နေ ပြည်သူလူထုမှ ကုမ္ပဏီအား ဆန္ဒပြမှုများပြုလုပ်ခဲ့သော်လည်း ကုမ္ပဏီက ဆောင်ရွက်ပေးခြင်းမရှိခဲ့ကာ
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမှသာ ယခုခဲ့သို့ ပိုက်ဆံတောင်းခြင်းဖြစ်ကြောင်း ယုဇန
ဥယျာဉ်အိမ်ရာနေဒေါ်မြင့်သိန်းကပြောသည်။

“အရင်ထဲက အဒေါ်တို့ဒီပြဿနာကိုခံစားလာရတာ သူတို့က ရေကောင်းကိုမပေးဘူး။ ဘယ်လောက် တိုင်ကြား
ခဲ့ တိုင်ကြားခဲ့ သူတို့ကအရေးတောင်လုပ်ခဲ့တာမဟုတ်ဘူး ရေကောင်းရဖို့အတွက် ရေဝယ်သုံးရတာ တစ်
နေ့ကို ၄၅၀၀ လောက် ကုန်တယ်။ ဒါသူတို့ကုမ္ပဏီမကောင်းလို့ အခု ဒီလိုထပ်လုပ်လာတဲ့တွက် လုံးဝလက်
မခံဘူး” ဟု ဒေါ်မြင့်သိန်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယုဇနအိမ်ယာ မှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာတွင်လဲ “အခုသူတို့က ချပြ
တဲ့အဆင့်ပဲရှိတယ်။ ဒါပေမဲ့ တောင်းတဲ့ ပိုက်ဆံက အရမ်းများနေတယ် မပေးဘူးလို့တော့ မပြောဘူး ကျွန်
တော်ကတော့ ပြည်သူဘက်ဘဲရပ်မှာ”ဟု ယုဇနဥယျာဉ်အိမ်ယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဥက္ကဌတစ်
ဦးကဆိုသည်။

ယုဇနဥယျာဉ်အိမ်ရာရေကောင်းရေသန့်ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ဂျပန်မှ နည်းပညာ ပံ့ပိုးပေးခဲ့သည်။

နှင်းနွယ်

The Myanma Age News Agency by Lynn Lynn

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ယုဇန ဥယျာဉ် အိမ်ယာ ရေရရှိရေး အတွက် ငွေကြေး ကျပ်နှစ်သိန်း၊ ပြည်သူများ မပေးနိုင် http://www.simon-vlog.com/2014/04/blog-post_3603.html#ixzz2zYpBWkrc
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Rohypnol (Rape Drug) - ကာမ ဓါးပြဆေး

Posted by: Ko Myo on Monday, April 21, 2014 Categories:


အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ကျောင်းသူကို အုပ်စုလိုက် အဓမ္မကျင့်တဲ့ အမှုတွေဖြစ် ပါတယ်။ ကျောင်းသူဟာ မနက်မိုးလင်း နိုးလာတဲ့အခါ ညကဖြစ်ခဲ့တာကို ဘာမှ မသိတော့ပဲ အ၀တ်မပါ ဖြစ်နေတတ်ပါတယ်။ ကျောင်းသူကို ဆေးစစ်ကြည့်တဲ့အခါ အဓမ္မပြုကျင့်ခံရပြီး ဘာကိုမှ မမှတ်မိဖြစ်နေ တတ်ပါတယ်။ ဆေးစစ်ချက်မှာ Rohypnol လို့ခေါ်တဲ့ ဆေးတစ်မျိုးကို တွေ့ရပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ကမ္ဘာတစ်ဝှန်းမှာ ဖြစ်နေပါတယ်။ မကြာမှီကလဲ မြန်မာပြည်က သင်္ကြန်မှာ မုဒိန်း မှု ၁၃ မှုဖြစ်ခဲ့တယ်ဆိုတဲ့ အတွက် ဒီဆေးအကြောင်းကို သိသလောက်မျှဝေလိုက်ပါတယ်။

ဒီ Rohypnol ဟာ ဆေးကုမ္ပဏီ ရဲ့ တံဆိပ်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာတော့ နာမည် အမျိုးမျိုးနဲ့ထုတ်ပြီး ဓာတုဗေဒနာမည်က Flunitrazepam ဖြစ်ပါတယ်။ မူလက စိတ်ငြိမ်ဆေး၊ အိပ်ဆေးအဖြစ်ထုတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူယုတ်မာတွေရဲ့ အသုံးချဆေးဖြစ်လာပါတယ်။

ဒီဆေးအမှုံ့ကို အရက် ဒါမှ မဟုတ် ကာဗွန် နိတ် ဖြစ်တဲ့ အရည်၊ ကိုကာကိုလာ၊ ပက်ဆီတို့လို gas ပါတဲ့အထဲကို ထည့်လိုက်မယ်ဆိုရင် ချက်ချင်းပျော်ဝင်သွားပါတယ်။ ဆေးဟာ မိနစ် ၃၀ အတွင်း အစွမ်းပြပြီးတော့ ၂ နာရီအတွင်း သားကောင်အမျိုးသမီးဟာ ကိုယ်တွေလက်တွေ ပျော့ခွေ၊ အသိစိတ်တွေ ၀ါးလာပါတယ်။ မှတ်ဥာဏ်လဲ ကောင်းကောင်း မရှိတော့ပါဘူး။ ဆေးရှိန်ဟာ ၈ နာရီအထိကြာပါတယ်။ ဒီလိုဖြစ်ဖို့ ဆေး ၁ မီလီဂရပ်ကို အရက်ထဲ ရောထည့်လိုက်ရုံပါပဲ။ အရက်ဆိုရင်ပိုပြီး ထိရောက်ပါတယ်။ ဒါပေမယ့် ဘယ်ဖျော်ရည်ထဲ မဆိုထည့်ရလွယ်ပါတယ်။ နောက်နေ့ မနက်မှာတော့ အမျိုးသမီးဟာ ဘာကို မှ မမှတ်မိတော့ပဲ သတိပြန်လည်လာမှဖြစ်ပါတယ်။ဒီလို ဆေးစွမ်းတွေကြောင့် ကာမ ဓါးပြတွေဟာ ရမ်းကားချင်တိုင်း ရမ်းကား နိုင်ပါတော့တယ်။

ဒီဆေးနဲ့ အလားတူ ဆေးများဟာ ကမ္ဘာအနှံ့မှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဒါကြောင့် အမျိုးကောင်းသမီးများ အရက်ကို တတ်နိုင်သလောက် ရှောင်ကြပါ။ သူစိမ်းတွေနဲ့ ပျော်ပါး စားသောက်ချင်းကို ရှောင်ကြပါ။ မတတ်နိုင်လို့ သောက်သုံးရမယ် ဆိုရင် ဖျော်ရည်၊ ဘီယာတို့ကို အဖောက်ရသေးတဲ့ အသစ်ကို သာ သောက်သုံးပါလို့ အကြံပေးလိုက်ပါတယ်။

အားလုံး လုံခြုံကြပါစေ။
Aron Maung
Credit to I love medical professional group
ကိုးကား Boston Unitversity - Rohypnol Fact sheet.

Wednesday, April 16, 2014

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်ကို ဂျွန်လွင်(Star & Model ) မှ ပြန်လည်ပြောကြား ..........

ကြည်ဆုသာ

ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal ၏ Foam party မဏ္ဍာပ်တွင် ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်များနှင့်ပက်သက်ပြီး ဂျွန်လွင်(Star & Model) မှ မဇ္စျိမသို့ ပြန်လည်ပြောကြားခဲ့သည်။

"ပထမရက်က ဖျော်ဖြေမှုနဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး။ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခတ်နဲပက်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့်ကျွန်တော်က ဘန်ကောက်က အကသမားတွေကိုခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောမျိုးပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တဲ့သူတွေကလည်း ပြောနေမှာပါပဲ။ ယိုးဒယား အကသမားတွေရဲ့ ၀တ်စားဆင်ယင်မှု အနည်းငယ်ပေါ်သွားတာကိုပဲ ရိုက်ပြီးတင်ကြတာပါ။ တစ်ပွဲလုံးလည်းကြည့်စေချင်ပါတယ်။ အခုကလည်း ဒီမိုကရေစီခေတ်ဆိုတော့ ဝေဖန်ချင်သလို ဝေဖန်ခွင့်ရှိပါတယ်။ ကျွန်တော်က မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ မြန်မာသင်္ကြန်ကို အရုပ်ဆိုးအောင်လုပ်တာ မဟုတ်ပါဘူး။ အခုလိုပြောကြတာက ကျွန်တော့်အတွက် သတိပေးသလိုဖြစ်ပါတယ်။"ဟု ၄င်းက ပြောသည်။

ဖျော်ဖြေပွဲများကို ထူခြားစွာတင်ဆက်တတ်သည့် ဂျွန်လွင်သည် သင်္ကြန်တွင် လာရောက်ဖျော်ဖြေကြသည့် ထိုင်းနိုင်ငံက အကအဖွဲ့များ၏ ၀တ်စားဆင်ယင်မှုများကို နောက်ထပ် ဖော်လှော်သည့် အ၀တ်အစားများ မ၀တ်ကြစေရန်အတွက် တားမြစ်ခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၄ရက်သင်္ကြန်အကျနေ့တွင် ထိုင်းအက အဖွဲ့များ၏ ကပြဖျော်ဖြေမှုတွင် ၀တ်စားဆင်ယင်မှုများသည် လုံခြုံမှုရှိသည်ဟု ဆိုခဲ့သည့်အပြင် လာရောက် မကြည့်ရှုနိုင်ကြသည့် ပရိသတ်များကိုလည်း Myanmar Event Face Book တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု ထပ်မံပြောသည်။

အမေရိကန် စစ်တပ် ရဲ့ စက်ရုပ် Helicopter...........




အမေရိကန် စစ်တပ် က အနာဂတ် စစ်ပွဲတွေ နဲ့ စစ်တပ် ကိစ္စတွေ မှာ သယ်ယူပို့ဆောင်ရေး ပြုလုပ်ပေးနိုင်
တဲ့ စက်ရုပ် Helicopter ကို ပြသလိုက်ပါတယ်။ စက်ရုပ် Helicopter ကို တက်ဘလက် ကနေ ထိန်းချုပ်
မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ စနစ် ကို Autonomous Aerial Cargo/ Utility System (AACUS) လို့ခေါ်ပြီး လူလိုက်ပါ မောင်းနှင်စရာ
မလိုတဲ့ အတွက် အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူလိုက်ပါမောင်းနှင်တဲ့ Helicopter တွေပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်အား
လုံး ကို အဝေးထိန်း စနစ် ကနေ ပြုလုပ်နိုင်ဖို့ ဖြစ်တယ်လို့ Naval Research ရဲ့ Captain ဖြစ်သူ Robert
Palisin က AACUS စနစ် ကို သရုပ်ပြထားတဲ့ ဗီဒီယို မှာ ပြောပါတယ်။

Helicopter မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး မြေပြင်ကနေ စတင်ပျံသန်းတာ မြေပြင်
ပေါ်ကို ဆင်းသက်တာနဲ့ ကောင်းကင်မှာ ပျံသန်းမောင်းနှင်တာကို Laser Sensor များရဲ့ အကူအညီ နဲ့ ပြုလုပ်
နိုင်တာဖြစ်ပါတယ်။ အဆိုပါ စနစ် ကို မတူညီတဲ့ Helicopter အမျိုးအစားများစွာ မှာ အသုံးပြုနိုင်ပါတယ်။

အဆိုပါ စနစ် ကို အသုံးပြုရတာ လွယ်ကူပြီး သီးခြား လေ့ကျင့် သင်ကြားပေးစရာမလိုဘူးလို့ သိရပါတယ်။
AACUS စနစ် ကို အရင် အသုံးပြုဖူးခြင်းမရှိတဲ့ စစ်သားတွေတောင်မှ ၁၅ မိနစ် အတွင်းမှာ အသုံးပြုတတ်
သွားကြပါတယ်။

AACUS စနစ် ဟာ လူလိုက်ပါမောင်းနှင်စရာမလိုပေမယ့် လူမောင်းနှင်တဲ့ Helicopter ဟာ ရာသီဥတုဆိုး
ရွားတဲ့အခြေအနေ မှာ မြေပြင် သို့ ဆင်းသက်ရခက်နေရင် အကူအညီပေးနိုင်ပါတယ်။

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

Facebook App တွင် Chat စွမ်းဆောင်ချက် ကို ဖယ်ရှားမည်............









Facebook က သူ့ရဲ့ Mobile App များမှာ Chat စွမ်းဆောင်ချက် ကို ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ Face
book က Chat စွမ်းဆောင်ချက် အတွက် Messenger App ကို အသုံးပြုစေချင်တဲ့ပုံပေါ်ပါတယ်။ ဥရောပ
နိုင်ငံအချို့မှ Facebook အသုံးပြုသူများ ဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ Chat စွမ်း
ဆောင်ချက်ကို Mobile App ကနေ ဖယ်ရှားမှာ ဖြစ်တဲ့အတွက် Messenger ကို အသုံးပြုဖို့ Notification
တွေ ရရှိတယ်လို့ သိရပါတယ်။

Facebook မှ ပြောရေးဆိုခွင့်ရှိသူက Messenger ကနေ စာပေးပို့တာဟာ Facebook Mobile App ကနေ
ပေးပို့တာထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တယ်လို့ The Next Web ကို ပြောပါတယ်။ ထို့အပြင် Messen
ger App မှာ စွမ်းဆောင်ချက် အသစ်တွေ အမြဲ ထည့်သွင်းပေးနေတဲ့ အတွက် Chat စွမ်းဆောင်ချက် ကို
Messenger မှာပဲ အသုံးပြု သင့်တယ်လို့ဆိုပါတယ်။ Facebook က Messenger မှာ Group Chat ပြုလုပ်
နိုင်ပြီး Groups တွေကို လျှင်မြန် စွာ အသုံးပြုနိုင်ဖို့ Pin လုပ်နိုင်တဲ့ စွမ်းဆောင်ချက် တွေကို မကြာ မှီ က ထည့်သွင်းပေးလိုက်ပါတယ်။

Facebook Messenger ကို အောက်က လင့် ကနေ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.facebook.orca

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

အကြော သေနေတဲ့ လူက စက်ရုပ် ၀တ်စုံ ကို ၀တ်ဆင်ပြီး ဘောလုံး ကန်၍ ကမ္ဘာ့ ဖလား ဖွင့်ပွဲကို ဖွင့်လှစ် ပေးမည်............









ကမ္ဘာ့ဖလား ဖွင့်ပွဲ ဟာ တစ်ကမ္ဘာလုံး က စောင့်ကြည့်ရတဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ ပွဲတစ်ခုဖြစ်ပါတယ်။
အိမ်ရှင် ဘရာဇီး နိုင်ငံက အကြောသေနေတဲ့ ဝေဒနာရှင် တစ်ယောက်က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး
ဘောလုံးကန်၍ ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲ ကို ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။

စက်ရုပ် ၀တ်စုံ ကို ပေါ့ပါးတဲ့ သတ္တုများ နဲ့ ပြုလုပ် ထားမှာ ဖြစ်ပြီး Hydraulics က မောင်းနှင် ပေးမှာ ဖြစ်ပါ
တယ်။ အဲဒီ လမ်းလျှောက် စက်ရုပ်ဝတ်စုံ ဟာ တစ်နေ့မှာ Wheelchair အသုံးပြုမှု တွေကို ဖယ်ရှားပေးမှာ
ဖြစ်ပါတယ်။

Duke University မှ Professor ဖြစ်သူ Miguel Nicolelis က အကြောသေ ဝေဒနာရှင်များအတွက် စက်ရုပ်
ဝတ်စုံ ကို တီထွင်ဖို့ တက္ကသိုလ်ပေါင်းစုံ နဲ့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ သုတေသန စီမံကိန်း တစ်ခု ကို ဦးစီးနေ
ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ၀တ်ဆင်သူကို သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပြီး စက်ရုပ်မဆန်ဘဲ
သာမာန်လူအတိုင်းလှုပ်ရှားသွားလာနိုင်မှာ ဖြစ်တယ်လို့ Nicolelis က ပြောပါတယ်။

Nicolelis က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်အသုံးပြုတတ်ဖို့ ဘရာဇီး မှ အသက် ၂၀ မှ ၄၀ ကြားမှာ ရှိတဲ့ အ
ကြောသေ ဝေဒနာရှင်များ ကို လေ့ကျင့်ပေးနေပါတယ်။ ဝေဒနာရှင်ထဲမှ သုံးယောက် က ဖွင့်ပွဲကို တက်
ရောက်မှာ ဖြစ်ပြီး တစ်ယောက် က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး လမ်းလျှောက်သရုပ်ပြမှာဖြစ်ပါတယ်။

လမ်းလျှောက်စက်ရုပ်ဝတ်စုံ ဟာ ၀တ်ဆင်သူရဲ့ ဦးနှောက် မှ လှိုင်းများ ကို ဖမ်းယူပေးနိုင်ဖို့ Electrodes များ
နဲ့ တည်ဆောက်ထားတဲ့ ဦးထုပ် နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ဦးထုပ် နဲ့ ၀တ်စုံ ဟာ ဦးနှောက် ရဲ့ အ
ချက်ပေးမှုများကို ဘာသာပြန်ပေးပြီး လှုပ်ရှားမှုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၀တ်ဆင်သူဟာ
သာမာန်လူသားတွေ အတိုင်းလှုပ်ရှားမှုများ ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ကျောရိုး ထိခိုက် မှုကြောင့် အကြောသေ နေတဲ့ ဝေဒနာရှင် ၂၇၃၀၀၀ ရှိ
တယ်လို့ ၂၀၁၃ ခုနှစ် က စစ်တမ်း အရ သိရပါတယ်။ အဲဒီ ဝေဒနာရှင် တွေ ဟာ အနာဂတ် မှာ လမ်း
လျှောက်နိုင်မှာ ဖြစ်သလို ဘောလုံးတောင်ကန်နိုင်တော့မှာ ဖြစ်ပါတယ်။

သူရ — with Heli Um and Mg Hsan Da.

ဓာတ်ခွဲခန်း မှ ထုတ်လုပ်တဲ့ မိန်းမ အင်္ဂါ ကို အမျိုးသမီး လေးယောက် တွင် အောင်မြင်စွာ ထည့်သွင်း ............









သိပ္ပံပညာရှင်များ က ဓာတ်ခွဲခန်း မှ ထုတ်လုပ်တဲ့ မိန်းမ အင်္ဂါ ကို အမျိုးသမီး လေးယောက် မှာ ၂၀၀၅ ခုနှစ်
ကနေ ၂၀၀၈ ခုနှစ် အတွင်းမှာ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဆရာဝန်များ
ရဲ့ ပြောကြားချက်အရ လူနာများဟာ ကျန်းမာနေကြပါတယ်။

ခွဲစိတ်မှု ပြုလုပ်ချိန် မှာ အမျိုးသမီးလေးယောက် ရဲ့ အသက် ဟာ ၁၃ နှစ်ကနေ ၁၈ နှစ် အတွင်းမှာ ရှိကြပါ
တယ်။ အမျိုးသမီးလေးယောက် ဟာ Mayer-Rokitansky-Kuster-Hauser Syndrome (MRKH) လို့ ခေါ်
တဲ့ အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇ ဝေဒနာ ကို ခံစားခဲ့ရတာဖြစ်ပါတယ်။

အဲဒီ ဝေဒနာ ဟာ အမျိုးသမီး ၄၅၀၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိပြီး ပုံစံမမှန်တဲ့ မိန်းမအင်္ဂါ ဒါမှမဟုတ်
မိန်းမအင်္ဂါ လုံးဝ မပါရှိဘဲ မွေးဖွားလာတာဖြစ်ပါတယ်။ အဆိုပါ ဝေဒနာ ကို ကုသလေ့ရှိတဲ့ နည်းလမ်း က
မိန်းမအင်္ဂါ ကို ခွဲစိတ် ပြီး ပြန်လည် ပြုပြင်ရတာဖြစ်ပါတယ်။ အဲဒီလို ခွဲစိတ် ပြုပြင်တဲ့ အခါမှာ နာကျင်မှု ဝေ
ဒနာကို ခံစားကြရပါတယ်။ နောက်ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှုကို ခက်ခဲစွာ ပြုလုပ်ကြရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ခွဲစိတ်ပြုပြင်ကြတဲ့အခါမှာ ပိုမိုခက်ခဲ ရှုပ်ထွေးတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဆ
ရာဝန်များ က မိန်းမအင်္ဂါ ကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

မိန်းမအင်္ဂါ အစိတ်အပိုင်းတွေကို ဝေဒနာရှင်တွေရဲ့ Cell တွေကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဝေဒနာရှင်များ
မှ အလွန်သေးငယ်တဲ့ Tissue တွေကို ရယူပြီး ဓာတ်ခွဲခန်းထဲမှာ ကြီးထွားဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ ခြောက်
ပတ်အကြာမှာတော့ အမျိုးသမီး မှာ ခွဲစိတ် ထည့်သွင်းပေးတာဖြစ်ပါတယ်။ အဆိုပါ မိန်းမအင်္ဂါ ထည့်သွင်း
ထားတဲ့ အမျိုးသမီးများ ဟာ သာမာန် အမျိုးသမီးများ လိုပဲ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တာ နဲ့ စိတ်ဆန္ဒ ပြီးမြောက်
တာ တွေကို ရရှိခံစားနိုင်ပါတယ်။

သူရ

Digital Life Journal မှကူးယူမျှဝေသည်။

အနုပညာရှင်များ၏ သင်္ကြန်ပျော်ရွှင်မှုများနှင့်အတူ စိုးရိမ်စိတ်များ ...........

Posted by: Ko Myo on Tuesday, April 15, 2014 Categories:
ဧပြီ၁၄ရက်တွင် ကျရောက်သည့်သင်္ကြန်အကျနေ့ တွင် အနုပညာရှင်များ သည်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသည်။ အနုပညာရှင်များအနေဖြင့်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသော်လည်း ၄င်းတို့၏ ရင်တွင်း ကိုယ်ဆီ၌ စိုးရိမ်စိတ်များဖြင့် သွားရောက်ကာ ဖျော်ဖြေ နေကြရသည် ဟု ၄င်းတို့ကမဇ္စျိမသို့ပြောသည်။

ချစ်ကောင်း

အသက်(၅၀)ပြည့်ပြီဆိုတော့သင်္ကြန်ကို ငယ်ငယ် တုန်းကလို မပျော်တော့ဘူး။ ငယ်ငယ်တုန်း က ရေပက်ခံထွက်ခဲ့ပေမယ့် အောင်မြင်လာတော့ ပရိသတ်ကို သီချင်း နဲ့ဖျော်ဖြေရတဲ့ အလေ့အထဆိုတော့ သီချင်းဆိုရတာမို့ ပျော်ရတာပဲရှိတယ်။ ရိုးရာမပျက်သင်္ကြန်နဲ့လိုက်ပျော်နိုင်တဲ့စိတ်ကို မွေးထားပါတယ်။ အကြမ်းဖက် မှုတွေရှိမယ်ဆိုပြီးကြားတော့စိုးရိမ်မှုတော့ ဖြစ်မိပါတယ်။ ဘယ်နေရာ မှာ ဖြစ်ဖြစ်ပါ ရုတ်ရုတ်သဲသဲနဲ့ ပဋ္ဋိပက္ခအသွင်ဆောင်တာမျိုးး မလိုလားဘူး။

သင်္ကြန်ဆိုတဲ့အလှတရားကို မပျက်စေချင်ဘူး။ အားလုံးကိုယ်စားပြုတဲ့ အမြဲတမ်းကျင်းပနေကျဖြစ်တဲ့ ဒီခြိမ့်ခြိမ့်သဲပွဲကိုလည်းအနှောက်အယှက် မဖြစ်စေချင်သလို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းစေချင်ပါတယ်။

ဘုိဘို(ေအာက္ဆိုဒ္ဒါ)

ဒီနှစ်က နည်းနည်းပူတယ်ဗျ။ ကြားထဲ ကျွန်တော်သီဆိုရမယ့်ပွဲ တစ်ခုကလည်းပျက်သွားတော့ စိတ်ပူခဲ့ရတယ်။ Grand Royal မှာသင်္ကြန်ပြီးတဲ့ ထိရှိနေမှာပါ။ မနှစ်က ထာဝရသင်္ကြန်မှာရှိခဲ့တာ။ အကြမ်းဖက် သမားတွေ အကြမ်းဖက်မှုလုပ်ရပ် ဆိုတဲ့ အသံကြားရပေမယ့်ကျွန်တော့် အတွက် မပူပါဘူး။ နေရာ အနှံ့မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေ အတွက် တော့ စိတ်ပူမိပါတယ်။ဒီနှစ်သင်္ကြန်မှာ အန္တရာယ်ကင်းကင်း နဲ့ ဖြတ်သန်း ကြစေချင်ပါတယ်။

ဖြူဖြူကျော်သိန်း



ဒီနှစ်သင်္ကြန်က ဖြူဖြူ ရဲ့ အနုပညာ သက်တမ်း တစ်လျှောက်မှာ ရန်ကုန်သင်္ကြန် အနေနဲ့ကျတာ ပထမဆုံးပါ ပဲ။ ရန်ကုန်ပရိသတ်တွေနဲ့ မထိတွေ့ရတာက သင်္ကြန်ဆိုရင် ကြာပြီဆိုတော့ အရမ်းစိတ်လှုပ်ရှားနေ တာ။ ဖြူ ဖြူဒီ Grand Royal မဏ္ဍာပ် မှာပဲ သင်္ကြန်အကြိုနေ့ကစပြီးနောက်ဆုံးနေ့အထိ နံနက် နဲ့ည ဖျော်ဖြေမှာပါ။ အကြမ်းဖက်မှုတွေရှိမယ်ဆိုတာက ပွဲတော်တိုင်း ၊နိုင်ငံတိုင်းမှာဖြစ်နေ ကျပါ။ ကောလ ဟလတွေလည်းထွက်တတ်ကြပါတယ်။ ဒါပေမယ့်အားလုံးသတိရှိရှိနဲ့သာ သွားလာလှုပ်ရှားပျော်ရွှင်ကြတာ အကောင်းဆုံးပေါ့။

အိုင်ရင်းဇင်မာမြင့်

အိုင်းရင်းက သင်္ကြန်ဆိုရင် အရမ်းပျော်တယ်။ မြန်မာ့နှစ်သစ်ကူးပွဲမှာ နိုင်ငံတကာ မှာရှိကြတဲ့ နိုင်ငံခြား သားတွေကလည်း ပါဝင်ဆင်နွှဲကြတာမို့ အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ အခုချိန်ပရိသတ်တွေ နဲ့ အတူ ဖျော်ဖြေရတာ အရမ်းကျေနပ်တယ်။ ဒီနှစ် ရန်ကုန်ပရိသတ်တွေ နဲ့ အပေးအယူ မျှတယ်လို့ ထင်မိတယ်။ အိုင်ရင်းသီချင်းတွေကို အတော်များများ သိကြတာကြောင့်ပါ။ အများပြည်သူတွေပျော်ရွှင်ကြတဲ့ အချိန်မှာတော့ အကြမ်းဖက်မှုတွေ မဖြစ်စေချင်ပါဘူး။ နှစ်ဟောင်းမှာ စိတ်ပင်ပန်းခဲ့သမျှ ကို အတာရေနဲ့ဆေးကြောတဲ့နှစ်သစ်မှာ ပါဝင် ဆင်နွှဲနေကြတဲ့ ရက်အနည်းငယ်အတွင်းမှာ အကြမ်းဖက်မှုတွေနဲ့ အနိဌာရုံမြင်ကွင်းတွေကို မမြင် တွေ့ ချင်ပါဘူး။

ဝိုင်းစုခိုင်သိန်း

သင်္ကြန်ပျော်ဖို့ကောင်းတာ ကနှစ်တိုင်းပါပဲ။ ဘာလို့လည်းဆိုတော့ ပရိသတ်တွေနဲ့ အမြဲတမ်းဆုံရတာမို့ပါ။ အကြမ်း ဖက်မှုတွေရှိမယ် ဆိုတဲ့သတင်းတွေကြား ရတာကိုတော့ စိုးရိမ်မိပါတယ်။ မနှစ်ကလည်းအက်ဆစ်နဲ့ပက်မယ်ဆိုတဲ့ ကောလဟလ သတင်းတွေကြားခဲ့ရတာ ။ကောလဟလ လည်း ဖြစ်နိုင် သလို သူတို့တွေ လုပ်ချင်လည်း လုပ်နိုင်ပေမယ့် ဆုတောင်းနေရတာပါပဲ။ မနှစ်ကလည်းသတင်းထွက်ခဲ့ပေမယ့် မဖြစ်ခဲ့တာကြောင့် ဒီနှစ် မဖြစ်ဖို့တော့ ဆုတောင်းရမှာပါပဲ။

Mizzima Burmese

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်

Posted by: Ko Myo on Tuesday, April 15, 2014 Categories:
လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှား ယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေး တလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။


ရန်ကုန် သင်္ကြန် မဏ္ဍပ်တခုမှာ မြူးတူး ပျော်ပါးနေသူများ (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ)

ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ် နဲ့ အပြင်ကို ထွက်သွားတယ်။

နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။ လူငယ် ၂ ဦးကို အဲဒီ စက္ကူထုပ် လှမ်းပေး လိုက်တယ်။

“အားလုံးပေါင်း ဆေးပြား ၁၀ဝ၊ ကျပ် ၅ သိန်းဖိုး ပဲ၊ လိုသေးရင်တော့ သိပ်မကြာနဲ့နော်၊ ပစ္စည်းက ပြတ်
တော့ မှာ၊ အခု သင်္ကြန်အချိန် နီးလာတော့ ဆေးပြား ဝယ်တဲ့သူက တအားကို များနေတာ၊ ညီလေးတို့လိုပဲ ကြိုတင် စုထားတဲ့ သူတွေပေါ့”လို့ ပြောရင်း ငွေကို ရေတွက်လိုက်တယ်။

အဲဒီ မြင်ကွင်းလေး ကတော့ သင်္ကြန်ကာလမှာ မဏ္ဍပ်ထိုင်ကြမယ့် လူငယ်တစုက WY လို့ ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေကို ရာစီး အလိုက် ဝယ်ယူနေတဲ့ မြင်ကွင်းလေးပါ။

သင်္ကြန်ကာလမှာ ဒီနေ့ခေတ် လူငယ်ထု အကြား စိတ်လွတ်ကိုယ်လွတ် မြူးကြွဖို့ အတွက် ဒီလို စိတ်ကြွ
ဆေးပြားတွေ အသုံးပြုတာက ခေတ်စားလို့ နေပါပြီ။ သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

သင်္ကြန်တွင်းမှာ ဆိုရင် ဝယ်ရလည်းခက်၊ လုံခြုံရေး ကလည်း တင်းကြပ်၊ ရောင်းတဲ့သူတွေ ကလည်း ပုံမှန် မရောင်းတော့တာကြောင့် အခက်တွေ့မှာ စိုးလို့ အခုကတည်းက ကြိုတင်စုဆောင်း ထားကြတာ ဖြစ်ပြီး အခုလို စိတ်ကြွဆေးပြား ရာနဲ့ချီပြီးတော့ ဝယ်တဲ့အခါမှာ တော်ရုံ အဆက်အသွယ်နဲ့တော့ ဝယ်လို့ မရဟု သိရတယ်။

လူငယ်တွေက ဘာကြောင့် ဒီလို ကြိုတင်ဝယ်ယူ ရတာလဲ ဆိုတော့ မဏ္ဍပ်မှာ စိတ်လွတ်ကိုယ် လွတ် ပျော်နိုင်အောင် စိတ်ကြွဆေးပြား တွေသုံးဖို့၊ တချို့ကတော့ အုပ်စုလိုက် ရေကစားထွက်ရာမှာ သုံးဖို့နဲ့ စသဖြင့် အမျိုးမျိုးပါပဲ။

ဝယ်တဲ့ လူငယ်တွေ အများစု ကလည်း လက်လုပ်လက်စား လူတန်းစားတွေထက် ငွေကို အတိုင်းအတာ တခုအထိ သုံးစွဲနိုင်တဲ့ မိသားစုက လူငယ်တွေ ဖြစ်နေ တာ တွေ့ရတယ်။

“အခု ကျနော်တို့ ဆေးပြားကို ရာစည်းလိုက် ဝယ်စုထားတာ၊ ဒီလို အချိန်က နှစ်စဉ်စုနေကျပါ၊ ဒါကြောင့် လည်း ဆေးပြားဈေးက တက်သွားတယ်၊ အရင်က တပြားကို ၄ ထောင်ကျော် လောက်ပဲ ပေးရပေမယ့် ဒီအချိန်ကျရင် တထောင်ကျော် နီးပါး ဈေးတက် တယ်၊ ဒါပေမယ့် သင်္ကြန်တွင်းက ဝယ်ရပိုခက်တာကြောင့် အခုအချိန် ကတည်းက စုနေကြရတာ”လို့ အင်းစိန်မြို့နယ်ထဲကို စိတ်ကြွဆေးပြား သွားဝယ်တဲ့ လူငယ်တဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ရဖို့ စီစဉ်ကြတဲ့သူတွေက လူငယ်တွေဖြစ်တဲ့ အပြင် ကိုယ့်မဏ္ဍပ် အတွက် တာဝန်ခံရတာကြောင့် ဒီနောက်ပိုင်း နှစ်တွေမှာ မဏ္ဍပ်မှာ လာကစားတဲ့ သူတွေကို ဒီလို စိတ်ကြွဆေးပြားတွေ ဝေကြတဲ့အသံ သိပ်မကြားရတော့ ဘူး လို့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ် တည်ထောင်ခွင့် ရထားတဲ့ 14 Club မဏ္ဍပ်မှ တာဝန်ရှိသူ မမြနှင်းရီလွင်က ပြောပြတယ်။

ရေလာကစားတဲ့ သူတွေက သုံးစွဲထားသလား၊ မသုံးဘူးလား ဆိုတာကိုတော့ မဏ္ဍပ်တာဝန်ခံတွေ အနေနဲ့ အတိအကျ မသိနိုင်ပေ မယ့် လာကစားကြတဲ့ သူတွေထဲမှာ ဒီလိုဆေးပြားတွေ သုံးစွဲလာကြသူတွေ များ လာတာ တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြ တယ်။

“ကိုယ့်မဏ္ဍပ်ထဲမှာ အဲဒီလို စိတ်ကြွဆေးတွေ ရောင်းဝယ်နေတာ၊ ဖြန့်ဖြူးနေတာ၊ သုံးစွဲနေတာ မဖြစ် ရအောင်လို့ CCTV လို လုံခြုံရေး ကင်မရာတွေနဲ့ သတိထားစောင့်ကြည့် သွားရမှာပေါ့၊ တကယ်လို့ ဖြစ် လာခဲ့မယ်ဆိုရင် အဲဒီလူကို မဏ္ဍပ်ပေါ်ကနေ အောက်ကို ဆင်း ဖို့ ပြောရမှာပဲ”လို့ မမြနှင်းရီလွင်က ဆက်ပြောတယ်။

အဲဒါကြောင့် မဏ္ဍပ်မှာ ရေလာကစားတဲ့ ဈေးနှုန်းကို မြှင့်ထားလိုက်တာက လူတန်းစား ခွဲခြားတာမျိုး မဟုတ်ပေ မယ့် လာကစားကြ မယ့် သူတွေကို စိစစ်ရာ ရောက်ကြောင်း၊ လူငယ်တွေမှာ သင်္ကြန် ဆိုရင် တရားဝင် အရက်သောက်လို့ ရတဲ့၊ တရားဝင် ရန်ဖြစ်လို့ ရတဲ့ ကာလလိုမျိုး ဖြစ်လာကြောင်း၊ သူတို့ ဆေး သုံးထား သလား၊ မသုံးထားသလား ဆိုတာကို မသိနိုင်ကြောင်း၊ မဏ္ဍပ်က ဒီလို ဆေးပြားတွေ
ဝေတယ်ဆိုတာ နောက်ပိုင်းမှာ မကြားတော့ကြောင်း၊ လာကစားသူ အချင်းချင်း ဝေတာမျိုးလောက်တော့ ရှိမယ် ထင်ကြောင်းလည်း မမြနှင်းရီလွင်က ရှင်းပြပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်၊ စည်းကမ်းတွေ သတ်မှတ်၊ ပြီးတော့ မူးယစ် ဆေးဝါးတွေ ရောင်းချမှု မရှိအောင်၊ အရက်သေစာတွေ ရောင်းချမှု မရှိအောင် လို့ စည်းကမ်းတွေထုတ်မှာ ဖြစ်သလို လူစည်ကားမယ့် နေရာအနီးတဝိုက်မှာ လုံခြုံရေးကွပ်ကဲမှု ရုံးတွေ ဖွင့်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုထားပါတယ်။

“သင်္ကြန်မှာ လူငယ်တွေ အကြား ဒီလို မူးယစ်ဆေးဝါးတွေ သုံးစွဲမှု မြင့်တက်လာတာကြောင့်ပဲ သရုပ်ပျက် ဝတ်စားပျော်ပါးမှုတွေ ဖြစ် လာရတာ၊ ဒါကို အစိုးရအနေနဲ့ သီးသန့် စီမံဆောင်ရွက်ဖို့ လိုအပ်လာပြီ”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။

အခုလို လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲကြတာက လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက်သ လို နိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေနဲ့လည်း များစွာသက်ဆိုင်တယ်၊ မိဘ၊ လူငယ်တွေကျင်လည်ကြတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံးရဲ့တာဝန် မကင်းဘူး လို့လည်း သူက ဆိုပါတယ်။

အဲဒီ အပြင် ဒီနေ့ခေတ် လူငယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေ ရှိသလို၊ သုံးစွဲမှု ပိုများလာတဲ့ လူငယ် တွေလည်း ရှိတယ်၊ တချို့ လူငယ်အစည်းအဝေးတွေမှာ ဒီကိစ္စက အထူး
ဆွေးနွေး စရာ ကိစ္စအဖြစ် ရှိလာတာကို တွေ့မြင်ရ တယ်လို့လည်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါသေးတယ်။

“လူငယ် အစည်းအဝေးပွဲတွေ တက်တဲ့အခါမှာ ဒီဆေးဝါးပြဿနာကို အမြဲပြောကြတယ်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်စေချင်ရင် ဒါတွေက တကယ့် အဆိပ်အတောက်တွေပဲ၊ နိုင်ငံတော်ကို ဒီအရေးနဲ့ ပတ်သက်ပြီး အထူးတလည် သီးသန့်ဆောင်ရွက် စေချင်တယ်၊ ဒီလိုဖြစ်နေလို့ လူငယ်တွေကို အပြစ် မပြောချင် ဘူး၊ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေနဲ့ ဒီအခြေအနေတွေက တိုက်ရိုက် သက်ဆိုင် တယ်”လို့ သူက ဆိုပါတယ်။

တကယ်တော့ ဒီစိတ်ကြွဆေးပြားတွေ ထုတ်လုပ်ကြတဲ့သူတွေဟာ ငွေကြေးရလိုမှု တခုတည်းကို ကြည့်ပြီးတော့ မတော်လောဘကြီး နေတဲ့ အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်က အသိစိတ်ရှိဖို့ လိုအပ်တယ်၊ လူငယ်အရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူတွေကလည်း ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ဒီမူးယစ်ဆေးဝါးတွေရဲ့ အကြောင်း မကြာခဏ ပြောဆို ဆွေးနွေးနေဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခင်ဝိုင်းကြည်က အကြံပြုလိုက်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ သူတွေက လူငယ်တွေ မဟုတ်ပါဘူး၊ လူကြီးတွေပါ၊ လူကြီးတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်ပဲ လူငယ်တွေမှာ ခါးစည်းခံနေရတာလို့ စာရေးဆရာ ချစ်ဦးညိုကလည်း သုံးသပ်တယ်။

လူငယ်တွေ လက်လှမ်းမီရာမှာ အဆင်သင့်ဖြန့်ကျက်ထား၊ ဆိုးကျိုးတွေ ဖြစ်လာမှ လူငယ်တွေကို အရေးယူမယ်၊ အပြစ်တင်မယ် ဆိုရင်တော့ မတရားတဲ့ လုပ်ရပ်ပဲလို့ သူက ဆက်လက် ပြောဆိုပါတယ်။

“ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာပဲ၊ အရင်းစစ်တော့ အမြစ် မြင်တာပေါ့ဗျာ၊ ထုတ်လုပ်သူတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ တာတွေ လုပ်နေကြတာ၊ ဒီကိစ္စတွေက နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေး မှုကြောင့်ပဲ၊ နှစ်ဖက်စလုံးက ဒီကိစ္စတွေရဲ့ စီးပွားရေးတွေကို လက်မလွှတ်ချင် ဖြစ်နေတာ ပါတယ်၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တိုက်ရိုက်ကို ဆိုင်တယ်”လို့လည်း ဆရာချစ်ဦးညိုက ဆိုပါတယ်။

သင်္ကြန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက် တာမျိုး နည်းပါးပြီး အရက် သေစာ မူးယစ်မှုကြောင့် ဖြစ်ပျက်တာ များတယ်၊ စိတ်ကြွဆေးပြား
ကြောင့် ဖြစ်ပျက်တာကတော့ မိန်းကလေး၊ ယောက်ျားလေး အား လုံးမှာ သရုပ်ပျက် ဝတ်စား ကခုန် တာ၊ မြူးတူးပျော်ပါးတာနဲ့ ပတ်သက်တယ်လို့ သူနာပြု တက္ကသိုလ် နည်းပြဆရာဝန် ဒေါက်တာ နန္ဒထွန်း က ပြောပြတယ်။

ရပ်ကွက်အတွင်းမှာလည်း ဒီလို စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်လို့ ရနေသလို ဒီနေ့ခေတ် လူငယ်တွေမှာ အရင်အချိန်က ခေတ်စားခဲ့တဲ့ စိတ်ငြိမ်ဆေး (ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း) တို့တွေထက် ပိုမို အသုံးပြုလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောတယ်။

“တကယ်ရောင်းတယ် ဆိုတဲ့ဆိုင်ကို ကျနော်တို့ သွားဝယ်လို့ မရောင်းဘူး၊ လူငယ်တယောက်လောက်ကို သွားဝယ် ခိုင်းကြည့် လိုက်၊ လွယ်လွယ် လေးပဲ၊ ဆေးဆိုင်တွေမှာက စိတ်ငြိမ်ဆေးတွေ၊ ဖန်စီဒိုင်းတွေက ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်လို့ လွယ်လွယ်နဲ့ မရောင်းတော့ ဒီလိုလွယ်လွယ်ရတဲ့ စိတ်ကြွဆေးတွေကို ပိုသုံးလာကြတာပေါ့၊ သင်္ကြန်ဆိုတော့ ဆေးခြောက်တို့၊ စိတ်ငြိမ်ဆေး တို့ထက် ဒီဆေးတွေက ပို အဆင်ပြေတော့ အခုလို ဝယ်စုလာကြတယ် ဆိုတာ မဆန်းပါဘူး”လို့ ဒေါက်တာ နန္ဒထွန်းက ဆိုတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာ စိတ်ကြွဆေးပြားတွေကြောင့် လူငယ်ထုအကြား မလိုလားအပ်တဲ့ လူမှုရေး အဖြစ်အပျက်တွေ၊ ရောဂါ ကူးစက်ခံရတွေ ကိုတော့ အထူး သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

“လူငယ်တွေ စိတ်တွေက ကြွနေတော့ ဘာမှတွေးမနေတော့ဘူး၊ ကိုယ်လက် နှီးနှောကြတာမျိုးတွေ လည်း ဖြစ်လာနိုင်တာကို သတိပြု ရမယ်၊ အဲဒီရဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါရှိတဲ့ သူနဲ့သွားပြီး ကျူးလွန်မိလို့ ကိုယ်လည်း ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုတင်ကာကွယ် ထားသင့်တယ်”လို့လည်း သူက ပြောဆိုပါတယ်။ ။

စနေလင်း ~
Irrawaddy Blog

ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော် ............

Posted by: Ko Myo on Tuesday, April 15, 2014 Categories:

Tuesday, April 15, 2014

မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင် ပွဲတော်စတင်ကျင်းပသည့် ပထမ ၃ ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို အန္တရာယ်ရက်များ အဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက်တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့ သည်။ သင်္ကြန် (ဆွန်ခရမ်) ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟု သိရသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန ၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော် စတင်ကျင်းပသည့်နေ့မှ စတင်ကာ ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁ ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့် ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နိင်ငံခြားဖြစ်အရက်များ အတုပြုလုပ်ကာ လိမ်လည်ရောင်းချသူအား ဖမ်းဆီးအရေးယူ ..........


15 April 2014 18:27(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)


ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုင်ငံခြားဖြစ် အရက်များ အတုပြုလုပ်ကာ လိမ်လည် ရောင်းချနေကြောင်း၊ နိုင်ငံခြားဖြစ်အရက်နှင့် ဘီယာများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းအရ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၃) ရပ်ကွက်၊ ဗိုလ်ဗလလမ်း၊ အမှတ်(၁၀၆)နေ ဒေါ်ကြည်ဝင်း၊ (၅၉)နှစ်၊ (ဘ)ဦးတင်အေး၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြေရင်းစတိုခန်းအတွင်းမှ နိုင်ငံခြားဖြစ် အရက်အတုများပြုလုပ်ရာတွင် အသုံးပြုသည့် နိုင်ငံခြားဖြစ် အရက် တံဆိပ်မျိုးစုံပါ ပုလင်းခွံ(၃၄၀)လုံး၊ အရက်ရောစပ်ရာတွင် အသုံးပြု သည့် လီတာအမှတ်အသားများပါ ပုလင်းခွံ(၂၀)လုံး၊ အတုပြုလုပ်ထားသည့် အရက်များ၊ နိုင်ငံခြားဖြစ် အရက်ပုလင်းတံဆိပ်မျိုးစုံပါ ကတ်တူဘူးခွံများ၊ ဂျော်နီဝေါကား အရက်တံဆိပ် စာရွက်ကြီးနှင့် အ၀ါရောင်အမှတ်တံဆိပ် (၃၂၀၀)ခု၊ A-2 Tax Paid စာတမ်းပါ အကောက်ခွန်စာရွက်ငယ်(၂၀၀)ခု၊ ပါကင်ပိတ်ရာတွင်အသုံးပြုသည့် Gun (၂)ခု၊ ကော်ချောင်း(၅)ချောင်း၊ ခဲတို့ရာတွင်အသုံးပြုသည့် ဂေါက်တံ(၁)ချောင်း၊ ရေစစ်၊ ကန်တော့များနှင့် အကောက်ခွန်မဲ့ ဟန်နီကယ်ဘီယာ(၄၈၀)ဖာ၊ ချီးယားဘီယာ(၁၅)ဖာတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် ဒေါ်ကြည်ဝင်းကို သန်လျင်မြို့မရဲစခန်း (ပ)၂၅၇/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း၊ (ပ)၂၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၂၀/၄၆၈ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လင်မယားချင်းစကားများရာမှ နေအိမ်မီးရှို့မှုဖြစ်ပွား .............

15 April 2014 18:24(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)


ငွေဆောင် ဧပြီ ၁၅

ဧပြီလ (၁၄) ရက်နေ့ ည (၉း၀၀) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်ကျေးရွာအုပ်စု သပြေခုန်ကျေးရွာနေ မချိုနွယ်ထွန်းနှင့် မောင်ဇင်နိုင်လင်းတို့ လင်မယားချင်း စကားများရာမှ ၎င်းတို့နေအိမ်ရှေ့ခန်းတွင် ထိုင်နေသော မချိုနွယ်ထွန်း၊ မဇင်နွယ်ထွန်း၊ မအိအိမွန်၊ မစိမ်းဒါလီနိုင်၊ မမိုးမိုးအေးနှင့် ကိုဇော်မျိုးတို့အား မောင်ဇင်နိုင်လင်းမှ အိမ်ပေါက်ဝတွင် ဓာတ်ဆီပုံးကိုင်လာပြီး ၎င်းတို့အား ဓာတ်ဆီနှင့်ပတ်၍ မီးရှို့ထွက်ပြေးသွားသဖြင့် နေအိမ်မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မဇင်နွယ်ထွန်း အသက် (၂၆) နှစ်၊ (အဘ) ဦးသန်းကြည်တွင် ဝဲဘက်ပေါင်ရင်းမှ လက်ချောင်းများထိ မီးဟပ်၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝမ်းဗိုက်နှင့် မျက်နှာများတွင် မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မအိအိမွန် အသက် (၃)နှစ် (အဘ) ဦးဇင်နိုင်လင်းမှာ ဝဲဘက်ပါးပြင် မီးဟပ်ထားသည့် ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ မချိုနွယ်ထွန်း အသက် (၃၂) နှစ် (အဘ) ဦးသန်းကြည်၏ သမီးမှာ ဝဲဘက် ပေါင်ရင်းမှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝဲယာလက်မောင်းမှ လက်ချောင်းများအထိ မီးလောင်ထားသည့် ဒဏ်ရာ၊ ရင်ခေါင်းမှ ဝမ်းဗိုက်အထိ မီးလောင်ထား၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ကျောပြင်တွင် မီးလောင်ထားသည့် ဒဏ်ရာတို့ဖြင့် လည်ေးကာင်း၊ ကိုဇော်မျိုး အသက် (၂၆)၊ (အဘ) ဦးမြင့်ကြည့်မှာ ဝဲယာဒူးဆစ်အောက်မှ ခြေချောင်းများထိ မီးလောင်ထား၍ အရေကြည်ဖုများ ထနေသည့် ဒဏ်ရာ၊ ညာဘက်တံခေါက်ကွေးမှ ခြေချောင်းများအထိ မီးလောင်ထားသည် ဒဏ်ရာ၊ ကျောကုန်တွင် မီးလောင်ဒဏ်ရာတို့ဖြင့် လည်းကောင်း၊ မစိမ်းဒါလီနိုင် အသက် (၂၈) နှစ်၊ (အဘ) ဦးလှစန်း ဝဲယာ ဒူးေါင်းအောက်မှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်နေသည့်ဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် မီးလောင်၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ယာဘက်လက်မောင်၊ မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မမိုးမိုးအေး အသက် (၂၉) နှစ် (အဘ) ဦးရှမ်းမှာ ယာဘက် တံတောင်ဆစ်အောက် မီးလောင်ထား၍ အရေခွံလန်နေသည့် ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး အောက်ပိုင်းမှ ခြေဖျားအထိ မီးလောင်၍ အရေခွံလန်နေသည့် ဒဏ်ရာမျက်နှာတွင် မီးဟပ်ထားသည့်ဒဏ်ရာ၊ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး သုံးပင်နှစ်ခန်း၊ ဆယ့်နှစ်ပေခန်းရှိ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်မှာ မီးလောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး (၃) သိန်းခန့်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ

16 April 2014 03:00(+0630) (36 မိနစ် ခန့်က)


စီးပွား သင်္ကြန် မဏ္ဍာပ် ပေါ်က ဖျော်ဖြေခံ အကသမလေးများက ထိုင်းမမို့ ဖင်ပေါ်တာပေါ့၊ ဖင်ပေါ်ပါစေ ဆိုတဲ့ အတွေးအခေါ်မျိုး ဟာ စင်ပေါ်တက် ဖင် မပေါ့်ပေါ်အောင် က နေရရှာတဲ့ အကြောင်းကို မျက်ကွယ်ပြု ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် အပြစ်ဆိုချင်သူများ နဲ့ အဆင့်တူပဲ။  ဒါမျိုးက မှ လူမျိုးရေး အမြင်မို့ ပိုဆိုးတယ် ဆိုရမယ်၊ မြန်မာမ ဆို မပေါ်ဘူး ဆိုတဲ့ သဘောပေါ့။  ပက်ပုန်း မှာ ရာဇဝင်ကြွေး ဆပ်ချင်တဲ့ မြန်မာ သင်္ဘောသား ပုံပြင် မကြားဖူးကြဘူး ထင်တယ်၊ “အမလေးတော့်” နဲ့ တွေ့ဖူးမှ စာနာတတ်မယ် ထင်ပါ့။

ဒီမယ်.. မြန်မာ ဖြစ်ဖြစ်၊ ထိုင်းမ ဖြစ်ဖြစ် စီးပွား ဘီလူး၊ ရာဂ ဘီလူး၊ ကာမ ဘီလူး ကြီးများ အတွက် အသုံးချခံ အဖြစ် လူသား ဂုဏ်သိက္ခာ ကိုချနင်း ဖင်ပေါ် အောင် ကနေရခြင်း ဟာ စာနာ ထောက်ထား နားလည် ခံစား ပေးရမယ့် ကိစ္စ ဖြစ်တယ်။  ဒါဟာ လူသား ကျင့်ဝတ်၊ သိက္ခာ၊ ယဉ်ကျေးမှု ချို့တဲ့မှု ပြဿနာ ဖြစ်တယ်။  လူ့ ဂုဏ်သိက္ခာ ကို ချ စတေး ကာ စီးပွားရှာ ဝမ်းကြောင်းရတဲ့ အရင်းရှင် စီးပွားရေး စနစ်ဆိုး ရဲ့ သရုပ် ဖြစ်တယ်။  တိုင်းပြည် မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင် စနစ် ကို ပုံပေါ်စေတဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်။

ခင်ဗျား က အခုမှ ရိုးရာ လိုလို၊ ယဉ်ကျေးမှု လိုလို ရာသီစာ မကျက်တကျက် အမြင်မှာမှ တဏှာ စိတ် အခံနဲ့ ထပ်ကြည့်တော့ ဖင်ပေါ်တာကို မြင်တယ်။  တကယ်တော့ စနစ်ဆိုး မှာ အလိုက်အထိုက် ကျင်လည် ကျက်စား ရုန်းကန် ရှင်သန်ရင်း ခင်ဗျား ကိုယ်တိုင် လိပ်ပြာ ဖင်ပေါ်နေပြီး ဖြစ်တယ်။

ဒီ စနစ်ဆိုးကို တချို့က အရှက်ဖင်ပေါ်ရင်း  ခါးစည်းခံ ဖြတ်သန်းရတယ်၊ တချို့ကျ သီလကျင့်ဝတ် ဖင်ပေါ်ရင်း အသက်ဆက်ရတယ်၊ တချို့ကျ လူသား အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ ဆုံးရှုံးခံ ဖင်ပေါ်ရင်း အံကြိတ် ကျော်လွှားရတယ်။

ဒီလိုနဲ့ စနစ်ခံ လူသာမန် အများဟာ လူသား ပီသမှု တရားတွေ၊ အကျင့်တွေ ကို လမ်းခင်းကာ သီလ အောက်စလွတ် ဖင်ပေါ်ရင်း ဘဝ လမ်းကြောင်း ထမင်းအိုးတည်နေရတယ်။

ကာရာအိုကေ စင်တင်၊ အနှိပ်ခန်း၊ သင်္ကြန် စီးပွား ကြော်ငြာ စင်မြင့် ထက်က အမျိုးသမီး ငယ် ဖြစ်ဖြစ်၊ လူသား သိက္ခာ၊ အခွင့် အရေး၊ လွတ်လပ်မှု ကို မျက်ကွယ်ပြု တိုင်းတပါး မှာ၊ မွေးရပ်မြေမှာ “ငါတို့က ပညာနဲ့ ဝမ်းစာရှာတာကွ” ဆိုပြီး ကိုယ့်ဘာသာ အားတင်း ဆိုရတဲ့ ပညာတတ် လူတန်းစား ဖြစ်ဖြစ်၊ အရောင်း၊ အဝယ် စီးပွားလုပ်ကိုင် ရှာစားရတဲ့ အလယ်အလတ်တန်းစား ဖြစ်ဖြစ်၊ ခိုးစားမှ နပ်မှန်ပါတယ် ဆိုတဲ့ အခြေခံ အလုပ်သမား လူတန်းစား ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းရဲ့ လူအများစု ဟာ စနစ်ဆိုး က ထုဆစ် သွန်းထုတ်လိုက်တဲ့ အကျင့်၊ စာရိတ္တ၊ လူ့ ဂုဏ် သိက္ခာ၊ လွတ်လပ် တရားမျှတမှု ပဲ့ရွဲ့ နေတဲ့ ဒင်္ဂါးပြား တချပ် ရဲ့ ကျောချင်းကပ် မျက်နှာစာ နှစ်ဖက်၊ ခေါင်း နဲ့ ပန်း အတူတူ သာ ဖြစ်တယ်။

စနစ်ဆိုးရဲ့ သားကောင် ဖင်ပေါ်ခံ ဟာ စင်မြင့်ထက် က မိန်းကလေး မှ မဟုတ်၊ ခင်ဗျားလည်း ဖြစ်တယ်၊ ကျနော်လည်း ဖြစ်တယ်။

ခင်ဗျား က စနစ်စံ ထဲက တယောက် ဖြစ်တယ် ဆိုရင်လည်း လူ့အဖွဲ့အစည်း ရဲ့ ဆီဦးထောပတ် ကို စုပ်ယူ လူသား မျက်ရည်၊ သွေး၊ ချွေး ကို စတေးကာ မိုက်ရိုင်းရင်း ထွားကျိုင်းလာခဲ့သူ ဖြစ်လို့ လူသား ဂုဏ်သိက္ခာ ဟာ သုည အဆင့် ကျ ပြီး ဖြစ်တယ်။

ခင်ဗျား ဟာ ကိုယ်ကျိုး စီးပွား  အတွက် မိန်းကလေး ငယ်များကို ဖင်ပေါ် အောင် ခေါ် က ခိုင်း နိုင်တယ်၊ တဏှာ ရာဂ အတွက် ဖင်ဖေါ် စေနိုင်တယ်၊ စီးပွား ဖြစ်မှု အလို့ငှာ ပညာတတ် လူငယ်များကို ခေါ် ဂုဏ်သိက္ခာ လိပ်ပြာ ဖင်ပေါ်အောင် ပြု ခိုင်းနိုင်တယ်။  ဒါပေမယ့် ခင်ဗျား ရဲ့ လူသား အရည်အသွေး၊ လူသား ဂုဏ်ရည်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ကတော့ ဖင်ပေါ်ရုံမက ကိုယ်လုံးတီး ဖြစ်နေပြီး ဖြစ်တယ်။

ဒီလို လူတန်းစားထဲက တယောက်ဟာ အခု လို စနစ်ဆိုးကို အလျားလိုက် ကူးနေရရှာတဲ့ ဖင်ပေါ်ခံ မိန်းကလေး ငယ်များ ကို ယဉ်ကျေးမှု မရှိသူ လို့ ဆိုရင် ပုဆိုး မပါတဲ့ သူက သူများကို သွား အောက်စလွတ်နေကြောင်း ပြော၊ လုံအောင် ထိုင်ခိုင်းနေသလိုပဲ ဖြစ်မယ်။  စနစ်ဆိုးစံ အားလုံးဟာ လူသားတဦးမှာ ရှိရမယ့် ကျင့်ဝတ်၊ သီလ၊ ယဉ်ကျေးမှု အားလုံး ပျက်ယွင်းပြီးမို့ ဒါမျိုးထက် ပို ယဉ်ကျေးမှု မရှိသူ၊ ရိုင်းသူ၊ လူသား မပီသသူ မရှိပါ။

ဒါမျိုးကမှ တကယ့် ယဉ်ကျေးမှု မရှိသူ လို့ သတ်မှတ်ရမှာပါ။

အလားတူပဲ အမှောင်ခန်းမှာ၊ အခု စက်မြင့်ထက်မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖင်ပေါ်နေရသူ များ ကို စာနာ ထောက်ထား မှု မပေးနိုင်၊ နောက်ခံ စနစ်ကို မြင်ကြည့် အဖြေ မရှာနိုင်ဘဲ ယဉ်ကျေးမှု လမ်းကြောင်းချ နှမချင်း မစာနာ ဆိုနေသူများ ရဲ့ လူသား ပီသ၊ ယဉ်ကျေးမှု (Human Decency) ရေချိန်ဟာလည်း သုည နီးနီးပါပဲ။

ကိုယ်တိုင် စနစ်ခံ ရင်း လိပ်ပြာ ဖင်ပေါ် နေရတာကိုကျ မမြင်နိုင်ဘူး။  စနစ်ဆိုးရဲ့ သားကောင် ဘဝတူ အမျိုးသမီးငယ်များ ဖင်ပေါ်တာကို ပဲ သွားရည် တများများ သွားကြည့်၊ ရုပ်သေ၊ ရုပ်ရှင် ရိုက်၊ ဖြန့်၊ (ဖြန့်တဲ့ အထဲမှာ ခေတ်ကို ဦးဆောင်ရတဲ့ သတင်းသမား၊ စာရေးဆရာ၊ ကာတွန်း ဆရာ ဆိုသူများ ပါတော့ အံ့သြ၊ တုန်လှုပ်မိပါရဲ့)၊ ပြန် ကြည့်သူများက လည်း မျက်စိ အရသာခံကြည့်၊ ပါးစပ် အရသာခံ ပြော၊ စနစ်ကို စစ်နိုင်တဲ့၊ အကြောင်းကို ရှာနိုင်တဲ့ အမြင် မရှိ၊ သူများ ဘဝတွေကို စာနာ၊ နားလည် မျှဝေ ခံစား ပေးနိုင်တဲ့ နှလုံး မကျယ် မကြီး တော့ ဆီသည်မလက်သုတ် ရိုးရာ၊ ယဉ်ကျေးမှု ကိုပဲ လမ်းကြောင်း ဇောင်းပေး ဆိုနေသူများ အားလုံး ဟာလည်း လူ့ယဉ်ကျေးမှု မရှိသူများပဲ ဖြစ်တယ်။

ဒီလို စနစ်ဆိုး လူ့ အဖွဲ့အစည်း က ပုံဖော်ပေးလိုက်တဲ့ စနစ်စံ သီလ ကျိုးပျက် ဖင်ပေါ်ခံများ၊ စနစ်ခံ လွတ်လပ်မှု ဂုဏ်သိက္ခာ မဲ့ ဖင်ပေါ်ခံများ ကြီးစိုးနေတဲ့ ဗမာပြည်မှာ လူသား တရားမဲ့၊ လူသား ယဉ်ကျေးမှု မရှိ၊ ပျက်ယွင်း အားနည်းနေခြင်းဟာ အဆန်းမဟုတ်ဘူး။

ယဉ်ကျေးမှု မရှိလို့ စနစ်စံ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တစု ဟာ ကိုယ်ကျိုး အာဏာ၊ စီးပွား အလို့ငှာ လူသား အချင်းချင်း စစ်ပြု၊ နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်၊ မြေသိမ်း၊ ယာသိမ်း၊ ဘုရားဖျက်၊ ကျောင်းလု လုပ်နေကြတာပေါ့။

ယဉ်ကျေးမှု မရှိလို့ စနစ်ခံ လူအများကလည်း လူကို လူလို မမြင်နိုင် လူမျိုး၊ ဘာသာ မတူတာနဲ့ပဲ အပြစ်မြင်၊ သည်းမခံနိုင်၊ အမုန်းပွား၊ ရန်ငြိုးထား၊ သတ်ချင် ဖြတ်ချင် ရှိနေတာပေါ့။  အခုပဲ ကြည့်ပါလား၊ ဒီလို လူတွေပဲ နို့ပေါ်၊ ဖင်ပေါ် တာကို မြန်မာ မ ဟုတ်/မဟုတ် ငြင်းရင်း စိတ်ဖြေရာရှာနေကြတာ။  လူမျိုးရေး အမြင် ဘယ်လောက် ရှိ၊ ပြင်းမလဲ ဆိုတာ ခန့်မှန်းနိုင်တယ်။

တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ရေချိန်ဟာ ကြီးစိုးတဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ဆိုး ကို ပုံဖော် လမ်းကြောင်းပေးမှု အတိုင်း ဝမ်းနည်းဖွယ် ကျဆင်း ခဲ့ရတယ်၊ လူသား မပီသသူ၊ မယဉ်ကျေးသူ၊ တင်းပြည့်ကျပ်ပြည့် လူသား အတွေးအခေါ်၊ အမြင်၊ နှလုံးသား မဲ့၊ ချို့ငဲ့ နေတဲ့ လူအများသာ လူ့အဖွဲ့အစည်းမှာ စိုးရိပ်ဖွယ် တိုးပွားလာခဲ့ရတယ်။

ဖျော်ဖြေရေး စင်မြင့် က အကသမလေး ဖင်ပေါ်တာလောက် ပဲ မြင်နိုင်စွမ်းပြီး သမားရိုးကျ ယဉ်ကျေးမှု၊ ရိုးရာ ခေါင်းစီးတပ်ချင်တဲ့ သဘောလောက်နဲ့တော့ (၂၁) ရာစု ပေမီဒေါက်မီ ယဉ်ကျေး၊ လူပီသတဲ့ လူ့အဖွဲ့အစည်း ကို မတည်ထောင်နိုင်ပါ။  သမားရိုးကျ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်ရင်လည်း အရင် လူသား တဦးမှာ ရှိရမယ့် အခြေခံ လူ့ယဉ်ကျေးမှု၊ လူ့ ကျင့်ဝတ်၊ လူ့တန်ဖိုး တွေကို မြှင့်တင်ရမှာပါ။

တိုင်းပြည်မှာ လူသား ယဉ်ကျေးမှု ထွန်းကားချင်သလား၊ လူယဉ်ကျေးများ များပြား စေချင်သလား၊ နောင်ခံ စနစ်အဖွဲ့အစည်း ကို အပြစ်ရှာ ထောက်ပြ၊ ဝေဖန် တော်လှန် ရမှာပါ။  ခုလောလောဆယ်မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ် ခရိုနီ အရင်းရှင် စနစ်ကို အရင် မျိုးပြုတ်အောင် တိုက်ဖို့ အရင် ဇောင်းပေး ရပါမယ်၊ တိုင်းပြည်မှာ လူမှု-စီးပွား တရားမျှတမှု တပြေးညီ ရအောင် အရင် ဖော်ဆောင် ရပါမယ်၊ ဇာတိ နောက်ခံ၊ လူမှု အတန်းအလွှာ၊ လူမျိုး၊ ဘာသာ မခွဲ လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင်၊ စားသောက် ဘဝ ရပ်တည်နိုင်ခွင့် ရှိဖို့ ကြိုးစားရပါမယ်။

လူသာမန် လူတဦးချင်း အနေနဲ့ အရင်ဆုံး အလုပ်သင့်ဆုံး၊ အလုပ်နိုင်ဆုံးကတော့ “စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ” စာရင်းမှာ ငါလည်း ပါ ပါ့လား ဆိုတဲ့ အခြေခံ သဘောကို သိမြင်ကာ ကိုယ့်ထက် ပို လူသား ဂုဏ်သိက္ခာ ကို ချနင်း ကံအကြောင်းမလှစွာနဲ့ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ နို့ပိန် ပျဉ်းတွဲ ခေတ်စနစ်ဆိုးရဲ့ နို့ဆို့ဖက်၊ ဖွားဖက်တော် ဘဝတူများကို ပိုမို စာနာ နားလည်၊ ခံစား ပေးကာ လူသား အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ် လူပီသမှု တရား တိုးပွားဖို့ ကြံဆောင်ခြင်းပါပဲ။

ဒီ့ အတွက် စနစ်ဆိုး ရဲ့ သားကောင် ဖင်ပေါ်ခံ စာဖတ်သူ ခင်ဗျား နဲ့ စာရေးသူ ကျနော့် မှာ ကျင့်ဝတ် တာဝန် ရှိကြောင်းပါ။

ငြိမ်းချမ်းအေး / မိုးမခမီဒီယာ

ဧပြီ ၁၄၊ ၂၀၁၄

အတူရေကစားစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးအားရေလောင်းသည်ကို စိတ်ဆိုးပြီး ပိုးသတ်ဆေး သောက်၍သေဆုံး ........

Posted by: Ko Myo on Tuesday, April 15, 2014 Categories:

ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်၍ လှိုင်သာယာဆေးရုံ သို့ရောက်ရှိပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွား ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မသဲစုလှိုင်၊ (၂၀)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ အတွင်းပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူ ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၀၃၀ အချိန်ခန့်က အတွင်းပဒံကျေးရွာ၊ ကျန်းလေးဘုန်းကြီးကျောင်း လမ်းအတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ သင်္ကြန် ရေကစားနေစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးတစ်ဦး အား ရေလောင်းသည်ကို စိတ်ဆိုပြီး နေအိမ်သို့တစ်ဦးတည်းပြန်သွားကာ ခင်ပွန်းဖြစ်သူ ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်များ အားသောက်ခဲ့ကြောင်း၊ ၁၁၀၀ အချိန်တွင် ခင်ပွန်းဖြစ်သူမှ နေအိမ် သို့ပြန် လည်ရောက်ရှိစဉ် အော့အန်နေသည်ကိုတွေ့ရှိခဲ့၍ လှိုင်သာယာဆေးရုံသို့ပို့အပ် ကုသခဲ့ရာမှ ၁၁၃၀ အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေး ဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက် ရင်ခုန်စရာ ကံစမ်းမဲ ...............

Wednesday, April 16, 2014



 
 .
ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးနေပါပြီ။

 တစ်နှစ်ပတ်လုံးလစဉ် အထူးကံစမ်းမဲ လို့ အမည်ပေးထားပါတယ်။

ပြီးခဲ့တဲ့လက ပထမဆုံး စတင်ခဲ့တဲ့ ဒီအစီအစဉ်မှာ ဝန်ထမ်း အယောက် ၂ဝ ကံထူးသွားပါတယ်။

သိန်း ၁ဝဝ၊ ၅ဝ၊ ၄၀၊ ၃၀ အစရှိတဲ့ ဆုကြီးတွေ ပါပြီး ၃ သိန်း၊ ၅ သိန်း ဆုကတော့ အများအပြား ပါဝင်နေတာပါ။
 


 .

 (ဓာတ်ပုံတွေအားလုံးကို ကမ္ဘောဇဘဏ်အွန်လိုင်းကနေ ကူးယူပါတယ်)
 
.
လုပ်သက် ၃ နှစ်အထက် ဝန်ထမ်းများအတွက် ဆုတွေက ကြီးပါတယ်။
၃ နှစ်အောက် ဝန်ထမ်း ဆိုရင်တော့  ဆုတွေက ငယ်ပါတယ်။
အဲသလို ပေးတာ ဖတ်ရတော့ ဧရာဝတီ သတင်းဌာန သတင်းထောက်တယောက်က အတည်ပေါက် မေးတယ် - ငါတို့ရုံးမှာလည်း ဒီလို အစီအစဉ် ရှိရင် ကောင်းမယ် တဲ့။
သိပ်...................ကောင်းပေတာပေါ့။ ဆုတောင်းလေ .... ဆုတောင်း။ ဆုတောင်းဖို့ ပြောမယ့်သာ ပြောရတာ သူက ဒီဘလော့ http://blog.irrawaddy.org မှာ ရေးထားတာဖတ်ဖြစ်ပါ့မလား။ လိုရင်း ပြန်ဆက်ရရင် ကမ္ဘောဇဝန်ထမ်း ကြီးကြီးငယ်ငယ် အတွက် ဆုတွေကတော့ ကျေနပ်စရာပါပဲ။ ကံထူးသလောက် ပေါက်မယ်၊ ကံမထူးရင်တော့ ဗလာမဲ။
 တစ်နှစ်ပတ်လုံးလစဉ် လို့ အမည်ပေးထားတဲ့အတွက် လစဉ် မဲဖောက်မယ့်သဘောရှိပါလိမ့်မယ်။
မဲပေါက်ပြီးသားသူတွေကို လာမယ့် အစီအစဉ်တွေမှာ ထည့်တွက်မယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒါက ဝန်ထမ်းတွေ အလုပ်မထွက်အောင် ဆွဲဆောင်တဲ့ နည်းနာများထဲက တခု ဖြစ်ပါလိမ့်မယ်။

 


 .
နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းတွေ ဒီလိုပဲ ကံစမ်းမဲ ဖောက်ပေးသလား ဆိုတာကလည်း မေးစရာ ဖြစ်နေပါပြီ။
အင်တာနက်မှာ နာရီဝက်လောက် လိုက်ဖတ်ကြည့်တော့ ဒီလိုအစီအစဉ် ရှိတယ်လို့ မတွေ့ရပါ။ (စာဖတ်နှေး၊ အင်တာနက်ကလည်း နှေးတာကြောင့် မတွေ့တာလည်း ဖြစ်နိုင်ပါတယ်)

တနှစ်တခါ ဘောနပ်စ်တော့ ပေးကြတာ ဖတ်ရတယ်။
ဘဏ်ခွဲ၊ ဘဏ်ဝန်ထမ်းတို့ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး ပေးတယ်၊ အရာရှိ ခပ်ကြီးကြီးတွေကတော့ အများဆုံး ရကြတယ်လို့ ဆိုတယ်။
ဒီနှစ်တော့ သူတို့ရဲ့ တနှစ်စာဝင်ငွေနီးပါး ရကြတယ်လို့ ဆစ်ဒနီမောနင်းဟာရယ်ထရီဗျူး အွန်လိုင်းမှာ ရေးထားတယ်။

အွန်လိုင်းတနေရာမှာတော့ ဘောနပ်စ်က တနှစ်စာ လစာထက် ပိုရတာလည်းရှိတတ်ပါသတဲ့။

ယူအက်စ်မှာ ဆိုရင် အကြီးဆုံးဘဏ်ငါးခုရဲ့ ဒုတိယဥက္ကဋ္ဌတွေရဲ့ လစာက မြန်မာငွေ သိန်းတရာကျော်ကြောင်း Forbes အွန်လိုင်းမှာ ရေးပါတယ်။
သူတို့ရမယ့် ဘောနပ်စ်က သိန်းတထောင်ဝန်းကျင် ရှိပြီပေါ့။

ဘဏ်လုပ်ငန်းအရာရှိကြီးတွေ လစာ အင်မတန်များတယ် ဝင်ငွေ အင်မတန်များတယ် ဆိုတာ သူတို့လုပ်ငန်းက အောင်မြင်နေတာကြောင့်ပါပဲ။
ကဲ...သူများနိုင်ငံက ဝင်ငွေများအကြောင်း ဒီတင်ရပ်ပြီး ကိုယ့်နိုင်ငံအကြောင်း ဆက်ရမယ်ဆိုရင်...

ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးတာကတော့ ဆုပေးဒဏ်ပေးစနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်မှာပါ။
ဒီလိုလုပ်ခြင်းဟာ လုပ်ငန်းခွင်ထဲ အငြင်းပွားစရာ နည်းပါးပါလိမ့်မယ်။
နိုင်ငံခြားဘဏ်တွေလို ဘယ်သူ့ကို ဘယ်လောက် ဘောနပ်စ်ပေးသင့်ကြောင်း ကော်မတီဖွဲ့ဆွေးနွေးဆုံးဖြတ်၊ အရာရှိအဆင့်ဆင့်က ဆုံးဖြတ်မယ် ဆိုရင် အငြင်းပွားစရာက သေချာပေါက် ရှိမှာပါ။
ရုံးတွင်းနိုင်ငံရေး ဆိုတာက နေရာတကာမှာ အားကောင်းတတ်တယ် မဟုတ်လား။
ကမ္ဘောဇရဲ့ နည်းလမ်းတွေကို နိုင်ငံခြားဘဏ်တွေ လိုက်လုပ်မယ် မထင်ပါဘူး။
လိုက်လုပ်ရင် ဆုံးဖြတ်ချက်ချသူတို့ကို သေချာပေါက် ထိခိုက်မှာဆိုတော့ ဘယ်လိုက်လုပ်ပါ့မလဲ။

ဒီစာ နိဂုံးချုပ်ခါနီး မဲပေါက်တဲ့ ကမ္ဘောဇဝန်ထမ်းတွေရဲ့ ဓာတ်ပုံအောက်က စာတန်းကို ဖတ်ကြည့်တော့ ... မဲပေါက်ပြီးသူတွေက လာမယ့်လတွေမှာလည်း ကံထူးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ရေးထားပါတယ်။

ပြီးတော့ ဝန်ထမ်းတွေ အားလုံး ကံစမ်းမဲပေါက်သူတွေကိုကြည့်ပြီး မုဒိတာပွားကြစေလိုတယ်လို့လည်း ရေးထားပါတယ်။

ကျနော်လည်း ဘဏ်ဝန်မ်းမဟုတ်သော်ငြားလည်း ဒီဘလော့ http://blog.irrawaddy.org ကနေ မုဒိတာ ပွားလိုက်ပါတယ်။ 







.

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်မိသားစု စကားများ ရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး (၄င်းသတင်းအား ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ )

ရေပတ်စဉ် ပါးနမ်းမှု ခဲတံချွန် ဓါးနှင့် လူသတ်မှု ဖြစ်ပြီးနောက် မီးရှို့ မှု ထပ်ဖြစ်

16 April 2014 01:01(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၄၅ အချိန်တွင် ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းရှိ ဦးမောင်ဦး(ခ)တင်မောင်ဦး၏ နေအိမ် မီးဖိုဝါးထရံနှင့် အိမ်ချင်းကပ်လျက်နေ မဇင်မီမီထွန်း(ခ)ဇင်မီလေး၏ နေအိမ် နောက်ဖေး မီးဖိုဝါးထရံတို့ကို မီးကူးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်တို့မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၇၅၀ အချိန်တွင်မီးငြိမ်းသွား ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါသည်။

ဖြစ်စဉ်အား စုံစမ်းရာမှာ ဧပြလ(၁၄)ရက်နေ့ ညနေ (၄)နာရီ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများ ရန်ဖြစ်ခဲ့ကြရာ မဇင်မီမီထွန်း (ခ)ဇင်မီလေးမှ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့၍ ဒေါ်တင်တင်မော် သေဆုံးခဲ့ရပါသည်။

အဆိုပါ လူသေဆုံးမှုကို နှစ်ဘက်အပြန်အလှန် အမှုဖွင့် တိုင်ကြားခဲ့ကြသဖြင့် မဇင်မီမီထွန်း(ခ) ဇင်မီလေးကို အမှုဖြင့် ဖမ်းဆီးထားရှိသည့် ကိစ္စအား မဇင်မီမီထွန်း(ခ) ဇင်မီလေး၏ ဆွေမျိုးများဖြစ်သည့် ဦးမောင်ဦး(ခ)တင်မောင်ဦးနှင့် သားဖြစ်သူ ရဲလင်းထက်တို့မှ မကျေနပ်၍ တစ်ရပ်ကွက်လုံးအား မီးရှို့ပစ်မည်ဟု ကြိမ်းမောင်းပြီး နေအိမ်ကိုမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဦးမောင်ဦး(ခ)တင်မောင်ဦး၊ (၄၁)နှစ်၊ (ဘ)ဦးကျော်ငွေနှင့် သားဖြစ်သူ ရဲလင်းထက်၊ (၁၉)နှစ်တို့(၂)ဦးကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါသည်။

BY THIT HTOO LWIN



Friday, April 11, 2014

အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charge...............

အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charger တစ်မျိုး ကို တီထွင်လိုက်ကြောင်း သိရပါတယ်။ StoreDot က တီထွင်ထားတာဖြစ်ပြီး စမတ်ဖုန်းအားလုံး ကို အားသွင်းပေးနိုင်ပါတယ်။ StoreDot ဟာ Tel Aviv University ရှိ Nanotechnology ဌာန မှ ပေါက်ဖွားလာတဲ့ တည်ထောင်ခါစ Company တစ်ခု ဖြစ်ပါတယ်။ Samsung Galaxy S4 ကို အားသွင်းပြီး သရုပ်ပြခဲ့ပါတယ်။ သရုပ်ပြမှု ကို Microsoft Think Next Conference မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
StoreDot တီထွင်နေတဲ့ နည်းပညာ ဟာ အလွန်လျှင်မြန်စွာ အားသွင်းပေးနိုင်တာ တွေ့ရပါတယ်။ Peptides လို့ ခေါ်တဲ့ သဘာဝ Organic Compounds တွေကနေ ထုတ်လုပ်ထားတဲ့ Biological Semiconductors တွေ နဲ့ Charger ကို ပြုလုပ်ထားပါတယ်။

Charger နမူနာပုံစံ ဟာ Laptop Charger နဲ့ အရွယ်တူညီတာတွေ့ရပါတယ်။ Charger ရဲ့ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်နေတယ်လို့ StoreDot က ပြောပါတယ်။ ဈေးနှုန်း မှာ သာမာန် Charger တွေရဲ့ နှစ်ဆ ရှိမယ်လို့ သိရပြီး စတာလင်ပေါင် ၂၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ StoreDot က သူ့ရဲ့ အစွမ်းထက် Charger ကို ၂၀၁၆ ခုနှစ် မှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။
စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးတဲ့ သရုပ်ပြ ဗီဒီယို ကို အောက် က လင့် မှာ ကြည့်နိုင်ပါတယ်။


https://www.youtube.com/watch?v=9DhJZAhjbcI
 
 
 
 
 
Ref:Myanmar Digital Life Journal
 
 
Thihahtike
 
Welcome From My Blog

Thursday, April 10, 2014

ပိုပို၏သီချင်းများစုစည်းမှု့ ..................


အခုတလောမရိုးရအောင်ကြားနေကြတဲ့သီချင်းလေးတွေပါ
မမပိုပိုရဲအသံလေးကအရမ်းထူးခြားပါတယ်
နားထောင်ချင်တဲ့သူငယ်ချင်းတွေအလွယ်ရအောင်တင်ပေးလိုက်တယ်နော်
Let Click နှိပ်ပြီးနားထောင်ပါ။ Right Click နှိပ် Save Link As လုပ်ပြီးဒေါင်းယူပါ
၂။ အရင်လိုပါပဲ (ပိုပို)
၃။ဘုရားပေးတဲ့ဆုလာဘ် (ပိုပို ၊ ဖြိုးပြည့်စုံ)
၎။ မိုးညများနဲ့အတူ (ပိုပို)
၅။ ချစ်ဖူးခဲ့သမျှ (ပိုပို ၊ စည်သူ)
၆။ ပြန်လာခွင့်ရှိတယ် (ပိုပို)
၇။ မိဘမဲ့ (ပိုပို)
၈။ ဘာမှမလိုဘူး (ပိုပို)
၉။မင်းကိုသတ်ပစ်ချင်တယ် (ပိုပို)
၁၀။အလွမ်းနယ်မြေ (ပိုပို)
၁၁။လက်ထက်ပွဲ(ပိုပို)
၁၂။ မေတ္တာအလင်းရောင် (ပိုပို)
၁၃။ Apple Story (ပိုပို)
၁၄။ ဘာဆက်လုပ်ရမလဲ (ပိုပို)
၁၅။Breaking Heart (ပိုပို)
၁၆။First Love (ပိုပို၊BK)
၁၇။Love U Love Me (ပိုပို)
၁၈။မတူညီခြင်း(ပိုပို)
၁၉။ မင်းအနား(ပိုပို)
၂၀။နားခိုရာ (ပိုပို)
၂၁။ ငါ့ဘဝနဲ့ငါ (ပိုပို)
၂၂။ ငါမုန်းတယ် (ပိုပို)
၂၃။ပိတောက်တွေဝေတဲ့သင်္ကြန်(ပိုပို၊DemoJacktoo)
၂၄။ပြန်လာခွင့်ရှိတယ်(ပိုပို)
၂၅။ချစ်ဖူးခဲ့သမျှ [ Next Version ](ပိုပို ၊ စည်သူ)
၂၆။သတိရရင်(ပိုပို)
၂၇။သရေပွဲ(ပိုပို)
၂၈။ဝေးမယ်ဆိုတာသိရက်နဲ့(ပိုပို)
၂၉။ဝေးမယ်ဆိုတာသိရက်နဲ့ [ NewVersionပိုပို၊BK]