This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 19, 2013

လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ ချပေးမည်ဟု တယ်လီနော်ပြော

ချိုကို

ဖုန်းကတ်ကို ကျပ် ၁၅၀ဝ အောက်ဖြင့် ရောင်းပေးမည်

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိသော ကုမ္ပဏီဖြစ်သည့် တယ်လီနော်က လိုင်စင်ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်း ဆင်းမ်ကတ်များ စတင် ရောင်းချပေးသွားမည်ဟု ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg ကပြောသည်။

၎င်းတို့အနေဖြင့် လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဖုန်းများချပေးမည် ဖြစ်သောကြောင့် လာမည့် ၂၀၁၄ အတွင်း အသုံးပြုရနိုင်မည် ဖြစ်သည်။

ဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀ဝ အောက်ဈေးနှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းက “ဆက်သွယ်ရေး လုပ်ပိုင်ခွင့်လိုင်စင် ရရှိပြီးတာနဲ့ နောက်ထပ် ရှစ်လအတွင်းမှာပဲ ကွန်ယက်ကို အပြီးတည်ဆောက်ပြီး ဆင်းမ်ကတ်ကို ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကိုလည်း ကျပ် ၁၅၀ဝ အောက် လျော့တဲ့ဈေးနှုန်းနဲ့ ရောင်းပေးမယ်” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းကောက်ခံရန် လျာထားကြောင်းလည်း ၎င်းကပြောသည်။ ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် မိုဘိုင်းကွန်ယက်များ တည်ဆောက်ရန် မိုဘိုင်းတာဝါတိုင်များ စိုက်ထူရာတွင် အခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

“ပြည်တွင်းက ကုမ္ပဏီပဲဖြစ်ဖြစ် အခြားကုမ္ပဏီပဲဖြစ်ဖြစ် တွဲဖက်ပြီး တာဝါတိုင်တည်ဆောက်တာတွေ လုပ်သွားမှာပါ။ အခုထိတော့ တွဲဖက်လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်ထားခြင်းမရှိသေးပါဘူး။ ညှိနှိုင်းရဦးမှာပါ” ဟု ပြောသည်။

တယ်လီနော်ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် ရင်နှီးမြှုပ်နှံမည့် ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ တယ်လီနော် ကုမ္ပဏီ (မြန်မာ)၏ ဘဏ္ဍာရေးမှူး Mr. Lars Erik Tellmann က “လက်ရှိအခြေအနေမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာကို ပြောလို့မရသေးပါဘူး။ .. အစိုးရနဲ့ ကိန်းဂဏန်းအရေအတွက်ကို ညှိနှိုင်းနေဆဲဖြစ်ပြီးတော့ ညှိနှိုင်းမှုပြီးရင် တရားဝင်ဖော်ပြသွားမှာပါ” ဟုပြောသည်။

အသုံးပြုသူများ၏ သတင်းအချက်အလက် လုံခြုံရေးများအတွက် ကာကွယ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့က ဆိုသည်။

Telenor Myanmar အဖြစ် ပြည်တွင်းတွင်လုပ်ကိုင်ရာတွင် တယ်လီနော်ကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း အပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။ တယ်လီနော်သည် နိုင်ငံအများစုတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး အသုံးပြုသူပေါင်း ၁၄၈ သန်းရှိကာ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်။

ဖုန်းကံစမ်းမဲ လိမ်လည်မှုပေါင်း (၁၇)မှု ကို ဖေါ်ထုတ်နိုင်


၁၁.၇.၂၀၁၃ ရက်နေ့ ၀၉၄၆ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နေ ကိုမောင်မောင်(ခ)ကိုစိုးသိန်း၏ လက်ကိုင်ဖုန်းသို့ ရန်ကုန်တိုင်း ဒေသကြီးတွင် နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ်များကို မဲဖောက်ပေးခဲ့ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ်လည်ပြီး ငွေတောင်းခံသည့် ---
ရန်ကုန်၊ ဇူလိုင် ၁၈

၁၁.၇.၂၀၁၃ ရက်နေ့ ၀၉၄၆ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နေ ကိုမောင်မောင်(ခ)ကိုစိုးသိန်း၏ လက်ကိုင်ဖုန်းသို့ ရန်ကုန်တိုင်း ဒေသကြီးတွင်နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ်များကို မဲဖောက်ပေးခဲ့ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ်လည်ပြီး ငွေတောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ အဖွဲ့ငယ်များခွဲ၍ သွားရောက်စောင့်ဆိုင်းနေစဉ် ၁၁.၇.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဘဏ်သို့ ငွေလာထုတ်သူ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ (၃၅)နှစ်၊ (ဘ)ဦးခင်ထွန်း၊ ဒဂုံ(တောင်)မြို့နယ်နေသူအား မြိတ်မြို့မှ လွှဲပေးသောခဲ့ ငွေ ၁၀၀၀၀ ကျပ်ကိုထုတ်ယူစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြစ်မှု အတူ ကျူးလွန်သူများဖြစ်သည့် ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ (၂၆)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ဒဂုံ(တောင်)မြို့နယ် နေသူနှင့် ငြိမ်းထိုက်ဖြိုး(ခ)ချန်ဒူးဝမ်၊ (၃၀)နှစ်၊ (ဘ)ဦးညွှန့်ဦး၊ သန်လျင်မြို့နယ်နေသူတို့ (၂)ဦးအား ငွေထုတ်ပြီး ၎င်းတို့တွေ့ဆုံရန်ချိန်းဆိုထားသည့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ ဆောက်လုပ်ရေး မှတ်တိုင်တွင်လည်းကောင်း၊ ၎င်းတို့အားကြီးကြပ်စေခိုင်းသူ မင်းသူ၊ (၃၁)နှစ်၊ (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ် နေသူအား ရှုခင်းသာလမ်း၊ အကောက်ခွန်အိမ်ရာဝင်းအနီးတွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိပြီး တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့မရဲစခန်း (ပ)၃၃၃/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထား ရှိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် တရားခံ(၄)ဦးအား ဆက်လက် စစ်ဆေးခဲ့ရာ ထီကံစမ်းမဲ ပေါက်ကြောင်း၊ ဖုန်းကံစမ်းမဲပေါက်ကြောင်း ပြောဆိုကာ အလားတူ ငွေလိမ်လည်တောင်းခံမှု ဖြစ်စဉ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဖြစ်စဉ် (၅)ခု၊ မွန်ပြည်နယ် အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ ဖြစ်စဉ် (၂)ခု၊ ရခိုင်ပြည်နယ် အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မကွေးတိုင်းဒေသကြီး
အတွင်းမှ ဖြစ်စဉ် (၁)ခု၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်းမှ ဖြစ်စဉ် (၅)ခု၊ စုစုပေါင်းဖြစ်စဉ် (၁၇)ခုကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ အမှုဖွင့် အရေးယူနိုင်ရေး အကြောင်းကြားထား ရှိပါသည်။

ဖမ်းဆီးရမိသူ တရားခံ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ ငြိမ်းထိုက်ဖြိုး(ခ)ချန်ဒူးဝမ်နှင့် မင်းသူတို့(၄)ဦးအား မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းထံသို့ ၁၇.၇.၂၀၁၃ ရက်နေ့တွင်သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

Thit Htoo Lwin - Crime



သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နောက်ဆုံးထွက် TANGO UPDATE V 3.0.53221 (18.07.2013)


ဒါလေး ကတော့ TANGO ရဲ့ နောက်ဆုံးထွက် update လေးပါ
17.07.2013 ရက်နေ့က  update ပေးထားတာပါ

ဘာတွေ လုပ်လို့ရနိုင်လည်းဆိုတာကတော့ပြောစရာလိုမယ်မထင်ပါဘူးနော်

သူငယ်ချင်းတွေနဲ့ video call ခေါ်နိုင်တယ် အုပ်စု့လိုက် Chat နိုင်တယ်

ဓါတ်ပုံတွေ video တွေ ရှယ်လုပ်နိုင်တယ် Smart ဖုန်းတွေနဲ့ Tabletတွေမှာ

အရမ်းအသုံးဝင် စကားပြောလို့ကောင်းတဲ့ app လေးပါ

Google Play မှာဒေါင်းလို့ရသလို အောက်ကပေးထားတဲ့ လင့်မှာလည်း

ဝင်ဒေါင်းလို့ရပါတယ် ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)

GSM,WCDMA သုံး Android ဖုန်းများတွင် Internet Settings ထည့်နည်း

                                                  

GSM,WCDMA သုံး Android ဖုန်းများတွင် Internet Settings ထည့်နည်း

            
                 Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။
                    အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းကိုပြောပြလိုက်ရပါတယ်။
GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်
  ငှက်ငယ်

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား Telenor Myanmar ကုမ္ပဏီအနေဖြင့် ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုခများကို တစ်မိနစ်၂၅ ကျပ်ဈေးနှုန်းအောက် လျှောချပေးမည်ဟု အမူဆောင်အရာရှိချုပ် (CEO) Petter Furberg က ပြောသည်။ အများပြည်သူများ အသုံးပြုရာတွင်အဆင်ပြေစေရန် မိုဘိုင်းဖုန်းအသုံးပြုခများကို ၂၅ ကျပ်အောက် လျှောချ ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် စတင်လုပ်ဆောင်သည့် အခါတွင်လည်း 2G နှင့် 3G ကွန်ယက်ကိုပါ တခါတည်း လုပ်ဆောင်သွားမည်ဟု သိရသည်။ “ 2G နဲ့ 3G နှစ်ခုလုံးကိုတော့ တစ်ခါတည်းအသုံးပြုလိုရအောင်ပြုလုပ်သွားမှာပါ၊ 2G အများဆုံးသုံးတဲ့နေရာမှာ 2G ကိုအသုံးပြုလိုရအောင်၊ 3G အများသုံးပြုလိုရတဲ့နေရမှာ 3G ကိုဦးစားပေးချထားပေးမယ်၊ နှစ်ခုလုံးကိုတော့ နောင် ကို နေရာတိုင်မှာ အသုံးပြုလိုရအောင် ပြုလုပ်သွားမယ်” ဟု Telenor Myanmar မှ Mr. Petter Furberg က ပြောသည်။ Telenor သည်ပြည်သူ ဗဟိုပြုလုပ်ငန်းသဘောထားကို အခြေခံပြီး လုပ်ကိုင်သွားမည်ဖြစ်ပြီး ပြည်တွင်း၌ မြန်မာ ၀န်ထမ်းများ ဖွံ့ဖြိုးတိုးတက်မူအတွက် ရင်းနှီးမြှုပ်နှံ့ခြင်းဖြစ်သည်ဟု ဆိုသည်။ Telenor Group သည် နိုင်ငံတကာတွင် တယ်လီဖုန်း၊ သတင်းအချက်အလတ်၊ မီဒီယာဆက်သွယ်ရေး ၀န်ဆောင်မူများ ပေးနေသော လုပ်ငန်းအဖွဲ့ဖြစ်သည်။ နော်ဝေးနိုင်ငံတွင် ရုံးချုပ်ရှိသော Telenor Group သည် ၂၀၁၃ ခုနှစ် ပထမလေးလပတ်အထိ စုစုပေါင်း လုပ်ငန်းများအရ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၄၈ သန်းရှိသော မိုဘိုင်းအော်ပရေတာဖြစ်ပြီး ၂၀၁၂နှစ်၏ လုပ်ငန်းတွင်တည်ရှိငွေ (revenues) မှ နော်ဝေးငွေကြေး Norwegian Kroner (NOK) ၁၀၂ ဘီလီယံရှိသည်ဟု သိရသည်။

အရင်းရှင်စံနစ်အသက်သွင်းနေပြီလော


by Phay Khaing Than (Notes) on Sunday, 12 May 2013 at 14:10
         သဘာဝလောကြီး၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုလာသည်နှင့်အမျှ သတ္တလောကကြီးသည်လည်း အဆင့်မြင့်မားဥာဏ်ရည်တိုးတက်လာခဲ့သည်။ထိုထဲတွင် လူသားသည်ဥာဏ်ရည်အမြင့်မားဆုံးနှင့် အဆင့်မြင့်ဆုံးသောသတ္တ၀ါဖြစ်သည်။လူများ၏ တိုးတက်ပြောင်းလဲမှုအရ ပဒေသာပင်စံနစ်၊ကျေးပိုင်ကျွန်ပိုင်စံနစ်၊ပဒေသာပင်စံနစ်၊အရင်းရှင်စံနစ်၊နယ်ချဲ စံနစ်၊ဓနရှင်စံနစ်၊ဖက်ဆစ်စံနစ်၊အာဏာရှင်စံနစ် စသည်ဖြင့် အဆင့်ဆင့်တိုးတက်လာပြီး ယခုအခါကမ္ဘာကြီးတွင် ဒီမိုကရေစီ စံနစ်ရေပန်းစားကျင့်သုံးလာခဲ့သည်။ကျွှန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း တနိုင်ငံအပါအ၀င်ဖြစ်လာခဲ့ပြီး ကမ္ဘာတွင်ပြုပြင်ပြောင်းလဲရေးကြွေးကြော်သောနိုင်ငံပေါင်း(၁၂၁)နိုင်ငံမြောက်ဖြစ်လာသည်။ထိုနိုင်ငံများတွင် အမှန်ပြုပြင်ပြောင်းလဲသောနိုင်ငံမှာ (၂၀)မျှသာ အောင်မြင်ခဲ့သည်။
      
လက်ရှိကျွှန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲမှု စိတ်ထောင်းအားရသူ ရှိသကဲ့သို့ ယုံကြည်မှု မရှိသောအင်အားစုလည်းရှိမည်ဟုကျွှန်တော်ထင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်တခုတွင်  လက်ရှိပြုပြင်ပြောင်းလဲရေးမှာ စည်းစံနစ်မကျဟုဝေဖန်ပြောဆိုခဲ့သည်က အထင်အရှားပင်။သိန်းစိန်ဦးဆောင်သောကြံဖွံ့အစိုးရ စစ်တပိုင်းအစိုးရ ၏လုပ်ရပ်များသည် အခြေခံလူတန်းစားကို ကိုယ်စားပြုမှု တစိုးတစိမျှမရှိဘဲ အရင်းရှင်စံနစ်ကိုအသက်သွင်းနေသလားဟု ဒိဟဖြစ်နေခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော် အရင် ကျော်ငြိမ်းဗဆွေ မောင်နု မဆလ နေ၀င်း ၊န၀တ စောမောင် ၊နအဖ သန်းရွှေ တို့ထက်အဆပေါင်းမြောက်မြားစွာ လယ်ယာမြေသိမ်းဆည်းမှုအရေအတွက်များပြားလာပြီး ကမ္ဘာ့ရင်းနှီးမြှပ်နှံမှု ကိုလက်ယပ်ခေါ်ငင်နေခဲ့သည်။ဓါးမဦးချ လုပ်ကိုင်ရာကျေးဇူးရှင်တောင်သူလယ်သမားများသည် ဒီမိုကရေစီနည်းအရ ဆန္ဒပြတောင်းဆိုရာတွင် နည်းဥပဒေကန့်သတ်၊ခွင့်ပြုချက်မပေးခဲ့သည်ကိုငြင်းချက်ထုတ်လို့ ရမည်မထင်ပါ။
      
အရင်းရှင်စံနစ်၏သမိုင်းဖြစ်စဉ်အရ ကေဒါရပ်တည်ချက်ထားရှိခဲ့စမြဲပင်။ထို့အတူ သိန်းစိန်ဦးဆောင်သောစစ်တပိုင်းအစိုးရ ကြံ့ဖွံ့အစိုးရ သည် စစ်တပ်အငြိမ်းစားရံ့ပုံ့ငွေ အမည်ခံဦးပိုင်(ခရိုနီတမျိုး/ခေတ်ပျက်သူဌေး)ကိုထွင်ထားသည်အထင်ရှားပင်။ဦးပိုင်စစ်ခရိုနီများသည် အသားထဲကလောက်ထွက်ကျော်ငြိမ်း တို့အုပ်စုတောင်မလုပ်ဝံ့သော လုပ်ရပ်များကိုလက်ရှိစစ်တပိုင်းအစိုးရ ကြံဖွံ့အစိုးရလုပ်ဆောင်နေသည်မှာ ရွံ့ရှာနာကြည်းစရာကောင်းလှပါသည်။သမိုင်းတရားခံတွေဘယ်လိုပဲမိုက်ခဲ့ မိုက်ခဲ့ အဏာဘယ်လိုပဲရုးခဲ့ ရုးခဲ့ လက်စစ်ခရိုနီ ဦးပိုင်လောက်လက်ရဲဇက်ရဲ နိုင်ပုံနှင့်နှိုင်းယှဉ်လျှင် မည်မျှပင်ရှိပါတော့သနည်း။လူထုဆန္ဒကိုဆန့်ကျင် ထင်ရာစိုင်းတဲ့ နွားရိုင်းတအုပ်ကြောင့် တိုင်းပြည်အနာဂတ်မတွေးရဲစရာ သူတို့ပြောတဲ့ ပြုပြင်ပြောင်းလဲရေးဟာ အိပ်ယာဝင်ပုံပြင်လောက်တောင် အိပ်ပျော်နိုင်ပါ့မလားတွေးတောနေမိပါသည်။
      
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများအား ဂတိလွယ်လွယ်နှင့်ပေးခဲ့ပြီး လုပ်ကွက်များကို ၀ကွက်အပ်ခဲ့ပြီးမှ ဂတိပေးပြီးလွယ်လွယ်နှင့်ဖျက်မရကြောင်းပြောသော ကော်မရှင်ကိုလည်းအံ့သြရင်နာမိပါသည်။မျှော်လင့်ချက်ကြီးကြီးထားခဲ့သောကြောင့်လည်း နောင်တရမိပါသည်။လက်ရှိတရုတ်ကုမ္ပဏီနှင့်ဂတိပျက်လျှင် အခြားမည်သည့်ရင်းနှီးမြှပ်နှံမှု မ၀င်သည်ဆိုးသည့်အဖြေမှာ လွဲချော်နေပါသည်။တရုတ်ကုမ္ပဏီမထွင်သေးရ်ျ ရင်နှီးမြှပ်နှံမှု ဥပဒေမထွက်သေးရ်ျ အမေရိကန်လိုနိုင်ငံကြီးမှ ၀င်မလာသေးခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ သည် မည်သည့်နိုင်ငံကိုမျှလစ်လျူရှုလေ့မရှိ အမြဲစောင့်ကြည့်ခြောင်းမြောင်းနေသည်ကို ၁၉၆၆ခန့်က ဦးနေ၀င်းအား အမေရိကန်ကိုခေါ်ယူမိန့်ခွန့်ပြောကြားခြင်းသက်သေခံလျက်ရှိပါသည်။ထို့ကြောင့်ဂတိလွယ်လွယ်နှင့်ပေးခဲ့လျှင် လွယ်လွယ်နှင့်ပဲဖျက်ရမည်ဖြစ်သည်။
     
သမိုင်းတွင်လည်းအရင်းရှင်စံနစ်သည် မိမိတို့ဘ၀ချမ်းသာရေးအတွက် လယ်သမား၊အလုပ်သမား ဂုတ်သွေးစုပ်မော်မကြည့်ရဲအောင်ဖိနှိပ်ခဲ့ပြီး မိမိတို့အကျိုးစီးပွားထိပါးလာခဲ့ပါက ခွင့်လွှတ်သည်းခံမှု သနားညှာတာမှုမရှိသတ်ဖြတ်ချေမှုန်းတတ်သည်ကိုအားလုံးအသိပင်။ယင်းကဲ့သို့ပင် လက်ရှိစစ်တပိုင်းအစိုးရ ကြံ့ဖွံ့အစိုးရသည် ၄င်းတို့အကျိုးစီးပွားထိပါးသောအခါ မီးလောင်ဗုံး လူသတ်လက်နက်အမျိုးမျိုးနှင့်ဖြိုခွင်းလာသည်က သက်သေခံလျက်ရှိသည်။ဥပမာ-လက်ပံတောင်းတောင်ဖြိုခွင်းမှု ။မအူပင် မလက်တိုလယ်သမားအဓိကရုဏ်း၊ကချင်စစ်မီး အခြားသောဆန္ဒပြသူများကို မတရားဖမ်းဆီးရိုက်နှက် တရားစွဲဆိုမှုများက အထင်အရှားပင်။မကြာသေးခင်ကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှု၊ပဲခူးအနောက်ခြမ်းအကြမ်းဖက်မှု များသည်၎င်းတို့အကျိုးစီးပွားမထိခိုက်သောကြောင့် ထိရောက်သောအရေးယူမှု ဖြိုခွင်းမှု ဖမ်းဆီးမှု မရှိဘဲ အကြမ်းဖက်နေစဉ်ဝင်ရောက်တားမြစ်ခြင်းမရှိဘဲ စောင့်ကြပ်ပေးနေသောအမူအကျင့်ကို အားလုံးအသိပင်။အရင်းရှင်စံနစိကုအသက်သွင်းနေသည်လောဟု ကျွှန်တော်ဒိဟဖြစ်မှုသည် မှားမည်မထင်ပါ။
     
လူတိုင်းတွင် အမြင်ကိုယ်စီရှိပါသည်။ထိုအမြင်များကို တင်ပြဆွေးနွေးနိုင်ပြီး အများလက်ခံနိုင်ဖို့ဆိုလျှင် အကြောင်းပြချက်ပေးခြင်းကဆုံးဖြတ်ပေးလိမ့်မည်ဟုထင်ပါသည်။ကျွှန်တော်သည် လက်ရှိစစ်တပိုင်းအစိုးရကြံဖွံ့အစိုးရသည် အရင်းရှင်စံနစ်ကိုပြန်လည်အသက်သွင်းနေသည်ဟုထင်မြင်ပါသည်ယူဆပါသည်။အဘယ်ကြောင့်ဆိုသော် ၄င်းတို့အကျိုးစီးပွားထိပါးလာလျှင် ညှာတာမှုမရှိအစွန်းရောက်ဖြိုခွင်းပြီး  သူတို့၏အကျိုးစီးပွားမထိခိုက်သော oicဆန္ဒပြမှု ရခိုင်ပြည်သိန်းစိန်ထောက်ခံပွဲ၊အကြမ်းဖက်မှုများကို ထိရောက်သောဖြေရှင်းပေးမှု မရှိခြင်းက သက်သေခံလျက်ရှိနေသည်ကိုတင်ပြဆွေးနွေးလျက်။    
                                                            
ဖေခိုင်သန်း(မြို့နီလေး)
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/935683_155525051291806_474442028_n.jpghttps://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/224197_155525094625135_1192552769_n.jpg
Top of Form
3Unlike · · Unfollow Post · Share
Dore Jee အရင်းရှင်စနစ်သေတယ် မကြားသိရသေးပါ။ အခုက အရင်းရှင်စနစ်ရဲ့ နှစ်များစွာအတွေ့အကြုံကို စစ်အုပ်စုက သင်ခန်းစာယူပီး သင်ခန်းစာအသစ်နဲ့ အရင်းရှင်စနစ်ကို ဆက်လက်ဖွံ့ဖြိုးနေတာ။ ဂျာမန်၊ ဂျပန် နာဇီဖက်ဆစ်တို့တောင် သင်ခန်းစာယူနေကြတယ်၊။ အီယူ နဲ့ဆက်ဆံရေး ကောင်းနေတာကြည့်၊ နိပွန်များ ဗမာပြည် ကယ်တင်ရေး ပေါက်ဖော်ထက်နောက်မကျဖို့ လိုက်လုပ်နေတာကြည် ...
  • https://fbcdn-profile-a.akamaihd.net/hprofile-ak-frc1/s32x32/370018_100005029363344_1554302232_q.jpg
Bottom of Form