This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 22, 2014

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ် ပြင်ပပေါက်ဈေး အနည်းငယ်မြင့်တက်လာ................

မောင်မန်း

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များ ချထားပေးမှု လျော့နည်းလာခြင်းကြောင့် ပြင်ပပေါက်ဈေး အနည်းငယ် ပြန်လည်မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များနှင့် အွန်လိုင်းဖုန်း အရောင်းအ၀ယ် ပြုလုပ်သည့် ၀က်ဘ်ဆိုဒ်များက မဇ္ဈိမကို ပြောသည်။

ယခုနောက်ပိုင်း သုံးလခန့်အတွင်း ချထားပေးသည့် ဆင်းမ်ကတ်များတွင် GSM ဆင်းမ်ကတ် ပါဝင်မှု နည်း လာသောကြောင့် ဈေးကွက်အတွင်းတွင် ဈေးတက်နေခြင်း ဖြစ်သည်ဟု အွန်လိုင်းမှတစ်ဆင့် ဖုန်းဆင်းမ် ကတ်များ ရောင်းချနေသည့် Online ဈေးကွက်စီးပွားရေး ၀က်ဘ်ဆိုဒ်မှ ဦးဇော်ဇော်က ပြောသည်။

ဦးဇော်ဇော်က “GSM က လာမယ့်လအတွက် ကတ်မထွက်သေးတာရယ်၊ သုံးလလောက် ကတ်မထွက် တော့တာကြောင့် ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်သွားတာပါ။ ပြင်ပပေါက်ဈေး ပြန်တက်လာပါ တယ်” ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များကို ယခင်ပြင်ပပေါက်ဈေး ကျပ် ၆၀,၀၀၀ ခန့်ဝန်းကျင် ရောင်းချနေ ရာမှ လက်ရှိအချိန်တွင် ကျပ်တစ်သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး CDMA ဆင်းမ်ကတ်များ အနေဖြင့်လည်း ကျပ် ၃၀,၀၀၀၀န်းကျင်မှ ကျပ် ၄၅,၀၀၀ ၀န်းကျင်အထိ ပြန်လည် မြင့်တက်လာသည်ဟု ဦးဇော်ဇော်က ဆိုသည်။

၎င်းက“အရင်ကတ်တွေထွက်နေတဲ့အချိန်ကGSMဆို ပြင်ပပေါက်ဈေး ခြောက်သောင်းဝန်းကျင်နဲ့ အရောင်း အ၀ယ် ဖြစ်နေပါတယ်။ အခုပြန်ပြီး ဈေးပြန်တက်လာတဲ့အချိန်မှာတော့ တစ်သိန်းဝန်းကျင်လောက် ရှိပါတယ်”ဟု ဆိုသည်။

၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ပြန်လည်မြင့်တက်လာသော်လည်း ရောင်းလိုအား နှင့် ၀ယ်လိုအား နှစ်ရပ်စလုံး နည်းပါးနေသည်ဟုလည်း ဦးဇော်ဇော်က ဆိုသည်။၎င်းက“ဖုန်းဆင်းမ်ကတ် ဈေးတွေသာ ပြန်တက်လာတာပါ။ ရောင်းလိုအားရော ၀ယ်လိုအားမှာပါ အရင်လောက် မရှိတော့ပါဘူး။ ရောင်းချင်တဲ့သူ လျော့လာသလို အ၀ယ်ဘက်ကလည်း ဈေးပေးပြီး မ၀ယ်ချင်တော့ဘူး”ဟု ပြောသည်။
ယင်းအပြင် မိုဘိုင်းဆင်းမ်ကတ်များ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကိုမင်းအုပ်စိုးကလည်း ဆင်းမ်ကတ် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည်ဟု ပြောသည်။

၎င်းက “ချပေးတဲ့ အနည်းအများပေါ် မူတည်ပြီး ဈေးအတက်အကျ ရှိနေတာပါ” ဟု ဆိုသည်။ လက်ရှိပြည် တွင်းတွင် မိုဘိုင်းအသုံးပြုသူ ရှစ်သန်းကျော် ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်မူ တိုင်းနှင့်ပြည်နယ်များ၏ ဖုန်းသိပ်သည်းမှု လိုအပ်ချက်အလိုက် ဖုန်းဆင်းမ်ကတ်များ ဆက်လက် ချထားပေးသွားရန် လုပ်ဆောင်နေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ် ငန်း၏ အထွေထွေ မန်နေဂျာက မဇ္ဈိမကို ပြောထားသည်။

လင်းမယားစကားများပြီး ဇနီးမှာအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံး..............


ရန်ကုန်၊ မေ ၂၁

၂၀.၅.၂၀၁၄ရက်နေ့ ၁၅၀၀အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ အင်ကြင်းကွင်းကျေးရွာ၌ အမျိုးသား တစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်
စစ်ဆေးရာ ကိုသန်းလေးဝင်း(၃၇)နှစ် ဖြစ်ပြီး ၎င်းသည် နေအိမ်၏ အမြင့် ၂၂ ပေခန့်ရှိ ထုတ်တန်းတွင် အရှည်၁၃ပေခန့်ရှိနိုင်လွန်ကြိုးဖြင့် ချည်လျက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူမှာ နေအိမ်မှဆင်းသွားသဖြင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည် ......


ရန်ကုန်၊ မေ ၂၀

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly

ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင်..................


Bookmark and Share [ ]


ထိုင်ဝမ်ကျွန်း နိုင်ငံမှာ အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်ခြင်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက
ဖြစ်ပါတယ်။

ယင်း မတိုင်ခင် ကလည်း ထိုင်ဝမ် ကျွန်းက နေရာ အတော် များများမှာ အင်တာနက် အခမဲ့ အသုံးပြုလို့ ရ
ပါတယ်။

နှစ်စဉ် နေရာ တိုးချဲ့လာရာ ကနေ ၂၀၁၃ နှစ်ဆန်း ရောက်တော့ တစ်နိုင်ငံလုံး ဧရိယာကို ဖုံးလွမ်း သွား
နိုင် ခဲ့ ပါတယ်။ Hotspot ပေါင်း လေးသောင်းကျော် ကို နေရာအနှံ့ ဖြန့်ထားခြင်း ဖြစ် ပါ တယ်။

ထိုင်ဝမ် နိုင်ငံသား တွေတင် မကပဲ ကမ္ဘာလှည့် ခရီးသည် များ၊ နိုင်ငံကို လာရောက် နေထိုင်တဲ့ နိုင်ငံခြား
သား များကိုလည်း အခမဲ့ ပေး ပါတယ်။

အထူးသဖြင့် လူ အသွားအလာများ၊ အလည်အပတ် များတဲ့ နေရာ တွေမှာ ပိုအလေးပေး ထားရှိ ပါတယ်။

အင်တာနက် မြန်နှုန်းဟာလည်း တစ်စက္ကန့်ကို 1Mbps မြန်ဆန်မှု ရှိပြီး ယင်း ထက် ပိုလို ချင်ပါကလည်း
လူတိုင်းဝယ်နိုင် လောက်အောင် ဈေးသက်သာ၍ မြန်ဆန်သော ဝန်ဆောင်မှုကို ပေးထား သေးကြောင်း
သိရ ပါတယ်။

Ref: CNN

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင် http://www.simon-vlog.com/2014/05/blog-post_289.html#ixzz32NhMyEWG
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား............


Bookmark and Share [ ]


ဂျပန်နိုင်ငံက Yasuo Takamatsu လို့ အမည် ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အက်ဆီးဒန့် တစ်ခုကြောင့် သူ့ရဲ့ ဇနီး
ဖြစ်သူဟာ မြစ်ထဲကျလို့ ပျောက်ဆုံး ခဲ့ရ ပါတယ်။

ရှာဖွေမှုကို အချိန် အတော်ကြာ ပြုလုပ်ပေမယ့် မတွေ့ ရပါဘူး။ နောက်တော့ အမျိုးသား ဖြစ်သူဟာ သူကိုယ်
တိုင် ရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပရော်ဖက်ရှင်နယ် ရေငုပ်သမား ဖြစ်အောင် ကြိုးစား သင်ယူ လေ့ကျင့်ပါ
တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကပဲ သူဟာ အနက်ဆုံး ရေ မီတာအောက် ရေငုပ် ပရော်ဖက်ရှင်နယ် လိုင်စင်ကို ရ
ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန် ကယ်ဆယ်ရေး အဖွဲ့က အနည်းငယ် ပူနွေးတဲ့ ရာသီကို စောင့်ပြီးမှ ရှာဖို့ စီစဉ်ထားပေမယ့် Yasuo က
တော့ ရာသီမရွေး နေ့စဉ် နီးပါး ရှာဖွေ နေပါတယ်။

အစိုးရက ပျောက်ဆုံးကြောင်း တရားဝင် ကြေညာ ထားပါတယ်။

Yasuo ဟာ သူ့ ချစ်ရတဲ့ ဇနီးကို ရေအောက်မှာ ရှာဖွေ နေတာ တစ်နှစ်ကျော်သွား ပါပြီ။

Ref:BBC

By ရိုးရာလေး

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား http://www.simon-vlog.com/2014/05/blog-post_229.html#ixzz32NgnHRK1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု ...........


Bookmark and Share [ ]


မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အနီးရှိ ကန်သာယာ ရေကန်ကြီး အနီးတွင်
မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်က နည်းပညာ၊ ပညာရှင် လူငယ်တစ်ဦး သမီးရည်းစား ကိစ္စနှင့် ပတ်
သက်၍ မိမိ ကိုယ်ကို အဆုံး စီရင် သွားသည့် သေမှုသေခင်း ဆိုင်ရာ ကိစ္စ တစ်ရပ် ပေါ်ပေါက် ခဲ့ကြောင်း မုံ
ရွာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျေိာကျော်ညွှန့် ထံမှ သိရသည်။

‘ သေဆုံးသူ ကောင်ကလေးက ကောင်မလေးရဲ့ ဂရုစိုက်မှုကို မခံရဘူး ဆိုပြီး သူ့ ကိုယ်သူ ကြိုးဆွဲချပြီး အ
ဆုံး စီရင်သွားတာ ဖြစ်နိုင်ပါတယ်….” ဟု မြို့မရဲစခန်းမှူးက ဆက်လက်၍ ပြောပြသည်။

သေဆုံးသူ အမျိုးသားသည် မိမိ ကိုယ်ကို အဆုံး မစီရင်ခင် နာရီပိုင်း အလို အချိန်ခန့်က ၎င်းနှင့် သမီးရည်း
စား ဖြစ်ခဲ့သူ ကောင်မလေး တစ်ယောက်နှင့် ချိန်းဆိုတွေ့ခဲ့ပြီးနောက်၊ သမီးရည်းစား တို့၏ ဘာသာဘာဝ
ကသောက် ကယှက်ဖြစ်ကာ ကောင်းမလေးမှ စိတ်ဆိုး၍ ထွက်ခွာ သွားခဲ့သည်။ ထို့နောက် ကောင်လေး
သည် ၎င်းလွယ်လေ့ရှိသည့် လွယ်အိတ်ကြိုးဖြင့် မိမိ ကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင် ခဲ့ခြင်းဖြစ် ကြောင်း
ရဲစခန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

ထို့ကြောင့် မှုခင်းဆေးစာများ ရယူ၍ မှုခင်းဆိုင်ရာ ဆေးပညာ နည်းလမ်းများ အရ ဆက်လက်ဆောင်ရွက်
နိုင် ရန် ရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု http://www.simon-vlog.com/2014/05/blog-post_2679.html#ixzz32NcXNqzp
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အမျိုးသား သွေးဆုံးခြင်း ၊ အမျိုးသမီး သွေးဆုံးခြင်း ..........................


အမျိုးသမီးသွေးဆုံးတာကို လူတွေသိမြင် တာ လွယ်ကူတယ်။ အသက် ၁ဝ နှစ် ကျော် ရာသီစလာချိန်ကစလို့ အသက်(၄၅-၅ဝ)နှစ် အထိ မီးယပ်သွေး လစဉ်လာတဲ့ကာလဟာ အမျိုးသမီး ကိုယ်ဝန်ရနိုင်တဲ့ ကာလဖြစ်တယ်။ အမျိုးသမီးများ ရာသီ ဆုံးတာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး။ မိခင် မျိုးရိုးနဲ့ဆိုင်တယ်။ မိခင်၊ အဘွားလုပ်သူက အသက် ၅ဝ ရောက်မှသွေးဆုံးရင် မိမိလည်း ၅ဝမှာ သွေးဆုံးနိုင် တယ်။ မီးယပ်ပြီးဆုံးချိန် စိတ်ခံစားချက်ချင်း မတူညီကြ ဘူး။ တချို့က မစွမ်းဆောင်နိုင်တော့ဘူး စသဖြင့် စိတ် ကျရောဂါရကာ အဘွားအိုပုံစံနေထိုင်လာတယ်။ တချို့ က အသိပညာတိုးပွားလို့ တတ်စွမ်းတဲ့ပညာနဲ့ လူ့ဘဝ စတင်ပြီလို့ခံယူကာ အများကောင်းကျိုး၊ မိသားစုကောင်း ကျိုး ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရတယ်။

မဟော်မုန်း
မဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုနှေး ကွေးလာလို့ ခန္ဓာကိုယ်အားအင်ယုတ်လျော့ကာ သွေးဆုံး မီးယပ်လက္ခဏာများ ပေါ်လာတယ်။
ချက်ချင်းပူ လိုက်၊ အေးလိုက်ဖြစ်ပြီး အိပ်မပျော် ခေါင်းကိုက်ကာ စိတ်တို၊ ဒေါသထွက်တာများရင် သွေးဆုံးလက္ခဏာများ ပေါ်လာတယ်ဆိုတယ်။ အရေပြားကျုံ့နိုင်၊ ဆန့်နိုင်မှု ပျောက်ကာ သတိမေ့တတ်တယ်။ အလိုမကျတာတွေ များတယ်။

ဓာတ်စာ
သွေးဆုံးမီးယပ်ဓာတ်စာတွေက ဆန်လုံးညို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်၊ ပဲသီး၊ မုန်လာဥဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်းမှုန့်၊ မြင်းစားဂျုံမှုန့်၊ အာလူး၊ စမုန်နက်၊ ပဲပိစပ်တို့ပါတဲ့အစားအစာ စားသင့်တယ်။ ပဲပိစပ်မှာ ဂျင်နီစတိန်း (Genistein) ဓာတ်ပါဝင်တာ၊ အီစထရိုဂျင်ဓာတ် အများကြီးပါဝင်တယ်။ ယင်းဓာတ် ဟာ အီစထရိုဂျင်လိုပဲ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါနဲ့ အခြားရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်။ အခြားပဲသီး၊ ပဲတောင့်၊ ပဲစေ့တွေလည်းပါတယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်ပါတယ်။

အမျိုးသမီးမီးယပ်ဆုံးချိန်
အမျိုးသမီးတွေ ကာမဆန္ဒ ကျဆင်းယုတ်လျော့သွားတယ်။ ကျဆင်းရတာက အီ စထရိုဂျင်၊ တက်စထရိုစတုန်းဟော်မုန်းများ လျော့ကျ သွားလို့ဖြစ်တယ်။ သည်ဖြစ်စဉ်ပံ့ပိုးနေတဲ့အကြောင်း တွေထဲမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ့်ပုံရိပ် ကိုယ်ဖော်ရမှာညံ့ဖျင်းမှုနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခင်ပွန်းသည်ဖြစ်နေမှုတို့လို့ ဆိုထားတယ်။ ဟော်မုန်း ဓာတ်ကြောင့် ကာမဆန္ဒလျော့နည်းကာမဖြစ်ဖို့ 'မ' ဆန္ဒ အားဆေး (Fenicnineesire)ေ ဆးညွှန်းနိုင်တယ်။ ဟော် မုန်း (Endocrne) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသလို ခွန်အားစွမ်းပကားနဲ့ သဘာဝဆန္ဒဖြစ်လာအောင် လှုံ့ ဆော်ပေးတယ်။ ဆိတ်ချေးပင် (Homy Goat Seed) အပင်ဟာ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ ကျားရော၊ မပါ သုံးနိုင်တယ်။ ကာမလှုံ့ဆော်မှု အားပေးတယ်။

ကျားဘဝ
အမျိုးသားသွေးဆုံးချိန်ဟာ အသက်၄၅-၅၅နှစ် အတွင်းဖြစ်တတ်တယ်။ ပျမ်းမျှ၅၁နှစ်သတ်မှတ် တယ်။ အမျိုးသားတစ်ယောက် ၁၂-၁၄နှစ်အရွယ် သုက် စတင်တဲ့အရွယ်ကစပြီး အိမ်ထောင်ကျပြီးချိန်မှစ၍ လိင် ကိစ္စအသုံးချများရင် ယောက်ျားသွေးဆုံးချိန်စောပြီး ခံစားရတယ်။ အမျိုးသားဟော်မုန်းထွက်နှုန်းဟာ တစ် နှစ်မှာ ၁-၁ဝရာခိုင်နှုန်းလျော့နည်းပြီး တချို့ အသက် ၆ဝ-၇ဝအထိ စွမ်းရည်မကျတတ်ဘဲ (သို့)ဟော်မုန်းလျော့ နည်းချိန်များရင် အမျိုးသားသွေးဆုံးချိန်ဖြစ်နိုင်ခြေများ တယ်။ အမျိုးသားသွေးဆုံးချိန်ဟာ တဖြည်းဖြည်းချင်း သာခံစားရလို့ ချက်ချင်းသတိမထားမိဘူး။ အိုမင်းခြင်း နဲ့ဆက်နွှယ်နေတဲ့ အမျိုးသားသွေးဆုံးဝေဒနာဟာ အ မျိုးသားစွမ်းအားကို 'ဖွဲတစ်ဆုပ်နိုင်ရင်ဖြစ်တယ်'ဆို စကားရှိတာနဲ့အညီ သေဆုံးချိန်အထိ သုက်ရည်ထွက် နိုင်ပြီး အသက်ကြီးလာတာ နဲ့အမျှ အကြိမ်နည်းလာ ခြင်း၊ Sperm စပန်းသုက် ကောင်အရေအတွက် နည်း လာခြင်းဖြစ်လာတယ်။

ဆီးကျိတ်
အသက်၆ဝ ကျော်ရင် ဆီးကျိတ်ရာခိုင် နှုန်း ၆ဝ ကြီးတယ်။ အ သက်၇ဝမှ ရာခိုင်နှုန်း ၇ဝ ခန့် အသက် ၈ဝ-၉ဝမှာ ဆီးကျိတ်၈ဝ-၉၅ရာခိုင် နှုန်း ဆီးကျိတ်ကြီးလာကြ တယ်။ ဆီးကျိတ်ကြီးလို့ ကာမဆက်ဆံလိုစိတ် များ တတ်တယ်။ ယင်းရောဂါ ဖြစ်ပြီး ကင်ဆာမဖြစ်ခင် ခွဲစိတ်ထားဖို့ လိုတယ်။ ရောဂါကြောင့် ကာမဆက် ဆံချင်တာကို အမျိုးသမီး နဲ့ မိသားစုဝင်များက သ ဘောမပေါက်၊ မကုဘဲ ထားရင် အသက်ကြီးမှ မု ဒိမ်းမှုကျူးလွန်တဲ့အထိ ဘေးထွက်ဆိုးကျိုးခံစား ရရှိစေတယ်။

သွးဆုံးလက္ခဏာများ
သွေးဆုံးလက္ခဏာများ မှာ ရူပရုပ်သွင်ပြောင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်း ခြင်းဖြစ်တယ်။ ရုပ်အသွင် ပြောင်းခြင်းမှာ သွားလာ လုပ်ကိုင်မှု နှေးကွေးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ လိင်ပိုင်းဆိုင်ရာဆန္ဒ လျော့နည်းခြင်း၊ လိင်ကိစ္စ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပန်းသေ ပန်းညှိုး ရောဂါဖြစ်ခြင်း၊ အားမရှိသကဲ့သို့ခံစားရခြင်း၊ မောပန်း လွယ်ခြင်းတို့ ဖြစ်စေတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ ခြင်းမှာ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်ခြင်း၊ အိုမင်းလာသည့် အတွက် အိမ်ထောင်ဖက်မှ စိတ်ဝင်စားမှု လျော့နည်း လာမည်ကိုစိုးရိမ်ပြီး အိမ်ထောင်ဖက်အား စိတ်မချခြင်း၊အခြားယောက်ျားနှင့် ပေါင်းသင်းပြောဆိုမှု၌ မကျေနပ် ခြင်း၊ မိမိကိုယ်မိမိစွမ်းဆောင်ရည်မရှိတော့ဟုထင်ပြီး စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းဒေါသထွက်ကာ စိတ် လိုက်မာန်ပါပြုလုပ်တတ်ခြင်းတို့ဖြစ်ရာ မိသားစုအသိုင်း အဝိုင်းက နားလည်စွာဖြင့် ဝိုင်းဝန်းကူညီဖေးမစောင့် ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုးရွား (အိပ်မ ပျော်)ရင် ဆရာဝန်နှင့်ပြသကုသမှုခံသင့် တယ်။ ကုသမှု မခံရင် နောက်ဆုံးပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ္တဇရောဂါရ အိပ်မပျော်ခြင်းဖြစ်တယ်။

ဓာတ်စာ
အမျိုးသားအားအင်ကုန်ခန်းမှု(သို့)ကျား သွေးဆုံးမှုကို ဆတ်ချိုနု၊ ဂျင်ဆင်းမြစ်၊ ရဲယိုမြစ်၊တရုတ်ဆယ်နဂါး(အစေးဖြူထွက်)နဲ့ သွေးလှည့်ပတ်မှု ကောင်းအောင် ဝှေးစေ့ရဲ့လုပ်ငန်းလှုံ့ဆော်ပေးအောင် ဟော်မုန်းစနစ်လှုံ့ဆော်ပေးအောင် သုံးတတ်ကြတယ်။ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ စားသင့်တယ်။ ယောက်ျား အင်္ဂါထူထောင်ဖို့မဖြစ်တဲ့သူများအတွက် နှလုံးသွေးလွှတ် ကြောများ ကျန်းမာရေး၊ သွေးလှည့်ပတ်မှုကောင်းဖို့ နေ့ စဉ်တစ်နာရီခန့် လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး)လုပ်သင့်တယ်။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ် ရေးဝဝ အိပ်သင့်တယ်။

ဓာတ်စာ
ကမာ၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲဆန်၊ သီ ဟိုဠ်စေ့၊ ပဲသီး၊ ပဲတောင့်၊ ဆန်လုံးညိုနဲ့ ဂျုံပင်ပေါက် စားပေးနိုင်တယ်။ ဗစ်ရာဂလာ (Viagra) ကာမဆေး သုံးသင့် သုံးရမယ်။ အစားအစာနဲ့ ပြင်ယူသင့်တယ်။
သုံးသပ်ခြင်း။အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သွေးဆုံးရောဂါဖြစ်မှန်းမသိဖြစ်တတ်တဲ့ရောဂါဖြစ်ရင် သွေးသားကြောင့် စိတ်ဖောက်ပြန်မှုက အိမ်ထောင် ရေး မသင့်မတင့်ဖြစ်စေကာ အမျိုးသမီးသွေးဆုံးချိန် နားလည်ပေးသလို အမျိုးသားသွေးဆုံးချိန်ရောဂါဖြစ် နေကြောင်း နားလည်ခွင့်လွှတ်ပေးသင့်တယ်။
ဆးဝါးကုသခြင်း၊ တစ်ဦးနဲ့တစ်ဦး နွေးထွေး စွာဆက်ဆံခြင်းဖြင့် ကုသသလို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးအသိပညာနှင့် ပူးပေါင်းစောင့် ရှောက်ခြင်းအပြင် ဘာသာရေးလိုက်စားခြင်းနဲ့ စိတ် ငြိမ်စွာထားသင့်တယ်။


ဒေါက်တာ လွင်သန့် (ဆေး - ၂)

--------------------------------------------------------------------------
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
https://www.facebook.com/FlowerNewsJournal
---------------------------------------------------------------------------

အင်တာနက်အသုံးပြုသည့် ကျသင့်ငွေကို လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်မည်ဟု Telenor ပြော.............


ဒေသတွင်းရှိ လူတန်းစားမျိုးစုံကို အင်တာနက်စနစ် တွဲဖက်ပါဝင်သော မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးမည်ဖြစ်သည့် Telenor Myanmar သည် ဈေးနှုန်းနှင့် ပတ်သက်၍ ပူပန်စရာမလိုအောင် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

Telenor Myanmar ၏ CEO ဖြစ်သူ Mr.Petter Furberg က“အင်တာနက်အသုံးပြုနေရင်း ဘယ်လောက်ကျသင့်မယ်ဆိုတာကို ပူပန်နေစရာမလိုပါဘူး” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ Mr.Petter Furberg အနေဖြင့် ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း ဈေးနှုန်းသတ်မှတ်သည့်အခါ လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်ရမည်ဟု ကတိပေးပြောဆိုခဲ့သည်။

Telenor ၏ အဓိကပြိုင်ဘက် ဖြစ်သော Ooredoo သည် အင်တာနက်စနစ်ကောင်းမွန်သည့် 3G ကွန်ရက်ကို စတင်အသုံးပြုသွားမည် ဖြစ်သော်လည်း Telenor သည် 3G ကွန်ရက်နှင့်အတူ 2G ကွန်ရက်မှစတင်၍ ဝန်ဆောင်မှုပေးသွားမည်ဟု ပြောဆိုထားသည်။ “အသံနဲ့အတူ အင်တာနက်စနစ်ကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ 2G မှာဆိုရင် ပုံမှန်အသုံးပြုနေတဲ့ email တို့၊ Facebook တို့အပြင် အခြားသော Application တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3G မှာဆိုရင်တော့ ဗီဒီယိုကို ကောင်းကောင်းကြည့်ပြီး အသုံးပြုနိုင်မှာပါ” ဟု Mr.Petter Furberg ကပြောသည်။

Telenor သည် မြန်နှုန်းမြင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးရန်အတွက် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁၀၀၀ အကြား တည်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အဓိကအခက်အခဲသည် တာဝါတိုင်စိုက်ထူရန် မြေနေရာများ ရှာဖွေရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ထို့အပြင် ဆက်သွယ်ရေးအော် ပရေတာများသည် မိုဘိုင်းဆင်းမ်ကတ်ရောင်းချရာ၌ အသံနှင့်ဒေတာစနစ်ကို တွဲဖက်အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုလည်း ပူးတွဲရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။

မြင့်ကျော်လှိုင်
Internet Journal

Google, Gtalk, Gmail အကြောင်း တစေ့တစောင်း...................



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကို ဖွင့်ပေးထားပါက စကားဝှက်အသစ် ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။
 
 အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှ မ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလ တကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ် ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။

(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့ အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်း သူများအနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ် နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။
 
 မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကို နှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။

(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့် ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။

(၄) တခါတလေ ဂူးဂဲလ် က ဆက်သွယ်လာတဲ့ ပုံစံမျိုးနဲ့ အီးမေးလ်စာ (သို့) ဂျီတော့ခ် က တဆင့် မိမိရဲ့အမည်၊ စကားဝှက် တို့ကို တောင်းယူတဲ့အခါ ထင်ယောင် ထင်မှားဖြစ်ပြီး မပေးပါနဲ့။ ဂူးဂဲလ် အနေနဲ့ သုံးစွဲသူများရဲ့ အချက်အလက်ကို တောင်းစရာမလိုဘဲ လိုအပ်ပါက သုံးစွဲသူများရဲ့ အချက်အလက်များကို အလိုအလျောက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။ သဘောတူညီချက်အရ ဘယ်တော့အခါမှ သုံးစွဲသူရဲ့ အမည်၊ စကားဝှက်များကို ဂူးဂဲလ် အနေနဲ့ တောင်းဆိုခြင်း၊ တခြား တယောက်ကို ပေးခြင်း မရှိပါ။ ဝင်ရောက် ပြင်ဆင် လုပ်ကိုင်ခြင်းမျိုးလည်း မရှိပါ။
 
 တခါတလေ အောက်ဖော်ပြပါ ဂူးဂဲလ်တော့ခ် ပုံစံမျိုးနဲ့ သုံးစွဲသူ အမည်၊ စကားဝှက်တို့ကို တောင်းခံရယူပြီး မိမိ အချက်အလက်များကို ရယူတက်ပါတယ်။ သတိထား ရှောင်ရှားဖို့ လိုပါတယ်။ ဂူးဂဲလ်အနေနဲ့ သုံးစွဲသူအီးမေးလ်ကို သူတို့သတ်မှတ်ထားတဲ့ သုံးစွဲသူ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်တဲ့အခါမှ ဖျက်သိမ်း ပိတ်ပစ်တာမျိုး ရှိပါတယ်။ ဂျီတော့ခ် မှာ လုပ်သင့်တဲ့ အချက်များ ဂျီတော့ခ် (ဂျီမေးလ်တော့ခ်) မှာ မိမိပြောဆို ရေးခဲ့သမျှကို သိမ်းဆည်းထားနိုင် ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ပိုင် သုံးစွဲသူအမည်၊ စကားဝှက်တို့နဲ့ ဖွင့်မှ အီးမေးလ်စာများ နဲ့ သိမ်းထားတဲ့ စကားပြောမှတ်တမ်း (Your browser may not support display of this image. Chat) ကို ဖွင့်ကြည့်နိုင်ပါတယ်။ သိမ်းဆည်းထားတဲ့ စကားပြော မှတ်တမ်းကိုလည်း အီးမေးလ် စာဖိုင် များလိုပဲ တခြားတဦး တယောက်ဆီကို ပို့ပေးနိုင်သလို၊ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။ အရေးပါ လျှိုဝှက်သင့်တဲ့ အချက်အလက်များကို စကားပြောမှတ်တမ်း (chat history) မှာ သိမ်းဆည်းထားခြင်း မလုပ်သင့်ပါ။

ဒီအတွက် တစုံတယောက်က မိမိပြောဆိုခဲ့တာကို ပြန်လည်ဖော်ထုတ် မကြည့်နိုင်ဖို့ စကားပြော မှတ်တမ်း ကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်
 
 ဂျီမေးလ် (ခ) ဂူးဂဲလ်မေးလ်
(၁) ဂျီမေးလ် အီးမေးလ် ကို ဖွင့်ပါ။
(၂) အပေါ်ဖက်ပိုင်းရှိ settings ကို ဖွင့်ပြီး Chat ကို နှိပ်လိုက်ပါ။
(၃) Chat စာမျက်နှာမှာ Select 'Don't save chat history in my Gmail account' ကို ရွေးပြီး Save လုပ်ခြင်းဖြင့် မိမိပြောဆိုခဲ့တာတွေကို ဂျီးမေးလ်ထဲမှာ သိမ်းဆည်းထားခြင်း မရှိတော့ပါ။ အကယ်လို့ သိမ်းဆည်းလို့ပါက အထက်ပါအဆင့်အတိုင်း ပြန်သွားပြီး 'Save chat history in my Gmail account' ကို နှိပ်ပြီး Save လုပ်လိုက်ခြင်းဖြင့် မိမိ ပြောဆိုခဲ့တာတွေကို စကားပြောမှတ်တမ်း မှာ သိမ်းထားလိမ့်ပါ မယ်။

ဂျီတော့ခ် (ခ) ဂူးဂဲလ်တော့ခ်
(၁) ဂျီတော့ခ်ကို ဖွင့်ပါ။ (၂) မိတ်ဆွေသူငယ်ချင်းစာရင်း အထက်ပိုင်းရှိ Settings ကို နှိပ် Chat မှာ 'Don't save chat history in my Gmail account' ရွေးလိုက်ခြင်းဖြင့် မှတ်တမ်းသိမ်းဆည်းမှုကို ပိတ်ထားနိုင်ပါ တယ်။ သိမ်းထားလိုပါက အထက်ပါ အဆင့်အတိုင်း လုပ်ပြီး 'Save chat history in my Gmail account' ရွေးလိုက်ပါ။ ပြီးနောက် OK လုပ်ပါ။ မှတ်ချက်။ ။ မိမိဖက်က စကားပြော မှတ်တမ်းကို သိမ်းဖို့ မလုပ်ထားပေမယ့် တဖက် စကားပြောသူများက သိမ်းထားရင်လည်း မိမိတို့ စကားပြော မှတ်တမ်း အကြောင်းအရာ အချက်အလက်များကို သူတို့ မှတ်တမ်းမှ ရယူနိုင်ပါတယ်။ သူတို့ဆီမှာ မိမိ ပြောဆိုချက် များကို မတင်ကျန် မသိမ်းဆည်းလိုပါက မိမိအနေနဲ့ off the record ကို ရွေးချယ် သုံးသင့်ပါတယ်။ Off the record လုပ်ထားခြင်းဖြင့် မိမိ စကားပြောမှတ်တမ်း နဲ့ ဆက်သွယ် ပြောဆိုသူများရဲ့ မှတ်တမ်းများမှာ မိမိတို့ ပြောဆိုချက်များ မတင်ကျန် သိမ်းဆည်းထားခြင်း မရှိတော့ပါ။
 
 Off the record လုပ်ထားတာကို မိမိ နဲ့ ဆက်သွယ် စကားပြောသူများ သိနိုင်ပြီး မိမိ ဂျီတော့ခ်မှာ Off the record ဖြစ်နေတာကို အသိပေးတာ ကို တွေ့ရပါမယ်။ Off the record လုပ်နည်း ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်း ညာဖက်ရှိ အောက်ဖက်ညွန်းမျှား (down arrow) ကို နှိပ်လိုက်ပြီး Go off the record ကို ရွေးချယ်လိုက်ပါ၊ ဂျီမေးလ်ချက်မှာတော့ ချက်ဘောက် (chat box) ရှိ Video & more မြားကလေးကိုနှိပ်ဖွင့်ပြီး အထက်ဖက်ရှိ Off the record ရွေး ချယ်လိုက်ရင် မိမိနဲ့ ဆက်သွယ်သူများရဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားမည် မဟုတ်ကြောင်း သတိပေးချက်ကို ရရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားလိုပါက ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်းရှိ cancel (သို့) Options အောက်ရှိ stop chatting off the record ရွေး ချယ် ပြောင်းလိုက်ပါ။ 
 
အထက်ဖော်ပြပါ အကျဉ်းချုပ် ရှောင်ရန်ဆောင်ရန် သတိပြုစရာများကို လုပ်ဆောင်ခြင်းဖြင့် အင်တာနက် သုံးစွဲခြင်းကို အနေအထားတခု အထောက်အကူ ပြုနိုင်ပါလိမ့် မယ်။ ပျော်ရွှင်ချမ်းမြေ့စွာ လွတ်လပ်စွာ အင်တာနက်သုံးစွဲနိုင်ကြပါစေ။

( မိုးမခ )

Ref: http://www.winkabarkyaw.net/

Huawei မှ P7 ကို ပဲရစ်မြို့တွင် မိတ်ဆက်ပြသခဲ့......................

http://img.netzwelt.de/article/2014/huawei-ascend-p7-mini-neuauflage-p6-bild-huawei-90241.jpg

ကမ္ဘာ့ တတိယအကြီးဆုံး မိုဘိုင်းထုတ်လုပ်သည့် Huawei ကုမ္ပဏီက နောက်ဆုံးထုတ် Smart ဖုန်းဖြစ်သည့် P7 ဖုန်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် စတင်င်္ပြိးမိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

၎င်းဖုန်း၏ နောက်ဖက်ရှိ ကင်မရာကို 13 Megapixel ထိ ထည့်သွင်းပေးထားသောကြောင့် ကြည်လင်ပြတ်သားသောဓါတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်ပြီး ရှေ့ဖက်ကင်မရာကိုမူ လတ်တစ်လော မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ခေတ်စားလာသောအလေ့အထဖြစ်သည့် မိမိကိုယ်ကိုဓါတ်ပုံရိုက်ခြင်း(Selfie) အတွက်ကို အထူးပြုလုပ် ထားသော ဖုန်းဖြစ်သည့်အားလျှော်စွာ 8 Mega Pixel ထိထည့်သွင်းပေးထားသောကြောင့် ဖုန်းသုံးစွဲသူများသည် P7 ကို အသုံးပြုကာ မိမိကိုယ်ကိုဓါတ်ပုံရိုက်ပါက သာမန် ဖုန်းရှေ့ကင်မရာများကဲ့သို့ ရုပ်ထွက်မှိန်ခြင်း၊ မှုန်ဝါးခြင်းများမရှိပဲ အလွန်ကောင်းမွန်သောပုံရိပ်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထူးခြားချက် အဖြစ် ရှေ့ကင်မရာကို အသုံးပြုပြီး မြင်ကွင်းကျယ်စနစ်(Panorama)စနစ်ဖြင့် ရိုက်ယူနိုင်သောကြောင့် ရှေ့ကင်မရာကိုအသုံးပြုပြီး သူငယ်ချင်းများကို တစ်စုတစ်စည်းထဲဓါတ်ပုံထဲ ပါဝင်လာအောင်ရိုက်ယူနိုင်မည်ဖြစ်ပါသည်။ ရိုက်ကူးသောဓါတ်ပုံကို ပုံရိပ်ဖမ်းယူပေးသော Image Processing Chips သည် Professional သုံး DSLR ကင်မရာများတွင်အသုံးပြုသော Chipsဖြစ်သောကြောင့် အလင်းရောင်နည်းပါးသောနေရာများတွင်ရိုက်ကိုသောဓါတ်ပုံများကို သာမာန်ဖုန်းကင်မရာများနှင့် ရိုက်ကူးသည်ထက် အဆပေါင်းများစွာ ရှင်းလင်းပြတ်သားစွာဖမ်းယူနိုင်ပြီး ရိုက်ကူးရလွယ်ကူစေရန်အတွက် ရိုက်ကူနေစဉ်အတွင်း ဖုန်း၏မျက်နှာပြင်ပေါ်တွင် မိမိရိုက်ကူမည့်ပုံရိပ်ကို အကောင်းဆုံးဖေါ်ပြပေးမည့် Preview Window Feature ကိုလည်း ထည့်သွင်း ပေးထားသဖြင့် ဖုန်းဖြင့် ဓါတ်ပုံရိုက်လေ့ရှိသူများအဖို့ များစွာလွယ်ကူအဆင်ပြေစေမည်ဖြစ်ပါသည်။

P7 ဖုန်းသည် ယခင်နှစ်ကထွက်ရှိခဲ့သော P6 ဖုန်းကဲ့သို့ပင် အလွန်ပါးလွှာသော ကိုယ်ထည်ဒီဇိုင်းဖြင့်တည်ဆောက်ထားကာ ဖုန်း၏ရှေ့ဖက်နှင့်နောက်ဖက်ကို အလွယ်တကူ အစင်းဖြစ်ခြင်းမှ ကွယ်နိုင်စေရန်အတွက် Gorilla Glass ဖြင့် ဖုန်းအုပ်ထားပြီး ဖုန်းကို အမည်း၊ အဖြူ နှင့် ပန်းရောင်ဟူသည့် အရောင်ကွဲ သုံးမျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

ဖုန်း Battery ကို ကြာရှည်ခံစေရန် 2500 mAh ပမာဏ ရှိသော ဘက်ထရီကို အသုံးပြုထားသဖြင့် ဖုန်းဘက်ထရီ ၁၀%သာကျန်ရှိသည်နှင့် Power Saving Mode သို့ အလိုအလျှောက်ရောက်ရှိသွားစေရန် စီမံထားသဖြင့် သုံးစွဲသူများဖုန်းသုံးစွဲနေရင်း ဖုန်းBattery ကုန်သွားသောဖြစ်ရပ်များကို ရှောင်ရှားနိုင်တော့မည်ဖြစ်ပါသည်။

Asend P7 ကို ယခင်နှစ်ကထွက်ရှိခဲ့သော P6 ကိုအခြေခံကာ ပိုမိုကောင်းမွန်စေရန်တည်ဆောက်ထားပြီး ဖုန်း၏ ၅လက်မ မျက်နှာပြင်ပေါ်တွင် Pixel Density မှာ 441 ppi ရှိသောကြောင့် အလွန်ကြည်လင်တောက်ပသော ရုပ်ထွက်ကိုခံစားနိုင်မည်ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်မှာလည်း အလွန်ပါးလွှာကာ 2.97 mm သာရှိသဖြင့် နောက်ဆုံးထုတ် စမတ်ဖုန်းတစ်လုံးဖြစ်သည့် Samsung S5 မှာ 4.5 mm ရှိသဖြင့် S5 ထက်များစွာ ပါးလွှာသည်ကို သိရှိနိုင်ပါသည်။ P7 အတွက် Android OS ၏နောက်ဆုံးထုတ် Version ဖြစ်သော 4.4.2 (Kitkat) ကိုထည့်သွင်းပေးထားပြီး ဖုန်းအတွင်းတွင် သုံးစွဲသူများမိမိကိုယ်တိုင်ကြိုက်နှစ်သက်သည့် Theme ကို ပြောင်းလဲအသုံးပြုနိုင်စေရန် Themes ပေါင်း 100 ကျော်ပါဝင်ပါသည်။ ထို့အပြင်ဖုန်းတစ်ခုလုံးကို lock screen မှတဆင့် ထိန်းချုပ်နိုင်သောစနစ်ကိုလဲထည့်သွင်းပေးထားပါသည်

Ascend P7 သည် 4G LTE စနစ်ကို ထောက်ပံ့ပေးနိုင်ပြီး ဖုန်းခေါ်ဆိုမှုအတွက် ကြည်လင်ပြတ်သားစေရန်အတွက် ဖုန်း၏ Antenna ကို အထူးဒီဇိုင်းထုတ်ထားသောဖုန်းဖြစ်သည်။ ဖုန်း၏တန်ဖိုးမှာ ဈေးကွက်အတွင်းရှိ တစ်ခြားသော အဆင့်မြင့် Smart Phone များနှင့် ယှဉ်လျှင် သက်သာလှသော ဈေးနှုန်းဖြစ်က ဥရောပဈေးကွက်တွင် ၄၄၉ ယူရိုဖြင့်ရောင်းချမည်ဖြစ်သည်။ Huawei Company သည် တစ်ကမ္ဘာလုံးတွင် လူအသိအများဆုံး Brand များထဲအပါအ၀င်ဖြစ်ပါသည်။ Brand ကို အသိအမှတ်ပြုမှုသည် ယခင်နှစ်က ၂၅%ရှိရာမှ ၅၂%ထိ ထိုးတက်လာခဲ့သည်။ Huawei သည် P series ၏ ပထမဆုံး ဖုန်းဖြစ်သော P1 ကို ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ Huawei P6 ဖုန်းသည် နိုင်ငံပေါင်း၁၀၀ကျော်တွင် ရောင်းချနေပြီး စုစုပေါင်း ဖုန်းအလုံးရေ လေးသန်းကျော်ထိ ရောင်းချခဲ့ပြီးဖြစ်သည်။

ပဲရစ်မြို့တွင် ကျင်းပသော P7 ကို မိတ်ဆက်ပွဲတွင် CEO ဖြစ်သူ Richard Yu P7 သည် Huawei အတွက် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် အသစ်တည်ဆောက်ရန် အရေးပါသော ထုတ်ကုန်တစ်ခုဖြစ်ပြီး ဤဖုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် အချိန် နည်းပညာနှင့် တစ်ခြားသော Resource များကို များစွာရင်းနှီးမြုပ်နှံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

THZ : HUAWEI DEVICE MYANMAR

လက်နက်အမြောက်အမြား ဖမ်းမိဟု ထိုင်းစစ်တပ်ပြော.....................


  စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ မနေ့ညက လက်နက်တွေကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။

ဘန်ကောက်က ဆန္ဒပြပွဲတွေကို ရှုပ်ထွေးစေဖို့ ရည်ရွယ်တဲ့ လက်နက်တွေကို လုဘူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

စစ်တပ်ပြောခွင့်ရသူ ၀င်ထိုင်း ဆုဗာရီက “လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြားကို ဖမ်းမိထားတာကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ညွန်ကြားမှုဌာနဆီကို အကြောင်းကြားလာပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေ၊ အစိုးရထောက်ခံတဲ့ အုပ်စုတွေ နှစ်ဖက်စလုံး တနေရာစီက သပိတ်စခန်းတွေမှာ ရှိနေကြပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေ၊ ချီတက်ပွဲတွေကို မလုပ်ဖို့ စစ်တပ်က ညွန်ကြားထားပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချာနဲ့ နိုင်ငံရေး အုပ်စုတွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မေလ ၂၁ ရက်နေ့မှာ ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဖွေထိုင်းပါတီ ခေါင်းဆောင်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီအတွင်းရေးမှူး ဆူသပ်သွန်ဆူဘန်း၊ အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရက်တပ်ဦး (ရှပ်နီအဖွဲ့) ခေါင်းဆောင်တို့ ပါဝင်တယ်လို့ စစ်တပ် ပြောခွင့်ရသူ စရီချန်း နတ်သွန်က ပြောပါတယ်။

   By ဒီဗွီဘီ

ရေးမြို့နယ်မှာ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ .......



နေပြည်တော်၊ မေ ၂၁

၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသ

ရဲဇာနည်

ရန်ကုန်လေဆိပ်မှာ စင်ကာပူ လောယာဉ်တစီး ပြေးလမ်းချော် ...............

Wednesday, May 21, 2014
ရန်ကုန်လေဆိပ်မှာ စင်ကာပူလေယာဉ်တစီး ပြေးလမ်းချော်မှု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း 
မြန်မာ့ ရုပ်မြင်သံကြားက အခုလို ဖော်ပြသွားပါတယ်။ 


စင်္ကာပူ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လမ်းချော်မှု ဖြစ်ပွား 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေလ (၂၁)ရက်နေ့ နံနက် (၉:၁၅) နာရီတွင် စင်္ကာပူမှ ရန်ကုန်မြို့ သို့ ပျံသန်းလာသော စင်္ကာပူ လေကြောင်းလိုင်း Airbus A-110 လေယာဉ် အမျိုးအစား 
လေယာဉ် အမှတ် 9V STS သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေး လမ်းအဆင်းတွင် ပြေးလမ်း
ချော်မှု ဖြစ်ပွားခဲ့ပါသည်။ 

လေယာဉ်ပေါ်တွင် လေယာဉ်မှူး (၃)ဦး၊ လေယာဉ်ဝန်ထမ်း (၁၀)ဦး၊ ခရီးသည် (၂၅၂)ဦး စုစုပေါင်း (၂၆၅)ဦးပါရှိပြီး စင်္ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေးလမ်း (၂၁)အတိုင်း ချဉ်းကပ် ဆင်းသက် လာစဉ် ပြေးလမ်းမှ စတင် ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက် ထိပ်အစပ်မှ ပေ (၂၀၀၀) မရောက် မီ ဘေးသို့ ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ကီး ကျသွားခဲ့ပါ သည်။ 

လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ် အစပ်မှ ပေ (၄၀၀၀) ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။


  
အိမ့်သံစဉ် ~

 

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး..

Posted by: Ko Myo on Wednesday, May 21, 2014 Categories:

Wednesday, May 21, 2014

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ၎င်းအမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုး ကန်ဒယ်လီရီးယား ဟာ ၃ နှစ်အရွယ် ကလေးမလေးကို အိမ်သာထိုင်ခုံပေါ်သို့ အတင်းအကြပ် ထိုင်ခိုင်းပြီး မစင်များကို အတင်း အကျပ်ပြန်လည်စားခိုင်းစေခဲ့ပါတယ်။

ရေချိုးနေစဉ်တွင်း မိမိစွန့်ခဲ့မိသည့် မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းခြင်း ခံခဲ့ရတဲ့ ၃ နှစ် အရွယ်ကလေးမလေး၏ ဖခင်ဖြစ်သူ၏ ရည်းစားဖြစ်သူ ကန်ဒယ်လီရီယား တစ်ယောက် ယခုအချိန်မှာတော့ ကလေးသူငယ် ညှင်းပန်းနှိပ်စက် မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားပြီဟု ဒေသခံ တီဗီသတင်းဌာန KNXV ကပြောပါတယ်။ ကလေးငယ်၏ အမည်နှင့် မည်သူမည်ဝါဖြစ်သူကို မီဒီယာများက ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေမယ့် ၎င်းကလေးမလေးဟာ ဖခင်ဖြစ်သူ၏ အိမ်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကာ ဖခင်၏ရည်စားဖြစ်သူရဲ့ အနှိပ်အစက်များကို ခံနေခဲ့ရသူဖြစ်ပါတယ်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေရတဲ့ ကလေးမရဲ့အခြေအနေဟာ မှုခင်းဆရာဝန်များ၏ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့ နံဘေး ၊ ကျော ၊ ရင်ဘတ် နှင့် ခြေထောက်တို့မှာ အတွင်းကျေဒဏ်ရာများရရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကလေးမလေးဟာ ကန်ဒယ်လီရီးယားရဲ့ အနှိပ်အစက်တွေကို တော်တော်ခံထားရနိုင် တယ်ဟု ပြောပါတယ်။ ကလေးမလေးရဲ့ အမွှာမောင်နှစ်မတစ်ဦးနှင့် ၅ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ကလည်း ကန်ဒယ်လီရီးယားဟာ ၎င်း ကလေးမလေးကို အတင်းအကြပ် မစင်များကို စားစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားထားပါတယ်။ ကလေးတွေရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းခွင်သို့သွားရောက်နေစဉ် ကလေး များကို ထိန်းကျောင်းပေးခဲ့တဲ့ ကန်ဒယ်လီရီးယား ကတော့ သူမအနေနဲ့ ကလေးငယ်များကို အတင်း အကြပ် စေခိုင်းမှုများမပြုလုပ်ခဲ့ပါဘူးဟု ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့ကတော့ သူမကို အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)