This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, September 22, 2012
သားအမိနှစ်ဦးကို ကားဖြင့် တိုက်မိခဲ့သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ပေါ်တွင် စက်တင်ဘာ ၉  ရက်နေ့ည ၉နာရီ ၃၀မိနစ်တွင် သားအမိ
နှစ်ဦးအား တိုက်မိခဲ့သော ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားအား ၁၀ရက်ကြာသည် အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းယင်း
အမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိန်ထွန်းက The Voice Weekly သို့ပြောကြားသည်။
ယင်းနေညတွင် ဒေါ်ရီရီမြင့်သက် ၄၀ နှစ်သည် သားဖြစ်သူ မောင်ပြည့်စုံကျော်နှင့်အတူ ၎င်းတို့ နေထိုင်ရာ အမှတ် ၂ ရပ်ကွက်မှ နေ
၍ အမှတ် ၁ ရပ်ကွက်သို့ သုဓမ္မာ လမ်းမကြီး မှတဆင့် ဖြတ်ကူးစဉ် မြောက်မှတောင်သို့ မောင်းနှင် လာသော လိုက်ထရပ် မော်တော်
ယာဉ် အဖြူရောင် တစ်စီး လာသည်ကို မြင်သဖြင့် လမ်းလယ် အဖြူရောင် မျဉ်းပေါ်တွင် ရပ်တန့်နေစဉ် ယင်းယာဉ်မှ သားအမိနှစ်ဦး
အား တိုက်မိကာ ထွက်ပြေးသွားကြောင်း ယင်းနေ့ညက မျက်မြင်များ၏ ပြောကြားချက်ကို ၎င်းက ဆက်လက် ပြောကြားသည်။
''ရောက်ပြီး နောက်နေ့မှာ ပထမဆုံး ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ရတယ်၊ နောက် ၁၇ ရက်နေ့က တစ်ခါ ခွဲစိတ် ရတယ်၊ စရောက်က
တည်းက သတိ မရသေးဘူး၊ ဆရာဝန်ကြီး ပြောတာတော့ ၅၀/၅၀ တဲ့" ဟုယင်းက မြေးဖြစ်သူ၏ အခြေအနေကို ပြောဆိုသည်။
ယာဉ်တိုက်မှုများနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိသူများကသက်သေ မလိုက်ချင်ကြောင်း၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရေးတွင်
၎င်းတို့၏ အကူအညီ လိုအပ်ပြီး စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းအမှတ်(၇) နယ်မြေ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှဒုရဲအုပ်
 အောင်ဇင်မျိုးမင်း က The Voice Weekly သို့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
The Voice Weekly
ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ
ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ
သူတို့ဟာ ကိုယ့်လည်ပင်းကို စွပ်ဖို့ကြိုးကို ကိုယ်ပြန်ကျစ်နေကြသလိုမျိုး
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ကိုယ်ပြန် သတ်ခဲ့ကြ
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ပုလ္လင်တွေ လုနေကြ
ကြားထဲက မြေဇာပင်တွေ လည်း ခဏခဏ ကြေတယ်
ကြားထဲက မြေဇာပင်တွေလည်း ခဏခဏ သေတယ်
မကောင်းဘူး. . . . ဆိုးဝါးတဲ့အမြင်အာရုံတွေကြားထဲ
သူတို့ဟာ ကလေးတွေရဲ့မျက်ရည်တွေ မမြင်ကြ
သူတို့ဟာ လူအို တွေရဲ့မျက်ရည်တွေမမြင်ကြ
လုပ်ချင်ရာလုပ်လို့ အဲဒါကိုပဲထပ်တလဲလဲအော်တယ်
“ ယုံကြည်ချက် ” တဲ့
ဘာတွေကို ယုံကြည်ပြီး ဘာတွေကို တိုက်နေခဲ့ကြတာလဲ
“ သူငယ်ချင်း ငါတို့ ကချင်ပြည်နယ်ကို အလည်လာခဲ့ပါကွာ ”
မင်းဆီကို လာချင်တာပေါ့ သူငယ်ချင်း . . . ဒီကောင်တွေက
နေရာတကာမှာ မိုင်းထောင်တယ် . . ဒီကောင်တွေက
လူတွေကို အသုဘတွေလို့မြင်တယ် . . ဒီကောင်တွေ
ငါတို့ကို သက်ရှိ သတ္တ၀ါတွေလို့မသတ်မှတ်ဘူး . . .
ဒီကောင်တွေဆိုတာ စစ်ပွဲကို ဖန်တီးကြသူတွေ အားလုံး . .
မင်းတို့ မေခနဲ့မလိခလည်း အထီးကျန်လာပြီ
မင်းတို့ မြစ်ကြီးနားမြို့လည်းအထီးကျန်လာပြီ
မင်းတို့ လယ်ယာမြေတွေလည်း ယမ်းအနံ့တွေ မွှန်လာပြီ
ဘယ်လို တစ္ဆေတွေများ လာခြောက်လှန့်နေကြသလဲ
ဘယ်လို ခေတ်အဆက်အဆက်များ ကျိန်စာတွေမိခဲ့ကြသလဲ
တွေးရင်းခါးတယ် . .ဦးနှောက်ထဲအထိ
ရင်နာမှုတွေက ဆို့နင့်လာခဲ့ရသလို . . .
လူသတ်လက်နှက်ကို တီထွင်တဲ့သူကို ငါမုန်းတာ မမှားဘူး သူငယ်ချင်း
လူသတ်စစ်ပွဲကို ဖန်တီးတဲ့သူတွေကို ငါမုန်းတာ မမှားဘူးသူငယ်ချင်း
စစ်ပွဲကို ဖန်တီးတဲ့သူတွေကို ငါမုန်းတာမမှားဘူးသူငယ်ချင်း
သူတို့ဟာ စစ်ကို တိုက်တယ် . ..နောက်ကိုပြန်မလှည့်ကြည့်ကြ
သူတို့ဟာ စစ်ကို တိုက်တယ် .. .အနာဂါတ်ကို မမျှော်ကိုးကြ
ငြိမ်းချမ်းရေး ချိုးငှက်ဟာ တိုက်ပွဲကျည်ဆံထိလို့ သေသွားရှာတယ်
မင်းလည်း ငိုနေရပြီ သူငယ်ချင်း
အောက်ဆီဂျင်တွေရှုရမယ့်အစား ယမ်းနံ့တွေရှုနေရ
နီရဲနေတဲ့မျက်ဝန်းတွေမှာ ကျနေတာ မျက်ရည်တွေလား သွေးတွေလား
ထားပါတော့ ...စစ်ပွဲတွေ နိုင်တယ်ရှုံးတယ်ဆိုလည်း ထားပါတော့...
ကြားထဲက သေသွားတဲ့သူတွေအသက် ဘယ်သူပြန်လျော်ပေးကြမလဲ
ဒါဏ်ရာဆိုတာ ခန္ဓာကိုယ်မှာတင် ရတတ်တာမဟုတ် . .
စိတ်တွေမှာလည်း ရတတ်တယ် . . အရှေ့မှာလည်းရန်သူနဲ့
အနောက်မှာလည်းရန်သူနဲ့ အတွင်းမှာပါ ရန်တွေဖြစ်နေကြရ
အဲဒါ စိတ်ပျက်ရမယ့် ကမ္ဘာပဲ
ခတ်ကြတယ် ဂျိုအချင်းအချင်း . . . ကြားထဲက မြက်ခင်းပြင်ဟာ စပါးစိုက်မရတော့
ကြားထဲက မြက်ခင်းပြင်ဟာ အသီးအနှံမဖြစ်ထွန်းတော့
ခတ်ကောင်းကောင်းနဲ့ ခတ်ကြတယ် .. . တစ်ပတ်အတွင်း သေသွားတဲ့ဝိဥာဉ်တွေ
ဘယ်သူပူဇော်မီးရှိ့ပေးမလဲ . . သူတို့ငိုသံတွေ . .
ကမ္ဘာမကြေသရွေ့ . . .
လူကြီးမင်း ခင်ဗျားဇိမ်နဲ့နှပ်နေချိန် . . . ကချင်ပြည်မှာ ကလေးတွေငိုနေတယ်
လူကြီးမင်း ခင်ဗျား အစားကောင်းတွေစားနေချိန် . . ကချင်ပြည်မှာ ငတ်နေတယ်
လူကြီးမင်း ခင်ဗျား ကားအကောင်းစားစီးနေချိန် . . ကချင်ပြည်မှာ ခြေထောက်တွေ ကျိုးနေတယ်
လူကြီးမင်း . . .ခင်ဗျား ဟာသကားထိုင်ကြည့်နေချိန် . . ကချင်ပြည်မှာ စစ်ပွဲတွေကြည့်နေရတယ်
ဘယ်အသိုက်ကမှ အမှိုက်တွေလာထည့်ကြတာမကြိုက်ဘူး
ဘယ်မိသားစုမှ ပြိုကွဲကြတာမကြိုက်ကြဘူး . . .
မင်းတို့က ကချင်ပြည်နယ်မှာသေတယ် . . ငါတို့က ရန်ကုန်ကနေ သေတယ်
မင်းတို့ငါတို့ အကြိမ်ကြိမ်သေနေကြတယ် . . ငါတို့အသုဘတွေ လူစည်ဖို့မလို
စစ်ပွဲတွေသာ ချက်ချင်းရပ်ကြဖို့လိုနေခဲ့ရ
ဆုတောင်းသံတွေသာ သေနတ်သံတွေကြား မပျောက်သွားကြပါစေနဲ့
နတ်ဆိုးတွေရဲ့ အတောင်ပံခတ်သံဟာ ကျိန်စာတစ်ပုဒ်ကို သယ်ထုတ်သွားနိုင်ပါစေ
မဂျာဆိုင်းအိန် . . . ကျွန်တော်လည်း သေသွားတယ် . . အဲဒါပြည်တွင်းစစ်ဆိုပဲ
ရမ္မက်နဲ့အတ္တတွေကို ယုံကြည်ချက် အရေခွံစွတ်လို့ . .သူတို့အသက်သွင်းတဲ့မကောင်းဆိုးရွားဟာ
ခင်ဗျား ၀ိဥာဉ်နောက်ကို လိုက်နေတုန်းပဲလား . . .
ကဗျာ ဆရာတွေ ငိုနေတယ် . . ကျွန်တော်တို့လို ကဗျာဆရာတွေ ငိုနေတယ်
မျက်ရည်တွေဟာ ကလောင်သွားတွေအစွန်းမှာ တွဲလဲခိုလို့
ကဗျာတစ်ပုဒ်ဘေးနားကျလာတဲ့ကျည်ဆံခွံ တွေဟာ
ငါ့အတွက်တော့ သေရာပါ အမာရွတ်တွေပဲ ..
အော်ရတာကြာတော့ လည်ချောင်းတွေပါကွဲထွက်မတတ်
“ ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ . .
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ ”
ပဲ့တင်သံတွေ အထပ်ထပ် . . . အရှေ့အနောက်တောင်မြောက်မှာ
မကောင်းဆိုးဝါးတွေ . . . . ဗုံတီးသံလည်းမကြောက်
မြေပြိုသံလည်းမကြောက်....မကောင်းဆိုးဝါးတွေ
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
ကချင်ပြည်နယ်မှာ . . . မင်းတို့ရွာလေးရှိသေးရဲ့လား ကလေးရယ်
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
ကလေးရယ် . . ကလေးရယ် . . . . ကလေးရယ် . . . ငါလည်း မင်းလိုပါပဲကွယ် . . .
သက်တန့်ချို
21st September 2012
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ရိက္ခာပို့လာသော အစိုးရတပ်နှင့် KIA တိုက်ခိုက်မှုတွင် လက်နက်များ သိမ်းဆည်း လိုက်ရ
KNG
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်းရှိ အစိုးရတပ် လဂျားယန် လုံရောက် (Lung RawK) တပ်စခန်းရှိရာသို့ ရိက္ခာပို့ပြန်လာသော မြန် မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဖက်မှ နောက်ဆုတ်သွားပြီး လက်နက် များ သိမ်း ဆည်းရ လိုက်ကြောင်း သိရသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် အစိုးရတပ် ခလရ (၁၄၂)သို့ ရိက္ခာပို့လာသော တပ်ဖွဲ့နှင့် ရှဒန်ပါ (Shadan Pa) တွင် စက်တင်ဘာလ ၁၈ ရက်ညနေ့မှ သန်းခေါင်ချိန်ထိ လက်နက်ကြီး လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် အစိုးရ တပ် များ၏ ဗဇူကာ အမြောက်ဆံ ၁ ခု၊ လက်နက်သေး ကျည်ဆံ ၁၀၀ ကို သိမ်းဆည်းရရှိလိုက်ခြင်းဖြစ်ကြောင်း KIA အဖွဲ့ဝင်တစ်ဦး ပြော သည်။
“ညသန်းခေါင်မှာ ကျနော်တို့ သွားလိုက်တာ ရှေ့အဖွဲ့ကဝင်သွားတယ်။ နောက်ဆုံးအဖွဲ့ကိုမှ ပစ်တာ အဲချိန်မှာအားလုံး ထွက်ပြေးသွားကြ တယ်။”
ထို မြန်မာအစိုးရတပ်နှင့် KIA တပ်ရင်း (၂၃)တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွင် မြန်မာအစိုးရတပ်မှ အများဆုံးသေဆုံးကြောင်း ရှေ့တန်းမှ ပြောဆိုသော်လည်း နှစ်ဖက်လုံး အသေအပျောက်ကိုမူ တိကျစွာ မသိရှိရသေးပေ။
နှစ်ဖက်တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့ည ထိဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ ရိက္ခာလာပို့သည့် မြန်မာအစိုးရတပ်များနှင့် KIA သည် စက်တင်ဘာ ၁၇ ရက်မှ စ၍ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ နေ့၊ ည မ ပြတ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။
အဆိုပါနယ်မြေတွင်း အနည်းဆုံး ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ယခုချိန် နားလုံ၊ ခယာ၊ ရှဒန်ပါ တပ်မဟာ(၅) နယ်မြေတွင် ခြုံခိုတိုက် ခိုက် နေကြောင်း KIA ပြောသည်။
ဆက်လက်၍လည်း ယခုချိန် မြန်မာအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင် စစ်အင်အား များ ဖြည့်တင်းတိုးချနေကြောင်း KIA အရာရှိများဆိုသည်။
ဆန်းကြယ် ကြောင်ကြီးများ
(1)Bobcat
ကြီးမားတဲ့ ကြောင်မျိုးနွယ်ဝင် bobcat ဟာ အမေရိက မြောက်ပိုင်းမှာနေထိုင်ကျက်စားပါတယ်။
ဖြစ်ပါတယ်။သူတို့ ဟာအများအားဖြင့်ကြီးမားသောကိုယ်ထည် ရှိကြပြီး တစ်ကောင်တည်း အမဲလိုက်
ကြပါတယ်။
(2)Ocelot
Ocelot ကြောင်မျိုးများဟာ အပြင်ပန်းကြည့်ရင် အများအားဖြင့် အိမ်မွေးကြောင် များနှင့်ဆင်တူကြပါတယ်။
ရှဥ့် ၊ ကြွက်နှင့် အိမ်မြှောင်လို အကောင်မျိုး များအပြင် သမင်တို့ ဟာ သူကြိုက်တဲ့ အစာတွေပါ။
သူတို့ ကိုအများဆုံးတွေ့ ရတာကတော့ တောင်အမေရိက ၊ အလယ်အမေရိက နှင့် Mexico မှာပါ။
(3) Caracal Cat
caracal cat ကြောင်များကိုြေ မာက်အမေရိက ၊ ဥရောပနှင့် အာရှမြောက်ပိုင်း တွင် တွေ့ ရသော လင့်ကြောင်မြီးတို ဟု
ကောင်းပါတယ်။ တစ်ညတာလုံးအမဲ လိုက်တက်ကြတယ်။ သူတို့ ဟာ ရှဥ့် ၊ ကြွက်နှင့် တောဆိတ်လို အကောင်မျိုး
များအပြင် ရံဖန်ရံခါ ငှက်ကုလားအုတ် များကိုပါ ရအောင်ဖမ်းကြပါတယ်။ သူတို့ ကို အာရှတိုက်အနောက်ပိုင်းနှင့်
အာဖရိက ဘက်မှာ အများဆုံးတွေ့ ရပါတယ်။
(4) Jaguarundi
Jaguarundi  ကြောင်ကြီးများကို Mexico ၊ အလယ်ပိုင်း နှင့်တောင်ပိုင်အမေရိကမှာ တွေ့ ရပါသည်။
သူတို့ ဟာ ဖျံနှင့် တူကြပေမယ့် အရောင်ကတော့ခြောက်သွေ့ ကြပါသည်။နားရွက်တွေကလဲ ၀ိုင်းကြပါ
သည်။စပိန်လူမျိုးတွေကတော့ သူတို့ ကိုခြင်္သေ့ငယ်လေး တွေလို့ ခေါ်ကြပါသည်။
(5)Marbled Cat
 အိမ်မွေးကြောင်နဲ့ ပုံစံဆင်ကြတဲ့ marbled cat များဟာ ကြောင်ကြီးမျိုးနွယ်ထဲမှာတော့ အသေးဆုံးပါပဲ။
သူတို့ ဟာ အရှာရှာဖွေချိန်မျိုးမှာ 45cm ရှိတက်ကြသည်။သူတို့ ဟာ india ဒေသမှ တောင်အာရှတစ်ခွင်
ဟာရှားပါးလာကြပါသည်။သူတို့ ဦးရေ ၁၀၀၀၀ အောက်မှာပဲရှိကြပါတယ်။တောတောင်တွေ နဲပါးလာချင်း
အမျှ သူတို့ လဲ နဲပါးလာပါသည်။အာရှတိုက် ၏ ရွှေကြောင်အဖြစ် ပညာရှင်များကသက်မှတ်ကြပါသည်။
ပုံကိုကြည့်လျှင် ဒီအမည်နဲ့ လိုက်ဖတ်တယ်ဆိုတာ လက်ခံကြမှာပါနော်....
ရှာဖွေရသလောက်ကို တင်ပေးလိုက်ပါတယ်။အမှားအယွင်းပါပါလျှင် ဘာသာပြန်သူ
ကျွန်တော်အမှားပါဟု ပြောကြားရင်း.............................နေခရမ်း
သည်စာစုများကို နေခရမ်း(ထူးဆန်းထွေလာ) တွင်လည်းဖတ်နိုင်ပါသည်။
ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တ ရားခံအား နစကဖမ်းဆီး
သဇင်ဥ
မောင်တော မြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်း ဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှု တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်း ဆီး လိုက်ပြီ ဖြစ် ကြောင်း သတင်းရရှိသည်။
နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာ မတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်း ကာ လတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င် ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။
သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာ တွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူး ယစ် မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ် မြောက် နေ ကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာ မများက ပြောသည်။
တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိ သော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန် လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။
အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။
သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေ သော သူဖြစ်ကြောင်း နစကမှ ဆိုသည်။
အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂ လာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ် ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အ သွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေ ဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြော သည်။
ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင် တော မြို့နယ် ဒေသခံများက ဆိုသည်။
ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ၎င်း၏တပည့်များဖြစ်သောယင်း ဖေါ် ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်း အုပ်ဆ ရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြ သူ များလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦး အောင် သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ ကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီး ဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သ မားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။ ဦးမောင်ချမ်းသာမှာ မသေ ခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများ အားသိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက် ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ် မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများ အား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးကချမှတ်ထား သော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန် တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။
ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိ ခဲ့ ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။
မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း
 သရုပ်ဆောင် မေဇွန်၊  ဓာတ်ပုံ-Beautiful model world.com
မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြလိမ့်မယ်။ 
ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေးမုံ သတင်းစာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်းပါး ရှင် ဒေါက်တာ 
စေတနာရဲ့ ဆောင်း ပါးမှာ ရေးသား ဖော်ပြချက်များဟာ တရားခံဘက်က ဘက်လိုက်ရေးသားမှုအဖြစ် ထင်ရှားတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးသစ်ဖြစ်တဲ့ ဦးရဲထွဋ်က တာဝန်သိ စွာဖြင့် ကြေးမုံစာတည်းမှူးချုပ်ကို ရှင်းလင်းချက်ပေးဖို့ ညွှန်ကြားထားမှုကို ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်လာတာ သတိထားမိပါတယ်။ 
 ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဒေါက်တာစေတနာရဲ့ သမီးငယ်တို့၏ ဓမ္မတာ စိတ်ပြောင်းလဲခြင်းနှင့် ရာဇ၀တ်မှုများ ဆောင်းပါးမှာ ပါဝင်တဲ့ ရေးသားချက်များဟာ လူအများ စိတ်ဝင်စား
နေတဲ့ စမ်းချောင်းဗဟိုလမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံဘက်က ဘက်လိုက်ရေးသား သလိုဖြစ်နေ 
ကြောင်း၊ တရားခံအပြစ်ပေါ့စေနိုင်မည့်အကြောင်း အရာကို ဇောင်းပေးဖော်ပြထားရာရောက်ကြောင်း စသည်ဖြင့် ပရိသတ်တစ်ဦးက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်ကနေ တဆင့် ထောက်ပြ တိုင်ကြား ခဲ့ပါတယ်။ 
 အထက်ပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်ခဲ့ရာမှာ ဆောင်းပါးပါ ရေးသားချက်အချို့ဟာ တရားရုံးမှ စဉ်းစား ခြင်း မပြုမီ ကြိုတင်လမ်းကြောင်းပေးတဲ့ အရေးအသား မျိုးဖြစ်နေတာကို တွေ့ရှိ ရပါ တယ်။ ဒါ့ကြောင့် မနက်ဖြန်ထုတ် ကြေးမုံသတင်းစာမှာ စာတည်းမှူးချုပ်က ပြန်လည် ရှင်းလင်း တောင်းပန် ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ 
 နောင်အလားတူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့ အတွက်လည်း နိုင်ငံတကာ စာနယ်ဇင်းများမှာ လိုက်နာရတဲ့ Editorial Guidelines များကို လည်း လေ့လာပြီး မိမိတို့ သတင်း စာအလိုက်Editorial Guidelines ပြုစု ထား ဖို့စီစဉ်ဆောင်ရွက်နေ ကြောင်း အသိပေးလိုပါတယ်။ 
ယခုလို နိုင်ငံပိုင်သတင်းစာများကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေချိန်မှာ အတတ်ပညာအရ၊ နည်းပညာ အရ အားနည်း ချက်များကို မလွဲမသွေရင်ဆိုင်နေရပါတယ်။ 
ဒီအားနည်းချက်များကို ပြုပြင်နိုင်ဖို့အတွက် ဆောင်ရွက်ရာမှာ ပြည်သူများထံက အကြံပြုချက်များ၊ ဝေဖန် 
ထောက်ပြချက်များကလည်း အလွန်အရေးပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ခံယူထားပါတယ်။ 
ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတဆင့် အကြံပြုချက်များ၊ တိုင်ကြားချက်များကို ၀န်ကြီး ကိုယ်တိုင် အလေးထားဖတ်ရှုပြီး တစ်ဦးချင်းထံပြန်ကြားခြင်း၊ လိုအပ်ပါက အများပြည်သူကို အသိပေး 
ပြန်ကြားခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ "  ဟု ဒုဝန်ကြီး ဦးရဲထွဋ် က  ဖော်ပြထားပါတယ်။
သူများနိုင်ငံကခေါင်းဆောင် ကျင့်ထုံး-
ဒီပုံကတော့ အမေရိကန်သမ္မတ အိုဘားမား ဘီယာဝယ်ဖို့ တန်းစီစောင်ဆိုင်းနေတာပါ။ တန်စီပြီးဝယ်ရတာဖြစ်ပါတယ် ။သမ္မတကြီးဟာ ရောက်လာတာနောက်ကျတဲ့အတွက် သူအရှေ့အရင်တန်းစီသူ 10 ယောက်နောက်မှာမှဝယ်ယူခွင့်ရခဲ့ပါတယ်။ သူနဲ့အတူ အိမ်ဖြူတော်လုံခြုံရေးတစ်ချို့ ပါဝင်ခဲ့ပါတယ်။ သူ တန်းမစီခင် ဆိုင်ဝင်းအတွင်း လုံခြုံရေးအရ အနည်းငယ်ရှာဖွေယုံကလွဲပြီး ဘာမှ ထူးထူးခြားခြား မလုပ်ခဲ့ပါဘူး။ ထူးခြားတာကတော့ သူကိုယ်တိုင် တန်းစီတာပါပဲ ။—
 From- smith.mt354
You might also like:
လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး ကျောက်တော်ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်
ကျောက်တော်မြို့တွင် လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး၂၁ ရက်နေ့ည  ၁း၃၀ ခန့်အချိန် တွင် ကျောက်တော် ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။
ထိုသို့ဖာက်ထွက်သွားခြင်းမှာပုဆိုးကိုသံတိုင်အားလိမ်ကာထွက်သွားခင်းဖစ်ကြောင်းလည်း သိရှိရပါသည်။ ထိုသူတို့သည်မကြာသေးမီကသရက်အုပ်ကျေးရွာမှာဦးကျော်မောင်ချေအားသတ်ဖြတ်ခဲ့သော တရားခံများ
ဖစ်ပြီး ရဲစခန်းတွင် ၀န်ခံထွက်ဆို ထား သူများလည်းဖြစ်ကြောင်းလည်းသိရသည်။ ယင်းသို့လွတ်မြောက်သွား
ခင်းသည် ရဲစခန်းတွင်လုံးဝတာဝန်ရှိပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိလျင်...............။ရခိုင်သားများအားသတ်
ဖတ်ခဲ့သောအဆိုပါတရာခံအားယင်းသို့လွတ်မြောက်သွားမှုမှာ သံသယမကင်းဖွယ်ဖြစ်ကြောင်းလည်းသိရှိရ
ပါသည်။
ယနေ့တွင် ရဲများက အပူတပြင်း ရှာဖွေနေသော် လည်းတွ့ရှိခြင်း မရှိသေးကြာင်းနှင့် ထိုသို့လွတ်မြောက်
သွားခင်းမှာရဲသားများအရက်သောက်ပြီးအိပ်နေခြင်းများကြောင့်ဖြစ်သည် ဟုလည်း ကျောက်တော်မြို့သူ
သားများက ပြောကြားခဲ့ပါသည်။
ညနေပိုင်းက ရဲသားများအရက်ဝယ်သွားသည်ကို တွေ့လိုက်ရကြောင်း လည်း ပြောဆိုကြပါသည်။
Rakhine Straight Views
အမေရိကန်-မြန်မာ စစ်ရေး ပူးပေါင်းရန် စကားစပြော
၂၀၁၂ ခုနှစ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ရာမှာ တွေ့ရတဲ့ ထိုင်းစစ်သားများ (ဓာတ်ပုံ – US Marine Corps) မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီလို့ Financial Times က ယနေ့ သတင်း ရေးသား ဖော်ပြလိုက်ပါတယ်။ စစ်ဘက်ဆိုင်ရာအရာရှိတွေသာမက အရပ်ဘက်လုံခြုံရေးအရာရှိတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန် ပူးတွဲ စစ်ဦးစီးမှူးများ ရုံးနဲ့ လက်ထောက် ကာကွယ်ရေးဝန်ကြီးများရုံးက အရာရှိတွေပါ တက်တယ်လို့ သတင်းက ဆိုပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း ရုတ်သိမ်းထားတဲ့ စစ်သံမှူးတွေ မြန်မာပြည်မှာ ပြန်လည်ခန့်ထားဖို့ စ စီစဉ်နေကြပြီလို့ သံတမာန်သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းပေးပို့ချက်အရ အမေရိကန်နဲ့ မြန်မာတွေအကြား ကနဦးဆွေးနွေးမှုတွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ မဟာဗျူဟာ လေ့လာရေး သင်တန်းတွေ စ ပေးဖို့နဲ့ စစ်ဦးစီးမှူး ရာထူးအဆင့်တွေ အပြန်အလှန် လည်ပတ်ဖို့ အာရုံစိုက်ကြောင်း သိရပါတယ်။ ကနဦးအဆင့်တွေ အဆင်ချောရင် စစ်သင်တန်းနဲ့ စစ်ဘက်ရေးရာ အထောက်အပံ့ ပေးဖို့တွေ ဆက်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းက ဆိုပါတယ်။ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ ပူးတွဲလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာက လေ့လာသူအဖြစ် ပါဝင်ချင်တယ်လို့ ကမ်းလှမ်းကြောင်းလည်း သိရပါတယ်။ ကမ်းလှမ်းချက်ကို စဉ်းစားနေပြီး ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သတင်းက ဆိုပါတယ်။ ဆွေးနွေးဝိုင်းတွေနဲ့ နီးစပ်သူ အကဲဖြတ်တဦးက Financial Times ကို “အမေရိကန်ရော မြန်မာကပါ နှစ်နိုင်ငံ တိုက်ရိုက် ပူးတွဲ လေ့ကျင့်သင်ကြားမှု တချို့ လုပ်ချင်နေကြတယ်။ အမေရိကန်က နောက်ကြောင်းလှပြီး ပြုပြင်ပြောင်းလဲရေးကိုလည်း အထောက်အကူဖြစ်၊ သင်တန်းကိုလည်း သေသေချာချာ လိုက်နိုင်မယ့်ထက်တဲ့ မြန်မာအရာရှိငယ်တွေကို စိတ်ဝင်စားနေတယ်” လို့ ပြောပါတယ်။ အခုထိ ဆွေးနွေးတင်ပြချက်တွေက အမေရိကန်က မဟာဗျူဟာ လေ့လာရေးကျောင်းတွေနဲ့ အာဆီယံကတဆင့် ဖြတ်ပြီး သင်တန်းပေးရေးတွေပါ။ စဖြစ်ရင် လူစိစစ်ဖို့က ပထမဆုံးဖြစ်ပါလိမ့်မယ်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း မဖြစ်လာခင် ကွန်ဂရက်ရဲ့ ထောက်ခံမှုရဖို့ အိုဘားမားအစိုးရက ဆွဲဆောင်ရပါလိမ့်ဦးမယ်။ ဆက်ပြီး ဖြစ်ထွန်းတိုးတက်သွားရင်တော့ ၂၀၁၅ ရွေးကောက်ပွဲသာ အဆင်ပြေချောမွေ့ခဲ့မယ်ဆို အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ပြီးပြည့်စုံတဲ့ လုပ်ဖော်ကိုင်ဖက် Comprehensive Partnership အဆင့် ဒါ့ထက်ပိုလို့ Strategic မဟာဗျူဟာမြောက် အဆင့်ထိပါ လွယ်ကူစွာ ရောက်နိုင်တယ်လို့ သုံးသပ်ချက်တွေ ပေါ်ထွက်လာနေပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုနဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှုက အနောက်နိုင်ငံတွေအနေနဲ့ အကဲဆပ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အကြောင်းက မြန်မာစစ်တပ်ဟာ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ သမိုင်းကြောင့်ပါပဲ။ မြန်မာ့တပ်မတော် ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းနေတဲ့ စစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းထားသလို စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်ထားတုန်းပါ။ ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ရခိုင်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တပ်က ပါနေတယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်စဉ်းစားရပါတယ်။ ဒါပေမဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တချို့ အထူးသဖြင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်နဲ့ အနောက်နိုင်ငံ သံတမာန်တွေက ပုဂ္ဂလ်ရေးအရ ချီးကျူးတာတွေရှိပါတယ်။ အခုထက်ထိ ဗိုလ်ချုပ်မှူးကြီး ရာထူး ဆက်ကိုင်ထားတဲ့ ဦးသန်းရွှေ ကိုယ်တိုင် ရွေးချယ် တာဝန်ပေးခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ့်လူလို့ သံတမာန်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။ မကြာသေးခင်ကတင် တွေ့ဆုံဆွေးနွေးခဲ့ဖူးတဲ့ အနောက်သံတမာန်တဦးက လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရည်ရွယ်ချက်ဟာ “တပ်ကို ဖြည်းဖြည်းချင်း စစ်တန်းလျား ပြန်ပို့ဖို့” လို့ ပြောကြောင်း ဆိုပါတယ်။ ဒီလို နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှုတွေ စတင်ဖို့ ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က တိုက်တွန်းထားပါသေးတယ်။ “မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်းသားဒေသ များတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့တပ်မတော်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရန် စတင် စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ်အရာရှိများအား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ CSIS ရဲ့ ခရီးစဉ်အစီရင်ခံစာက ရေးသားပါတယ်။ http://burma.irrawaddy.org/archives/20984
ပန်းတနော် ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကို ဆန္ဒပြမည်
ကြယ်ပြာ
ဧရာဝတီတိုင်း အတွင်း မိုးများ၍ရေကြီးခဲ့သော ပန်းတနော်၊ ဓနုဖြူ နှင့် ညောင်တုန်းမြို့နယ်များ၌ နှစ်လခန့်ကြာမြင့်သည့် ယခုအချိန် ထိ ရေ များ မကျဆင်းရသည့် အဓိက အကြောင်းရင်းမှာ ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင် သည့် အင်း များ ကြောင့် ဆိုသည့်အချက်ဖြင့် ဒေသခံ အင်အား ၂ သောင်းခန့်က ဆန္ဒပြရန် စီစဉ်နေကြသည်။
မြို့နယ်သုံးခုမှ ဒေသခံများ စုပေါင်းပြီး တမြို့နယ်ကို လူအင်အား ၅၀၀၀ ကျော်ပါဝင်ရန် သတ်မှတ်ထားကြောင်း၊ လတ်မှတ်ထိုးပြီး သမ္မတ ထံ တင်ရန်အတွက်လည်း ၂၂ ရက်နေ့မှ စတင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ဆန္ဒ ထုတ်ဖော်ရန် အတွက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချူပ်(NLD)နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီများကလည်း ပါဝင် ကူညီသွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့ မှ NLD အဖွဲ့ဝင် ဦးဝင်း မင်းထွန်း က ပြောဆိုသည်။
လက်ရှိ ရေနစ်မြုပ်နေဆဲ လယ် ဧက ပေါင်း ၇ သောင်း ခန့်နှင့် ရွာပေါင်း ၃၀၀ ခန့် ရှိနေကြောင်း သိရသည်။
ပန်းတနော် မြို့နယ် မတ်ကျေးရွာမှ ဦးလှဝင်း ဆိုသူက“အဲဒီ ကိုယ်စားလှယ်နဲ့ အင်းသမားတွေက ဆည် မြောင်းနဲ့ပေါင်းပြီးတော့ ရေထွက် ပေါက် လုပ်ပေးထားတဲ့ ချောင်းတွေ မြောင်းတွေထဲ မှာပါ အင်းတွေ၊ ယင်းတွေ လုပ်တယ်၊ ငါး များအောင် ခြုံတွေပါချတော့ နုံးတွေ၊ အမှိုက် တွေနဲ့ ပြည့်ပြီး ကြာလာတော့ ရေထွက် ပေါက်တွေ ပိတ်လာတယ်၊ အဓိက သူတို့ကြောင့်ပဲ” ဟု ပြောသည်။
ရေနစ်မြုပ်နေသော ပန်းတနော်၊ ဓနုဖြူ နှင့် ညောင်တုန်း သုံးပွင့်ဆိုင်နေရာ၌ ရေနက်ကွင်း အဖြစ် ဖော်ထုတ်ရန် အစိုးရက ၁၉၉၄ ခုနှစ် တွင် တာပေါင် ကာခဲ့ကြောင်း၊ ယင်းတာပေါင်၌ ယခင်က ရေထွက်ပေါက် ၇၀၀ ခန့် ရှိခဲ့ရာမှ ယခုအခါ ၅၀၀ ခန့် ပိတ်သွားပြီ ဖြစ် ကြောင်း သိရသည်။
“နှစ်စဉ် ရေကြီးတာက ဧရာဝတီတိုင်း အတွက် အဆန်းမဟုတ်ပေမယ့် ဒီလိုမျိုး ရေထွက်ပေါက်တွေ ဆက်ပိတ်နေဦးမယ်ဆိုရင် ဒီ သုံးမြို့နယ် က လူတွေ အစာငတ် အလုပ်လက်မဲ့ ဖြစ်ကုန်လိမ့်မယ်”ဟု ဦးဝင်းမင်းထွန်း ကလည်း ပြောဆိုသည်။
ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးငြိမ်း မြိုင် သည် မြို့နယ် သုံးခုစလုံး၌ တရားဝင်လေလံဆွဲထားသည့် အင်းပေါင်း ၉၈ ခုသာမက ချောင်းများ ၊ ရေထွက် ပေါက်များမှာပါ လုပ် ကိုင်နေ သည့် အင်းများ ၉၀ ၀န်းကျင် ရှိသည်ဟု ဆိုသည်။
ဦးငြိမ်းမြိုင် က ၎င်းပိုင်ဆိုင်သည့် အင်းများ၊ ချောင်းများအတွင်း ငါးဖမ်းသူများကို ကျပ် ၅ သောင်းမှ ၁ သိန်းခွဲ အထိ ဒဏ်ရိုက်ကြောင်း၊ ငွေ မ ပေးနိုင်ပါက ဖမ်းချူပ်ခံရကြောင်း၊ ပန်းတနော်မြို့နယ်အတွင်း၌ပင် ဒဏ်ရိုက်ခံရသူ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း လည်း သိရသည်။
ရေဘေးဒဏ်ခံရသော ဒေသခံများက ငါးဖမ်းလုပ်ငန်းဖြင့် စားဝတ်နေရေး ခက်ခဲလာသည့် အတွက် လေလံမအောင်သော အင်းများကို ကျေး လက်ပြည် သူအစုအဖွဲ့ သမ၀ါယမ အသင်းများသို့ လုပ်ကိုင်ခွင့်ချထားပေးရန် သမ္မတ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည် ထောင်စုဝန် ကြီး၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချူပ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးများထံ ယခုနှစ် ဇွန်လမှစပြီး အကြိမ် ကြိမ် အသနားခံ စာ တင်ခဲ့ကြကြောင်း၊ သို့ရာတွင် အစိုးရဘက်မှ အကြောင်းပြန်မှု မရှိခဲ့ကြောင်း ပြောဆိုသည်။
ယမန်နေ့က ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်များအတွက် လှူဒါန်းရန် လာရောက်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကို ဂျင်မီ ဦးဆောင်သည့်အဖွဲ့အား ဒေသခံများက အခြေအနေ ရှင်းပြ၍ အကူအညီတောင်းခံကြောင်း သိရသည်။
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီး လွတ်တော် ဥက္ကဌ ဦးဆန်းဆင့် တို့ တွေ့ဆုံခဲ့ရာ၌ ဥက္ကဌက၎င်းပိုင် ဒေသ အ တွင်း ပြဿနာ ဖြစ်သောကြောင့် ဒေသတွင်း၌ပင် အဆင်ပြေရန် အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ ဒေသခံများ အနေ နှင့် လည်း ဆန္ဒထုတ်ဖော်မှု မပြုလုပ်စေလိုကြောင်း ပြောကြားသည်ဟု ဆိုသည်။
စစ်ကိုင်းမြို့ သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားဆင်းတု ဦးခေါင်း တော်များ ပျောက်ဆုံး
စစ်ကိုင်း စက်တင်ဘာ ၂ဝ
စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဘုရားဆင်းတု များ၏ ဦးခေါင်းတော်များနှင့် ရဟန္တာ ရုပ်တုတော်များ ပျောက်ဆုံးနေကြောင်း သတင်းအရ စစ်ကိုင်းမြို့ အမှတ်(၁) ရဲစခန်းမှ
ဒုတိယရဲအုပ် လှိုင်မြင့်နှင့် တပ်ဖွဲ့ ဝင်များ၊ ပိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ သွားရောက် စစ်ဆေးရာ သမန်းကုန်း ဘုရားလှိုဏ်ဂူတော် အတွင်းမှ ဉာဏ်တော်အမြင့်(၃၆) လက်မ ထိုင်တော်မူ ကျောက်ဆင်းတု ဘုရားမှ (၇)လက်မခန့်ရှိ ဦးခေါင်းတော် တစ်လုံး၊ ရွှေဘုန်းပွင့်ဘုရား လှိုဏ်ဂူ အတွင်းမှ ဉာဏ်တော် အမြင့် (၂၇)လက်မ ခန့်ရှိ ထိုင်တော်မူ ကျောက်ဆင်းတု ဘုရားမှ(၇)လက်မ ခန့်ရှိ ဦးခေါင်းတော် တစ်လုံးနှင့် ကျောက်ဆင်းတု (၁၅)လက်မခန့်ရှိ ထိုင်တော်မူ ရဟန္တာရုပ်တု(၂)ဆူ၊ ဗောဓိရွှေညောင်ပင် အောက်မှ ဦးခေါင်း တော်တစ်လုံး အသီးသီး ပျောက်ဆုံးလျက် ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
ဘုရားဆင်းတုများ၏ ဦးခေါင်းတော်များနှင့် ရဟန္တာ ရုပ်တုတော်များသည် စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီးတရားခံများအား အမြန်ဆုံးဖမ်းမိရေး အတွက် တာဝန်ရှိသူများက စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
By Royal Hero Media
မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ “ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာနောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။
သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။ အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။ အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။ ၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။ အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။ အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။
Print this post
မည့်သည့်တပ်ဖွဲ့ နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော
ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်
ကာလဖြစ်သဖြင့် တမြေတည်းနေ
တရေတည်းသောက်လာသည့် ညီ
အကိုမောင်နှမများအပေါ် သျှမ်းပြည်
  တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။
“ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံးဝ မရှိပါဘူး။ အရင်တုန်းက ရန်သူလို့
သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။
 ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကနေ့ခေတ်ကာလမှာ ကျနော်တို့ တမြေတည်းအတူ
 နေထိုင်လာတဲ့ မောင်နှမသားချင်းတွေကို ဘယ်လိုလုပ်သွားတိုက်ခိုက်မှာလဲ။
 ဖြစ်လာတဲ့ပြဿနာအဝ၀ကို ငြိမ်းချမ်းစွာဆွေးနွေးပြီး ဖြေရှင်းဖို့ 
ဘဲပေါ်လစီရှိပါတယ်။ ကျနော်တို့ ပြည်နယ်အေးချမ်းဖို့အတွက် ရှေ့ဆက်လဲ
လက်တွဲပြီး လုပ်ဆောင်သွား ရဦးမယ်လေ” ဟု ဗိုလ်မှူးလောင်ဆိုင်က
သျှမ်းသံတော်ဆင့်အားပြောပြသည်။
ယခုလ ၁၃ ရက်နေ့က တောင်ကြီးတိုင်းမ် သတင်းစာမျက်နှာပါ RCSS/SSA
က PNLO တပ်ဖွဲ့ကို လမ်းခုလတ် တွင် ခြုံခိုတိုက်ခိုက် ဟူသည့်သတင်းနှင့်
ပတ်သက်၍ သျှမ်းသံတော်ဆင့်က မေးမြန်းရာ ဗိုလ်မှူးလောင်ဆိုင်က
 ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ
 တပ်ဖွဲ့နဲ့ ၊လားဟူပြည်သူ့စစ် ၊ အစိုးရတပ် ၊ SSS ပြည်သူ့စစ် အပြင်  PNLO
တပ်ဖွဲ့ကိုပါ ပြဿနာရှာသည်” ဟု PNLO တပ်မှူးက ပြောဆိုမှု အပေါ်
 ဗိုလ်မှူးလောင်ဆိုင်က “ နားလည်မှုမလွဲကြဖို့၊ ထွက်နေတဲ့သတင်းတဖက်
တည်းကိုသာ နားမထောင်ဖို့၊ တခြားတပါးသူ၏သွေးထိုးမှုကို နားဝင်ကာ
အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုမဖြစ်ရအောင် သတိထားကြဖို့”  ပန်ကြားလိုကြောင်း
သျှမ်းသံတော်ဆင့်အားပြောပြသည်။
“တောင်ကြီးတိုင်းမ်သတင်းကိုလည်း ကျနော်ဖတ်မိပါတယ်။ တိုက်ပွဲက
ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျနော် တို့စီစစ်ဆဲဖြစ်ပါတယ်။
 မောက်မယ်မြို့နယ်ဘက်မှာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေတွေ
ထပ်နေတာ အများ ကြီးရှိပါတယ်။
တခြားအဖွဲ့အစည်းတွေကို တမင်သက်သက်တိုက်တာမျိုးတော့ လုံးဝ မရှိပါဘူးလို့
 အာမခံ ရဲပါ တယ်။ ဖြစ်ခဲ့မယ်ဆိုရင်လဲ နားလည်မှုလွဲမှားလို့ ဖြစ်ကောင်းဖြစ်
ပါလိမ့်မယ်။
 နောက်တခုက ဗမာစစ်တပ်နဲ့ ပူးပေါင်းလှုပ်ရှားလာခဲ့တဲ့အချိန်မှာ ပစ်မိ ခတ်မိတာ
 ရှိကောင်းရှိပါလိမ့်မယ်။ ဘာလို့လဲဆို များသောအားဖြင့် ဗမာစစ်တပ်က  ကျနော်
တို့ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလေ” ဟု ဗိုလ်မှူးလောင်ဆိုင်
ကပြောပါသည်။
မောက်မယ်မြို့ နယ် ကဒူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ
သယ်ဆောင်သည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကို
 ယခုလ ၁၃ ရက်နေ့ က သျှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA ) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း တောင်ကြီးတိုင်းမ်သတင်း
စာမျက်နှာ တွင် ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်
3D movie တွေကိုကြည့်ဖို့အတွက် Stereoscopic Player
အရင်ကလည်းတင်ပေးဖူးပါတယ် အခုက Update လေးတွေ့လို့တင်ပေးလိုက်တာပါ
 Download>>>mediafire (or)box
Features:
• Easy-to-use user interface
• Supports Video for Windows (.avi), MPEG-1 (.mpg) and Windows Media (.wmv, .asf) format
• Supports Windows Media Dual Stream files
• Supports separate left/right files
• Digital Rights Management (for stereoscopic Windows Media files only)
• Playback of any other format supported by third party DirectShow decoders
• Windows Media 7.1 and 5.1 multichannel audio decoding
• Windows Media streaming
• 3D-DVD playback 1
• Live playback from capture devices (TV card, DV camcorder, …)
• Built-in video library stores settings for each movie
• Retrieves data from stereoscopic metadata servers
• Import and export of stereoscopic metafiles
• Command line control
• OLE automation
• Compatible with Windows Media Center IR remote control
မလေးရှား အကောင်းဆုံး ဆေးရုံများ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုကြ
စက်တင်ဘာ ၂၁ ၊ ၂၀၁၂
မလေးရှားနိုင်ငံမှ အဆင့်မြင့် ဆေးရုံကြီးများသည် မြန်မာနိုင်ငံတွင် ပြည်တွင်း ဆေးရုံများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ တိုက်ရိုက် ဆေးရုံဖွင့်လှစ် ရင်းနှီး မြှုပ်နှံခြင်းများလည်း ဖြစ်ပေါ်လာနိုင်ဖွယ်
ရှိကြောင်း မလေးရှား ကျန်းမာရေး စောင့်ရှောက်မှုကောင်စီ အမှုဆောင်အရာရှိချုပ်က ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။ မလေးရှားနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အကြီးဆုံး အဖွဲ့အစည်းဖြစ်သည့် MHTC အမှုဆောင်အရာရှိချုပ် Dr.Marry Wong Lai Lin နှင့် အဖွဲ့ဝင်များ၏ စက်တင်ဘာလ ဒုတိယပတ်က မြန်မာ နိုင်ငံကို လာရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အပြောင်း အလဲ တစ်ခုကို စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။
“အာဆီယံနိုင်ငံတွေထဲမှာရော အိန္ဒိယ၊ တူရကီ၊ တရုတ် စတဲ့ နိုင်ငံတွေမှာပါ။ မလေးရှားရဲ့ ထိပ်သီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစုတွေ ရှိနေပြီး သားပါပဲ။ မြန်မာနိုင်ငံမှာ ဆေးရုံတွေ ဖက်စပ်နဲ့ ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံမလားဆိုတော့ မြန်မာအစိုးရဘက်က ခွင့်ပြုချက်ပေါ် မူတည်ပြီး ဖြစ်နိုင်ပါတယ်။ မြန်မာဘက်က ခွင့်ပြုမယ်ဆိုရင် ကျွန်မတို့ဘက်က လာဖို့ သိပ်ပြီးမခက်ပါဘူး” ဟု Dr Marry က ပြောကြားသည်။ “မလေးရှားက ဒေသတွင်းမှာတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေမှာ အကြီးဆုံးလို့ ပြောရမှာပဲ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသမှု နည်းပညာတွေမှာ မလေးရှားက အာဆီယံရဲ့ ထိပ်သီးအဆင့်ကို ရောက်လာပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်းတို့အနေဖြင့် မြန်မာဈေးကွက်တွင် ထိုင်း၊ စင်ကာပူမှ ဆေးရုံများက ဈေးကွက် အောင်မြင်နေမှုများကို လေ့လာ ထားပြီး ဖြစ်ကာ ၎င်းတို့နှင့်ယှဉ်ပြိုင်ရာတွင် စောင့်ရှောက်ရေး ကုသမှုစနစ် တန်းတူ စနစ်ဖြစ်ပြီး ဈေးနှုန်း သင့်တင့်မျှတမှုဖြင့်သာ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
အေဝိုင်အီး
By Royal Hero Media
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြ
   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး စစ်ပွဲရပ် ဟု အမည်ပေးထားသည့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဒီကနေ့ မနက် ၁၀း၃၀ နာရီခွဲ အချိန်မှစတင်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြို့တော်ခန်းမမှ စတင်ကာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဗိုလ်တထောင်ဘုရားသို့ စီတန်းလမ်းလျှောက်ကြပါသည်။ အဲ့ဒီကမှတဆင့် ယုဇနပလာဇာရှေ့မှ တာမွေ အ၀ိုင်းထိပ်သို့ ဆက်လက် ချီတက် လမ်းလျှောက်သွားကြပါသည်။
လမ်းလျှောက်ချီတက်သူများ ဖြတ်သန်းသွားရာ လမ်းတလျှောက် မြို့နယ်ရဲတပ်ဖွဲ့မှူးများနဲ့ ရဲတပ်ဖွဲ့ဝင်များက တားဆီးပြီး မေတ္တာရပ်ခံ ပန်ကြားမှုတွေ ပြုလုပ်ခဲ့ပေမဲ့ လမ်းလျှောက်သူများကတော့ ဆက်လက် ချီတက် ဆန္ဒထုတ်ဖော်နေကြပါသည်။ အခုအခါမှာတော့ လမ်းလျှောက်ချီတက်သူများဟာ လှည်းတန်းလမ်းဆုံ အင်းယားကန်ဘောင်သို့ ဆက်လက် ချီတက်သွားနေကြပါသည်။
မြန်မာ့အရေး လူပ်ရှားသူများ မှ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဒေါက်တာစင်သီယာမောင်နဲ့ ကိုကျော်သူ( နာရေးကူညီမှု ) တို့ ကို NED ဆုချီးမြှင့် -
ဖိနှိပ်တဲ့ အာဏာရှင် အစိုးရတွေရဲ့ အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုက ပြည်သူတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးခဲ့တယ်လို့ ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပံ့ပိုးထောက်ပံ့ပေးနေတဲ့ NED အဖွဲ့ဥက္ကဌက ပြောလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကိုယ်စားပြုသူ ၅ ယောက်ကို NED ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆု ပေးပွဲမှာ အဖွဲ့ဥက္ကဌ Carl Gershman (ဂါရှ်မန်) က ပြောခဲ့တာဖြစ်ပါတယ်၊ Congress လွှတ်တော် အဆောက်အဦး အဆောက်အဦးမှာ ပြုလုပ်တဲ့ အခမ်းအနား ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင်၊ အမေရိကန် နိုင်ငံရေးလောကမှာ သြဇာညောင်းတဲ့ လွှတ်တော် အမတ်ေ ခါင်းဆောင်တွေ၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေလဲ တက်ရောက် မိန့်ခွန်းပြောခဲ့ကြပါတယ်။
ဒီပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ VOA ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံ တင်ပြပါမယ်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ကမ္ဘာကျော်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် လူမသိသူမသိ ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ NED က သူ့ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆု ကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပေးတာဖြစ်ပါတယ်။
Washington မြို့တော်က အမေရိကန် Congress လွှတ်တော် အဆောက်အဦးမှာ ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တထောင့် တနေရာကနေ ကိုယ်စားပြုနေကြတဲ့ ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ပရဟိတလုပ်ငန်းတွေလုပ်နေတဲ့ ကိုကျော်သူ၊ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေး အကူအညီပေးနေတဲ့ Dr. စင်သီယာမောင်နဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ US Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှုး ကိုအောင်ဒင်တို့က ဆုကို လက်ခံယူခဲ့ကြပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလဲ ဆုယူဖို့ ဖိတ်ကြားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူကတော့ ဆုပေးပွဲကို မတက်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ စိတ်ပျက်စရာ အခြေအနေတွေကို ရင်ဆိုင်ခဲ့ကြရတဲ့ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးခဲ့တာဖြစ်တယ်လို့ NED အဖွဲ့အကြီးအကဲ Carl Gershman က ခုလို ပြောခဲ့ပါတယ်။
လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲစေချင်တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒက ၁၉၈၈ ခုနှစ်ကတည်းကစလို့ ယိမ်းယိုင်ခြင်း မရှိခဲ့ဘူးလို့ ပြောသွားတာဖြစ်ပါတယ်။
NED အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၆၀ လောက်ကို အထောက်အပံ့ ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ NED အဖွဲ့ရဲ့ နှစ်ပါတ်လည် ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက အခုမှ ပထမဆုံး ရရှိတာဖြစ်ပါတယ်။
အခုလို မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကို အသိအမှတ်ပြုဆုပေးတဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာဖို့ ဆောင်ရွက်မှုတွေမှာ တနည်းတလမ်းကနေ အထောက်အပံ့ပေးရာရောက်လိမ့်မယ်လို့ ဆုကို လက်ခံယူရတဲ့ ဦးခွန်ထွန်းဦး၊ ဒေါက်တာစင်သီယာမောင်နဲ့ ကိုကျော်သူတို့က ပြောခဲ့ကြပါတယ်။
ဦးခွန်ထွန်းဦး-“ ဆုရတာ ကျနော်အတွက် ရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ကျနော်ရတာပါ။ သူတို့ကိုယ်စား ကျနော်လာယူတာပါ။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ တိုင်းရင်းသားတွေအတွက်လည်း အထောက်အပံ့ လည်းဖြစ်မယ်။ ဒီမိုကရေစီကလည်း သူတို့အတွက် ပံ့ပိုးရလည်းရမယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဒေါက်တာစင်သီယာမောင်-“လက်ရှိပြောင်းလဲမှုထဲမှာ ကျမတို့ ထပ်ပြီး ဆောင်ရွက်စရာတွေပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မူဖြစ်စဉ်မှာပေါ့နော်။ လူမူအဖွဲ့အစည်းတွေရော၊ တိုင်းရင်းသားတွေရော ပါလာဖို့ဆိုတာကို ကျမတို့ ပိုပြီးတော့ မျှော်လင့်ပါတယ်။”
ဦးကျော်သူ- “ဒီဆုရတဲ့အတွက် ကျနော်တို့ လူမူရေးသမားတွေအတွက်ကတော့ ခွန်အားတခုဖြစ်တာပေါ့လေ။ အားဆေးတခွက်သောက်ရသလိုဖြစ်ပါတယ်။ ပံ့ပိုးမူကတော့ အတိုင်းအတာနဲ့ပြောရရင်တော့ ပြောလို့မရဘူးပေါ့လေ။ ကိုယ့်ဘက်မှာ ရပ်တည်မူတစ်ခု မားမားမတ်မတ်ရပ်တည်ပေးမယ့် နိုင်ငံတနိုင်ငံ အဖွဲ့အစည်းတဖွဲ့ ရှိလာပြီဆိုတာကို ကျနော်အတွက်ကတော့ ခွန်အားဖြစ်တာပေါ့။”
ကြာသပတေးနေ့က လုပ်ခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု မှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ တက်ရောက်ပြီး၊ ဆုလက်ခံယူသူတွေနဲ့ ပါတ်သက်တဲ့ ဂုဏ်ပြုစကား ကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံမှာ လူအများအတွက် ကိုယ့်တဦးတည်း ကြီးပွါးချမ်းသာမှုကို စွန့်လွှတ် စတေးချင်တဲ့ အမျိုးသား အမျိုးသမီးတွေ အမြောက်အများ ရှိနေတယ် ဆိုတာ သိရလို့ ကျမအနေနဲ့ အထူးပဲ သက်တောင့်သက်သာ ဖြစ်ရပါတယ်။ ကျန်တဲ့ ပြည်သူတွေ ဘ၀လွတ်လပ်မှု ရှိရေးအတွက် ဆောင်ရွက်နေကြတဲ့ သူတွေပါ။ ဒီလိုလူတွေ ရှိနေတဲ့ အတွက် ကျမတို့ဟာ ရှေ့ခရီးဆက်နိုင်ကြတာ ဖြစ်ပြီး ပျော်ရွှင်တဲ့ အနာဂါတ် တည်ဆောက်နိုင်မယ်လို့ ယုံကြည်မှု ပြည့်ဝလာရတာလည်း ဖြစ်ပါတယ်။”
“အောင်မြင်မှု ရချင်ရင် အတူတကွ ပူးပေါင်း လုပ်ကိုင်ကြရမယ် ဆိုတာ အတိတ်က ဖြစ်ရပ်တွေက ပြသခဲ့ပါပြီ။ အခုအခါ ကျမတို့ဟာ အနာဂါတ် ခရီးကို လျှောက်လှမ်းနေကြပါပြီ။ အတူတကွ လက်တွဲ လုပ်ကြရမှာပါ။ တခါတခါမှာ တဦးတယောက်စီသာ ဒုက္ခတွေ ခံနေကြပြီး အတူတကွ ပူးတွဲပြီး ပြဿနာကို ကျော်လွှားဖို့ ခက်ခဲနေတတ် ကြပါတယ်။
အခုအချိန်မှာတော့ ကျမတို့ ဘ၀မှာ အခက်အခဲဆုံး ခရီးကို လက်ချင်းချိတ်ပြီး ကျော်ဖြတ်ကြရမယ့် အချိန် ရောက်လာပါပြီ။ ကျမတို့ဟာ အတိတ်ရဲ့ သင်ခန်းစာကို ရယူပြီး ငြိမ်းချမ်း စည်းလုံးညီညွတ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံကို တည်ဆောက် နိုင်ကြမှာ ဖြစ်တယ်လို့ ကျမယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
အမေရိကန် ဒီမိုကရေစီရဲ့ သင်္ကေတဖြစ်တဲ့ Congress လွှတ်တော် အဆောက်အဦးမှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဆုပေးပွဲကို အမေရိကန်အစိုးရ ကိုယ်စား၊ အရပ်ဖက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် ဝန်ကြီး María Otero က တက်ရောက် ဂုဏ်ပြုစကားပြောခဲ့သလို ဒီပွဲကို မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright လဲ တက်ရောက်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထင်ကရ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Jon McCain, Joseph Crowley, Nancy Pelosi စတဲ့ လွှတ်တော်အမတ်တွေကလဲ တက်ရောက်ပြီးတော့ မိန့်ခွန်းစကားတွေ ပြောခဲ့ကြပါတယ်။
“ဒီကနေ့ ဂုဏ်ပြုကြတဲ့သူတွေလိုမျိုး မြန်မာ့နိုင်ငံမှာရှိနေသရွှေ့ ရက်စက်မှုတွေကို တရားမျှတမှုက အနိုင်ရမယ်၊ အာဏာရှင်တွေကို ဒီမိုကရေစီက အနိုင်ရမယ်၊ အမုန်းတရားတွေကို မေတ္တာတရားက အနိုင်ရမယ်လို့ ယုံကြည်တဲ့အကြောင်းကို လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောသွားကြပါတယ်။"
အမေရိကန် Congress လွှတ်တော်ထဲမှာ ကျင်းပတဲ့ NED ဆုပေးပွဲကို မြန်မာလူမျိုးတွေလဲ အများအပြားလာရောက် အားပေးခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီလူပ်ရှားမူအတွက် ၂၀၁၂ ခုနှစ်အတွက် Democracy ဆုပေးပွဲမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ၂၀၀၀ ခုနှစ်တုန်းက NED ကပဲ ပေးထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ၁၀ နှစ်ပြည့် ဂုဏ်ပြုဆု ရုပ်တုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံယူခဲ့ပါတယ်။
စုမြတ်မွန် - ဗွီအိုအေ
သတင်းဓါတ်ပုံ - facebook အင်တာနက်စာမျက်နှာ သတင်း
အမျိုးသမီးများ အဆီပါသော အစားအစာများကြောင့် အသက်ရလာချိန်တွင် ရင်သားကင်ဆာဖြစ်နိုင် ……
သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ အမျိုးသမီးများသည် အဆီများသော အစားအစာများကိုပုံမှန်မဆင်မခြင်စားသုံးပါက အနာဂတ်တွင် ရင်သားကင်ဆာဖြစ်လာနိုင်သည်ဟု သိရသည် ။
အမျိုးသမီးငယ်များ စတင်ကိုယ်ခန္ဓာပြောင်းလဲစဉ်တွင် အဆီများစွာ စားသောက်ပါက တစ်ရှူးများသည် ပုံမှန်မဟုတ်ဘဲ ကြီးထွားမှုရှိသောကြောင့် အသက်ရလာသည့် အခါတွင် ရင်သားကင်ဆာဖြစ်နိုင်ခြင်းဖြစ်သည် ။
ကယ်လီဖိုးနီးယားပြည်နယ်မှ ဒေါက်တာရတ်ဟုဗီ၏ ထုတ်ဖော်ပြောကြားချက်အရ ရင်သားကင်ဆာ ဖြစ်ပွားမှုသည် ငယ်စဉ်ဘဝတွင် အစားအသောက်မှုအကျင့်နှင့် ဆက်နွယ်နိုင်သည်ဟု သိရသည် ။
News
By Mg Mandalay
ပြောပြမယ် ထူးထူးဆန်းဆန်း
သိတာတွေပါသလို မသိတာတွေလည်းပါမှာပေါ့ . . .
ထူးထူးဆန်းဆန်းလေးတွေသိချင်ရင်ဖတ်ကြည့် . .
၁။ လူတစ်ယောက်က အသက်၇၅နှစ်ရှင်ရင် နှစ်ပေါင်း ၂၃တိုင် အိပ်စက်ခြင်းဖြင့်ကုန်ဆုံးစေတယ်တဲ့။
၂။ ခြင်တွေက တခြားအရောင်တွေထက် အပြာရောင်ကိုပိုဆွဲဆောင်မှုရှိတယ်တဲ့။
၃။ သတ္တဝါတွေထဲမှာ လူနဲ့ ကိုအာလာ ဝက်ဝံတွေပဲ လက်ဗွေရာရှိသတဲ့။
၎။ အမေရိကန်နိုင်ငံမှာ လူတွေက နေ့စဉ် စုစုပေါင်း ပီဇာ ဧကပေါင်း ၇၅ ဧက စားသတဲ့။
၅။ မုန်လာဥနီများများစားရင် လူက လိမ္မော်ရောင်ပြောင်းလာမယ်တဲ့။
၆။ ရေဘဝဲမှာ နှလုံး သုံးခုရှိသတဲ့။
၇။ ကိုကာကိုလာက အစက အစိမ်းရောင်ပါတဲ့။
၈။ လူတွေဟာ ကိုယ့်တံတောင်ကိုကိုယ်တိုင် လျှာနဲ့လျက်လို့မရဘူးတဲ့။
၉။ မပုပ်မသိုးတဲ့ အစားအစာက ပျားရည်ပါတဲ့။
၁၀။ မိကျောင်းတွေက လျှာထုတ်ပြလို့ရအောင် လျှာမရှည်ဘူးတဲ့။
from - http://missingpieces-naytikeshane.blogspot.com
ထူးထူးဆန်းဆန်းလေးတွေကို ထပ်ပြောပြပါမယ် . . .
၁။ ငှက်ကုလားအုတ်ရဲ့ ဦးနှောက်က သူ့မျက်လုံးထက်သေးသတဲ့။
၂။ ပက်ကျိတွေက သုံးနှစ်ကြာအောင်အိပ်နိုင်သတဲ့။
၃။ လူတွေ နှာချေရင် တစ်နာရီမိုင် ၁၀၀ နှုန်းကျော်အောင် ချေနိုင်သတဲ့။
၎။ ပုံမှန်လူတစ်ယောက်ရဲ့သက်တမ်းမှာ ရေ ဂါလန် ၁၆၀၀၀ သောက်သတဲ့။
၅။ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ပုပ်ရဟန်းမင်းကြီး က ၁၂နှစ်အရွယ် မှာရွေးခံရသတဲ့။
၆။ ကြက်တွေက အများဆုံး ၁၃စက္ကန့်သာ လေမှာပျံနိုင်သတဲ့။
၇။ ပိုးဟတ်တွေက ခေါင်းပြတ်သွားတောင် တစ်ပတ်ကြာအသက်ဆက်ရှင်နေနိုင်ပါသတဲ့။
၈။ ဘောလုံးသမားတွေက ဘောလုံးပွဲတစ်ပွဲမှာ ၇မိုင်ခန့်ပြေးရသတဲ့။
၉။ သုညကို အိန္ဒိယလူမျိုးတွေက စထွင်ခဲ့တာတဲ့။
၁၀။ လူ့ကြွက်သားတွေထဲမှာ အသန်မာဆုံးက လျှာပါတဲ့။
from - http://missingpieces-naytikeshane.blogspot.com
ဘင်္ဂါလီညှဉ်းပန်းမှုကြောင့် ဟိန္ဒူများ စစ်တွေသို့ ပြောင်းရွှေ
အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း
ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော ပေါက်တောမြို့နယ်
အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည်
ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့
များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်းပေါ်ရှိ
ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။
 == ပေါက်တောမြို့နယ် တောလည်ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ ဟိန္ဒူမိသားစု လေးစု တင်ဆောင်ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင် စစ်တွေမြို့နယ် ဈေးဖောင်တော်သို့ ရောက်ရှိလာသည်။
 == အဆိုပါမိသားစုများ အား တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ
အမဲသားကျွေးပြီး မူဆလင်ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေး
လာခဲ့ရကာ၊ ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည်
စခန်းသို့ ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။
 == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို Coral Arakan အား အောက်ပါအတိုင်း ပြောပြသည်။
== “ အဲဒီနေ့က ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့
ရွာကနေ လှမ်းမြင်ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ
သူတို့ (ဟိန္ဒူတွေ) ပြေးလာတာတွေ့တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က
(ဘင်္ဂါလီ) ကုလားတွေ နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့
ရွာက ထလိုက်ကြတော့မှ ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေးသွားတာ” ဟု ဦးမောင်သာဒိုးက
 ပြောပြသည်။
 ==ထိုနည်းတူစွာစစ်တွေမြို့သဲေ
ချာင်း နှင့်သက်ကယ်ပြင်ဒုက္ခသည်စခန်းများတွင် နှစ်လခန်
့ရောက်ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ (၉၈)ဦး တို့အားအား
 အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူထားရှိခဲ့ရာမှ ခွဲထုတ်ကာ ပြီးခဲ့သော သြဂုတ်လကျမှ
စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
နောင်အနှစ် ၅၀မှာ မြန်မာလူမျိုးများ ကျွန်သဖွယ်ရောက်ဖို့ရှိ
ယခု မွတ်ဆလင် ၇ သန်းကျော် မြန်မာပြည်ကို ၀င်ရောက်သွားနိုင် လျှင် မြန်မာနိုင်ငံ Game Over သွားပါပြီ။
မြန်မာပြည်ကို ၀င်ရောက်နှင့်ပြီးသားမွတ်ဆလင်များနှင့် ပေါင်းစပ်ကာ မွတ်ဆလင်၁၀သန်းကျော် က နေ
အနှစ် ၅၀ မျိုးဆက် ၂ဆက် မွတ်ဆလင် လူထပ်ဖေါက်လိုက်လျှင် တွက်သာကြည့်ကြပါတော့။
ကိုယ့်နိုင်ငံမှာ နေရင်းထိုင်ရင်း မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသည် မွတ်ဆလင် အစ္စလမ်ရှရီးယားဥပဒေအောက်တွင် Dhimmis ဘ၀ဖြင့် တိရိစ္ဆာန်များသဖွယ်နေကြရမည်ဖြစ်သည်။
ယခု အင်ဒိုနီးရှား၊ အာဖဂန် ၊ ပါဂစ္စတန် တို့ တွင် မူလရှိခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ ယခု ဘယ်လိုနေ နေရသလဲကြည့်ပါ။
အီဂျစ်၊ အီရတ်၊ အီရန် တို့ တွင် မူလရှိခဲ့တဲ့ ခရစ်ယာန်များ ယခု မည်သို့ နေ နေရပါသလဲ ကြည့်ပါ၊
Photo: နောင်အနှစ် ၅၀မှာ မြန်မာလူမျိုးများ ကျွန်သဖွယ်ရောက်ဖို့ရှိ .......................................................................................... ယခု မွတ်ဆလင် ၇ သန်းကျော် မြန်မာပြည်ကို ၀င်ရောက်သွားနိုင် လျှင် မြန်မာနိုင်ငံ Game Over သွားပါပြီ။ မြန်မာပြည်ကို ၀င်ရောက်နှင့်ပြီးသားမွတ်ဆလင်များနှင့် ပေါင်းစပ်ကာ မွတ်ဆလင်၁၀သန်းကျော် က နေ အနှစ် ၅၀ မျိုးဆက် ၂ဆက် မွတ်ဆလင် လူထပ်ဖေါက်လိုက်လျှင် တွက်သာကြည့်ကြပါတော့။ ကိုယ့်နိုင်ငံမှာ နေရင်းထိုင်ရင်း မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသည် မွတ်ဆလင် အစ္စလမ်ရှရီးယားဥပဒေအောက်တွင် Dhimmis ဘ၀ဖြင့် တိရိစ္ဆာန်များသဖွယ်နေကြရမည်ဖြစ်သည်။ ယခု အင်ဒိုနီးရှား၊ အာဖဂန် ၊ ပါဂစ္စတန် တို့ တွင် မူလရှိခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ ယခု ဘယ်လိုနေ နေရသလဲကြည့်ပါ။ အီဂျစ်၊ အီရတ်၊ အီရန် တို့ တွင် မူလရှိခဲ့တဲ့ ခရစ်ယာန်များ ယခု မည်သို့ နေ နေရပါသလဲ ကြည့်ပါ၊
ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန် ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉) *
Inbox
x
Images are not displayed. Display images below - Always display images from marmarmyint1981@gmail.com
ဒါက်တာရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ်တက္ကသိုလ် (Bucknell University) တွင် စတင်ပညာသင်ကြားခဲ့သော ပထမဆုံးသော အမေရိကန်ရောက် မြန်မာလူမျိုး ဆေးကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။
၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။ 
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ သုံးနှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည်သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်။
၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls)နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန်သို့ ခေတ္တပြန်ခြင်းဖြစ်ရာ မောင်ရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ 
၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည်တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ်တက္ကသိုလ် (Bucknell University) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။ အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာသောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။မောင်ရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများတွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။
မာင်ရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။
ဘီအေဘွဲ့ရပြီးနောက် မောင်ရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ  ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှစ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့်ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။
လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်းစားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့်ကြာသော် အောက်မြန်မာပြည်ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။
ဒေါက်တာရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။ 
ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရကျောင်းနှင့် နောင်မန်ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။
ဒေါက်တာရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်)ရသည်။
ဒေါက်တာ ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-
In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
"All the way Saviour Leads me"
ဟု ရေးထိုးထားပေးကြပါသည်။
"မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ အိန္ဒိယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်" …
 [မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်ပါ "အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉)" အတ္ထုပ္ပတ္တိ
--
အားလုံးပျော်ရွင်ပါစေ