This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, August 27, 2013

Facebook အကောင့်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားမယ့် gmail နေရာမှာ ထိုးကျွေးဖို့ အလွယ်တကူလည်းရ Facebook ကလည်း လက်ခံတဲ့ email တွေထဲမှာ yahoomail နဲ့ hushmail နှစ်မျိုးပါရှိ

gmail မရှုံးအောင် Facebook အကောင့်သစ်ဖွင့်နည်း


ရေးပါများလို့ ဒီလိုပို့စ်မျိုးတွေကို
ညည်းငွေ့လာမှာကိုတောင် အားနာမိပါတယ်

မရေးလို့လည်း မဖြစ်ပြန်ပါဘူး ...

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ကျွန်တော့်ရဲ့ Facebook Page မှာ Facebook အကောင့်အတွက်
အခက်အခဲရှိတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးမယ့်အကြောင်း
Status ရေးပေးခဲ့ပါတယ် ...


အဲဒီလိုရေးခဲ့ပြီး သုံးရက်အတွင်း ကျွန်တော့်ရဲ့ email ထဲကို Facebook အကောင့်ဖွင့်ပေးဖို့
ရောက်လာတဲ့စာပေါင်း ၃၂၀ ကျော်ရှိသွားပါတယ် ..

တတ်နိုင်သလောက်တော့ ဖွင့်ပေးနေပါတယ် ...

တစ်ရက်ကိုမှ အကောင့်သုံးခုလောက်ပဲ ဖွင့်နိုင်ပါတယ် ..

Facebook အကောင့်သစ်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားတဲ့ gmail တွေလည်း မနည်းမနောပါပဲ
အဲဒီတော့ ခက်ခက်ခဲခဲ အကျော်အခွတွေနဲ့ ဖွင့်ထားရတဲ့ gmail လေးမရှုံးအောင် နည်းလမ်းရှာရပါတယ်
အဲဒီမှာပဲ ဒီနည်းလေးက တော်တော် အသုံးဝင်တာတွေ့လိုက်ရပါတယ် ..

အချိန်တော့ နည်းနည်းကုန်တယ် ..
ဒါပေမယ့် gmail လုံးဝ မရှုံးတော့ပါဘူး

ဘယ်လိုလုပ်သလဲဆိုတော့ Facebook အကောင့်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားမယ့် gmail နေရာမှာ
ထိုးကျွေးဖို့ အလွယ်တကူလည်းရ Facebook ကလည်း လက်ခံတဲ့ email တွေထဲမှာ yahoomail နဲ့ hushmail နှစ်မျိုးကို
သွားတွေ့ပါတယ် ..
yahoomail က အကောင့်သစ်ဖွင့်တဲ့နေရာမှာ တော်တော်လေး ကြာတဲ့အတွက် hushmail နဲ့ စမ်းကြည့်တော့
အဆင်တော်တော်ပြေတာတွေ့ရတဲ့အတွက် hushmail နဲ့ပဲ အသုံးပြုလိုက်ပါတယ် ..
အရင်ဆုံး www.hushmail.com ကိုသွားပြီး အကောင့်သစ်ဖွင့်ပါတယ် .. ( ဘာဖုန်းနံပါတ်မှမလိုပဲ Facebook ကလက်ခံတဲ့ hushmail တစ်ခုကို အလွယ်တကူ ရရှိပါတယ်)
အဲဒီ hushmail ကို သုံးပြီး Facebook အကောင့်သစ်တစ်ခုကို ဖွင့်ပါတယ် ..
Security Check မိလို့ Facebook အကောင့် အဆင်မပြေခဲ့ရင်လည်း နောက်ထပ် hushmail အသစ်တစ်ခုကို အလွယ်တကူ ဖွင့်ယူပြီး နောက်ထပ် Facebook အကောင့်သစ်တစ်ခု ထပ်ဖွင့်ပြန်ပါတယ် ..  အဲဒီလိုဖွင့်ရင်း Facebook အကောင့်တစ်ခု အောင်အောင်မြင်မြင် ရသွားပြီဆိုတော့မှ အဲဒီရလာတဲ့ Facebook အကောင့်ရဲ့  Primary Email နေရာမှာ hushmail အစား ကိုယ့်မှာကြိုတင်ပြီး လုပ်ထားတဲ့ gmail ကို အစားထိုးပေးလိုက်ပါတယ်
ဒီတော့ Facebook အကောင့် ဘယ်လောက်ပျက်သွား ပျက်သွား gmail အကောင့်ရှုံးမှာ လုံးဝပူစရာမလိုတော့ဘူးပေါ့ ..
ဒီအတိုင်းပြောပြရင် အရှည်ကြီးဖြစ်နေမှာမို့ အောက်မှာ ဗွီဒီယိုလေးနဲ့ လုပ်ပြထားပါတယ် ...http://www.youtube.com/watch?v=ZTeug-Hr-d8&feature=youtu.be

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

အိုင်တီမုဆိုးရဲ့ ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်ခင်ဗျာ..

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား သယ်ဆောင်လာသည့် ကုန်ကား ၁၁ စီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိ

Monday, August 26, 2013

အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ ပါ ကုန်ကား ၁၁ စီး ဖမ်းမိ

ရန်ကုန်- ဓာတ်မြေသြဇာနှင့် ရောနှောတင်ဆောင်လာသော ကန့်သတ်ထားသည့် ဓာတုပစ္စည်းများဖြစ်သော အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား သယ်ဆောင်လာသည့် ကုန်ကား ၁၁ စီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဓာတ်မြေသြဇာနှင့် ရောနှောတင်လာသော အဆိုပါ ၁၂ ဘီး ကုန်တင်ကား ၁၁ စီးအား မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သုန်ခမ်း ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နေ့လယ်က ဖမ်းဆီးရမိသဖြင့် ယာဉ်မောင်း ၁၁ ဦးကို မူဆယ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အဆိုပါ အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

“ကား ၁၁ စီးနဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးစစ်ဆေးတာတော့ အတည်ပြုနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လို့ မရသေးပါဘူး”ဟု မူဆယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ(၈)ဖြင့် မူဆယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ဆေးနေသည်။ အမိုးနီးယား နိုက်ထရိတ်သည် ပေါက်ကွဲအား ပြင်းထန်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဓာတ်မြေသြဇာများတွင်လည်း ထည့်သွင်းအသုံးပြုပြီး အမိုးနီးယား ပမာဏများသော ဓာတ်မြေသြဇာများကို အသုံးပြုလာသောကြောင့် နိုင်ငံအစိုးရများက သုံးစွဲခွင့် ထိန်းချုပ်ထားသော ဓာတုပစ္စည်းဖြစ်သည်။

7Day News Journal

Thit Htoo Lwin - News

မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြား

မိုဘိုင်းလ် ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချမည်


အခြေခံ အဆောက်အဦများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်း ပြောကြားသည်။ “ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့် ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က တိုက်တွန်း ပြောကြားသည်။ ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။ လစဉ် မိုဘိုင်းလ် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေး စခန်းများ တည်ဆောက် တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။

 
Ref & Credit: The Voice Weekly

နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်

နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ် Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်
 သူမ၏ နောက်ကျောတွင် ရေးထိုးထားသော ဆေးမင်ကြောင်ကို အလွန်နှစ်သက် သဘောကျကြောင်း ချယ်ရီကိုးလ်က ဝန်ခံ ပြောကြားလိုက်သည်။ Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။ အဆိုပါ ဆေးမင်ကြောင်ကို ကိုယ်တိုင် ရေးထိုးပေးခဲ့သည့် နစ်ကို ဟာတာဒိုက ချယ်ရီ၏ ခန္ဓာကိုယ် အနောက်ပိုင်းတွင် ထည်ဝါနေသည့် အနုပညာ လက်ရာကို ဓာတ်ပုံရိုက်ကာ Instagramတွင် လွှင့်တင်ခဲ့သည်။ ယင်းအတွက် ချယ်ရီ၏ ပရိသတ်များ တအံ့တဩ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် Popဂီတ ကြယ်ပွင့်ကိုယ်တိုင်က ဆေးမင်ကြောင် ကိစ္စအပေါ် မှတ်ချက်ပေးလာခြင်း ဖြစ်သည်။

ယင်းကိစ္စကို စိတ်ဝင်တစား မေးမြန်းသည့် ပရိသတ် တစ်ဦးကို ချယ်ရီက Twitterတွင် ပြန်ကြားခဲ့ရာ "ကျွန်မ ဒီဆေးမင်ကြောင်ကို အပြီးသတ် ရေးထိုးဖို့ (၇)လ၊ (၈)လလောက် အချိန်ယူခဲ့ရတယ်။ တော်တော်ကြာတယ်လို့ ပြောရပါမယ်။ လုံးဝ အချောသတ် ပြီးစီးသွားတာတော့ မကြာသေးခင်ကမှပါ"ဟု ဝန်ခံခဲ့သည်။ သူမက ဆေးမင်ကြောင်ကို ရေးထိုးနေချိန်တွင် အချိန်အကြာဆုံး ထိုင်နိုင်ခဲ့သည်မှာ (၇)နာရီ၊ (၈)နာရီမျှထိ ရှိကြောင်းလည်း ဆိုသည်။ သူမက "ဒီဆေးမင်ကြောင်မှာ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်သတ်မှတ်ချက် တစ်ခုခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ အင်္ဂလိပ် နှင်းဆီတွေ ဆိုတာက ကျွန်မအကြိုက်ဆုံး ပန်းတွေလည်း ဖြစ်နေပြန်တယ်"ဟု ပြောကြားခဲ့သည်။ ချယ်ရီသည် ယခင်က သူမ၏ ခန္ဓာကိုယ် ဘယ်ဘက်အောက်ပိုင်းတွင် ရေးထိုးထားသည့် ဆေးမင်ကြောင် တစ်ခုကို ပြသဖူးသည်။ ယခုလက်ရာသစ်မှာမူ အဆိုပါ ဆေးမင်ကြောင် အဟောင်းကို ဆင့်ပွားချဲ့ထွင်ထားခြင်းဟုလည်း သိရှိရသည်။

Planet Myanmar Network

အရွယ်မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက် ရှုခင်းသာပတ် လမ်းတွင် နေထိုင်သော အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီးကားသမား သုံး ဦးဖြင့်ကာ မစပ်ယှက်ခိုင်းသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား သွေးဆောင်၍ အခကြေးငွေဖြင့် ကာမစပ်ယှက်ခိုင်းသူများအား အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ နှစ်ဦးအား
ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေ ထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်းတစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိအမျိုးသမီး
ငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲ ခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်
တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့ပို့ဆောင် ခဲ့ပြီး ယာဉ်မောင်းသုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေးထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဒီကနေ့မှာတော့ အေးဆေးငြိမ်သက်နေပေ မဲ့ ဒေသခံတွေက စိုးရိမ်နေကြဆဲြ

Monday, August 26, 2013

ကန့်ဘလူ အကြမ်းဖက်ဆူပူမှု အခြေအနေ ပြန်လည်တည်ငြိမ် https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1xd36vsdZOcP7lrUxdqqx7P0jf65jQyxYcIKoWR4Az_2H9eCyIsH86puEPXounvAcer7n78SPGp30phZgh-dezuRp13_Brzpbwy70xwfQhuPvn4i6GSE2qSOrzwmQ9nPKNUoZ0j6Ht4bG/s1600/15.jpg

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဒီကနေ့မှာတော့ အေးဆေးငြိမ်သက်နေပေ မဲ့ ဒေသခံတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ ဆိုရှယ်မီဒီယာတွေနဲ့ အခြား ရေးသားဟောပြောမှုတွေကနေ သွယ်ဝိုက်တဲ့နည်းနဲ့ လူမှုအဖွဲ့အစည်းအတွင်း သံသယနဲ့ အမုန်းတရားတွေ တိုးပွားစေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူက သုံးသပ်ပြီး၊ ဒီပဋိပက္ခတွေကို နည်းလမ်း ၃ မျိုးနဲ့ တားဆီးဆောင်ရွက်နေတယ် ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

အမျိုးသမီးတယောက်ကို ကာယအိနြေ္ဒ ပျက်ပြားအောင် ကျူးလွန်ခဲ့တာကနေ အစပြုပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ နေအိမ် ၄၄ လုံး မီးလောင်ခဲ့သလို ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်တယောက်နဲ့ အခြားတယောက် ဒဏ်ရာရခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မှာတော့ အခြေအနေက ငြိမ်သက်နေပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်နေဆဲဖြစ်ပါတယ်။

“အေးအေးဆေးဆေးပါပဲ။ အခြေအနေတွေက အခုထိတော့ရှင့်။ သက်သက်မယ့် လှုံ့ဆော်တာတွေ၊ ရွာဘက်က ဒီလိုမျိုး ဖြတ်သွားဖြတ်လာတွေ၊ ကြိမ်းမောင်းတာတွေ ဘာတွေတော့ ရှိပါတယ်ရှင့်။”

ဒါကတော့ ထန်းကုန်းရွာသူတဦး ပြောသွားတာပါ။ အခြား ထန်းကုန်းရွာသားတဦး ကလည်း လက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ထပ်မံဖြစ်မယ့် အနေအထားကတော့ သတင်းလေးတွေကတော့ နည်းနည်းတော့ ထွက်တာပေါ့ဗျာ။ သူတို့က ဟို မကျေနပ်ဘူးတို့၊ ဘာတို့ ဗလီကျောင်း မထိခိုက်ရတဲ့အတွက်လေ။ အဲ့ဒါကြောင့် သူတို့ မကျေနပ်ဘူးပေါ့ဗျာ။ နည်းနည်းလေးပဲ သတင်းထွက်တာပါ။ ကျနော်တို့ ရွာသားတွေကတော့ နည်းနည်း စိုးရိမ်နေရတာပေါ့။ ဒါပေမဲ့ လုံခြုံရေးကတော့ အခု အပြည့်ချထားတာပါ။ အခုကိစ္စတွေအားလုံးက သူတို့က ကြိုတင်ပြီးတော့ ပြင်ဆင်ပြီးတော့ လုပ်တာက ထင်ပေါ်နေတာပေါ့ဗျာ။”

ထန်းကုန်းရွာသားတွေကတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတခုက စည်းရုံးလှုံ့ဆော်တာလို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း ထန်းကုန်းရွာ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ  စည်းရုံးလှုံ့ဆော်တာတွေ ရှိနေကြောင်း သုံးသပ်ထားပါတယ်။

“လူ့အဖွဲ့အစည်းနှစ်ခုကြားမှာပေါ့နော် ဘာသာတစ်ခုနဲ့တစ်ခု တခြားဘာသာတစ်ခုမှာ အထင်အမြင် မှားအောင်မျိုး ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဆိုရှယ်မီဒီယာတွေ၊ နောက်တခြား ရေးသားဟောပြောမှုတွေကနေ သွယ်ဝိုက်တဲ့အနေနဲ့ အမုန်းတရားတွေ ပွားလာအောင် လုပ်နေတာတွေတော့ တွေ့နေရတာပေါ့နော်။ အဲ့လို တွေ့နေရတဲ့အခါကျတော့ လူတွေဆီမှာ သံသယတွေ များလာမယ်။ အမုန်းတရားတွေ ဖြစ်တဲ့အတွက် ယမ်းပုံကြီး စုသလို စုနေတာပေါ့။ အဲ့ဒီအပေါ်မှာ သာမန်ရာဇ၀တ်မှု တခုဆိုတဲ့ မီးပွားလေး သွားကျတဲ့အခါမှာ သူ့ဟာသူ နဂိုအတိုင်း တရားဥပဒေအရ လုပ်ရမယ့်ဟာကို လက်ခံရမယ့်အစား အရင်တုန်းက မြို့တွေမှာ ဖြစ်သလိုမျိုး ဒီအကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ ကျနော်တို့တော့ ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးက မင်းလှ၊ အုတ်ဖို၊ ရန်ကုန်တိုင်းဒေသကြီးက တိုက်ကြီး၊ ဥက္ကံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့တွေမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေကို နည်းလမ်းသုံးမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းနေတယ်လို့လည်း ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“ကျနော်တို့ကတော့ ၃ မျိုးနဲ့လုပ်နေတာပေါ့နော်။ ပထမတခုကတော့ ကြိုတင်ကာကွယ်နိုင်အောင်လို့ ကျနော်တို့ မြို့နယ်အဆင့်တွေ၊ နောက်ပြီးလို့ရှိရင် ရပ်ကျေးအဆင့်တွေမှာ ပဋိပက္ခ ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့တွေပေါ့နော်။ ဘာသာနှစ်ခုကြားမှာ ပြဿနာတခု ဖြစ်ပြီဆိုတာနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်း ဥပဒေနဲ့အညီ ဖြေရှင်းနိုင်အောင် ဆိုလိုတာကတော့ နားလည်မှု တည်ဆောက်မယ်။ ဒီဘာသာဝင်တခုကနေ နောက်ဘာသာဝင် တခုအပေါ် ပြစ်မှုကျူးလွန်တာရှိမယ်။ အဲ့ဒါကို ဥပဒေနည်းလမ်းအတိုင်းပဲ ဖြေရှင်းဖို့အတွက် ဒါမျိုးကို ၀ိုင်းဝန်းထိန်းသိမ်းပေးမယ့် ကိစ္စကို နည်းလမ်းတခု ကျနော်တို့ တည်ဆောက်နေတယ်။ ပြီးရင်တော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု ပိုပြီးတော့ လျှင်မြန်လာအောင် သူ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကျနော်တို့ လုပ်နေတယ်။ နံပါတ် ၃ ကတော့ ခုနလို ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ပြီးတော့မှ ထိထိရောက်ရောက် အရေးယူဖို့ကိစ္စ။ ဒီလို ၃ ခုနဲ့တော့ ကျနော်တို့ လုပ်နေတာရှိပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ မကြာခဏ ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခ ဆန်ဆန် အကြမ်းဖက်တာတွေ ပပျောက်ဖို့အတွက် အခုလို အကြံပြုထားပါတယ်။

“ဘာသာနှစ်ခုကြား အပြန်အလှန် နားလည်မှု တည်ဆောက်တဲ့ကိစ္စ ကျနော်တို့ အစိုးရက အမိန့်ပေးပြီး လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အားလုံးပါဝင်ဆောင်ရွက်ပြီး လုပ်ရမယ့်ကိစ္စဖြစ်တယ်။ နောက်တခုကတော့ လူတွေရှိနေတဲ့အတွက်ကြောင့် ရာဇ၀တ်မှုဆိုတာကတော့ ရှိနေမှာပဲ။ သို့သော် ရာဇ၀တ်တခုဖြစ်လာရင် အဲ့ဒီရာဇ၀တ်မှုကို ရာဇ၀တ်မှုအနေနဲ့ပဲ မြင်ဖို့ လိုတာပေါ့။ အဲ့ဒီ ရာဇ၀တ်မှုအနေနဲ့ မမြင်ဘဲနဲ့ ဘာသာရေး၊ လူမျိုးရေး ပုံစံခွက်ထဲမှာ သွင်းပြီးတော့ တုံ့ပြန်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ကော နောက်တခါ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကော ထိခိုက်နိုင်တာပေါ့။ ဒါတွေအားလုံးတော့ ကျနော်တို့ ၀ိုင်းထိန်းပေးဖို့ လိုတယ်လို့ပဲ ကျနော်တို့က မေတ္တာရပ်ခံစေချင်ပါတယ်။ နောက်တခါ မီဒီယာတွေအနေနဲ့လည်း ဒီအချက်တွေကို များများ ပြည်သူတွေကို ကြေညာပေးစေချင်တာပေါ့။”

ပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန်မှာတော့ ထန်းကုန်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်သာရှိခဲ့ပြီး၊ နောက်ပိုင်း ရွှေဘိုခရိုင်နဲ့ ကန့်ဘလူမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်တင်းပြီး ထိန်းသိမ်းခဲ့ရပါတယ်။ လောလောဆယ်မှာ အမျိုးသမီးအပေါ် ပြစ်မှုကျူးလွန် တယ်လို့ သံသယရှိသူ  ၁ ဦးနဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆသူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ကိုမိုးဇော် (ဗွီအိုအေ)

Thit Htoo Lwin - News

ပမာဏအများဆုံး ဖမ်းဆီးနိုင်မူအဖြစ် ကလေးမြို့တွင် သြဂုတ် ၂၄ ရက် ညက စိတ်ကြွရူးသွပ်ဆေးပြား သန်းချီ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ

Monday, August 26, 2013

ကလေးမြို့တွင် ဆူဒိုအက်ဖီဒရင်းဆေးပြား တစ်သန်းခွဲကျော် ဖမ်းမိ

ရန်ကုန်- ကလေးနှင့် တမူးခရိုင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က စစ်ဆေးအရေးယူပြီးသည့်နောက် ပမာဏအများဆုံး ဖမ်းဆီးနိုင်မူအဖြစ် ကလေးမြို့တွင် သြဂုတ် ၂၄ ရက် ညက စိတ်ကြွရူးသွပ်ဆေးပြား သန်းချီ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညက ကလေးမြို့မှ ထူးဆီဆိုင်ပိုင် ဆီဘောက်ဆာကားပေါ်ရှိ ပီပါအလွတ်ထဲတွင် ကာလတန်ဖိုးကျပ် သိန်းတစ်ထောင့်ငါးရာကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား တစ်သန်းငါးသိန်းလေးထောင်ကို အထုပ်ခုနစ်ထုပ်ခွဲ၍ သယ်ဆောင်လာစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ခိုင်မာတဲ့သတင်းရလို့ တမူး-ကလေး ကားလမ်းပေါ်မှာ စောင့်ပြီးဖမ်းတာပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စစ်ဆေးချက်အရ ဆေးပြားတွေသယ်ခိုင်းတဲ့ လုပ်ငန်းရှင်နှစ်ယောက်ကိုပါ အမှုဖွင့်ထားပြီး တစ်ယောက်ကိုတော့ ညတွင်းချင်း ထိန်းသိမ်းလိုက်နိုင်ပါတယ်”ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဆီတင်ဘောက်ဆာကားကို မောင်းနှင်လာသူ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်အပြင် တမူးမြို့မှ ဦးညီညီအောင်ဆိုသူကိုပါ ဖမ်းဆီးထိန်းသိမ်းထားပြီး ကလေးမြို့မှ ဦးမင်းလွင်ဆိုသူကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါအမှုကို ကလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်လှခိုင်က တရားလိုပြုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ ဖြင့် အမှုဖွင့်ကာ ကလေးမြို့မရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ကလေးနှင့် တမူးခရိုင်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲချုပ် ဦးဆောင်ကာ ၂၀၁၃ ဇွန် ၁၅ မှ ဇူလိုင် ၁၅ ရက်အထိ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းစီမံချက်နောက်ပိုင်း ပမာဏအများဆုံး ဖမ်းဆီးရမိမှုအဖြစ် သြဂုတ်လဆန်းပိုင်းက ကျပ်သိန်း ၆၆၀ ကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးနိုင်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

Thit Htoo Lwin - Crime

ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့

နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ် အထက ၅ တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက  ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သည်။




လဆန်းပိုင်းက ရန်ကုန်တွင် ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အစီအစဉ်သို့ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူ အများအပြား တက်ရောက်ကြသည် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)


ထိုသို့ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး  တက္ကသိုလ် ဆရာ/ဆရာမများ အသင်း (ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ) က တနင်္လာနေ့တွင်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။

ယင်း ကြေညာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကိစ္စရပ်အား အပြည့်အ၀ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဖြစ်စဉ်တရပ်လုံးအား ပုဂ္ဂိုလ်ရေး အာဃာတ၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်သုံးသပ်ရန်၊ အများပြည်သူမား ယနေ့မှ စ၍ ၁၅ ရက်အတွင်း ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပြန်လည် ရှင်းလင်းချက် ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့် အညီ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြောလည်အောင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း စသည့်အချက်များပါဝင်သည်။

တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ ကြေညာချက်

ဆက်စပ်သတင်း -
၈လေးလုံး ငွေရတု တက်သည့် ဆရာမအား ထုတ်ပယ်သဖြင့် ပညာရေး ဝန်ကြီးဌာန ရှုတ်ချခံရ
http://burma.irrawaddy.org/archives/47042

Android သမားတွေ Youtube ကနေ ဗွီဒီယိုဖိုင်ကို ဒေါင်းရာမှာ ဒီကောင်က လွယ်ကူမြန်ဆန်TubeMate YouTube Downloader v1.05.55build 336

Android နဲ့ Youtube ကဒေါင်းရာမှာ အကောင်းဆုံး TubeMate YouTube Downloader v1.05.55build 336


TubeMate YouTube Downloader v1.05.55build 336 က ဒီနေ့ထွက်လာတဲ့ ဗားရှင်းသစ်ပါ.. Android သမားတွေ Youtube ကနေ ဗွီဒီယိုဖိုင်ကို ဒေါင်းရာမှာ ဒီကောင်က လွယ်ကူမြန်ဆန်ပြီး သိပ်ကောင်းတယ်ဗျ.. Search မှာ ကိုယ်လိုချင်တဲ့ နာမည်ကိုရိုက်ထည့်ပြီးရှာ.. ဒေါင်းချင်တာကို တစ်ချက်ရွေး.. Download ဆိုတာကိုနှိပ်.. ဗွီဒီယိုအရည်အသွေးမှာရွေးပြီးရင် ဒေါင်းနိုင်ပါပြီ.. Connection မကောင်းရင်တောင် ဒေါင်းလို့ရနေတာကိုတွေ့ရပါတယ်.. လိုချင်တဲ့ ဘော်ဘော်များ အောက်မှာယူလို့ရပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ပန်းတနော်ဖြစ်စဉ် အမှန်

Hlaing Myint and Ko Htwe shared Way Min's photo.
ပန်းတနော်ဖြစ်စဉ် အမှန်

ပန်းတနော်မှာဒီနေ.ဗုဒ္ဓဘာသာနေ. ဖြစ်တဲ့အတွက် (၉၆၉)တရာခွေများကိုဗုဒ္ဓဘာသာ အိမ်အတော်များများ နာကြားကြပါတယ်။
အဲဒီလိုနာကြားကြတဲ့အချိန်မှာ ပန်းတနော်မြို. အနောက်ပိုင်းရပ်ကွက် ရေလှည်းလမ်း မှ ဗုဒ္ဓဘာသာအိမ်များလဲပါဝင်ပါတယ်။
( M မီဒီယာ တွင်ဖော်ပြထားသော (၉)ရပ်ကွက်ဆိုတာ မရှိပါ ။ပန်းတနော်တွင် ရပ်ကွက်(၃)ခုသာရှိပါတယ်)
ဒီလိုဖွင့်နေစဉ်မှာပဲ ဗုဒ္ဓဘာသာအိမ်နှင့်နီးသည့် အစ္စလာမ်ဘာသာဝင်မိသားစုအိမ်မှ အစ္စလာမ်ဘာသာဝင် အောင်နိုင်ဦး(ခ)ကာစင် ၏ ဇနီးဖြစ်သူ နှင်းမီုးခိုင် (ခ)မမွန်းသက် ( မူလ ကရင်လူမျိုး ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို.ကူးပြောင်းထားသူ) မှ မိမိအင်္ဂါစပ်နှင့် နှိုင်းကာ ++ တရားတွေ ++သီချင်းတွေ ဆိုပြီး အော်ဟစ်ပြောဆိုကာ ကုလားသီချင်းအား ဘေးအိမ်များမခံနိုင်အောင်အာင်ဖွင့်ပါတယ်။
(ယင်း အစ္စလာမ်ဘာသာဝင်မိသားစုမှာ ပန်းတနော်နယ်ခံများမဟုတ်ကြပဲ လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်လောက်တွင် ဆင်းဆင်းရဲရဲဖြင့် လာရောက်စီးပွာရှာသူများဖြစ်ပြီးနောင်ရိုးလက္ဘက်ရည်ဆိုင်ရှေ.တွင် နာရီများရောင်းချနေရင်း အဆင်ပြေကာ မြေ၀ယ်အိမ်ဆောက်ခဲ့သူများဖြစ်သည်)
ထို.ကြောင့် နယ်ခံ ဗုဒ္ဓဘာသာများမှ မိမိတို.ဘာသာတရာကို ရိုင်းစိုင်းစွာ မဆဲဆိုရန်ပြောဆိုသည်ကိုလက်မခံပဲ ဆက်လက်ရိုင်းစိုင်းနေခြင်းကြောင့် အနီးအနားမှ ဗုဒ္ဓဘာသာအိမ်များကပါ ပါဝင်လာကြပြီး ၀ိုင်းဝန်း အချေအတင်ပြောဆိုနေစဉ် ပန်းတနော်မြို.နယ်ရဲတပ်ဖွဲ.၀င်များ ရပ်ကွက်ကောင်စီဝင်များ အရန်မီးသတ်သတ်ဖွဲ.၀င်များ ပန်းတနော်မြို. အစ္စလာမ်ဘာသာဝင် ဗလီဂေါပကများဖြစ်သော ကိုဝင်းနိုင် /ကိုရဲမြင့် စသည့် လူကြီးများရောက်ရှိလာကြပြီး ထိုကဲ့သို. မပြုမူရန်နှင့် ပန်းတနော်မြို.တွင် ဘာသာဝင်များ အေးချမ်းစွာအတူရှိလာကြတာကြာပြီဖြစ်ကြောင်း ယင်းသို.ဖြစ်ရပ်များကို ပန်းတနော် မြို.ခံ အစ္စလာမ်ဘာသာဝင်များမှလဲလက်မခံကြောင်း ယင်းမိသားစုများအား ပန်းတနော်တွင် ဆက်လက်ထားရှိပါက မြို.ခံ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှု.နှင့်အတူမလိုလားအပ်သည့် ပဋိက္ခများမဖြစ်ပွားစေရန် ပန်းတနော်မြို. အစ္စလာမ်ဘာသာ ဗလီ ဂေါပက ကိုဝင်းနိုင် /ကိုရဲမြင့်နှင့် မော်လ၀ီဆရာ တို.မှ ယင်းမိသားစုကို ပန်းတနော်မြို.မှ ထွက်သွားစေရန် ပြောဆိုခဲ့ပြီး သက်ဆိုင်ရာများနှင့်ညှိနှိုင်းကာ ယင်းတို.နေထိုင်ခဲ့သည့်အိမ်ကို ဖြိုချခဲ့ပါတယ်။ ( အိမ်အားဖြိုချစဉ်တွင် အစ္စလာမ်ဘာသာဝင်များသာဖြစ်ပါတယ်) ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုချက်ကြောင့် ဖြိုချခဲ့သည်မဟုတ်ပဲ ဗလီဂေါပက လူကြီးများ၏တောင်းဆိုမှု. တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကြောင့်သာဖြစ်သည်။

လက်ရှိအခြေအနေသည်အေးချမ်းစွာတည်ရှိနေပြီဖြစ်သည်။

(အထက်ပါအချက်အလက်များအား အခင်းဖြစ်ပွားရာရပ်ကွက်မှ ပန်းတနော်မြို.ခံ များနှင့် တာဝန်ရှိသူအချို. တို.မှ ရရှိသော သတင်းအချက်အလက်များဖြစ်သည်)

ပန်းတနော်မှာ အိမ်ခြေ ( 3000 ) ထက်မနည်းရှိတယ်
ပန်းတနော်မှာ ရပ်ကွက် (၃)ခုပဲရှိတယ် ( ၉ရပ်ကွက်ဆိုတာမရှိဘူး
ပန်းတနော်မှာ ဘုရင့်နောင် လမ်း အနောက်ပိုင်းရပ်ကွက် မှာအစ္စလာမ်ဘာသာဝင်တွေအိမ်ခြေ (၃၀၀) မပြည့်ပါ ဗလီအနီးဝန်းကျင်တွင် အနေများပါတယ်။
မြို.မှာ ဗလီ တစ်လုံးပဲရှိတယ် အာရဗီစာသင်ကျောင်းကတော့ ဗလီနဲ.ကပ်ရပ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
ပန်းတနော်မှာ အစ္စလာမ်ဘာသာဝင် တကယ့် ဆိုင်ကြီးတွေ ရှိပါတယ် (ပြောပြရမလား ဆိုင်နာမည်တွေ) လက်လုပ်လက်စားနည်းပါတယ် ။ လယ်သမားနည်းပါတယ် အရောင်းအ၀ယ်သမားများပါတယ်။ အစိုးရ၀န်ထမ်းလဲအနည်းငယ်ရှိပါတယ် ။

(ဝေမင်း)

M-Media ရေ မင်းတို.ပြောတဲ့အိမ်ခြေ (၅၀၀) ပဲရှိတယ်ဆိုတဲ့ ပန်းတနော်မြို.ကို သေချာ Google Map မှာသေသေချာချာ ဖွင့်ပြီး လိုက်ရေကြည့်ကြပေါ့ကွာ.ဒီမြေပုံကိုကြည့်တာနဲ. အခင်းဖြစ်တဲ့နေရာလမ်း နဲ.အစ္စလာမ်ဘာသာဝင်တွေနေတဲ့ရပ်ကွက် ၊ သူတို.စီးပွားရှာတဲ့ဆိုင်ကြီး တွေ ၊ ဗလီ နဲ.အာရဗီ စာသင်ကျောင်း နေရာတွေကို ပြောပြလို.ရတယ်ဆိုတာသိထားကြ။