This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 1, 2014

ပရိသတ်တွေကို မင်တက်သွားစေတဲ့ ဂျေလို.....................................



Posted by: Ko Myo on Tuesday, July 01, 2014 Categories:
ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ် ( ဂျေလို) ကတော့ ပုရိသတို့ အသည်းစွဲ မိုင်လေ ဆိုင်းရပ်စ် ထက် သာသွားပြီ ထင်ပါတယ်။


ဓာတ်ပုံ- ဂျေလိုစာမျက်နှာ

အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ဂျေလိုဟာ ဖျော်ဖြေပွဲတခုမှာ ဆယ်ကျော်သက်တွေတောင် မင်တက်သွားစေ တဲ့ သူ့ရဲ့ အဝတ်အစားနဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေက အထူးအားပေးခဲ့ကြပါတယ်။

လောလောဆယ် တကိုယ်တည်းသမားဖြစ်နေတဲ့ ဂျေလိုဟာ သူ့ခန္ဓာကို အလှတွေကို ပရိသတ်တွေကို သိသိသာသာ မြင်ခွင့် ပေးခဲ့ပြီး ဖျော်ဖြေပွဲက သူ့ရဲ့ ဟန်ပန်တွေကို ဖော်ပြပေးလိုက်ပါတယ်။


























အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဘွက်ကီး ပေါက်ဈေးနုန်းများနှင့် ဂိုးစဂိုးများ1.7.2014

ဇတ်ကြမ်း
10:30Argentina1=&3+60
2:30Belgium1+95&2-35




မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဒီနည်းလမ်းတွေက ကူညီပေးနိုင် .........................

Posted by: Ko Myo on Monday, June 30, 2014 Categories:

မေသော် on 2014-06-30 16:30

သင်က မနက်ပိုင်း စောစော ထတတ်တဲ့သူ ဖြစ်ရင်တောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ် တဲ့သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က မနက်ပိုင်း လေ့ကျင့်ခန်း လေးလုပ်၊ ပေါ့ပေါ့ပါးပါး ရုံးသွား၊ အလုပ်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ခုပြောပြ ပေးမယ့် နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင် ပါလိမ့်မယ်။

၁။အထုပ်အပိုး ပြင်ထားပါ။

ညနေအလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ GYM ကစားတဲ့အခါ ယူသွားမယ့် အိတ်ထဲကို အရင်ဝတ်နေကျ အားကစားဝတ်စုံ အဟောင်းတွေ ဖယ်ပြီး အသစ်တစ်စုံ ထည့်ထားလိုက်ပါ။ မနက်ကို အရမ်းစောစောထ ပြင်ဆင်ဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့။

၂။ဘယ်သူ့ အကူအညီမှ မပါပဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။

နှိုးစက်နာရီရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ လူတစ်ယောက် အတွက် အခက်ခဲဆုံး အပိုင်းက မနက်ထရတာပါပဲ။ အိပ်ယာကနိုးပြီ၊ ထနိုင်ပြီဆိုလို့ကတော့ လေ့ကျင့်ခန်း လုပ်ရတာ ဒီလောက်ကြီး ပင်ပန်းခက်ခဲတာ မဟုတ်ပါဘူး။ အဓိကက အိပ်ယာထနိုင်အောင် လုပ်ပါ။

၃။ရင်ပြည့်ရင်ခံစေမယ့် အစားအစာတွေ အများကြီး မစားပါနဲ့။

လေ့ကျင့်ခန်း မလုပ်ခင် စားတဲ့ မနက်စာဟာ အများကြိး မဖြစ်သင့်ပါဘူး။ အဲ့ဒီလို အများကြီးစားပြီး လေ့ကျင့်ခန်းလုပ်ရင် ဖျားတတ်တယ်ဆိုတာ သိထားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးမှ ဗိုက်ပြည့်အောင် စားပါ။

၎။ညက သောက်တာများသွားရင် မနက် ရေများများသောက်ပေးပါ။

မနေ့ညက ၀ိုင်သောက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေ ဆုံလို့ အရက်၊ ဗော်ကာ စတာတွေ သောက်မိထားတာကြောင့် မနက်ပိုင်း ခေါင်းမကြည်ဘူးဆိုရင် ရေများများသောက်ပေးပါ။

၅။မနက်စောစော အိပ်ယာထထားတာမို့ ညပိုင်း နောက်ကျတဲ့အထိ မနေပါနဲ့။

ပုံမှန် အချိန်ဇယားလေးတစ်ခု ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်း၊ နည်း လမ်းတွေကို လိုက်နာပါ။ မနက်စောစောထားပြီး လေ့ကျင့်ခန်းလုပ်ထားတာမို့ အဲ့ဒီညကို စောစောအိပ် ပေးဖို့ လိုပါတယ်။ ပုံမှန်အိပ်ချိန် သတ်မှတ်ပါ။

၆။GYM ဆော့တဲ့နေရာမှာ သူငယ်ချင်း ရှာထားပါ။

ကိုယ်က GYM သွားဖို့ ပျင်းနေရင်တောင် သူငယ်ချင်းနဲ့ ချိန်းထားပြီးသားမို့ မဖြစ်မနေ သွားဖြစ်သွားပါလိမ့် မယ်။ သူနဲ့အတူ လေ့ကျင့်ခန်းလုပ်တာ ပျော်စရာကောင်းမှန်း သိလာပါလိမ့်မယ်။ ကိုယ်မလာချင်ဘူး ဆိုရင်တောင် သူကဖုန်းဆက်ပြီး ခေါ်တာမို့ သွားဖြစ်သွားပါလိမ့်မယ်။

၇။ဘယ်ရက်မှ ဘယ်လောက် ၀ိတ်ကျရမယ်ဆိုပြီး ရက်စွဲနဲ့ သတ်မှတ်ပြီးကစားပါ။

ဘယ်နေ့ရောက်ရင်တော့ ငါဘယ်နှစ်ပေါင် ၀ိတ်ကျနေပြီးသားဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ ကစားပါ။ ဒါဆို အဆင်ပြေလာပါလိမ့်မယ်။


Ref:womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မိန်းမတို့ မှဲ့ အဟော ........................

Posted by: Ko Myo on Monday, June 30, 2014 Categories:


(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်း ရှိလျှင် ဂုဏ်ဓနနှင့် ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီး သော် ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိ ကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက် ကောင်း များကို အထူးကြိုက်နှစ်သက် သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ် တတ်ပါသည် တဖက်သားပြောလာသည့် စကားကိုမစဉ်းစားဘဲ အယုံလွယ် တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စား သောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏ အလယ်ဗဟို တည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ် တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်း သော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သ တည်း။
မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အရက်နာမကျအောင် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ ....................

Posted by: Ko Myo on Monday, June 30, 2014 Categories:


ယမကာ လုင်များအတွက် သတင်းကောင်းလေးပါ။

(၁) ကဖိန်းဓာတ် ရှောင်ပါ။ ကဖိန်းဓာတ်ပါသော အရည်များက ရေဓာတ်ခမ်းခြောက်စေလို့  အရက် သောက်နေစဉ် ကဖိန်းဓာတ် ကြွယ်ဝသော ကော်ဖီ နှင့် အချိုရည်များကို ရှောင်ပါ။

(၂) ဗီတာမင်အာဆေး ဆောင်ပါ။ ဗီတာမင်ဆေးဝါးများက အရက်နာကျခြင်း ကင်းဝေးစေလို့ ၊ အရက်မ သောက်ခင် တစ်ရက်ကြို တင်၍ ဗီတာမင်အားဆေး တစ်ပြားမှီဝဲပါ (သို့ မဟုတ်) အရက်သောက်ပြီး နံက် အိပ်ယာနိုးတဲ့အခါ ဗီတာမင်အားဆေး တစ်ပြား သောက်ပါ။

(၃) အက်စ်ပရင်ဆေးပြား ဆောင်ပါ။ အရက်သောက်ပြီးနောက် အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား (၂)ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့် သောက်ပါ။ နောက်တစ်နေ့ နံက် အရက်နာကျခြင်း ကင်းဝေးပြီး၊ ခေါင်းကိုက် မဖြစ်စေတော့ပါဘူး။

(၄) ဗီတာမင်ဘီ ဆောင်ပါ။ ဗီတာမင်ဘီကလည်း အရက်နာကျခြင်းကို ပျောက်ကင်းစေလို့  မှီဝဲသင့်တဲ့ ဆေးပြားလေးပါဘဲ။

(၅) သခွားသီး ဆားရည်စိမ် စားပါ။ အရက်သောက်စဉ် ခန္ဓာကိုယ်ထဲ ဆားနှင့် အရည်ဓာတ် လုံလောက် နေမှသာ အရက်နာမကျစေ နိုင်ပါ။ ထို့ ကြောင့် အရက်မသောက်ခင် သခွားသီးဆားရည် စိမ်စားပေးပါ။

(၆) အာလူးကြော် စားပါ။ အာလူးကြော်ရဲ့  ကစီဓာတ် အဆီအနှစ်များက အစာအိမ်ထဲရှိ အယ်လ်ကိုဟော ကို စုပ်ယူပစ်နိုင်စွမ်းရှိလို့  ၊အရက်နာကျခြင်း မဖြစ်စေတော့ပါ။

(၇) အရက်စုံ ရောနှောသောက်ခြင်း ရှောင်ပါ။ ဥပမာ ၀ိုင်သောက်နေသူက ၀ိုင်တစ်မျိုးတည်းကိုသာ သောက်ပါ။ အကယ်၍ အရက်စုံ ရောနှောသောက်ခြင်းက အာနိသင်ပမာဏ အတိုင်းအဆမ သိနိုင်တော့ ဘဲ အရက်နာကျခြင်းကိုဦးတည်လာစေပါတယ်။

(၈) လိမ္မော်သီး (သို့ ) လိမ္မော်ရည် သောက်ပါ။ အထူးသဖြင့် ဖရူးတို့ စ်ဓာတ်ပါရှိသော လိမ္မော်သီးက ခန္ဓာကိုယ်ထဲရှိ အဆိပ်အ တောက်ကိုပြေစေပြီး၊ ခွန်းအားပြည့်ဝ လာစေပါတယ်။

(၉) သံလွင်ဆီ စားပါ။ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းသောက်ခြင်း(သို့ မဟုတ်)သံလွင်ဆီ ပါသော ဟင်းရွက် သုပ်စားခြင်းက အရက်နာကျ လုံးဝ မခံစားရစေပါဘူး။

(၁၀) နွားနို့  သောက်ပါ။ နွားနို့ က အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ညအလွန်အကျွံသောက်ပြီး နောက်၊ နံက်အိပ်ယာထ နွားနို့ တစ်ခွက် သောက်ပေးခြင်းဖြင့် အရက်နာကျ သက်သာစေသလို၊ ဗိုက် လည်း မအောင့်စေတော့ပါ။

(၁၁) ရေ သောက်ပါ။ အရက်သောက်နေစဉ် ရေ ၁-ဖန်ခွက်သောက်ဖို့ မမေ့ပါနဲ့ ။ ထို့ ပြင် အရက် သောက်ပြီးနောက် ညအိပ်ယာ ၀င်ခါနီး သောက်ရေ ၂-ခွက် ထပ်သောက်ပေးပါ။

(၁၂) ဌက်ပျောသီး စားပါ။ ဌက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်က အရက်နာကျခြင်းကို ဓာတ်ပြယ်စေ လို့  နံက်အိပ်ယာထမှာ ဌက်ပျောသီး ၁-လုံးစားပေးပါ။

(၁၃) ကြက်ဥ စားပါ။ ကြက်ဥထဲရှိ သဘာဝ cysteine ဓာတ်က အရက်နာကျခြင်းကိုဖြစ်စေတဲ့ acetaldehyde (ခေါ်) အရောင်မဲ့ အငွေ့ ပျံသော အဆိပ်ရည်ကို ဖြိုခွဲပေးနိုင်လို့  နံက်အိပ်ယာထ ကြက်ဥ စားပေးပါ။

(၁၄) ပျားရည်စစ်စစ် သောက်ပါ။ အရက်သောက်ပြီးနောက် ပျားရည်ကို ရေနွေးလေးဖြင့် ဖျော်သောက် ခြင်းက အရက်နာကျခြင်းကို ယူပစ်သလိုပျောက်ကင်းစေပြီး၊ နံက်အိပ်ယာထ လန်းဆန်း လာပါလိမ့်မယ်။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

(ကိုးကား။ Best Remedy for Hang Over)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)