This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 21, 2013

ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ


ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

20.3.2013

ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဟောင်ကောင်
ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်
ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့ ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ်ကြွ
ချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။

ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ရောက်
ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး သုတ်တော်
များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ အဆိုပါ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာအမြင့်
ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ်
သည်။
ယခုလို အပူဇော်ခံကြွချီမှုတွင်လူပေါင်း၃သိန်းခန့်လာရောက်ဖူးမြော်နိုင်ကြောင်း
လည်း ခန့်မှန်းထားကာ ပြည်မကြီးမှ ခရီးသွား ဧည့်သည်များမှလည်း လက်
မှတ်ပေါင်း ၂သောင်းကျော် ကြိုတင် မှာကြားထားပြီး ဖြစ်သည်ဟု xinhua သတင်းတွင် ဖော်ပြခဲ့သည်။
PALAUNG NATIONAL SOCIETY - JAPAN
Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> Shan News<< Thank



ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုးဓါတ်တော်မှာဗုဒ္ဓဟူးနေ့က ဟောင်ကောင်ကျွန်းတွင်ပထမဆုံး အကြိမ်အဖြစ်
လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆို
ပါ အပူဇော် ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့ ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ်ကြွ ချီ အပူဇော်ခံ
ခြင်းလည်း ဖြစ်သည်။
ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ရောက် ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံ
တကာ လေဆိပ်တွင်သံဃာများ ခြံရံပြီးသုတ်တော်များရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ အဆိုပါ ဓါတ်တော်ကြုတ်
ကို ၁.၂၈ မီတာအမြင့် ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်
ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ် သည်။

ယခုလို အပူဇော်ခံကြွချီမှုတွင်လူပေါင်း၃သိန်းခန့်လာရောက်ဖူးမြော်နိုင်ကြောင်းလည်းခန့်မှန်းထားကာ ပြည်
မကြီးမှ ခရီးသွား ဧည့်သည်များမှလည်းလက် မှတ်ပေါင်း၂သောင်းကျော် ကြိုတင် မှာကြားထားပြီး ဖြစ်သည်
ဟု xinhua သတင်းတွင် ဖော်ပြခဲ့သည်။

PALAUNG NATIONAL SOCIETY - JAPAN
Shan News,Rangonnewsdaily

ခန္ဓာကိုယ်ရဲ့ အဆီပိုတွေဖယ်ရှားပေးနိုင်မည့် နည်းလမ်းများ ....



သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါ နည်းလမ်းတွေ ကို လိုက်နာကျင့်သုံးလိုက်ပါ။

၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာ အတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။


(၂) ကုလားပဲ စားပါ
ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှု ကို ဖြစ်စေပါ တယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေ တယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ
စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ
မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ
အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေ ကို လောင်ကျွမ်းစေနိုင် တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ
ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ
တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ
ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ
ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုး စားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှု တစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


Ref - Good Health

ဒီApp ထဲမှာ တိရိစ္ဆာန် ပေါင်းစုံရဲ့ အသံပါရှိပါတယ် ကြောင်သံကပိုများတာပေါ့ဗျာ ကြောင်ပိုင်ရှင်တွေ အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်

Human-to-Cat Translator Deluxe v1.0.0 Apk 14MB

အိမ်မှာ ကြောင်မွေးထားတဲ့ သူငယ်ချင်းတွေအတွက် 
ဒီApp ထဲမှာ တိရိစ္ဆာန် ပေါင်းစုံရဲ့ အသံပါရှိပါတယ် ကြောင်သံကပိုများတာပေါ့ဗျာ 
ကြောင်ပိုင်ရှင်တွေ အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ် အောက်ကပုံတွေကြည့်ကြည့်ပါ
မှာလေ့လာပြီးကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
 Download>>>mirrorupload (or)zippyshare (or)sharebeast


မလေးရှား-ရန်ကုန်-မန္တလေး ဆက်တိုက်ပျံသန်းနိုင်ပြီ - ရွှေလူငယ်


 Call 0124468842 
မင်္ဂလာပါ

မလေးရှား ရွှေလူငယ် Online Ticket Centre မှ

ယနေ့ မလေးရှား-ရန်ကုန်-မန္တလေး Connection Flight ကို စတင်စီစဉ်ပေးပြီဖြစ်သည်။

လက်မှတ်ပရိုမိုးရှင်း ရက်အဖြစ် 24.3.2013 အထိ ရောင်းချမည်ဖြစ်ပြီး
ဈေးနှုန်းသတ်မှတ်ချက် နှင့် ပျံသန်းနိုင်မည့် ရက်များမှာ အောက်ပါအတိုင်းဖြစ်သည် ။

မေလ 1 ရက်နေ့ 2013 မှ စက်တင်ဘာ 31 အတွင်း
KUL-YGN-MDY ကွာလာလမ်ပူ-ရန်ကုန်-မန္တလေး ကို 
ရင်းဂစ် 400.00 RM တိတိ ဖြင့်လည်းကောင်း..

မေလ 1 ရက်နေ့ 2013 မှ စက်တင်ဘာ 31 အတွင်း
မလေးရှား-ရန်ကုန်-မလေးရှား Round trip (သွားပြန်လက်မှတ်) ကို
ရင်းဂစ် 180.00 RM တိတိဖြင့်လည်းကောင်း


မေလ 1 ရက်နေ့ 2013 မှ စက်တင်ဘာလ 31 အတွင်း
ရန်ကုန်-မလေးရှား-ရန်ကုန် Round Trip (သွားပြန်လက်မှတ်)ကို
USD - 86.00 USD(အမေရိကန်ဒေါ်လာပေါက်ဈေးအတိုင်းမြန်မာငွေဖြင့်တွက်ဝယ်နိုင်သည်)


မေလ 1 ရက်နေ့မှ ဇွန်လ 30 အထိ 
မလေးရှားပြည်တွင်း လက်မှတ်များအဖြင့်

KUL-PNG ကွာလာလမ်ပူ- ပီနန်း တစ်ကြောင်းကို
ရင်းဂစ် 55.00 RM တိတိဖြင့်လည်းကောင်း

KUL-JOH ကွာလာလမ်ပူ-ဂျိုဟိုး တစ်ကြောင်းကို
ရင်းဂစ် 55.00 RM တိတိဖြင့်လည်းကောင်း

KUL-LAN ကွာလာလမ်ပူ- လန်ကာဝီ တစ်ကြောင်းကို
ရင်းဂစ် 65.00 RM တိတိ ဖြင့်လည်းကောင်း

စတင်ရောင်းချပေးနေပြီဖြစ်သည် ။

မလေးရှားရောက်မြန်မာများသာမက နိုင်ငံတကာရောက်မြန်မာများအတွက်သာ အထက်ပါဈေးနှုန်းဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည် ။ အကယ်၍ အခြားနိုင်ငံများမှ မြန်မာများအနေဖြင့် မလေးရှားတွင် Transit လုပ်ပြီး ပရိုမိုးရှင်းလက်မှတ်ဖြင့် ပျံသန်းမည်ဆိုပါက သက်ဆိုင်ရာ မလေးရှားသံရုံးများတွင် ဗီဇာလျှောက်ထားရမည်ဖြစ်သည် ။

ရွှေလူငယ်ဝန်ဆောင်မှု့မှ ရောင်းချသည့် လက်မှတ်တိုင်းတွင် သက်ဆိုင်ရာလေကြောင်းများ၏ ငွေပြေစာဖြတ်ပိုင်း နှင့်အတူ Check-In လက်မှတ်ထုတ်ပေးသည်အထိ ဖြစ်သည်။ ရွှေလူငယ် လက်မှတ်ရောင်းချပေးသူတိုင်းသည် အထက်ပါဈေးနှုန်းများအတိုင်းသာ ရောင်းချပေးမည်ဖြစ်ပါသည် ။

Phone 
Malaysia  - +6 0124468842
Myanmar - +951 1220394 , 095171204

ရွှေလူငယ် အွန်လိုင်းလက်မှတ်ဝန်ဆောင်မှု့ မြန်မာပြည်လိပ်စာ..
VLINK TRAVEL & TOUR CO LTD.
အမှတ် 103 ၊ ပထမထပ် ၊ ရွှေလိပ်ပြာ Apartment Block -1 ၊
အောက်ကြည့်မြင်တိုင်လမ်း ၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန် ။

Office(Yangon) - 1220394
ဦးမင်း      - 09450008945
ကိုအောင် - 09420009438
ကိုတူး      -    095170410
ကိုလင်း    -    095171204


FLY FROM KUALA LUMPUR
KUALA LUMPUR - YANGON - 97.00 RM (One Way)
YANGON - KUALA LUMPUR - 83.00 RM (One Way)
KUL - YANGON - KUL - 180 RM (Two way)

FLY FROM YANGON
YANGON - KUALA LUMPUR - 154.38 RM (or) 50.00 USD (oneway)
KUALA LUMPUR - YANGON - 158.48 RM (or) 51.00 USD (oneway)
YANGON - KUL - YANGON - 341.78 RM (or) 111.00 USD (Two way)

အဆိုပါဈေးနှုန်းများဖြင့်ရောင်းချမည့်ရက်မှာ
24.3.2013 အထိဦးရာလူစနစ်
ဖြစ်သည် ။


luggage အပိုကီလိုသယ်ပါက
15KG - 35.00 RM
20KG - 40.00 RM
25KG - 50.00 RM
30KG - 70.00 RM
40KG - 120.00 RM

 
FAQ. (Frequently Ask Questions)

မေး ၁. ကျွန်တော်တို့မတွက်တတ်ဘူး အပေါ်ကရက်စွဲအတိုင်းပြန်မယ်ဗျာ အသွားအပြန် ကီလို 20 စီလဲပါမယ် ဘယ်လောက်လဲ?
ဖြေ . ဟုတ်ကဲ့ အားလုံးစုစုပေါင်းအသွားအပြန်လက်မှတ် 180 ၊ အသွားကီလို 20 အတွက် 40 ရင်းဂစ် ၊ အပြန်ကီလို 20 အတွက် 40 ရင်းဂစ် စုစုပေါင်း 260 ပေါ့ခင်ဗျာ ကီလိုပိုမပါရင်တော့ 180 ပါပဲ။
မေး ၂. စိတ်မရှိနဲ့ အဲ့တာတွေအပြင်ဝန်ဆောင်ခပေးရသေးလား ။ ?
ဖြေ . တစ်ပြားမှ ထပ်ပေးဖို့မလိုပါဘူးခင်ဗျာ ။ အသက်အာမခံဝယ်ပါက 10.50 RM ဖြင့်ဝယ်ယူနိုင်ပါတယ် ။ မဝယ်ချင်လည်း ရပါတယ် ။


မေး ၃. အဲ့တာလေဆိပ်အထိ ပို့ပေးသလား ?
ဖြေ .မပို့ပေးပါဘူး လေဆိပ်ကိုကားငှားစရာလဲမလိုပါဘူး Airasia လေဆိပ်နဲ့ KL Central ကို 24 နာရီလုံး နာရီဝက်တစ်စီး ပြေးဆွဲပေးနေပြီး ကြိုက်သလောက် လက်ဆွဲအိတ်ပါလာပါစေ 7.00 RM ပဲပေးရပါတယ် ။ သို့သော် မြန်မာ taxi ငှားမည့်သူများရှိပါက ကူညီပေးပါတယ်။


မေး ၄. ပီနန်း ၊ ဂျုဟိုး ၊ စင်္ကာပူ ကလာမယ်ဆိုရင်ရော အကိုတို့လေယာဉ်စီစဉ်ပေးပါသလား ?
ဖြေ . ပီနန်း ၊ ဂျိုဟိုး ၊ စင်္ကာပူ မှ ကွာလာလမ်ပူ Airasia လေဆိပ်သို့ ပရိုမိုးရှင်းဈေး 39.00RM မှ 90.00 အတွင်း နေ့တိုင်း တစ်ရက် 9 ကြောင်း ပျံသန်းပေးသည် ။ မိမိသွားလိုသောရက်သာပြောပါ ၊ ကျွန်တော်တို့စီစဉ်ပေးပါသည် ။


မေး ၅. ခုဝယ်မယ့်လက်မှတ်က သွားခါနီးလဲစရာလိုသေးလား ?
ဖြေ . ရွှေလူငယ်တွင်မှာယူသောလက်မှတ်သည် မြန်မာပြည်သာမက Airasia ပျံသန်းသော လေဆိပ်တိုင်းတွင် တိုက်ရိုက် Checking ဝင်ပြီးလေယာဉ်စီးရန်သာဖြစ်သည် မည်သည့် ရုံးများတွင်မှလဲလှယ်ရန်မလိုပါ ။
ထိုမျှမက မလေးရှားမှ ကီလိုမပါပဲပြန်မည့်သူများအတွက် လေယာဉ်ပေါ်တန်းတက်စီးရန် တိုက်ရိုက် Checkin ဝင်ပေးသည်။


မေး ၆. မြန်မာပြည်တွင် ရွှေလူငယ်ဝန်ဆောင်မှု့ရှိပါသလား ?
ဖြေ . ယနေ့မြန်မာပြည်တွင် ရွေလူငယ်ဝန်ဆောင်မှု့အောင်မြင်စွာဖွင့်လစ်လိုက်ပြီ။
အထက်တွင်လိပ်စာထည့်ထားပေးပါသည်။ မလေးရှားမှဝယ်ယူထားသူများမြန်မာပြည်တွင် ဆက်လက်ဆောင်ရွက်နိုင်သလို ၊ မြန်မာပြည်မှ ဝယ်ယူထားသူများ မလေးရှားတွင် ဆက်လက် ဆောင်ရွက်နိုင်ပြီဖြစ်သည်။

မေး ၇. ကျွန်တော်တို့ လက်မှတ်ကိုသူဌေး ၊ အေးဂျင်းကဝယ်ပေးထားတာ အဲ့တာ ကီလိုပိုဝယ်လို့ရလား ၊ ပြီးတော့ လေဆိပ်မှာလူအရမ်းများလို့ ကြိုပြီး Checkin ဝင်ချင်တာရောရလား ?
ဖြေ .မည်သူဝယ်ပေးသည့်လက်မှတ်ဖြစ်စေ ရွှေလူငယ်တွင် ကီလိုပိုဝယ်နိုင်ပြီး ။ ခရီးမထွက်ခင် ၂ ပတ် (14) ရက်အလိုမှာ မည်သူမဆို Checkin ဝင်ရန်အတွက် လာရာက်ဆောင်ရွက်နိုင်ပြီဖြစ်သည် ။ 

မေး ၈ . အိုကေဗျာ ကြိုက်ပြီ ဘယ်မှာဝယ်ရမလဲ ?
ဒီလိုဆိုတော့လဲ မလေးရှားကဆို အောက်ကဖုန်းနံပတ်
DIAL - 0124468842
 
Views: 5

ရှမ်းပြည်မြောက်ပိုင်း KIA နယ်မြေတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား


KNG

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၄ နယ်မြေတွင် ယနေ့ ၁၁ နာရီခန့်တွင် အစိုးရနှင့် KIA ကြား ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။

တိုက်ပွဲသည် အစိုးရတပ်ဖွဲ့ မန်တုန် (Mandung) အခြေစိုက် ခလရ ၁၃၀၊ ၁၀၅ နှင့် ခမရ ၅၀၂၊ ၅၀၃ စသည့် စုပေါင်းတပ်ဖွဲ့များသည် အင်အား ၇၀ ကျော်ဖြင့် KIA တပ်ရင်း ၃၄ နှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကိုမူ မသိရပေ။

အစိုးနှင့်KIO ကြား မကြသေးခင်က တွေ့ဆုံနွေးမှုပြလုပ်ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း ၎င်းတပ်ဖွဲ့များနှင့် မိုးမိတ်မြို့နယ် လွယ်ယားကျေးရွာတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာသို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါ KIA အရာရှိကပြောသည်။

“ကျနော်တို့ဘက်က တုန်ကြီး (Tung Gyi) ဘက်ကိုတက်သွားဖို့ ရွာကနေဖြတ်သွားတဲ့ချိန် လမ်းမှာ ခဏ ထမင်းချက်စားနေတုံး အစိုးရတပ်တွေ ပစ်လာလို့ အပြန်အလှန်ပစ်ခတ်ကြတာ။ အစိုးရတွေပစ်လိုက်တဲ့ လက်နက်ကြီး လွယ်ယားရွာကအိမ်တစ်အိမ်မှာကျပြီး အိမ်မီးလောင်သွားတယ်။ အဲဒါကြောင့်ကျနော်တို့ဘက်က ရွာမှာပိုဆိုးလာမှာစိုးလို့ အဲဒီနေရာကနေ နောက်ဆုတ်လိုက်တာ ရှောင်လိုက်တာ အဲဒီနောက်တော့ သူတို့ရွာကိုဝင်ပြီး အိမ် ၅ အိမ်ကိုမီးပြန်ရှို့ပေးလိုက်တယ်။ ဒီနေ့ ပစ်တဲ့နေရာမှာလည်း ရွာကိုပြန်ထိလာမှာစိုးလို့ ပြန်ရှောင်ထားလိုက်တယ်။ သူတို့က ကျနော်တို့ရဲ့ သတင်းကြားတိုင်း ဘယ်ကိုကြားရင် ဘယ်ကိုလိုက်နေတဲ့ သဘောပဲ”
ထိုသို့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းလွယ်ယာကျေးရွာမှ အိမ်ထောင်စု ၆၀ ခန့်ရှိသော ပြည်သူလူထုများ သည် ယခုချိန် ၎င်းတို့၏ တောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယခုချိန် ထိုနယ်မြေတွင် မန်တုန် အခြေစိုက် ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ကျောက်မဲအခြေစိုက် စကခ (၁) တပ်အောက် ခမရ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ စသည့် စုပေါင်းတပ်ရင်းများမှ အင်အား ၅၀၀ ခန့်မှ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

မိတ္ထီလာတွင် ခိုက်ရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား


စနေလင်း

မိတ္ထီလာမြို့တွင် ရွှေရောင်းချရာတွင် စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လုံခြုံရေးရဲတပ်ဖွဲ့က နောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး အမှုအခင်း စတင်ကျူးလွန်သူများကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ လင်မယား ၂ ဦးသည် ရွာ ဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလိုအပ်သောကြောင့် ၄င်းတို့ ရွှေဝယ်ယူထားသည့် “၀ိတ်စိန်” ရွှေဆိုင်တွင် ပြန်လည်ရောင်းချရာ ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည်ပျက် ဈေးသာပေးခဲ့သောကြောင့် စကားစများခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။

အမှုကို လက်ခံ တာဝန်ယူထားသော မိတ္ထီလာ အမှတ် ၂ ရဲစခန်းက အဆိုပါ လင်မယားကို “သက်ကြီးရွယ်အို” ဟု ပြောဆိုသုံးစွဲသောကြောင့် အသက်အရွယ်ကို ဧရာဝတီက စုံစမ်းမေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။

အထွေထွေအုပ်ချုပ်ရေးရုံး၏အဆိုအရ အစ္စလမ်ဘာသာဝင်ဖြစ်သူ ဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါများက အဆိုပါ လင်မယား ၂ ဦးကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဖြစ်ပျက်ခဲ့ရကြောင်း သိရသည်။

မိတ္ထီလာမြို့ခံများ၏ အဆိုအရ ပြွန်ကောက်ရွာမှ ဒေသခံများ လိုက်လာပြီး မြို့ပေါ်ရှိ ဒေသခံတချို့နှင့် စုပေါင်းကာ အဆိုပါ မိတ္ထီလာ မြို့မဈေးကြီးအနီးရှိ ၀ိတ်စိန်ရွှေဆိုင်နှင့် အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်တချို့ကို ဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။

လူအုပ်သည် ၂ ထောင်ကျော်မျှ ရှိလာသည့်အတွက် မြို့မဈေးကြီးကိုလည်း ပိတ်ထားလိုက်ရပြီး လူများ ၀င်ရောက်ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ထားကြောင်း၊ ထို့အပြင် အရိုက်ခံရသည့် ဒေသခံ ၂ ဦးကို မိတ္ထီလာဆေးရုံတွင် ကုသပေးနေပြီး ရဲများစောင့်ကြပ်နေကာ လူဝင်လူထွက်ကို စိစစ်နေကြောင်း သိရသည်။

“ အခုကတော့ အခြေအနေတွေ အေးချမ်းသွားပါပြီ။ ရဲတပ်ဖွဲ့လုံခြုံရေးတွေလည်း နေရာအနှံ့ ချထားလိုက်ပါပြီ။ အဲဒီလိုဖြစ်ပျက်တာကို ဗမာတွေ အရိုက်ခံရတယ်ဆိုပြီး လျှောက်ပြောရာကနေ လူအုပ်ကြီးက အရမ်းများလာတာ။ လူသေဆုံးမှုတွေလည်း ဘာမှ မရှိပါဘူး” ဟု မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ တွဲဘက်တာဝန်မှူးဖြစ်သူက ဧရာဝတီသို့ ပြောဆိုသည်။

အရိုက်ခံလိုက်ရသည့် ၂ ဦးမှ တရားလိုပြုလုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သူများကို အရေးယူရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ ၃ ဦးကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီး အဓိက ရိုက်နှက်သူ ၁ ဦးမှာ (ယခု သတင်း ရေးသားပြီးချိန်အထိ) လွတ်မြောက်နေသေးကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဆိုသည်။

ဖမ်းဆီးထားသူများကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းတွင် ပုဒ်မ ၃၂၆/ ၃၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုအမှတ် ပ/ ၇၄ ( ၂၀၁၃ ) ဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

နောက်ဆုံး ရရှိသော သတင်းများအရ မိတ္ထီလာမြို့တွင်းရှိ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူရှိနေသည့် နေရာများတွင် လုံခြုံရေးရဲများ ချထားသည်ကို မတွေ့ရကြောင်း၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နောက်ထပ်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားခဲ့သောနေရာကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ၀င်ထွက်ခွင့် မပေးထားကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများအား လိုင်ဇာလူထုမှ လှိုက်လှဲစွာကြိုဆို


KNG

ပည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) မြို့သို့ ယမန်နေ့ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရကြိုဆိုခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအ၀င် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ လိုင်ဇာပြည်သူလူထုအပြင် KIO များ၊ ကျောင်းသားတပ်မတော် (ABSDF) တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်းသိရသည်။

လိုင်ဇာ (Laiza) ကားကြီးကွင်းတွင် စုရုံးကာ လိုင်ဇာအုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် ဂုဏ်ပြုပြောဆိုခဲ့ပြီး လမ်းလျှောက်သူအဖွဲ့မှလည်း ၎င်းတို့၏လမ်းလျှောက်ရသည့် ရည်ရွယ်ချက်များကို ပြည်သူများအားပြောပြခဲ့ကြောင်း ပါဝင်သူများမှ သိရသည်။

“သူတို့ရောက်လာတဲ့အချိန် ဒီက ပြည်သူတွေအပါ အားလုံးပေါင်းပြီး ရိုးရာဝတ်စုံတွေနဲ့ စစ်သားတွေက စစ်ဝတ်စုံတွေနဲ့ တန်းစီပြီးတော့ ဗုံတွေတီးပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ လိုင်ဇာကားကြီးကွင်းမှာ မန်ဒတ်ထိုးထားတဲ့နေရာမှာ အားလုံးပြန်စုပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ အပြန်အလှန်ပြောကြတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးမှူး ကရန်နော်အောန် (Kareng Naw Awn) ကပြောသည်။

တိုင်းပြည်လုံးမှာဖြစ်ပျက်နေသည့် ပြည်တွင်းစစ်ကို ရပ်တန့်စေလိုသောအားဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရွေးချယ် လမ်းလျှောက်ရခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာချိန် လိုင်ဇာပြည်သူများမှ လိုက်လိုက်လှဲလှဲကြိဆိုခြင်းအပေါ် အားရ၀မ်းသာမှုရှိသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက် ဦးဆောင်လာသူ ကိုရန်နိုင်ထွန်းကပြောသည်။

“ကချင်ပြည်နယ်ကိုရွေးချယ်ခဲ့တယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပွဲကိုပဲ ရပ်တန့်စေလို့မဟုတ်ပါဘူး။ တိုင်းပြည်လုံးမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စေချင်လို့ပါ။ စစ်ပွဲကြောင့်ဖြစ်ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ သောကရောက်မှုတွေကို ပြသဖို့ဟာ ဒီနေ့ကချင်ပြည်နယ်မှာရှိနေတဲ့အတွက် ကချင်ပြည်နယ်ကိုကျနော်တို့ ရွေးချယ်ခဲ့တာပါ။ ဒီကိုရောက်တော့ ကျနော်တို့ကို လိုက်လိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ကျနော်တို့အတွက် အံသြလို့ မကုန်ပါဘူး။ အရမ်းကိုအားရပါတယ်။ တကယ်နွေးထွေးပြီး အားလုံးငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေလို့မြင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုတော့ ပေးနိုင်ပါပြီလို့ ကျနော်တို့ယုံကြည့်ပါတယ်”
၎င်းတို့အဖွဲ့သည့် ငြိမ်းချမ်းရေးလိုလားသူ လူငယ် ၁၀ ဦးမှ စတင်စည်းရုံးကာ ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၁ ရက်နေ့စတင်ထွက်ခွာချိန် လူဦးရေ ၂၈ ဦးဖြင့်စတင်ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက်မှ လိုင်ဇာမြို့သို့ လူဦးရေ ၁၂၉ ဦးသို့ တိုးလာခြင်းဖြစ်သည်။

ထိုသို့ ရန်ကုန် မြစ်ကြီးနားလမ်းဖြင့် လိုင်ဇာသို့လမ်းလျှောက်လာချိန် လမ်းတွင် ၎င်းအဖွဲ့အတွင်း ကျန်းမာရေး၊ သဘောထားကွဲပြားမှု စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။

၎င်းတို့အဖွဲ့လမ်းလျှောက်လာစဉ် လမ်းတစ်လျှောက်ရှိပြည်သူများလှူဒါန်းလိုက်သော ကျပ်ငွေ သိန်း ၃၀၀ ကျော် ရှိသည့်အထဲ သိန်း ၁၅၀ ကိုမှု ဖြတ်သွားခဲ့သော မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့ စသည့်ဒေသအတွင်းရှိ ဒုက္ခသည်များအတွက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော သိန်း ၁၆၀ ကို လိုင်ဇာတ၀ိုက်ရှိ ဒုက္ခသည်စခန်းများတွင် လှူဒါန်းမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွန်းကပြောသည်။

“ကျနော်တို့ ဒီနေ့တော့ ဒီကချင်ရိုးရာနဲ့ ယာဉ်ကျေးမှုဘာသာစကားတွေကို လိုက်လံလေ့လာနေပါတယ်။ မနက်ဖြန်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုတွေကို အားပေးစကားတွေသွားပြောမှာပါ။ ကျန်တဲ့ငွေကိုလည်း မနက်ဖြန် ဒီလိုင်ဇာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက် လှူဒါန်းခဲ့မှာပါ”

၎င်းအဖွဲ့တို့သည် မတ်လ ၂၁ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ရန်ကုန်သို့ ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

SuperBeam | WiFi Direct Share 2.0.2


Android ဖုန်းတွေ တလုံးနဲ့ တလုံးကိုရှယ်ချင်ရင် wifi ဒါမှမဟုတ်

QR code scanner ပါတယ် ဆိုရင် QR code ကိုအသုံးပြု့ပြီးတော့ ရှယ်နိုင်ပါတယ်

ဒီဟာလေးကတော့ ခလုတ်တွအများကြီးနှိပ်ပီးတော အလုပ်ရှုပ်စရာမလိုပါဘူး

အလွယ်တကူ အသုံးပြု့နိုင်ပါတယ်။ အသုံးပြု့မယ်ဆိုရင်တော့အောက်မှ

ကိုလတ်(ကျွဲဆင်း)
SuperBeam is the easiest and fastest way to share large files between Android devices using WiFi direct. You may pair your devices devices using QR codes (with the included QR code scanner) or NFC, if your devices support it.
No more clicks and manual approvals for connections. SuperBeam makes file sharing as convenient and fast as it should have been, because it is already 2013!

Features:
• Share files between devices using NFC or QR code scanning.
• Blazing fast transfer speeds using WiFi direct.
• Switches to hotspot mode automatically for devices that doesn't support WiFi direct.
• Can use existing WiFi network connection between devices in case WiFi direct fails.
• Share single or multiple files of any type (photos, videos, zip files, APK's... You name it!)
• Works with all 3rd party file managers and photo galleries.
• Light and dark color themes.
• Advanced settings for geeks!

All transmitted files are stored under "/sdcard/SuperBeam" directory. Don't worry about duplicate files, SuperBeam will automatically add unique numbers to duplicate file names.

What others are saying
★ "A Dream!" - mobiFlip.de
★ "Tap and share files for real!" - YourTechReport.com
★ "A simple concept: share files of any size via NFC verification" - AndroidPolice.com  "Makes sharing files between devices quicker and easier" - NFCWorld.com
★ "The transfer happens lightning fast, and I’ve had no issues with reliability" - Tested.com
★ One of "10 new Android apps worth checking" - AndroidAndMe.com

Please note:
If you get any errors or crashes, or have suggestions for features, please do not leave a negative review. Instead, submit the error report, email me or reply to XDA support thread below with details of the error, and the type of devices you use. I will be more than glad to help.

XDA Support Thread
 
http://forum.xda-developers.com/showthread.php?t=2177133

Support SuperBeam development
If you find SuperBeam useful and like to support future development, please follow the donate link in SuperBeam settings screen. You may donate whatever amount you see fit. Your kind support is highly appreciated.

A note for advanced users
SuperBeam creates an access point using Android's WiFi direct API's. This essentially works like hotspot mode in old devices, but it is guaranteed to work on newer devices like Nexus 7. Moreover, this mode allows older devices to connect and receive files without having to support WiFi direct's peer-to-peer connections.
Also, please note that this mode is currently supported by Android versions 4.1 and greater. On older versions, SuperBeam will fallback to the older hotspot mode.

This app uses zxing library for QR code scanning and generation (https://code.google.com/p/zxing/)

Recent changes:
Version 2.0.2
- Removed settings icon from launcher.
- Fixed asking to rate on the first run.
- Show "how to share" tip on first run.
- Fixed a major bug causing crash on some WiFi networks.

Version 2.0
- NEW! Support sending and receiving for devices that do not have NFC (using QR code scanning).
- WiFi-direct mode. Now you can always share files without any WiFi router around.
- Better layout for tablets.
- Added advanced settings.
- New less-glossy icons.
http://www.winkabarkyaw.net/2013/03/superbeam-wifi-direct-share-202.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FYoKiT+%28%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9++%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%29%29

English မှ Myanmar သို့ စကားစုအတိုင်းပြောင်းပေးမယ့် Windows Myanmar Translator v1.0


အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို စကားစုအတိုင်း ဘာသာပြန်ပးနိုင်တဲ့ Software လေးပါဘဲ။ ဒီကောင်လေးကလည်း အခြား Dictionary တွေထက် ပိုပြီးမကောင်းရင်တောင်သူတို့ နည်းတူကာင်းတဲ့
Dictionary လေးဖြစ်ပါတယ်။ အဲ နည်းနည်းလေးတော့ပြောပြစရာရှိတယ်ဗျ။သူက မြန်မာ 3Unicode နဲ့
Zawgyi Font နှစ်မျိုးလုံးမှာအလုပ်လုပ်ပါတယ်ဗျာ။ ဘာသာပြန်ပေးတဲ့နေရာမှာတော့စကားလုံးတစ်လုံး
ချင်းအလိုက် ဘာသာပြန်ပေးတဲ့အတွက် စကားစုတစ်ခုကို ဘာသာပြန်ပေးတဲ့နေရာမှာတော့ မိမိကိုယ်
တိုင်ဘဲ ဆီလျှော်အောင် ဘာသာပြန်ပေးရပါလိမ့်မယ်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link
မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Read more »

မိထ္တီလာအခြေအနေ ထိန်းသိမ်းနိုင်ပြီ၊ အားလုံးဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ဟု မင်းကိုနိုင်ပြော ရန်ကုန်၊ မတ် ၂၁၊ ၂၀၁၃ ၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်

Update News-



ယမန်နေ့က ရွှေဆိုင်တွင် အရောင်းအ၀ယ်ပြုလုပ်ရာမှ တဆင့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားနေသော မိထ္တီလာမြို့ပေါ် အခြေအနေမှာ ယနေ့ မနက်ပိုင်းတွင် ထိန်းသိမ်းနိုင်သော အနေအထားရောက်ရှိနေပြီဖြစ်ကြောင်း မိထ္တီလာမြို့ရောက်ရှိနေ သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောဆိုလိုက်ပြီး ဒီမိုကရေစီလမ်းကြောင်း မပျောက်ပျက်သွားစေရန် အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိအခြေအနေတွင် အိမ်ခြေရာမဲ့ဖြစ်သွား ၅၇၀ ဦးရှိပြီး သံဃာတော်များ၊ မြို့မိမြို့ဖများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေအနေများ တည်ငြိမ်စပြုနေပြီဟု ၎င်းကဆိုသည်။

မင်းကိုနိုင်၏ ဧရာဝတီသို့ ပြောကြားချက် အပြည့်အစုံမှာ-

"ကျနော်တို့နဲ့အတူအရှင်ဝီရသူလည်း ရောက်နေတယ်။ ရွှေည၀ါဆရာတော်လည်း ရောက်တယ်။ ကျနော်တို့တွေ အကြမ်းဖက်မှု ဖြစ်နေတဲ့ နေရာထဲအထိရောက်ပါတယ်။ အခြေအနေကို အတက်နိုင်ဆုံး ထိန်းသိမ်းကြဖို့ မေတ္တာရပ်ခံတယ်။ အများကြီး ကြီးစားခဲ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥက္ကဋ္ဌနဲ့လည်း တွေ့ခဲ့ပါတယ်။

အခြေအနေတွေကို အမြန်ဆုံးထိန်း သိမ်းဖို့၊ ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ပြီးတော့ တရားဥပဒေစိုးမိုးရေးအတွက် အထပ်ထပ် ဆွေးနွေးပါတယ်။ သူတို့ကလည်း သဘောတူကြပါတယ်။ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက်ဖြစ်တဲ့အထဲမှာ အဖိတ်အစဉ်တွေလည်း ရှိခဲ့ပါတယ်။

နောက်ထပ်မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတက်နိုင်ဆုံး ၀ိုင်းဝန်းထိန်းသိမ်းကြပါ။ ကျွန်တော်တို့ အသက်တွေနဲ့ ရင်းခဲ့ရတဲ့ လမ်းကြောင်း ပျောက်သွားလို့ မဖြစ်ပါဘူး။ အခု သွားနေတဲ့ လမ်းကြောင်း မပျက်သွားအောင် အားလုံး ၀ိုင်းထိန်းကြရမှာပေါ့။

နောက်တစ်ခါ ညက မီးလောင်ထားတဲ့အတွက် အိမ်ခြေရာမဲ့သွားတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ၅၇၀ ရှိပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ကျနော်တော်တို့ လိုက်အားပေးတယ်။ သူတို့ ထမင်းစားနိုင်အောင် အလှူခံပေးခဲ့ တယ်။ ဆေးရုံကိုရောက်ခဲ့တယ်။ ဆေးရုံကို ဒဏ်ရာရလို့ရောက်လာတဲ့သူတွေကို အားပေးတယ်။ ဆေးရုံကလည်း ကျွန်တော်တို့နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်လို့ ခြေထောက်မှာ ကျည်ဆံ မှန်တဲ့လူတွေ လည်းရှိပါတယ်။

အခြေအနေတွေကို ထိန်းလိုက်နိုင်တဲ့ အနေအထားရောက်လာတဲ့အတွက် အခု ကျွန်တော်တို့ ရန်ကုန်ကို ပြန်မယ်။ တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိပေးရမယ့် လှုပ်ရှားတက်ကြွတဲ့သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာရပ်ခံမယ်။ ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြွားကြွားနဲ့ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော်တွေ့ခဲ့တာ ဒဏ်ရာရတဲ့သူတွေ ဆေးရုံမှာရောက်နေတာ ၁၀ ဦး မပြည့်ခဲ့ပါဘူး။

အသက်ဒဏ်ရာ စိုးရိမ်ရတာ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ကျွန်တော် မသိတဲ့အပိုင်းတွေမှာတော့ မပြောတတ်ဘူးပေါ့။ ခြေထောက်နဲ့ ပေါင်တွေမှာ ဒဏ်ရာရကြတယ်။ လူတွေလည်း ရွှင်ရွှင်လန်းလန်းရှိကြတယ်။ ဆေးရုံက တော်တော် ဂရုစိုက်ကြပါတယ်။ သေဆုံးတာတွေတော့ အတိအကျ ကျွန်တော်မကြားဘူး။ ဒီသတင်းတွေကို ပုံဖော်တဲ့နေ ရာမှာလည်း ကျွန်တော် မေတ္တာရပ်ခံချင်တယ်။ ပဋိပက္ခ ထပ်မဖြစ်အောင် ပုံဖော်ကြဖို့ပါ" ဟု ဧရာဝတီသို့ ပြောသည်။