This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 25, 2012

Toyota Caldina (ယာယီနံပါတ်တပ်ဆင်ထားသော) ယာဉ်မှ ယာဉ်မောင်းမှာ ရှောင်တိမ်းသွားကြောင်း

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညဆယ်နာရီအချိန်ခန့်က ဗဟန်းဘက်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်လာသော တက္ကစီတစ်စီးနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော Toyota Caldina အမျိုးအစား ယာဉ်တစ်စီးတို့ ကန်ဘဲ့လမ်းထောင့်အကွေ့တွင် တိုက်မိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုတွင် တက္ကစီယာဉ်မောင်း ဒဏ်ရာအနည်းငယ်ရရှိ၍ Toyota Caldina (ယာယီနံပါတ်တပ်ဆင်ထားသော) ယာဉ်မှ ယာဉ်မောင်းမှာ ရှောင်တိမ်းသွားကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်ရာသို့ ရောက်ရှိနေသော ယာဉ်မှုစစ်အား ဖြစ်စဉ်ကို စုံစမ်းမေးမြန်းရာ''ကျွန်တော်လည်း ခုမှသတင်းရလို့ ရောက်လာတာပါ။ဖြစ်စဉ်ကို သေချာမသိသေးပါဘူး။''ဟု ပြောပြခဲ့သည်။ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား (3 photos)

Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

Zay Phyo and Kaung Myat shared ITgroup's photo.
ကဲ…ကျန်းမာရေး အမြင်နဲ့ပဲကြည့်ရအောင်နော်… (Source : MYMC)
------------------------------------------------------------------------------
Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။ 

ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီကျတာပေါ့ ဟုတ်တယ်မလား :D California ပြည်နယ်က Berkeley တက္ကသိုလ်မှာ ဒီသုတေသန ကိုဦးဆောင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Gautham Venuhopalan က Cell တွေအပေါ် ဒြပ်ရှိတဲ့ ဖိအားပေး မှုက နဂိုမူလ ဖွံ့ဖြိုးမှု လမ်းကြောင်းထဲ ပြန်ထိမ်း ပေးနိုင်တယ် ဆိုတာ စမ်းသပ်မှုတွေက တစ်ဆင့် တွေ့ရှိ ရတယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ဆိုရင်တော့ Cancer ဖြစ်နိုင်မယ့် ဖွံ့ဖြိုးမှုကို အားသာ စေပါတယ်။ 

အတိအကျ ပြောရရင် ရာစုနှစ်ပေါင်း များစွာ ကတည်းက အားသက်ရောက် မှုကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲ စေနိုင်တယ် ဆိုတာ လူတွေက သိပြီးသားပါ။ ဥပမာ ပေးရရင် ၀ိတ်မတယ့် အခါ ကြွက်သားတွေ ကြီးလာ သလိုပေါ့။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားက ကျွန်တော်တို့ အရိုးတွေကို သန်မာလာ စေဖို့ အဓိက ကျပါတယ်။ အခုဒီမှာ ကျွန်တော်တို့ ပြောချင်တာက ဒြပ်ရှိ အားသက်ရောက် မှုက ဖွံ့ဖြိုးမှု နေရာမှာ အချက်အချာ ကြနိုင်ပြီး Cancel Cell တွေဖြစ်ပေါ် လာမှုကို ကျုံ့စေပါတယ်။ ဒီစမ်းသပ်မှုမှာ Cancer ဖြစ်စေနိုင်တဲ့ Cell တွေကို Silicone ထဲမှာ ဖွံ့ဖြိုးစေပြီး ပထမ Cell ဖွံ့ဖြိုးလာတဲ့ အဆင့်မှာ Silicone ကိုညှစ်တာ ပါဝင်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ Cell တွေက ပုံမှန်ပြန်လည် ဖွံ့ဖြိုး လာတာကို တွေ့ရပါတယ်။ Venugopalan ကဒီ Cell တွေဟာ ပုံမှန်ကျန်းမာတဲ့ ပုံစံထဲ ပြန်ဝင်လာဖို့ အရိပ်အမြွက် လေးလောက်ပဲ လိုတာပါ။ ဖျစ်ညှစ်ခြင်းက အဲ့ဒီ အရိပ်အမြွက် ပါပဲ။ ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။



Posted By Vandever Keneshiroz
ကဲ…ကျန်းမာရေး အမြင်နဲ့ပဲကြည့်ရအောင်နော်… (Source : MYMC)
------------------------------------------------------------------------------
Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။

ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီကျတာပေါ့ ဟုတ်တယ်မလား :D California ပြည်နယ်က Berkeley တက္ကသိုလ်မှာ ဒီသုတေသန ကိုဦးဆောင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Gautham Venuhopalan က Cell တွေအပေါ် ဒြပ်ရှိတဲ့ ဖိအားပေး မှုက နဂိုမူလ ဖွံ့ဖြိုးမှု လမ်းကြောင်းထဲ ပြန်ထိမ်း ပေးနိုင်တယ် ဆိုတာ စမ်းသပ်မှုတွေက တစ်ဆင့် တွေ့ရှိ ရတယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ဆိုရင်တော့ Cancer ဖြစ်နိုင်မယ့် ဖွံ့ဖြိုးမှုကို အားသာ စေပါတယ်။

အတိအကျ ပြောရရင် ရာစုနှစ်ပေါင်း များစွာ ကတည်းက အားသက်ရောက် မှုကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲ စေနိုင်တယ် ဆိုတာ လူတွေက သိပြီးသားပါ။ ဥပမာ ပေးရရင် ၀ိတ်မတယ့် အခါ ကြွက်သားတွေ ကြီးလာ သလိုပေါ့။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားက ကျွန်တော်တို့ အရိုးတွေကို သန်မာလာ စေဖို့ အဓိက ကျပါတယ်။ အခုဒီမှာ ကျွန်တော်တို့ ပြောချင်တာက ဒြပ်ရှိ အားသက်ရောက် မှုက ဖွံ့ဖြိုးမှု နေရာမှာ အချက်အချာ ကြနိုင်ပြီး Cancel Cell တွေဖြစ်ပေါ် လာမှုကို ကျုံ့စေပါတယ်။ ဒီစမ်းသပ်မှုမှာ Cancer ဖြစ်စေနိုင်တဲ့ Cell တွေကို Silicone ထဲမှာ ဖွံ့ဖြိုးစေပြီး ပထမ Cell ဖွံ့ဖြိုးလာတဲ့ အဆင့်မှာ Silicone ကိုညှစ်တာ ပါဝင်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ Cell တွေက ပုံမှန်ပြန်လည် ဖွံ့ဖြိုး လာတာကို တွေ့ရပါတယ်။ Venugopalan ကဒီ Cell တွေဟာ ပုံမှန်ကျန်းမာတဲ့ ပုံစံထဲ ပြန်ဝင်လာဖို့ အရိပ်အမြွက် လေးလောက်ပဲ လိုတာပါ။ ဖျစ်ညှစ်ခြင်းက အဲ့ဒီ အရိပ်အမြွက် ပါပဲ။ ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။



Posted By Vandever Keneshiroz

ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု

 
အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက  ပြုလုပ်ခဲ့သည်။ ... ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သောလူသား အဖြစ် စံချိန်တင်ခဲ့သည်။
 
Ref:Douknow

Android Phone တွေ အတွက် အသံအရည်သွေးမြင့် PowerAMP Player


စိတ်ကြိုက် အသံချိန်ညှိနိုင်တယ်                    10 band graphical equalizer            Poweramp main screen
အသံကွာလတီ ကောင်းလို့ သုံးကြည့်စေချင်ပါတယ် အသံပိုင်းတွေ ကို စိတ်ကြိုက်ချိန်ညှိနိုင်တယ် လေ
ကောင်းတာမကောင်းတာက ကိုယ်တိုင်သုံးကြည့်မှ သိမှာမို့ ဒေါင်းလိုက်ပါနော်
Poweramp-2.0.7 build-515 Trial
Poweramp Full Version Unlocker
Lucky Patcher 2.4.3

အပေါ်က ဒေါင်းလုပ် လင့်လေးတွေ ကို အားလုံးစုံအောင်ဆွဲလိုက်ပါ
မှတ်ချက် ဖုန်းကRoot ဖောက်ပြီး Super User ဖြစ်ပီးသားဖြစ်ရပါမယ်
(၁) အဆင့် အနေနဲ့ PowerAMP 2.0.7 build-515 Trial ကို အင်စရောလုပ်ပါ #Open မလုပ်ပါနဲ့ Done ပဲလုပ်ပါ#
(၂) အဆင့် အနေနဲ့ Poweramp Full Version Unlocker v1.1-build-12 ကို အင်စရောလုပ်ပါ #Open မလုပ်ပါနဲ့ Done ပဲလုပ်ပါ#
(၃) အဆင့် အနေနဲ့ Lucky Patcher 2.4.3 အင်စရော လုပ်ပါ
     အဆင့်သုံးခုလုံးပြီးရင် PowerAMP ကိုဖွင့်လိုက်ပါ “Thanks for purchasing Full version”ဆိုတဲ့ ဘောက်စ်လေးပေါ်လာမယ်
     ပြန်ပိတ်လိုက်ပါ ပြီးတော့ App ကိုဝင်ပီးတော့ PowerAMP ကိုForce Stop လုပ်ပါ Clear Data မလုပ်ရပါဘူး
     Lucky Patcher ကို ဖွင့်လိုက်ပါ ... ပုံလေးအတိုင်းပေါ့   
     Suprer User ကတက်လာတဲ့ ဘောက်လေးမှာ Grant or Accept လုပ်ပေးလိုက်ပါ
     ဒါဆို Loading အနည်းငယ်လုပ်ပီး ပီး Lucky Patcher ထဲမှာ Power AMP ကိုတွေ့ရမှာပါ
     သူ့အပေါ်မှာ Long Press လုပ်ထား ပါ ဘောက်စ် တစ်ခုတက်လာပါမယ်

အပေါ်ဆုံးက Custom patch! ကိုဝင် ပီးတော့ “patch.by.sanx_com.maxmpz.audioplayer”
ရွေးချယ်ပေးလိုက်ပါ......ဒါဆိုရင် Power AMP ကိုဖွင့်လိုက်ပါ အဆင်ပြေချောမွေ့စွာနဲ့ ပွင့်လာပါမယ်
Full Version ဖြစ်မဖြစ် ကြည့်ဖို့ ကို Power AMP ရဲ့Setting >More>About ကိုဝင်ပီးကြည့်လိုက်ပါ
Full Version အဖြစ် မြင်ရမှာပါ ဒါဆိုရင် အသံအရည်အသွေးမြင့်တဲ့ Power AMP ကိုသုံးစွဲနိုင်ပါပြီ....

အဆင်ပြေပါစေ ........................လင်းသစ်သူ.......



လက်ထပ်ပွဲဆင်နွှဲနိုင်ရန် အရပ် ၁၄ လက်မ ပိုရှည်အောင် ခွဲစိတ်ကုသခဲ့သည့် လူပု သတို့သမီး

အမေရိကန်ပြည်ထောင်စု မန်ဆာ ချူးဆက်ပြည်နယ်မှ ခြေထောက်နှင့် လက်သာမန်ထက်ပိုတိုနေသော အမျိုး သမီးတစ်ဦးသည် အရပ်ပိုမိုရှည်ထွက် လာစေရန် ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက် အရပ် ၁၄ လက်မ ပိုရှည်ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။

သူမသည် ခြေလက်အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံးသူဖြစ်ကြောင်း သူမအား ခွဲစိတ်ပေးသည့် ဆရာဝန် များက ပြောကြားခဲ့သည်။ သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက်လာစေရန်အတွက် ခြေသလုံးရိုးအားချိုးပြီး အရိုးများ ရှည်ထွက်စေရေး အနာခံခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ၎င်း၏ အရိုးသည် ပထမအကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် တွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက်လာခဲ့သည်။

နှစ်ကြိမ် ခွဲစိတ်ပြီး အရပ်ရှည်ထွက်စေရန် ဆောင်ရွက်ခဲ့ရာတွင် အပြင်း အထန် နာကျင်မှု၊ အခန့်မသင့်လျှင် မသန်မစွမ်း ဘဝသို့ ရောက်ရှိနိုင် သည်ကိုမမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ် သည့် တစ်ဖနီ ဒီဒိုနာတိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ်ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

သူမသည် အရပ်အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ်ကူကြောင်း၊ အိပ်ရာထတိုင်း နာကျင်မှုကို ဆိုးရွားစွာ ခံစားရလေ့ရှိ ကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမသည် ၎င်း၏ ချစ်သူ မရိန်းတပ် သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီဖြစ်သည်။

သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ်ရှည်ထွက်အောင် ခွဲစိတ်ကုသမှု ပြုလုပ်ရာတွင် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သူမ၏စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်၊ အစိုးရက ငြိမ်းချမ်းရေး ထပ်မံ ကမ်းလှမ်း

မြန်မာ နိုင်ငံတွင် သဘာဝ အရင်းအမြစ်များ ပေါကြွယ်လှသော မြောက်ဖျားပိုင်း ဒေသ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွားမှုမှာ ပိုမို ပြင်းထန်လာနေပြီး အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုများ ထပ်မံ ပြုလုပ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ရုံးပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို)နှင့် ဇန်နဝါရီလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် တွေ့ဆုံမည် ဟု ကမ်းလှမ်း ထားသော်လည်း တိုက်ပွဲ များ အရှိန်လျော့ကျမှသာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ပြောကြားသည်။
"ခုအခြေအနေက တိုက်ပွဲအရှိန် မြင့်နေတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရပ်ဆိုင်းထားတဲ့ သဘောဖြစ်နေတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးခွန်အောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည် နယ်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရွှေလီ မြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ဆက်တိုက် ဖြစ်ပေါ် နေခြင်းဖြစ် သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)၊ ABSDF (မြောက်ပိုင်း) ပူးပေါင်းတပ်တို့ လိုင်ဇာ မြို့အနီး လဂျားယန် ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် တပ်မတော်မှ ၁၆ ဦး ကျဆုံးကာ သုံ့ပန်းအဖြစ် ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ABSDF မှ ပြန်ကြားရေး ဗိုလ်မှူးမင်းဌေးကThe Voice Weekly သို့ အတည်ပြု ပြောကြား သည်။ သို့သော် ကေအိုင်အေ ဘက်မှ အကျအဆုံး စာရင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိ ပေ။
"သုံ့ပန်း ခုနစ်ဦးကို ABSDF (မြောက်ပိုင်းတပ်)က ပြုစု စောင့်ရှောက် ထားပါတယ်"ဟုလည်း ဗိုလ်မှူးမင်းဌေး က ဆိုသည်။ ယင်းတိုက်ပွဲတွင် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကေအိုင်အေဘက်မှ ၅၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ဦး၏ အဆိုအရ သိရ သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကို ဆက်သွယ် မေးမြန်းသော်လည်း အကျအဆုံးနှင့် သုံ့ပန်းကိစ္စကို လတ် တလော သတင်းထုတ်ပြန် နိုင်ဦးမည် မဟုတ် ကြောင်း ပြန်လည် ဖြေကြားသည်။ သို့သော် လေကြောင်းမှ ပစ်ခတ် မှုများမှာ မြန်မာ့တပ်မတော် ရိက္ခာ ပို့တပ် ကို ကေအိုင်အေက ပိတ်ဆို့ တိုက်ခိုက်မှု ကြောင့် ပိတ်မိနေသော တပ်ဖွဲ့ကို ကယ်ဆယ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် တပ်မတော် အရာရှိတစ်ဦးက ရှင်းပြသည်။ ယင်းတပ်ပွဲအပြီး လေးရက်အကြာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖားကန့် မြို့နယ် ကာမိုင်း ရဲစန်းကို ကေအိုင်အေ က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ နံနက် ၄ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် အင်အား ၁၈ ဦးရှိသည့် ဖားကန့်မြို့နယ် ကာမိုင်း ရဲစခန်းကို ကေအိုင်အေ အင်အား ၇၀ ခန့်က လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း ယင်းရဲစခန်းမှ မိုးညှင်း ခရိုင်သို့ ပေးပို့သော ကနဦး သတင်းပေး ပို့ချက် အပါအဝင် ကေအိုင်အေနှင့် တပ် မတော်တို့၏ အတည်ပြု ပြောကြားချက် ရ သိရသည်။

ကေအိုင်အေက လက်နက်ကြီး များဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး လက်နက်တိုက်ကို ဖျက်ဆီးကာ လက်နက် များ ယူဆောင်သွားကြောင်း ယင်းရဲစခန်း မှ မိုးညှင်းခရိုင်သို့ ပေးပို့သော ကနဦး သတင်း ပေးပို့ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် ရဲတပ် ကြပ်စိုးမင်းသူ ကျဆုံးခဲ့ပြီး ဒေါ်မေမွှေးမွန် (ဒုရဲအုပ်အောင်ထွန်းဦး၏ မိခင်)၊ မတင်မေအောင် (ဒုရဲအုပ်အောင်ထွန်းဦး ၏ ညီမ)တို့ သေနတ်မှန်ကာ သေဆုံး ခဲ့ပြီး ရဲတပ်ကြပ်ထွန်းအေးမှာ ဝမ်းဗိုက် တွင် သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ရရှိသူ နှင့် ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီးမှာ ဦးခေါင်း သေနတ်ဒဏ်ရာ (စိုးရိမ်ရ) သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင် ထားကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ တိုက်ခိုက်ရခြင်းမှာ ကေအိုင်အေဌာနချုပ်ဖြစ်သော လိုင်ဇာ မြို့အနီးသို့ တပ်မတော်က ထိုးစစ်များ ဆင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကေအိုင်အေမှ ဗိုလ်မှူးတစ်ဦးက မှတ် ချက်ပေးသည်။ သို့သော် ယင်းတိုက်ခိုက်မှုမှာ ကေအိုင်အေ ဌာနချုပ်မှ ညွှန်ကြားခြင်း မဟုတ်ဘဲ ဒေသခံပြည်သူ့စစ်များက ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်က "တိုက်ပွဲတွေရပ်ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှုရှိရှိနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ငြိမ်းချမ်းရေး ဆွေး နွေးနိုင်ဦးမှာ မဟုတ်ဘူး"ဟု မှတ်ချက် ပေးသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ကို လေ့လာသုံးသပ်နေသော ဦးအောင် ကျော်ဇောက "ဒီရက်ပိုင်းအတွင်း တိုက် ပွဲတွေ ပြင်းထန်လာတာဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ တပ်မတော်က စစ်ရေးအရ အပေါ်စီးရချင်လို့ တပ်အင် အား တိုးချဲ့လာလို့ပါ။ တပ်မတော်က ဘယ်တော့မှ အင်အားမထားတဲ့ ပန်ဝါ ဘက်တပ် အင်အားတွေ ပို့တယ်။ လိုင်ဇာ ဘက်ကိုလည်း တပ်တွေ တိုးလာပြီး ထိုး စစ်ဆင်လို့ တိုက်ပွဲဖြစ်တာပါ"ဟု မှတ် ချက်ပေးသည်။

ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွား နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန်အတွက် အဟန့် အတားများ ဖြစ်စေပြီး နှစ်ဦးနှစ်ဖက် တပ်များ ဆုတ်ခွာကာ စစ်ရေး အရှိန်လျှော့ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော်ဆောင်များက တူညီစွာပြောဆိုကြ သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ လုပ် ဆောင်မည့် အခြေအနေကို သိရှိရန် သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စကို သတင်း ထုတ်ပြန်ရန် မရှိ သေးကြောင်းသာ ပြန်လည်ဖြေကြား သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရွှေလီမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း တစ်လအတွင်း နှစ်ဦး နှစ်ဖက် နိုင်ငံရေး ဆွေးနွေးရန် သဘောတူ ခဲ့သော်လည်း ဆွေးနွေးနိုင် ခြင်းမရှိဘဲ ယင်းသို့တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။ တပ်မတော်နှင့် ကေအိုင်ကေတို့ သည် တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲ ပြည့်သွားပြီဖြစ်ပြီး ယင်းကာ လတွင် တိုက်ပွဲပေါင်း နှစ်ထောင်ခန့် ဖြစ်ပွားခဲ့သည်။ ကေအိုင်အိုမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရန် ကျန်ရှိနေသည့် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရ ပြီးစကပင် ပြည်တွင်းစစ် စတင်ဖြစ်ပွား နေခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် တွင် အင်အားကြီး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအန်ယူအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ထား နိုင်ခဲ့သည်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲနိုင်ရေးကိုပင် လုပ် ဆောင်နိုင်ရန် မလွယ်ကူကြောင်း၊ ပြည် တွင်းစစ်၏ အဓိကတရားခံမှာ သဘာဝ အရင်းအမြစ် ကြယ်ဝသော တောင်တန်း ဒေသများနှင့် ပြည်မတို့ အရင်းအမြစ် ခွဲဝေမှု မညီမျှမှု ပြဿနာဟု ထင်မြင်ပြီး ယင်းကိစ္စကို အကြေအလည်ဆွေးနွေး အဖြေရှာနိုင်မှာသာ ငြိမ်းချမ်းသည့် ပြည်ထောင်စု တစ်ရပ်ဖြစ်လာမည် ထင်ကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးးက သုံးသပ် သည်။

ကျော်ဆန်းမင်း၊ မင်းထက်စံ

ကရင်သောင်းကျန်းသူများ က ကားတစ်စီးလျှင် ၅ သိန်းနှုန်းဖြင့် ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင် ပေးရန် လာရောက်တောင်းရမ်း

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖွဲ့အမည် အတိအကျ မသိသည့် ကရင်သောင်းကျန်းသူများ က ကားတစ်စီးလျှင် ၅ သိန်းနှုန်းဖြင့် ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင် ပေးရန် လာရောက်တောင်းရမ်းခဲ့ပြီး မပေးနိုင်သဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးသို့ ရောက်ရှိနေသူ တစ်ဦးမှ ပြောခဲ့သည်။

ဖြစ်စဉ်မှာ ကျိုက်ထီးရိုး ဂေါပက အဖွဲ့မှ ကားများကို ရင်ပြင်တော်အထိ မောင်းနှင်ခွင့် ပြုခဲ့ကြောင်း၊ ရသေ့ တောင်မှ ဈေးရောင်းချသူများမှ ၄င်းတို့နေရာသို့ ဘုရားဖူးများ အလာနည်းသဖြင့် မကျေနပ်ကြရာမှ အစပြုခဲ့သည်ဟု အနီးပတ်ဝန်းကျင် ဈေးဆိုင်များမှ ပြောပြခဲ့သည်။ ယခင်က ကင်ပွန်းစခန်းမှ ကြူကြူဝင်း ယိုစုံ ဆိုင်မှ ပိုင်ဆိုင်သည့် ယာဉ်တစ်စီးအား အဆိုပါ ကရင်အဖွဲ့မှ တောထဲသို့ ခေါ်သွားပြီး ကားကို ချိပ်ပိတ်မည် ( ကားမီးရှို့၊လူသတ် ဖျောက်ဖျက်ခြင်း) ဟု ခြိမ်းခြောက်ခဲ့ဖူးသည်ဟု ဆိုင်လုပ်သား တစ်ဦးမှ ပြောခဲ့သည်။

အဆိုပါ ကရင်သောင်းကျန်းသူများမှ ဒီဇင်ဘာ ၁၉ တွင် ပေးရန် ပြောခဲ့သော်လည်း မပေးနိုင်သဖြင့် ကင်ပွန်း စခန်းမှ ၁၀ မိနစ် စခန်းတွင် ပစ်ခတ်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးရန် ပြောသဖြင့် ယာဉ်ပိုင်ရှင်များ ငွေကြေးစုဆောင်းမှုများ ပြုလုပ်နေရကြောင်း၊ အဆိုပါ သောင်းကျန်းသူ အဖွဲ့မှာ ထိုနေရာမှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ သွားလျှင် ရောက်နိုင်သည့် နေရာတွင် ရှိနေကြောင်း သတင်းရရှိသည်။

Air Bagan ပျက်ကျခဲ့သော (w9-011)မှ လေယာဉ်အပိုင်းအစ ဓာတ်ပုံများ


အခု ဒါတွေလုပ်ဆောင်နေပါတယ်တဲ့..ဖတ်ကြည့်ပါ. ဖြစ်ရင်တော့ ခရီးသည်တွေက ခံရတာများပါတယ်။ အစိုးရက သေသေချာချာ ကိုင်တွယ်ပေးဖို့  ကုသပေးဖို့  လေးလေးစားစား တောင်းဆိုပါရစေ။

ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။

လေယာဉ်မှူးများအပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး၊ ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။

Air Bagan စာမျက်နှာမှ ကူးယူဖော်ပြပါတယ်။

ဓါတ်ပုံ htoo

ယနေ့ နံနက်ပိုင်း တွင် ပျက်ကျခဲ့သော (w9-011) Air Bagan မှ လေယာဉ် အား မြင်တွေ့ ရပုံဖြစ်ပါတယ်။

Merry Christmas






























Juggernaut
Inline image 1  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

--

စိုင်းစိုင်းခမ်းလှိုင်-ဒိတ်ဒိတ်ကြဲ (MP3 သီချင်းများဒေါင်းရန်)



မိမိကြိုက်နှစ်သက်သော သီချင်းပေါ်တွင် ကလစ်ပြီး ဒေါင်းပါ။

၁-ဒိတ်ဒိတ်ကြဲ
၂-အလွမ်းအထာ
၃-ဟိုက်ရှားဘား
၎-ဝိညာဉ်ဖက်
၅-ပြီးခဲ့သောဇာတ်လမ်းအကျဉ်း
၆-နား..နား...နား
၇-ရက်စက်မှကြေကွဲ
၈-ရည်းစားစာ
၉-ဒီလိုဆိုလူရှိန်ပြီ
၁၀-အပြာရောင်လမ်းခွဲ
၁၁-ဘုတ်ဖြစ်ပြီ
၁၂-ချာတိတ်အတွက်
၁၃-ဆရာမကြီး
၁၄-တစ်ကိုယ်တော်Valentine


http://wlovestory.blogspot.com/2012/12/mp3.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

အတုဟု ယူဆရသော အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ မြန်မာနိုင်ငံသားထံမှ ဖမ်းမိ


သန်းထိုက်ဦး

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်၌ မြန်မာနိုင်ငံသားနှင့် ထိုင်းအမျိုးသမီး တဦးထံမှ အတုဟု ယူဆရသောအမေရိကန် ဒေါ်လာ ၄ သိန်း ခွဲခန့်တန်ဖိုးရှိ ၁၀၀ တန်များကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိကြောင်း သတင်းရ ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ် စနေနေ့က မဲဆောက်မြို့ ထာ့အာရွာရှိ ဂျပန်နိုင်ငံထုတ် တပတ်ရစ်ကားများ ရောင်းချသည့်ဂိတ်တွင်လုံခြုံရေးဝန် ထမ်း များနှင့် အချင်းများရာမှ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရာ ထိုင်းနံပါတ်ပြား တပ်ဆင်ထားသည့်တရားမ ဝင်လိုင် စင်မဲ့ကားကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လိုင်စင်မဲ့ကား ဖမ်းဆီးသည့်အမှုနှင့် ပတ်သက်၍ ယမန်နေ့ ညနေက မဲဆောက် ရဲစခန်းတွင် အ သေးစိတ် ဆက်လက်စစ်ဆေးရာ ကားအ တွင်း အမေရိကန် ဒေါ်လာ အတု ၄ သိန်းခွဲခန့်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မဲဆောက်မြို့နယ် ရဲစခန်းမှ ရဲမှူးကြီးတဦးက ဒေသခံသ တင်း ထောက်များကို ပြောသည်။

တရားမဝင် လိုင်စင်မဲ့ကားကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဒေါ်လာငွေအတုများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်း ရဲမှူးကြီးက ဆိုသည်။


အဖမ်းခံထားရသည့် ဦးမောင်ဦးလှိုင်သည် မြန်မာနိုင်ငံကူး လက်မှတ်နှင့် အာဆီယံ သတင်းထောက်များ အသင်းဝင် ကတ်ပြားတို့ကို ကိုင် ဆောင်ထားပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်း ခမ်ထာ့စီရီ ဆိုသူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ဆုံးသတင်းအရ အဖမ်းခံထားသူ ၂ ဦးကို ဘန်ကောက်မြို့ရှိ ထိုင်းမှုခင်းတပ်ဖွဲ့မှ ရဲအရာရှိများက စစ်ဆေးနေကြောင်း သိရသည်။

မဲဆောက်ကမ်းနား ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားဝင်းမှ ကားပွဲစား ယူနွတ်က ဦးမောင်ဦးလှိုင် သည် ကားဝင်းသို့ မကြာခဏ ကားလာ ဝယ်လေ့ရှိပြီး ဘန်ကောက်သို့ သယ်ဆောင်ကာ တဆင့်ပြန်လည် ရောင်းချခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

လတ်တလော သိမ်းဆည်းရမိထားသည့် ဒေါ်လာများကိုလည်း ထပ်မံ စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောကြား ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။


ထိုင်း အာဏာပိုင်များက ဒေါ်လာ အတု၊ အစစ် ထပ်မံသေချာစွာသိရှိရန် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့်ဘဏ်မှ တာဝန်ရှိသူများ အား အကူအညီတောင်း၍ စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းသတင်းတွင် ရေးသားထားသည်။

ဒေါ်လာအတု ဖမ်းဆီးမှုသတင်းကို နယ်စပ်ဒေသရှိ ထိုင်း စီးပွားရေးသမားများ အပါအ၀င် ရဲအာဏာပိုင်နှင့် ဒေသခံများက စိတ်ဝင်စား နေ ကြသည်။

အင်္ဂလိပ်သဒ္ဒါဖြတ်လမ်း (ပီမိုးနင်း) စာအုပ်


အင်္ဂလိပ်စာလေ့လာတဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေစေမယ်စာအုပ်လေးပါ
Download>>>lastbox (or)mediafire (or)zippyshare

ပိုစ့်ပိုင်ရှင်ကိုတော့ မပြောပြတော့ပါဘူး စာအုပ်မှာ တစ်ခါတည်းပါပြီးသားဘဲဆိုတော့

မြေဆွဲအားဖြင့် မီး အလင်းပေး နိုင်တော့မည်


ကမ္ဘာ့ မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီ တစ်ခုက တီထွင် လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာ တစ်ဝန်း လျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီး မထွန်း နိုင်သော လူသား သန်း ထောင့်ငါးရာ ကျော်ကို အလင်းပေး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကမ္ဘာ့ မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံး

ကကတစ် နှစ်ပြန်ချက် (ဆီမပါသည့် ကာလသား အရိုင်းချက်နည်း)

၁။ ကကတစ် အကောင်လိုက်ကို ဆူးတောင်တွေ၊ အမြီးတွေ မခုတ်ဘဲ ဗိုက်ကိုဖောက်လိုက်ပါ။ ထို့ကြောင့် အရိုင်းချက်ဟု ခေါ်ခြင်းဖြစ်ပါသည်။

၂။ ရေစင်အောင် ဆေးပြီး၊ ငါးအသားကို ဓားနှင့်မွှန်းပါ။ ဆနွင်း၊ဆားနယ်ပါ။ ငါးအသားထဲ ဆားဝင်အောင် ခဏထားပါ။

၃။ ငါးဗိုက်ထဲသို့ သင့်လျော်သည့် ပမာဏခန့် ရှိသည့် အရံသင့် ထောင်းထားသော ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မိတ်သလင်(နည်းနည်း)ကို သွတ်လိုက်ပါ။

၎။ ပြီးလျှင် မကျည်းရည် ပွက်ပွက်ဆူအောင် တည်ပြီး ငါးကို အကောင်လိုက် မပြတ်အောင် ထည့်ချက်ပါ။ ရေမခန်းတခန်း အထိ တည်ထားပါ။ (ပထမ တစ်ပြန်ပြီးပါပြီ။)

(ပထမ တစ်ပြန်တွင် ငါးထဲမှ ငါးဆီထွက်လာပါပြီ။ ဒါကြောင့် ဆီလုံးဝ ထည့်စရာမလိုပါ။ မန်ကျည်းရည်နှင့် ငါးကို တစ်ပြိုင်နက်တည်း ထည့်ချက်သောကြောင့် နည်းနည်းကျက်ခဲပါသည်။ သို့သော် ငါးအသားမှာ တင်းပြီး စားကောင်းပါသည်။)

၅။ ပန်းငရုတ်သီး၊ ခရမ်းချဉ်သီး၊ မိုးမျှော်ငရုတ်သီး၊ ရွှေပဲသီး၊ ကြက်သွန်ပင်၊ ကြက်သွန်နီ(လေးစိတ်အပိုင်းလေးများ)၊ အခွံခွာပြီးသား ကြက်သွန်ဖြူအမွှာများ လှီးဖြတ်ပြင်ဆင်ထားပါ။

၆။ ရွှေပဲသီးနှင့် ပန်းငရုတ်သီးတို့ကို ရေအနည်းငယ်နှင့်အတူ ငါးထဲသို့ လောင်းထည့်ပြီး ထပ်ချက်ပါ။ အသီးအရွက်များနူးမှ ကြိုက်လျှင် ကြာကြာချက်ပါ။

၇။ မနူးတနူးအချိန်တွင် ခရမ်းချဉ်သီး၊ မိုးမျှော်ငရုတ်သီး၊ ကြက်သွန်နီစိတ်များ၊ ကြက်သွန်ဖြူ အမွှာများကို ထည့်ပါ။ ဟင်းအရည်ဖြင့် သောက်ဆန်းပုံစံကြိုက်လျှင် ရေထပ်ထည့်ပါ။ ဟင်းအရည်ကို မြည်းကြည့်ပြီး လိုအပ်သလို အပေါ့၊ အငန်၊ အချဉ်တို့ကို ပြင်ဆင်ပြီး ဆူလျှင် ကျက်ပါပြီ။ (ဒုတိယ တစ်ပြန်ပြီးပါပြီ။)

၈။ နံနံပင်၊ ကြက်သွန်မြိတ်ပင်တို့ကို လှီးပြီး ငါးဟင်းပေါ်သို့ အုပ်ပြီး ခဏနေလျှင် စားနိုင်ပါပြီ။




လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)

မှတ်ချက်။     ။ အသစ်အဆန်းများ တီထွင်ချက်ပြုတ် စားသောက်ခြင်းသည် အသက်ရှည် ကျန်းမာစေသည်ဟု ဖတ်ဖူးပါသဖြင့် ရုံးပိတ်ရက်များတွင် မပျင်းမရိ၊ လုံ့လရှိပြီး ချက်ပြုတ် စားသောက်ကြပါရန်။ ဟင်းချက်နည်း တင်ထားလို့ တောင်ထင်၊ မြောက်ထင် ထင်မှာလဲ ခပ်လန့်လန့်...။  

(တိန်...)

ရုပ်ရှင်အစည်းအရုံး ၂၀၁၃ ပြက္ခဒိန် ရိုက်ကွင်း(သတင်း/ဓာတ်ပုံ)

ရုပ်ရှင်အစည်းအရုံး ၂၀၁၃ ပြက္ခဒိန် ရိုက်ကွင်း(သတင်း/ဓာတ်ပုံ)

ရုပ်ရှင် အစည်းအရုံး 2013 Calendar အတွက် ချစ်သူများ အစည်းအရုံး ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှ သရုပ်ဆောင်များက ဒီဇင်ဘာ၁၅ရက်နေ့ တွင် ဓာတ်ပုံ ရိုက်ကူးပေးခဲ့ကြပါတယ်။

ဓါတ်ပုံ - မိုးမင်း (Rays), နေတိုး facebook မှ




 popular journal

ဂျပန်မချောချောလိုချင်တယ်

တစ်ခါကကိုဝင်းမောင်+မမြင့်မြင့်ဆိုတဲ့ လင်မယားရှိတယ် ကလေး၂ယောက်နဲ့ ဆိုတော့စုစုပေါင်းမိသားစုဝင်၎ယောက်ရှိတာပေါ့ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကိုအမြဲ စစ နောက်နောက် ပြောတက်တယ် ဒါကိုမမြင့်မြင့်ကလည်းမကြိုက်ဘူး ဒါပေမယ့် ကိုဝင်းမောင်ကလည်းဘယ်တော့မှမပြင်ဘူး အမြဲအစအနောက်သန်တယ် တစ်ရက်ကြတော့မမြင့်မြင့်တို.ရုံးက အစီအစဉ်နဲ့ ဂျပန်ကို မမြင့်မြင့်ကို ဂျပန်နိုင်ငံမှာပညာတော်သင်သွားသင်ဖို့  အကြောင်းရှိလာတော့ မိသားစုတွေခဏခွဲဖို.ဖြစ်လာရော မမြင့်မြင့်ဂျပန်ကိုသွားမဲ့ နေ့ မှာရုံးကလူကြီးတွေရော ကိုဝင်းမောင်ပါလေဆိပ်ကိုလိုက်ပို့ ကြတယ် လေယဉ်တက်ခါနီးကြတော့ မမြင့်မြင့်က စိတ်မကောင်းသောအသံဖြင့် ကိုဝင်းမောင်ကို ယောင်္ကျားရေ '"ကျွန်မသွားတော့မယ်ဘာမှာဦးမလည်း" လို့ မေးတော့ကိုဝင်းမောင်က "ဘာမှတော့ထွေထွေထူးထူးမမှာပါဘူးကွာ မင်းပြန်လာရင်သာငါ့အတွက်ဂျပန်မှချောချောသာသယ်ခဲ့လို."သူ့ အကျင့်အတိုင်းစစနောက်နောက်ပြန်ပြောလိုက်တယ်
အစကတည်းကမှမိသားစုနဲ့ ခွဲခွာရမှမို့ စိတ်မကောင်းဖြစ်နေတဲ့ မမြင့်မြင့်ကယောင်္ကျားဖြစ်သူရဲ့ စနောက်စကားကြောင့်စိတ်တိုသွားပါတယ် ရုံးကလူကြီးတွေရှေ့မှာဆိုတော့ပိုဒေါသဖြစ်တာပေါ့
ဒီလိုနဲ့ ၆လကြာမြင့်တဲ့အခါ မမြင့်မြင့်၁ယောက်ဂျပန်ကနေပညာသင်ပြီးလို့ ပြန်လာရော ဒါကိုကိုဝင်းမောင်နဲ့ အတူမမြင့်မြင့်တို့ ရုံးကလူကြီးတွေလည်းလေဆိပ်မှာလာကြိုကြတာပေါ့
လေယဉ်ပေါ်ကဆင်းလာတဲ့အခါယောင်္ကျားရောကလေးတွေရော ရုံးကလူကြီးတွေရော အားလုံးကိုမြင်တွေ့ ရတော့မမြင့်မြင့်ကအရမ်းပျော်နေတယ် နှုတ်ဆက်စကားတွေပြောကြရင်းနဲ့ ပေါ့ အဲဒီအချိန်မှာဘဲ ကိုဝင်းမောင်ကသူ့ အကျင့်အတိုင်း "မိန်းမရေငါအမှာလိုက်တဲ့  ဂျပန်မှချောချောလေးပါမလာဘူးလား"ဆိုပြီးနှောက်လိုက်တယ် အဲဒီမေးခွန်းကိုပြန်ဖြေလိုက်တဲ့မမြင့်မြင့်ရဲ့  အဖြေကြောင့်ကိုဝင်းမောင်အပါအ၀င်လာကြိုတဲ့လူတွေအားလုံးမှင်တက်သွားကြပါတယ်
မမြင့်မြင့်ကဘာဖြေလိုက်လည်းဆိုတော့
ယောင်္ကျားရယ် စိတ်ချစမ်းပါ ယောက်ျားမှာတာမမေ့ ပါဘူး ဒါပေမယ့်ဂျပန်ထီးချောချောလေးလား ဂျပန်မှချောချောလေးလားဆိုတာတော့ နောက်လေးလမှသိမယ် ကျန်မလည်းတွေ့ တွေ့ သမျှဂျပန်တွေနဲ့ ကြိုးစားခဲ့တာဘဲတဲ့ ကဲဘာပြောမလည်းဟီးဟီး
ဝန်ခံချက်=ဒီဟာသလေးကို ဂျာနယ်မှဖတ်ပြီးကြိုက်နှစ်သက်လို.ပြန်လယ်မျှဝေတာဖြစ်ပါတယ်

2013 ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု


လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံး မှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြား လိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရ သည်။


သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေး အန္တရာယ်တစ်ခု ဖြစ်ပြီး စွမ်းအားကြီးမားလှသော အာကာသအတွင်းမှ ကျောက်အပိုင်းအပြတ်များ တစ်စစီ ကြွေမွလွင့်ပျံလာခြင်းက ဂြိုလ်တုဆက်သွယ်ရေး စနစ်များကို ထိခိုက်ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်းခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့်အပြင် အကျိုးဆက် အဖြစ် အစာရေစာများရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက် သွားမည် ဖြစ် သည်။



လူနေအိမ်များနှင့်ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့်ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင် သည်။ ယခု ဖြစ်ပေါ်လာဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။


အလားတူ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုအဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည် ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေး ဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင်အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး တစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။


၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး နေသည် သူ၏စွမ်းအင်အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန် ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင် ဓါတ်ရောင်ခြည်မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ်စွမ်းအားများ ထွက်ပေါ်လာမည် ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသဆိုင်ရာ ထူးခြားမှုများ ကြုံတွေ့ ရမည်" ဟု ဆိုသည်။

ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင်ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည် များကို ဖုံးလွှမ်းခြင်းခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန်အတွက် အဓိက အားဖြည့်လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက်အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေ ကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင်ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါနိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက်ခဲ့ဖူးသည်။


၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့် လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင်ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင်နှင့် လူသားတို့၏မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက် ဒဏ်ရာရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။

မနေ့ကကျင်းပခဲ့သော ကွန်းဖရန့်စ်တွင် ကြားနာခဲ့ရသမျှအရ အာကာသ အတွင်း နူကလီးယား လက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့အားလုံးရဲ့ သဘာဝရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေးပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင်ဆိုင်ရာ သံလိုက် ဓါတ်များက ကမ္ဘာမြေကြီးကိုလွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူအင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။


ဖြစ်စဉ်အရ အဖိုးတန်ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲ မှုများသည် ဖုံမှုန့်တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တမြားနှင့်နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။.

Pinkmole Susu

SpaceXရဲ့Dragon အကာသယာဉ်


SpaceX ရဲ့ Dragon အာကာသယာဉ်

ပုဂ္ဂလိက SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းကို အသွားအပြန် အောင်မြင်စွာ ပျံသန်းနိုင်ပြီ ဆိုတာ ပြောပြမှာပါ။
ဒေါ်ခင်မျိုးသက်
VOA(မြန်မာပိုင်းအစီအစဉ် သိပ္ပံနဲ့နည်းပညာ)
13.06.2012

မိုးမှာပျံလို့ရတဲ့ ဒဏ္ဍာရီထဲကနဂါးလို့ အဓိပ္ပါယ်ရတဲ့ Dragon အာကာသယာဉ်ကို ကယ်လီဖိုးနီးယား အခြေစိုက် SpaceX ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီး နိုင်ငံတကာ အာကာသစခန်းဆီကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့သလို ကမ္ဘာမြေပြင်ဆီကိုလည်း ချောချောမောမောပဲ ပြန်ပြီးဆင်းနိုင်ခဲ့တယ် ဆိုတာ ဒီတပါတ်မှာ ပြောပြမှာပါ။

အာကာသယာဉ်ကို အာကာသထဲလွှတ်တင်ဖို့ ကိစ္စဟာ နည်းပညာ တတ်ကျွမ်းနားလည်ဖို့ အပြင် ငွေကုန်ကြေးကျ များလှတာမို့ အစိုးရ အဖွဲ့အစည်းတွေကသာ တာဝန်ယူထုတ်လုပ်ကြတာပါ။ အခုတော့ ပုဂ္ဂလိကကုမ္ပဏီတခုကနေ ထုတ်လုပ်တဲ့ ပထမဦးဆုံး အာကာသယာဉ်ကို ဖလော်ရီဒါမှာရှိတဲ့ ကာနာဗရယ်အငူ အာကာသစခန်းကနေ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီ Dragon အာကာသယာဉ်ဟာ လူမပါပဲ ပစ္စည်းပို့တဲ့ယာဉ်ပါ။ ဒါပေမယ့် နောင်မှာ အာကာသယာဉ်မှုး ၇ဦး လိုက်ပါနိုင်တဲ့ အထိ SpaceX ကုမ္ပဏီက ပုံစံချထားတာပါ။

ဒရက်ဂွန် ကို Falcon 9 အမျိုးအစား ဒုံးထိပ်မှာတင်ပြီး မေလ ၂၂ရက်နေ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ပစ်လွှတ်ခဲ့တာပါ။ နိုင်ငံတကာ အာကာသ စခန်းက အာကာသယာဉ်ချိတ်ဆက်တဲ့ နေရာနဲ့ တည့်အောင် ချိန်ရင်း အင်္ဂါနေ့ကတည်းက ကမ္ဘာပါတ်လမ်းထဲ ၀င်ရောက် ပျံသန်းခဲ့ရတဲ့ ဒရက်ဂွန်ယာဉ်ဟာ ကြာသပတေးနေ့ မနက် အစောပိုင်း မှာတော့ နိုင်ငံတကာ အာကာသ စခန်းအောက်နား တမိုင်ခွဲနီးပါးအကွာကို ရောက်ရှိသွားခဲ့ပါတယ်။ သောကြာနေ့ မနက် ၃နာရီလောက်မှာ စခန်းနားကိုကပ်နိုင်ခဲ့သလို သတ်မှတ်ချိန်ထက် နဲနဲ နောက်ကျပေမယ့် ၉နာရီ ၅၆ မှာတော့ အာကာသစခန်းထဲက ယာဉ်မှုး Don Pettit က စခန်းမှာရှိတဲ့ စက်လက်တံနဲ့ အမိအရ ချိတ်ဆက်လိုက်နိုင်ပါတယ်။

အခုလို အာကာသစခန်းနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီးတဲ့ နောက်တနေ့ စနေနေ့မှာတော့ Don Pettit ဟာ အာကာသထဲထွက်ပြီး Dragon အာကာသယာဉ်ကို စစ်ဆေးခဲ့ပါတယ်။

“အထဲဝင်လိုက်တော့ မော်တော်ကား အသစ်တွေမှာ ရတတ်တဲ့ အနံ့မျိုး ရတယ်”

ပုဂ္ဂလိက ကုမ္ပဏီကထုတ်တဲ့ ဒီ Dragon အာကာသယာဉ် ကရတဲ့ အနံ့က သူနဲ့ စိမ်းမနေသလို အထဲရောက်တဲ့ အခါမှာလည်း အထဲက အနေအထားကို သူသဘောကျကြောင်း မြေပြင်ကစောင့်မျှော်နေကြသူတွေကို အခုလိုပြောပြပါတယ်

“ကျွန်တော်ကတော့ တော်တော် သဘောကျတယ်။ ကျွန်တော့် ပစ်ကပ်ကားလိုပဲ ပစ္စည်းတွေ အတော် တင်နိုင်တာ တွေ့ရတယ်။ နောက်ပြီး ရုရှားလုပ် ဆိုယုဇ် ယာဉ်ထက် နေရာပိုကျယ်တယ်။ တကယ်လို့ ဒီ Dragon ယာဉ်မျိုးနဲ့ လူတင်မယ်ဆိုရင် လည်း ပြဿနာသိပ်ရှိမှာ မဟုတ်ဖူး”

ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလစ်က ဟောသွန်း Hawthorne အခြေစိုက် SpaceX ကုမ္ပဏီကနေ လူပါတဲ့ယာဉ်ကို နောက် ၃နှစ် လောက်အကြာမှာ တင်နိုင်မယ်လို့ မျှော်လင့်ထားကြတာပါ။ သူတို့ဟာ လူကိုယ်တိုင် လိုက်ပါနိုင်ဖို့အတွက် ထိုင်စရာနေရာအပြင် အန္တရာယ် တစုံတရာကျရောက်လာရင် ထွက်ပေါက်ရစေမယ့် စံနစ်နဲ့ အသက်ရှင်ရပ်တည် နိုင်ရေး စံနစ်တွေ ကိုပါ စမ်းသပ် တီထွင်နေကြပြီဖြစ်ပါတယ်။

အခုလွှတ်တင်ခဲ့တဲ့ Dragon ပစ္စည်းတင် အာကာသယာဉ်ဟာ ပစ္စည်း ပေါင်ချိန် တထောင်လောက်ကို သယ်သွားခဲ့တာပါ။ ဒီအထဲမှာ အ၀တ်အစားတွေ၊ အစားအသောက်တွေ၊ ကွန်ပြူတာပစ္စည်းတွေနဲ့ ကျောင်းသားတွေရဲ့ စမ်းသပ်မှုတွေ လည်းပါပါတယ်။ အာကာသ စခန်းမှာရှိတဲ့ ယာဉ်မှုးတွေဟာ ယာဉ်ပေါ်ကပစ္စည်းတွေကို အာကာသစခန်းထဲကိုချပြီး မေလ ၃၁ရက် ကြာသပတေးနေ့မှာ ကမ္ဘာကိုပြန်မယ့် ဒီယာဉ်ပေါ်ကို စခန်းထဲက သုံးပြီးသား ပစ္စည်းတွေကို တင်ပေးကြပါတယ်။

အမေရိကန်အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာက နိုင်ငံတကာ အာကာသ စခန်းကို အသွားအပြန်သယ်ပို့တဲ့ အာကာသယာဉ်တွေ မတည်ဆောက်တော့ပဲ ပြီးခဲ့တဲ့ နှစ်ကစပြီး နောက်ဆုံးယာဉ်ကိုပါ အနားပေးခဲ့ပါတယ်။ နာဆာက အာကာသယာဉ်တွေ ဆက်ပြီး မထုတ်တော့တဲ့ အတွက် အာကာသစခန်းကို အသွားအပြန် သယ်ပို့ဖို့ ရုရှားနိုင်ငံက ဆိုယုဇ်အာကာသယာဉ် တွေကိုပဲ အားထားနေရာက အခုပုဂ္ဂလိက ကုမ္ပဏီက လွန်းပျံယာဉ်ကို သုံးလာနိုင်တာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ Dragon အာကာသယာဉ်ဟာ ကမ္ဘာကိုပြန်လာခဲ့ပါတယ်

“နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ထားတဲ့ Dragon ယာဉ်ရဲ့ လက်တံတွေကို ယာဉ်မှုးတွေက ပြန်ဖြုတ်ပေးလိုက်ပါပြီ”

မောင်းသူမပါတဲ့ Dragon အာကာသယာဉ်ကို ထိမ်းချုပ်ပေးနေတဲ့ နာဆာ ထိမ်းချုပ်ရေး စခန်း ကကြေငြာလိုက်တာပါ။ ကမ္ဘာကို ပြန်လာတဲ့ ဒီယာဉ်ဟာ ကယ်လီဖိုးနီးယား ကမ်းလွန်ပိုင်း ပစိဖိတ် သမုဒ္ဒရာထဲကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာပါ။

Dragon အာကာသယာဉ်ကို ပုံစံထုတ်လုပ်သူတွေ သတ်မှတ်ချိန်ထက် တပါတ် နောက်ကျပြီးမှ နိုင်ငံတကာ အာကာစခန်း ကို လွှတ်တင်နိုင်ခဲ့ပေမယ့် ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီတခုက ပထမဆုံး လွှတ်တင်နိုင်တာမို့ ကြီးမားတဲ့ သမိုင်းဝင်အောင်မြင်မှု တခုဖြစ်ပါတယ်။

Dragon ယာဉ် သမုဒ္ဒရာရေပြင်နဲ့ ထိသွားတဲ့ အချိန်မှာတော့ ဒီယာဉ်ကို မွေးထုတ်ခဲ့သူ SpaceX ကုမ္ပဏီက အမှုဆောင်အရာရှိတဦးဖြစ်တဲ့ Elon Musk က ၀မ်းသာအားရ အခုလိုပြောပါတယ်။

“ကျွန်တော် အခု ဘာစဉ်းစားနေလဲဆိုတော့ ကျွန်တော့ ရင်သွေး အိမ်ပြန်တာကို ကြို နေတာလေ။ ဒီ Dragon လေး ဆိပ်ကမ်း ရောက်လာမှာကို မြင်ချင်နေသလို။ အာကာသထဲက နာဆာနဲ့အတူ ပစ္စည်းတွေ ချဖို့လေ။ စဉ်းစားလိုက်ရင် သိပ်ကိုပျော်ဖို့ ကောင်းတာပါ။ ကိုယ့် သားသမီး အိမ်ပြန်လာတာတွေ့ရ သလိုပဲ”

ဒီ ဒရက်ဂွန်ယာဉ်နဲ့ အာကာသ စမ်းသပ်မှုတွေ သယ်လာခဲ့သလို သုံးထားတဲ့ စက်ပစ္စည်းတွေ ကလည်း အမျိုးစုံလှပါတယ်။ ရုရှားက ဆိုယုဇ် ယာဉ်လိုပဲ နိုင်ငံတကာ အာကာသ စခန်းကို အသွားအပြန် လွန်းပျံယာဉ် အဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တဲ့ ဒီယာဉ် အတွက် ပျက်ကျနိုင်တဲ့ ပုံစံက အမျိုးမျိုး ရှိနေတယ် ဆိုတာကို ကိုယ်တိုင် ကြီးကြပ် ဒီဇိုင်း ထွင်ခဲ့တဲ့ Musk ကသိနေတာမို့ အခုမှ သက်ပြင်းချနိုင်တာပါ။

“ပြောရတာတော့ နဲနဲခက်သလိုပဲ ။ ဒါပေမယ့် ကျွန်တော်တို့ တကယ် အလုပ်ဖြစ်ခဲ့တာတွေ့ရတော့ ဘယ်လိုခေါ်မလဲ သိပ်ကို အံ့သြရတာပါ။ အစကတဲက အလုပ်ဖြစ်မှာ မဟုတ်ဖူးလို့ တွက်ထားတာမျိုးမဟုတ်ပေမယ့် ။ ဒါက ပျက်သွားနိုင်တဲ့ ပုံစံက အမျိုးစုံ ရှိနေတာမို့ အခုလို တကယ် အလုပ်ဖြစ်သွားတာလဲတွေ့ရော ဟေး အောင်ပြီကွလို့ ပြောမိတာပါ”

ပစ္စည်းတင် ဒရက်ဂွန်ယာဉ် လွှတ်တင်တဟာ ကော့တ်စ် COTS လို့ခေါ်တဲ့ နာဆာရဲ့ စီးပွါးဖြစ် အာကာသ ပို့ဆောင်ရေး အစီအစဉ်ထဲက တခု ဖြစ်ပါတယ်။ SpaceX ကို နာဆာက သူ့ အာကာသစူးစမ်းရေး ဆိုင်ရာသုံးတဲ့ ပစ္စည်းတွေ လွှတ်တင်ဖို့ နေရာနဲ့ အင်ဂျင်နီယာတွေ ခွဲပေးခဲ့ သလို အခုလို သမိုင်းတွင်မယ့် အောင်မြင်မှု ရစေဖို့ ငွေကြေးကအစ ထောက်ပံ့ခဲ့တာပါ။ ဒေါ်လာ သန်း ၄၀၀ ပေးခဲ့ပါတယ်။

“အခုလို ပထမ ပွဲဦးထွက် အောင်မြင်သွား တာက ဘာကိုပြသလဲဆိုတော့ စီးပွါးဖြစ် အာကာသယာဉ်တွေ အောင်အောင်မြင်မြင် ထုတ်လို့ ရတယ် ဆိုတာကိုပြတယ်။ ဒါက အာကာသ ခရီးအတွက် လုပ်ရတဲ့ အဆင့်အားလုံး ပါအောင်မြင်ခဲ့တာမို့ပါ။ နောက် နာဆာလို အဖွဲ့ကြီးနဲ့ လက်တွဲ လုပ်ရတာက ထူးခြားနေသလို ဒါမျိုးနည်းလမ်းတွေ လုပ်လို့ရတယ်ဆိုတာ ပြနေတာမို့ ဆက်လုပ်ဖို့ လိုပါတယ်”

နာဆာက Space X ကုမ္ပဏီကို အာကာသ စခန်းကို ၁၂ကြိမ်ထက်မနဲ သွားဖို့ အတွက် ကန်ထရိုက်စာချုပ်ကို ဒေါ်လာ သန်းပေါင်း တထောင့်ခြောက်ရာနဲ့ ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ ပထမတကြိမ် လွှတ်ဖို့ ခန့်မှန်းထားပါတယ်။ Space X ကုမ္ပဏီကို ၂၀၀၂ခုနှစ်မှာ Elon Musk ကတည်ထောင်ခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၁၂ မေလ ၂၂ ရက်နေ့ကျမှ ဒီယာဉ်ကို လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ရုရှားက ယာဉ်တွေကိုပဲ အားထားနေရတဲ့ နာဆာက အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေကို မြေတောင်မြှောက်ပေးပြီး အတူ အလုပ်လုပ်ဖို့ လမ်းဖွင့်ပေးနေသလို တဖက်ကလည်း စိတ်ချ ယုံကြည်လောက်တဲ့ စက်မှု လုပ်ငန်းသစ် ကဏ္ဍတရပ် ဖွင့်နိုင်ဖို့ ရည်မှန်းထားတယ်လို့ နာဆာ အကြီးအကဲ Charlie Bolden ကပြောပါတယ်

“ကျွန်တော်တို့ အခု အနာဂတ် အာကာသ လုပ်ငန်းတွေစလုပ်ဖို့ အချိန်ရောက်လာပါပြီ။ နောင်မှာ မာကျူရီတို့ ဂျင်မနိုင်တို့ အပိုလိုတို့ ကိုသွားဖို့ နဲ့ လွန်းပျံယာဉ်တွေ လွှတ်တင်ရေးဟာ အခုလို တီထွင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂလိက အာကာသစူးစမ်းရေး ကုမ္ပဏီတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါဟာ အဆုံးမရှိတဲ့ အာကာသအတွက် လမ်းတွေ ပွင့်သွားတာ တမျိုးပါ”

နာဆာအဖွဲ့အနေနဲ့ ကမ္ဘာနဲ့ နီးတဲ့ ပါတ်လမ်းကြောင်းထဲက နိုင်ငံတကာ အာကာသစခန်းကို သွားတာထက် ကမ္ဘာနဲ့ ပိုပြီး ဝေးကွာတဲ့ အင်္ဂါဂြိုဟ် နဲ့ Asteroids လို့ခေါ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ ဆီပါ သွားနိုင်မယ့် ရှုပ်ထွေး ခက်ခဲမှုတွေ ပိုပြီးရှိလာမယ့် ယာဉ်တွေကို တီထွင်ဖို့ အာရုံစိုက်နေပါတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ ကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်



........................ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။
ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်

ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်

ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။
— at Myawady Health.

"သူပုန်ကျောင်း"







by Thein Myint Win on Sunday, December 23, 2012 at 4:53am 

သူပုန်တွေ စားတဲ့ အစားအစာ
နွေးချင်နွေး၊ အေးချင်အေး၊
မေတ္တာပေါင်းကူးလေး ဖြစ်ချင်ဖြစ်မယ်

သူပုန်တွေ ဝင်တဲ့ အပေါက်ဟာ
ဆင်းရဲသားဖြစ်ဖြစ်၊ ဦးလူပေါဖြစ်ဖြစ်၊
လမ်းကြား နောက်ပေါက် ဖြစ်ချင်လည်း ဖြစ်မယ်
သူပုန်တွေ ပေးတဲ့ သြဘာ
နောက်သလိုလို၊ ပြောင်သလိုလို၊
ချောက်ကျတဲ့ လမ်းဖြစ်ချင်ဖြစ်မယ်
သူပုန်တွေ ဆွဲတဲ့ ပုံ
အတိုင်းအတာပါမယ်၊ အချိုးကိုက်မယ်၊
ထောင့်စုံချင်မှတော့ စုံမယ်
လူငယ်ဆိုတာက ပုန်ကန်မှ ပုံမှန်
အကုန် မှန်စရာလည်း မလိုပါဘူး
ခေတ်ဆန်ချင်လည်း ဆန်မယ်
ခေတ်ကိုလည်း ဆန်ချင်ဆန်မယ်
လူသားတွေဟာ ပညာမီးကို ပုန်ကန်ပြီး မွှေးခဲ့ရတာ
လူသားတွေဟာ ပညာခေတ်ကို ပုန်ကန်ပြီး ဆောက်ခဲ့ရတာ
ပုန်ကန်တယ်ဆိုပေမယ့် စုံကန်တာမဟုတ်တာ သေချာတယ်
ပညာဆိုတော့ အစုန်အဆန် ရှိတာသေချာတယ်
ဒါပေမယ့်
အဲဒီ တစ်ခါတုန်းကတော့
ခေတ်က တို့ကို ငြိုငြင်ခဲ့လေတယ်
သူပုန်အမည်တပ် မြိုင်ရပ်ကိုနှင်
တို့ တစ်မျိုးဆက် အောင်မြင်စွာ ကျဆုံးခဲ့တယ်
အဲဒီ စာမေးပွဲ
သူပုန်သမိုင်းမှာ ဂုဏ်ထူးနဲ့ အောင်တယ်
သူပုန်ကျောင်းခမျာတော့ ကျောင်းခေါ်ချိန် မပြည့်ရှာဘူး
ဒါ သူပုန်ကျောင်းရဲ့ သမိုင်း၊ သူပုန်တွေရဲ့ ရာဇဝင်
ဒီကျောင်းကို ဝင်လာရင်
သူပုန်နံ့ ရမယ်၊ သူပုန်စကား ကြားမယ်၊ သူပုန်စိတ် နိုးကြွမယ်
အကုန် မှန်စရာလည်း မလိုပါဘူး
သူပုန်ကျောင်းဆိုမှတော့ ပုန်ကန်မှ ပုံမှန်လေ ။   ။
သိန်းခေါင်ငြိမ်းသစ်
20121223

ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်၊ iPhonw 5 ထက်သာသည်ဟု ပြော

December Aung likes a photo.



လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။

ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။

Android OS ကို အသုံးပြုပြီး 1.8 Ghz quad core processor ကို အသုံးပြု ထားတဲ့အတွက် high class ဖုန်းပဲ ဖြစ်ပါတယ်။ ဘက်ထရီလည်း အားကြီး ပါတယ်။ 4000 mAh ဆိုတော့ function အကုန် သုံးလို့ ဘက်ထရီ မခံမှာ မစိုးရိမ်ရ ပါဘူး။ iPhone 5 ထက်သော resolution ကောင်းနေတာကို ထူးဆန်းအံ့သြစွာ တွေ့ရှိရပါတယ်။ တစ်လက်မမှာ သိပ်သည်းဆ 361 pixel ရှိပါတယ်။ iPhone 5 ရဲ့  Retina ထက်တောင် ပိုကောင်းနေပါတယ်။

အရွယ်ကလည်း ကြီးတယ်။ လက်ရှိစမတ်ဖုန်းတွေထက်လည်း spec အချို့ က သာနေပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၈၀ လောက်ပဲလို့ ဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ရင်တောင် ၄ သိန်း ခွဲ မရှိပါဘူး။ iPhone ရော၊ Samsung တွေထက်တောင် ဈေးသက်သာမယ့် အနေအထား မှာ ရှိပါတယ်။ ၂၀၁၃ နှစ်ဆန်း အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ဝင်ရောက်ပြသပြီး ဖေဖော်ဝါရီလ အတွင်း ရောင်းချ နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
____________________________________
Reference and Credit to -Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/huawei.html
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)


Ref: dvice
ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်၊ iPhonw 5 ထက်သာသည်ဟု ပြော

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။

ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။

Android OS ကို အသုံးပြုပြီး 1.8 Ghz quad core processor ကို အသုံးပြု ထားတဲ့အတွက် high class ဖုန်းပဲ ဖြစ်ပါတယ်။ ဘက်ထရီလည်း အားကြီး ပါတယ်။ 4000 mAh ဆိုတော့ function အကုန် သုံးလို့ ဘက်ထရီ မခံမှာ မစိုးရိမ်ရ ပါဘူး။ iPhone 5 ထက်သော resolution ကောင်းနေတာကို ထူးဆန်းအံ့သြစွာ တွေ့ရှိရပါတယ်။ တစ်လက်မမှာ သိပ်သည်းဆ 361 pixel ရှိပါတယ်။ iPhone 5 ရဲ့  Retina ထက်တောင် ပိုကောင်းနေပါတယ်။

အရွယ်ကလည်း ကြီးတယ်။ လက်ရှိစမတ်ဖုန်းတွေထက်လည်း spec အချို့ က သာနေပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၈၀ လောက်ပဲလို့ ဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ရင်တောင် ၄ သိန်း ခွဲ မရှိပါဘူး။ iPhone ရော၊ Samsung တွေထက်တောင် ဈေးသက်သာမယ့် အနေအထား မှာ ရှိပါတယ်။ ၂၀၁၃ နှစ်ဆန်း အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ဝင်ရောက်ပြသပြီး ဖေဖော်ဝါရီလ အတွင်း ရောင်းချ နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
____________________________________
Reference and Credit to -Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/huawei.html
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)


Ref: dvice

မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ အကြောင်းကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌထံ KIO အကြောင်းပြန်

PDF Print
Monday, 24 December 2012 23:43
AddThis Social Bookmark Button
မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက်နေ့နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ၂၃ ရက်နေ့တွင် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
''မနေ့က (ဒီဇင်ဘာလ ၂၃ ရက်နေ့) ညမှာ တိုင်းမှူးက ကျွန်တော့်ကို ပြောတယ်။ မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့အတွက်၊ ရုပ်သိမ်းပေးဖို့အတွက် စာကို တရားဝင်အကြောင်းကြားပေးပါ ဆိုပြီး ပြောလာတယ်” ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၂၄ ရက်နေ့ည ၁၀ နာရီတွင် ပြောကြားခဲ့သည်။
ဦးလမိုင်ဂွမ်ဂျာက “အဲဒါကို ကျွန်တော်တို့ အဖွဲ့က ဒီကနေ့ (ဒီဇင်ဘာလ ၂၄ ရက်နေ့) မှာ KIA ကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ဘက်က တုံ့ပြန်တာကတော့ ဒီနေ့  KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆလွတ်ခမ်ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းထံ အကြောင်းပြန်လိုက်ပါတယ်။ တိုင်းမှူးပေးပို့တဲ့စာသည် KIA ကို ရာဇသံချတဲ့အနေနဲ့ အမိန့်ပေးတယ်။ ဒီလိုလုပ်တယ် ဆိုတာကို KIO အနေနဲ့ ကန့်ကွက်ပါတယ်ဆိုတဲ့ အကြောင်းပြန်စာကို ဒီနေ့ (ဒီဇင်ဘာလ ၂၄ရက်နေ့) ပဲ အကြောင်းပြန်လိုက်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=16997:---kia--------------kio-&catid=42:2009-11-10-07-36-59&Itemid=112

ကျားသစ်နဲ့ နွားမ ချစ်ကြိုက်နေတယ်တဲ့ဗျာ အံရော

ကျားသစ်အတွက် နွားမ ဆိုတာ ညစာကောင်းကောင်းတစ်ခုပါ။
ရင်းနီးချစ်ခင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။
သို့သော် အိန္ဒိယနိုင်ငံက ကျားသစ်တစ်ကောင်ကတော့ထူးခြားတယ်
သူကနွားမတစ်ကောင်နဲ့ချစ်နေတာလေ....
တစ်ဖက်သတ်မဟုတ်ပေဘူး...နှစ်ဦးနှစ်ဘက်သဘောတူဗျာ..
ကြံခင်းထဲကို ကျားသစ်လာရင်နွားမက ကြိုဆိုသတဲ့...
ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် လျှာနဲ့ ခြေဆုံးခေါင်းဆုံးလျက်ကြသတဲ့လေ

ရွာသားတွေကတော့ပျော်နေကြတယ်။
ဘာလို့လဲဆိုတော့ ဒီကျားသစ် ရှိနေသရွေ့
ရွာကို အခြား တရိစ္ဆာန်ရိုင်းတွေ ဘယ်ကောင်မှမ၀င်တော့ဘူးလေ..
(ref: believe it or not)
ကျားသစ်အတွက် နွားမ ဆိုတာ ညစာကောင်းကောင်းတစ်ခုပါ။
ရင်းနီးချစ်ခင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။
သို့သော် အိန္ဒိယနိုင်ငံက ကျားသစ်တစ်ကောင်ကတော့ထူးခြားတယ်
သူကနွားမတစ်ကောင်နဲ့ချစ်နေတာလေ....
တစ်ဖက်သတ်မဟုတ်ပေဘူး...နှစ်ဦးနှစ်ဘက်သဘောတူဗျာ..
ကြံခင်းထဲကို ကျားသစ်လာရင်နွားမက ကြိုဆိုသတဲ့...
ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် လျှာနဲ့ ခြေဆုံးခေါင်းဆုံးလျက်ကြသတဲ့လေ

ရွာသားတွေကတော့ပျော်နေကြတယ်။
ဘာလို့လဲဆိုတော့ ဒီကျားသစ် ရှိနေသရွေ့
ရွာကို အခြား တရိစ္ဆာန်ရိုင်းတွေ ဘယ်ကောင်မှမ၀င်တော့ဘူးလေ..
(ref: believe it or not)