This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 25, 2012

ထုတ်ကုန်နှစ်ဆ တိုးမြင်.ကြ... ပုံ...ဖယောင်းတိုင် ။



 လင်းဇော်ထက် <linnzawhtike@gmail.com>
Inline image 1

Inline image 2

Inline image 3(photo by D-Min)

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့်အဖွဲ့များကိုကျတော်စာရေးပြီးတော်စကားနည်းနည်းပြောပါတယ်။
လူသားချင်းကိုယ့်ချင်းစာမိလို့
ကျတော်ဒီစာကိုရေးလိုက်တာပါ။ကျတော်ဖြစ်နိုင်ရင်သူတို့ကိုကိုယ်တိုင်သွားပြောလိုက်ချင်ပါတယ်။ဒါပေ့မယ်
သူတို့တွေဆန္ဒထုတ်ဖော်တာကိုစော်ကားသလို့ဖြစ်မှာဆိုလို့ကျတော်ဝင်ရောက်မပြောခဲ့ပါဘူးကျတော်အမြဲတမ်းဆူးလေဇင်ယော်ကားမှတ်
တိုင်ကနေကားစီးပြီးအိမ်ပြန်နေတာဆိုတော့ဆန္ဒပြနေ့ကစပြီးကျတော်သူတို့နောက်ကိုလိုက်ကြည့်ခဲ့ပါတယ်။ကျတော်ကတော့သူတို့ထဲမှာမပါဝင်ပါဘူး။
ဘာဆက်ဖြစ်လာမလဲဆိုတာကိုကျတော်သူတို့နောက်ကလိုက်ကြည့်ခဲ့တာပါ ဒီကနေ့အထိအစိုးရကသူတို့ကိုဘာတစ်ခုမှာထိထိရောက်လာပြောတာ
ကျတော်မတွေ့ရဘူးခင်ဗျာ။ကိုယ့်ရဲ့အသားအနားခံပြီးဖယောင်းတိုင်မီးကိုလက်မှာကိုင်သွားနေကြတာသူတို့လက်တွေဖယောင်းတိုင်အရည့်တွေစီးကျနေတာကို
ကျတော်မြင်တွေ့ရတာစိတ်မချမ်းသာဘူးခင်ဗျာ။ရဲတွေကတော့သူတို့ကိုဘာမှာတော့မလုပ်ကြပါဘူးလိုက်ပြီးတော့စောင့်ကြည့်နေကြတာလို့ကျတော်ထင်တယ်
သူတို့တွေ့ကကိုယ့်ဆန္ဒကိုကိုယ့်ဖော်ထုတ်နေတာဆိုတော့ဖြစ်လာမယ့်ဘေးအန္ဒရာယ့်ဆိုးကျိုးတွေ့ကိုမမြင်ကြဘူးသေချာစဉ်းစားကြပါလို့ကျတော်ပြောချင်ပါတယ်
ဘယ်ဖြစ်လိုလဲဆိုတော့ ကိုကို မမ ဦးဦး ဒေါ်ဒေါ် တွေ့လူငယ်လူကြီးတွေဖယောင်းတိုင်တွေကိုင်ပြီးလမ်းလျှောက်နေကြတာမီးမပျက်ရဲအတွက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်
နေကြတာဂုဏ်ယူစရာပါ။ကျတော်အားပေးပါတယ်လုပ်ကြပါ ဒါပေ့မယ်သတိတော့ထားကြပေါ့ဗျာသူတိုတွေ့လမ်းကူးမယ့်နေရာရောက်ရင်ကျတော်သူတို့ကိုကြည့်နေရင်
စိုးရင်စိတ်တွေဖြစ်လာတယ်အနော်ရထာလမ်းဆိုရင်ကားတွေအရမ်းများတာမတော့လိုကားကဗရိတ်ပေါက်ပြီးကိုယ့်ဆီဝင်လာပြီးဆိုရင်ဘာမှာလုပ်လို့မရတော့ဘူး။သူတို့က
ဖယောင်းတိုင်ကိုင်ပြီးလမ်းလျှောက်နေကြတာကားကိုအာရုံမစိုက်နိုင်ဘူးကားကဗရိတ်ပေါက်သွားပြီးဆိုရင်ဘယ်လိုမှာရပ်လို့မရတော့ဘူးမဟုတ်လာ။တစ်ကယ်လို့ဖြစ်သွား
ခဲ့ဆိုရင်အစိုးရကလူအသက်ကိုပြန်လျော်ပေးနိုင်မလားပျော်ရွှင်စွာနေထိုင်ဖျက်သန်းခဲ့တယ်မိသားစုဘ၀ကိုသူတို့ပြန်ပေးနိုင်မလားဆိုတာစဉ်းစားကြပါ။ပြီးတော့အိမ်က
မိသားစုကသူတို့အိမ်ပြန်လာအချိန်ကိုစောင့်နေကြတယ်ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်ထမင်းကိုဆားနဲ့ပဲစားရစားရမိသားစုစုံစုံလင်လင် လက်စုံထမင်းဝိုင်းကိုစားချင်ကြတာပဲမ
ဟုတ်လာအိမ်မှကျန်ရစ်ခဲ့မိသားစုကလေ မိဘပဲဖြစ်ဖြစ် ၊သားသမီးပဲဖြစ်ဖြစ်၊လင်ယောင်္ကျားပဲ၊အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်၊မောင်နှမပဲဖြစ်ဖြစ်အိမ်ပြန်အလာကိုစောင့်နေကြပဲ
မဟုတ်ဘူးလာ ကိုယ့်မိသားစုအတွက်ထည့်စဉ်းစားကြပါလို့ကျတော်ပြောချင်ပါတယ်။ဘေးအန္ဒရာယ့်ဆိုတာပြောလိုမရဘူး ခင်ဗျာမဖြစ်ပါစေနဲ့လိုကျတော်ဆုတောင်းပေး
ပါတယ်။ကျတော်တို့လျှပ်စစ်မီးကတော့ရေရရှိမှာမီးရမဆိုတော့မိုးများများရွာအောင်ဆုတောင်းရမှာပေါ့ အဓိကကျတော်ပြောချင်တာကတော့ဒီလိုဆန္ဒပြနေမယ်အစား
ဘယ်လို့လုပ်ရင်မီးရနိုင်မလဲဆိုတာကိုကျတော်တို့ပြည့်သူတွေနဲ့အစိုးရညဏ်ကြီးရှင်းတွေနဲ့ပူပေါင်းဆောင်ရွတ်မယ့်ဆိုရင်မီးရရှိနိုင်မယ့်လိုကျတော်ယုံကြည့်ပါတယ်ခင်ဗျာ
သူတို့ကမနိုင်လို့မပေးနိုင်တာကိုတောင်းနေကြတော့ဘယ်ရနိုင်မလဲ။ရောင်းစားလို့ကုန်းသွားတာကျတော်တိုမြန်မာနိုင်ငံမှာသိတယ်အတိုင်းပဲခုဘယ်ကျန်သလဲမေးရင်ပြော
မယ့်စကားကတစ်ခွင့်ပဲရှိတယ်။အခွံပဲကျန်ပါတော့တယ်။သူများနိုင်ငံတွေဆိုရင်ကိုယ့်ထက်သာတယ်။ကျတော်တိုရဲ့ညဏ်ကြီးရှင်းအစိုးကအဲလိုမဟုတ်ဘူးကိုယ့်ပြည့်တွင်းက
ပြည်သူတွေဘယ်လိုနေထိုင်ကြသလဲအရင်မစဉ်းစားကြဘူးအဆင်ပြေသလာမပြေဘူးလာဆိုတာထည့်မစဉ်းစားကြဘူးကိုယ့်နိုင်ငံထွက်သမျှပစ္စည်းတွေကိုပြည့်တွင်းကပြည့်သူ
အတွက်လုံလုံလောက်လောက်သုံးနိုင်ကြပြီးလာဆိုတာကိုမစဉ်းစားကြဘူး ထွက်သမျှပစ္စည်းတွေကိုတိုင်းတစ်ပါးကိုရောင်းစားလိုက်ကြတော့ဘာမှာမကျန်တော့ဘူးပေါ့
ပေးစရလဲမရှိတော့ဘူးဘယ်လိုလုပ်ကြမလဲ။1 လပိုင်းလောက်ကမိတာခတိုးမြင့်ကောက်ခံတာသူတို့ပဲကောက်တာမဟုတ်ဘူးလာအဲဒါလဲမီးမပေးနိုင်ကြဘူး။
ဒီစာသားတွေကကျတော်ရင်ထဲကအမှန်တကယ်ဖြစ်ပေါ်လာတဲ့စကားလုံးတွေပါဘယ်သူဘယ်ဝါကရေးခိုင်းတာမဟုတ်ပါဘူး။
လူသားချင်းစာနာထောက်ထားပြီးပြောလိုက်တာပါ။
ကျတော်ရေးလိုက်တဲ့စာသားကြောင့်စော်ကားသလို
ဖြစ်သွားခဲ့ရင်ကျတော်အနူးအညွှန့်တောင်းပန်ပါတယ်ခင်ဗျာ။

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း



တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။
Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။
Virus ရဲ့ အဓိပ္ပါယ်။ အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။ အကြမ်းဖျင်းအားဖြင့် - Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program Worm = Network အပေါ်မှာ လမ်းသလားသော virus
Virus ဖယ်ရှားခြင်း။ မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင် ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်
တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။
All-in-one diagnostic Tools Autoruns
ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။
Process Explorer
ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။
Hijack This
Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို
Malware Bytes
Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။ Download Links:
Ref:Ref: mediasection/www.planetcreator.net & World wide myanmar

ဘလော့ ရေး၍ ဒေါ်လာသန်းကြွယ်သူဌေး လုပ်နေကြသူများ

by michael
...

12:17 PM
BoingBoing ဘလော့ရဲ့ပိုင်ရှင်ကတော့ Mark Frauenfelder ပါ။ Mark ဟာ စာရေးဆရာတစ်ယောက်ဖြစ်သလို မျက်နှာဖုံးပန်းချီဆရာအဖြစ်လည်း လုပ်ပါတယ်။ Play Boy magazine မှာ လစဉ် ပင်တိုင်ဆောင်းပါးရှင် အဖြစ် သုံးနှစ်သုံးမိုး အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူ့ရဲ့ BoingBoing ကို ၂၀၀၀ ခုနှစ် ဇန်န၀ါရီလမှာ တည်ထောင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ဒေါ်လာတစ်သန်း ၀န်းကျင်ဖြစ်ပါတယ်။ ဘလော့ပေါ်မှာ အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။ ဟာသ၊ သိပ္ပံ၊ ကွန်ပျူ နဲ့ နည်းပညာ စတာတွေ ဖြစ်ပါတယ်။ သူ့ဘလော့ဆီ လာရောက်လည်ပတ်သူဦးရေဟာ အံ့သြစရာကောင်းလောက်အောင် များပြားလွန်းပါတယ်။ စစ်တမ်းများအရ သူ့ဘလော့ကို လည်ပတ်ကြသူ ဧည့်သည်ဦးရေဟာ တစ်လကို ၂.၆ သန်း ရှိတယ်လို့ ဆိုပါတယ်။ အများဆုံးက ဘလော့တွေကနေ တဆင့် သူ့ဆီကို လာရောက်ပတ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ရက်ကို ၂၀ ပို့စ် ကနေ ၄၀ ပို့စ် ထိ သူငွေပေးထားတဲ့ ဘလော့ဂါများက update လုပပေးက်ြပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာ ဖြစ်ပါတယ်။ ဘတ်တန်အသေးစားအတွက် တစ်ပါတ်ကို ဒေါ်လာ ၃၅၀၊ ဘန်းနာ အတွက် အနည်းဆုံး ၁၇၀.၀၀၀ ဖြစ်ပါတယ်။













ShoeMoney ဘလော့ပိုင်ရှင်ကတော့ Jeremy Schoemaker ဖြစ်ပါတယ်။ ခေါင်းကို ပြောင်နေအောင် ရိပ်ထားတဲ့အတွက် အများနဲ့ မတူ တမူထူးခြား ပြီးကြည့်ကောင်းတယ် လို့ ဆိုကြတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀. ၀၀၀ (သို့) တစ်နှစ်ကို ဒေါ်လာ ၂၄၀.၀၀၀ ရရှိပါတယ်။ သူ့ဘလော့ရဲ့ အကြောင်းအရာကတော့ (Making Money Online) အွန်လိုင်းပေါ်ကနေ ငွေရှာပုံ ရှာနည်း ဖြစ်ပါတယ်။ တစ်ရက်ကို ဧည့်သည် ဦးရေ ၂၀.၀၀၀ ဖြစ်ပါတယ်။ အဓိက ၀င်ငွေကတော့ သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုပါ။ AuctionAds, dan google AdSense စတာတွေကနေ ရရှိနေတာပါ။ အောင်မြင်တဲ့ အချိန်ပြည့်ဘလော့ဂါ တစ်ယောက်ဖြစ်ပါတယ်။



Talkingpointsmemo.com ကို ပိုင်ဆိုင်သူကတော့ Josh Marshall ဖြစ်ပါတယ်။ နိုင်ငံရေးသတင်းထောက်ဟောင်း တစ်ယောက်အဖြစ်ကနေ အချိန်ပြည့် ဘလော့ဂါတစ်ယောက်ဖြစ်လာပါတယ်။ သူ့ဘလော့ကို ၂၀၀၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပြီး တစ်လ ၀င်ငွေဟာ ဒေါ်လာ ၅၄.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ၆၄၀.၀၀၀ ဖြစ်ပါတယ်။ မိုက်တယ်နော် ၀င်ငွေကတော့။ နိုင်ငံရေး ဘလော့ပါ။ တစ်ပါတ်ကို page view ပေါင်း ၅၀၀.၀၀၀ ထိရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာ ဖြစ်ပါတယ်။




perezhilton.com ပိုင်ရှင်ကတော့ Mario Lavandeira ဖြစ်ပါတယ်။ သူ့ရဲ့ကျိုးစားအားထုတ်မှုတွေကြောင့် သူ့ဘလော့ဆီလာရောက် လည်ပတ်သူတွေဆီကနေ ကြောငြာတွေ ရရှိနေတာ ဖြစ်တယ်လို့ မာရီယိုက ပြောပါတယ်။ သူ့ဘော့ ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး လစဉ်ဝင်ငွေဟာ ၁၁၀.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ဒေါ်လာ သန်း ၁.၃၂ ဖြစ်ပါတယ်။ သူ့ဘလော့ကတော့ နာမည်ကြီး အထင်ကရ မင်းသားမင်းသမီးတွေ အကြောင်း ရေးတဲ့ဘလော့ပါ။ တစ်ရက်ကို သူ့ဘလော့ဆီ လာရောက် လည်ပတ်ကြသူတွေဟာ ၄ သန်းထိ ရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာနဲ့ ဘန်းနားပါ။ ဘန်းနားတစ်ခုကို တစ်ရက် ဒေါ်လာ ၁၃.၀၀၀ ပေးရပါတယ်။ ဗုဒ္ဓေါ ဈေးကြီးလှချည်လား။ တကယ်တော့ Perezhilton ဆိုတာ ကမ္ဘာပေါ်မှာ နာမည်အကြီး ဘလော့ ဖြစ်ပါတယ်။ ဘလော့ ပိုင်ရှင်ဟာလည်း နာမည်ကြီးလာပါတယ်။ Miss America 2009 ရွေးပွဲမှာလည်း ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့ပါတယ်။





Gothamist ဘလော့ကို ပိုင်ဆိုင်သူကတော့ Jake Dobkin ပါ။ သူ့ဘလော့ကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ လစဉ်ဝင်ငွေ ၅၀.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၆၀၀.၀၀၀ ဖြစ်ပါတယ်။ သူ့ဘလော့ပေါ်က အကြောင်းအရာများကတော့ the dynamics of New York city ၊ art ၊ food ၊ events ၊ နဲ့ 7 metropolitan cities of the world တို့ ဖြစ်ပါတယ်။ သူ့ဘလော့ကို update လုပ်ပေးမယ့်သူ ၅ ထက်မနည်း ရှိပြီး တစ်ရက်ကို ပို့စ် ၂၀ ကနေ ပို့စ် ၂၅ ထိ တင်ပေးနေပါတယ်။ တစ်လကို page view ပေါင်း ၇ သန်းရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာပါ။ အံ့သြစရာကောင်းတဲ့ ဘလော့ပါ။ New York မြို့အကြောင်းလေး ပါလိုက်တာနဲ့ ဒေါ်လာသန်းနဲ့ ချီပြီးရနေပါတယ်။ ခင်ဗျားတို့ မြို့ကရော ဘယ်လိုလဲ။ 






TechCrunch ဘလော့ ပိုင်ရှင်ကတော့ Michael Arrington ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀၀.၀၀၀ ၀င်ငွေရှိပြီး တစ်နှစ်ကို ဒေါ်လာ ၂.၄ သန်း ၀င်ငွေ ရရှိနေပါတယ်။ gear နဲ့ mobile technology အကြောင်းရေးတဲ့ ဘလော့ပါ။ တစ်လကို page view ပေါင်း ၅ သန်း ရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာရှိတာ ဖြစ်ပြီး တစ်ပါတ်ကို ဘတ်တန်အသေးစားအတွက် ဒေါ်လာ ၃၀၀ နဲ့ ဘန်နာ အသေးစားအတွက် ဒေါ်လာ ၁၀၀၀ ပေးရပါတယ်။ ဒီဝက်ဆိုက်မှာ ဘယ်သူတွေ ကြော်ငြာ ထည့်ချင်ကြလဲ ပြောပါ။




Mashable ဘလော့ပိုင်ရှင်ကတော့ Pete Cashmore ဖြစ်ပါတယ်။ သူ့ဘလော့ကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၀င်ငွေကတော့ လစဉ် ၀င်ငွေ ၁၆၆.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၁. ၉၂ သန်းရရှိနေပါတယ်။ တစ်လကို page view ပေါင်း ၄ သန်းရှိတယ်လို့ ဆိုပါတယ်။ ၀င်ငွေကတော့ ထုံးစံအတိုင်း ကြော်ငြာက ရတာပါ။ တစ်ပါတ်အတွက် ဘန်းနားဟာ ၂၀၀၀ ကုန်ကျပါတယ်။ ဘလော့ဂါဆိုတာ အချိန်ပြည့်လုပ်ရမယ့် အလုပ်ဖြစ်သလို ဘလော့ဂါတစ်ယောက်ဖြစ်တဲ့အတွက် သိပ်ပြီး အအိပ်မက်ကြပါနဲ့ လို့ ပီတီက ပြောပါတယ်။ သဘောတူကြလားဟေ့။





Problogger ရဲ့ ပိုင်ရှင်ကတော့ Darren Rowse ဖြစ်ပါတယ်။ လူအများက သူ့ကို ဘလော့ရေးပြီး ပိုက်ဆံရှာတဲ့ ဘလော့ဂါတို့ရဲ့ ဖခင် လို့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ ဘလော့ဂါများကို သူ့ဘလော့ဆီ လာကြဖို့ အမြဲ သူဖိတ်ကြားတယ်။ Yaro Starak တို့လို ဘလော့ဂါတွေ Chris Garret တို့ ဘလော့ဂါတွေဟာ နာမည်ကြီးလာကြပြီး ဒေါ်လာတွေ ထောင်နဲ့ ချီဝင်နေကြတယ်။ သူ့ဘလော့ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ၁၀၀.၀၀၀ ခန့် ရရှိနေပါတယ်။ Making Money Online ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားနေတာပါ။ သူ့ဘလော့ကို နေ့စဉ် နေ့တိုင်း ပို့စ် တစ်ခု ကနေ နှစ်ခု ထိ အမြဲ update လုပ်လေ့ရှိတယ်။ လာရောက် လည်ပတ်သူ ဦးရေးရေဟာ တစ်လကို ၁.၅ သန်း ရှိတယ်။ အဓိက ၀င်ငွေတွေကတော့ Chitika, Google AdSense, Text Link Ads, dan Amazon Associates တို့ကနေ ရရှိနေတာ ဖြစ်ပါတယ်။





မျက်စိမမြင်သောသူနှင့် ဦးနှောက်မကောင်းသူအား သရဲ မခြောက်ရ ပုံ သရဲများဧ။် အကြီး အကဲ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မျက်စိမမြင်တဲ့လူနဲ့ ဦးနှောက်မကောင်း တဲ့ လူနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေ တဲ့
ဘယ်သွားသွား ဘယ်လာလာ အတူတူ သွား အတူတူလာ နေကြသတဲ့ တစ်နေ့တော့ သူတို့နှစ်ယောက်ဟာ ရွာတစ်ရွာကို သွားလည်ရင်းနဲ့
အပြန်မှာ နေစောင်းသွား တယ် ပြန်လာရင်းနဲ့ လမ်းမှာ သရဲတစ်ကောင်က သူတို့ ချောက်လှန့်တယ် ဦးနှောက်မကောင်းတဲ့
လူကတွေ့တော့
မျက်စိမမြင်တဲ့ လူကိုပြောတယ် သူငယ်ချင်း ဟိုရှေ့မှာ ဘယ်ကကောင်လဲမသိဘူး ငါတို့ကို လျှာထုတ်ပြလိုက် မျက်လုံးပြူးပြလိုက် နဲ့
လုပ်ပြနေတယ် လို့ပြောတော့ မျက်စိမမြင်တဲ့ လူက သွားမေးကွာ မင်းဘာကောင်တုန်းလို့ ပြောလိုက်တော့
ဦးနှောက်မကောင်းတဲ့ကောင်က သွားမေးတာပေါ့ သရဲ ကလည်း ငါသရဲကွ အခုမင်းတို့ကို ခြောက်နေတာ လို့ပြန်ပြောလိုက်တယ်
ဦးနှောက်မကောင်းတဲ့လူကလည်း သူ့သူငယ်ချင်းကို သွား ပြန်ပြောတာပေါ့ ဟိုကောင်က သူ့ကိုယ်သူ သရဲလို့ပြောနေတယ် လို့ပြောတော့
မျက်စိမမြင်တဲ့လူက သရဲဆိုရင် မှတ်ပုံတင်ပါလားလို့ မေးလိုက် မပါရင် အဲဒီကောင်လိမ်နေတာ မှတ်လောက်သားလောက်အောင်
ဆုံးမလွှတ်လိုက် လို့ ပြောလိုက်တယ် ဦးနှောက်မကောင်းတဲ့ လူကလည်း သရဲကို သွားပြောတာပေါ့ တကယ်သရဲမှန်ရင် သရဲဖြစ်ကြောင်း
မှတ်ပုံတင် ဖြစ်ဖြစ် ထောက်ခံစာဖြစ်ဖြစ် ပြပါဆိုတော့ သရဲက မပါဘူး လည်းဆိုရော သူတို့နှစ်ယောက် လည်း သရဲကို
ထိုးကြိတ် ပြီးတော့ပြောလိုက်သေးတယ် နောက်တစ်ခါ ခြောက်ရင် မှတ်ပုံတင် ပြရမယ်လို့ သရဲလည်း ငိုယိုပြီးတော့ သရဲမင်းကြီး ဆီကို
သွားပြီးတော့ သူတို့ကို မှတ်ပုံတင်လုပ်ပေးပါလို့တောင်း ဆိုလိုက်တယ် သရဲမင်းကြီးက ဘာဖြစ်လို့လဲမေးတော့ သရဲက သူ မျက်စိမမြင်တဲ့
လူနဲ့ ဦးနှောက်မကောင်းတဲ့လူနှစ်ယောက်ကို သွားခြောက်တာ ဟိုနှစ်ယောက်က မှတ်ပုံတင် ပြလို့ ပြောတယ် မပြနိုင်တော့ သူတို့
ကျွန်တော် မျိုးကြီးကို ထိုးကြိတ်လွှတ်လိုက် အဲဒါ မင်းကြီးက မှတ်ပုံတင်လုပ်ပေးပါလို့ ပြန်ပြောတယ် သရဲမင်းကြီးမလည်း စဉ်းစားတာပေါ့
အခုချိန်မှ မှတ်ပုံတင်လုပ်ပေးရင် စာရွက်ဈေးနဲ့ ကွန်ပျူတာစာစီ ခနဲ့ မကိုက်ဘူးဆိုပြီးတော့ အဲဒီထဲက သရဲမင်းကြီးက
အမိန့်ထုတ်လိုက်တယ် မျက်စိမမြင်တဲ့လူနဲ့ ဦးနှောက်မကောင်းတဲ့ လူကို သရဲများ မခြောက်လှန့် ရ ခြောက် လှန့်လို့ ထိုးကြိတ်တာ ခံရပါက
ကိုယ့်အပြစ်နဲ့ ကိုယ်ခံရမည် ပုံ သရဲများ၏ အကြီးအကဲ သရဲမင်းကြီး ဆိုပြီး အမိန့်ထုတ်လိုက်သတဲ့ကွယ်