This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 18, 2013

အာဇာနည်နေ့ အမှတ်တရ အစီအစဉ်

July 18, 2013 at 1:08pm

မှန်းဆမျှော်ရည် အာဇာနည်

( ရင်သွေးကဗျာ )

နှစ်တိုင်းသည်ချိန် ပြန်ရောက်တဲ့ခါ
ရို သေ စွာ
 ဦးညွှတ်ညီညာ မျှော်မှန်းလို့သာ
ကြည် ညို စွာ
စုပေါင်းကာ ၊ ဆုတောင်းတာ
အာဇာနည်ကို ရင်ဝယ်မြတ်နိုးစွာ
ပန်းခွေမှာ ၊ လွမ်းစေရာ ။

                                                           ငြိမ်းစိုးသူ

 .................................................................

အဲဒါကြောင့် ?

ဆရာညိုမြရဲ့
အောင်ဆန်းအမွေတောင်းခန်း
ဖတ်ပြီးတော့ လွမ်းလိုက်တာ
ဒါ .. တပ်မတော်ရဲ့သေနာပတိတဲ့လား
သမီးနားမှာပန်ဖို့
“ကျုပ်တို့ အမေ့ဆီလာခဲ့တာ” … တဲ့။

                                                          ဗိုရဲ

..................................................................

 ပြန်လည်  ရေး၊ ညွှန်း၊ ရိုက်ကူးသည်

 (၁)

လူသတ် လက်နက်များ
နတ်နန်းဘုံဆောင်
အမှောင်ထုတွင်းမှ တိုးထွက်လာ…။
(၂)

သဲသဲမဲမဲ... 
ကျည်ဆန်များ 
အကြောက်တရားဖြင့်...ပစ်လွှတ်
အာဃာတ၊ မာနဖြင့်....ပျံဝဲ
လောဘ၊ ဒေါသဖြင့် ....ကျဲချ
ဝန်တိုပူပန်မှုဖြင့်.....သွန်လောင်း…
အငြိုးတကြီး…   ။

(၃)
မရိုးတဲ့ လက်နက်ဆန်းတွေက
တစ်ချက်ပစ်ရင် ခေတ်အဆက်ဆက် သေစေနိုင်စွမ်းသတဲ့
ဒါပေမယ့်...
အချိန်တန်ရင်  ရွှေဘ တပြန် နိုင်မှာ သေချာတယ်မဟုတ်လား
လာရာလမ်းဆီ မှန်းဆမျှော်ရင်း
ပြီးပါပြီ စာတမ်းကြီး ပေါ်လာလေမလား
သဲထိတ်ရင်ဖို...  ။       ။

                                                                          သတိုး

.....................................................................

အတ္ထုပ္ပတ္တိ

ရမ္မက်နဲ့အမုန်းပွား သတ်ဖြတ်ရဲသူက(ဂဠုန်)ဦးစော
အသက်ပေးစွန့်လွှတ်ခဲ့သူအဖြစ်က အာဇာနည်ကိုးဦး
ခြောက်ဆယ့်ခြောက်နှစ်တိုင်တိုင် မျက်ရည်စက်တွေရွာသွန်းနေတဲ့
မိုးကဇူလိုင်လို့
ဘယ်သူဖျက်ပျက်ခဲ့ဖူးသလဲ
ပြည်သူတွေရဲ့လွမ်းဆွတ်တမ်းတမှုကို…….။              ။

မိုးခါး

........................................................................................

ဆယ့်ကိုး   ဂျူလိုင်  ဆယ်နာရီ သုံးဆယ့်ခွန်

အခိုက်အတန့်လေး
အဲ့ဒီအခိုက်အတန့်လေးမှာပဲ
စီးဆင်းနေတဲ့မြစ်တွေ ထိုးရပ်သွားပြီး
တိုက်ခတ်နေတဲ့လေညှင်းက နောက်ကြောင်းပြန်ခေါက်တယ်
ပန်းပွင့်တို့ရနံ့ပြယ်ညိုးငယ်ပြီး
လိပ်ပြာတွေ တောင်ပံမဲ့ကုန်တယ်
တေးဆိုငှက်တွေ ဆွံ့အတိတ်ဆိတ်
တစ်လောကလုံး
မှောင်
မိုက်
လို့
ငို
ရှိုက်
ခဲ့
အခိုက်တန့်လေး
အဲ့ဒီအခိုက်တန့်လေးမှာပဲကြမ္မာငင်

                                                           မောင်ရင်စစ်

.......................................................................... 

နိုးထဇူလိုင်

ဆယ်စုနှစ်များစွာ
ဖုန်အခါကိုစောင့်ရင်း
မှိုနံ့တသင်းသင်းနဲ့
သက်ပြင်းချရင်းမှိုင်နေရဲ့
.
စာဖွဲ့မမီ
ဘာနဲ့မှညီမျှခြင်းချလို့မရ
ငါတို့အဖတွေရဲ့
သွေး၊ချွေး၊ စိတ်ဓါတ်
မြင့်မြတ်စွာစွန့်လွှတ်ရင်း
အစားထိုးမရတဲ့ဆုံးရှုံးခြင်း
အန္တိမကြေကွဲသီချင်း
အဲဒါငြင်းလို့မရတဲ့သမိုင်း
အကြောက်တရားနေ့မေ့ခိုင်းလို့
ပြည်သူတွေဟာအမြဲထုံထိုင်းမနေဘူး
 .
သမိုင်းဆိုတာ
တစ်ခါသုံးစက္ကူမဟုတ်ဘူး
မလိုချင်တော့လို့ချောင်ထိုးထားတဲ့
လက်နှီးစုတ်မဟုတ်ဘူး
လိုသလိုပုံသွင်းလို့ရတဲ့
ရွှံ့တုံးမဟုတ်ဘူး
အလျော်အစားလုပ်လို့ရတဲ့
ချိန်ခွင်မဟုတ်ဘူး
ကိုယ်တိုင်ရေးပုံတူမဟုတ်ဘူး
….    ….  မဟုတ်ဘူး
.
ဒီပြဇာတ်မှာ
ပါဝင်သူတွေဟာ
သူ့နေရာနဲ့သူ
တန်ဖိုးတွေမတူ
ကြည့်ရှုသူတွေကဆုံးဖြတ်
ဇာတ်လိုက်လား၊ဗီလိန်လား
အာဇာနည်လား၊ဖျက်မြင်းလား
ဖြတ်လျှောက်လား၊…   …. လား
မှတ်ကျောက်ကတော့ပြည်သူ

 .
ဝိညာဉ်တွေကိုနှိုးကြ
ကိုယ့်အားကိုယ်ကိုးကြ
ပိတ်ဆို့တံခါးတွေချိုးဖျက်
တက်ကုန်ဖွင့်ရွက်စုံလွှင့်
မျက်စေ့ကိုဖွင့်နားကိုစွင့်
အသင့်ရှိပေစေ
မတွေဝေနဲ့
လက်တွေခိုင်ခိုင်တွဲ
သံမဏိစိတ်ဓါတ်ရဲ
လှေခွက်ချည်းကျန်အလံမလှဲ
ကြောက်ရင်လွဲရဲ..မင်းဖြစ်
အားလုံးကိုဆေးကြောပစ်
လူသစ်စိတ်သစ်
နိုင်ငံအသစ်ဇူလိုင်အသစ်
ကဏ္ဍသစ်ကိုဖွင့်လှစ်
ကဲ… တစ်က ပြန်စရအောင် …။               ။  

                                                                ဗိုရဲ

.....................................................................

 ဆင်ဖြူ့မျက်နှာ

ဟေ့… ဟေ့ .. နေကြဦး !
ဟန့်တားရုံကာပြတဲ့ လက်တစ်ဖ၀ါး
မောင်းခလုတ်ပေါ်တင်ထားတဲ့လက်ညှိုးက
ဘာ့ကြောင့်ကြောက်သလဲ။
 .
သူ့ကိုယ်ထဲတိုးဝင်လာတဲ့
ပထမကျည်ဆံ
ဒုတိယကျည်ဆံ
တတိယကျည်ဆံ… တွေက စလို့
သူ့ဇနီး၊သူ့သား၊ သူ့သမီးနဲ့ သူ့အတွက်
တွေးမိမှာမဟုတ်ဘူး
ဒဏ်ရာကိုမျက်ကွယ်ပြု
လူထုအတွက်ပဲတွေးခဲ့လိမ့်မယ်။
.
စတုတ္ထကျည်ဆံ
ပဉ္စမကျည်ဆံ
ဆဌမကျည်ဆံ
            မှ ….. ….
နောက်ဆုံးကျည်ဆံအထိ
ဝတ်စုံနှစ်စုံပဲရှိတဲ့သူ့အဖြစ်
ဇနီးမယားနဲ့သမီးသားအတွက် မကျေခဲ့တဲ့တာဝန်
ခေါင်းထဲဝင်လာမှာမဟုတ်ဘူး
ငါ့နိုင်ငံတော်
ငါ့ပြည်သူ
ငါတို့လွတ်လပ်ရေး
ဒီအတွေးတွေနဲ့ပဲလဲကျ
စိတ်မချလက်မချ ဘ၀ကူးသွားတယ်။
 .
ကြောက်ဒူးဆတ်ဆတ်တုန်
ကျည်တစ်ကုန်ဆွဲညှစ်
၁၃ရက်နေ့သားကြီးကိုယ်ထဲ
ခဲသီး၁၃ တောင့် ထိုးခွဲမွှေနှောက်ပြီးမှ ရပ်သတဲ့လား။
 .
ပိုက်ဆံပေါ်
ကျောင်းစာအုပ်ထဲ
ရုံးခန်းနံရံတွေပေါ်က
သတ်ကွင်းထဲထိဆွဲဆွဲချ
နောက်မျိုးဆက်တွေမသိရအောင် ဖျောက်ပစ်ကြတယ်
စက္ကူပေါ်မှာအရုပ်ထင်နေတဲ့ သက်မဲ့ဓါတ်ပုံကိုတောင်
မင်းတို့… သက်ရှိ  အာဏာရှိ  လက်နက်ရှိတွေက
ဘာလို့ဒီလောက်ကြောက်သလဲ။
.
စကားပြောရိုင်းတဲ့လူယဉ်ကျေးကြီး
လုပ်ကြံခံရလို့
ခန္ဓာကိုယ်ကြီးသေသွားလို့
အာဇာနည်ဖြစ်ခဲ့တာမဟုတ်ဘူး
ပြည်သူတစ်ရပ်လုံးပုခုံးပေါ်တင်
ခါးချည့်အောင်လမ်းထွင်လျှောက်ရသူ
သူ့တစ်သက်လုံးအာဇာနည်ဖြစ်နေခဲ့ပြီးသား။
 .
ပါးကွက်သားတို့
(သေချာတယ်)
မင်းတို့… …
“အာဇာနည်စိတ်”ကိုကြောက်တာ။
 .
.
ကိုကြည်နိုင်
..............................................................................................

ဆိုတေး ရဲ့အဖေ ဖြစ်သူရဲ့ ရှင်းလင်းချက်

YTalk
ဆိုတေးရဲ့ ဇနီးဖြစ်သူ မချောချောရဲ့ မိဘတွေက ချောချော ဆုံးသွားတဲ့ အတွက် ရန်ကုန်က ကျွန်တော့်အိမ်မှာ တည်းခိုပြီး အသုဘ ကိစ္စတွေ စီစဉ်နေတာပါ။ သူတို့အားလုံး ဝမ်းနည်းနေတုန်း အင်တာနက်ပေါ်မှာ ဆိုတေးနဲ့ သူ့ဇနီးဟာ မူဆလင်ဖြစ်ကြောင်း၊ ချောချောက လဲ ဆိုတေးရဲ့ဇနီးမဟုတ်ကြောင်း၊ ဆိုတဲ့ မမှန်တဲ့သတင်းတွေ ထွက်လာတဲ့ အပြင် ဆိုတေးရဲ့ ဇနီးဆိုသူတစ်ယောက်ကလဲ ပေါ်ထွက်လာတဲ့ အတွက် ဒီvideo ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ Thu ra Thant Xin http://www.youtube.com/watch?v=8S-W446zg28&feature=player_embedded#action=share

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ

Photo: ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ
====================================

ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
အောင်ခမ်း (TSJ team)

Creadit : Tech Space Journal
 
အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

ဖနိဒါ

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရတို့ ဆွေးနွေးခဲ့ပြီးနောက်နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေအနေတည်ငြိမ်လျက်ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

“ကျွန်တော်သိသလောက်တော့ ခုဖြစ်နေတဲ့ စခန်းကနေ ဟိုတစ်နေ့က နှစ်ဖက်စလုံးက ဆုတ်လိုက်တယ်။ ဆွေးနွေးပွဲပြီးမှ နောက် တစ်နေ့ ဆုတ်ပေးလိုက်တယ်။ ခုဘာမှ မရှိတော့ဘူး။ အဆင်ပြေနေပါပြီ” ဟု သူက မဇ္စျိမ ကို ပြောသည်။ သို့သော် အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့နှင့် UWSA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇူလိုင်လ ၁၃ ရက်မှာနှစ်ဖက်တပ်များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဇွန်လလယ်မှ စတင်၍ အစိုးရဘက်မှ နေရာယူထားသော စခန်းများမှ နှစ်ဖက်စလုံး ဆုတ်ခွာပေးကြမည်ဟု သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့မှာဘဲ တပ်မတော်နှင့် ‘ဝ’ တို့အကြား နှစ်ဘက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား ဆက်လက် အလေးထား လိုက်နာရန် အပါအဝင် အချက် ၅ ချက်ကို သဘောတူချက် ထုတ်ပြန်ခဲ့သည်။

နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်း ပေါ်ပေါက်လာပါက အပြုသဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊နှစ်ဖက် လက်ရှိ တည်ဆောက်ပြီးဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပြီး အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးရသည်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့ပြင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စု အစိုးရနှင့် ‘ဝ’ အထူးဒေသ(၂)တို့ အပြန်အလှန် ပူးပေါင်း ကူညီဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

‘ဝ’ အထူးဒေသ (၂)သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည့် အားလျှော်စွာ နိုင်ငံတော်အားသွေးကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း စသည့်တို့ကို လုံးဝ ပြုလုပ်မည် မဟုတ်ဘဲနိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ‘ဝ’ အထူးဒေသ(၂)၏ စွမ်းရည်များကို လှူဒါန်း ပေးဆောင်သွားမည်ဟု သဘောတူခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ်ထားသော်လည်း ‘ဝ’ တို့တွင် အစိုးရတစ်ရပ် ယန္တရားများ ပြည့်စုံနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုပေးရန် ‘ဝ’ က တောင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀ဝ၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ် ခရိုင်ဖွဲ့ပြီး၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ်ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။