This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 11, 2014

ဘီယွန်းဆေးရဲ့ သီးချင်းသစ် နဲ့ က ကြမယ် BEYONCE TAP SALUTE - Chloe 's SYNCOPATED LADIES



Friday, January 10, 2014
“ကျမတို့ဟာ ဂီတ ဆိုတာကို အခွင့်အရေးအဖြစ် ပိုင်ဆိုင်ခွင့် မရှိပါဘူး။ တကယ်တော့ ဂီတာကို ဖန်တီး သုံးစွဲယူရတာ သာပါဘဲ”တဲ့ ဆိုတဲ့ နာမည်ကြီးအဆိုတော် ဘီယွန်းဆေးနဲ့ လက်တွဲ အလုပ်လုပ်နေသူ Chloe Arnold ပြောထားတာပါ။ 

 ဘီယွန်းဆေး၊ ဓာတ်ပုံ-tickpick.com

အခုဆို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ ဖြန့်ချီတဲ့ ဘီယွန်းဆေးရဲ့ SYNCOPATED LADIES ဆိုတဲ့ အကနဲ့ တွဲဖက် သရုပ်ဖော် ထား တဲ့ သီချင်းကတော့ အခု လူငယ်ထုသာမက၊ အရွယ် ၃ ပါးလုံးကြားမှာ ရေပန်းစား လာနေပါတယ်။ 

ဒီသီချင်းလေးနဲ့ အတူ Tapping အက ( Tap Dance ) ကိုပါ ပရိသတ်များ တွဲဖက်က ကြမယ်ဆိုရင် အဆီတွေလည်း ကျ၊ ကျန်းမာရေး လည်း ကောင်းနိုင်ပါလိမ့်မယ်။ 

အာဖရိကန်ဟန်ပန် သွက်လက်တဲ့ အကတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ က ကွက် ဆိုကွက်တွေကို ခံစားကြည့်လိုက်ပါ အုံး။
  
အိမ့်သံစဉ် ~ 

ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး..............

ATM စက် ငွေခိုးဂိုဏ်းတွေ ရှိနေပြီ

Friday, January 10, 2014


ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး ပြောလိုက်ပါတယ်။ 

ဓာတ်ပုံ- cm108.com

ချင်းမိုင်မြို့က ဘဏ် ငွေထုတ်စက် ATM တွေကနေ ပိုင်ရှင်မသိပဲ ငွေအမြောက်အများ ခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ် လာ နေလို့ CCTV တွေနဲ့ ATM စက်မှတ်တမ်းတွေကို လိုက်လံ စစ်ဆေးရာမှာ ATM ကတ် ထည့်သွင်းရာ အပေါက်မှာ ကွန်ပြူ တာ ချစ်ပ်ပြားတွေပါတဲ့ Divices တွေလျှိုဝှက်တပ်ဆင်ထားမှုကို ချင်းမိုင် ရဲတပ်ဖွဲ့က ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ ဒီကနေ့ ချင်းမိုင်အွန်လိုင်း သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

ATM ငွေထုတ်ကတ် ထည့်ရသည့် အပေါက်

အခုလို အဆင့်မြင့် ATM ငွေထုတ်စက်တွေက နည်းပညာသုံး ပစ္စည်းတွေ လျှို့ဝှက်တပ်ဆင်ကာ တရား မဝင် ငွေခိုးမှုတွေကို အနောက်နိုင်ငံသား နိုင်ငံခြားသား ဂိုဏ်းတခုက ကျူးလွန်နေတယ်လို့ CCTV မှတ် တမ်း စစ်ဆေးချက်တွေက ညွှန်ပြနေတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မစ္စတာ Amon က ပြောဆိုထားပါတယ်။ 

“ATM ငွေခိုးဂိုဏ်းက လူတွေက ခင်ဗျားတို့ ကတ်ကို ATM စက်ထဲ ထည့်ပြီး ငွေထုတ်လိုက်ပြီဆို သူတို့ လျှို့ဝှက် တပ်ဆင် ထားတဲ့ ကွန်ပျူတာ Devices တွေကြောင့် အဲဒီ ATM ကတ်ရဲ့ နံပါတ်၊ လျှို့ဝှက် နံပတ်နဲ့ အချက်အလက်အကုန် သူတို့ သိ သွားပြီ။ ဒါဆို နောက်တယောက်က ငွေများများ ရှိတဲ့ အသုံးပြုသူရဲ့ ကတ် ကို မှတ်ထားပြီး ငွေကို စက်က လာထုတ်ယူသွား တာဘဲ” လို့ သူက ရှင်းပြထားပါတယ်။ 

ATM ကတ် စိုက်ရာ အပေါက်တွင် လျှို့ဝှက်တပ်ဆင်ထားသော ကွန်ပျူတာ Devices များ
ဒါလို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာလို့ ထိုင်းနိုင်ငံက ဘဏ်အရာရှိတွေလည်း စောင့်ကြည့်မှုတွေ လုပ်လာ
ပေမယ့် အခုထိ တော့ အဲဒီ ကျူးလွန်နေတယ်ဆိုတဲ့ အနောက်နိုင်ငံသား ဂိုဏ်းကို ဖမ်းလို့ မမိသေးပါဘူး။ 

ATM ငွေခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် နည်းပညာသုံး ဆက်စပ်ပစ္စည်းများ

ဘဏ်တခုမှာ ငွေ အမြောက်အများ စုထားတဲ့ ထိုင်းနိုင်ငံသား တဦးဟာ သူ့ရဲ့ ATM ကတ်ကို တခါမှ မသုံးပဲ ထားတာ တောင် ငွေတွေအမြောက်အများ ခိုးယူတာ ခံလိုက်ရတယ်လို့ အဲဒီ့သတင်းမှာ ဖော်ပြထား ပါတယ်။ 

ဒါကြောင့် တလောကပဲ ထိုင်း ဘဏ်တွေရဲ့ လမ်းဘေးနေရာတိုင်းမှာတွေ့ရတဲ့ ATM ငွေထုတ်စက်တော်
တော် များများမှာ အင်္ဂလိပ်ဘာသာနဲ့ Function ကို ရပ်ဆိုင်းထားခဲ့ပါသေးတယ်။ ATM ငွေထုတ်စက်က ထုတ်ယူရင် ၂၄ နာရီအတွင်း ဘတ်ငွေ ၅ သောင်း အထိသာ ကန့်သတ်ထားချက်ရှိပြီးသီးခြား ငွေ ထုတ်ယူမှု ကာယကံရှင်ဆန္ဒနဲ့ကန့်သတ်တာမျိုးလည်း ဝန်ဆောင်မှု ပေးထားတာပါ။ 

ATM ငွေ ခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် ဆက်စပ်ပစ္စည်းများ

ဒါပေမယ့် ငွေများများ ရှိနေသူတွေရဲ့ ဘဏ်ကတ်ထဲက အချက်အလက်တွေရသွားတဲ့အခါ အွန်လိုင်း က ငွေပေးချေတဲ့ E bay လို ဟာမျိုးတွေကနေ အချက်အလက်တွေကို ယူပြီး အွန်လိုင်း ဈေးဝယ်သွား တာမျိုးလည်း လုပ်ကြတယ်လို့ ဆိုပါတယ်။ 

နည်းပညာခေတ်မှာ ငွေစက္ကူအစား အသုံးပြုလာတဲ့ ဘဏ်ကတ်တွေဟာ အခုဆို မလုံခြုံတော့ဘူးဆို တာ ပြသနေပါပြီ။ 

မြန်မာနိုင်ငံမှာလည်း ATM ငွေထုတ်စက်တွေကို စတင် အသုံးပြုလာနေပြီဖြစ်လို့ ဒီသတင်းဟာ မြန်မာ
နိုင်ငံအတွက် ကြိုတင်ကာ ကာကွယ်မှုတွေ လုပ်နိုင်ဖို့ သင်ခန်းစာပေးတဲ့ သတင်းတပုဒ်မို့ ဒီပို့စ်ကို ကျမ ရေးသားတင်ပြလိုက်ပါတယ်။ 





အိမ့်သံစဉ် ~ 


Facebook v 5.0.0.0.12.31 for android(latest version).................................



Tags

Android ဖုန်း /tablet တွေ အတွက် အသစ်ထွက်ရှိလာတဲ့ facebook v 5.0.0.0.12.31 for android ကို တင်ပေးလိုက်ပါတယ် ….. ကိုယ်ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ နဲ့ အမြဲတမ်းနီးစပ်နိုင်ဖို့၊ photo ,video ဝေမျှနိုင်ဖို့ ,group ဖွဲ့ပြီး စကားစမြည်ပြောဖို့၊ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ် တွေ ဆော့ကစားနိုင်ဖို့အတွက် Facebook v 5.0.0.0.12.31 ဆော့ဝဲလ် ကို Myanmar Mobile App Store မှာ download ရယူနိုင်ပါတယ်http://www.mediafire.com/download/dsf9bhdurm7x8pu/Facebook_Official_v5.0.0.12.31.apk …အောက် က Link မှာ ရယူနိုင်ပါတယ်
ဆော့ဝဲလ်အားရယူရန်(uploaded by Sakura Hanako(Myanmar Mobile Users Group)

မြန်မာ apk များစုစည်းမှု ( ၅၉ ခု = 110.24 MB )..................http://aungscc.blogspot.com/2013/07/apk-11024-mb.html

Wednesday, 17 July 2013


Android ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့၊ လူကြိုက်များတဲ့ မြန်မာ apk လေးတွေကို စုစည်းတင်ပေး လိုက်ပါတယ်။ သီတင်းတွေ၊ keyboard တွေ၊ ငတက်ပြား game တွေ၊ browser တွေ၊ ပြက္ခဒိန်တွေ၊ သီချင်း site တွေ၊ ငွေလဲနှုန်းတွေ၊ နည်းပညာတွေနဲ့ မြန်မာဂျာနယ် Site တွေပေါ့ဗျာ။ ကျွန်တော် ရှာတွေ့သမျှ သိမ်းထားတဲ့ apk လေးတွေကို တင်ပေးလိုက်တာပါ။ ပြန်ရှဲတယ်ဆိုပါတော့။ ကြိုက်ကြမယ်ထင်ပါ တယ်။ Size တော့နည်းနည်းကြီးတယ်။ သီးခံပြီးစိတ်ရှည်ရှည် Down ကြပါ။ လိုချင်ရင် အောက်က Link မှာ Down ပြီး Unzip လုပ်၊ Phone မှာ Install လုပ်ပြီး သုံးနိုင်ပါပြီဗျာ...
ဟောဒီမှာယူဗျာ 
အဆင်ပြေကြပါစေ.......