This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 10, 2013

Nan Khin Zay Yar (Myanmar Model Girl, Myanmar Actress, Myanmar Cute Girl, Myanmar Sexy Girl)

miss international myanmar nan khin zay yar

Share this post:

ဗလီအပါအဝင် သာသနာပိုင် အဆောက်အဦများ ဆောက်လုပ်ရန် သာသနာရေး ဦးစီးဌာန၏ ထောက်ခံချက် ရယူရန် လိုအပ်မည်ဖြစ်ကြောင်း

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ ပြောကြား

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အတွင်းရေမှူး ဦးခင်မောင်သိန်းက ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဗလီအပါအဝင် သာသနာပိုင် အဆောက်အဦများ ဆောက်လုပ်ရန် သာသနာရေး ဦးစီးဌာန၏ ထောက်ခံချက် ရယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ရယူရာတွင် သာသနာ့မြေအဖြစ် လျောက်ထားသော မြေသည် သာသနာ့မြေ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု တင်ပြနိုင်ရမည် ဖြစ်ကြောင်း၊ သိရှိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးရုံးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံချက် ရရှိပြီးပါက ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။

လျောက်ထားမှုများအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အိုးအိမ် ဦးစီးဌာနမှ လိုအပ်သလို စိစစ်သွားမည်ဖြစ်ပြီး အချက်အလက် မပြည့်စုံပါက သတ်မှတ်ကာလထက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ခွင့်ပြုချက် မရဘဲ ဗလီများ ဆောက်လုပ်ခွင့် မရှိကြောင်း ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း မီဒီယာ တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်မှာ ကုလသမဂ္ဂ ယာဉ်တန်း ခရီးစဉ် ဆိုင်းငံ့ခံရ

ဧပြီလ ၉ ရက် ၂၀၁၃

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေဝေငှဖို့ ဗန်းမော်မြို့ကနေ လိုင်ဇာမြို့ကိုလာရောက်တဲ့ ကုလ သမဂ္ဂ မော်တော်ယာဉ်တန်းကို အစိုးရတပ်ကသွားလာခွင့် ဆိုင်းငံထားတယ် လို့ သတင်းရရှိပါတယ်။

အဲဒီယာဉ်တန်းမှာ နိုင်ငံခြားသားတစ်ဦး လိုက်ပါလာမယ်လို့ သိရ တာကြောင့် ဆိုင်းငံ့ထားတာဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့(၄) ဖွဲ့ရဲ့ မော်တော်ယာဉ် (၇) စီးပါ ယာဉ်တန်းဟာ ဧပြီလ (၉) ရက်နေ့မှာ လိုင်ဇာကိုရောက်ရှိမှာဖြစ်ပေမယ့်၊ လိုင်ဇာမြို့အနီး မိုင်ဂျာ ယန်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က နိုင်ငံခြားသား ဖြတ်သန်းခွင့်အတွက် အထက်ကိုပြန်လည်တင်ပြဖို့ရှိတယ်ဆိုပြီး တားဆီးတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ ဦးတွဲတီဆာက အခုလို ပြောပြပါတယ်။ "သူတို့က ဧပြီ ၉ ရက်မှာ ဗန်းမော်ကနေ မိုင်ဂျာယန်အထိ လာဖို့ ကမ်းလှမ်းထားတယ်၊ ညနေပိုင်း ရောက်တော့ နိုင်ငံခြားသား မိုင်ဂျာယန်သွားခွင့်ကို ပြန်တင်ပြမယ်"

အခုလာရောက်တဲ့ ယာဉ်တန်းဟာ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးအဖွဲ့ကဦးစီးပြီး ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့တို့ပူးပေါင်းပြီး အကူအညီပေးဖို့ ရောက် ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ဒုက္ခသည်တွေအတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လက ပစ္စည်းနဲ့ ရိက္ခာတွေ လာရောက်ပေးခဲ့ပြီး အခုဒုတိယအကြိမ် အဖြစ်လာရောက်တာ ဖြစ်ပါတယ်။

ကချင်ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက ဒုက္ခသည်တွေ အတွက် ပြည် တွင်း .ပြည်ပ NGO အဖွဲ့အစည်းတွေက အကူအညီတွေ ပေးပို့နေရာမှာ KIO ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည်စခန်းတွေဆီကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ သွားရောက်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကူညီစောင်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။
 
Copy from - Kachin Daily News

ဖောက်ထွင်းဝိဇ္ဇာ ခေါင်းစွပ်မေ့ကျန်ခဲ့

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဈေးဆိုင်တစ်ဆိုင်ကို နှင်းများထူထပ်နေသော ညဥ့်အချိန်၌ ဖောက်ထွင်းရန်ကြံစည်သူ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးသည် ဆိုင်ခန်းအတွင်း မ၀င်ရောက်မီ ခေါင်းစွပ်မေ့ကျန်ခဲ့သော ကြောင့်တစ်ခေါက် ပြန်လည်ယူဆောင်နေ ပုံ ကိုဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် တွေ့ရှိရသည်။
၎င်းသည် ပုံဖျက်ထားသော ဂျာကင်အင်္ကျီနှင့် ဘောင်ဘီပွများ ၀တ်ဆင်ကာ ထိုဈေးဆိုင်ရှေ့သို့ ရောက်ရှိပြီး နောက်တစ်ဖန် နောက်ကြောင်းပြန်လှည့်ပြီး ခေါင်းစွပ်ဝတ်ဆင်ကာ
 ပြန်လည် ရောက်ရှိလာခဲ့သည်။ ထို့နောက် ဈေးဆိုင်မှန်တံခါးကို မာကျောသော အရာဝတ္ထုတစ်ခုနှင့် ရိုက်နှက်ပြီး ဆိုင်အတွင်းဝင်ရောက်ရန် ကြိုးပမ်းစဉ်အတွင်း၌ တပ်ဆင်ထားသော အလိုအလျောက်သတိပေး ခေါင်းလောင်းသံကြောင့် ပြန်လည်ထွက်ပြေး သွားသည်ကို တွေ့ရသည်။  
ref:ပြည်မြန်မာ

အင်တာနက်ဂိမ်းဆိုင်တွင် တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးက ခြောက်နှစ်ကျော် နေ့ရောညပါ ဂိမ်းကစားခဲ့

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ် ချောင်ချန်မြို့မှ တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးသည် ခြောက်နှစ်ကျော်ကြာအောင် အင်တာနက်ဂိမ်းဆိုင်တွင် နေ့ရောညပါ ဂိမ်းကစားခဲ့သည်။ ၎င်းသည် စားချိန်နှင့် ရေချိုးချိန်များတွင် ပြင်ပသို့ ခဏတဖြုတ် ထွက်ချိန်မှလွဲ၍ ဂိမ်းကစားရင်း အိပ်ချိန်များကိုပင်  ၎င်းဂိမ်းဆိုင်အတွင်း၌သာ ခဏတဖြုတ်အိပ်စက် အနားယူလေ့ရှိသည်။
 လီမောင်အမည်ရှိ အဆိုပါဂိမ်းဝါသနာရှင်သည် ၎င်းဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကို ၀န်ထမ်းများနှင့် လွှဲအပ်ထားပြီး ယင်းကော်ဖီဆိုင်မှာ တစ်လလျှင် ပေါင်၂၁၁ပေါင်နှင့် ညီမျှသောယွမ်ငွေ ၂၀၀၀၀င်ငွေရှိပြီး အင်တာနက် ဂိမ်းကစားခအဖြစ် တစ်လလျှင် ၅၃ပေါင်ခန့်သာ ပေးဆောင်ရသောကြောင့် ၎င်းအတွက် စိုးရိမ်စရာမရှိကြောင်း လီမောင်က ပေကျင်းတိုင်းစ် သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။ တရုတ်နိုင်ငံရှိ လူငယ်အများစုသည် ဂိမ်းကစားခြင်းအပေါ် ၀ါသနာထုံလျက်ရှိပြီး လူငယ်အများစုသည် အင်တာနက် ဂိမ်းဆိုင်များတွင်သာ အချိန်ကုန်လွန်နေသောကြောင့် တိုင်းပြည်လူငယ် မျိုးဆက်သစ်များအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း အဆိုပါပေကျင်း တိုင်းမ်သတင်းတစ်ရပ် တွင်ဖော်ပြထားခဲ့သည်။
ref:ပြည်မြန်မာ

မော်ရိုကို နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သည့် ကျောက်တုံးသည် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ သက်တမ်းရှိ ဗုဒ္ဓဟူး ဂြိုဟ်မှ ဥက္ကာခဲ ဖြစ်နိုင်ကြောင်း

ဝုဒ်လန်း  မတ်  ၃၁
မော်ရိုကို နိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်က ကျရောက်ခဲ့သော NWA 7325 ဟု အမည် ပေးထားသည့် အစိမ်းရောင် ကျောက်တုံးသည်
နေနှင့် အနီးဆုံးဂြိုဟ် ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်နိုင်ပြီး အက်စ်တီရွိုက် သို့မဟုတ် အင်္ဂါဂြိုဟ်မှ မဟုတ်ကြောင်း ဥက္ကာခဲ သိပ္ပံပညာရှင် အန်ထော်နီ အဲဗင်းက ယခုလ အတွင်း တက်စ်ဆက် ပြည်နယ်  ဝုဒ်လန်းမြို့တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် လနှင့်ဂြိုဟ်များ ဆိုင်ရာ သိပ္ပံပညာ ဆွေးနွေးပွဲတွင် လေ့ လာ တွေ့ရှိမှု အသစ်တစ်ရပ် အဖြစ် ထုတ်ဖော် ပြသခဲ့သည်။

၎င်း အစိမ်းရောင် ကျောက်တုံး NWA 7325 သည် ၂ဝ၁၂ ခုနှစ်အတွင်း မော်ရိုကိုနိုင်ငံ အတွင်းသို့ ကျရောက် ခဲ့သော ဥက္ကာခဲ အပိုင်းအစပေါင်း ၃၅ ခုအနက် တစ်ခုဖြစ်ပြီး ၎င်းတို့သည် အလွန် ရှေးကျကာ သက်တမ်း အားဖြင့် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ ရှိမည် ဖြစ်ကြောင်း အဲဗင်းနှင့် အဖွဲ့က သတ်မှတ် ခဲ့သည်။ 
အဲဗင်းသည် ဝါရှင်တန် တက္ကသိုလ်မှ ကမ္ဘာနှင့် အာကာသ ဆိုင်ရာ ပါမောက္ခ တစ်ဦး ဖြစ်ပြီး ဥက္ကာခဲများ အကြောင်း နှစ်ပေါင်းများစွာ လေ့လာနေသူ တစ်ဦးဖြစ်သည်။ သို့သော် ၎င်း အနေဖြင့် ထို အစိမ်းရောင် ဥက္ကာခဲအား ယခင်က ကမ္ဘာပေါ်တွင် တစ်ကြိမ်မျှ မမြင်ဖူးကြောင်း သိရသည်။
အင်္ဂါဂြိုဟ်မှ ဥက္ကာခဲများတွင် အင်္ဂါဂြိုဟ် လေထု အလွှာမှ အပိုင်းအစများ ပါဝင်ပြီး ဗက်စ်တာ ဂြိုဟ်သိမ်မှ ဥက္ကာခဲ များမှာမူ ဓာတုဗေဒ နည်းအရ ကွဲပြားကြောင်း၊ သို့သော် ထို အစိမ်းရောင် ဥက္ကာခဲ NWA 7325 အား သိပ္ပံ ပညာရှင်များ တစ်ခါမျှ မတွေ့ဖူးကြောင်း သိရသည်။
အဆိုပါ အစိမ်းရောင် ဥက္ကာခဲသည် အခြား ဥက္ကာခဲများနှင့် ယှဉ်လျှင် သံလိုက်စွမ်းအင် နည်းပါးကြောင်း အဲဗင်းက ပြောကြားပြီး ဗုဒ္ဓဟူးဂြိုဟ် အနီး ပျံသန်းနေသည့် နာဆာ၏ အာကာသ ယာဉ်မှ ပေးပို့သော အချက် အလက်များ အရ ၎င်း ဂြိုဟ်သည် သံလိုက်စွမ်းအင် နည်းပါးကြောင်း တွေ့ရှိရသည့် အတွက် အဲဗင်း ပြောကြားခဲ့သော အစိမ်းရောင် ဥက္ကာခဲ NWA 7325 နှင့် ထပ်တူညီလျက် ရှိကြောင်း သိရသည်။

နိုင်ငံခြားသားတွေ တောင်ကိုရီးယားကထွက်ဖို့ မြောက်ကိုရီးယား သတိပေး

Hones Sun and Ko Sein Than shared ကို စိန်သန်း's photo.
နိုင်ငံခြားသားတွေ တောင်ကိုရီးယားကထွက်ဖို့ မြောက်ကိုရီးယား သတိပေး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တောင်ကိုရီးယားနိုင်ငံနဲ့ စစ်မက် ဖြစ်ပွားနိုင်ချေ ရှိတဲ့အတွက် ရှောင်ရှားနိုင် ဖို့ နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ ထွက်ခွာကြဖို့ မြောက်ကိုရီးယားနိုင်ငံက နှိုးဆော်လိုက်ပါတယ်။
 
ကမ္ဘာလှည့်ခရီးသွားတွေ၊ တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေး လာရောက် လုပ်ကိုင်နေသူတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံစိတ်ချဖို့အတွက် ဆိုးလ်မြို့နဲ့ တောင်ကိုရီးယား နိုင်ငံကနေ ပြောင်းရွှေ့ ကြဖို့ မြောက်ကိုရီးယား အစိုးရရဲ့ အာရှ ပစိဖိတ် ငြိမ်းချမ်းရေး ကော်မတီရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် သတင်းအေဂျင်စီ က ကြေညာလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းကလည်း ပြုံယမ်းမြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကိုလည်း အလားတူ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
 
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံဘက်က တောင်ကိုရီးယားနဲ့ ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ရဲ့ လည်ပတ်မှုအားလုံးကို ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် စက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ အင်္ဂါနေ့မှာ အလုပ်မဆင်းကြတော့ပါဘူး။
 
ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက်အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်
ခေါ်ယူလိုက်တဲ့ အပြုအမူကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာ့အလည်မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အယုံကြည် မရှိတော့တဲ့ အခြေစိုက်သွားလိမ့်မယ်လို့
တောင်ကိုရီးယား သမ္မတ ဘတ်ဂွန်ဟဲး (Park Geun-hye) က ပြောဆိုလိုက်ပါတယ်။
 
နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ ထွက်ခွာကြဖို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးချက် ထွက်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ အခြေအနေတွေ ဖရိုဖရဲ ဖြစ်တာမမြင်လိုဘူးလို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။
 
ဘယ်ဘက်ကဖြစ်ဖြစ် အခြေအနေတွေ ပိုဆိုးလာအောင် လုပ်တဲ့လုပ်ရပ်မှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်လီ (Hong Lei) က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ 

http://burmese.voanews.com/content/north-korea-urges-foreigners-to-consider-for-leaving/1637760.html

သင်းခွေချပ်အကြောင်း သိကောင်းစရာ

  သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။         သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင် ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက် တတ်သော်လည်း အများ စုမှာ မတက် တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ် စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။ ပုရွက်ဆိတ် စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာ ပါရှိသည်။

          သင်းခွေချပ်သည် အမေရိကတိုက်တွင် တွေ့ရသော မျောက်ပျင်း၊ ပုရွက် စားကောင်၊ အာမာဒီလိုကောင် တို့နှင့် အတူ ဖော်လီဒိုးတားမျိုးဝင် သွား မရှိသည့် နို့တိုက်သတ္တဝါချင်း တူသော်လည်း မျိုးရင်းကားမတူချေ။ သင်းခွေချပ် သည် မင်နီဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလိုအရ မေနစ်ကရပ်စီ ကော်ဒေးတား ဟုခေါ်သည်။ သင်းခွေချပ်များကို မြန်မာနိုင်ငံ အပါအဝင် အရှေ့ တောင်အာရှ၊ အရှေ့အိန္ဒိယ ကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသ များတွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှ ကိုယ်ထည် အထိ အမြီးမပါဘဲ နှစ်ပေမှ နှစ်ပေခွဲအထိ ရှည်၍ အမြီး သပ်သပ်သည် တစ်ပေခွဲ ရှည်သည်။

      သင်းခွေချပ် အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင် အမြီးသည် ကိုယ်ထည် တစ်ခုလုံးထက် တို၍ အချို့အမျိုးတွင် နှစ်ဆမျှ ရှည်သည်လည်း ရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှ တစ်ပါး အခြား ကိုယ်ထည် တစ်ခုလုံးသည် အိမ် အမိုးတွင် အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့ မာကျောသော အကြေးခွံ ကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာ ဖုံးအုပ်လျက် ရှိနေလေသည်။ အရောင်မှာ အညိုရင့်ရောင် ဖြစ်သည်။ နှာတံရှည်၍ ချွန်သည်။ အပြင်သို့ ထုတ်နိုင်သော ရှည်၍ စေးကပ်သည့် လျှာလည်း ရှိသည်။ ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်သည့် အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင် ကွေးလိုက်ရာ တော်ရုံအားဖြင့် ပြန်၍ မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ် လက်နက်သဖွယ် ကြံ့ကြံ့ခံ နိုင် လေသည်။ ဝမ်းဗိုက်ပိုင်းတွင် အမွေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများ ကြားတွင်လည်း အနည်းငယ်စီ ရှိကြသည်။

         သင်းခွေချပ်များသည် များသောအားဖြင့် မြေတွင်းအောင်း၍ နေကြပြီးလျှင်
ခြနှင့် ပုရွက်ဆိတ် တောင်ပို့များကို တူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ ဥများကိုသာ အဓိကထား၍ စားသောက် ကြသည်။ ဤသို့တောင်ပို့များကို တူးနိုင်ရန် ရှည်၍ အနည်းငယ် ကောက်နေသော လက်သည်း ခြေသည်းများ ရှိသည်။ မြေတူးရာ၌ ရှေ့လက်နှင့် တူးသောကြောင့် ရှေ့လက်သည်း များသည် နောက် ခြေသည်းများထက် ရှည်သည်။

           ခြတောင်ပို့တစ်ခုကို တွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသော လက်သည်း များနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာ တွင်းထဲသို့ ၎င်း၏ ချွန်နေသော နှာတံကို ထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့် လျက်ကာလျက်ကာ ခြများကို မျိုသွင်း လေသည်။ လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ် ကုန်းထားပြီးလျှင် အမြီးကို ထောင်ထား တတ်သည်။ နောက်ခြေ များဖြင့် မတ်တပ်ရပ်၍ အဘက်ဘက်သို့ ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ ကျက်စားလေ့ ရှိသော်လည်း သစ်ပင်ပေါ်သို့လည်း အလွယ်တကူ တက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကိုလိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့ ရှေ့လက်သည်းများနှင့် ကုပ်တွယ်၍ ဖက်တက် သည့် အပြင် အမြီးဖြင့်လည်း သစ်ကိုင်းတွင် လိမ်ထားသေးသည်။ 
 
         သင်းခွေ ချပ်၏ မျက်စိများသည် ငယ်၍ နားရွက်မှာ မရှိသလောက် ဖြစ်သဖြင့် မြင်မသန် သည့် အပြင် ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင် အာရှ တိုင်းပြည် များတွင် တွေ့ရသော သင်းခွေချပ်များသည် ညဥ့်အခါမှသာ တွင်းမှထွက်၍ သွားလာ ကျက်စား တတ်သောကြောင့် နေ့တွင် တွေ့ရခဲသည်။ နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး ကျောက်ဆောင်များ ကြားတွင် ဖြစ်စေ ကွေး၍ နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကို လုံးနေအောင် ကွေးထားသည့် ရှေ့ခြေနှင့် အမြီးကြားတွင် ထား၍ အိပ်သည်။

             မွေးခါစ သင်းခွေချပ် ကလေးများသည် အကြီးမြန်၍ အကြေးခွံ ကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့် ရှည်သော သင်းခွေချပ် သားငယ်ကလေးသည်
အမိနို့ရည် ကိုစို့ရင်း လေးလအတွင်း အလေးချိန် နှစ်ဆအထိ တိုးလာ လေသည်။ မိခင် သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို့ သယ်ဆောင်သွားလေ့ ရှိသည်။ သားငယ်ကလည်း မိခင်၏ အမြီးတွင် ကန့်လန့်ဖြတ် ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ် ထားသည်။ အကြောင်း တစ်ခုခုကြောင့် ထိတ်ထိတ် လန့်လန့်ဖြစ်ခဲ့သော် မိခင်သည်
လုံးနေအောင် ကွေးလိုက်ပြီးလျှင် သားငယ်ကို ရင်ခွင်တွင်ထား၍ ကာကွယ် စောင့်ရှောက် တတ်သည်။ သင်းခွေချပ် အသားသည် အလွန်ကောင်းသည် ဆိုကာ အချို့လူများ ကြိုက်နှစ်သက် ကြသည်။
Ref > my.wikipedia.org

ခွဲစိတ် ကုသမှုကြောင့် မျက်နှာပြင် တစ်ခြမ်း ဆုံးရှုံးသွားခဲ့သည့် အမျိုးသားတစ်ဦး အတွက်3D မျက်နှာပြင် ဗြိတိသျှ ဆရာဝန်များ ဖန်တီး

လန်ဒန်  ဧပြီ  ၂
လွန်ခဲ့သော လေးနှစ်ခန့်က ဗြိတိန် နိုင်ငံမှအဲရစ် မော်ဂျာအမည်ရှိ အမျိုးသားတစ်ဦး၏ မျက်နှာပြင် အရေပြားအောက်တွင် တင်းနစ်ဘောလုံး အရွယ်ရှိ အသားပိုများ ထွက်ရှိလာမှုကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းအသား ပိုများအား အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခွဲစိတ် ကုသမှုပြုရာတွင် ဆရာဝန်များက အဆိုပါ အမျိုးသား၏ မျက်နှာဘယ်ဘက်ခြမ်းရှိ မျက်လုံး၊ ပါးစောင်ရိုးနှင့် မေးရိုးများ ဖယ်ရှားပစ်ခဲ့ရသည်။
ယခုအခါ ခွဲစိတ် ဆရာဝန်များသည် ထိုအမျိုးသား၏ ကျန်ရှိသည့် အရိုးများအား စကင်ဖတ်ပြီး ကွန်ပျူတာအား အသုံးပြု၍ ၎င်းမျက်နှာသည် မည်သို့မည်ပုံ ရှိမည်ကို တွက်ချက်၍  ၎င်းအားမျက်နှာအတု တပ်ဆင်ပေးရန် အတွက် သုံးဖက်မြင် ပုံရိပ်စနစ် (၃ီ) ဖြင့် ၎င်း၏မျက်နှာအား ပုံဖော်ခဲ့ကြသည်။ ထို့နောက် ၎င်းစနစ်ဖြင့် ဖန်တီး ပြုလုပ်ထားသော မျက်နှာအတုအား ထိုအမျိုးသားသို့ တပ်ဆင်ပေး ခဲ့သည်။ 3D  စနစ်ဖြင့် ထိုသို့ မျက်နှာပြင် ပုံဖော်မှုသည်  ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။မော်ဂျာသည် ၎င်း၏ မျက်နှာအား ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးချိန်တွင် ၎င်းအနေ ဖြင့် ရေတစ် ခွက် သောက်လိုက်ပါက ရေများသည် မျက်နှာပြင်ပေါ်မှ ပြန်လည် စီးကျသွားလေ့ ရှိသော်လည်း ယခုအခါတွင် ၎င်းမျက်နှာဖုံးအား တပ်ဆင်၍ ရေသောက်နိုင်ပြီ ဖြစ်ကြောင်း ၎င်းကပြော ကြားခဲ့သည်။ ထိုသုံးဖက်မြင် မျက်နှာဖုံးအား ဒိုင်စန် နည်းပညာ ကုမ္ပဏီက ထုတ်လုပ် ပေးခဲ့ခြင်းဖြစ်ပြီး သုတေသန အဆင့်တွင်သာ ရှိသေးသည့် အတွက် ဆေးပညာ လောကသို့ ဖြန့်ဖြူးပေးခြင်းမရှိ သေးကြောင်း သိရသည်။  ၎င်းသုံးဖက် မြင် နည်းပညာအား   သွားစိုက်ကု ဆရာဝန်တစ်ဦး ဖြစ်သည့် ဒေါက်တာ အန်ဒရူး ဒေဝုဒ်က လွန်ခဲ့သော နှစ်များအတွင်း ၎င်း၏ လူနာစုံတွဲအား မေးရိုးအစားထိုး ကုသရန်အတွက်  စမ်းသပ် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိ

Aung Aung shared အာရဗီအစ္စလာမ်မလေးများ၏ ကြေကွဲဖွယ်ရာများ's album: အမ်းတွင်ဖမ်းမိသော သင်္ကန်းဝတ်ခွေး ၈ ကောင်.
Photo
အမ်းတွင်ဖမ်းမိသော သင်္ကန်းဝတ် ခွေးကုလား ၈ ကောင် ကုလား ၈ ဦးအားကားပေါ်တင်ကာ ရန်ကုန်သို့ ပို့ဆောင်ပေးသော ဘုန်းကြီးဖြစ်ပါသည်။ ၉၆၉ ကိုအတုအယောင်လုပ်ကာ ဖန်တီးခြင်းဖြစ်ပါသည်။ ကျိုက်ထိုမြို့ ယခင်ကလည်း ဘင်္ဂလီများကို သင်္ကန်းဝတ်ပြီး ပို့ဆောင်ပေးခဲ့သည်မှာ ၅ ကြိမ်ရှိပြီ ဟု ထွက်ဆိုပါသည်။ ယခုနှစ်တွင်လည်း ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါနှင့်ဆိုလျင် ၅ ကြီမ်ရှိပြီဟုသိရသည်။ ယခုနှစ်အတွင်း ဒုတိယ ခေါက်အား မတ်လ အတွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘုန်းကြီးမှထွက်ဆိုပါသည်။ ကားသမားမှာ အံခူးနောင်(ခ) ရာဇာအောင် ဖြစ်သည်ဟုတ်လည်းထွက်ဆိုပါသည်။ အမ်းတွင်ဖမ်းမိသော ကုလား ၈ ကောင်သတင်းအဆက် သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ ----------------------------------------------------- သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။ ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။ ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။ အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။ ၄င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။ သတင်းအပြည့်အစုံကို နက်ဖြန် ဆက်လက်တင်ပြပေးပါမည်။ ထွက်ဆိုချက်များပါ တင်ပြပေးမည်ဖြစ်ပါသည်။
Photos: 8
Kyaw Ko Kyaw shared ဦး ဖာ's photo.
သင်္ကန်း ၀တ်ထားတဲ့ ဘင်္ဂလီ ၈ ကောင်နှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ တဲ့   သတင်းက ခိုးဝင်ဘင်္ဂါလီရဲ့  ပုံပါ...။

ခွေးမျိုးတွေ သင်္ကန်း ကိုခြုံတာ ငရဲကိုဇောက်ထိုးတင်းမယ်....။

RSV

ဒီမယ် ဒီမယ်...

ဒီမယ် ဒီမယ်...
မှီခိုဆိုတာနဲ့ အိမ်မှာအလကားအားအားယားယား စားလိုက်အိပ်လိုက် ဖြဲကားနေနေရတယ်လို့တော့ အဆင်ခြင်မယ့် မထင်လိုက်နဲ့.....

တစ်အိမ်သားလုံး ၀တ်သမျှ အနှီးကအစ လျော်ဖွတ် မီးပူ ..တိုက်ရသေးတယ်....

ထမင်းနဲ့ဟင်းကို ရုံးသွားအမှီ စောစောစီးစီးထ နေ့စဉ်နှင့်အမျှ ဂျိုင့်ထဲအဆင်သင့်ရောက်နေရအောင် ချက်ရပြုတ်ရ လုပ်ရသေးတယ်.......

အိမ်မှုကိစ္စအ၀၀ကို လစ်ဟာမှုလည်းမရှိရအောင် ဆေးကြောတိုက်ချွတ် လှည်းရကျင်းရ သန့်ရှင်းရေးလည်း လုပ်ရသေးတယ်

အကြီးကောင်နဲ့ အလတ်မကို ကျောင်းကြို ကျောင်းပို့အချိန်မှီအောင် ဒရောသောပါးတောင်ပြေးမြောက်ပြေး ပြေးရသေးတယ်

အငယ်ကောင်အတွက် နို့ဗူးဖျော်ပြီး အငိုတိတ်အောင် ချော့ကာမြူကာ သိပ်ရသေးတယ်

သူတို့ကမှ တစ်ပါတ်မှာတစ်ရက် ရုံးပိတ်ရက်မို့ အနားယူပြီးအိမ်ကဟာတွေကို နင်းပါဦး
နှိပ်ပါဦး မညှာမတာ ခိုင်ချင်သေးတယ်

ဒီမှာလာကြည့် တစ်လ ရက်သုံးဆယ်၊ တစ်ပါတ် ခုနှစ်ရက်မှာ တစ်ရက်တစ်လေ အနားနေရတယ်
ဆိုတာ ရှားပါတယ်ဟယ် ရှားပါတယ် ။

အိမ်ကမိန်းမပါဗျာ...........................
ပိုက်ဆံရှာရတယ်ဆိုပြီး ပူညံပူညံလုပ်လွန်လွန်းလို့.....:P

by -Nay Myoo Aung Lan

* N M A L*
ပလီပလာ ထွေကာလီကာ

@[148980878505812:274:ပလီပလာ ထွေကာလီကာ]