This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 23, 2013

ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွား

 ဓါတ်ပုံ ၊ ။ ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ်

http://www.thithtoolwin.com/2013/05/blog-post_7346.html
နွေည

"အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင်

Thursday, May 23, 2013
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊

ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။သစ်ထူးလွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။

သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
 
ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။
သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ

  • ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
  • ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
  • ၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
  • ၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
  • ၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး  https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။ သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ 

  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

စင်္ကာပူမှာနေတဲ့ မြန်မာ/ဂျာမန် မော်ဒယ် လင်းလင်း

Wednesday, May 22, 2013

အသက် ၂၃ နှစ်အရွယ် မော်ဒယ် လင်းလင်းရဲ့ ပုံရိပ်တချို့ကို  ကြော်ငြာတချို့မှာ တွေ့ဖူးကြပြီးဖြစ်မှာပါ။

သူ့မိခင်က မြန်မာပြည်က၊ ဖခင်က ဂျာမန်။

ရေကူးအဝတ်အစား ဘီကီနီနဲ့ပုံတချို့ကို

သူ့ Facebook ပရိသတ်စာမျက်နှာမှာ တွေ့ရပါလိမ့်မယ်။

သို့သော်လည်း အဝတ်အစားမဲ့ပုံတွေကိုတော့ မရိုက်ဘူးလို့ ဆိုပါတယ်။

ကာလသားကြိုက် FHM စာစောင် (စင်္ကာပူဗားရှင်း) မှာ ပါဝင်ခဲ့တဲ့ သူ့ပုံကိုလည်း တွေ့နိုင်ပါတယ်။

သူ့အရပ်အမောင်းက ၅ ပေ ၇ ရှိတယ်၊ ပေါင်ချိန်က ၁၁ဝ။

ဆက်စပ် ~
အေးဝတ်ရည်သောင်း Facebook 
http://blog.irrawaddy.org/2013/05/facebook_14.html

ထွန်းအိန္ဒြာဗို Facebook 
http://blog.irrawaddy.org/2013/04/blog-post_5008.html

မော်ဒယ် လင်းလင်းနဲ့ သူငယ်ချင်းဖြစ်လိုတယ် ဆိုရင်တော့ ... သူ့ရဲ့ Facebook စာမျက်နှာက http://www.facebook.com/princesslynnlynn ပါ။

ပရိသတ်အတွက် စာမျက်နှာက https://www.facebook.com/lynnyangwolf ဖြစ်ပါတယ်။

လောလောဆယ် လင်းလင်းက စင်္ကာပူကျွန်းနိုင်ငံရဲ့ အထင်ကရ နန်းယန်စက်မှုတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ် တဲ့။

  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်

ကဲ ………

မေး သာ မေး ကြ ဗျာ ။
ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်
Wednesday, May 22, 2013

တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးနောက် ဖုန်းလိုင်းကျပ်တောက်မှု အချို့ ဖြစ်ပေါ်နေရာ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက မိမိကိုင်ဆောင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာ ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍ ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။ လတ်တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းဖုန်းများ သာမက ကျပ် ၁၅ သိန်းတန် ဖုန်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းဖုန်း ကိုင်ဆောင်သူများက ပြောသည်။ ထို့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်းကြောင့် အင်တာနက် တပ်ဆင်ထားသူများ သုံးစွဲ၍ မရမှုများ ရှိနေသည်။ “တစ်ခါတလေဆို No Service ဆိုပြီးတောင် ဖြစ်သွားတာ။ နံနက်ပိုင်း စောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်လောက် ရှိနေပြီ။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို့မရဘူး” ဟု WCDMA ဖုန်းသုံးစွဲသည့် အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထိုသို့ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိပါက မိမိဖုန်းနံပါတ် အလိုက် သက်ဆိုင်သည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်စင်တာမှ သိရှိရသည်။ “ကိုယ်သုံးတဲ့ဖုန်းက လိုင်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာလဲ ဆိုတာကို” ဟု ဆက်သွယ်ရေး အိတ်ချိန်းရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သုံးစွဲသည့် ဟန်ဆက်များကြောင့်လည်း လိုင်းပြတ်တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများ ရှိတတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊ ၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက် ၀၁-၂၁၅၈၂၂၊ ၀၉၄၁ ဖုန်းများအတွက် ၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက် ၀၁-၅၃၂၂၅၇၊ ၀၁၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအတွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အစရှိသည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို ဆက်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတင်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံစမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သတင်းရရှိသည်။

7 Day News

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်သည် မြန်မာအပေါ် အရေးယူထားသော ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန် ထောက်ခံတော့မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်တွင် အမေရိကန် လွှတ်တော်၌ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအပေါ် ဦးဆောင်သူဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်က မြန်မာနိုင်ငံ၏ သွင်းကုန်များအား ထပ်မံအရေးယူ ပိတ်ဆို့ရန်အတွက် ထောက်ခံပေးတော့မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

"ပိတ်ဆို့မှုတွေကို အသစ်လုပ်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာaခါင်းဆောင်တွေကို မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပြီး ဒီပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲနေတဲ့ သူတွေကိုတော့ ရဲဆေးတင်ပေးလိုက် သလိုပါပဲ" ဟု အထက်လွှတ်တော်အမတ် ခေါင်းဆောင် မက်ကောနယ်လ်က ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ တော်တော်များများ မြန်မာနိုင်ငံမှာ ဒီလောက်ပြောင်းလဲ လာနိုင်လိမ့်မယ်လို့ကို မထင်မိခဲ့ပါဘူး။ ဒီအချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေရိကန် ကွန်ဂရက်ဟာ လုပ်သင့်တာကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်" ဟုလည်း ဆက်လက်ပြောကြားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဆိုင်းငံ့ထားပြီး ဖြစ်သော်လည်း ကွန်ဂရက်က မြန်မာအစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး ပိတ်ဆို့မှုများကို နှစ်စဉ်သက်တမ်း တိုးခဲ့သည်။
ပိတ်ဆို့မှုများကို ရပ်တန့်လိုက်ခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးနိုင်မှုအင်အား ကျဆင်းနိုင်သည်ဆိုသည့် အဆိုများကို မက်ကောနယ်လ်က ပယ်ချလိုက်ပြီး ကျောက်မျက်ရတနာများကို ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိရန် ပြောဆိုခဲ့သည်။

ကန်တက်ကီပြည်နယ် အမတ်က အမေရိကန် ကုမ္ပဏီများသည်လည်း ပိတ်ဆို့မှု အကျိုးသက်ရောက်မှု မရှိသည့် သြစတြေးလျနှင့် ဥရောပ ကုမ္ပဏီများနည်းတူ မျှတသော ယှဉ်ပြိုင်ခွင့် ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကန် အမတ်နှင့်အပြင် သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော် အဖွဲ့ ၀င်များဖြစ်သည့် အိုဘားမား၏ ဒီမိုကရက်တစ်ပါတီဝင် လေးဦးနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ အဆိုပါ အမတ်လေးဦးက သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ မတရား အကျဉ်းချခံထားရသည့် အကျဉ်းသား ၂၅၀ ဦး၏ နာမည်စာရင်းများအား ပေးအပ်ခဲ့ပြီး လူမျိုးရေး အကြမ်းဖက်မှုများအားလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစာထဲတွင် "နိုင်ငံရေး အကျဉ်းသားများသည် တိုင်းပြည်၏ အနာဂတ်တွင် ပါဝင်ခွင့် ရသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် အကျဉ်းသားများအား ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်သည်" ဟု ထည့်သွင်းဖော်ပြထားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အောက်လွှတ်တော်သို့ တင်သွင်းသူများတွင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနှင့် ဂျိုးကရော်လီတို့လည်း ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ် ၀ါရှင်တန်ဒီစီ၌ သတင်းထောက်များနှင့် မေ ၂၁ က တွေ့ဆုံစဉ်) (Photo:AFP)

နန်းခင်ဇေယျာ အင်တာဗျူး၊ မှာပြောတဲ့ အသုံးချ ခံဖို့ ချဉ်းကပ်မှု

အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)

သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?

ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။

Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????

စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။

မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။

အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။

ME
 — with Thway Thit Sar and 14 others.
နန်းခင်ရဲ့ ပရိသတ်အားလုးံအား အသိပေး အပ်ပါတယ်...
ယခု အင်တာနက် Facebook စာမျက်နှာတွင် ပျံ့နှံ့သွားသော interview တစ်ခုနှင့်ပက်သက်ပြီး နန်းခင် ရဲ့ စကားလုံးများ အတိအကျဖော်ပြခံရ ခြင်းမရှိကြောင်းနှင့် နန်းခင်ပေါ့လျော့မှုကြောင့် ပုံနှိပ်ထုတ်ဝေခံခြင်းဖြစ်ကြောင်း ဝမ်းနည်း စွာ တောင်းပန်အပ် ပါသည်.. 
နောက်နောင် ထိုကဲ့သို့ ပေါ့လျော့မှုကြောင့် နန်းခင် ကို ချစ်သော ပရိတ်ကြီး စိတ် အနှောက် အယှက်မ ဖြစ်စေရန် အထူးကြိုးစားသွားပါမည်...

Give Guidance
နန်းခင်ဇေယျာ အင်တာဗျူး၊ နန်းခင်ဇေယျာ၏ ရှင်းလင်းချက်နှင့် ဂျာနယ်၏ တုန့်ပြန်မှု

ဂျာနယ် အင်တာဗျူးတစ်ခုက အပြောအဆို တစ်ခုကြောင့် ၉၆၉ အပေါ် အမြင်တစ်မျိုး ဖြစ်လာပါ တယ်။ အဆို ပါ အပြောအဆို အတွက် နန်းခင်ဇေယျာမှ ဂျာနယ်ကို လွှဲချခဲ့ပြီး ဂျာနယ်ကလည်း သူတို့ရဲ့ မှန်ကန် မှုကို သက်သေပြဖို့ အဆင်သင့်ပါပဲတဲ့

$$$ သေချာတာကတော့ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခုတော့ ၉၆၉ ပေါ့ ဆိုတဲ့ စကားကို သူမ ပြောကို ပြောခဲ့ပါတယ်။ ####
 
အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)

သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?

ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။

Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????

စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။

မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။

အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။

ME

UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ

Photo: UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ
Wednesday, May 22, 2013

ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်းပေါင်း (၁၅၀၀)ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေးများစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့က ဆိုသည်။
မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ်သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ်နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်းထုတ်ပြန်ခဲ့သည်။

 ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ရောက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။
ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်းခဲ့ပြီး မသင်္ကာသူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆက် ပြောသည် ။

ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီးထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။

 ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည်ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊  မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။

 ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃-လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။

 ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့်အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။

ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့်မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါးများ ရောင်းနေရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်းထားခြင်းကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

 မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ပြောသည်။

Ref ;  ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃

ညွှန့်အောင် (မြစ်မခ)

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း

ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password  တွင် #777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အား Save ပြုလုပ်ပါ။
Mobile network settings တွင် Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင် Restart ပြုလုပ်ပါ

Written by အာယု (မြ၀တီ)

ကမ္ဘာတစ်ဝှမ်းရှိ ရိုးရာနံနက်စာ စားသောက်ဖွယ်များ.....

အာဂျင်တီးနားနိုင်ငံ
  
 သြစတေးလျနိုင်ငံ
 ဘရာဇီးနိုင်ငံ
 ကနေဒါနိုင်ငံ
 တရုတ်နိုင်ငံ
 ကိုလံဘီယာနိုင်ငံ
 ကျူးဘားနိုင်ငံ
 အီဂျစ်နိုင်ငံ
 အင်္ဂလန်နိုင်ငံ
 ဖင်လန်နိုင်ငံ
 ပြင်သစ်နိုင်ငံ
 ဂန်နာနိုင်ငံ
 ဂျာမနီနိုင်ငံ
 အိန္ဒိယနိုင်ငံ
 အီတလီနိုင်ငံ
 ဂျပန်နိုင်ငံ
 မက္ကဆီကိုနိုင်ငံ
 မွန်ဂိုလီးယားနိုင်ငံ
 မော်ရိုကိုနိုင်ငံ
 နိုင်ဂျီးရီးယားနိုင်ငံ
 ပါကစ္စတန်နိုင်ငံ
 ပီရူးနိုင်ငံ
 ပိုလန်နိုင်ငံ
 ပေါ်တူဂီနိုင်ငံ
 ရုရှားနိုင်ငံ
 စပိန်နိုင်ငံ
 ထိုင်းနိုင်ငံ
 တူရကီနိုင်ငံ
 အမေရိကန်နိုင်ငံ
 ချီလီနိုင်ငံ