This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label တိုက်ပွဲသတင်း. Show all posts
Showing posts with label တိုက်ပွဲသတင်း. Show all posts

Tuesday, July 8, 2014

ဗီယက်နမ်စစ်ရဟတ်ယာဉ်ပျက်ကျမှု ၁၆ ဦးသေဆုံး ....................

8 July 2014 02:07(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

 ဗီယက်နမ် စစ်ရဟတ်ယာဉ် တစီး တနင်္လာနေ့ အစောပိုင်းက ဟနွိုင်းမြို့တော် အနီးမှာ ပျက်ကျခဲ့ရာ လူ ၁၆ဦး သေဆုံးပြီး ၅ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

MI - 171 ရဟတ်ယာဉ်ဟာ လေ့ကျင့်ရေး ခရီးစဉ်အတွင်း စက်ချို့ယွင်းမှုကြောင့် Thach That ခရိုင်ရှိရွာထဲကို ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဒုတိယစစ်ဦးစီးချုပ် Vo Van Tuan က ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အားလုံးဟာ စစ်မှုထမ်းတွေဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

ရဟတ်ယာဉ်ဟာ မပျက်ကျခင်အချိန်မှာ ခက်ခက်ခဲခဲပျံသန်းနေရတယ်လို့လည်း မျက်မြင်တဦးက ပြောပါတယ်။

ဒါ့ပြင် ရဟတ်ယာဉ်ဟာ အနိမ့်မှာ ပျံသန်းနေစဉ် မြေပြင်နဲ့ထိပြီးတပြိုင်နက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

လေယာဉ်မှူးဟာ အနားမှာရှိတဲ့ ဈေးနဲ့လူနေအိမ်တွေပေါ်မပျက်ကျမိစေဖို့ လမ်းကြောင်းပြောင်းရာမှာ ကွင်းပြင်ပေါ်ထိုးကျသွားခဲ့ပုံရတယ်လို့ သူကပြောပါတယ်။

ဗီယက်နမ်လေတပ်ရဲ့ သက်တမ်းရင့်လေယာဉ် အများစုဟာ ရုရှားနိုင်ငံက ဝယ်ယူထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က ဒီရက်မှာပဲ MIC - 21 တိုက်လေယာဉ် တစီးပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးတွေက အချိန်မီ လေထီးနဲ့ခုန်ဆင်းနိုင်ခဲ့ပါတယ်။

၂၀ဝ၈ခုနှစ်မှာလည်း တကြိမ် ဟနွိုင်းမြို့အပြင်ဘက်မှာ စစ်လေယာဉ်တစီးပျက်ကျခဲ့ရာ လေယာဉ်မှူး ၅ ဦး သေဆုံးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.bbc.co.uk/burmese/world/2014/07/140707_vietnam_plane_crashed.shtml

ဗီယက်နမ်က ရုရှားလုပ် MI - 171 ရဟတ်ယာဉ် တစီး

Friday, June 27, 2014

မြာက်ကိုရီးယား ဒုံးကျည် ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်..........................

26 June 2014 21:38(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

 မြောက်ကို ရီးယားဟာ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း စမ်းသပ် ပစ်လွှတ်ခဲ့တာ တွေ့ရ တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်ပါတယ်။

မြောက်ကို ရီးယားရဲ့ ရော့ကက်တွေဟာ ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက်ကမ်း ရိုးတန်းကနေ ကြာသ ပတေး နေ့က ပစ်လွှတ်ခဲ့ တာလို့  တောင်ကို ရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပင်လယ် ပြင်ထဲကို မိုင် ၁၂၀ အကွာလောက် ကနေ ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ အခုထိ တစုံတရာ ထုတ်ဖေါ် မပြောဆိုသေးပါဘူး။ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစား ကို ထုတ်ဖေါ် မပြောဆိုတဲ့ အပြင်  လက်နက် အသစ် စမ်းသပ်မှု လုပ်မလုပ်ကိုပါ တစုံတရာထုတ် မပြောသေး ပါဘူး။ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဒီနှစ် အစောပိုင်းကစပြီး ဒုံးကျည်တွေ လက်နက်ကြီးတွေ ပစ်ခတ်စမ်းသပ်မှုကို အကြိမ်များစွာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။  အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာ  မြောက်ကိုရီးယား ဘက်က တာလတ်ပစ် ဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးမျိုးကို ပစ်ခတ်ခဲ့တာပါ။

ကြာသပတေးနေ့  စမ်းသပ်ပစ်ခတ်မှုဟာ ကုလသမဂ္ဂရဲ့ တားမြစ်မှုကို ဆန့်ကျင်ပြီး  စတုတ္တုအကြိမ်မြောက် မြေအောက် နျူကလီယား လက်နက် စမ်းသပ်မှုတွေ အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ အများက ခန့်မှန်းနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံး။

Tuesday, June 24, 2014

အစွန်းရောက် သူပုန်အုပ်စု ISIS က လိင်ကိစ္စအတွက် သမီးဆက်သရန် ပြည်သူများထံ တောင်းဆို..................

24 June 2014 05:06(+0630)

  အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော အပြင်းအထန် သူပုန်ထနေသော စွန်နီဘာသာရေး အစွန်းရောက်အုပ်စု ISIS က မိသားစုများအား သမီးဆက်သရန် တောင်းဆိုကြောင်း The Daily Mirror မှ ဖော်ပြသည်။ ၎င်းတို့ဆင်နွှဲနေသော ဘာသာရေး စစ်ပွဲတွင် အမျိုးသမီးများလည်း မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့် ၀ိညာဉ်အား သန့်စင်ကြရန် တောင်းဆို ထားသည်။

အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့် တိကရစ်မြို့များတွင် တွေ့ရသော လက်ကမ်းစာစောင်များ၌ ဘုရာသခင်၏အလိုတော်ကို ချိုးဖောက်သူများ ရိုတ်နှက်နှိပ်စက်ခြင်း၊ သတ်ပစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ဆော်ဒီနိုင်ငံမှ ဘာသာရေးခေါင်းဆောင်တဦး ပေးထားသော အစ္စလာမ်ဘာသာရေးဆိုင်ရာ စည်းမျည်းစီရင်ထုံး(fatwa) တခုအရ ISIS စစ်သွေးကြွများအား ဆီးရီးယားအမျိုးသမီးများအပေါ် အဓမပြုကျင့်ခွင့်ပေးထားသည်။

“ဒါဟာ အစ္စလာမ်ဘာသာရဲ့အဆုံးအမတွေအားလုံးနဲ့ ဆန့်ကျင်ဖီလာဖြစ်ပါတယ်၊ သူတို့(စစ်သွေးကြွများ)က မိန်းမတွေအပေါ် ဒီလိုမဒိန်းပြုကျင့်တာကို လိင်ဂျီဟတ်တမျိုးလို့ ထင်နေတယ်၊ မဟုတ်ပါဘူး။ ဒါဟာ စစ်ရာဇ၀တ်မှုပါ” လို့ ဘဂ္ဂဒက်တက္ကသိုလ်မှ လက်ချာဆရာ နာဆာကတ်တောက ပြောသည်။

Ref ; TNP

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Sunday, June 15, 2014

အီရတ် တပ်သားသစ် စုစည်း .....................

14 June 2014 23:51(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

  အီရတ် ဝန်ကြီးချုပ် Nouri al - Maliki က ဘဂ္ဂဒက်မြို့ မြောက်ဘက်က ဆမာရာ မြို့မှာ အစ္စလာမ္မစ် သူပုန်တွေနဲ့ စစ်ခင်းနေတဲ့ ရှေ့တန်း တပ်မှူးတွေကို မိန့်ခွန်းပေးခဲ့ပါတယ်။

နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရှေ့ဆက် မတက်နိုင်ဖို့ ဆမာရာကနေ အကြီးအကျယ် ခုခံသွားမယ်၊ လိုအပ်တဲ့ တပ်သားသစ် တွေကိုလဲ စုဆောင်းနေတယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ အရေးပေါ် တပ်သား စုဆောင်းရေးမှာ လူတန်းကြီးတွေ တွေ့ရပါတယ်။

ဒီလူတွေဟာ ဘာအကျိုးအမြတ် ဆုလာဘ်မှ မမျှော်ကိုးဘဲ အမိမြေကို ခုခံဖို့ တာဝန် ရှိတယ် ဆိုတဲ့ ခံယူချက်နဲ့ လာစာရင်းပေးနေကြသူတွေ ဖြစ်ပါတယ်လို့ တပ်သားသစ် စာရင်းလာပေးသူ တယောက်က ပြောသွားပါတယ်။

ISIS အစွန်းရောက် အုပ်စုက ကြီးစိုးတဲ့ ဆွန်နီ သူပုန် တွေ ဘဂ္ဂဒက်ထိ မရောက်နိုင် ဘဲ လမ်းမှာ တားဆီး ခံနေရတဲ့ ပုံရှိတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

လူတွေကတော့ အခြေအနေကို အထူး စိုးရိမ်နေကြပြီး အမေရိကန်က ကူညီ အားဖြည့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

အီရတ် စစ်တပ်က အရပ်သား တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့လဲ ကုလ သမဂ္ဂရဲ့ အီရတ် ဌာနေ ကိုယ်စားလှယ် Nikolay Mladenov က တောင်းဆို လိုက်ပါတယ်။

အကြမ်းဖက်သမားနဲ့ အရပ်သားတွေကြား သတိထားပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့၊ ဒါမှ အရပ်သား အသေအပျောက် နည်းပါးမှာ ဖြစ်တယ်လို့ မစ္စတာ Mladenov က ပြောပါတယ်။

အစိုးရတပ်က ထိုးစစ်ဆင်လာမှာကို ကြောက်လို့ သူပုန်သိမ်းထားတဲ့ မြို့တွေကနေ လူတွေ စွန့်ခွာ ထွက်ပြေးနေကြပါပြီ။

ထောင်သောင်း ချီတဲ့ စစ်ပြေး ဒုက္ခသည် တွေအတွက် ကနဦး အကူအညီ အနေနဲ့ ဗြိတိန်က ဒေါ်လာ ၅ သန်း ပေးအပ် ခဲ့ပါတယ်။

အီရတ်က အစ္စလာမ္မစ် စစ်သွေးကြွ တွေကို နှိမ်နင်းတိုက်ခိုက်ဖို့ အမေရိကန် နဲ့ လက်တွဲဖို့ ပြင်ထားတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောကြား လိုက်ပါတယ်။

အီရတ် လုံခြုံရေး ပြန်တည်ဆောက်ဖို့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ရိုဟာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

အီရတ်ဘက်က တောင်းဆိုလာရင် ကူညီဖို့ အသင့်လို့လဲ သူက ဆိုပါတယ်။ ဘဂ္ဂဒက်မှာ အီရန် ဗိုလ်ချုပ်ကြီး တယောက် ရောက်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ISIS အစွန်းရောက်ရန်ကို စစ်ခင်း

Saturday, June 7, 2014

မြန်မာ-ဘင်္ဂလာဒေခ်ျ့ အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ် .................


နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှ ၂၃ ဦးပါဝင်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ အချက် (၅) ခုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ဆိုသည်။

ဆွေးနွေးမည့်အချက်များမှာ ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူညီမှုကို မြန်မာဘက်မှ အကြိမ်ကြိမ် ချိုးဖောက်မှု၊ မေလ ၂၈ ရက်နေ့က နယ်ခြား မှတ်တိုင် ၅၂ အနီးတွင် မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ အရာရှိငယ်တစ်ဦး သေဆုံးရမှု၊ သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြား စောင့်အလောင်းကို မေလ ၃၀ ရက်နေ့တွင် ပြန်ပေးရန် သဘောတူညီခဲ့သော်လည်း ကြန့်ကြာခဲ့မှု၊ စိတ်ကြွ ဆေးပြားအပါအ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတားဆီးရေးတို့ပါဝင်ကြောင်း ကော့စ်ဘာဇား အခြေစိုက် CBN သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိကြီးများဖြစ်ကြသည့် အမှတ် ၃၁ နတ်ကျောက်ဆိုးရီ တပ်ရင်းမှ ချောဖီးကူလ်ရာ ဟာမာန်၊ အမှတ် ၅၀ ရာမူးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူး၊ အမှတ် ၁၇ ကော့စ် ဘာဇားတပ်ရင်းမှ ဆိုင်ဖူးလ်အာလာမ်နှင့် အမှတ် ၄၂ တက်နက်အခြေစိုက်တပ်ရင်းမှ အာဘူဇာရ် အာလ်ဇာ ဟီလ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ကိုကို ဦးဆောင်တက်ရောက်နေသည်ဟု သိရသည်။ မြန်မာဘက်က တင်ပြမည့် အချက်များကို မသိရှိရသေးပေ။

ယနေ့ဆွေးနွေးပွဲအပြီးတွင် သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ ကိုင်ဆောင်ခဲ့သည့် သေနတ်နှင့် ကျဉ်အိမ် ၄ ခု၊ ၎င်းကျဉ်ဆန် ၁၂၀ ကို မြန်မာဘက်မှ ပြန်ပေးမည်ဟု ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မျှော်လင့်ထားကြောင်း သိရသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သေဆုံးသွားသည့် မီဇာနူရ်ရာဟာမန် အလောင်းကို လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းက မြန်မာဘက်မှ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူနှင့်အတူပါသွားသည့် လက်နက်နှင့်ကျဉ်ဆန်များကို မပေးအပ်သေးကြောင်း သိရသည်။

Wednesday, June 4, 2014

မြန်မာ-ဘင်္ဂလာဒေခ်ျ့တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးပြောကြား .............


နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။

ယမန်နေ့က ဒက္ကားမြို့ရှိ ဟိုတည် တစ်ခုဖြစ်သော Ruposhi Bangla တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။

ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။

ယင်းပြင် ဘင်္ဂလာဒေခ်ျ- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါဝင်သည့် (BCIM) စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။

ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။

ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။

ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားလာကြခြင်း ဖြစ်သည်။

Thursday, May 22, 2014

လက်နက်အမြောက်အမြား ဖမ်းမိဟု ထိုင်းစစ်တပ်ပြော.....................


  စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ မနေ့ညက လက်နက်တွေကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။

ဘန်ကောက်က ဆန္ဒပြပွဲတွေကို ရှုပ်ထွေးစေဖို့ ရည်ရွယ်တဲ့ လက်နက်တွေကို လုဘူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

စစ်တပ်ပြောခွင့်ရသူ ၀င်ထိုင်း ဆုဗာရီက “လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြားကို ဖမ်းမိထားတာကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ညွန်ကြားမှုဌာနဆီကို အကြောင်းကြားလာပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေ၊ အစိုးရထောက်ခံတဲ့ အုပ်စုတွေ နှစ်ဖက်စလုံး တနေရာစီက သပိတ်စခန်းတွေမှာ ရှိနေကြပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေ၊ ချီတက်ပွဲတွေကို မလုပ်ဖို့ စစ်တပ်က ညွန်ကြားထားပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချာနဲ့ နိုင်ငံရေး အုပ်စုတွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မေလ ၂၁ ရက်နေ့မှာ ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဖွေထိုင်းပါတီ ခေါင်းဆောင်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီအတွင်းရေးမှူး ဆူသပ်သွန်ဆူဘန်း၊ အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရက်တပ်ဦး (ရှပ်နီအဖွဲ့) ခေါင်းဆောင်တို့ ပါဝင်တယ်လို့ စစ်တပ် ပြောခွင့်ရသူ စရီချန်း နတ်သွန်က ပြောပါတယ်။

   By ဒီဗွီဘီ

Thursday, May 15, 2014

မန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား ............


14 May 2014 11:22(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)


 ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ၇ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။

ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊  ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့မှလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ခ်ျ နယ်ခြား စောင့်တပ်မှ အရာရှိတစ်ဦးကပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

ဘင်္ဂလားဒေခ်ျ့နှင့် မြန်မာနယ်စပ်တွင် တည်ရှိသည့် ဘင်္ဂလာဘက်ခြမ်း ဘိုင်ချာဘာရီရွာသားများက ညနေ ၃ အချိန်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ပြောဆိုကြောင်းလည်း ယင်းသတင်းတွင် ဆက်လက် ရေးသားသည်။

၎င်းသတင်း ရရှိပြီးနောက် နယ်စပ်သို့ စုံစမ်းရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာအနီးတတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် မောင်တောမြို့တွင်လည်း လုံခြုံရေးများ တိုးချထား ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

“  မနေ့မနက်က နယ်မြေ ၁ မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဘယ်အဖွဲ့ ဆိုတာတော့မသိဘူး။ အာရ်အက်စ်အိုလို့တော့ လူတွေ ပြောနေကြတယ်။ မြို့ထဲ မှာ လည်း ခြုံရေးတွေချထားတာ တွေ့ရတယ်။ နယ်တွေမှာလည်း လုံခြုံရေးတိုးချထားတယ်လို့ ကြားပါတယ်။”

နယ်စပ်တွင်တည်ရှိသည့် အောင်ဗလ ကျေးရွာသားတစ်ဦးက သူတို့ရွာလုံခြုံရေးနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ရွာမှာတော့ လုံခြုံရေးတပ်ဖွဲ့ အယောက် ၁၀ ကျော်ရှိတယ်။ ဒီဘက်မှာတော့ ပုံမှန်အတိုင်းပါ။ ထူးထူး ခြားခြားမရှိပါဘူး” ဟု ဆိုသည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အသေအပျောက်တချို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာ အာဏာပိုင်များမှ ယင်းပစ်ခတ်မူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောဆိုမူ မရှိသေးကြောင်း သိရသည်။

မြန်မာ နယ်ခြားစောင့်တပ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို အတိကျ မသိရသေးသော်လည်း မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် ခိုအောင်းနေသော အာရ်အက်စ်အို အဖွဲ့ ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူများက ပြောသည်။

မောင်အေး
(နိရဉ္စရာ- ၁၄ မေလ ၂၀၁၄)

အတိမ်းအစောင်းမခံတဲ့ ကချင်ငြိမ်းချမ်းရေး..............


ကျဆုံးသွားသော ကေအိုင်အေ စစ်သားတဦး၏ သွေးစွန်းသော လက်နက် (ဓာတ်ပုံ – Steve Tickner)
ပူလောင်တဲ့ နေရောင်အောက်မှာ သေနတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ် ယောက်ရဲ့ ပခုံးထက်က ရွှေရောင်ကြယ်ပွင့် တွေက နေရောင်အောက်မှာ ဝင်း လက်လို့ နေပါတယ်။
မတူညီတဲ့ လက်မောင်းတံဆိပ်တွေ တပ်ထား တဲ့ သူတို့နှစ်ယောက် တယောက်နဲ့တယောက် တွေ့ ဆုံ လိုက်ချိန်မှာ အပြုံး ကိုယ်စီနဲ့ နှစ်ယောက်စလုံးကြား က ဆုံမှတ်တခုဆီ လျှောက်လာပြီး သူတို့ကိုယ်ဆီ ကိုင်ထားတဲ့ သေနတ်တွေကို နောက် ပစ် လွယ်လိုက် ရင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြပါတယ်။
စကားတွေ ဖောင်ဖွဲ့ရင်း လူငယ်တယောက်က ဘောင်းဘီထဲကနေ တရုတ်နိုင်ငံထုတ် စီးကရက်ဘူး ကို ထုတ်တော့ ကျန်လူငယ် က မီးညှိပေးပါတယ်။ မီးညှိပေးသူကိုလည်း စီးကရက် ကမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချက်ပေးသံတခု ပေါ်လာတဲ့ အတွက် လူချင်းခွာကာ တာဝန်ချိန်ပြန်ယူဖို့ နောက် ပစ်လွယ်ထားတဲ့ သေနတ်တွေကို သတိအနေအထား နဲ့ ပြန်ကိုင်လိုက်ကြပါတယ်။
တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်လိုက်ပြီ ဆိုတာနဲ့ သူတို့နှစ်ဦးရဲ့မျက်နှာမှာ ဘာခံစားမှု ဘာ အပြုံးမှ မရှိတော့ပါဘူး။ ခုန အခြေအနေနဲ့ ဆန့်ကျင် ဘက်ဖြစ်သွားပြီး သေနတ်ပြောင်းတွေက တဖက်ကို တဖက် လှည့်ထားကြပါတယ်။ သူတို့ဟာ ရပ်တည်ပုံ ချင်း၊ ယုံကြည်ချက်ချင်း မတူကြတဲ့ တာဝန်ကိုယ်စီနဲ့ လူငယ် အရာရှိ နှစ်ယောက်ပါ။ တယောက်က အစိုးရ တပ်လို့ လူတွေခေါ်ကြတဲ့ မြန်မာ့တပ်မတော်က လူငယ်တဦး ဖြစ်ပြီး ကျန်တယောက်ကတော့ ကချင် လွတ်လပ်ရေး တပ်မတော် လို့ခေါ်တဲ့  KIA က လူ ငယ်တဦးပါ။
KIA  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြစ်ကြီးနားကို ပထမဆုံး လာရောက် ဆွေးနွေးချိန်မှာ မြစ်ကြီးနားနဲ့ လိုင်ဇာကို ပိုင်ခြားထားတဲ့ နမ်စာရံချောင်း တဖက်တ ချက်ဆီမှာ လုံခြုံရေး တာဝန်ယူ ထားကြတဲ့ သူတို့ နှစ် ယောက်ဟာ ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြ သူတွေ ဖြစ်ပေမယ့် ကြီးပြင်းလာတဲ့ အချိန် မှာတော့  KIA နဲ့ မြန်မာစစ်တပ် ဆန့်ကျင်ဘက် တပ်တွေမှာ ရောက်ရှိ နေသူတွေ ဖြစ်ပါတယ်။
“ကျနော်နဲ့သူက မန္တလေးမှာ ကျောင်းတူတူ တက်ခဲ့တယ်။ ဂ၊ ၉၊ ၁၀ (တန်း) ဘော်ဒါဆောင် နေခဲ့ကြတာ။ ခုတင်ကပ်ရက်၊ လောင်စိန် ၂ ကောင် ပေါ့။ ကျောင်းမှာ ဆရာမတွေက ကချင်-ဗမာ မျောက်လောင်းလို့ ခေါ်ခဲ့ကြတယ်။ အခုတော့ ကျနော် တို့နှစ်ယောက်က မတူတဲ့ဘက်မှာ ရောက်နေတယ်။ အထက်အမိန့်နဲ့ စစ်တိုက်ရတိုင်း ကျနော်ကတော့ ဆုတောင်းတယ်။ ကျနော့်ကျည်ဆန်၊ သူ့ကျည်ဆန်တွေ နှစ်ယောက်တွေ့ ချိန်မှာ မထွက်ပါစေနဲ့လို့ ဆုတောင်း နေရတယ်” လို့ နမ်စာရံ ချောင်းကို ကြည့်ရင်း မြန်မာ့ တပ်မတော်ဘက်က အရာရှိက ဆိုပါတယ်။
KIA  ဘက်က ကချင်အရာရှိကလည်း “ကျနော် တို့မှာ ရွေးစရာ မရှိဘူးလေ။ ဘယ်သူသိမှာလဲဗျာ၊ တကယ့်ဘဝတွေကို။ သူရော ကျနော့်လိုပဲ။ လူတွေ အများကြီးပါ။ ယုံကြည်ချက် ကိုယ်စီနဲ့ ဆိုပေမယ့် သူ့ကိုလည်း ကျနော်မပစ်ချင်ဘူး။ မြင်စေချင် ပါတယ်။ စစ်မတိုက်ရဘူးဆို နှစ်ဖက်လူတွေက ရယ်လိုက်မော လိုက်။ ဘယ်လိုကံလည်း မသိပါဘူး။ ကျနော်တို့ ငြိမ်းချမ်းချင်ပြီ။ အရင်ကလို ညဘက်အဆောင်ကနေ ခိုးထွက်၊ ဆေးလိပ်ခိုးသောက်၊ ဟာသတွေပြော၊ ဂစ်တာတီး တဲ့ဘဝကို ပြန်လိုချင်တယ်” လို့ ပြောပါတယ်။
အမိန့်ပေးမှုတွေအောက်မှာ တိုက်နေကြတဲ့ ဒီစစ်ပွဲကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်၊ ဆင်နွှဲနေကြ တာကြောင့် သူတို့နှစ်ဦး ဟာ အချိန်မရွေး သူတို့ကိုယ် စီ ကိုင်ထားတဲ့ သေနတ်ပြောင်းဝတွေမှာ တယောက် အသက်ကိုတယောက် ခြွေယူ ရနိုင် ပါတယ်။ စစ်မ တိုက်ချင်တော့ဘူးလို့ သံတူဆိုခဲ့ကြတဲ့ ဒီလူငယ်နှစ်ဦး လိုပဲ ဘဝပေါင်းများစွာဟာ စစ်ပွဲ တွေကြောင့် အမုန်း တရားတွေ ကြီးစိုးလာခဲ့ပါတယ်။
“ဘယ်သူက တိုက်ချင်မလဲ။ အမိန့်ဆိုတော့ မနာခံလို့လည်း မရဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် စစ်ထဲဝင်တာပါ။ ကိုယ့်အသက် သေမယ့် ကိစ္စ ဘယ်စစ်သားက တိုက်ချင်မလဲ။ အိမ်ပစ်၊ မိဘ ပစ်ပြီး နေရတယ်။ ကိုယ့်ချင်းချင်းတွေ တိုက် နေရတာ ဘယ်တိုက်ချင်မလဲ။ ဘာတွေ ဘယ်လိုကြောင့် အခု ထိ ငြိမ်းချမ်းရေး မရတာလဲ မသိဘူး။ ကျနော်ကတော့ စစ်ပွဲ ဆိုမုန်းတယ်။ ကိုယ့်ချင်းချင်း တိုက်နေရတာ ပိုမုန်းတယ်။ စစ်သား စစ်မတိုက်ရ မနေနိုင်ဘူးဆိုတာ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့်ဗျာ အရင်က လို ကိုယ့်နိုင်ငံတွက်ဆို တော်သေးတယ်။ အခုက ကိုယ့်ချင်းချင်း တိုက်နေရတာ စိတ်ပျက် လာပြီ” လို့ အစိုးရတပ် အရာရှိလူငယ်က ရင်ဖွင့်ပါတယ်။
သေနတ်သံတွေ၊ ဗုံးဆံတွေကြား၊ ထမင်း ငတ် တလှည့်၊ ပြတ်တလှည့်၊ ခြေသလုံး အိမ်တိုင်ဘဝနဲ့ စစ်ပြေးဒုက္ခသည်အဖြစ် ပြေးလွှားနေရသူတွေကို လည်း မမြင်တွေ့ချင်တော့သလို စစ်ပွဲတွေကြားထဲမှာ တိုက်ခိုက်ရင်းနဲ့ ဘဝကို ကုန်ဆုံးမှာ ကို လည်း မဖြစ် ချင်တော့ဘူးလို့ သူကဆိုပါတယ်။ ကျဆုံးနေရ၊ ဒဏ် ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်တဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကြောင့် နှစ်ဖက် ပိုအမုန်းပွား ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ဘာပဲပြောပြောပါ။ ကိုယ့်လူတွေ ထိတယ်၊ နာတယ်၊ ကျတယ်ဆို ဘယ်သူပဲဖြစ်ဖြစ် မုန်းတာပေါ့။ ကျနော်တို့က စစ်မှန်တဲ့ တန်းတူ ညီမျှရေးအတွက် တိုက်တယ်။ သူတို့ဘက်ကကျတော့လည်း သူတို့ရပ် တည်မှုပေါ့။ ဘယ်လိုရှိလဲ မသိဘူး။ ကျနော်တို့ တွေ့ ချိန်မှာတော့ ဘာအကြောင်းမှ မပြောဖြစ်ဘူး။ ယုံ ကြည်မှုလည်း မညှိဘူး။ အမုန်းတရားလည်း မထား ဘူး။ သူငယ်ချင်းလိုပဲ ပြောဆိုတယ်။ သို့ပေမယ့် စိတ်ထဲမှာ အရင်ကလောက်တော့ မယုံကြည်သလို မခင်တော့ဘူး” လို့ ကချင် အရာရှိလူငယ်က ဆိုပါတယ်။
ငယ်စဉ်ကလို အေးချမ်းစွာအတူတကွနေဖို့ စိတ် အား ထက်သန်နေကြပေမယ့် တကယ့်လက်တွေ့မှာ ငြိမ်းချမ်းရေးအတွက် အသက်တွေ ပေးနေရဆဲပါ။ ပစ်ဆိုတဲ့အမိန့်နဲ့ သူတို့ပစ်နေရတာကြောင့် တဖက် က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်တန့် စေနိုင် တာ၊ တော်တော်လေး ခရီးရောက်ကာမှ နောက် ကြောင်းလှည့်နေတာတွေကို သူတို့ သိနေပေမယ့် မတတ် နိုင်ပါဘူး။
အခုချိန်မှာ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ဖြစ်နေရတဲ့ တိုက်ပွဲတွေကြောင့် တဖက်နဲ့တဖက်က ယုံကြည်မှု ပိုဝေးဝါး လာနေတာ သူတို့ နှစ်ဦးစလုံး သိနေကြပါတယ်။ ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိတော့ဘူး လို့ ဆိုပါ တယ်။ အမိန့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်နေရတဲ့ သူတို့နှစ်ဦးအနေနဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝနဲ့သာ တနှစ်ပြီးတနှစ် တိုးလာခဲ့ပါတယ်။
“စစ်သားဆိုတာ အထက်အမိန့်ကို နာခံရမှာပဲ။ ဒီအတွက်ကို သင်ပြီးသားပါ။ ကျနော်တို့ စစ်သား တွေက အကြောင်းမဲ့ တိုက်နေရတာ၊ ရက်စက်နေတာ မဟုတ်ဘူး။ စစ်ပွဲတွေ ဘာကြောင့်ဖြစ်လဲ။ တဖက် တပ်တွေ နီးကပ်နေတော့ နားလည်မှု မရတာကြောင့် ဖြစ်တာတွေ၊ နောက် အောက်ခြေအထိကို အမိန့်က မရောက် တာတွေကြောင့် ဖြစ်နေရတာတွေပါ။ နောက် သစ်ခိုးတာ ဖမ်းတယ်။ ထိုးစစ်ဆင်ဖို့လည်း မရှိသလို သတ်ရမှ၊ တိုက်ရမှ နေပျော်နေသူတွေ မဟုတ်ပါဘူး” လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲ အပ်ခြင်း ခံထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုပါတယ်။
တဖက်က တန်းတူညီရေးအတွက် တိုက်ပွဲဝင် နေတယ်လို့ ခံယူပေမယ့် တဖက်ကလည်းနိုင်ငံအချုပ် အခြာ အာဏာအရ တိုင်းပြည်ထဲက ခွဲထွက်ဖို့ ကြိုးစားသူကို ဟန့်တားတယ်ဆိုပြီး ခံယူချက်တွေနဲ့ တိုက်ပွဲဝင်နေကြပါ တယ်။
ကချင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “ကျနော်တို့ ပြောဖူးပါတယ်၊ အကြိမ်ကြိမ်။ တိုင်းပြည် ကနေ ခွဲထွက်ဖို့ ဆန္ဒမရှိဘူး။ ကျနော်တို့က တန်းတူ ညီမျှရေးဆိုတဲ့ အရာကြောင့် တိုက်ပွဲဝင်နေရတာ။ အပစ်အခတ်တွေ ရပ်စဲ တာတောင် စစ်ပွဲတွေ ဖြစ်နေ တယ်။ တဖက်နဲ့တဖက် ကတိတွေ သေချာထိန်းသိမ်း မယ်ဆိုရင် ဒါတွေဖြစ်လာ စရာ မလိုပါဘူး။ ယုံကြည်မှု တည်ဆောက်တာမှာ ခြိမ်းခြောက်တာတွေ ရှိရင် တော့ ခက်တယ်။ စစ်ရေးနဲ့ Pressure  ပေးရင်တော့ မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
အစိုးရအဆက်ဆက်က ကချင်ပြည်နယ်အပေါ် နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ လက်ဝါးကြီး အုပ်ခြင်း၊ လူမှုရေးအရ ဥပေက္ခာပြုခြင်း၊ တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းနဲ့ တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှု များကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းမြှင့်တင်ခွင့် မရရှိခြင်း စတာ တွေကြောင့် ကချင် အမျိုးသားတော် လှန်ရေး ပေါ်ပေါက်လာအောင် အဓိက မီးမွှေးပေး လိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်က အခိုင် အမာဆိုပါတယ်။
တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကချင်လူ ငယ်တဦးဖြစ်တဲ့ ကိုလမိုင်ပီဆက အခုလိုဆိုပါတယ်။
“ကျနော်မြင်တာတော့ ဒီလိုပဲ၊ သူတို့တွေက ကျနော်တို့ကို တန်းတူပေးရင် အာဏာပျောက်မယ်။ နောက် ကျနော်တို့ ကချင်မှာက နာမည်ကျော် တွင်း ထွက်တွေရှိတော့ ဒါကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ ကျနော် တို့ဆို အမျိုးမျိုး ဖိနှိပ်တယ်။ စစ်ပွဲတွေနဲ့ ဖိနှိပ်သလို သွေးအေး တိုက်ပွဲတွေနဲ့လည်း တိုက် တယ်။ ဒါမှ သူတို့ လိုရာ လုပ်လို့ရမှာ” သူဆိုလိုတဲ့ သွေးအေးတိုက်ပွဲ ဆိုတာကတော့ ကချင်ဒေသတွင်း ကြီးထွားနေတဲ့ ဘိန်းသုံးစွဲမှုကို ရည်ညွှန်းတာပါ။ ကျောင်းသားလူငယ်ထု အကြားမှာ အဟန့်အတား မရှိ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် လူညွန့်တုံးစေမယ့် နည်းဗျူဟာတရပ်လို့ သူကဆိုပါ တယ်။ လက်ရှိ ပြည်နယ်အစိုးရဟာလည်း အစိုးရရဲ့ နယ်ရုပ်တွေပဲဖြစ်တယ်လို့ ဝေဖန်ပါသေးတယ်။
“အယုံအကြည် မရှိဘူး။ သူတို့တွေက ယုံကြည် မှုနဲ့ မထိုက်တန်တော့ဘူး။ အခုချိန်မှာ ငြိမ်းချမ်းရေး လို့ အော်တယ်။ နောက်စစ်ဖြစ်တယ်။ ဒါကို ဘယ်သူ ယုံမှာလဲ။ ကျနော်ကတော့ ကျနော်တို့ရဲ့ KIA ဘက် မှာပဲ ရှိတယ်။ အသက်ဆုံးတဲ့အထိ တိုက်ပွဲဝင်မယ်”လို့ သူက ဆိုပါတယ်။
စစ်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာမှု တွေက အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မေးခွန်း ထုတ်စရာတွေ ရှိနေခဲ့တယ်လို့ ဂျေယန့် ကချင်ဒုက္ခသည်စခန်းက အသက် ၆၀ ကျော် ကချင် အဖိုးအို ဦးဆမ်ဆွန်က ဆိုပါတယ်။
“ပညာရေးကလူတယောက်အတွက် အဓိကပဲ။ စဉ်းစား ဆင်ခြင်တုံတရားတွေကို ပညာနဲ့ပဲရတယ်။ အဘ စာမတတ်ဘူး။ ဒီတော့ တောင်းဆိုတာလဲ မသိဘူး။ အစိုးရ ဘာတွေလုပ်နေလဲ ကိုယ်တွေ မသိဘူး။ အခုသိ တာတခုက အဘတို့ ငတ်တယ်။ အိမ် ပစ်ရတယ်။ ကလေးတွေ စာမသင်ရဘူး။ အဘမြေး လေးက ၇ တန်းနဲ့ ကျောင်းထွက်ရတယ်။ နောက်မျိုး ဆက်တွေ စာမတတ်တော့ဘူး။ စာမတတ်တော့ ခိုင်းသမျှခံရမယ်။ နောက်ပိုင်း အဘတို့ ကချင်တွေကို စာမတတ်အောင် အစိုးရတွေ လုပ်နေကြတယ်လို့ပဲ သိတယ်” လို့ ဆိုပါတယ်။
ကချင်တိုင်းရင်းသား ရှေ့နေတဦးကလည်း “စစ်မှန်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုကို လိုချင်တယ်။ အခုက လူမျိုးရေးအသွင်ပါ ဖန်တီးလာတယ်။ နောက်ပိုင်း မုန်းလာမှာ စိုးတယ်။ ကျနော်တို့ အခုဆို စစ်သားဆို ဗမာလို့ထင်တယ်။ ဒီတော့ ဗမာဆို မုန်း လာတယ်။ ကျနော်တို့တွေ နောက်ပိုင်း အာဏာရှင် စနစ်တခုကြောင့် စစ်သားဆို မုန်းလာကြတယ်။ တချိန်က စစ်သားဆို ချစ်တယ်။ အခု ရွံ့ကြောက် ဖြစ်လာတယ်။ နောက်ပိုင်း ဗမာလူမျိုး ဆိုတာနဲ့ မုန်း တယ် ဖြစ်လာမှာစိုးတယ်” လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးရဖို့အကြိမ် ကြိမ် ပြောနေပေမယ့် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်က တပ်မတော် ကတော့ တိုက်ပွဲတွေ ဆင်နွှဲ နေဆဲဖြစ်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။
ကချင်စစ်သူနာပြု စစ်သမီးတဦးဖြစ်တဲ့ ဆိုင်း လူဆမ်းက “စစ်တပ်က သမ္မတစကား နားမထောင် တာလား၊ သမ္မတကပဲ ညာနေတာလား ဆိုတာမပြော တတ်တော့ဘူး။ သူတို့တွေက အရင်ကတည်းက စစ်တပ်က လူတွေ ပဲ၊ ကိုကြီး၊ ညီလေး တွေပဲ။ အမှန် ဆို ကာချုပ်က ဂျူနီယာပဲလေ။ ဒီလိုမှမဟုတ် သူတို့အထက်မှာ သူတို့ ကြောက်ရတဲ့ ညွှန်ကြားသူ ရှိနေလား တော့ မသိဘူး” လို့ ဆိုပါတယ်။
“ကျမတို့ တောင်းတာ ဟန်ဆောင်မှု မပါတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရရေးပါ။ အခု နောက်ပိုင်း တပ်ဘက်က တော်တော်လေး ငြိမ်းချမ်း ရေး ဆွေးနွေးလာလို့ သူတို့ပြောင်းလဲလာပြီထင်တာ။ အခုတော့ သူတို့က ဟန်ဆောင်နေတယ်။ ဗိုလ်ချုပ် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားတယ်။ သူတို့က စစ်တိုက်တယ်။ ဒါက မရိုးသားတာ။ ကျမကတော့ ရှေ့တန်းက ရဲဘော်တွေအတွက် ရိက္ခာတွေ ပို့ပေး နေဦးမယ်။ ဆေးကုပေးနေဦး မယ်။ အမျိုးသားတွေနဲ့ အတူ ကျမနိုင်သလောက် လုပ်သွားမယ်” လို့ သူက ဆက်ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့နဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ ရန်ကုန်မှာ ဆွေးနွေးပွဲတွေ လုပ်နေချိန် မြန်မာ့တပ်မ တော်ဘက်က အင်တိုက်အားတိုက် ပါဝင်လာတဲ့ အပေါ် တိုင်းရင်းသားခေါင်းဆောင်များက အမှတ် တွေ ပေးလာနေချိန်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ က ယုံကြည်မှုကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ တယ်။
“ဘာပဲ ပြောပြော သူတို့က ဆေးပေးလိုက်၊ ဒဏ်ရာပေးလိုက်ပဲ။ နောက် တင်းလိုက်လျှော့လိုက်နဲ့ တော်တော် မာယာ များတယ် ပြောရမယ်။ သူတို့တွေ က ကာချုပ်ရဲ့ လမ်းညွှန်ချက်ကို အသေကိုင်ဆွဲနေရင်တော့ အလုပ် ဖြစ်မယ် မထင်ဘူး။ အခုက သူတို့ပြော တာထဲမှာကတော့ လက်ရှိ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က လက်ခံရမယ်လို့ ဆိုထားတယ်။ ဒီတော့ အခုချိန်အထိ တိုင်းရင်းသားတွေကို လွတ် ငြိမ်းချမ်းသာခွင့် မပေးသေး ဘူး။ ဒီတော့ သူတို့ချတာ ကို ကိုယ်တွေက ဖောက်ဖျက်နေပြီ။ ဒီလို လိုက်နာရ မယ်ဆို ဖွဲ့စည်းပုံကို လက်ခံခိုင်း တဲ့သဘော။ ဒီဟာ လက်ခံရင်တောင် သူတို့က ကိုယ်တွေကို ဘာအာမခံ ချက်မှ မပေးဘူး။ ဝင်လာတာနဲ့ ဒီမှာ ကိုယ် တွေကို ပြစ်မှုထင်ရှား ရှိမရှိကို စစ်ဆေးလို့ရှိရင် အရေးယူ ဦးမယ့်သဘော။ ဒီတော့ သူတို့သဘောက ရိုးသားမှု ကို မရှိတာ” လို့ ပြောပါတယ်။
တပ်မတော်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တပ်က လူတိုင်း မကောင်းတာ မဟုတ်ဘူး။ ဦးအောင်မင်းတို့က (ငြိမ်းချမ်းရေး) လိုချင်တယ်။ ဒီမှာ လာဆွေးနွေးတဲ့ တပ်ကလူတွေဆို ကိုယ်တွေနဲ့ ရင်းနှီးနေပြီ။ ပွင့်လင်းပါတယ်။ သူတို့က ဒီမှာညှိ၊ အိုကေ။ ဟိုမှာ ကာကွယ်ရေးဦးစီးချုပ်ကပြောဆို၊ သူတို့က တင်းလာရော။ ဦးအောင်မင်းတို့က သူတို့ သက်တမ်းမှာ မှတ်တိုင်တခုရစေချင်တယ်။ အခု ဟာက အစိုးရလည်းတပ်ကို မနိုင်တဲ့သဘော” လို့ ဝေဖန်ပါတယ်။
ဖားကန့်ဒေသခံ ကိုထွန်းလူက “အခုက တိုင်း ရင်းသားတွေက ယုံကြည်မှု နည်းလာပြီ။ စစ်တပ်မှာ မကောင်းတဲ့ လူတွေလို့ မပြောပါဘူး။ တပ်မှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အခုက အာဏာရှင် ဆန်ဆန် လုပ်တဲ့သူတွေ ကြောင့် စစ်တပ်က နာမည် ကောင်း မရှိတော့ဘူးပေါ့။ တကယ် လက်အောက်က စစ်သားလေးတွေက သနားဖို့ ကောင်းတယ်။ တချို့ က အမိန့် ကြောင့်သာ လုပ်ရတာ။ ကောင်းတဲ့လူ ရှိပါတယ်။ အာဏာရှိသူကတော့ အာဏာအရ ဟောက်စားမှာပဲ။ စစ်တပ် တခုပဲ လုပ်နေတာတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် ဆိုတာတွေက လုပ်နေ တာပါပဲ။ စစ်တပ်က ပိုဆိုးတာက သူတို့က အင်အား ကကြီးတော့ ပိုလုပ်တယ် “ လို့ ဆိုပါတယ်။
KIA ဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေး ပွဲ အကြိမ်ရေအများဆုံး လုပ်ဆောင်နေတဲ့ အဖွဲ့တခု လည်း ဖြစ်သလို အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ကချင်နဲ့ အစိုးရ တပ်မတော်တို့အကြား တင်းမာမှုဟာ အတိမ်းအစောင်းမခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လမ်းကြောင်းလွှဲနေနိုင်သလို ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ခက်လိမ့်မယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေကြပါတယ်။
မေခ
 
သတင်းရင်းမြစ် - ဧရာဝတီ

Wednesday, May 14, 2014

အမှားမပြင် နောင်မကြဉ်သည့် မြန်မာလက်နက်ဘုရင်.................


စက်ရုံနေရာကို ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံ
 
သူ့ကို ဘယ်ဘက်ကကြည့်ကြည့် မကောင်းသူတစ်ဦးဟု သတ်မှတ် နိုင်သည်။ သူက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဖြစ်သည်။ သူ့မိခင်ကတော့ သူ့ကို ချစ်ခင်မည်မှာ သေချာသည်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဌာနက သူ့ကို ပိတ်ဆို့အရေးယူထားသည်။
ဘားရက်အိုဘားမားအစိုးရ အဖွဲ့က မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံပြီး မြန်မာနိုင်ငံကို အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ ပြောင်းလဲရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေသော်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံနေသော ဤပုဂ္ဂိုလ်ကိုမူ ခြွင်းချက်ထားလေ၏။
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က မြန်မာနိုင်ငံမှ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အစိုးရပိုင် စစ်လက်နက် စက်ရုံပေါင်းနှစ်ဒါဇင်ကျော်၊ နိုင်ငံခြားမှ လျှို့ဝှက်ဘဏ် စာရင်းများ၊ မြောက်ကိုရီးယား နှင့် ဒုံးကျည်အပါအဝင် အခြား ပစ္စည်းများ ကုန်သွယ်နေသည့် အစိုးရပိုင်လုပ်ငန်းဟု ဆိုသည်။ မြန်မာက အကယ်၍သာ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး လုပ် မည်ဆိုပါလျှင် ဤပုဂ္ဂိုလ်လိုလူမျိုး ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့ ရာတွင် ဤဖြစ်ရပ်နှင့် ပတ်သက် ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကတော့ အမေရိကန်က ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ပိတ်ဆို့အရေးယူနေသော်လည်း၊ မြန်မာ အစိုးရက မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု ကတိပြုထားသော်လည်း သူ၏ အင်ပါယာက ပို၍ပို၍ ကြီးမားလာနေသည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက လူဆိုးတစ်ဦး ဟုတ်၊ မဟုတ်ဆိုသည်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြောစကားနှင့် အတည်ယူလို့တော့ မရပါ။ ပေါက်မြို့အနီး လေးပင်နိုင်ရွာလေးတွင် နေထိုင်ကြသူများကို မေးကြည့်ကြပါ။ တစ်နေ့တွင် စစ်တပ်က ရောက်လာပြီး သူတို့၏လယ်များကိုသိမ်း၊ ရွာလှန်ပြီး စက်ရုံကြီးတစ်ခုကို တည်ပါသည်။ ယင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၏ နှစ်ဒါဇင်ကျော်သော စစ်လက်နက် စက်ရုံအင်ပါယာကြီးထဲမှ တစ်ခုဖြစ်သည်။
ယင်းအကြောင်းအရာအား လုံးကို ယူနတီဂျာနယ်တွင် ဖတ် ရှုနိုင်သည်။ ၎င်းသတင်းထောက် များက ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွာသားများကိုမေးမြန်း၊ စက်ရုံ အဆောက်အအုံများကို ဓာတ်ပုံ ရိုက်ယူခဲ့သည်။ စာဖတ်သူများ ယင်းအကြောင်းအရာများကို ဖတ်ရှုပြီးဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့ သော် ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက ယင်းသို့ စပ်စပ်စုစု စိစစ် ခြင်းကို နှစ်သက်ပုံမရပါ။ မြန်မာ အစိုးရက သတင်းထောက်လေး ဦးနှင့် ဂျာနယ်တိုက်ပိုင်ရှင်ကို အစိုးရလျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေနှင့် အလျင်အမြန်ဖမ်းဆီးလိုက်သည်။ ဂျာနယ်အားလုံးကိုလည်းသိမ်းဆည်းလိုက်သည်။ သတင်းသမားငါးဦးတို့  ထောင်တွင်းမှာ ရှိနေကြဆဲဖြစ်သည်။
အမေရိကန်အစိုးရက မြန် မာနိုင်ငံတွင် ပွင့်လင်းသော လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ် ပြောင်းလဲလာမည်ဟူသည့် မျှော် လင့်ချက်နှင့် မြန်မာနိုင်ငံကို ဆက် ဆံခဲ့သည်။
စစ်တပ်အုပ်ချုပ်ရေး လျှော့ ချရန်အတွက် ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ဆာ ဖြတ်ခြင်းကို လျှော့ပေါ့ရန်နှင့် အ တိုက်အခံများကို လွှတ်ပေးရန်တို့ ပါဝင်သလို မြန်မာဗိုလ်ချုပ်ကြီး များက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် လည်းဖြစ်သည်။ အိုဘားမားအစိုးရက မြောက်ကိုရီးယားနှင့် ဆက် ဆံရေးနှင့် တရားမ၀င်လက်နက် စီမံချက်များကို ဖြတ်တောက်မည် ဆိုပါက ကတိက၀တ်များကို လိုလိုလားလား လက်ခံချင်ကြသည်။ မြောက်ကိုရီးယားနှင့်  ဒုံးကျည် ရောင်းဝယ်ရေးဖြစ်စေ (သို့မ ဟုတ်) အနုမြူနည်းပညာကို မြန် မာက စိတ်ဝင်စားနေသည်ဆို သည့် အဖြေမသိသည့် မေးခွန်း များနှင့် ပတ်သက်၍ဖြစ်စေ၊မည် သို့သော အဏုမြူနှင့် လူများကိုအ စုလိုက်အပြုံလိုက် သေစေသော လက်နက်မပြန့်ပွားရေးဆိုင်ရာ ပြဿနာများကိုမဆို ဒီမိုကရေစီ ဖော်ဆောင်ခြင်းအားဖြင့် ဖြေရှင်း နိုင်မည်ဟု အမေရိကန်အရာရှိ များက ယုံကြည်ခဲ့ကြ၍ဖြစ်သည်။
ပေါက်မြို့အနီးတွင်ဖြစ်ပွား ခဲ့သည့် အဖြစ်အပျက်က အိမ်ဖြူ တော် မှားယွင်းနေကြောင်း ညွှန် ပြနေသည်။  ကာကွယ်ရေးစစ် လက်နက်စက်ရုံက ပြည်သူများ၏ လယ်မြေများကို သူတို့စက်ရုံအ တွက် သိမ်းယူနေသ၍ အစိုးရက စစ်စစ်ပေါက်ပေါက် လေ့လာစိစစ် မှုများကို ရှောင်လွှဲနိုင်ရေးအတွက် သတင်းထောက်များကို ဖမ်းဆီး နေသမျှ ကာလပတ်လုံး မြန်မာနိုင် ငံတွင် ပွင့်လင်းနေသည့် လူ့အဖွဲ့ အစည်းတစ်ခု အမြစ်မတွယ်နိုင် ပါ။
ပေါက်မြို့အနီးတွင် ဖြစ်ပွား သွားသော ဇာတ်လမ်းက  စိတ်ဝင် စားစရာကောင်းလှသည်။  ဖေ ဖော်ဝါရီလက ယူနတီက ပေါက် မြို့အနီးရှိသူများကို မေးမြန်းပြီး သတင်းဆောင်းပါးတစ်ပုဒ် ရေး သားခဲ့သည်။ သူတို့က ယင်းနေ ရာက ထူးခြားနေကြောင်း ပြောဆို သည်။ လုံခြုံရေးတင်းကျပ်စွာချ ထားသည်။ စစ်တပ်အထက်ပိုင်း ပုဂ္ဂိုလ်ကြီးများ လာရောက်ကြည့် ရှုကြသည်။ နိုင်ငံခြားသားများကို ခန့်ထားလုပ်ကိုင်သည်။ သူတို့၏ လယ်ယာမြေများကို သိမ်းဆည်း သွားခြင်းကြောင့် သူတို့မကျေမ နပ်ဖြစ်သည်ကတော့ မှန်ပါသည်။ ယူနတီသတင်းသမားများကို ဖမ်း ဆီးလိုက်ခြင်း၊ ယင်းဆောင်းပါးပါ ဂျာနယ်များကို သိမ်းဆည်းလိုက် ခြင်းတို့နှင့်  စပ်လျဉ်းပြီးဓာတ်ပုံ များနှင့်တကွ  ဖော်ပြထားသော ယင်းသတင်းဆောင်းပါးကို နိုင်ငံတကာက  စိတ်ဝင်စားလာကြသည်။ အစိုးရကလည်း ယင်းနေရာသည် ကာကွယ်ရေးလုပ်ငန်းနှင့်  ပတ်သက်သော နေရာအဖြစ်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင်မူအတိအကျ ဖော်ပြခြင်းမပြုဘဲ သာမန်စက်ရုံတစ်ခုအဖြစ် ဆိုပြန်သည်။
Foreign Policy က ၀ယ်ယူ ခဲ့သည့် ဂြိုဟ်တုပုံတစ်ပုံအရ ယင်းစက်ရုံကို ရှာဖွေပြီး လေ့လာနိုင်ခဲ့သည်။ အရွယ်အစားက အံသြဖွယ်ရာပင်ဖြစ်သည်။ သေချာ တာကတော့ သာမန်စက်ရုံတစ်ခု မဟုတ်ပါ။ (အဏုမြူလက်နက်မပြန့်ပွားရေးစင်တာက ယင်းဓာတ်ပုံကို အခြေပြုပြီး လေ့လာသုံးသပ်ချက်အပြည့်အစုံကို ထုတ်ပြန်ထားပါသည်။)
ဓာတ်ပုံက ရွာသားများပြော ပြသည့် အသေးစိတ်အချက်အ လက်များ မှန်ကန်နေကြောင်း ပြ ဆိုနေသည်။ အဓိက၀င်ပေါက်အ ပါအ၀င်  လုံခြုံရေးဆောင်ရွက် ချက်များက ကြောက်စရာလန့်စ ရာပင်ဖြစ်သည်။ VIP ပုဂ္ဂိုလ်များ ကို လက်ခံရန်အတွက် ရည်ရွယ် သော နေရာများတွင်သာ တွေ့ရ သည့် ရဟတ်ယာဉ်ရပ်ရန်နေရာ ကို တွေ့ရသည်။ မြန်မာအလုပ်  သမားများအတွက် နေထိုင်ရန် နေ အိမ်များအပြင် အခြားကာကွယ် ရေး စစ်လက်နက်စက်ရုံများတွင် တွေ့ရသည့် နိုင်ငံခြားသားများအ တွက် ဆောက်လုပ်ပြင်ဆင်ထား သည့် တန်းလျားပုံစံအဆောက်အ အုံများကိုလည်း ပုံတွင်တွေ့ရ သည်။ လေးပင်နိုင်ရွာကို  ယင်းစက်ရုံအနီးဝန်းကျင်နှင့် မကင်းလွတ်သည့်အတွက် ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများ ပြောကြားချက် အချို့ကိုတော့ အကဲဖြတ်နိုင်ခြင်း မရှိပါ။
သူတို့က ယင်းစက်ရုံမှ ဓာ တုလက်နက်များ ထုတ်လုပ်သည် ဟု ဆိုကြသည်။ ယူနတီကလည်း ယင်းစက်ရုံဝင်းအတွင်း ဒုံးကျည် တွေ့ရှိရသည်ဆိုသည့် ဒေသခံ ၀န်ထမ်းတစ်ဦး ပြောဆိုသည့်အ တိုင်း ပြန်လည်ဖော်ပြခဲ့သည်။ ဂြိုဟ်တုပုံကို ကြည့်ရုံနှင့် ဓာတု လက်နက်စက်ရုံဖြစ်ကြောင်း တပ် အပ်သေချာပြောရန် အလွန်ခက်ခဲ ပါသည်။ သို့သော် စက်ရုံဝင်းအရွယ်အစားနှင့် နေရာအနေအထား ကို ကြည့်ခြင်းအားဖြင့် တခြားနေ ရာများတွင် မြင်ရသကဲ့သို့ သာမန် စစ်လက်နက်ပစ္စည်းစက်ရုံ ဖြစ် ဟန်မတူပါ။ ယင်းဝင်းအတွင်း တွင် ကြီးမားလှသော ဂိုဒေါင်ကြီး ငါးခုရှိပြီး အကျယ်အ၀န်းမှာ စတု ရန်းမီတာ နှစ်သိန်းကျော် ရှိပါ သည်။
ဓာတုလက်နက် ထုတ်လုပ် သည်ဟူသော စွပ်စွဲချက်က မြန် မာသည် ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာတမ်း သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးရန် က တိပြုချက်အပေါ် ဆွေးနွေးပြော ဆိုရန် လုံလောက်နေပါသည်။ မြန်မာက ၁၉၉၃ခုနှစ်တွင် သ ဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခု ကျော်လာသည့်တိုင်အောင် အ တည်ပြုလုပ်ဆောင်ရန် နှောင့်နှေး နေဆဲဖြစ်ပါသည်။ မြန်မာက က တိက၀တ်များကို ဆက်လက်ပေး နေပါသည်။ ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက် CWC ၏ နည်းပညာဆိုင်ရာကိုယ်စားလှယ် အဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် လက်ခံဖိတ်ကြားပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလတွင် မြန်မာအ စိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသ ဘောတူညီချက်ကို လက်မှတ်ရေး ထိုးရန် ဆက်လက်ပြင်ဆင်နေပါ ကြောင်း ပြောဆိုခဲ့သည်။
ယခုစွပ်စွဲချက်များ ထွက်ပေါ်လာသည့် ဖေဖော်ဝါရီလတွင် သူကပင် ဆက်လက်၍ အဆိုပါ ကတိက၀တ်ကို ထပ်ပေးပြန်သည်။
CWC ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက်များကို လိုက်နာရန်အတွက် ကြေညာ ချက်များ၊ လိုအပ်သည့် ဥပဒေ ရေးရာ ပြင်ဆင်ချက်များကို ပြု လုပ်ရန် အချိန်ယူရသည်မှာ မှန်ပါ သည်။ သို့သော်မြန်မာက ယင်းသို့ ပြုလုပ်ရန် အချိန်ဆွဲနေပုံရသည်။ သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်ပြီဆိုလျှင် အစိုးရအ နေနှင့် CWC ဓာတုလက်နက်ဆိုင် ရာ သတ်မှတ်ချက်များအရ ၎င်း တို့၏ ပစ္စည်းများ၊ လုပ်ဆောင် ချက်များကို ရက် ၃၀ အတွင်း အားလုံးကို ထုတ်ပြန်ကြေညာရ မည်ဖြစ်သည်။ ယင်းထုတ်ပြန် ကြေညာချက်များအားလုံးကို စစ် ဆေးမည်ဖြစ်ပြီး ယင်းတို့ကို ပြန် လည် စိစစ်ရန် တောင်းဆိုချက် များကို လက်ခံရမည်ဖြစ်သည်။
ဒေသခံများက ယင်းနေရာ မှ နိုင်ငံခြားအလုပ်သမားများ သည် တရုတ်နိုင်ငံသားများဖြစ် ကြောင်း ပြောဆိုကြသည်။ ယင်း အချက်ကို ဂြိုဟ်တုဓာတ်ပုံဖြင့် အတည်မပြုနိုင်ပါ။ သို့ရာတွင် ယင်းနေရာသည် မင်းဘူးအနီးရှိ အခြားကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် အတော်တူညီနေသည်။ ယင်းစက်ရုံကို မြောက်ကိုရီးယားက ထောက်ပံ့ကူညီထားသည်ဟု အမေရိကန်က ယူဆထားပြီး အမျိုးအစားမသိရသည့် ဒုံးကျည်များကို ထုတ်လုပ်သည်ဟုဆို သည်။ အဆိုပါစက်ရုံဝင်းနှစ်ခုလုံး၏ အသွင်ပြင်လက္ခဏာများက ထပ်တူဖြစ်နေရာတွင် လုံခြုံရေးဂိတ်များနှင့် ရဟတ်ယာဉ်ဆင်းသည့်နေရာသာမက မြန်မာနိုင်ငံသား အလုပ်သမားများအတွက် မဟုတ်သည့် တန်းလျားများ၏ ပုံကလည်း တူညီနေပြန်သည်။
ဤအချက်က မြောက်ကိုရီး ယားနှင့် ကာကွယ်ရေးစက်မှုဌာန တို့အကြား ဆက်ဆံရေးတည်ရှိ နေကြောင်း အတည်ပြုပေးနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက မြန်မာစစ်တပ်ခေါင်းဆောင်နှင့်အတူ ၂၀၀၈ ခုနှစ်က ပြုံယမ်းကို သွားရောက်ခဲ့သည်။  သူ၏ ကိုရီးယားဘာသာစကားက ဘာသာပြန်ပေးနိုင်သည့် အဆင့်ရှိသည်ဟု ဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက နောက်ပိုင်းတွင် မြောက်ကိုရီးယားအရာရှိများနှင့် ဘေဂျင်းတွင် တွေ့ဆုံသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ကုန်သွယ်သည့် လျှို့ဝှက်ဘဏ်စာရင်းကိုလည်း စင်ကာပူတွင် သူက ဆက်လက်ဖွင့်လှစ်ထားရှိသည်ဟုဆိုသည်။ ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အဘယ်ကြောင့် သူ့ကို သီးခြားခွဲထုတ်ပြီး ပိတ်ဆို့အရေးယူထားသည်ဆိုသည်ကို နားလည်ရန်မခက်ခဲပါ။
အံ့သြစရာကောင်းသည့် အချက်ကမူ ကာကွယ်ရေးစစ်လက်နက်စက်ရုံဌာနက တိုးချဲ့လာနေခြင်းဖြစ်သည်။ ပေါက်မြို့အနီးက စက်ရုံဝင်းက အတော်ကြီးမားပြီး အသစ်စက်စက်ဖြစ်သည်။ ကပစက စက်ရုံသစ်အများအပြားကို ဆောက်လုပ်နေပြီး လက်ရှိ တည်ရှိနေသော စစ်လက်နက်စက်ရုံများကိုလည်း ပြန်လည်မွမ်းမံခြင်း၊ချဲ့ထွင်ခြင်းများပြုလုပ်နေသည်။ ပေါက်အနီးမှ စက်ရုံသည် ပင်လယ်အောက်ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်ထွက်သည့် ထိပ်ဖျားပိုင်းလေးမျှသာဖြစ်သည်။
ဤအဖြစ်သည် အိုဘားမား အစိုးရက မျှော်လင့်ထားသည့် မြောက်ကိုရီးယားနှင့် တရားမဝင် စီမံချက်များ ရပ်တန့်ပါမည်ဆို သည့် မြန်မာက သဘောတူညီ ထားချက် မဟုတ်ပါ။ ယင်းသို့ လျှော့ချရမည့်အစား ကပစက ပို ၍ပို၍ ကြီးမားလာ၊ ချမ်းသာလာ၊ အင်အားကြီးမားလာနေသည်။ စပ်စုသော သတင်းထောက်များ က လိုက်လံစုံစမ်းသတင်းရယူ ခြင်းများ၊ နေအိမ်ဆုံးရှုံးခဲ့ရသော လယ်သမားများကို မေးမြန်းခြင်း များ လုပ်လာသည့်အခါ ယင်းသို့ စပ်စုမှုများကို ရပ်တန့်ရန်အတွက် ဖိနှိပ်သည့် စနစ်ကြီးတစ်ခုလုံးက အသက်ဝင် လှုပ်ရှားလာတော့ သည်။ ဤလုပ်ရပ်သည် ဒီမိုက ရက်တစ် ပွင့်လင်းသည့် လူ့အဖွဲ့ အစည်းနှင့် ဆန့်ကျင်ဘက်ဖြစ် သည်။
အဏုမြူလက်နက် ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံတွင် အရပ်သားတစ် ပိုင်း အစိုးရ အသွင်ပြောင်းလဲရေး အတွက် အိုဘားမားအစိုးရက မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ပူးတွဲ လုပ်ဆောင်နေသည်မှာ မှန် ကောင်းမှန်ပေလိမ့်မည်။ သို့သော် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ သည့် အချက်ကတော့ နောက် ထပ်လှမ်းမည့် ခြေလှမ်းရပ်များနှင့် မြန်မာကို နိုင်ငံတကာ အဏုမြူလက်နက်မပြန့်ပွားရေး ဆုံးဖြတ်လုပ်ဆောင်မှုနှင့် အဆင့်များကို လိုက်နာဆောင်ရွက်ရေး လုပ်ဆောင်မှုမရှိလျှင် ယခုလုပ်ဆောင်နေသည့် လုပ်ငန်းများက ဆက်လက်တည်တံ့နိုင်စရာ အကြောင်းမရှိပါ။ ဒီမိုကရေစီကျသည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်သည် နာမည်ထုတ်ဖော်ပြောဖို့ လိုပါမည်ဆိုလျှင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလို လူမျိုးနှင့် ကပစကဲ့သို့သော အဖွဲ့အစည်းကို တာဝန်ခံမှု ရှိစေရမည်ဖြစ်ပေသည်။
 
Copy from - 7daydaily.com
(Foreign Policy Magazine ပါ Jeffrey Lewis နှင့် Catherine Dill တို့၏ Myanmar---
ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်)

Wednesday, April 16, 2014

အမေရိကန် စစ်တပ် ရဲ့ စက်ရုပ် Helicopter...........




အမေရိကန် စစ်တပ် က အနာဂတ် စစ်ပွဲတွေ နဲ့ စစ်တပ် ကိစ္စတွေ မှာ သယ်ယူပို့ဆောင်ရေး ပြုလုပ်ပေးနိုင်
တဲ့ စက်ရုပ် Helicopter ကို ပြသလိုက်ပါတယ်။ စက်ရုပ် Helicopter ကို တက်ဘလက် ကနေ ထိန်းချုပ်
မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ စနစ် ကို Autonomous Aerial Cargo/ Utility System (AACUS) လို့ခေါ်ပြီး လူလိုက်ပါ မောင်းနှင်စရာ
မလိုတဲ့ အတွက် အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူလိုက်ပါမောင်းနှင်တဲ့ Helicopter တွေပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်အား
လုံး ကို အဝေးထိန်း စနစ် ကနေ ပြုလုပ်နိုင်ဖို့ ဖြစ်တယ်လို့ Naval Research ရဲ့ Captain ဖြစ်သူ Robert
Palisin က AACUS စနစ် ကို သရုပ်ပြထားတဲ့ ဗီဒီယို မှာ ပြောပါတယ်။

Helicopter မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး မြေပြင်ကနေ စတင်ပျံသန်းတာ မြေပြင်
ပေါ်ကို ဆင်းသက်တာနဲ့ ကောင်းကင်မှာ ပျံသန်းမောင်းနှင်တာကို Laser Sensor များရဲ့ အကူအညီ နဲ့ ပြုလုပ်
နိုင်တာဖြစ်ပါတယ်။ အဆိုပါ စနစ် ကို မတူညီတဲ့ Helicopter အမျိုးအစားများစွာ မှာ အသုံးပြုနိုင်ပါတယ်။

အဆိုပါ စနစ် ကို အသုံးပြုရတာ လွယ်ကူပြီး သီးခြား လေ့ကျင့် သင်ကြားပေးစရာမလိုဘူးလို့ သိရပါတယ်။
AACUS စနစ် ကို အရင် အသုံးပြုဖူးခြင်းမရှိတဲ့ စစ်သားတွေတောင်မှ ၁၅ မိနစ် အတွင်းမှာ အသုံးပြုတတ်
သွားကြပါတယ်။

AACUS စနစ် ဟာ လူလိုက်ပါမောင်းနှင်စရာမလိုပေမယ့် လူမောင်းနှင်တဲ့ Helicopter ဟာ ရာသီဥတုဆိုး
ရွားတဲ့အခြေအနေ မှာ မြေပြင် သို့ ဆင်းသက်ရခက်နေရင် အကူအညီပေးနိုင်ပါတယ်။

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

Saturday, March 29, 2014

တပ်မတော်နေ့မှာ တပ်မတော်က ဘာလက်နက်တွေ ပြသသွား လဲ ?...................


Bookmark and Share [ ]


Myanmar Daily Star by Myanmar Daily Star Group



မင်္ဂလာပါခင်ဗျာ....။

အားလုံးနည်းတူ စစ်လက်နက် စိတ်ဝင်စားတဲ့ ကျွန်တော့် အတွက်တော့ ဒီကနေ့ဟာ ရင်ခုန်စရာ အ
ကောင်းဆုံးနှင့် ဂုဏ် အယူ ရဆုံးသော နေ့တစ်နေ့ပဲ ဖြစ်ပါတယ်...။

(၆၈)နှစ်မြောက် တပ်မတော်နေ့ ကနေစပြီး စစ်လက်နက်များ ပါဝင်ပြသ ခဲ့တာဟာ အခုဆိုရင် (၂) တိတိ ပြည့်မြောက်သွားပြီး ဖြစ်သလို မြန်မာ့ တပ်မတော်ရဲ့ လက်နက် စွမ်းရည် များ အကြောင်းကို
လည်း ထပ်မံ သိခွင့်တဲ့နေ့ လည်းဖြစ်ပါတယ်...။

တပ်မတော်နေ့ အောင်ဆန်း စစ်ကြောင်းနှင့် ပါဝင် ချီတက် ခဲ့ကြတဲ့ လက်နက် စနစ်များရဲ့ ပုံများကို
ဖော်ပြပေး ချင်ပါတယ်...။

ဒီကနေ့ ထုတ်ဖော်ပြသခဲ့တဲ့ လက်နက်စနစ်များကတော့--

  1. Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ
  2. EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ
  3. PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ
  4. SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ
  5. Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ
  6. D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ
  7. Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ
  8. ၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ
  9. TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ
  10. MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ ဘဲဖြစ်ပါတယ်...။

အထက်ပါ စာရင်း များရှိ လက်နက် စနစ်များကို အရင်ကလည်း ဖော်ပြ ဘူးပြီးမို့ ပုံများသာ အဓိက
တင်ပြပေးသွားပါ့မယ်...။

Type - 59M ပင်မ တိုက်ပွဲဝင် တင့်ကားများ

EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ




PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ




SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ




Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ




D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ




Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ




၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ




TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ




MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ


ဖော်ပြပါ လက်နက် စနစ်များ အကြောင်းကို အတော်များများလည်း သိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်...။ အကြမ်းအားဖြင့် လက်နက်စနစ် (၁၀)မျိုး ပြသခဲ့တာဖြစ်ပြီးတော့ အများစုဟာ ပြည်တွင်းထုတ် နည်းပညာ
များဖြစ်တာရယ်၊ အချို့လက်နက်စနစ်များကိုပင် ပြည်ပနိုင်ငံများမှ ဝယ်ယူအသုံးပြုနေပြီးဆိုတာ သိရတဲ့အ
တွက် ကျွှန်တော့်အတွက်တော့ အထူးဂုဏ်ယူဝမ်းသာမိသလို တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမို
ယုံကြည်စိတ်ချမှု အမှန်တကယ်ကိုဖြစ်စေခဲ့မိပါတယ်....။

စစ်သည်များရဲ့ ချေမှုန်းရေးရိုင်ဖယ်များနှင့် လေတပ်ပုံများလည်း အလျှင်းသင့်သလို စုစည်းတင်ပြပေးပါဦးမယ်...။

(ပုံအသုံးပြုခွင့်ပြုသည့် ညီ၊အစ်ကိုများအား အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။)

အားလုံးကိုလေးစားလျှက်- KoMM

by Myanmar Daily Star Group

From: http://mmmilitary.blogspot.com

ဒီဆိုဒ်ပေါ်မှာ တင်သမျှ ပိုစ့်တွေကို Facebook ကနေ ရယူ ချင်တယ် ဆိုရင် ဒီမှာ like ပေး ခဲ့ပါနော်။

မန်ဘာဝင် ခဲ့ခြင်းဖြင့် ပိုစ့် အသစ် တင်တိုင်း မိမိ Gmail ထဲကို တိုက်ရိုက် ရောက်ရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် မန်ဘာ ၀င်ခဲ့ဖို့ ဖိတ်ခေါ် ပါတယ်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တပ်မတော်နေ့မှာ တပ်မတော်က ဘာလက်နက်တွေ ပြသသွား လဲ ? http://www.simon-vlog.com/2014/03/blog-post_4434.html#ixzz2xHhM044n
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Wednesday, February 26, 2014

ဖားကန့်တွင် တွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံး ကျောက်စိမ်းတုံး မဟုတ်ဘဲ သာမန်ကျောက်တုံး ဖြစ်နေဟုဆို................



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန် ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့် မရောက်သေးဘဲ မောက်တုံး ဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

““ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”” ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။

ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် တွေ့ရှိသည့် ကျောက်တုံးကို ကျောက်စိမ်းတုံးအဖြစ် မှတ်ယူကြပြီး နိုင်ငံတော်အစိုးရက ထိန်းသိမ်းသွားရန်စီစဉ်ထားကာ ကျောက်တုံး စတင်တွေ့ရှိသည့်အချိန်မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော် နှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ တာဝန်ရှိသူများက လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ထားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့တွင် ကျောက်တုံးကြီးအား မြေမှဖော်ယူရန်နှင့် သယ်ယူရန် လုပ်ဆောင်စဉ် ကျောက်တုံးကြီးမှာ အက်ကြောင်းများမှတစ်ဆင့် အလိုအလျောက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီးနောက် ကျောက်စိမ်းမဟုတ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ယင်းကျောက်စိမ်းတုံးအား ထိန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““စနေနေ့က သယ်ဖို့စီစဉ်တဲ့အချိန် ပဲ့ကျသွားတာ။ ကျောက်တုံးကြီးက ကျောက်စိမ်းတုံးအဆင့်ထိ မရောက်သေးတဲ့ မောက်တုံးကြီးဖြစ်နေတယ်။ ကျောက်စိမ်းအဆင့်ထိ မရောက်သေးဘူး။ ကျောက်စိမ်းဆန်တဲ့ မောက်တုံးပေါ့။ ကွဲသွားတဲ့အချိန်မှာ ကျောက်စိမ်းနဲ့တူတဲ့ အပိုင်းအစတွေ၊ ရိုးရိုးကျောက်တုံးစတွေ၊ မြေမာစတွေပါတယ်”” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။      

ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း““ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တုံးကြီးကိုသယ်ဖို့ ကရိန်းနဲ့မတဲ့အချိန်မှာ ပဲ့ကျသွားတယ်။ ပဲ့ကျသွားတဲ့အခါမှာ ကျောက်သားတွေက ကျောက်စိမ်းလို့ ပြောလို့မရဘူး။ ကျောက်သားတွေမှာ ကျောက်စိမ်းလို့ခေါ်နိုင်တဲ့ အရည်အသွေးမရှိဘူး။ အရည်ကိုက ကျောက်စိမ်းလို့မခေါ်နိုင်ဘူး။ အခုတော့ တာဝန်ရှိသူတွေက ကျောက်စိမ်းဟုတ်၊ မဟုတ် အသေအချာမပြောသေးဘူး။ ညှိနှိုင်းနေကြတယ်။ ပဲ့ကျသွားတဲ့ကျောက်စိမ်းတုံးကို မြစ်ကြီးနားကိုသယ်ဖို့ စီစဉ်နေကြတယ်”” ဟု ပြောသည်။

ယင်းကျောက်တုံးကြီးမှာ လက်ရှိတွင် သက်တမ်းနုနေပြီး ကျောက်စိမ်းတုံးအဆင့်ထိ မဖြစ်သေးကြောင်း၊ မြေမာခဲများ၊ ကျောက်ခဲစများဖြင့် ကျောက်စိမ်းတုံးဖြစ်လာနိုင်သော်လည်း ကျောက်စိမ်းတုံးမဖြစ်မီ ကျောက်တုံးများကို ဖားကန့်ဒေသတွင် မကြာခဏတွေ့ရသည်ဟု ဆိုသည်။ ယခုတွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံးမှာလည်း ကျောက်စိမ်းမဖြစ်သေးမီ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသ ဝေခါကျောက်မျက်မှော်မှ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောကြားသည်။

““ကျောက်စိမ်းတုံးကြီးတွေ့တယ်ဆိုတဲ့သတင်းက တော်တော်ပျံ့နှံ့နေပြီ။ အဲဒါကြောင့် အခု ကွဲသွားပြီး ကျောက်စိမ်းတုံးမဟုတ်မှန်းသိရတော့ အပိုင်းအစတွေသယ်ဖို့ လုပ်နေကြတယ်။ ဒီနေ့သယ်ပြီး လူကြီးတွေလာရင် ပြဖို့ လုပ်နေကြတယ်””ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်စိမ်းမဟုတ်သော်လည်း အပိုင်းအစများသယ်ယူရန် စီစဉ်နေ၍ ကျောက်စိမ်းတုံးတွေ့ရှိသည့်နေရာအနီးတွင် ခြံခတ်ထားပြီး လုံခြုံရေးများ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်မှော်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများအား တားဆီးခြင်း၊ ဖမ်းဆီးကာ မိုးကောင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ တပ်မအပြောင်းအလဲနှင့် ပြည်ထဲရေးဒုဝန်ကြီးလာရောက်ခဲ့မှုကြောင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးလျော့သွားကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

““အခု ငါးရက်လောက်ရှိပြီ။ တစ်နိုင်သမားတွေ၊ ရေမဆေးသမားတွေ မဖမ်းဘူး။ တစ်နိုင်တစ်ပိုင်သမားတွေ၊ တော်တော်လေး လုပ်သာကိုင်သာ ရှိနေတယ်”” ဟု ဖားကန့်ဒေသ ဆိုင်းတောင်ရွာမှ တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသကို ယခင် တပ်မ ၁၀၁ က နယ်မြေစိုးမိုးရေးတာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ တပ်မ ၆၆ က ပြောင်းလဲတာဝန်ယူသွားကြောင်း၊ ထိုသို့ တပ်မပြောင်းသလို တပ်မမှူး အပြောင်းအလဲကြောင့် ဖားကန့်ဒေသ တစ်နိုင်တစ်ပိုင်သမားများကို လတ်တလော ဖမ်းဆီးမှုမရှိဘဲ အေးချမ်းနေကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

Author: မောင်တာ
7day Daily
လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သယ်ယူရန် စစ်ဆေးစဉ် ပဲ့ထွက်သွားသော ကျောက်အပိုင်း အစများ ကို ကြည့်ကာ ကျောက်စိမ်း မဟုတ်ဟု ပြောနေပြန်သော ကျောက်တုံးကြီးကို တွေ့ရစဉ် ဓာတ်ပုံ - 7Day

Tuesday, February 11, 2014

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောတိုက်ပွဲတွင် KIA အရာရှိ ၂ ဦးကျ ..............

Tuesday, February 11, 2014


Kachin-army-in-frontline
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာမှ KIA စစ်တပ်ဖွဲ့များ။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်းအစိုးရတပ်သည် ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ ဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၂ သို့ လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ကာ KIA ဒုဗိုလ် မရန်အုန်ဆော်တန် (Lat du Maran Ungsau Tang)နှင့် အရာခံဗိုလ်မရစ်လဖရီး (Du tau Marip La Hpri) တို့ ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ရွှေဂူနယ်မြေခံ အစိုးရစစ်ကြောင်းသည် ကောင်ရွန်ရွာ (Gawngrun) တွင်တပ်စွဲထားသော အစိုးရတပ်အား စစ်ကူအဖြစ်အင်အား တိုးချဲ့လာချိန် ကောင်ရွန်ရွာနှင့် ၆ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုချိန် ၎င်းလှုပ်ရှားစစ်ကြောင်းသည် ဂျေခမ်းစခန်းကြီးသို့ တပ်ချနေကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အစိုးရဖက်မှ ကျဆုံးမှုကိုမူ မသိရသေးပါ။ ယခုချိန် တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသ KIA နယ်မြေများတွင် အစိုးရတပ်များ လှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်တပ်မှ တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် လားရှိုးဘက်မှ အစိုးရတပ်များသည် ဖေဖ၀ါရီလ ၈-၉ ရက်အတွင်း အင်အားများတိုးချဲ့လာနေဆဲဖြစ်ပြီး နမ်ဆန်ဘက်မှလည်း ဟူခင်မန်ဂျက်၊ ထတ်ဂျက်နှင့် ပန်ဆွေ၊ နမ်လန်း KIA နေရာ ၃ ခုတွင် စစ်အင်အား ၁၀၀ ကျော်စီ အသီးသီးတိုးချဲ့ထားကြောင်း သိရှိရသည်။

ထိုသို့ လှုပ်ရှားမှုများကြောင့် ယမန်နေ့ မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် အစိုးရတပ်နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ၂ နေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ယခုချိန် အစိုးရတပ်များသည် KIA တပ်ရင်း ၃၄ ဒေသတွင် စစ်အင်အား ၁၀၀၀ ကျော်လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေ၊ တိုက်ပွဲဖြစ်ပွားနေသော KIA တပ်ရင်း ၁၂ သို့ စစ်အင်အားများဆက်လက် တိုးချဲ့လာနိုင်ကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

Tuesday, February 4, 2014

ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း ယူဆရသည့် ဓာတ်ပုံတွေ့ရှိ...........


အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ဟစ်တလာသည် ဘရာဇီးနိုင်ငံ မာကိုဂရိုဆို ပြည်နယ်ရှိ မြို့ငယ်လေး၌ အခြေချ မနေထိုင်ခင် အာဂျင်တီးနားမှ တစ်ဆင့် ပါရာဂွေးသို့ ထွက်ပြေးခဲ့ကြောင်း ၄င်းစာအုပ်ထဲ၌ ရေးသားထားသည်။

၎င်းသည် အဆိုပါ မြို့ငယ်လေး၌ နေထိုင်စဉ် Adolf Leipzig ဟူသော အမည်ကို အသုံးပြုခဲ့ဖွယ်ရှိပြီး ဂျာမန် အဖိုးအို တစ်ဦးအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ဓာတ်ပုံသည်မသေဆုံးခင် နှစ်နှစ်အလို ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး နံဘေးတွင်ရပ်နေသူမှာ ၄င်း၏ ချစ်သူလူမည်း အမျိုးသမီး ကတ်တင်ဂါ ဖြစ်သည်။

ဟစ်တလာသည် မိတ်ဆွေများ ပေးသည့် မြေပုံကို အသုံးပြု၍ မြှုပ်နှံထားသော ရတနာများအား ရှာဖွေရန် ယင်းဒေသ၌ လာရောက် နေထိုင်ခြင်း ဖြစ်ကာ ဘဝမှန်အား ဖုံးကွယ်ထားနိုင်ရန် ချစ်သူ ကတ်တင်ဂါအား အသုံးချခြင်းဖြစ်ကြောင်း စာရေးဆရာ ဆိုင်မွန်နီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၄၅ ခုနှစ် ဧပြီ ၃ဝ ရက်တွင် ဘာလင်ကတုတ်ကျင်း၌ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ကို လက်မခံဘဲ Leipzig (ဟစ်တလာဟု ယူဆရသူ)နှင့် အသက်ရှင်လျက်ရှိသော ဟစ်တလာ၏ မျိုးနွယ်များ၏ DNA ကို စစ်ဆေးသင့်ကြောင်း ဆိုသည်။

TW
Ref: EXPRESS

Popular Myanmar News Journal

Wednesday, January 8, 2014

ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြော..............................

ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ(၁)လက်၊ ရိက္ခာကား (၁) စီး KIA,မှ သိမ်းဆည်း

 
ကချင်ပြည်နယ် တောင်ပိုင်းတွင် မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာတွင် ယမန်နေ့ ၆ ရက် တနင်္လာနေ့ ညနေတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိက္ခာကား ၁ စင်း၊ ကျည်ဆံ ၁၀၀၀ ကျော်၊ ဘဇူကာ ၁ လက်၊ MA သေနတ် ၂ လက်နှင့် ဒုတပ်ကြပ် ခင်ဇော်ဦး၊ တပ်သား အောင်ကျော်မှူးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

တပ်ရင်းမှူး ကျော်သူရ ဦးဆောင်သော ခလရ ၅၆ စစ်အင်အား ၁၀၀ ကျော်သည့် စစ်ကြောင်း မုန်းခေါင်စခန်းမှ မုန်းဒိန်ပါရွာသို့ တိုးချဲ့လာစဉ် KIA တပ်ရင်း ၁၂ ၏ မိုင်းမိပေါက်ကွဲပြီး စတင်ပစ်ခတ်လာရာမှ တနာရီခွဲကြာအောင် တိုက်ပွဲ ဖြစ်ခဲ့သည်။

အစိုးရတပ်မှ ကျဆုံးမှုများလာပြီး အစိုးရတပ်သည် “တပ်လဲလှယ်ရန်လာသော တပ်ဖွဲ့ဖြစ်ကြောင်း လမ်းမှားပြီး ဝင်လာခြင်းဖြစ်ကြောင်း၊ KIA တပ်ရင်း ၁၂ အား ပစ်ခတ်ရန်ဝင်လာခြင်းမဟုတ်ကြောင်း” အနူးညွှတ် တောင်းပန်ခဲ့ကြောင်းသိရသည်။

ထိုသို့ အစိုးရတပ်မှ တောင်းပန်ခြင်းကြောင့် ညနေ ၅ နာရီခွဲချိန် ခလရ ၅၆ တပ်ရင်းမှူး ကျော်သူရထံ စစ်သုံးပန်း ၂ ဦးနှင့် သေနတ် ၃ လက်ကို ပြန်လည်အပ်နှံခဲ့ကြောင်း KIA တပ်ရင်း ၁၂ ဗိုလ်မှူး လဘန်ဂျွန်အောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် တပ်ရင်း ၁၂ ရွာများတွင် တပ်စွဲထားသော အစိုးရတပ်သည် ဒီဇင်ဘာ ၂၈ ရက် ညက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သဘောတူညီချက်များ အကောင်အထည်ဖော်သည့် အနေဖြင့် တပ်ဆုတ်သွားသော်လည်း ဇန်န၀ါရီ ၃ ရက်နေ့တွင် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

မုန်းဒိန်ပါရွာရှိ အစိုးရစစ်ကြောင်းသည် ၂ ရက် ၃ ရက်အကြာတွင် ပြန်လည်ဆုတ်ခွာမည်ဟု KIA တပ်ရင်း ၁၂ အား ပြောခဲ့သော်လည်း ယခုချိန်ထိ ဆုတ်ခွာခြင်းမရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်ကြောင်း KIA တပ်ရင်း ၁၂ မှ ပြောသည်။

တိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရဖက်မှ တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

Tuesday, December 31, 2013

ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား .................................









သမိုင်းတစ်လျှောက် ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သားLyudmila Pavlichenko လို့
အမည်ရတဲ့ ဆိုဗီယက် ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်
သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါ
တယ်။

ပထမ ၂ လခွဲကာလ အတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်
စခန်း တစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါ
က ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့်
ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ်သတ်နိုင်တာက လေးရာ
ကျော်ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင်မှတ်တမ်း
ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာ
သာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်
မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူ
နာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုး
သမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွားခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါ
တယ်။ တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့
သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။

နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦး
ကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။ စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊
ဂုဏ်ပြု ဆုများရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွား
ရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်
လွန်ခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်
ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါ
တယ်။

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား http://www.simon-vlog.com/2013/12/blog-post_3511.html#ixzz2ozCWHX48
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Saturday, December 28, 2013

နယ်စပ်တွင် မြန်မာတပ် လူပ်ရှားမူ အာသံရိုင်ဖယ် စီစစ်မည်............................

Friday, December 27, 2013

နိရဉ္စရာ

မိုးရေးမြို့နှင့် ကပ်ရပ် တည်ရှိသော မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားများ အကြီးအကျယ် ဖြည့်တင်းနေသည်ဆိုသော သတင်းဟုတ် မဟုတ်ကို စစ်ဆေးရန် အာသံရိုင်ဖယ်အား ညွှန်ကြားထားသည်ဟု The Economic Time တွင် ယနေ့ သတင်း ဖေါ်ပြသည်။

အင်ဖါးမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မူနီပူရ် Manipur ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က တောင်ပိုင်း အာသံရိုင်ဖယ် အကြီးအကဲမှ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရသို့ များမကြာမှီ စာပေးပို့မည် ဖြစ်ပြီး ယင်းစာအား ဗဟို အစိုးရသို့လည်း မိတ္တူ ပေးပို့မည်ဟု ပြောဆိုသည်။

မြန်မာ စစ်တပ် အာဏာပိုင်များသည် မိုးရေးမြို့ အနီးရှိ နယ်စပ်တွင် အိန္ဒိယဘက်မှ Integrated Check Post – ICP- (စစ်ဆေးရေးဂိတ်) တည်ဆောက်နေသည့် နေရာမှာ မြန်မာပိုင် နယ်မြေဖြစ်ကြောင်း ပြောဆိုထားပြီး ကန့်ကွက်ထားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆောက်လုပ်နေသော နေရာသည် မိုးရေးမြိုနှင့် မြန်မာ နယ်စပ်အကြားတွင် တည်ရှိပြီး မြန်မာဘက်ကမှ အိန္ဒိယသို့ အဓိက သွင်းကုန်များကို စစ်ဆေးသော ဂိတ်ဖြစ်သည်ဟု ဆိုသည်။

ယခု မြန်မာ စစ်တပ် အာဏာပိုင်များက ICP စစ်ဆေးရေးဂိတ် တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်းမှာ မြန်မာဘက်က တည်ဆောက်နေသော ခြံစည်းရိုးကို မူနီပူရ် အစိုးရနှင့် အိန္ဒိယ ဗဟိုအစိုးရ အာဏာပိုင်များက ကန့်ကွက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာဘက်က ခြံစည်းရိုးကာရံရာတွင် မူနီပူရ် ပြည်နယ်ထဲမှ မြေအစိတ်အပိုင်း အချို့ပါဝင်သည်ဟု ဆိုကာ အိန္ဒိဘက်က ကန့်ကွက်ထားကြောင်း သိရသည်။

အိန္ဒိယ ဗဟို အစိုးရသည် ခြံစည်းရိုးကာရံမူ အငြင်းပွားနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် တွေ့ဆုံ ဖြေရှင်းရန် အကြိမ်ကြိမ် ချဉ်းကပ် ကြိုးစားနေသည်ဟု ဆိုသည်။

နောက်ထပ် သတင်း တပုဒ်တွင် ယခု ICP စစ်ဆေးရေး ဂိတ် တည်ဆောက်နေသော နေရာမှာ အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် BP (Border piller) – ၇၇ နဲ့ ၈၇ ကြားတွင် ဖြစ်ပြီး နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ် သတ်မှတ်မှု မရှိသေးသဖြင့် ယခုကဲ့သို့ ဆောက်လုပ်နေမူကို မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်ထားသော်လည်း အိန္ဒိယက ဆက်လက် တည်ဆောက်နေသည်ဟု ဖေါ်ပြသည်။

ယခုကဲ့သော အငြင်းပွားရာနေရာတွင် အိန္ဒိယဘက်က ICP အတွက် အဆောက်အဦး ဆောက်လုပ်ရန် ဆောင်ရွက်နေသဖြင့် ထောင်ချီရှီသော တမူးမြို့ခံများနှင့် အရပ်ဘက် လူမူ အဖွဲ့အစည်းများမှ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ထိ ယနေ့နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

Friday, December 27, 2013

ဗိုလ်ချုပ် စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက် ကုသ..................................










ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်
ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာ
ရောဂါ ဆေး ကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြော
ကြားသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်း
သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါ
ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့်
အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။

ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သော
ကြောင့် ပြည်တွင်းရှိ ဆေးရုံသို့ တက်ရောက် ကုသခြင်း ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စော
ဆန်းအောင်က ဆိုသည်။

“ကင်ဆာအကျိတ် ဖြစ်နေတာ ကြာပါပြီ။ အခုမှ ပြည်ပသွားကုဖို့ လုပ်တာပါ။ ဂျပန်နဲ့ စင်ကာပူ တစ်ခုခုကို
သွားကုမှာပါ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် စောလားပွယ်မှာ ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်၍ DKBA ကို
ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။

DKBA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား
သော်လည်း အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ထားရှိမှုကို လက်မခံကြောင်း ငြင်းဆိုထားသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗိုလ်ချုပ် စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက် ကုသ http://www.simon-vlog.com/2013/12/blog-post_8939.html#ixzz2obrwpjzw
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Wednesday, December 25, 2013

ကမ္ဘာကျော် အေကေ – ၄၇ ကို တီထွင်ထုတ်လုပ်ခဲ့သူ ကွယ်လွန် ....................................


Tuesday, December 24, 2013

ရုရှား မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြစ်တဲ့ အေကေ -၄၇ ကို ဒီဇိုင်းထုတ်ခဲ့သူ မီးခေလ် ကလက်ခ်ျနီကော့လ် (Mikhail Kalashnikov) အသက် ၉၄ နှစ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။

ဆားဘီးယားနိုင်ငံ တောင်ပိုင်းမှာ ဆလပ်လူမျိုး လယ်သမား မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကလက်ခ်ျနီကော့လ်ဟာ အတန်းပညာ မတတ်ခဲ့ရှာပါဘူး။

ဒုတိယကမ္ဘာစစ်မှာ စစ်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အသက် ၂၀ ကျော်အရွယ်မှာ နာမည်ကျော်  အေကေ -၄၇ ကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။

အေကေ – ၄၇ က အက္ခရာ A ဟာ ရုရှားစကားနဲ့ “avtomat” အော်တိုမတ်တစ်လို့ ခေါ်ပြီး အက္ခရာ K ကတော့ ကလက်ခ်ျနီကော့လ်ရဲ့ နာမည် K ကိုယူထားပါတယ်။ 47 ဂဏန်းကတော့ ဒီဇိုင်းထုတ်ခဲ့တဲ့ခုနှစ် ၁၉၄၇ ကို ရည်ညွှန်းပါတယ်။

အေကေ – ၄၇ သေနတ်ဟာ သဲထဲ၊ ရေထဲနဲ့ မိုးထဲ အခြေအနေအမျိုးမျိုးမှာ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် တိုက်ခိုက်ရေးသမားမျိုးစုံရဲ့ လက်စွဲ ဖြစ်သွားပါတယ်။

ဈေးသက်သာပြီး ရိုးရှင်းတဲ့ ရိုင်ဖယ်သေနတ် ဖြစ်တာကြောင့်လည်း အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကအစ ဆိုမာလီအကြမ်းဖက်သမားတွေနဲ့ လိုင်ဘေးရီးယား ကလေးစစ်သားတွေအဆုံး ကိုင်ဆောင်ခဲ့ကြလို့ တီထွင်ခဲ့သူကိုယ်တိုင် ၀မ်းနည်း ကြေကွဲရတယ်လို့ ၂၀၀၈ ခုနှစ် လက်နက်ကွန်ဖရင့်တခုမှာ ပြောဖူးပါတယ်။

တကယ်တော့ဟာ ရုရှားနိုင်ငံကို ကာကွယ်ဖို့ အေကေ – ၄၇ ကို တီထွင်ခဲ့တာလို့ ပြောပါတယ်။

၂၀၀၉ ခုနှစ် ကလက်ခ်ျနီကော့လ်ရဲ့ အသက် ၉၀ ပြည့်မွေးနေ့မှာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒဗ် (Dmitry Medvedev) က သူ့ကို ရုရှားနိုင်ငံရဲ့ အမြင့်ဆုံးသူရဲကောင်း ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့် ကလက်ခ်ျနီကော့လ်ဟာ သူ့တီထွင်မှုအတွက် တခြားလူတွေလို အကျိုးမခံစားခဲ့ရပါဘူး။

၁၉၉၀ ပြည့်နှစ်တွေအတွင်း အမ် – ၁၆ ကို ဒီဇိုင်းထုတ်ခဲ့တဲ့ အမေရိကန်လူမျိုး ယူဂျင်းစတွန်းနား (Eugene Stoner) နဲ့ တွေ့တဲ့အခါ  ကလက်ခ်ျနီကော့လ်က သူ့ရဲ့ အမေရိကန်သူငယ်ချင်းက ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားနေတဲ့အချိန်မှာ သူကတော့ သူ နေထိုင်တဲ့ တောမြို့ကနေ မိုင် ၆၀၀ လောက်ဝေးတဲ့ မော်စကိုမြို့ကို သွားဖို့ လေယာဉ်လက်မှတ်တောင် မ၀ယ်နိုင်ပါဘူးလို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

လောလောဆယ် ရုရှား မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြစ်တဲ့ အေကေ -၄၇ ကို နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ တရားဝင် အသုံးပြုနေပါတယ်။

By ဒီဗွီဘီ

Thit Htoo Lwin - World News