This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 31, 2013

မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ ....................................................

ညိမ်းပြည့်စုံ


ပြဿနာများကြောင့် ယာယီရပ်ဆိုင်းထားသည့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ ပို့ဆောင်ရန် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အလုပ်သမားကတ် များလည်း လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ပြဿနာတွေ ဖြစ်နေလို့ အလုပ်သမားပို့ခွင့်ကို ယာယီ ရပ်ခိုင်းလိုက်ပေမယ့် အေဂျင်စီတွေက အခက်အခဲတွေနဲ့ ကြုံရတယ်။ သွားချင်နေတဲ့ လုပ်သားတွေကလည်း ကြန့်ကြာနေရတယ်။ အခုတော့ မလေးရှားမှာ အခြေအနေတွေ ငြိမ်နေပြီဆိုတော့ အလုပ်သမား ပို့လွှတ်ဖို့ကို ခွင့်ပြုလိုက်တာ” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဧရာဝတီသို့ ပြောသည်။

မလေးရှားသို့ မြန်မာလုပ်သားများ ပို့လွှတ်ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သော်လည်း လုပ်သားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် အချက် ၉ ချက် ပါရှိ ခံဝန်ကတိ သဘောတူ စာချုပ်ချုပ်ဆိုရမည် ဖြစ်ကြောင်း၊ သဘောတူ လက်မှတ်ထိုးပြီး မှသာ လုပ်သားစေလွှတ်ခွင့် ရှိမည် ဖြစ်ကြောင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၂ စောင်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားပို့ရန် သဘောတူစာချုပ်တွင် အလုပ်ခေါ်စာ၊ စက်ရုံ၏ လိပ်စာတို့ မှန်ကန်မှု ရှိခြင်း၊ လုပ်သားများ အတွက် အန္တရာယ်ကင်း၍ အေးချမ်းသော နေရာဖြစ်ခြင်း၊ လစာနှင့် ခံစားခွင့် မှန်ကန်မှုရှိခြင်း၊ မြန်မာ လုပ်သားများသည် မလေးရှားနိုင်ငံ၏ ဥပဒေများအတိုင်း ခံစားခွင့်ရှိခြင်း၊ တစုံတရာကြောင့် ထိခိုက်၊ သေဆုံးခဲ့ ပါက နစ်နာကြေး၊ လျော်ကြေးရရန် ဆောင်ရွက်ပေးခြင်း၊ လုပ်သား အလုပ်သက်တမ်း ကုန်ပါက လေယာဉ်လက်မှတ်ကို အေဂျင်စီက စီစဉ်ပေးခြင်း၊ လုပ်သားများ ပြဿနာပေါ်လာလျှင် အေဂျင်စီက တာဝန်ယူ အကုန်အကျခံကာ ဖြေရှင်းပေးခြင်း စသည်တို့ ပါရှိသည်။

မလေးရှားသို့ မြန်မာ လုပ်သားများ ပို့လွှတ်ခွင့်ကို ဇွန်လ ၁၃ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ထိုပြဿနာ များကြောင့် ၁ လကျော် အတွင်း မြန်မာလုပ်သား ၃ ထောင်ကျော် ပြည်တွင်းသို့ ပြန်လာခဲ့ကြောင်း၊ ယခု ထိုပြဿနာများ ငြိမ်သက်သွားပြီ ဖြစ်သည့်အတွက် ဇူလိုင် ၃၀ ရက်နေ့မှ စ၍ လုပ်သားများ စေလွှတ်ရန် ပြန်လည် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီအချက်တွေကလည်း အခုမှ ရေးတဲ့ အသစ်တွေ မဟုတ်ဘူး။ ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ရကတည်းက လိုက်နာရမယ့် အချက်တွေမှာ ပါတဲ့ ဟာတွေပဲ” ဟု ဒေါ်ခင်နွေဦးက ဆိုသည်။

နေပြည်တော်ရှိ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတွင် သဘောတူ လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက လိုင်စင် သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်သားပြန်လွှတ်ဖို့ ခွင့်ပြုလိုက်မှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ ဒီကနေ လုပ်သားစေလွှတ်ဖို့ ရပ်ထား လိုက်ရတဲ့ အတွက် ဟိုဘက်က အလုပ်ခေါ်စာတွေ ရတယ်။ ဒါပေမယ့် ဒီဘက်က မပို့နိုင်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဟိုဘက်ကုမ္ပဏီကို လျော်ကြေးတွေ ပေးရတယ်” ဟု Royal Four Sea ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ရန်ကုန်မြို့ လပြည့်ဝန်းပလာဇာ ခြောက်လွှာ၌ မီးလောင်မှု ဖြစ်ပွား

AddThis Social Bookmark Button
Y-31-7
မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း လပြည့်ဝန်းပလာဇာ ခြောက်လွှာတွင် ဇူလိုင် ၃၀ ရက် နေ့လယ် ၁၂ နာရီ ၇ မိနစ်ခန့်က ပေါ့ဆမီးကြောင့်ဖြစ်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ အဆောက်အအုံ ခြောက်ထပ်ရှိ လူမနေသော စတိုခန်းတွင် ထားရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပိုက်များမှတစ်ဆင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
"၀ါယာရှော့ခ်လို့တော့ ပြောတယ်။ တစ်ယောက်ယောက်က ရှို့တာတော့ မဟုတ်ပါဘူး" ဟု ယင်းအဆောက်အအုံမှ လုံခြုံရေးတစ်ဦးဖြစ်သူ ဦးညိုမောင်က ပြောကြားသည်။
ထို့ပြင် ၎င်းကပင် "ကျွန်တော်က အောက်မှာရောက်နေတာပါ။ မီးလောင်တယ်ဆိုတာကြားတော့ အပေါ်တက်လာတယ်။ ပြီးတော့ လူတွေကို အောက်ကိုဆင်းဖို့ ပြောတယ်။ မီးလောင်တဲ့ဖြစ်စဉ် အကုန်ကိုတော့ ကျွန်တော်တို့ရဲ့ incharge ကတော့ မြင်လိုက်တယ်" ဟု ဦးညိုမောင်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် မီးသတ်ယာဉ် ၁၁ စီး၊ အထောက်အကူပြုယာဉ် ငါးစီး၊ အုပ်ချုပ်မှုယာဉ် ငါးစီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ မီးလောင်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်" ဟု ဒဂုံမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းမှ (ပ) ၁၇၃/၂၀၁၃၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် လပြည့်ဝန်း ပလာဇာအနီးတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်လမ်းကြောများလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

အရပ်သားအ၀တ် ၀တ်ပြီး ကျမတို့ကိုလာခေါ်တယ် ... ဈေးညှိုတယ် ... တည်းခိုခန်းရောက်တော့ လိင်ဆက်ဆံပြီး ဖမ်းတယ်

အရပ်သားအ၀တ် ၀တ်ပြီး ကျမတို့ကိုလာခေါ်တယ် ... ဈေးညှိုတယ် ... တည်းခိုခန်းရောက်တော့ လိင်ဆက်ဆံပြီး ဖမ်းတယ် ။
http://4.bp.blogspot.com/_WaQQlei7uow/TBDtY25qpgI/AAAAAAAAAfw/IoXg6t_yTHI/s400/10610NPin20.jpg
၃ (ခ) ပုဒ်မ တပ်တယ် .... ပြီးတော့ ပြောသေးတယ် လိင်ဆက်ဆံပြီးဖမ်းတယ် ဆိုတာ လူသက်သေရအောင်လို့ပါ ဆိုပြီးတော့ ...

တကယ်တမ်း လက်တွေ့မှာ ဥပဒေဆိုတာ ကျမတို့အတွက် နှိပ်ကွက်ခံ တစ်ခုဖြစ်နေတယ် ...

ကျမတို့လည်း လူထဲက လူပါ .. အခွင့်အရေးဆိုတာကို တန်းတူရချင်တယ် ။

(Sex Workers In Myanmar) ကိုဒီနေ့ အင်တာဗျူးလာတဲ့ထဲက ကုဒ်လေးတစ်ခုပါ ။

Credit : အဘ ဇိုးအောင်ရင်