This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 8, 2014

ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြော..............................

ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ(၁)လက်၊ ရိက္ခာကား (၁) စီး KIA,မှ သိမ်းဆည်း

ကချင်ပြည်နယ် တောင်ပိုင်းတွင် မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာတွင် ယမန်နေ့ ၆ ရက် တနင်္လာနေ့ ညနေတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိက္ခာကား ၁ စင်း၊ ကျည်ဆံ ၁၀၀၀ ကျော်၊ ဘဇူကာ ၁ လက်၊ MA သေနတ် ၂ လက်နှင့် ဒုတပ်ကြပ် ခင်ဇော်ဦး၊ တပ်သား အောင်ကျော်မှူးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

တပ်ရင်းမှူး ကျော်သူရ ဦးဆောင်သော ခလရ ၅၆ စစ်အင်အား ၁၀၀ ကျော်သည့် စစ်ကြောင်း မုန်းခေါင်စခန်းမှ မုန်းဒိန်ပါရွာသို့ တိုးချဲ့လာစဉ် KIA တပ်ရင်း ၁၂ ၏ မိုင်းမိပေါက်ကွဲပြီး စတင်ပစ်ခတ်လာရာမှ တနာရီခွဲကြာအောင် တိုက်ပွဲ ဖြစ်ခဲ့သည်။

အစိုးရတပ်မှ ကျဆုံးမှုများလာပြီး အစိုးရတပ်သည် “တပ်လဲလှယ်ရန်လာသော တပ်ဖွဲ့ဖြစ်ကြောင်း လမ်းမှားပြီး ဝင်လာခြင်းဖြစ်ကြောင်း၊ KIA တပ်ရင်း ၁၂ အား ပစ်ခတ်ရန်ဝင်လာခြင်းမဟုတ်ကြောင်း” အနူးညွှတ် တောင်းပန်ခဲ့ကြောင်းသိရသည်။

ထိုသို့ အစိုးရတပ်မှ တောင်းပန်ခြင်းကြောင့် ညနေ ၅ နာရီခွဲချိန် ခလရ ၅၆ တပ်ရင်းမှူး ကျော်သူရထံ စစ်သုံးပန်း ၂ ဦးနှင့် သေနတ် ၃ လက်ကို ပြန်လည်အပ်နှံခဲ့ကြောင်း KIA တပ်ရင်း ၁၂ ဗိုလ်မှူး လဘန်ဂျွန်အောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် တပ်ရင်း ၁၂ ရွာများတွင် တပ်စွဲထားသော အစိုးရတပ်သည် ဒီဇင်ဘာ ၂၈ ရက် ညက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သဘောတူညီချက်များ အကောင်အထည်ဖော်သည့် အနေဖြင့် တပ်ဆုတ်သွားသော်လည်း ဇန်န၀ါရီ ၃ ရက်နေ့တွင် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

မုန်းဒိန်ပါရွာရှိ အစိုးရစစ်ကြောင်းသည် ၂ ရက် ၃ ရက်အကြာတွင် ပြန်လည်ဆုတ်ခွာမည်ဟု KIA တပ်ရင်း ၁၂ အား ပြောခဲ့သော်လည်း ယခုချိန်ထိ ဆုတ်ခွာခြင်းမရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်ကြောင်း KIA တပ်ရင်း ၁၂ မှ ပြောသည်။

တိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရဖက်မှ တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

့ Turbo ပါတဲ့ကားက ဆီပိုစားရတဲ့ အကြောင်းကို လက်လှမ်းမှီသ လောက် ရေးသားဖော်ပြလိုက်ပါတယ်................

ko kyaw swar linn မေးတဲ့ Turbo and Intercooler အလုပ်လုပ်ပုံ နဲ့ Turbo ပါတဲ့ကားက
ဆီပိုစားရတဲ့ အကြောင်းကို လက်လှမ်းမှီသ
လောက် ရေးသားဖော်ပြလိုက်ပါတယ် ~~~
Turbo charger ဆိုတာတော့ လွယ်လွယ် ပြော
ရရင် NA အတိုင်း အင်ဂျင်ထဲဝင်တဲ့ လေကို များများဝင်လာနိုင်အောင် လေကို Propeller ဆို
တဲ့ ဒလက်နဲ့ လေကိုအင်ဂျင်ထဲထဲ့ပေးတဲ့ သ
ဘောပါပဲ ။
ဒါကို ပြန်ရှင်းရမယ်ဆိုရင်တော့ Turbine ကို အင်
ဂျင် outlet manifold မှာတပ်ထားပြီး အင်ဂျင်က
ထွက်လာတဲ့ မီးခိုးကို အသုံးပြုပြီး Turbine ရဲ့တ
ဖက်မှာရှိတဲ့ propeller ကိုလည်ပတ်စေပါတယ်
ဒီ propeller လည်ပတ်မှု့ကြောင့် ဝင်ရိုးနဲ့ဆက်
ထားတဲ့ တစ်ခြားဘက်မှာ ရှိတဲ့ compressor propeller ပန်ကာ
ဒလက် ကလိုက်လည်ပြီး လေကို pipe line ကတ
ဆင့် Intercooler ဆီကိုပို့ပေးပါတယ် ဘာကြောင့်
လဲဆိုရင် အင်ဂျင်ကထွက်လာတဲ့ မီးခိုးဟာ အပူချိန်
အရမ်းမြင့်နေပြီး Turbine ထဲက propeller ဟာလဲ အပူချိန်မြင့်တက်နေလို့ ဝင်ရိုးနဲ့ဆက်ထား
တဲ့ တဖက် compressor ထဲက propeller မှာလဲ
အပူကူးစက်ပြီး လေမှာလိုက်ပြီးပူနေလို့ပါ
လေဟာပူလာရင် လေထဲမှာ အောက်ဆီဂျင်
ပါဝင်မူ့လျော့ကျလာလို့ မီးလောင်ပေါက်ကွဲမူ့
အားနဲစေပါတယ် ဒါကြောင့်
Intercooler မှာဖြတ်ပြီး လေကိုအအေးခံပြီးမှ
throttle body ကနေ Intake manifold မှ
တဆင့် cylinder ထဲကိုဝင်ရောက်စေပါတယ် ကြားဖြတ်ပြောရရင် Intercooler ရဲ့လုပ်ဆောင်
ချက်ကတော့ လေကို အအေးခံပေးခြင်းဖြစ်ပါတယ်
Intercooler ရဲ့ ဖွဲ့စည်းပုံကတော့ ကားရေတိုင်ကီ
နဲ့ဆင်တူပါတယ် Intercooler ထဲကလိုင်းလေး
တွေထဲကို လေကဖြတ်သန်းသွားတဲ့အချိန်မှာ ကား
သွားတဲ့ အရှိန်ကြောင့် ရှေ့ ကတိုးဝင်လာတဲ့ လေနဲ့
အထဲမှာရှိတဲ့ လေတွေကို အအေးခံတဲ့ သဘောပါ
ပဲ တချို့ ကြတော့ fanပါတာလဲရှိပါတယ် Intercooler ရဲ့ လုပ်ဆောင်ချက်ကတော့ ဒီလောက်ပါပဲ Turbo charger စပေါ်စကကား
တွေမှာဆိုရင် Intercooler မပါသေးတဲ့ကားတွေ
တွေ့ခဲ့ဘူးပါတယ် ။
ဒီအထိ Turbo and Intercooler ရဲ့ လုပ်
ဆောင်ချက် အခြေခံပါ ။
Turbo charger ပါတဲ့ကားက ဆီပိုစားသလား
ဆိုတဲ့မေးခွန်းမှာ
အရင်ဆုံး အင်ဂျင်လည်ပတ်ပုံအခြေခံသဘော
ကိုပြန်ကြည့်ရအောင် ဓာတ်ဆီအင်ဂျင်မှာဆိုရင်
အင်ဂျင်လည်ပတ်ဖို့ cylinder ထဲမှာ မီးလောင်
ပေါက်ကွဲရာမှာ လိုအပ်တာတွေက
၁။ လောင်စာ ( ဓာတ်ဆီ )
၂။ အောက်စီဂျင်ပါဝင်တဲ့လေ
၃။ မီး ( Spark plug မှ ) ဒီသုံးမျိုးမှာ လိုအပ်သ
လိုအသုံးပြုနိုင်တာက လောင်စာနဲ့ မီး ပဲဒီနှစ်မျိုးကို
တော့ ECU ကနေ လိုအပ်သလောက် Adjust လုပ်
ပေးလို့ရပေမဲ့ " လေ " ကိုတော့ လိုအပ်သ
Adjust လုပ်ပေးလို့မရနိုင်လို့ ပြင်ပက support
လုပ်ပေးတဲ့ Turbo charger . super charger
စတဲ့ ကရိယာတွေကိုသုံးရတာပါပဲ
အင်ဂျင် CC ကြီးတဲ့ကားတွေဟာ အင်ဂျင်CC
သေးတဲ့ကားတွေထက် ဆီပိုစားတယ် အားပို
ကောင်းတယ် ဆီပိုစားတယ်ဆိုတာဟာ Cylinder
ထဲမှာမီးများများလောင်နိုင်လို့ပါပဲ ဒီအတွက် လေ
စုတ်ယူအားလဲပိုကောင်းပါတယ် ဒီမှာ တချက်
ကြားဖြတ်ပြီးပြောမယ်ဆိုရင် အပြင်မှာ မီးဖိုဘူး
ကြမှာပါ အမိုက်တွေမီးရှို့ ဘူးကြမှာပါ မီးရို့တဲ့အခါ မှာ လောင်စာဖြစ်တဲ့ သစ်ကိုင်းဖြစ်စေ စာရွက်ဖြစ်
စေ အသုံးပြုကြတယ်ဆိုရင် ပထမမီးလောင်ဖို့အ
တွက် မီးချစ်နဲ့ မီးတို့ပေးရတယ် နောက်မီးကောင်း
ကောင်းတောက်ဖို့အတွက် လေတိုက်မှ မီးတောက်
ကောင်းတယ် လေမလာရင် ယပ်တောင် မီးပြောင်း
စတာနဲ့လေကိုဖန်တီးပေးရတာ သိကြမှာပါ လေမတိုက်ပဲ တခုခုနဲ့ support လုပ်ပြီးလေ
ကိုဖန်တီးပေးတာဟာ Turbo or super charger
ရဲ့သဘောပါပဲ ဟုတ်ပြီ မီးတောက်နေတဲ့ အချိန်မှာ
လေအရမ်းကြမ်းကြမ်းတိုက်လိုက်ရင် မီးတောက်က
ညိမ်းသွားတာတွေ့ဘူးမှာပါ ဒါမှမဟုတ် မီးတောက်
ပေါ်ကို လောင်စာဖြစ်တဲ့ သစ်ကိုင်းတွေအများကြီး
အပေါ်ကနေဖိတင်လိုက်မယ်ဆိုရင်လဲ မီးတောက်
ဟာညိမ်းသွားပါတယ် ဒါကြောင့် လေ ရယ် လောင်စာရယ် မီးရယ်ဟာ အချိုးကြနေမှ အရှိန်
ဟုန်ကောင်းတဲ့ မီးတောက်ကိုရပြီး လောင်စာကိုအ
ကြွင်းကျန်မရှိအောင် တောက်လောင်နိုင်မှာပါ
ဒါကိုအခြေခံပြီး အပေါ်က Turbo ပါတဲ့ကားက
ဆီပိုစားလားဆိုတာကို ပြန်ရှင်းမယ်ဆိုရင် ဥပမာ
2000 cc အင်ဂျင်ကို ကြည့်မယ်ဆိုရင် turbo မပါတဲ့ ကား လေစုတ်အားပမာဏ ၅၀ ဆိုရင် Turbo ပါတဲ့ကားက လေစုတ်အား ၁၀၀ လောက်ရှိပါတယ် ဒါဆိုလေကပိုများလာမယ်ဆို
ရင်သေချာပေါက် ဆီလဲပို ကြွေးမှ အချိုးညီမှာမ
ဟုတ်လား ဒီတော့ အခြေခံ အရကြည့်မယ်ဆိုရင်
ဆီပိုစားပါတယ် ဒါပေမဲ့ ကားမောင်းတဲ့ style ပေါ်မှာမူတည်ပြီး တချို့ နေရာတွေမှာ Turbo မပါတဲ့ ကားထက်ပိုပြီး ဆီစားသက်သာတာရှိပါ
တယ် Turbo ပါတဲ့ကားဟာ လီဗာ ကို နင်းလိုက်
လွတ်လိုက်မလုပ်ပဲ ပုံမှန်နင်းမယ် ဆိုရင် highway
လမ်းပေါ်မှာ Turbo မပါတဲ့ CC တူကားထက် kilo အတူတူမှာ ဆီစားပိုသက်သာနိုင်ပါတယ်
နောက်တခုက Turbo ပါတဲ့ကားနဲ့ မပါတဲ့ကားမှာ
ဆီစားတာတစ်ခုလောက်ကိုပဲ မကြည့်သင့်ဘူးလို့
ပြောချင်ပါတယ် CC အတူတူမှာ Turbo ပါတဲ့ကား
ဟာ no turbo ကားထက် hp and torque ကနှစ်
ဆလောက်ပိုမြင့်ပြီး high way လမ်းပေါ်မှာ နှစ်စီး
တွေ့ကြရင်လဲ No Turbo ကားကဆီကုန်ချင်ကုန်ပါ
စေဘယ်လောက်ပဲ full throttle ပဲနင်းနင်း Turbo ကားရဲ့မီးခိုးနံ့ တောင်ရူဖို့မလွယ်ပါဘူး ဘက်မှန်
အစက်အပြောက်လောက်ပဲ ကျန်ခဲ့မှာပါ့  ပြောချင်တာကတော့ ကိုယ် speed မြင့်ချင်ရင်မြင့်
ချင်သလောက် မောင်းလို့ရတာလောက်နဲ့ပဲ ကျေ နပ်လောက်ပါတယ် နောက်ပြီးတော့ အစထဲက
Turbo ကားကိုဝယ်စီးမှတော့ ဆီစားတာကိုလဲ ထဲ့
တော့တွက်သင့်တာပေါ့ ဆီစားသက်သာချင်ရင်
တော့ hybrid လို family ကားမျိုးဝယ်စီးမှာပေါ့
2000 CC ကားက 3000CC ကားရဲ့ Power လောက်မက မြင့်တက်လာတာကို 2000CCကား
ရဲ့ ဆီစားနှုန်းနဲ့ ယုဉ်လို့တော့ ဘယ်ရမလဲ

ကဲ အဆုံးသတ်ရရင်တော့ Turbo ပါတဲ့ကားဟာ
2000CC ကနေ 3000CC လောက်ဖြစ်လာတာဆို
တော့ ဆီစားတယ်လို့ မခေါ်နိုင်ပါဘူးခင်ဗျာ ~~

တော့  ဆီစားတယ်လို့  မခေါ်နိုင်ပါဘူးခင်ဗျာ ~~https://www.facebook.com/groups/276559985787541/permalink/468266729950198/