This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 14, 2014

ဆန္ဒပြလယ်သမားများကို ရဲက အင်အားသုံး ရိုက်နှက် ....................

နော်နိုရင်း

ပဲခူးတိုင်း သဲကုန်းမြို့မှာ ဆန္ဒပြကြတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ရိုက်နှက်ခဲ့တဲ့အတွက် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ပဲခူးတိုင်း သဲကုန်းမြို့ အောင်ကုန်းကျေးရွာက လယ်သိမ်းခံ လယ်သမားတွေဟာ သဲကုန်းမြို့ပေါ် ဆန္ဒပြပြီး အပြန်မှာ ရိုက်နှက်ခံရတာလို့ တရားလွတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

သဲကုန်းမြို့ အောင်ကုန်းရွာက လယ်သမားတွေဟာ အသိမ်းခံရတဲ့ မြေတွေပြန်ရရှိရေး ဖေဖော်ဝါရီလက သဲကုန်းမြို့မှာ သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့မှာ သူတိုရဲ့ သပိတ်စခန်းဖြိုးခွင်းခဲ့ခြင်း ၃ လပြည်အနေနဲ့ ဆန္ဒပြကြသလို သူတိုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးပေါက်စကို မေလ ၆ ရက်နေ့က အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အတွက် ပြန်လွှတ်ပေးဖို့ သဲကုန်းမြို့မှာ စီတန်းလှည့်လည် တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီလိုဆန္ဒပြအပြီး အောင်ကုန်းရွာကို အပြန်လမ်းမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က စောင့်ပြီး ရိုက်နှက်တာလို့ ဦးပေါက်စရဲ့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

“သဲကုန်းမြို့ကအထွက် အောင်ကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ တပ်ရွာဆိုတဲ့ ရွာနားရောက်ရော ရဲ ၃၀က လယ်သမားတချို့ကို ၀င်ရိုက်တယ်။ ရိုက်တော့ ကောင်းထက်ကျော်ဆိုတဲ့ လယ်သမားအရေးဆောင်ရွက်တဲ့ လူငယ်က တော်တော်လေး ပြင်းပြင်းထန်ထန် အရိုက်ခံရတယ်။ အရိုက်ခံရပြီး ရဲတွေက အဲဒီကောင်လေးကို လက်ထိတ်ခတ်ပြီး ဘုန်းကြီးကျောင်းမှာ ထည့်ပြီးဖမ်းလိုက်တယ်။ ဒါ့အပြင် ဒေါ်ညိုဆိုတဲ့ လယ်သူမလည်း အရိုက်ခံပြီးတော့ သူ့ကိုရဲကားပေါ်တင်ပြီး ပေါင်းတည်ကိုပို့တယ်။ ထောင်ကိုပို့လား ဘယ်ကိုပို့လဲတော့ မသိ့ဘူး။ နောက်တခါ ကိုဝင်းဆိုတဲ့ လယ်သမားကိုလည်း ဖမ်းသွားတယ်။”


ဒါ့အပြင် ဒီရိုက်နှက်မှုဟာ ဆန္ဒပြပွဲကို သတင်းလိုက်ပါယူတဲ့ သတင်းထောက်တွေ ပြန်သွားတဲ့အချိန်မှာ ဖြစ်တယ်လို့လည်း ဦးမြင့်အေးက ပြောပါတယ်။

ဒီဖမ်းဆီးရိုက်နှက်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ သဲကုန်းရဲစခန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာတော့ အရိုက်ခံရတဲ့ လယ်သမားအရေးလှုပ်ရှားသူ ကိုကောင်းထက်ကျော်ကို တပ်ရွာက ဘုန်းကြီးရဲ့တောင်းဆိုမှုကြောင့် လွှတ်ပေးလိုက်ပြီး ဒေါ်ညိုနဲ့ ကိုဝင်းကိုတော့ ဖမ်းဆီးသွားတယ်လို့ ဦးမြင့်အေးက ပြောပါတယ်။

အောင်ကုန်းရွာက လယ်သမားတွေရဲ့ လယ်မြေတွေ ဧက ၁၁၀၀ ကျော်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက စစ်တပ်က သိမ်းထားတယ်လို့ သိရပါတယ်။

ဒီနောက်မှာတော့ လယ်ယာ လက်ကား သမဝါယမ အသင်း အမှတ်(၃) လီမိတက်က လွှဲပြောင်း ရယူခဲ့ကြောင်း လယ်သမားတွေက ပြောပါတယ်။

ဒီလယ်သိမ်းခံရမှုနဲ့ပတ်သက်ပြီး လယ်ယာမြေ ပြန်ရရှိရေး အာဏာပိုင်တွေဆီ အကြိမ်ကြိမ် စာတင်တောင်းဆိုခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် သပိတ်စခန်းဖြိုခွင်းခံရပြီးနောက် လယ်သမားတွေဟာ အောင်ကုန်းရွာကို ပြောင်းပြီး သပိတ်စခန်းဖွင့်ခဲ့တာ အခုချိန်ထိဖြစ်တယ်လို့ ပြောပါတယ်။

Facebook 11.0.0.0.4 (For Android)................




Facebook update version အသစ်ထွက်လို့ တင်ပေးလိုက်ပြန်ပါပြီခဗျာ …
UnOfficial version ပါ ….
အမတစ်ယောက်တောင်းထားလို့တင်ပေးလိုက်တာပါ
Download Herehttp://download738.mediafire.com/h0ofh2dv2xmg/d5muw4auepcd5q4/Facebook+v11.0.0.0.4.apk.....Download Here

 Admin....ရေနီသားဖြိုးလေး
Gmail.....yenihackerlay@gmail.com
 phone number....09428175198

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

အမှားမပြင် နောင်မကြဉ်သည့် မြန်မာလက်နက်ဘုရင်.................


စက်ရုံနေရာကို ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံ
 
သူ့ကို ဘယ်ဘက်ကကြည့်ကြည့် မကောင်းသူတစ်ဦးဟု သတ်မှတ် နိုင်သည်။ သူက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဖြစ်သည်။ သူ့မိခင်ကတော့ သူ့ကို ချစ်ခင်မည်မှာ သေချာသည်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဌာနက သူ့ကို ပိတ်ဆို့အရေးယူထားသည်။
ဘားရက်အိုဘားမားအစိုးရ အဖွဲ့က မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံပြီး မြန်မာနိုင်ငံကို အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ ပြောင်းလဲရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေသော်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံနေသော ဤပုဂ္ဂိုလ်ကိုမူ ခြွင်းချက်ထားလေ၏။
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က မြန်မာနိုင်ငံမှ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အစိုးရပိုင် စစ်လက်နက် စက်ရုံပေါင်းနှစ်ဒါဇင်ကျော်၊ နိုင်ငံခြားမှ လျှို့ဝှက်ဘဏ် စာရင်းများ၊ မြောက်ကိုရီးယား နှင့် ဒုံးကျည်အပါအဝင် အခြား ပစ္စည်းများ ကုန်သွယ်နေသည့် အစိုးရပိုင်လုပ်ငန်းဟု ဆိုသည်။ မြန်မာက အကယ်၍သာ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး လုပ် မည်ဆိုပါလျှင် ဤပုဂ္ဂိုလ်လိုလူမျိုး ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့ ရာတွင် ဤဖြစ်ရပ်နှင့် ပတ်သက် ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကတော့ အမေရိကန်က ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ပိတ်ဆို့အရေးယူနေသော်လည်း၊ မြန်မာ အစိုးရက မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု ကတိပြုထားသော်လည်း သူ၏ အင်ပါယာက ပို၍ပို၍ ကြီးမားလာနေသည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက လူဆိုးတစ်ဦး ဟုတ်၊ မဟုတ်ဆိုသည်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြောစကားနှင့် အတည်ယူလို့တော့ မရပါ။ ပေါက်မြို့အနီး လေးပင်နိုင်ရွာလေးတွင် နေထိုင်ကြသူများကို မေးကြည့်ကြပါ။ တစ်နေ့တွင် စစ်တပ်က ရောက်လာပြီး သူတို့၏လယ်များကိုသိမ်း၊ ရွာလှန်ပြီး စက်ရုံကြီးတစ်ခုကို တည်ပါသည်။ ယင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၏ နှစ်ဒါဇင်ကျော်သော စစ်လက်နက် စက်ရုံအင်ပါယာကြီးထဲမှ တစ်ခုဖြစ်သည်။
ယင်းအကြောင်းအရာအား လုံးကို ယူနတီဂျာနယ်တွင် ဖတ် ရှုနိုင်သည်။ ၎င်းသတင်းထောက် များက ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွာသားများကိုမေးမြန်း၊ စက်ရုံ အဆောက်အအုံများကို ဓာတ်ပုံ ရိုက်ယူခဲ့သည်။ စာဖတ်သူများ ယင်းအကြောင်းအရာများကို ဖတ်ရှုပြီးဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့ သော် ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက ယင်းသို့ စပ်စပ်စုစု စိစစ် ခြင်းကို နှစ်သက်ပုံမရပါ။ မြန်မာ အစိုးရက သတင်းထောက်လေး ဦးနှင့် ဂျာနယ်တိုက်ပိုင်ရှင်ကို အစိုးရလျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေနှင့် အလျင်အမြန်ဖမ်းဆီးလိုက်သည်။ ဂျာနယ်အားလုံးကိုလည်းသိမ်းဆည်းလိုက်သည်။ သတင်းသမားငါးဦးတို့  ထောင်တွင်းမှာ ရှိနေကြဆဲဖြစ်သည်။
အမေရိကန်အစိုးရက မြန် မာနိုင်ငံတွင် ပွင့်လင်းသော လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ် ပြောင်းလဲလာမည်ဟူသည့် မျှော် လင့်ချက်နှင့် မြန်မာနိုင်ငံကို ဆက် ဆံခဲ့သည်။
စစ်တပ်အုပ်ချုပ်ရေး လျှော့ ချရန်အတွက် ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ဆာ ဖြတ်ခြင်းကို လျှော့ပေါ့ရန်နှင့် အ တိုက်အခံများကို လွှတ်ပေးရန်တို့ ပါဝင်သလို မြန်မာဗိုလ်ချုပ်ကြီး များက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် လည်းဖြစ်သည်။ အိုဘားမားအစိုးရက မြောက်ကိုရီးယားနှင့် ဆက် ဆံရေးနှင့် တရားမ၀င်လက်နက် စီမံချက်များကို ဖြတ်တောက်မည် ဆိုပါက ကတိက၀တ်များကို လိုလိုလားလား လက်ခံချင်ကြသည်။ မြောက်ကိုရီးယားနှင့်  ဒုံးကျည် ရောင်းဝယ်ရေးဖြစ်စေ (သို့မ ဟုတ်) အနုမြူနည်းပညာကို မြန် မာက စိတ်ဝင်စားနေသည်ဆို သည့် အဖြေမသိသည့် မေးခွန်း များနှင့် ပတ်သက်၍ဖြစ်စေ၊မည် သို့သော အဏုမြူနှင့် လူများကိုအ စုလိုက်အပြုံလိုက် သေစေသော လက်နက်မပြန့်ပွားရေးဆိုင်ရာ ပြဿနာများကိုမဆို ဒီမိုကရေစီ ဖော်ဆောင်ခြင်းအားဖြင့် ဖြေရှင်း နိုင်မည်ဟု အမေရိကန်အရာရှိ များက ယုံကြည်ခဲ့ကြ၍ဖြစ်သည်။
ပေါက်မြို့အနီးတွင်ဖြစ်ပွား ခဲ့သည့် အဖြစ်အပျက်က အိမ်ဖြူ တော် မှားယွင်းနေကြောင်း ညွှန် ပြနေသည်။  ကာကွယ်ရေးစစ် လက်နက်စက်ရုံက ပြည်သူများ၏ လယ်မြေများကို သူတို့စက်ရုံအ တွက် သိမ်းယူနေသ၍ အစိုးရက စစ်စစ်ပေါက်ပေါက် လေ့လာစိစစ် မှုများကို ရှောင်လွှဲနိုင်ရေးအတွက် သတင်းထောက်များကို ဖမ်းဆီး နေသမျှ ကာလပတ်လုံး မြန်မာနိုင် ငံတွင် ပွင့်လင်းနေသည့် လူ့အဖွဲ့ အစည်းတစ်ခု အမြစ်မတွယ်နိုင် ပါ။
ပေါက်မြို့အနီးတွင် ဖြစ်ပွား သွားသော ဇာတ်လမ်းက  စိတ်ဝင် စားစရာကောင်းလှသည်။  ဖေ ဖော်ဝါရီလက ယူနတီက ပေါက် မြို့အနီးရှိသူများကို မေးမြန်းပြီး သတင်းဆောင်းပါးတစ်ပုဒ် ရေး သားခဲ့သည်။ သူတို့က ယင်းနေ ရာက ထူးခြားနေကြောင်း ပြောဆို သည်။ လုံခြုံရေးတင်းကျပ်စွာချ ထားသည်။ စစ်တပ်အထက်ပိုင်း ပုဂ္ဂိုလ်ကြီးများ လာရောက်ကြည့် ရှုကြသည်။ နိုင်ငံခြားသားများကို ခန့်ထားလုပ်ကိုင်သည်။ သူတို့၏ လယ်ယာမြေများကို သိမ်းဆည်း သွားခြင်းကြောင့် သူတို့မကျေမ နပ်ဖြစ်သည်ကတော့ မှန်ပါသည်။ ယူနတီသတင်းသမားများကို ဖမ်း ဆီးလိုက်ခြင်း၊ ယင်းဆောင်းပါးပါ ဂျာနယ်များကို သိမ်းဆည်းလိုက် ခြင်းတို့နှင့်  စပ်လျဉ်းပြီးဓာတ်ပုံ များနှင့်တကွ  ဖော်ပြထားသော ယင်းသတင်းဆောင်းပါးကို နိုင်ငံတကာက  စိတ်ဝင်စားလာကြသည်။ အစိုးရကလည်း ယင်းနေရာသည် ကာကွယ်ရေးလုပ်ငန်းနှင့်  ပတ်သက်သော နေရာအဖြစ်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင်မူအတိအကျ ဖော်ပြခြင်းမပြုဘဲ သာမန်စက်ရုံတစ်ခုအဖြစ် ဆိုပြန်သည်။
Foreign Policy က ၀ယ်ယူ ခဲ့သည့် ဂြိုဟ်တုပုံတစ်ပုံအရ ယင်းစက်ရုံကို ရှာဖွေပြီး လေ့လာနိုင်ခဲ့သည်။ အရွယ်အစားက အံသြဖွယ်ရာပင်ဖြစ်သည်။ သေချာ တာကတော့ သာမန်စက်ရုံတစ်ခု မဟုတ်ပါ။ (အဏုမြူလက်နက်မပြန့်ပွားရေးစင်တာက ယင်းဓာတ်ပုံကို အခြေပြုပြီး လေ့လာသုံးသပ်ချက်အပြည့်အစုံကို ထုတ်ပြန်ထားပါသည်။)
ဓာတ်ပုံက ရွာသားများပြော ပြသည့် အသေးစိတ်အချက်အ လက်များ မှန်ကန်နေကြောင်း ပြ ဆိုနေသည်။ အဓိက၀င်ပေါက်အ ပါအ၀င်  လုံခြုံရေးဆောင်ရွက် ချက်များက ကြောက်စရာလန့်စ ရာပင်ဖြစ်သည်။ VIP ပုဂ္ဂိုလ်များ ကို လက်ခံရန်အတွက် ရည်ရွယ် သော နေရာများတွင်သာ တွေ့ရ သည့် ရဟတ်ယာဉ်ရပ်ရန်နေရာ ကို တွေ့ရသည်။ မြန်မာအလုပ်  သမားများအတွက် နေထိုင်ရန် နေ အိမ်များအပြင် အခြားကာကွယ် ရေး စစ်လက်နက်စက်ရုံများတွင် တွေ့ရသည့် နိုင်ငံခြားသားများအ တွက် ဆောက်လုပ်ပြင်ဆင်ထား သည့် တန်းလျားပုံစံအဆောက်အ အုံများကိုလည်း ပုံတွင်တွေ့ရ သည်။ လေးပင်နိုင်ရွာကို  ယင်းစက်ရုံအနီးဝန်းကျင်နှင့် မကင်းလွတ်သည့်အတွက် ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများ ပြောကြားချက် အချို့ကိုတော့ အကဲဖြတ်နိုင်ခြင်း မရှိပါ။
သူတို့က ယင်းစက်ရုံမှ ဓာ တုလက်နက်များ ထုတ်လုပ်သည် ဟု ဆိုကြသည်။ ယူနတီကလည်း ယင်းစက်ရုံဝင်းအတွင်း ဒုံးကျည် တွေ့ရှိရသည်ဆိုသည့် ဒေသခံ ၀န်ထမ်းတစ်ဦး ပြောဆိုသည့်အ တိုင်း ပြန်လည်ဖော်ပြခဲ့သည်။ ဂြိုဟ်တုပုံကို ကြည့်ရုံနှင့် ဓာတု လက်နက်စက်ရုံဖြစ်ကြောင်း တပ် အပ်သေချာပြောရန် အလွန်ခက်ခဲ ပါသည်။ သို့သော် စက်ရုံဝင်းအရွယ်အစားနှင့် နေရာအနေအထား ကို ကြည့်ခြင်းအားဖြင့် တခြားနေ ရာများတွင် မြင်ရသကဲ့သို့ သာမန် စစ်လက်နက်ပစ္စည်းစက်ရုံ ဖြစ် ဟန်မတူပါ။ ယင်းဝင်းအတွင်း တွင် ကြီးမားလှသော ဂိုဒေါင်ကြီး ငါးခုရှိပြီး အကျယ်အ၀န်းမှာ စတု ရန်းမီတာ နှစ်သိန်းကျော် ရှိပါ သည်။
ဓာတုလက်နက် ထုတ်လုပ် သည်ဟူသော စွပ်စွဲချက်က မြန် မာသည် ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာတမ်း သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးရန် က တိပြုချက်အပေါ် ဆွေးနွေးပြော ဆိုရန် လုံလောက်နေပါသည်။ မြန်မာက ၁၉၉၃ခုနှစ်တွင် သ ဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခု ကျော်လာသည့်တိုင်အောင် အ တည်ပြုလုပ်ဆောင်ရန် နှောင့်နှေး နေဆဲဖြစ်ပါသည်။ မြန်မာက က တိက၀တ်များကို ဆက်လက်ပေး နေပါသည်။ ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက် CWC ၏ နည်းပညာဆိုင်ရာကိုယ်စားလှယ် အဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် လက်ခံဖိတ်ကြားပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလတွင် မြန်မာအ စိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသ ဘောတူညီချက်ကို လက်မှတ်ရေး ထိုးရန် ဆက်လက်ပြင်ဆင်နေပါ ကြောင်း ပြောဆိုခဲ့သည်။
ယခုစွပ်စွဲချက်များ ထွက်ပေါ်လာသည့် ဖေဖော်ဝါရီလတွင် သူကပင် ဆက်လက်၍ အဆိုပါ ကတိက၀တ်ကို ထပ်ပေးပြန်သည်။
CWC ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက်များကို လိုက်နာရန်အတွက် ကြေညာ ချက်များ၊ လိုအပ်သည့် ဥပဒေ ရေးရာ ပြင်ဆင်ချက်များကို ပြု လုပ်ရန် အချိန်ယူရသည်မှာ မှန်ပါ သည်။ သို့သော်မြန်မာက ယင်းသို့ ပြုလုပ်ရန် အချိန်ဆွဲနေပုံရသည်။ သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်ပြီဆိုလျှင် အစိုးရအ နေနှင့် CWC ဓာတုလက်နက်ဆိုင် ရာ သတ်မှတ်ချက်များအရ ၎င်း တို့၏ ပစ္စည်းများ၊ လုပ်ဆောင် ချက်များကို ရက် ၃၀ အတွင်း အားလုံးကို ထုတ်ပြန်ကြေညာရ မည်ဖြစ်သည်။ ယင်းထုတ်ပြန် ကြေညာချက်များအားလုံးကို စစ် ဆေးမည်ဖြစ်ပြီး ယင်းတို့ကို ပြန် လည် စိစစ်ရန် တောင်းဆိုချက် များကို လက်ခံရမည်ဖြစ်သည်။
ဒေသခံများက ယင်းနေရာ မှ နိုင်ငံခြားအလုပ်သမားများ သည် တရုတ်နိုင်ငံသားများဖြစ် ကြောင်း ပြောဆိုကြသည်။ ယင်း အချက်ကို ဂြိုဟ်တုဓာတ်ပုံဖြင့် အတည်မပြုနိုင်ပါ။ သို့ရာတွင် ယင်းနေရာသည် မင်းဘူးအနီးရှိ အခြားကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် အတော်တူညီနေသည်။ ယင်းစက်ရုံကို မြောက်ကိုရီးယားက ထောက်ပံ့ကူညီထားသည်ဟု အမေရိကန်က ယူဆထားပြီး အမျိုးအစားမသိရသည့် ဒုံးကျည်များကို ထုတ်လုပ်သည်ဟုဆို သည်။ အဆိုပါစက်ရုံဝင်းနှစ်ခုလုံး၏ အသွင်ပြင်လက္ခဏာများက ထပ်တူဖြစ်နေရာတွင် လုံခြုံရေးဂိတ်များနှင့် ရဟတ်ယာဉ်ဆင်းသည့်နေရာသာမက မြန်မာနိုင်ငံသား အလုပ်သမားများအတွက် မဟုတ်သည့် တန်းလျားများ၏ ပုံကလည်း တူညီနေပြန်သည်။
ဤအချက်က မြောက်ကိုရီး ယားနှင့် ကာကွယ်ရေးစက်မှုဌာန တို့အကြား ဆက်ဆံရေးတည်ရှိ နေကြောင်း အတည်ပြုပေးနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက မြန်မာစစ်တပ်ခေါင်းဆောင်နှင့်အတူ ၂၀၀၈ ခုနှစ်က ပြုံယမ်းကို သွားရောက်ခဲ့သည်။  သူ၏ ကိုရီးယားဘာသာစကားက ဘာသာပြန်ပေးနိုင်သည့် အဆင့်ရှိသည်ဟု ဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက နောက်ပိုင်းတွင် မြောက်ကိုရီးယားအရာရှိများနှင့် ဘေဂျင်းတွင် တွေ့ဆုံသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ကုန်သွယ်သည့် လျှို့ဝှက်ဘဏ်စာရင်းကိုလည်း စင်ကာပူတွင် သူက ဆက်လက်ဖွင့်လှစ်ထားရှိသည်ဟုဆိုသည်။ ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အဘယ်ကြောင့် သူ့ကို သီးခြားခွဲထုတ်ပြီး ပိတ်ဆို့အရေးယူထားသည်ဆိုသည်ကို နားလည်ရန်မခက်ခဲပါ။
အံ့သြစရာကောင်းသည့် အချက်ကမူ ကာကွယ်ရေးစစ်လက်နက်စက်ရုံဌာနက တိုးချဲ့လာနေခြင်းဖြစ်သည်။ ပေါက်မြို့အနီးက စက်ရုံဝင်းက အတော်ကြီးမားပြီး အသစ်စက်စက်ဖြစ်သည်။ ကပစက စက်ရုံသစ်အများအပြားကို ဆောက်လုပ်နေပြီး လက်ရှိ တည်ရှိနေသော စစ်လက်နက်စက်ရုံများကိုလည်း ပြန်လည်မွမ်းမံခြင်း၊ချဲ့ထွင်ခြင်းများပြုလုပ်နေသည်။ ပေါက်အနီးမှ စက်ရုံသည် ပင်လယ်အောက်ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်ထွက်သည့် ထိပ်ဖျားပိုင်းလေးမျှသာဖြစ်သည်။
ဤအဖြစ်သည် အိုဘားမား အစိုးရက မျှော်လင့်ထားသည့် မြောက်ကိုရီးယားနှင့် တရားမဝင် စီမံချက်များ ရပ်တန့်ပါမည်ဆို သည့် မြန်မာက သဘောတူညီ ထားချက် မဟုတ်ပါ။ ယင်းသို့ လျှော့ချရမည့်အစား ကပစက ပို ၍ပို၍ ကြီးမားလာ၊ ချမ်းသာလာ၊ အင်အားကြီးမားလာနေသည်။ စပ်စုသော သတင်းထောက်များ က လိုက်လံစုံစမ်းသတင်းရယူ ခြင်းများ၊ နေအိမ်ဆုံးရှုံးခဲ့ရသော လယ်သမားများကို မေးမြန်းခြင်း များ လုပ်လာသည့်အခါ ယင်းသို့ စပ်စုမှုများကို ရပ်တန့်ရန်အတွက် ဖိနှိပ်သည့် စနစ်ကြီးတစ်ခုလုံးက အသက်ဝင် လှုပ်ရှားလာတော့ သည်။ ဤလုပ်ရပ်သည် ဒီမိုက ရက်တစ် ပွင့်လင်းသည့် လူ့အဖွဲ့ အစည်းနှင့် ဆန့်ကျင်ဘက်ဖြစ် သည်။
အဏုမြူလက်နက် ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံတွင် အရပ်သားတစ် ပိုင်း အစိုးရ အသွင်ပြောင်းလဲရေး အတွက် အိုဘားမားအစိုးရက မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ပူးတွဲ လုပ်ဆောင်နေသည်မှာ မှန် ကောင်းမှန်ပေလိမ့်မည်။ သို့သော် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ သည့် အချက်ကတော့ နောက် ထပ်လှမ်းမည့် ခြေလှမ်းရပ်များနှင့် မြန်မာကို နိုင်ငံတကာ အဏုမြူလက်နက်မပြန့်ပွားရေး ဆုံးဖြတ်လုပ်ဆောင်မှုနှင့် အဆင့်များကို လိုက်နာဆောင်ရွက်ရေး လုပ်ဆောင်မှုမရှိလျှင် ယခုလုပ်ဆောင်နေသည့် လုပ်ငန်းများက ဆက်လက်တည်တံ့နိုင်စရာ အကြောင်းမရှိပါ။ ဒီမိုကရေစီကျသည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်သည် နာမည်ထုတ်ဖော်ပြောဖို့ လိုပါမည်ဆိုလျှင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလို လူမျိုးနှင့် ကပစကဲ့သို့သော အဖွဲ့အစည်းကို တာဝန်ခံမှု ရှိစေရမည်ဖြစ်ပေသည်။
 
Copy from - 7daydaily.com
(Foreign Policy Magazine ပါ Jeffrey Lewis နှင့် Catherine Dill တို့၏ Myanmar---
ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်)

ထမင်းမချက်သည့်ကိစ္စ စကားများရာမှ ယောက်ျားက တုတ်ဖြင့်ရိုက် ဇနီးသေဆုံး .............

Wednesday, May 14, 2014

ဖြိုးဝေလင်း၊ ကျော်စိုးမိုး
အရက်မူးပြီးပြန်လာသည့် ခင်ပွန်းသည်က ညနေစာ ထမင်းမချက်ထားသော ဇနီးနှင့် စကားများရန်ဖြစ်ရာမှ ၀ါးတုတ်ဖြင့် ရိုက်နှက်မှုကြောင့် ဇနီးသည်သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ်အတွင်း မေ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်အတွင်း နေထိုင်သည့် ဦးယဉ်ထွေး(ခ)တင်ထွေး (၄၅)နှစ်သည် အရက်မူး ပြီးပြန်လာရာ နေအိမ်၌ရှိသော ဇနီးသည် မခန်းဌေး(၄၈)နှစ်သည် ညနေစာ ထမင်းမချက်ထားသည့် အတွက် ဇနီးသည်နှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးယဉ်ထွေး(ခ)တင်ထွေးသည် ဇနီးဖြစ်သူအား ၀ါးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း အနောက် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိကာ၏ သေဆုံးခဲ့ခြင်းဖြစ် ပြီး ဦးယဉ်ထွေး(ခ)တင်ထွေးသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းအမှုနှင့်စပ်လျဉ်း၍ ဇနီးသည်အား သေသည်အထိရိုက်နှက်ခဲ့သည့် တရားခံ ဦးယဉ်ထွေး(ခ)တင်ထွေး အား အရေးယူပေးရန် တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ဆယ်အိမ်မှူးဖြစ်သူ ဦးမြင့်ကျော်၏ တရားလိုပြု တိုင်တန်းမှုအား တိုက်ကြီးမြို့မရဲစခန်းက(ပ) ၁၆၀/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို ဖမ်း ဆီးစစ်ဆေးလျက် ရှိသည်။

ရာဇာမင်း ယာဉ်တိုက်မှုတချို့နဲ့ ဓါးပြတိုက်မှု....................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Author အေးလပြည့်

###ရာဇာမင်းယာဉ်လိုင်းဟာ ဧပြီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားမှာ ရှေ့ကားကို ကျော်တက်ဖို့ကြိုးစားရင်း ယာဉ်တိုက် မှု ဖြစ်ပွါးခဲ့ပြီး သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ နဲ့အမှုဖွင့် အရေးယူခဲ့တယ်။

***၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီအချိန်တွင် မြ၀တီ -ကော့ကရိတ်ကားလမ်း၊ တောင်ပေါ် လမ်းတွင် ရာဇာမင်းခရီးသည် တင်မှန်လုံယာဉ်(၁)စီး တိမ်းမှောက်ပြီး ခရီးသည် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

###၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့ ၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည် တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ် တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများ ကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦး တို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

The Modern News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ ...........

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

(ပုံ- ဘာသာရေးပုလိပ်များ)

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။

Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက်အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။

ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာ သာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူ များနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။

ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံး အတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည် များကိုလည်း သိမ်းဆီးရမိခဲ့သည်။

အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရ မည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

Ref ; Yahoo
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက် .................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Angel on 2014-05-12 18:17

၂၀၁၃ ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့ Facebook ဟာ ကမ္ဘာပေါ် မှာ လူသုံးအများဆုံး လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း ၇၅၇ သန်း ရှိတယ်လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။





၃။ မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ ဖော်ထား တာဖြစ်ပါတယ်။



၎။ သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင် Facebook က ခြေရာခံလိုက်နိုင်ပါတယ်။



၅။ လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ သုံးပုံတစ်ပုံဟာ သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို့ ဆိုပါတယ်။



၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။



၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။



၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။



Ref: factslides.com
Trend Myanamr
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ထိုင်းနှင့် မလေးရှားရောက် မြန်မာလုပ်သားများ စာရင်းကောက်မည်...................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

photo:www.asianews.it

ယနေ့အချိန်အထိ စာရင်းအတိအကျ မရှိသေးသော ထိုင်းနှင့် မလေးရှား နိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာအလုပ်သမားဦးရေ စာရင်းကို အဆိုပါ နိုင်ငံများရှိ လူမှု အဖွဲ့အစည်းများမှတစ်ဆင့် ကောက် ယူသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ ကောက်ယူ ရရှိသည့် အချက်အလက်များကို စုစည်းရန် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ အလုပ်သမား သံအရာရှိကိုလည်း ညွှန်ကြားထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမြန်ဆုံး သိရအောင် လုပ်မယ်။ အတိအကျတော့ မဟုတ်ဘူး၊ အနီးစပ်ဆုံးရအောင် ကြိုးစားမယ်” ဟု ဦးထင်အောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုင်းနိုင်ငံရောက် မြန် မာများက ငါးသန်းခန့် ရှိသည်ဟု ပြောဆိုကြကြောင်း၊ မလေးရှား နိုင်ငံတွင်လည်း မြန်မာလုပ်သား နှစ်သိန်း ငါးသောင်း ရှိသည်ဟု ခန့်မှန်းသော်လည်း ယင်းဦးရေထက် ပိုများနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားဖြင့် လုပ်ကိုင်သည့် မြန်မာဦးရေ ၂ ဒသမ ၃ သန်း ရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ စစ်တမ်းအရ သိရှိရသည်။

The Voice Journal
ရန်ကုန်၊ မေ ၁၁
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အစား အရမ်းစားပြီး အ၀လွန်လာလို့ အစာအိမ် ခွဲစိတ်ရမယ့် လေးနှစ်သား ...................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:
အိန္ဒိယနိုင်ငံမှာ အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အလွန်ဝလာတာကြောင့် ကိုယ်အလေးချိန် ကျစေဖို့ သူ့ရဲ့ အစာအိမ်ကို ၇၀ရာခိုင်နှုန်းလောက် ဖြတ်ထုတ်ပေးဖို့ မိဘတွေက ခွဲစိတ်ဆရာဝန်တွေ ထံမှာ အကူအညီတောင်းခဲ့ပါတယ်။


လေးနှစ်သားလေး Rishi Khatau

လွန်ခဲ့တဲ့ စက်တင်ဘာမှာ သူဟာ ကိုယ်အလေးချိန် ၉၈ပေါင်ရှိခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ သူ့ကို ဘယ်လိုမှ အစားရပ်အောင် လုပ်လို့မရဘူးလို့ ဆိုပါတယ်။

အဲဒီကလေးရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးတာကြောင့် လူကြီးအရွယ်ဝတ်တွေ ၀တ်ဆင်နေရပြီး သူ့ရဲ့ဘောင်းဘီ ခါးဆိုဒ်က ၃၆ လက်မ ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ မိဘများအတွက် သူ့ရဲ့ အစာအိမ်ကို သေးငယ်အောင် ခွဲစိတ်ဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ အဆိုပါ ကလေးငယ်ဟာ ယင်းကဲ့သို့ ခွဲစိတ်ကုသမှုခံရသူများထဲမှာ ကမ္ဘာ့အသက်ငယ်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။



သူ့ကို မွေးဖွားစဉ်က သုံးပေါင် ကိုးအောင်စသာ ရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ ကလေးကို ကိုယ်ခန္ဓာကြီး ထွားစေဖို့ အစာတွေ အလွန်အမင်းကျွေးခဲ့ပါတယ်။ ဒါ့ကြောင့် အသက် တစ်နှစ်ပြည့်ချိန်မှာ သူဟာ ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက် ၆လအတွင်း သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ရာ အသက် ၂နှစ်ပြည့်တဲ့ အချိန်မှာတော့ သူဟာ ၄၂ပေါင် ရှိနေပါပြီ။ ဒါ့ကြောင့် မိဘတွေက စိုးရိမ်ပြီး ကလေးကို ကျွေးတဲ့ အစာပမာဏ တစ်ဝက်ကို လျော့ခဲ့ပေမယ့် ကလေးဟာ အစာမ၀တဲ့ အတွက် အော်ဟစ် ငိုကြွေးခဲ့ပါတယ်။

ကလေးရဲ့ ဖခင် Mr Khatau က အခုလို ပြောပါတယ်။ သားဟာ အလွန်ဝတဲ့အတွက် ၁၀မိနစ်လောက်ပဲ အိပ်ပြီး ညဘက်လဲ နိုးနေတယ်။ နောက်ပြီး အသက်ရှူမရတဲ့ ဆိုးရွားတဲ့ ဒဏ်တွေကိုလည်း ခံရပြီး အမြဲ အသက်ရှူကျပ်လေ့ရှိတယ်။ ဒါ့ကြောင့် နောက်နှစ်အထိတောင် သူအသက်ရှင်ပါ့မလား ဆိုပြီး တွေးပူနေ ရတယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ ဆရာဝန်နဲ့ အမြဲလိုလို တွေ့နေရပြီး ဆေးကုသခံနေရပါတယ်။ သူ့ရောဂါရဲ့ လက္ခဏာ ကတော့ Rishi with Prader Willi ဖြစ်ပြီး ဆိုလိုတာက ကယ်လိုရီကို ကောင်းကောင်း လောင်ကျွမ်း မပေးနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ သူ့ကို နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပြောပေမယ့် မလုပ်နိုင်ဘူး။ သူ့ကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုချင်တာ အကုန်လုပ်ပေးနေ ရတယ်လို့ ပြောပါတယ်။ သူဟာ ဘယ်တော့မှ သူစားရမယ့် စားစရာကို စိတ်တိုင်းမကျဘူးလို့ သိရပါတယ်။


Rishi Khatau တို့ မိသားစု

ဒီအတွက်ကြောင့် သားဖြစ်သူကို အပြစ်မတင်ဘဲ ဒါဟာ သူတို့ရဲ့ စိုးရိမ်စိတ်၊ ချစ်စိတ်တွေနဲ့ ကလေးကို အစာ အလွန်အကျွံကျွေးမိရာက ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်။ နောက်ဆုံး မှာတော့ ရွေးစရာ လမ်းမရှိဘဲ အစာအိမ်ချုံပစ်ဖို့ဘဲ ရှိတော့တာကြောင့် အဲဒါဟာ သူတို့ရဲ့ နောက်ဆုံးမျှော် လင့်ချက် ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်ပါစေလို့ World-Myanmar News (world-myanmar.com) မှ ဆုတောင်းပေးပါတယ်။

ref: dailymail.co.uk
World-Myanmar News

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

နှစ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ..............

Posted by: Ko Myo on Tuesday, May 13, 2014 Categories:
photo: 1click2bank.wordpress.com

အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ်ဆိုတာကိုတော့ သိကြပြီးသားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ်အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင်ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းပြီး ဆာလောင် မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန်လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ညနေချိန်တွင် သစ်သီးစားပါ

သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့ Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀ အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။

ဇက်ချိုးပါ

အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ လျော့ကျပြီး အလွယ်တကူ အိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။

ညဝတ္အက်ႌပြပြဝတ္ပါ

အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ ထွက်မသွားအောင် တားမြစ်နိုင်တဲ့အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ သွားနိုင်ပါတယ်။

ခြေသလုံး နှိပ်ပေးပါ

အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆ ပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့် ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။

အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ

Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။

Good Health
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Telenor မှ အောက်တိုဘာလတွင် ဆင်းမ်ကတ် သန်း (၃၀) ရောင်းချမည် ................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Tuesday, May 13, 2014

Telenor မှ ယခုနှစ် အောက်တိုဘာလတွင် ဆင်းမ်ကတ် သန်း (၃၀) အား စတင် ရောင်းချတော့မည် ဖြစ် သည်။ အဆိုပါ ဆင်းမ်ကတ် တစ်ခုလျှင် (၁၅၀၀) ကျပ်နှင့် ပြောဆိုခကို တစ်မိနစ် (၂၅) ကျပ်နှုန်း အကြမ်း မျဉ်း သတ်မှတ်ထားကြောင်း Telenor မြန်မာမှ သိရသည်။

““ဆင်းမ်ကတ် ရောင်းချရင်လည်း ကွမ်းယာဆိုင်တို့၊ စတိုးဆိုင် တို့မှာကို ၀ယ်ယူနိုင်အောင် စီစဉ်ထားတယ်။ ဈေးနှုန်း အတိအကျ ကိုတော့ နီးမှပဲ ထပ်ပြီး ထုတ်ပြန်သွားမယ်”” ဟု Telenor မြန်မာမှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။

လက်ရှိတွင် Telenor မှ မြန်မာနိုင်ငံ တွင် ပထမဆုံး Video Call ခေါ်ဆိုမှုကို အောင်မြင်ထားပြီး၊ ဆင်းမ်ကတ်များ ရောင်းချပါက မိုဘိုင်းနှင့် ဆက်စပ်နေသော ကဏ္ဍအားလုံးကိုလည်း ၀န်ဆောင်မှု ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀န်ဆောင်မှုများ ပေးနိုင်ရန် တာဝါတိုင် (၂၄၀၀) ခန့်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် တာဝါတိုင် (၈၀၀၀) ခန့်အထိ တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Telenor သည် မြန်မာနိုင်ငံတွင် ငါးနှစ် အတွင်း ပြည်သူ (၉၀) ရာခိုင်နှုန်း မိုဘိုင်းဖုန်း များအသုံးပြုနိုင် ရမည်ဟု ကတိပေးထားပြီး၊ ယင်းကဲ့သို့ အသုံးပြုနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်များ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း Telenor မှ သိရသည်။

““ကျွန်တော်တို့လည်း အခု ပြည်သူတွေ ကို ၀န်ဆောင်မှုပေးဖို့နဲ့ မိုဘိုင်းကွန်ရက်တွေ တိုးချဲ့ဖို့ ဂျပန် ကုမ္ပဏီ တစ်ခုနဲ့ ဒီလအတွင်း စာချုပ် ချုပ်ဆိုတော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် ပြည်ပ အော်ပရေတာ နှစ်ခုဖြစ်သည့် Telenor, Ooredoo တို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ တို့ကလည်း ပြည်သူများကို အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနိုင်ရန် ယှဉ်ပြိုင် လုပ်ကိုင်လျက်ရှိသည်။

Messenger News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ ...........

နိရဉ္စရာ

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ယူလာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များအသင်းမှ ကိုမောင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ကိုမောင်မောင်က ဆက်ပြောသည်။

ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်းမှ ရွှေပြည်တန် ရှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့နယ် နရမ်းရွာ အနီး မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။

ရာဇာမင်းကား တိမ်းမှောက်မှု ဒဏ်ရာရသူ သုံးဦး စိုးရိမ်နေရဆဲဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ပြော ...............

13 May 2014 20:29(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)


နေပြည်တော်၊ မဇ္ဈိမ။ ။ ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူသုံးဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက မဇ္ဈိမကို မေလ ၁၄ရက်တွင် ပြောကြားသည်။

၎င်းက "စိုးရိမ်ရတဲ့ လူနာက နှစ်ယောက်၊ သုံးယောက်ရှိတယ်။ ဦးနှောက်အာရုံကြော ward မှာရယ်၊ အရိုးရယ်၊ အထူးကြပ်မတ်ဆောင်မှာရယ်ရှိတယ်။ သတိ မလည်သေးတာ (Unconcious) တစ်ယောက်၊ နှစ်ယောက်တော့ရှိပါတယ်"ဟု ပြောသည်။

ဒဏ်ရာရသူ ၂၉ ဦးအနက် ၂၆ ဦးကို နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံ၌ ကုသပေးနေပြီး ကျန်လူနာ သုံးယောက်ကိုမူ လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံး၍
ကုသပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းအရက်သောက်ခြင်း၊ မိုင်နှုန်းပိုမောင်းနှင်ခြင်းကြောင့် မဟုတ်ဘဲ မိုးရွာချိန်ဖြစ်၍ တိမ်းမှောက်သည်ဟု ယူဆနိုင်ကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။

ရာဇာမင်းကား၊ နေပြည်တော်ဂိတ်တာဝန်ခံ ဦးအေးမင်းထွန်းက "ကျွန်တော်တို့ဂိတ်မှာ ယာဉ်မောင်းတွေက အရက်သောက်ခွင့် မရှိပါဘူး"ဟုဆိုသည်။

မော်တော်ကားသည် အခင်းဖြစ်ပွားရာ နေရာ မရောက်မီ တစ်ဖာလုံခန့်မှစတင်၍ လမ်း၏ညာဘက်သို့ ဘီးကျသွားကာ မိုင်တိုင် ၁၉၇/၆ အရောက်တွင် ကွန်ကရစ်တုံးများ၊ တံတားလက်ရမ်းများနှင့် အကာများကို တိုက်မိကာ တံတားအောက်သို့ ၄၅ ဒီဂရီစောင်း ကာတိမ်းမှောက်သွားသည်ဟု ရဲမှူးကြီး နေ၀င်းက ပြောသည်။

၎င်းက "အမြင့်ပေကတော့ ၅၀ လောက်ရှိမှာပေါ့"ဟု ဆိုသည်။

နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက "ယာဉ်လိုင်းတွေမှာ တစ်ရက်တည်း နှစ်ကြောင်းပြေးတဲ့ ယာဉ်လိုင်းဆိုလို့
ရာဇာမင်းနဲ့ တစ်ခြား တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲရှိပါတယ်" ဟု မှတ်ချက်ပြုသည်။

ရာဇာမင်းဂိတ်မှ နေပြည်တော်တာဝန်ခံဦးအေးမင်းက အဆိုပါ မော်တော်ကားသည် မေလ ၁၂ရက် နံနက် မှ ရန်ကုန်မှထွက်လာရာ မွန်လွဲချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာပြီး ညနေ ငါးနာရီတွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။

ဖြစ်စဉ်တွင် ယာဉ်အကူ(စပယ်ယာ)သေဆုံးခဲ့သော်လည်း ယာဉ်မောင်းမှာမူ စိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ အတွင်းလူနာအဖြစ်ကုသနေရကာ ၎င်းကို အစောင့်ရဲများနှင့် သီးသန့်ထားရှိကာ လောလောဆယ်တွင် ခြေချုပ်ခတ်ထားပြီး ပုဒ်မ ၃၀၄(က)၊ ၃၃၇ ၃၃၈ စသည်တို့ဖြင့်စွဲဆိုထားသည်ဟု ဆိုသည်။

၂၀၀၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၆၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဝင်းကိုကိုလတ်
Mizzima - News in Burmese

ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ၀င်းကိုကိုလတ်)


မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ ..............


ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။

ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။
မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ -
`ဘုန်းကြီးများ ရဟန်း ၄-ဝါလောက်အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ်ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော် (ဦးဇာဂရ)က `မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြုစု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်´လို့ ဆုံးမတယ်။
ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ ... ဖြူတာကို မည်းတယ်လို့ သူက ပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင်လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။
ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ တခါတလေတော့ အကြောင်းညီညွတ်လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။ (ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)
ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။ အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ ... သြော် ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲ´ဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။ တခါတလေ မိမိစိတ်ထဲမှာ ... သြော် ဒီအဆင်ဟာဖြင့် ငါ့မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံယူသွားရင် ဘာပြောသလဲ၊ `ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´ သူက ပြောတယ်။
မိခင်ကို မသေခင် လုပ်ကျွေး
ဆရာတော်သည် ၁၃၁၇-ခုနှစ်ခန့်တွင် မိခင်ကြီး ဒေါ်ဆင်အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံး ဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ်ပါဝင်စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင်သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန်ရွာ၌ နေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ဖြစ်၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့်အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည်။
၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင် ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား -
`ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။ မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွ´ဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)
ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့် ဒေါက်တာနေလင်းဆိုသူ လူငယ်ဆရာဝန်လေးအား မိန့်ကြားသည့် သြဝါဒတစ်ခုမှာ -
`ကိုရင် ... မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင် ခြမ်းလိုက်ဗျာလို့ သြဝါဒပေးခဲ့တယ်။ ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းက မယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်း လိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ´ဟူ၍ ဖြစ်ပေသည်။
+++++
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရှင်´ မှ
Show commentsOpen link

အ၀လွန်ရောဂါကုသရန် သည်းခြေရည် အက်ဆစ်လုပ်ငန်းများက ပိုမိုအရေးပါနိုင်.................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Health Updates Journal No. 116

အ၀လွန်ရောဂါအတွက် ခွဲစိတ်ကုသမှုသည် ကိုယ်အလေးချိန်ကျစေရန်အတွက်သာမက ဆီးချိုသွေးချိုရော ဂါနှင့် နှလုံးရောဂါတို့ အတွက်ပါ အကျိုးကျေးဇူးများရရှိစေကြောင်း Sahlgrenska Academy နှင့်University of Cincinnati့ မှ သုတေသီများကဆိုသည်။

ခွဲစိတ်ကုသခြင်းကြောင့်ရရှိလာသည့် အကျိုးကျေးဇူးများသည် အစာအိမ်အရွယ်အစား လျော့နည်း သွားခြင်းကြောင့် မဟုတ်ဘဲ သွေးတွင်း သည်းခြေရည်အက်ဆစ်များလာခြင်းကြောင့် ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သုတေသနတွင် သည်းခြေရည် အက်ဆစ်အချက်ပြစနစ်၏ လက်ခံပစ္စည်းတစ်မျိုးဖြစ်သော FXR ကို အဓိကထားလေ့လာခဲ့သည်။ FXR ထုတ်လုပ်နိုင်သည့် မျိုးဗီဇပါဝင်သူ ကြွက်များနှင့် မပါဝင်သူ ကြွက်များကို အစာအိမ်ဖြတ်တောက် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ရာFXR မျိုးဗီဇပါဝင်သူ ကြွက်များတွင် ကိုယ်အလေးချိန်ကျလာပြီး အချိုဓါတ်ချေဖျက်နိုင်စွမ်းလည်း တိုးတက်လာသော်လည်း FXR မျိုးဗီဇမပါ သည့် ကြွက်များတွင်ခွဲစိတ်မှုမှာ အကျိုးမဖြစ်ထွန်းသည်ကို တွေ့ရသည်။

အစာအိမ် ဖြတ်တောက်မှုကြောင့် အူအတွင်းပိုးမွှားများ ပြောင်းလဲမှုဖြစ်ပေါ်ရာ FXR လက်ခံပစ္စည်း၏ အချက်ပြမှုများပါ ပြောင်းလဲပြီး အချိုဓါတ်ချေဖျက်နိုင်စွမ်းမြင့်တက်လာသည်။

ထို့ကြောင့် ခွဲစိတ်ကုသခြင်းထက် အူတွင်းပိုးမွှားများနှင့် FXR လက်ခံပစ္စည်းတို့ကို ပြောင်းလဲမှု များ ဖြစ်ပေါ်စေရန် တိုက်ရိုက်ဦးတည်ကုသခြင်းသည်သာ အ၀လွန်ရောဂါ နှင့် ဆီးချိုသွေးချိုရောဂါတို့ အတွက် အကျိုးရှိမည်ဖြစ်ကြောင်းသိရသည်။

အ၀လွန်ရောဂါသည် ကမ္ဘာတစ်ဝှန်း အဖြစ်များလျက်ရှိရာ အ၀လွန်သူတိုင်းကို အစာအိမ်ဖြတ်တောက်၍ ခွဲစိတ်ကုသရန် မလွယ်ကူသောကြောင့် FXR လက်ခံပစ္စည်းကို တိုက်ရိုက်ဦးတည် ကုသမှုများသည်သာ အနာဂါတ်တွင် အရေးပါလာမည်ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ဇော်ကို
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အ၀လွန် ဆယ်ကျော်သက်များ၌ ကျောက်ကပ်လုပ်ငန်း ကျဆင်းနိုင် ....................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Health Updates Journal No. 116

အလွန်အကျွံအ၀လွန်လျက်ရှိသည့် လူငယ်များ၏ (၁၈) ရာခိုင်နှုန်း နီးပါးသည် ကျောက်ကပ်လုပ်ငန်းများ ချွတ်ယွင်းလျက်ရှိကြောင်း အမေရိ ကန်ပြည်ထောင်စု National Kidney Foundation ၏ ညီလာခံတွင် ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆီးထဲတွင် အယ်ဗျူမင်ပရိုတင်း အလွန်အကျွံပါဝင်ခြင်းကို ဆီးထဲ ပရိုတင်းပါခြင်း (proteinuria) ဟု ခေါ် ဆိုပြီး ကျောက်ကပ်ပျက်စီးခြင်း ၏ကနဦးလက္ခဏာဟု သတ်မှတ်ထားကြသည်။ ကျောက်ကပ်လုပ်ငန်း တိုင်းတာနိုင်ရန် Glomerular Filtration Rate (GFR)် ဟုခေါ်ဆိုသည့် စမ်းသပ်မှုဖြင့် ကျောက်ကပ်မှဆီးများ စစ်ထုတ်နိုင်သည့် နှုန်းကို တွက်ချက်လေ့ရှိသည်။ GFR (၉၀) နှင့် အထက်ကိုပုံမှန်ဟု သတ်မှတ်ပြီး (၉၀) အောက်ကို ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်းဟု သတ်မှတ်သည်။ အ၀လွန်ကလေးနှင့် လူကြီးများ တွင် GFR အလွန်များနေပြီး ကျောက်ကပ်များအလုပ် အလွန်လုပ်ရခြင်းကိုပြဆိုသည်။ ကျောက်ကပ်အလုပ် ၀န်ပိခြင်း အလွန်ကြာမြင့်လာပါက ဆီးထဲတွင် ပရိုတင်းပါတတ်သည်။

ဆယ်ကျော်သက်အရွယ် (၂၄၂) ဦးကို လေ့လာခဲ့ရာ (၁၇) ရာခိုင်နှုန်းတွင် ဆီးထဲပရိုတင်းပါနေပြီး (၃) ရာခိုင်နှုန်းတွင် GFR (၆၀) အောက်ကျကာ အလွန်လျော့နည်းနေသည်။ (၇) ရာခိုင်နှုန်းတွင် GFR (၁၅၀) ကျော်၍ အလွန်အလုပ်များလျက် ရှိသည်ကို တွေ့ရသည်။

ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index – BMI) များပြားသော အ၀လွန်ဆယ်ကျော်သက်များ ၌ သွေးတွင်းအချိုဓါတ်ထိန်းပေးသည့် အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလေ့ရှိသည့် အပြင် ဆီးထဲ ပရိုတင်းပါခြင်းကိုပါ တွေ့ရလေ့ရှိသည်။

“ကလေးဆရာဝန်တွေအနေနှင့် အ၀လွန်ကလေးငယ်များရဲ့ မိသားစုဝင်တွေကို အ၀လွန်ခြင်းနှင့် ဆက်စပ် တဲ့ ရောဂါတွေအကြောင်း၊ ကိုယ်အလေးချိန်ချဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးသင့်ပါတယ်” ဟု National Kidney Foundation ဥက္ကဋ္ဌ Beth Piraino ကဆိုသည်။

ဇော်ကို
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သိထားသင့်သမျှ ဗုဒ္ဓအကြောင်း..............


လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ
မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် ......................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ


နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )
နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။

ကိုထွန်းဝေ
ပြန်လည်မျှဝေပေးပါတယ်။
13.5.2014