This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 9, 2013

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"
နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး  နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။ 

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"
ထူးခြားအံ့သြဖွယ်အကောင်းဆုံး နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"

စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တ မြင့်မားတဲ့ မြန်မာ

Red Kyaw and 3 other friends shared Ko Gyi Thet's photo.
ယနေ့နံက် ၁၀နာရီ ခန့်က ဖြစ်ရပ် လေးတစ်ခုပါ 
သူ့နာမည်က ကိုဖိုးဇင် လို့ခေါ်သတဲ့ ။
သူ့အလုပ်က စည်ပင်သာယာမှာ သန့်ရှင်းရေး  ဝန်ထမ်း။
ဖြစ်ပုံလေးကဒီလိုပါ
'
'
'
၃၂လမ်း x ၈၅လမ်းမှာရှိ တဲ့ ဘော်ဒါဆောင်ကြီးရဲ့ ဆရာတစ်ဦး  သူ့ရဲ့ ဟန်းဖုန်း ပျောက်သွားတယ်။ 
မနေ့က  ကတည်းကပျောက် သွားသတဲ့။ ဘယ်လိုမှလည်း ဆက်သွယ်လို့ မရတော့ အပျောက်လျှောက်ဖို့ စိတ်ကူး ထားကြတယ်။ ဒီနေ့မနက် ၉နာရီခွဲလောက်မှာ အဲဒီဖုန်းကို ကျွန်တော်ခေါ် မိတယ် ။ ဖုန်းပျောက်နေမှန်း မသိပါဘူး။
ဖုန်းဝင်သွားတော့ ဒီဖုန်းက အမှိုက်ပုံထဲရောက်နေသတဲ့။ လာပြန်ယူပါလို့ဆိုပြီးပြောလို့ ဖုန်းပိုင်ရှင်ကို သွားခေါ်ပြီး ဖုန်းပြန်ယူခဲ့ကြတယ်။
၃၃လမ်းx၇၉လမ်းထောင့် မှာရှိတဲ့ အမှုက်ပုံထဲကနေ ကိုဖိုးဇင်က တွေ့လို့ အထက်လူကြီးကို အပ်နှံထား ရာက ပိုင်ရှင်ပြန်တွေ့လို့ ပြန်ပေးခဲ့ကြတာပါ။ 
မုန့်ဖိုး ၁၀၀၀၀ ထုတ်ပေးတဲ့အခါ နေပါစေ လို့ပြုံးပြီးငြင်းပါသေးတယ်။ အထက်လူကြီးက ယူလိုက်ပါဆိုမှ အားနာဟန်နဲ့ ယူခဲ့တာပါ။ 
ကဲ   
ကိုဖိုဇင်ရဲ့ စိတ်ဓါတ်နဲ့ စာရိတ္တ ကို ဂုဏ်ပြုသင့်တယ် ထင်လို့ စာတစ်တန်ပေတစ်ဖွဲ့ရေးပြီး တင်ပြရတာပါ။
မိတ်ဆွေတို့အနေနဲ့ ကိုဖိုးဇင်ကို ဂုဏ်ပြုသင့်တယ် ထင်ရင် မိတ်ဆွေတို့ရဲ့ လက်ညှိုးလေးကို သုံးချက်လောက် ထောက်ပြီး ဂုဏ်ပြုနိုင်ပါတယ်။ 
၁။  like ကိုတစ်ချက်
၂။  share ကိုတစ်ချက်
၎။ postကိုတစ်ချက် သုံးချက် တည်းပါ ။

အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း

Wai Hlaing shared တိမ် တမာန်'s photo.
** တရုတ်နဲ့ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ **

ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင်သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက်စမ်းသပ်မှုတွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာသွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။

တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ်သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။

အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး

မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။ အဲဒါတွေက scandium (Sc-21),

yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62),

europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium

(Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ

အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုးအစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare

earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။ ကျနော်တို့

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့

အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက်ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ်

ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့

လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ

အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်း

ဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား

(ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid

ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ္တုကို

သုံးထားတာပါ။

"ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယိုတာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊

တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး" လို့ rare earth

ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။ ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော

ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။

အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်းများမှာ အသုံးပြုဖို့ လုံလောက်အောင်

ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီသတင်းကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။

rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လိုအားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့

ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal - ၂၅၀၀၊ Neodymium

metal - ၁၁၅၊ Lanthanum metal - ၂၈၊ Europium Oxide - ၂၁၅၀၊ Dysprosium Oxide - ၉၇၅၊ Erbium metal - ၂၇၅၊ Cerium metal - ၂၅ ဒေါ်လာ ....။

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ

တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည် က ငွေကြေးအရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား

ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း

တူးဖော်ခွင့်ပြုမယ့်နေရာဒေသတ၀ိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊

ဘေးထွက်စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။ ထို့အပြင် တူးဖော်မယ့် နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့

တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။

ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။

Copy from....Myanmar1.....မောင်ကံချွန်
‎** တရုတ်နဲ့ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ **

KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

Yezar Ni and Wai Hlaing shared Kachin Daily News's photo.
KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေးထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက်နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။ ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေဆင်ထားပါတယ်။ ပုံမုန်အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေအနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်ရပါလိမ့်မယ်ဟု ပြောဆိုသွားသည်။ 
MON

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

Yezar Ni shared Jade Land's photo.
KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

08 January 2013 Written by ရွှေဟင်္သာသတင်းဌာန

ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။

“ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။

ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်းဖြစ်သည်။ ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း အပြင်းအထန် တိုက်ခိုက် ခဲ့ပါသည်။ သို့သော် အစိုးရ မြေပြင် တပ်ဖွဲ့များသည် ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကို ခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။  

အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှားမှုသည် မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။ လက်နက်ကြီးများသည် KIA တပ်များ မိမိတပ်နားသို့ ချင်းကပ်ခြင်း မပြုနိုင်ရန် ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။

အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် လူအင်အား အပါဝင် စစ်ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာချက်ကို အစိုးရဖက်က သိရှိသွားပြီးဖြစ် ပါသည်။

ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ လဂျား စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။