ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။
ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။
မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင် မရှိ ၀န်ကြီးအဖြစ် လွှင့်သွားခဲ့ဘူးပါတယ်။