Sunday, June 30, 2013
မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်
Eleven Created on Saturday, 29 June 2013 00:30
မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ်
ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးသောင်းတင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့်
လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ
ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊
မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ
သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍
ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင်
မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့
အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ်
ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ၀န်ကြီးက
ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး
အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး
အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက်
မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ်
သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက် ယှဉ်ပြိုင်မှုများအရ
ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်း အပေါ်
နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။
''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင်
ဈေးကွက် ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ
ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ
ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ
ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက
ပြောကြားသည်။
Eleven Created on Saturday, 29 June 2013 00:30
မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက် ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်း အပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက် ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည်
ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့်
စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့်
အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း
အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့ကြောင့် ယင်းအမျိုးသမီးသည်
သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့
သွားရောက် ခဲ့ကြောင်း သိရသည်။
သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး
နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း
မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး
ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက
ထုတ်ဖော် ပြောကြား
Read More >> http://www.myawady.com.mm/ allnews/global/item/ 18027-2013-06-29-11-08-13
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား
Read More >> http://www.myawady.com.mm/
ဆက်သွယ်ရေး ဗိုလ်လုပွဲအလွန်
Tags
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။
ဘယ်လိုရွေးသလဲ
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။
Telenor – ဘယ်လိုဝန်ဆောင်မှုပေးမလဲ
နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။
Ooredoo ဘာလုပ်မလဲ
ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။
မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်
ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
Ref & Credit to The Voice Weekly
ဘောလုံးဒိုင် .bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း အမြတ်ထွက်
***အင်း..အင်း..အင်း...ဒီနေ့ဖတ် လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့.. .
တော်တော်လေးကို..တွေးပြီးစဉ်းစားဆင်ခြင်ဖို့ကောင်းတယ်ဗျာ...။
ဘာတဲ့..သတင်းလေးက...bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း
အမြတ်ထွက်တဲ့..ခင်ဗျာ..သတင်းအပြ ည့်အစုံလေးကတော့...
ဗြိတိန်၏အကြီးမားဆုံးသောအွန်ု လိုင်းလောင်းကစားကုမဏီဖြစ်သည့်
bet 356 သည် ပြီးခဲ့သောနှစ်က ပေါင်(၁၄၈)သန်းထိအမြတ်ရရှိခဲ့ရာ
ယခင်ကာလများထက်၃ဆနီးပါး တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရ
သည်။
ပြီးခဲ့သောနှစ်ကစတုတ်စီးတီးမြို့ ရှိ ကားပါကင်တစ်ခုမှစတင်ခဲ့သည့်
bet 365 မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် မတ်လအထိ ၄င်းကုမဏီတွင်
လာရောက်ကံစမ်းကြသည့် ငွေပမာဏမှာ ပေါင် ၂၀ ဘီလီယံနီးပါး
အထိရှိခဲ့ကြောင်း လည်းသိရသည်..။အဆိုပါပမာဏမှာ Ladbrokes
နှင့် William Hill နှင့် ပိုမိုများပြားခဲ့သည်။ bet 365 သည် ပရီးမီး
ယားလိဂ် စတုတ်စီးတီးအသင်းတွင်ရှယ်ယာအများဆုံး ပိုင်ဆိုင်ထား
ပြီး..ယမန်နှစ်ကပေါင်သန်း၃၁သန်း ကျော်အရှုံးပေါ်ထားသည်ဟုသိ
ရှိရသည်။ ပွဲချိန်တစ်ခု၏ပွဲချိန်အတွင်းပုံစံအမျိုးမျိုးဖြင့်ကံစမ်းရန်စီစဉ်
ပေးရာ တွင် နာမည်ကျော်ကြားပါသည်တဲ့..*****
ကောင်းရော...ကောင်းရော..ကောင်ြး ကရော....
ကိုယ်တွေကတော့ချွေးနည်းစာလေးနဲ့ အပိုင်ဆိုပြီးတော့လောင်း....
ဟိုတွေကတော့..ကြီးပွားချမ်းသာလို့ပါ့လား...
အံမယ်..လောင်းကစားဆိုဒ်က..ဘောလုံးအသင်းမှာတောင်ရှယ်
ယာအများဆုံးတဲ့ဗျာ....
စဉ်းစားတာကြည့်ကြပေတော့..တွေးသာ ကြည့်ကြပေတော့....
ခုခေတ်မှာအားကစားအင်္ကျီစပွန်ဆာေ ပးတဲ့နာမည်တွေကြည့်လိုက်
ပြန်ရင်လည်း..လောင်းကစားအဖွဲ့ တွေနာမည်တွေကြီးပဲ....
ဘုရား..ဘုရား...ဘုရား..ကြောက်တောင်လာပြီ....
ဒါတောင်..ကိုယ်မသိသေးတဲ့လုပ်ပွဲအကြောင်းတွေအများကြီးပဲနော်
လုပ်ပွဲတွေအများကြီးနော်..သတိသာထားကြပေတော့ဗျို့ ....
သတိသာထားကြပေတော့ဗျို့.....***
***အင်း..အင်း..အင်း...ဒီနေ့ဖတ် လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့.. .
တော်တော်လေးကို..တွေးပြီးစဉ်းစားဆင်ခြင်ဖို့ကောင်းတယ်ဗျာ...။
ဘာတဲ့..သတင်းလေးက...bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း
အမြတ်ထွက်တဲ့..ခင်ဗျာ..သတင်းအပြ ည့်အစုံလေးကတော့...
ဗြိတိန်၏အကြီးမားဆုံးသောအွန်ု လိုင်းလောင်းကစားကုမဏီဖြစ်သည့်
bet 356 သည် ပြီးခဲ့သောနှစ်က ပေါင်(၁၄၈)သန်းထိအမြတ်ရရှိခဲ့ရာ
ယခင်ကာလများထက်၃ဆနီးပါး တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရ
သည်။
ပြီးခဲ့သောနှစ်ကစတုတ်စီးတီးမြို့ ရှိ ကားပါကင်တစ်ခုမှစတင်ခဲ့သည့်
bet 365 မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် မတ်လအထိ ၄င်းကုမဏီတွင်
လာရောက်ကံစမ်းကြသည့် ငွေပမာဏမှာ ပေါင် ၂၀ ဘီလီယံနီးပါး
အထိရှိခဲ့ကြောင်း လည်းသိရသည်..။အဆိုပါပမာဏမှာ Ladbrokes
နှင့် William Hill နှင့် ပိုမိုများပြားခဲ့သည်။ bet 365 သည် ပရီးမီး
ယားလိဂ် စတုတ်စီးတီးအသင်းတွင်ရှယ်ယာအများဆုံး ပိုင်ဆိုင်ထား
ပြီး..ယမန်နှစ်ကပေါင်သန်း၃၁သန်း ကျော်အရှုံးပေါ်ထားသည်ဟုသိ
ရှိရသည်။ ပွဲချိန်တစ်ခု၏ပွဲချိန်အတွင်းပုံစံအမျိုးမျိုးဖြင့်ကံစမ်းရန်စီစဉ်
ပေးရာ တွင် နာမည်ကျော်ကြားပါသည်တဲ့..*****
ကောင်းရော...ကောင်းရော..ကောင်ြး ကရော....
ကိုယ်တွေကတော့ချွေးနည်းစာလေးနဲ့ အပိုင်ဆိုပြီးတော့လောင်း....
ဟိုတွေကတော့..ကြီးပွားချမ်းသာလို့ပါ့လား...
အံမယ်..လောင်းကစားဆိုဒ်က..ဘောလုံးအသင်းမှာတောင်ရှယ်
ယာအများဆုံးတဲ့ဗျာ....
စဉ်းစားတာကြည့်ကြပေတော့..တွေးသာ ကြည့်ကြပေတော့....
ခုခေတ်မှာအားကစားအင်္ကျီစပွန်ဆာေ ပးတဲ့နာမည်တွေကြည့်လိုက်
ပြန်ရင်လည်း..လောင်းကစားအဖွဲ့ တွေနာမည်တွေကြီးပဲ....
ဘုရား..ဘုရား...ဘုရား..ကြောက်တောင်လာပြီ....
ဒါတောင်..ကိုယ်မသိသေးတဲ့လုပ်ပွဲအကြောင်းတွေအများကြီးပဲနော်
လုပ်ပွဲတွေအများကြီးနော်..သတိသာထားကြပေတော့ဗျို့ ....
သတိသာထားကြပေတော့ဗျို့.....***
တော်တော်လေးကို..တွေးပြီးစဉ်းစ
ဘာတဲ့..သတင်းလေးက...bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း
အမြတ်ထွက်တဲ့..ခင်ဗျာ..သတင်းအပြ
ဗြိတိန်၏အကြီးမားဆုံးသောအွန်ု
bet 356 သည် ပြီးခဲ့သောနှစ်က ပေါင်(၁၄၈)သန်းထိအမြတ်ရရှိခဲ့ရာ
ယခင်ကာလများထက်၃ဆနီးပါး တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်း
သည်။
ပြီးခဲ့သောနှစ်ကစတုတ်စီးတီးမြိ
bet 365 မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် မတ်လအထိ ၄င်းကုမဏီတွင်
လာရောက်ကံစမ်းကြသည့် ငွေပမာဏမှာ ပေါင် ၂၀ ဘီလီယံနီးပါး
အထိရှိခဲ့ကြောင်း လည်းသိရသည်..။အဆိုပါပမာဏမှာ Ladbrokes
နှင့် William Hill နှင့် ပိုမိုများပြားခဲ့သည်။ bet 365 သည် ပရီးမီး
ယားလိဂ် စတုတ်စီးတီးအသင်းတွင်ရှယ်ယာအမျ
ပြီး..ယမန်နှစ်ကပေါင်သန်း၃၁သန်း
ရှိရသည်။ ပွဲချိန်တစ်ခု၏ပွဲချိန်အတွင်းပ
ပေးရာ တွင် နာမည်ကျော်ကြားပါသည်တဲ့..*****
ကောင်းရော...ကောင်းရော..ကောင်ြး
ကိုယ်တွေကတော့ချွေးနည်းစာလေးနဲ
ဟိုတွေကတော့..ကြီးပွားချမ်းသာလ
အံမယ်..လောင်းကစားဆိုဒ်က..ဘောလ
ယာအများဆုံးတဲ့ဗျာ....
စဉ်းစားတာကြည့်ကြပေတော့..တွေးသာ
ခုခေတ်မှာအားကစားအင်္ကျီစပွန်ဆာေ
ပြန်ရင်လည်း..လောင်းကစားအဖွဲ့ တွေနာမည်တွေကြီးပဲ....
ဘုရား..ဘုရား...ဘုရား..ကြောက
ဒါတောင်..ကိုယ်မသိသေးတဲ့လုပ်ပ
လုပ်ပွဲတွေအများကြီးနော်..သတိသ
သတိသာထားကြပေတော့ဗျို့.....***
လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံး
လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံးပေါ့ ..
ကျွန်နော် ကတော့ နှစ်ခုစလုံးကြိုက်တယ်
HTC One ဆိုရင် သူ့ရဲ့ body design ကို တအားကြိုက်တယ် ... သူ့ရဲ့ body ကိုတည်ဆောက်ထားပုံလဲ မိုက်တယ်...
တစ်ခြားဖုန်းတွေ ထက် ဘော်ဒီက ထူပေမဲ့ အမြင်အရ ပါးတယ်လို့ ထင်ရအောင် လုပ်ထားတာကိုက တအားတော်တယ်
သူ့ရဲ Blink Feed features ကိုလဲ သဘောကျတယ်.. တစ်ခြားဖုန်းတွေမှာ မရှိသေးတဲ့ အပြင် တော်တော်လဲ အသုံးဝင်ပါတယ်..
သူ့ရဲ့ Sense UI ကိုလဲ သဘောကျပါတယ်.. HTC Phone ဆိုတာ ဒါမျိုးဆိုပြီ: ကွဲထွက်သွားစေတဲ့ UI ပါပဲ..
Galaxy S4 ကို တော့ သူရဲ့ features တွေ function တွေကို သဘောကျတယ်...
Android phone ချင်းအတူတူ တောင်သူက တစ်ခြားဖုန်းတွေထက် features တွေ
function တွေက ခေါင်းတစ်လုံးသာနေတယ်..
သူ့ရဲ့ Quick Galance features ဆိုရင် ကျန်တဲ့ phone တွေမှာ မမြင်ဖူးသေးဘူး တော်တော် လဲမိုက်ပါတယ်..
ပြီ:တော့ နောက်ထက် အသုံးဝင်တဲ့ features က Smart Scholl ပဲ PDF
တစ်ခုဖြစ်ဖြစ်.. Website တစ်ခုဖြစ်ဖြစ် ဖတ်နေရင်:နဲ့ Scholl ဆွဲစရာရှိရင်
ဖုန်းကိုင်ထားတဲ့လက်လေးကို နဲနဲလေးလှုပ်လိုက်ရုံနဲ့ Scholl
ဆွဲပြီ:သားဖြစ်သွားပြီ ....
အဲ့ဒီ့ features ကတော့ တစ်ခြား phone တွေမှာ မပြောနဲ့ အဲ့ဒီ့ features လိုမျိုးဆင်တူ တောင် google play မှာ app မရှိသေးဘူး
ကျန်တဲ့ Smart Stay တို့ Smart Pause တို့ Air View တို့ Muiti_Window
တို့ က တော့ တစ်ခါတစ်လေမှ သုံးဖြစ်တာပါ ဒါပေမဲ့ သုံးဖြစ်တိုင်းလဲ
Innovative ဖြစ်တယ်ဆိုတဲ့အချက်ကို ခံစားရတယ်... :)
ပိုကောင်းလာတာကတော့ Camera App ပဲ .. phone camera က professional level
ကို တက်မလာနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ကို Galaxy S4 မှာပါတဲ့ Camear App က
ရိုက်ချိုးလိုက်ပါတယ်...
သူ့ရဲ့ camera app မှာပါတဲ့ Sense mode တွေနဲ့တင် တော်တော်လေးကို ရိုက်လို့ကောင်းနေပါပြီ...
နောက် features တစ်ခုဖြစ်တဲ့ Business card တို့ကို camera လေးနဲ့ scan
ဖတ်ပြီ: contact ထဲ အော်တို add ပေးတဲ့ features ကိုလဲ ကြိုက်တယ်...
တစ်ခါတစ်လေမှ သုံးဖြစ်တယ် ဆိုပေမဲ့ အသုံးဝင်တဲ့ features တစ်ခုပဲ..
နောက်ထပ်ကြိုက်တာ တစ်ခုက တော့ Wireless Charging technology ကို support
ပေးတာပဲ.. HTC One က support လုပ်မလုပ်တော့ သေချာ မသိဘူး... Galaxy S4
ကတော့ support လုပ်တာ သေချာတယ် ...
ကျွန်နော့် လိုမျိုး ဖုန်းကို
အပြင်က ပြန်လာရင် အားသွင်:ထားဖို့ မေ့တတ်တဲ့ လူမျိုးတွေ အတွတ်ကတော့
Wireless Charging Technology ဆိုတာတော်တော် လေးကောင်:တဲ့ features ပဲ...
အပြင်က ပြန်လာရင် charging pad ပေါ်ကို ဖုန်းလေး ပစ်တင်ထားရုံပဲ သူပါ့သာ သူအားသွင်:နေလိပ်မယ်...
Mordern phone ဆိုတဲ့ အရသာကို လိုချင်ရင် ဒီနှစ်ခုထဲက တစ်ခုခု ကို ရွေးပါလို့ တိုက်တွန်:ချင်တယ်..
ဖြစ်နိုင်မယ် ဆိုရင် HTC ရဲ့ Hardware Engineers တွေနဲ့ Samsung ရဲ့
SoftwareEngineer တွေပေါင်:ပြီ: ထုတ်တဲ့ phone လေးကိုတော့ ပိုပြီ:
လိုချင်မိတယ် ... :P
One Galaxy ဆိုပြီး ခေါ်မလား မသိဘူး.. :P
ကျွန်နော် ကတော့ နှစ်ခုစလုံးကြိုက်တယ်
HTC One ဆိုရင် သူ့ရဲ့ body design ကို တအားကြိုက်တယ် ... သူ့ရဲ့ body ကိုတည်ဆောက်ထားပုံလဲ မိုက်တယ်...
တစ်ခြားဖုန်းတွေ ထက် ဘော်ဒီက ထူပေမဲ့ အမြင်အရ ပါးတယ်လို့ ထင်ရအောင် လုပ်ထားတာကိုက တအားတော်တယ်
သူ့ရဲ Blink Feed features ကိုလဲ သဘောကျတယ်.. တစ်ခြားဖုန်းတွေမှာ မရှိသေးတဲ့ အပြင် တော်တော်လဲ အသုံးဝင်ပါတယ်..
သူ့ရဲ့ Sense UI ကိုလဲ သဘောကျပါတယ်.. HTC Phone ဆိုတာ ဒါမျိုးဆိုပြီ: ကွဲထွက်သွားစေတဲ့ UI ပါပဲ..
Galaxy S4 ကို တော့ သူရဲ့ features တွေ function တွေကို သဘောကျတယ်... Android phone ချင်းအတူတူ တောင်သူက တစ်ခြားဖုန်းတွေထက် features တွေ function တွေက ခေါင်းတစ်လုံးသာနေတယ်..
သူ့ရဲ့ Quick Galance features ဆိုရင် ကျန်တဲ့ phone တွေမှာ မမြင်ဖူးသေးဘူး တော်တော် လဲမိုက်ပါတယ်..
ပြီ:တော့ နောက်ထက် အသုံးဝင်တဲ့ features က Smart Scholl ပဲ PDF တစ်ခုဖြစ်ဖြစ်.. Website တစ်ခုဖြစ်ဖြစ် ဖတ်နေရင်:နဲ့ Scholl ဆွဲစရာရှိရင် ဖုန်းကိုင်ထားတဲ့လက်လေးကို နဲနဲလေးလှုပ်လိုက်ရုံနဲ့ Scholl ဆွဲပြီ:သားဖြစ်သွားပြီ ....
အဲ့ဒီ့ features ကတော့ တစ်ခြား phone တွေမှာ မပြောနဲ့ အဲ့ဒီ့ features လိုမျိုးဆင်တူ တောင် google play မှာ app မရှိသေးဘူး
ကျန်တဲ့ Smart Stay တို့ Smart Pause တို့ Air View တို့ Muiti_Window တို့ က တော့ တစ်ခါတစ်လေမှ သုံးဖြစ်တာပါ ဒါပေမဲ့ သုံးဖြစ်တိုင်းလဲ Innovative ဖြစ်တယ်ဆိုတဲ့အချက်ကို ခံစားရတယ်... :)
ပိုကောင်းလာတာကတော့ Camera App ပဲ .. phone camera က professional level ကို တက်မလာနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ကို Galaxy S4 မှာပါတဲ့ Camear App က ရိုက်ချိုးလိုက်ပါတယ်...
သူ့ရဲ့ camera app မှာပါတဲ့ Sense mode တွေနဲ့တင် တော်တော်လေးကို ရိုက်လို့ကောင်းနေပါပြီ...
နောက် features တစ်ခုဖြစ်တဲ့ Business card တို့ကို camera လေးနဲ့ scan ဖတ်ပြီ: contact ထဲ အော်တို add ပေးတဲ့ features ကိုလဲ ကြိုက်တယ်... တစ်ခါတစ်လေမှ သုံးဖြစ်တယ် ဆိုပေမဲ့ အသုံးဝင်တဲ့ features တစ်ခုပဲ..
နောက်ထပ်ကြိုက်တာ တစ်ခုက တော့ Wireless Charging technology ကို support ပေးတာပဲ.. HTC One က support လုပ်မလုပ်တော့ သေချာ မသိဘူး... Galaxy S4 ကတော့ support လုပ်တာ သေချာတယ် ...
ကျွန်နော့် လိုမျိုး ဖုန်းကို အပြင်က ပြန်လာရင် အားသွင်:ထားဖို့ မေ့တတ်တဲ့ လူမျိုးတွေ အတွတ်ကတော့ Wireless Charging Technology ဆိုတာတော်တော် လေးကောင်:တဲ့ features ပဲ...
အပြင်က ပြန်လာရင် charging pad ပေါ်ကို ဖုန်းလေး ပစ်တင်ထားရုံပဲ သူပါ့သာ သူအားသွင်:နေလိပ်မယ်...
Mordern phone ဆိုတဲ့ အရသာကို လိုချင်ရင် ဒီနှစ်ခုထဲက တစ်ခုခု ကို ရွေးပါလို့ တိုက်တွန်:ချင်တယ်..
ဖြစ်နိုင်မယ် ဆိုရင် HTC ရဲ့ Hardware Engineers တွေနဲ့ Samsung ရဲ့ SoftwareEngineer တွေပေါင်:ပြီ: ထုတ်တဲ့ phone လေးကိုတော့ ပိုပြီ: လိုချင်မိတယ် ... :P
One Galaxy ဆိုပြီး ခေါ်မလား မသိဘူး.. :P
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ
Kyaw Ko Kyaw shared Myanmar Online News's photo.
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာSaturday, June 29, 2013
အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။
ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။
ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။
နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။
----
Ref;Wiki
Freddy ( MM Social Sky )
မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ကြပါဦး။ ""33333 969""ကရသမျှကို လှူချင်လို့ပါ။ တဲ့ဗျာ
Aung Myin Lun and Than Naing Zaw shared သာသနာနွယ် သာသနာနွယ်'s photo.
မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့်""33333 969""ကရသမျှကို လှူချင်လို့ပါ။
------------------------------
မိမိဒီနေ့မွေးနေ့လက်ဆောင်အဖြစ်၁
ဒကာလေးကဂဏန်းလေးတွေလှနေတာကြောင့
သုံးသိန်းနဲ့ဝယ်ပြီးလှူပေးတာပါ။
ဖုန်းနံပါတ်က-33333 969 ပါ
မိမိမှာလည်းဖုန်းရှိနေတာကြောင့်
ဒါကြောင့်ဒီဖုန်းဆင်းကဒ်လေးကိုအ
ဗုဒ္ဓဘာသာလူမျိုးလက်ထဲကိုထည့်ပေး
ရသမျှငွေကြေးအားလုံးကိုတစ်ပြားမ
ဒါကြောင့်မိမိလိုချင်တဲ့ဈေးနှုန
Comment Box ကနေ ၀င်ရောက်ပေးနိုင်ပါတယ်။
အမြင့်ဆုံးဈေးနှုန်းပေးပြီးပါကဖ
ကိုဆက်သွယ်နိုင်ပါတယ်။