This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 4, 2013

အ လုိ မ တူ ဘဲ ေ ဆ း မ င္ ေ ၾက ာ င် အ ထိုး ခံ ရ တဲ့ မိ န်း မ

by Aung Yin Nyein on Friday, January 4, 2013 at 6:41am 

Her World Magazine, 2007
OTELLI EDWARDS & PATRICK SIN ရဲ့
My Husband had tattooed by force ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။
  
# # # 
                     လွန်ခဲ့တဲ့ သြဂုတ်လက ယောက်ျားလေး သူငယ်ချင်းတစ်ယောက်နဲ့ Hawker Centre မှာ အက်ရှင်ဇာတ်ကားကြည့်၊ ညစာအတူစား၊ မိန်းကလေး သူငယ်ချင်း မီယာ့ တိုက်ခန်းကို ပြန်လာပြီး တဲ့နောက် နောက်တစ်နေ့ မနက် ၆ နာရီမှာ အဲဒိ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
ကာယကံရှင်ရဲ့ ဖွင့်ဟ၀န်ခံချက်

                    အိပ်ရာ ခုတင်ဘေး စားပွဲပေါ် စလင်းဘက်ဂ် အိတ်တင်ဖို့ ပြင်ဆင်လက်စ အခန်းထဲ လှမ်းဝင်လိုက်တဲ့ အချိန်မှာ အခန်းက မှောင်မည်းနေပါတယ်။ ဘေးဘီကို လှည့်ကြည့်ုလိုက်တော့ ကျွန်မရဲ့ နောက် ညာဘက်နားမှာ ရပ်နေတဲ့ နောက် အိမ်ထောင် ဂျွန့်ကို တွေ့ရတယ်။ သူ့ ထုံးစံအတိုင်း ကျွန်မကို ဒေါသတကြီး ကြည့်နေတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ဘာအမှားအယွင်း တစ်ခုမှ သတိမထား မိပါဘူး။
                    သူက ကျွန်မ ဘယ်သွားနေတာလဲ၊ ဘယ်သူနဲ့ အပြင်ထွက်နေတာလဲလို့ မေးတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင်ကြည့်၊ ညစာစားဖို့ အပြင်ထွက်ခဲ့တာလို့ ကျွန်မ အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ ထုံးစံအတိုင်းပဲ၊ ကျွန်မ အဲဒီ သူငယ်ချင်းနဲ့ ည အတူအိပ်ခဲ့တယ်လို့ သူ အော်ဟစ် စွပ်စွဲပါတော့တယ်။
                    ရန်ပွဲ အရှိန် မြင့်တက်နေတုန်းမှာပဲ သူ စိတ်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်တယ်။
                    ပြီးတော့ " အဲဒါ လုပ်ဖို့ ရယ်ဒီ " လို့ အော်ပြောလိုက်တယ်။
                    မှောင်နေတဲ့ ဧည့်ခန်းရဲ့ အရိပ်တွေဆီကနေ ဂျိမ်းစ် ထွက်လာတယ်။
                   ဂျိမ်းစ်က မီယာ့ တိုက်ခန်းမှာ နေတယ် ဆိုပေမဲ့ သူ့ကို ကျွန်မ သိတယ် ဆိုရုံလေးပါပဲ။ ဒီ အကြမ်းဖက်ဆန်တဲ့ အဖြစ်အပျက် မဖြစ်ခင် သီတင်းပတ်တွေကမှ ပိုသိလာတာပါ။ ဂျိမ်းစ် က ကျွန်မ ယောက်ျား ဂျွန်နဲ့ ပြီးခဲ့တဲ့ တစ်လလောက်ကမှ တွေ့ဆုံသိကျွမ်းခဲ့တာ ဆိုပေမဲ့ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့ကြတယ်။ ဂျိမ်းစ်က ဆေးမင်ကြောင် ထိုးတဲ့ အလုပ်ကို တရားမ၀င်လုပ်နေတဲ့ ၀ါသနာရှင်တစ်ယောက်ပါ။ ကျွန်မ တစ်သက်တာလုံး အမာရွတ်စွဲကျန်ရစ်အောင် သူ့ ဆေးမင်ကြောင်စုတ်တံနဲ့ အထိုးခံရလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပါဘူးရှင်။
                   သူတို့နှစ်ယောက် ကျွန်မကို နောက်ကနေ ခပ်ကြမ်းကြမ်း ဆွဲခေါ်လိုက်တယ်။ အခန်းတံခါးလော့ခ်ချ ၊ ကျွန်မ မျက်နှာကို အ၀တ်နဲ့ စည်း၊ ပါးစပ်ထဲ အ၀တ်စုတ်တစ်ခု ထိုးထည့်ပြီး တိပ်နဲ့ ကပ်ထားလိုက်ကြတယ်။ အဲဒီနောက် ခုတင်တိုင်မှာ ခြေရော လက်ပါ ကန့်လန့်ဖြတ် အနေအထားနဲ့ နိုင်လွန်ကြိုးနဲ့  တုပ်၊ ဂျွန်က ကျွန်မရဲ့ ဘလောက်စ် အကျီင်္နဲ့ ဘရာစီယာကို ဆွဲဖြုတ်ပစ်လိုက်တယ်။
                   ###
                   ဆေးမင်ကြောင် ထိုးစက် တဒီးဒီး မြည်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရတော့ ကျွန်မ သွေးပျက် ထိတ်လန့်သွားမိတယ်။ သူတို့ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ကြတော့မယ် ဆိုတာလည်း သိလိုက်တယ်။ ကျွန်မရဲ့ အော်ဟစ်ညည်းညူသံနဲ့ ဆေးမင်ကြောင် စုတ်တံရဲ့ နားမချမ်းသာဖွယ်ရာ အသံကို ဖုံးလွှမ်းသွားအောင်လို့ တက္ကနိုမြူးဇစ်ကို စတီရီယိုသံ ပြောင်းပြီး အသံချဲ့လိုက်ကြတယ်။
                   ဂျွန်က ကျွန်မကို ခြေထောက်တွေနဲ့ ကားယားခွထားပြီး လှုပ်လှုပ်ရှားရှား မလုပ်ဖို့ သတိပေးတယ်။ တကယ်လို့ ကျွန်မသာ လှုပ်ရှားမိရင် သူ သောက်နေတဲ့ စီးကရက်မီးနဲ့ ထိုးမှာပဲတဲ့။ နို့သီးခေါင်းလေးတွေနားက နူးညံ့တဲ့ အရေပြားကို ဂျိမ်းစ် ဆေးမင်ကြောင် စထိုးလိုက်တော့ ကျွန်မ ထိတ်လန့် မင်တက်သွားမိတယ်။ အရမ်း နာကျင်ပေမဲ့ ကျွန်မ မအော်နိုင်ပါဘူး။ အဲဒါက နေရာတစ်နေရာ တည်းကို ဆေးထိုးအပ်ချွန်ချွန်နဲ့ တစ်ချက်ပြီး တစ်ချက် ဆောင့်ထိုးနေတာနဲ့ တူတယ်။ အရုပ်ထိုးနေတုန်း သွေးတွေကို အ၀တ်တစ်ခုနဲ့ သုတ်နေလို့ အရေပြားက သွေးတွေ ယိုစီး ထွက်နေတယ် ဆိုတာ ကျွန်မ သိနေရတယ်။
                   ရင်သားတွေကို အရုပ်ထိုးပြီးသွားတော့ ဂျွန်က.......
                   " အခု မင်းကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ မင်း ငါ့ဆိ ပြန်လာရတော့မယ် " လို့ ကျေနပ်အားရနေတဲ့ ပုံစံနဲ့ ပြောတယ်။
                  ဂျွန်က ဘယ်နေရာပြီးရင် ဘယ်နေရာကို အရုပ်ထိုး ဆိုပြီး အမိန့်တွေ ပေးနေတယ်။
စာ ဆ က် စီ နေ သည် :P

ကြေးစင်တောင်ကို ကိုယ်ကျိုးအတွက် အသုံး ပြုခဲ့ပုံများနှင့် အရှုပ်တော်ပုံများ၊........

ကြီးမားလှတဲ့ ကြေးနီစီမံကိန်းဟာ ၁၉၉၈ မှာ ကနေဒါ ကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုက စတင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ နိုင်ငံတကာ သတ္တုတွင်းကုမ္ပဏီဖြစ်ပြီး ကြေးနီ၊ ရွှေနဲ့ ကျောက်မီးသွေးတွေကို အာရှပစိဖိတ်ဒေသမှာ တူးဖော်ပါတယ်။ အိုင်ဗင်ဟိုနဲ့ မြန်မာအစိုးရသတ္တုတွင်းဌာနက ၅၀% စီ စပ်တူလုပ်ခဲ့ကြပါတယ်။

၂၀၁၂၊ သြဂုတ်လမှာ အိုင်ဗင်ဟိုက တာကွိုက်ဟေး သံယံဇာတများ ဆိုတဲ့နာမည်ကို ပြောင်းလိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် ရောဘတ်ဖရိုင်းလန်း က ဧပြီလ ၂၀၁၂ မှာ နှုတ်ထွက်သွားခဲ့ပါတယ်။ ( ဂျာမန်ဘာသာစကားမှာ ဖရိုင်းလန်း ဆိုတာ ငြိမ်းချမ်းသောနယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။ )

လတ်တလောဖြစ်စဉ်

သတ္တုတွင်းကရတဲ့ ၀င်ငွေဟာ စစ်အစိုးရရဲ့ တရားဝင်အများဆုံးရတဲ့ငွေပါပဲ။ အိုင်ဗင်ဟိုနဲ့ အခြား ကနေဒါကုမ္ပဏီတွေဟာလည်း အမေရိကန်တားမြစ်နေပေမယ့် နှစ်ပေါင်းများစွာ ၀င်ငွေသောက်သောက်လဲ ရခဲ့ပါတယ်။ သူတို့ဟာ တခြားလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေပါတယ်။ ( ခင်ဗျားတို့ လက်ညှိုးထိုးချင်နေမယ့် Unocal/ Chevron ကုမ္ပဏီကို စီမံကိန်းအသစ်တွေ၊ ရှိရင်းစွဲလုပ်ငန်းကို တိုးချဲ့ခွင့်တွေ လုပ်ခွင့်မပေးပါဘူး။ လက်ရှိကတော့ တရုတ်နဲ့ ထိုင်းက အသေအလဲလိုချင်နေတဲ့ ပိုက်လိုင်းတခုပဲလုပ်နေတာပါ။ Chevron သာထွက်သွားမယ်ဆိုရင်လည်း ငွေတွေနဲ့ ဓါတ်ငွေ့တွေကတော့ ကုမ္ပဏီအသစ်လက်ထဲမှာ စီးမြဲစီးနေမှာပါပဲ။ Chevron ရဲ့ မြန်မာပြည်တွင်းမြှပ်နှံမှုက ၂-၃% လောက်ရှိပါတယ်။ )

၂၀၀၇ ခုနှစ်မှာ ကနေဒါနိုင်ငံက ပိတ်ဆို့မှုတွေလုပ်ဖို့ သဘောတူလိုက်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ၂၀၀၇ ခုနှစ်အစောပိုင်းမှာ အိုင်ဗင်ဟိုက မြန်မာပြည်ကလုံးဝထွက်သွားပါပြီလို့ ကြေငြာခဲ့ပါတယ်။ သူ့လုပ်ငန်းတွေကိုလည်း အမည်မဖော်တဲ့ တတိယအုပ်စုကိုလွှဲပြောင်းလိုက်ပြီး ငွေစာရင်းရှင်းတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို လျို့ဝှက်ထားခဲ့ပါတယ်။

အိုင်ဗင်ဟိုက တရုတ်ကုမ္ပဏီ ၃ ခုနဲ့ ဈေးဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) ကိုသာရောင်းရမယ်လို့ ဆိုပါတယ်။ ပြီးတော့ အိုင်ဗင်ဟိုက မြန်မာအစိုးရကို အခွန်တွေအများကြီးဆောင်ရပါမယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေကတင်းကျပ်လာပြီး ပြသနာတွေများလာတော့မှာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုအတွက် ကုန်ကျစားရိတ်တွေကြီးမြင့်လာတော့မှာတွေကြောင့် အိုင်ဗင်ဟိုက အရမ်းကိုထွက်သွားချင်နေပါပြီ။ အိုင်ဗင်ဟိုနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) တို့ဟာ ဈေးနှိမ်ပြီး ဒေါ်လာသန်း၁၀၀ နဲ့ စာချုပ်ချုပ်ကြပါတယ်။ စစ်အစိုးရက အပေါ်စီးနဲ့ပါ။ ပြီးတော့ သတ္တုတွင်းဌာနက ပေးစရာပိုက်ဆံမရှိဘူးလို့ပြောပါလေရော။ တကယ်က သတ္တုတွင်းဌာနက အိုင်ဗင်ဟိုရှယ်ယာအားလုံးကိုယူပြီး တရုတ်ကိုရောင်းချင်တာပါ။ ဒီရှူပ်ထွေးပွေလီပြီး မယုံကြည်ရတဲ့အခြေအနေမှာ( ဦးသန်းရွှေသမီးနဲ့လက်ထပ်ထားတဲ့) ဦးတေဇကို တရုတ်တွေနဲ့ ပွဲစားလုပ်ပေးဖို့ ပြောပါတယ်။ တရုတ်တွေက ဒေါ်လာသန်း ၂၅၀ ပေးဖို့သဘောတူပါတယ်။ ဦးတေဇက ဒေါ်လာသန်း၅၀ ပွဲစားခရပါတယ်။

( တကယ်တော့ ဦးတေဇရဲ့ လက်ထောက်၊ ပုဂံလေကြောင်းလိုင်း ဒုဥက္ကဌ လုလု ကသာ အများဆုံးလုပ်သွားတာပါ။ လုလုဟာ ကောက်ကျစ်စဉ်းလဲတဲ့ စီးပွားရေးသမားဖြစ်ပြီး တရုတ်စကားပြောကျွမ်းကျင်ပါတယ်။ တခါတလေမှာ သူ့ဆီက ဦးတေဇကသင်သွားတာပါလို့ ထုတ်ကြွားတတ်ပါတယ်။ )

တရုတ်တွေကကော၊ မြန်မာတွေကပါ သဘောတူထားတာထက်ပိုရချင်ကြတော့ ၂၀၁၁ အထိကြာသွားပါတယ်။ ဒီနောက်မှာတော့ မုံရွာကြေးနီစီမံကိန်းဟာ ၀မ်ပေါင်နဲ့ (၀မ်ပေါင်က နော်ရင်ကို လက်နက်ကုမ္ပဏီကြီးရဲ့ လက်အောက်ခံပါ။) မြန်မာဦးပိုင် က ပိုင်သွားတယ်လို့ဆိုပါတယ်။

အမေရိကန်သံရုံးက အိုင်ဗင်ဟိုကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ အိုင်ဗင်ဟိုဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့မှုတွေကို အာခံခဲ့ပြီး ၂၀၀၇ မှာ ရုတ်သိမ်းခဲ့တယ်လို့ လိမ်ပြီးကြေငြာခဲ့တာ ပေါ်လာပါပြီ။ သက်သေအထောက်အထားတွေ အမေရိကန်သံရုံးမှာ ရှိပါတယ်။ အိုင်ဗင်ဟိုက လဘ်ထိုးမှုတွေ၊ အပေးအယူတွေကို ဖုံးကွယ်မှုတွေနဲ့ တားမြစ်ချက်တွေကို အနှောင့်အယှက်ပေးခဲ့ပါတယ်။

သတ္တုတွင်းနေရာ

မုံရွာကြေးနီတွင်းဟာ တွင်းဟောင်းလောင်းကြီးပါ။ ဒါဟာသစ်ပင်တွေ၊ စိုက်ပျိုးပင်တွေကို ပျက်စီးမှုအများဆုံး သတ္တုတွင်းတူးနည်းပါပဲ။

အဲဒီဒေသမှာ ရေစီးဆင်းမှုနဲ့ မြေပြင်ဟာပျက်စီးသွားပါတယ်။ ဒီတွင်းဟောင်းကြီးကလည်း အနာဂတ်မှာ ပြန်သုံးလို့မရတော့ပါဘူး။ ၂၀၀၆ ခုနှစ်က အဲဒီနေရာကို ကျွန်တော်ရောက်ဖူးပါတယ်။ မန္တလေးကနေတဆင့် စစ်ကိုင်းနားမှာ ဧရာဝတီမြစ်ကို ဖြတ်ပြီး မုံရွာကို တော်တော်ကြာအောင်သွားရပါတယ်။ မုံရွာကနေတဆင့် ချင်းတွင်းမြစ်ကိုဖြတ်ပြီး ကွင်းပြောင်ကြီးကို တော်တော်ဖြတ်ရပါသေးတယ်။ သစ်ပင်လုံးဝမရှိ၊ ရေအိုင်အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်ရေတွေနဲ့ သိပ်ဆင်းရဲတဲ့ အိမ်လေးတွေမှာ ကလေးတွေက အဆိပ်ရေအိုင်တွေနားမှာပဲ ကစားနေကြပါတယ်။ ဓါတ်ပုံတော့ရိုက်လို့မရခဲ့ပါဘူး။ အဲဒီနားမှာ ရဲတွေရှိနေပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေကြပါတယ်။ အိုင်ဗင်ဟိုက ဒီလိုပျက်စီးမှုတွေကနေ ထွက်ပြေးသွားပြီး နောက်ဆက်တွဲ တရားရင်ဆိုင်ရမယ့်အဖြစ်ကနေ ရှောင်သွားတယ်ဆိုတာ ရှင်းနေတာပါပဲ။

တရုတ်တွေတူးမယ့်နေရာက လက်ပံတောင်းတောင်လို့ခေါ်ပြီး အခု ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်နေတဲ့နေရာပါ။

ဦးနေ၀င်းနှင့် မြေယာပိုင်ဆိုင်မှုမူဝါဒ

၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး မြေယာအားလုံးနဲ့ စက်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အစိုးရက မြေရှင်ဖြစ်ပြီး ပြည်သူနည်းနည်းကပဲ ဘိုးဘွားပိုင်အထောက်အထားတွေရှိကြပါတယ်။

၁၉၉၀ ဦးခင်ညွန့်လက်ထက်မှာ စစ်အာဏာရှင်တွေက မြေယာဧကပေါင်းတော်တော်များများကို သူတို့နဲ့အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီကြီးတွေ၊ အာဏာရှင် မိသားစုနဲ့ဆွေမျိုးတွေ၊ ခရိုနီ ဦးတေဇ နဲ့ စတီဗင်လော တို့လို စီးပွားရေးသမားတွေကို ရောင်းချခဲ့ပါတယ်။ အများအားဖြင့် လယ်သမားတွေက ဒါကို မသိကြပါဘူး။ နေရာအတော်များများမှာ လယ်မြေတွေက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေကြပါတယ်။ စူပါသူဌေးတွေက ပေါချောင်ကောင်းရထားပြီး အခွန်လည်း မပေးကြပါဘူး။

အခု ရင်းနှီးမြှပ်နှံသူတွေလည်းလာရော အဲဒီလို အာဏာ၊လုပ်ပိုင်ခွင့်တွေသုံးပြီး၊ အကျင့်ပျက်ပြီး ရထားတဲ့ ပိုင်ရှင်တွေက ရွာသားတွေကို ဖယ်ခိုင်းကြပါတယ်။ ကိုယ်ချင်းလည်းမစာ၊ ထိုက်သင့်တဲ့လျော်ကြေးလည်း မပေးတဲ့အပြင် အာဏာရှင်ဟောင်း ဒါမှမဟုတ် အာဏာရှင်စိတ်မပျောက်သေးတဲ့ လက်ရှိအစိုးရအဖွဲ့နဲ့ပေါင်းပြီး ဒီလိုအလွဲသုံးစားလုပ်ထားတာကို ရှက်လည်းမရှက်ကြပါဘူး။

မည်သူ့တွင် တာဝန်ရှိသနည်း

ရှင်းရှင်းပြောရရင်တော့ ကြေးနီစီမံကိန်းသပိတ်စခန်းကို ဖြိုခွင်းဖို့ အမိန့်ပေးတာ သမ္မတဦးသိန်းစိန်လည်းမဟုတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ တရုတ်ပိုင်ရှင်တွေ(ဒါမှမဟုတ်) မန်နေဂျာတွေ(ဒါမှမဟုတ်) ရင်းနှီးမြှပ်နှံသူတွေ က ဒေသခံရဲတပ်ဖွဲ့နဲ့ စစ်တပ်အရာရှိတွေကို လာဘ်ထိုးပြီး ဆန္ဒပြတာတွေကို ရပ်ခိုင်းတာပဲ။ အဲဒီနေရာက ရန်ကုန်၊မန္တလေး၊နေပြည်တော်ကနေ အဝေးကြီး။ အရမ်းဆင်းရဲတယ်။ ခြောက်သွေ့တယ်။ အနားမှာဘယ်သူမှ မသိခင် လုပ်လိုက်လို့ရတယ်လို့ တွေးလိုက်တာထင်တယ်။

အမိန့်ပေးခဲ့တဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တဲ့လူတွေ တရားဥပဒေအတိုင်း ရင်ဆိုင်ရမယ်။

အိုင်ဗင်ဟို၊ သတ္တုတွင်းဝန်ကြီးဌာန (၁) နဲ့ တရုတ်ကုမ္ပဏီတွေကလည်း သူတို့လုပ်ခဲ့တာတွေက သဘာဝပတ်ဝန်းကျင်၊ ဒေသခံလူထုနဲ့ တိုင်းပြည်ပုံရိပ်တွေကို ပျက်စီးစေခဲ့တာမို့ တာဝန်ယူရမယ်။

ဒါ့အပြင် ရောဘတ်ဖရိင်းလန်းကလည်း အများကြီး ရထားတာတွေကို ပြန်သုံးပြီး လက်ပံတောင်းဒေသကို သူ့နာမည်အတိုင်း ငြိမ်းချမ်းသောနယ်မြေဖြစ်အောင် ကြိုးစားသင့်တာပေါ့။

ဆောင်းပါးရှင်းက

Rick Heizman ဖြစ်ပါတယ်။ သူရဲ့  Facebook မှာ ရေးထားတာကို ဘာသာပြန်ထားပါတယ်။

( ဦးလုလုဆိုတာကတော့ မြန်မာပေါက် တရုပ်ပါ။ အမေရီကန်နိင်ငံ က ဂရင်းကဒ် နဲ့ နေနေတယ်လို့ သိရပါတယ်။ ဆန်ဖရန်စစ်စကိုဖက်မှာနေလေ့ရှိတယ်။ )

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး

အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့်
သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ
တစ်ဖနီ ဟာ့တ်ဖို့ဒ်တို့သည် တစ်အိမ်တည်း
အတူနေကြပြီး ကလေးတစ်ယောက်ရရှိ

လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်းဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။

တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

ဘီသဲလ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဟာ့တ်ဖို့ဒ်၏ ယခင် သူငယ်ချင်းဖြစ်သူက သတင်းပေးသဖြင့် သူတို့နှစ်ဦးကိုခေါ်ကာ DNA စစ်ဆေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဟာ့တ်ဖို့ဒ်သည် သူတို့ကို အပြာစာအုပ်နှင့် ဓာတ်ပုံများ၊ ဗီဒီယိုကားများ လာရောင်းလေ့ရှိကြောင်း၊ ထိုအလုပ်ကို သူမသည် အသက် ၁၆ နှစ်အရွယ်ကတည်းက လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ရဲများက သူတို့အိမ်သို့ဝင်ရောက်စစ်ဆေးရာတွင်  ဂျော့ ဆေယာ၏ ကွန်ပျူတာအတွင်းမှ သမီးဖြစ်သူကိုယ်တိုင် ၀တ်လစ်စလစ်ဖြင့် ပုံစံအမျိုးမျိုးပေးပြီး ရိုက်ကူးထားသည့်ပုံများကို တွေ့ခဲ့ရသည်။ သမီးဖြစ်သူက သူမသည် ကိုယ်တိုင် ဖခင်ဖြစ်သူနှင့် ကိုယ်ဝန်မရမီက အပြာဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့ရကြောင်း ၀န်ခံထွက်ဆို ခဲ့သည်။

ဟာ့တ်ဖို့ဒ်၏ သူငယ်ချင်းဖြစ်သူက သူမသည် ထိုအခွေများကို တစ်ခွေလျှင် ဒေါ်လာ ၄၀ ဖြင့် လိုက်လံရောင်းနေ ကြောင်း၊ ဓာတ်ပုံများကိုလည်း တစ်ပုံလျှင် ၅ ဒေါ်လာဖြင့်ရောင်းကြောင်း၊ သူတို့ သားအဖအတူနေသည်ကို သူမ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင့် ၀န်ခံပြောဆိုခဲ့သည်။

ရဲများကစစ်ဆေးစဉ် ပထမ၌ သူတို့နှစ်ဦးစလုံး ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှုရလဒ်ထွက်လာမှ သူမ၏ မိခင်ဖြစ်သူကလည်း အစ်ကိုဖြစ်သူနှင့် အတူအိပ်ပြီး၊ သူမကိုယ်တိုင် ဖခင်နှင့်အတူအိပ်ခဲ့ရကြောင်း ၀န်ခံ သွားသည်ဟု သိရသည်။

သားအဖနှစ်ဦးစလုံးကို လက်ရှိစစ်ဆေးရန် ဖမ်းထားပြီး မဖွယ်မရာပြုလုပ်မှု၊ ပူးပေါင်းကြံစည်မှု၊ တရားမ၀င် ဓာတ်ပုံနှင့် ဗီဒီယိုခွေများရောင်းချမှုတို့ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟုသိရသည်

ကျနော်တို့ လူမျိုးရှေ့မှာ ဒူးထောက်ပြီးပြီ /တိုင်းတစ်ပါး လူမျိုးအောက်မှာတော့ ဒူးထပ်မထောက်ချင်တော့ဘူး

by Sat Paing on Thursday, January 3, 2013 at 4:37am ·

ကျနော်တို့ facebook ပေါ်မှာအပါအ၀င် ၊ ပြည်တွင်းမီဒီယာဂျာနယ်များမှာပါ
အကျယ်တ၀င့် ခဏခဏ ပါရှိပြီး ကျော်ကြားလူသိများတဲ့ သတင်းတစ်ခုကတော့
လူကုန်ကူးမှုရယ် ပြည်ပမှာ ဗီဇာမရှိပဲ မတရားခိုင်းစေခံထားရမှုတွေရယ်
စသဖြင့် ထိုသို့သော သတင်းတွေနဲ့ ဆက်စပ်တဲ့ ကိစ္စအ၀၀ကို
နိုင်ငံတော်အစိုးရအပါအ၀င် သတင်းပေါ်က လူပုဂ္ဂိုလ်များအားလုံးလိုလို သိရှိပြီးဖြစ်ပါလိမ့်မယ်၊

ဆိုလိုတာက နိုင်ငံတော်အစိုးရက ရုပ်မြင်သံကြားတွေကနေမှတစ်ဆင့်
နိုင်ငံပိုင် သတင်းစာတွေကနေမှတစ်ဆင့် အမျိုးမျိုးသော ကြော်ငြာမှုတွေအနေနဲ့
လူကုန်ကူးမှုချက်ချင်းရပ် တို့ အသိပညာပေး စာပေတွေ စသဖြင့် အမျိုးမျိုးသော
လှူပ်ရှားမှုများ လုပ်နေပေမယ့်လဲ ခုချိန်ထိ ထိုထိုသော ဆိုးဝါးတဲ့ သတင်းတွေကတော့
ဆက်တိုက်ဆိုသလို ကြားနေရဆဲပဲဖြစ်ပါတယ် ၊

ဘာကြောင့် နှစ်ပေါင်းများစွာ ကြာနေပေမယ့်လဲ
ခုချိန်ထိ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဟာ
(အဓိက အမျိုးသမီးနှင့် ကလေးငယ်များ များပြား)ထိုသို့သော အဖြစ်မျိုးကို ကြုံဆုံနေရပါသလဲ

ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေပေါ်ကခေတ်ပညာတတ်လူတွေသာ
ဒီဘက်ခေတ်မှာ အရမ်းနည်းပါးစွာ ကြုံတွေ့ခဲ့ကြတာဖြစ်ပြီး
ကျန်အခြားမြို့များစွာမှာတော့ ခုချိန်ထိ ပိုးစိုးပက်စက်ခံစားနေကြရဆဲပဲဖြစ်ပါတယ် ၊
အထူးသဖြင့် တိုင်းရင်းသူတွေ နယ်စပ်တွင် နေထိုင်သူတွေသာ အဖြစ်များနေတာကိုလဲ တွေ့ရပါတယ် ၊

သေချာတာက အားလုံးက မြန်မာနိုင်ငံသူ/နိုင်ငံသားတွေပဲ ဖြစ်ပါတယ်၊

အဲ့ဒီတော့ ဒီလိုတိုင်းတစ်ပါးသားတွေရဲ့ နည်းအမျိုးမျိုးနဲ့ဖမ်းဆီး သတ်ဖြတ် ညှင်းဆဲ ခိုင်းစေနေတာတွေကို
အစိုးရနှင့်တာဝန်ရှိသူတွေက ကိုယ့်လူမျိုးကို တိုင်းတစ်ပါးသားတွေက
 ခုလိုမျိုး ရက်ရက်စက်စက်ယုတ်ယုတ်မာမာလုပ်နေတာတွေကို ထိထိရောက်ရောက် ဘာကြောင့်
မကိုင်တွယ်သလဲဆိုတာကို အရမ်းစဉ်းစားရကြပ်နေပါတယ်၊
ခုလိုမျိုး ပိတ်ကားပေါ်ကနေ စာမျက်နှာတွေပေါ်ကနေပဲ ကြော်ငြာအသိပေးနေရုံနဲ့ ပျောက်မသွားနိုင်ပါ၊

ကိုယ်တိုင်ကိုယ်ကျ ထိထိရောက်ရောက် ထိုသို့သော အရပ်ဒေသများကို လူကိုယ်တိုင်
သွားရောက် အသိပေးသင့်တယ်လို့ထင်ပါတယ် ၊

အဓိက ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ရန်သူကတော့ တရုတ်လူမျိုးနဲ့
ကျနော်တို့ မြန်မာတွေကို ခေတ်အဆက်ဆက် မျက်မုန်းကျိုးမုန်းတီးနေတဲ့
ထိုင်းလူမျိုးများသာ အဖြစ်များနေတာကို သတင်းတွေအရ သိရှိရပါတယ်၊

ဒီတော့ကော အစိုးရရဲ့ ကိုင်တွယ်ပုံက မထိရောက် မအောင်မြင်ဘူး အခုလက်ရှိ
အခြေအနေနဲ့ တိုးမပေါက်နိုင်ဘူးဆိုရင် နောက်တစ်မျိုးပြောင်းစဉ်းစားရမယ်ဆိုတာကို
အလိုလိုသိနေရပါလိမ့်မယ် ၊

တစ်ခုခုဆို လူမျိုးရေးကိစ္စတွေနဲ့ ပက်သက်လာရင် အဓိကနံပါတ်တစ်အချက်အနေနဲ့
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရမှသာ တာဝန်ရှိတယ်ဆိုတာကို လက်ခံရပါမယ်၊

ကျနော်တို့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဟာ ကိုယ့်လူမျိုးအချင်းချင်းရှေ့မှ
ဒူးထောက်နေရရုံနဲ့အားမရနိုင်ပဲ ခုလိုတိုင်းတစ်ပါးလူမျိုးတွေအောက်မှာပါ
ဒူးထောက်နေရတာကတော့ တစ်စိတ် အစိုးရ လွန်နေပြီလို့ ထင်ပါတယ် ၊

ကျနော်သိသလောက်တော့ အစိုးရအဖွဲ့အစည်းမှာလဲ ကြီးကြီးမားမား ကိုင်တွယ်ဖြေရှင်းနေရတဲ့
ပြသနာဟာ မရှိသလောက် ရှားပါတယ် ၊ အကယ်၍ ဖြစ်ပေါ်လာတဲ့ ပြသနာတိုင်းဟာလဲ
တခဏအတွင်း ပြီးစီးသွားတာကိုလဲ တွေ့ရပါတယ်
မီးကိစ္စ လမ်းကိစ္စ ဧရာဝတီကိစ္စ ဘာကိစ္စ ညာကိစ္စ စသဖြင့် အားလုံးဟာ
တခဏအတွင်းမှာတင် ပြီးစီးသွားပါတယ်၊ အချိန်ကြာမြင့်စွာ မပြီးစီးနိုင်သေးတာဆိုလို့
ပြည်တွင်းစစ်တစ်ခုတည်းသာ ဖြစ်နေပါတယ် ၊ ထားတော့
ပြည်တွင်းစစ်ဆိုပြန်တော့လဲ ဒီကိစ္စနဲ့ပက်သက်ပြီး
အဓိကတာဝန်ယူကိုင်တွယ်ဖြေရှင်းနေရတာဟာလဲ အစိုးရအဖွဲ့အစည်းတစ်ခုလုံးမဟုတ်ပဲ
စစ်တပ်သာ ဖြစ်ပါတယ် ၊ ဒီတော့ ကျနော်တင်ပြချင်တဲ့အချက်နဲ့ စစ်တပ်နဲ့ဟာ
 တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ချင်မှ ဆက်စပ်ပါလိမ့်မယ်
အကယ်၍ စစ်တပ်ပါဝင်မှသာ ဒီလိုမျိုးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလို့ရမှာကတော့ မဟုတ်နိုင်ဘူးလို့ ထင်ပါတယ် ၊

ဒီတော့ လစ်ဟင်း လစ်ဟာနေတဲ့ တာဝန်ရှိသူတွေ အများကြီးပါ  . . . သူတို့ ဘာတွေလုပ်နေကြသလဲ ?

အဲ့ဒီမေးခွန်းက အရမ်းအရေးကြီးတယ် ၊ မြန်မာနိုင်ငံက ကျရာ နေရာအသီးသီးက ပုဂ္ဂိုလ်တွေဟာ ဘာတွေလုပ်နေကြသလဲ  . . .
ကျနော်တို့ ခင်ဗျားတို့ ဘယ်သူမှ မသိကြပါ ၊သူတို့ပြောသမျှလေးသာ သိခွင့်ရတဲ့ အခြေအနေတစ်ခုမှာ
ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာကို မျက်စိတ်ပိတ် နားပိတ်နဲ့သာ ရမ်းသမ်း အဖြေရှာနေကြတုန်းပဲ ဖြစ်ပါတယ် ၊

ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကိုယ့်လူမျိုးအချင်းချင်း နှိပ်ကွပ်ရောင်းစားနေတယ်လို့တောင် စွတ်စွဲရပါတော့မယ် ၊
အစိုးရရဲ့ ထင်သာမြင်သာ ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ
သေချာတာက ဘယ်သူတွေအတွက် ကောင်းမွန်သွားလဲ မသိပေမယ့်
ကျနော်တစ်ဦးတည်းနဲ့ ကျနော်တို့ မိသားစုအတွက်တော့ ဘာတစ်ခုမှ မထူးခြားသွားပါ ၊
ဒီတော့ ကျနော်တို့က ဒီအစိုးရနဲ့ပက်သက်ပြီး ကောင်းမွေ ဆိုးမွေကို မခံစားရပေမယ့်
လက်ရှိအချိန်မှာတော့ အခြားလူပုဂ္ဂိုလ်များမှာတော့ ရောင်းစားခံရ နှိပ်စက်ခံရ
ဖမ်းဆီးခံရ သတ်ဖြတ်ခံရ စသဖြင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေကြားမှာကျင်လည်နေရတာကတော့ လုံးဝကို မဖြစ်သင့်ပါ၊

ဘာကြောင့် အစိုးရကို အပြစ်တင်ရသလဲ အစိုးရအပေါ် အားလုံးကို ပုံချရသလဲ?

အဖြေက ရှင်းပါတယ် ကျနော်တို့ ခင်ဗျားတို့အားလုံးရဲ့
အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရောက်ရှိနေတဲ့ အတွက်
တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို
သားသမီးမကောင်း မိဘခေါင်းဆိုသလို
တိုင်းသူပြည်သားများ ဒုက္ခရောက်ခြင်း မရောက်ခြင်းဟာလဲ
အစိုးရခေါင်းပါပဲ၊

ဒီတော့ ကျနော်တို့ တစ်ခုခုဆို အစိုးရကိုပဲ အပြစ်ပုံချရတာဖြစ်ပါတယ်၊
ဒီကိစ္စမျိုးတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ဖြစ်နေတာလားဆိုပြန်တော့လဲ
မဟုတ်ပါဘူး ကမ္ဘာနိုင်ငံအတော်များများမှာ ဖြစ်လေ့ဖြစ်ထ ဖြစ်နေတာဆိုပေမယ့်လဲ
ဒီဘက်ခေတ် တိုးတက်လာသော ခေတ်ကြီးမှာတော့ အရမ်းကို နည်းပါးနေပြီပဲ ဖြစ်ပါတယ်၊

အဓိကပြသနာကတော့ ဆင်းရဲမွဲတေခြင်းကနေစပါတယ် ၊
ကျနော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ် တစ်ခုခုဆို သည်းခံကြတယ်
အားနာကြတယ် သနားတတ်ကြတယ် စသဖြင့် ဂုဏ်ပုဒ်တွေ တံဆိပ်တွေ ကပ်ထားကြတယ်
တကယ်က ဒါတွေအားလုံးဟာ တကယ့်လူနေမှုဘ၀မှာတော့ စောက်ရေးမပါတဲ့ ဂုဏ်ပုဒ်တွေပဲ ဖြစ်တယ် ၊
အမြဲတမ်း သည်းခံတာတွေ အမြဲတမ်း အားနာတာတွေ အမြဲတမ်း သနားတာတွေဟာ
 ကိုယ့်သေတွင်း ကိုယ်တူးတယ်လို့ သတ်မှတ်ရတော့တယ် ၊

ဖြစ်နေတာတွေ အများကြီးထဲမှာမှ ကျနော်ထုတ်နုတ်ကောက်ယူတင်ပြတာကတော့
ဒီအချက်ကလေးတစ်ချက်ပဲ ဖြစ်ပါတယ် ၊ အစိုးရရဲ့ ညံ့ဖျင်းမှုတွေ လိုအပ်မှုတွေကတော့
ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ၊ တစ်ခုချင်းစီကို အစဆွဲထုတ်မယ်ဆိုရင်တော့
ကျနော်လဲပဲ ခုချိန်ဆို ထောင်ထဲကတောင် ထွက်နိုင်မည်မထင်ပါ ၊ ရှိစေ ၊

ဒီတော့ အစပြန်ကောက်ရမယ်ဆိုရင် လူကုန်ကူးခံရမှုတွေ အလိမ်အညာ ခံရမှုတွေရဲ့အစကတော့
ပညာမတတ်ခြင်းပဲ ဖြစ်တယ် ၊ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာတောင်
ပညာမတတ်တဲ့လူတွေ ရှိနေတာကို တွေ့ရတယ်
ဒီတော့ နယ်စွန်နယ်ဖျားက လူပုဂ္ဂိုလ် တောရွာတွေက လူပုဂ္ဂိုလ် ဘာသာစကားမတူညီသော
တိုင်းရင်းသား လူမျိုးနွယ်များ စသဖြင့် ပညာမတတ်တဲ့ လူတန်းစားဟာ
 ပညာတတ်တဲ့ လူတန်းစားထက်တောင် များပြားနေတယ်လို့ ကျနော်တော့ ထင်မြင်မိတယ်

အရေးကြီးတဲ့ အချက်တစ်ခုက စာတတ်တိုင်း ပညာတတ်တာမဟုတ်ဘူးဆိုတာပဲဖြစ်တယ်
ကျနော်တို့ ခင်ဗျားတို့အားလုံးနီးပါးဟာ စာတတ်မြောက်ကြပေမယ့် ပညာမတတ်ကြတာတွေများတယ်
ဒီတော့ စာတတ်တာတောင် ပညာမတတ်ဘူးဆိုရင် စာမတတ်တဲ့ ထိုထိုသောပုဂ္ဂိုလ်များဟာ
အဘယ်မှလာပြီး ပညာတတ်ပါတော့မလဲ  . . .

သူတို့လေးတွေကို စာသင်ပေးရမယ် ပညာသင်ပေးရမယ်
လူ့အဖွဲ့အစည်းအမျိုးမျိုးကနေ တစ်နိုင်တစ်ပိုင် ပညာရေးလှူဒါန်းမှုတွေ ရှိနေသေးပေမယ့်လဲ
အားနည်းနေသေးတယ် ဒါတောင် မသမာတဲ့ လှူဒါန်းမှုတွေ ရှိနေသေးတယ်
သတင်းအတိအကျရယ် သက်သေအခိုင်အမာမရတာရယ်ကြောင့်သာ တရားဝင် မဖော်ပြတာပဲ ဖြစ်တယ်
ဘုန်းတော်ကြီးပညာသင်ကျောင်းများရဲ့ မသမာမှုတွေကို တစ်ချိန်မှာတော့ ဖော်ထုတ်ဖြစ်မယ်လို့ ထင်ပါတယ် ၊

ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို အစိုးရအသစ်လက်ထက်မှာ အများအပြားတွေ့ရမြင်ရတယ်
ဒါပေမဲ့ အားလုံးသော ပြည်သူလူထုတွေဟာ သူတို့တစ်ဦးတစ်ယောက်တည်းအတွက်သာ
တောင်းဆိုနေတာကို အံ့သြစွာတွေ့ရှိလိုက်ရတယ်
ဘယ်ပြည်သူတစ်ဦးတစ်ယောက်က လူကုန်ကူးခံရမှုတွေ ခုလိုအဖြစ်အပျက်မျိုးတွေနဲ့ပက်သက်ပြီး
ဆန္ဒပြတောင်းဆိုတာ မြင်ဖူးသလဲ . . ကျနော်တော့ မမြင်ဖူးပါ၊

လူတွေက ကိုယ့်ဒုက္ခသာ အကြီးဆုံးလို့ ထင်တတ်တာ သဘာဝပဲလို့တော့ ပြောကြလိမ့်မယ်၊
ဘယ်ဒုက္ခက လောကမှာအကြီးမားဆုံးလဲလို့ ကိုယ့်ကိုကိုယ်ပဲ ဖြစ်ဖြစ်
တစ်ပါးသူတစ်ဦးတစ်ယောက်ကိုပဲ ဖြစ်ဖြစ် မေးမြန်းဖူးကြသလား?

ကျနော်ထင်ထား သိထားတဲ့ ဒုက္ခကတော့ ကိုယ့်စိတ်ကို ကိုယ်မအောင်နိုင်ခြင်းသော
ဒုက္ခသာ လောကမှာ အကြီးမားဆုံး ဒုက္ခဖြစ်တယ် ၊

ကျနော်တို့စိတ်ကို ကျနော်တို့ နိုင်အောင်ထိန်းချုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ
ငွေကြေး ချစ်ခြင်းမေတ္တာ ဇိမ်ခံပစ္စည်းအမျိုးမျိုး မူးယစ်ဆေးဝါးအမျိုးမျိုး
စသဖြင့် ထိုထိုသော အရာတွေလိုအပ်မှာလား ?

မဟုတ်ပါဘူး ကျနော်တို့စိတ်ကို ကျနော်တို့ နိုင်အောင်ထိန်းချုပ်ဖို့အတွက်
တစ်ခုတည်းသော လိုအပ်ချက်ကတော့  (                       )
ဘာဖြစ်နိုင်သလဲဆိုတာကို ကိုယ့်ဟာကို အဖြေရှာစေချင်ပါတယ် ၊
ထားတော့ . .  .

ဒီတော့ ကျနော်တို့အစိုးရထံကနေ ဘာတွေတောင်းဆိုသင့်တယ်ဆိုတာကို သိရှိနားလည်ပြီလို့ ထင်ပါတယ်
 မကြာခင် လူမျိုးပြုတ်တော့မယ် ဘာသာတရားတွေ ကွယ်ပျောက်တော့မယ်
သာသနာတော် ပျက်စီးတော့မယ် စသဖြင့် တစ်ဆင့်ချင်းစီကြုံတွေ့ကြရမယ့် အန္တရာယ်တွေပါ
အစိုးရအပေါ်မှာသာ အားလုံးက မှီတည်နေတာကို သိထားရပါမယ် ၊

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်မင်းလုပ်နေတဲ့ လူပုဂ္ဂိုလ်ရဲ့ တော်လွန်တတ်ကျွမ်းကျင်မှုအလိုက်
ညံ့ဖျင်းမိုက်မဲမှုအလိုက် နိုင်ငံရဲ့ လူမျိုးရေး ဘာသာရေး စီးပွားရေး စတာတွေအားလုံးဟာ
ပြောင်းလဲမှာပဲ ဖြစ်ပါတယ် ၊ ဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာလဲ
အားရစရာတစ်ကွက်မှမရှိပါ နိုင်ငံရေးဟာလဲ ခုချိန်ထိ တည်ငြိမ်မှု ရှိမနေပါ ၊
ဘာသာရေးဟာလဲ လူးလူးလွန့်လွန့်ပါပဲ ဘာဆို ဘာတစ်ခုမှ ထူးခြားကောင်းမွန်မနေတဲ့အတွက်
ခုလက်ရှိ အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရဟာ မည်သို့သော အစိုးရဖြစ်သည်ဆိုတာကို
သိရှိနားလည်ကြမယ်လို့ ထင်ပါတယ် ၊ ခေတ်အဆက်ဆက်က တိုင်းပြည်ကြီးဟာ
တိုးတက်စည်ပင်ဝပြောလိုက် ဆုတ်ယုတ်ပျက်စီးသွားလိုက်
ပြန်ကောင်းလာလိုက်နဲ့ လည်နေတဲ့ သံသရာဟာ မပြီးစီးနိုင်သေးပါ ၊
ဒါပေမဲ့ ခုလက်ရှိ ကျနော်တို့ခေတ်မှာတော့ ဒါဟာ ဆုတ်ယုတ်ပျက်စီးနေတဲ့ တိုင်းပြည်ထဲမှာ
လူလာဖြစ်တယ်လို့တောင် ထင်မှတ်မိပါတော့တယ်၊

ကျနော်တို့ လူမျိုးရှေ့မှာ ကျနော်တို့ ဒူးထောက်နေပြီးကြပါပြီ
နောက်ထပ် တိုင်းတစ်ပါးလူမျိုးခြားတွေအောက်မှာ
ဒူးထပ်မံမထောက်ကြရဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့။

မှတ်ချက် - စာမရေးတာ အတော်လေးကြာသွားပြီဖြစ်ပါတယ် ၊ စာမရေးဖြစ်ဘူးဆိုသလို
စာလဲ မဖတ်ဖြစ်ပါ ၊ ဒီနေ့မှ ဓါတ်ပုံလေးတစ်ပုံနဲ့ သတင်းတစ်ခုကို အမှတ်မထင်တွေ့ရှိသွားပြီး
ဒီပိုစ့်လေးကို ရေးဖြစ်သွားတာဖြစ်ပါတယ် ၊ စာလုံးပေါင်းသတ်ပုံတွေနဲ့တကွ
အခြားအမှားအယွင်းများစွာကို စာဖတ်သူများကပဲ ပြန်လည်ပြင်ဆင်သွားကြပါရန်။

နောက်တစ်ခုက ခင်ဗျားတို့အများစုက ကဗျာသမားတွေဖြစ်နေတော့
ကျနော့်ရဲ့ဒီစာကို tag ရတာ မ၀ံ့မရဲဖြစ်မိတယ် ၊ အကယ်၍ သဘောမကျသူများရှိပါက
အသိပေး၍သော်လည်းကောင်း ကိုယ့်ဟာကိုယ်သော်လည်းကောင်း tag စာရင်းကနေ
ဖြုတ်သွားနိုင်ပါတယ်း)။

 ဇာတိ(ဖျာပုံ)
၃..၁.၂၀၁၃
မနက် ၄ နာရီ ၁၁ မိနစ်
www.zartinaung.blogspot.com
ko pae Lay <kopaelay@gmail.com>
Jan 3 (1 day ago)

to zartipyapon
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု
၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
--

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ် ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်း တို့အသုံးပြုခဲ့ပါတယ်။

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ် လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

All Diamond Ring ဗီဒီယိုကို အောက်ပါလခ့်တွင် ဝင်ရောက်ကြည့်ရှနိုင် ပါတယ်။

http://youtu.be/fhzXuqLeH3w

တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့က ဆေးကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲဝှက်ကာ သေနတ်သမားများ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်း ပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့်သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန်လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်းမည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများက ပြောကြားသည်။

Photo: တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ <br / ဒီဇင်ဘာ ၃၁
အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့က ဆေးကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲဝှက်ကာ သေနတ်သမားများ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်း ပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့်သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန်လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်းမည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများက ပြောကြားသည်။

မောက္ခ
http://www.maukkha.org/index.php/news-menu/international-news-maukk...
----------------------------
မွတ်ဆလင်အစွန်းရောက်တာလီဘန်အကြမ်းဖက်သမားတွေက ၆နှစ်သမီးလေးကိုတောင် မျက်နှာကို သေနတ်နဲ့ပစ်တယ်တဲ့။ ဒီသတင်းကိုဖတ်ပြီးတော့ ကျူးကျော်သူဘင်္ဂါလီတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့ဟာ မြန်မာလူမျိုးတိုင်းမဖြစ်မနေလုပ်ရမဲ့ အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်လို့ ခံစားမိတယ်။

ဘကတအဖွဲ့" height="403" width="403" />