This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, December 12, 2013
မရမ်းကုန်းက " မမကြီး" အမည်ရှိ အနှိပ်ခန်းကို ရဲစခန်းက၀င်ဖမ်းဆီး၍ အနှိပ်သမလေး ၁၀ ဦးကိုပါဖမ်းဆီးသွား ............
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟုသတင်းရရှိထားသဖြင့်သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။
၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
By Mizzima
ပထမဆုံး ဆေးခြောက်ကိုဝယ်ယူစိုက်ပျိုးအသုံးပြုခွင့် ရရှိတဲ့ နိုင်ငံဖြစ်လာတဲ့ ဥရုဂွေး .........................
ဆေးခြောက်ကို ပထမဆုံးတရားဝင် စိုက်ပျိုး၊ရောင်းချ၊သောက်သုံးခွင့်ရှိတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီဆုံးဖြတ်ချက်ကို အင်္ဂါနေ့ က ချမှတ်ခဲ့တာဖြစ်ပြီး၊ ဒီဥရုဂွေးနိုင်ငံရဲ့ ဆေးခြောက်ကို တရားဝင်ခွင့်ပြုမှု ကြောင့် အလားတူ ဥပဒေပြင်ဆင်ချက်တွေ တစ်ကမ္ဘာလုံးမှာ မကြာခင်ရှိလာလိမ့်မယ်လို့ ခန့် မှန်းနေကြပါတယ်။ ဥရုဂွေး လွှတ်တော်မှာ အတည်ပြုရာမှာ ၁၆ မဲ ၁၃ မဲ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဥပဒေကို ထောက်ခံသူတွေဟာ လွှတ်တော်မှာ ဆုံးဖြတ်ချက်ခံယူနေတုန်းမှာ
အစိမ်းရောင်ပူဖောင်းတွေ၊ Bob Marley ကို ဂုဏ်ပြုတဲ့ ဂျာမေကာ အလံတွေ ၊ တစ်ချို့ ကဆေးတံတွေ ကိုင်ဆောင်ပြီးတော့ စုဝေးနေခဲ့ပါတယ်။
အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ ဆေးခြောက်ကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်အသုံးပြုဖို့ အတွက် တစ်လ အများဆုံး ဆေးခြောက် ၄၀ ဂရမ်( ၁.၄ အောင်စ) ကို လိုင်စင်ရဆေးဆိုင်တွေကနေ ၀ယ်ယူသုံးစွဲခွင့် ရရှိတော့ မှာပါ။ ဒီဥပဒေမှာအကျုံးဝင်သူတွေဟာ အသက် ၁၈ နှစ်ကျော်ပြီးတဲ့ ဥရုဂွေးနိုင်ငံသားတွေဖြစ်ရမှာဖြစ်ပြီး သူတို့  ရဲ့ လစဉ်ဆေးခြောက်အသုံးပြုဝယ်ယူမှုကို အစိုးရမှတ်တမ်းထဲမှာ အစီရင်ခံရမှာဖြစ်ပါတယ်။
ဒီဥပဒေဟာ လေးလအကြာမှာ အသက်ဝင်မှာဖြစ်ပြီး ဥရုဂွေးနိုင်ငံသားတွေဟာ တစ်အိမ်ထောင်ကို ဆေးခြောက် ပင် ခြောက်ပင် စိုက်ပျိုးခွင့်ကိုလည်း ရရှိမှာပါ။ နောက်ထပ် ဆေးခြောက်ကလပ်တွေလည်း ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ကလပ်တစ်ခုကို အဖွဲ့ ဝင် ၁၅ ယောက်ကနေ ၄၅ ယောက်ထိ လက်ခံနိုင်ကာ တစ်နှစ်ကို ကလပ်အနေနဲ့  ဆေးခြောက်ပင် ၉၉ ပင် စိုက်ပျိုးနိုင်ပါတယ်။ ဒီနှစ်ဧပြီလကနေစပြီး ဆေးခြောက်နှစ်သက်တဲ့လူတွေဟာ လိုင်စင်ရ ဆိုင်တွေကနေ စပြီး ၀ယ်ယူအသုံးပြုနိုင်ပြီလို့ အစိုးရ အမျိုးသမီးလွှတ်တော်အမတ် လူစီယာ က ကြေငြာခဲ့ပါတယ်။