This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, September 30, 2012

ဘွဲ့မရသော အာရှသား ခရီးသွားများ မလာရဟု UAE ကန့်သတ်



နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိသော အာရပ်စော်ဘွားများ နိုင်ငံ (UAE) သည် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များကို ဘွဲ့ရမှ ၎င်းင်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် ရမည်ဟု သတ်မှတ် လိုက်ကြောင်း တယ်လီဂရပ် သတင်းစာက ရေးသား ဖော်ပြထားသည်။ အာရှ နိုင်ငံသားများသည် ခရီးသွား ဧည့်သည် Tourist ဗီဇာများဖြင့် UAE သို့ဝင် လာကြပြီး တရားမဝင် ရွှေ့ပြောင်း လုပ်သားအဖြစ် နေထိုင်တတ်ကြသောကြောင့် ဤသို့ ကန့်သတ်ချက် ထားလိုက် ရခြင်းဖြစ်ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။
UAE လူဝင်မှု ကြီးကြပ်ရေး အကြီးတန်း အရာရှိ တစ်ဦးကို ကိုးကားလျက် Gulf News သတင်းစာက ရေးသား ဖော်ပြထားသည်မှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ Tourist ခရီးသွား ဗီဇာ နှင့် လာသူများကို လက်မခံတော့ဟူ၍ ဖြစ်သည်။ အစီအစဉ်သစ် အရ ခရီးသွား ဗီဇာ လိုချင်သော အာရှနိုင်ငံသားများ အနေနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိကြောင်း အထောက်အထား ပြနိုင်ရတော့မည် ဖြစ်သည်။ “ဒီလို လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကို ချမှတ် ရခြင်းဟာဖြင့် ခရီးသွား ဗီဇာ၊ ညီလာခံ ဗီဇာတွေနဲ့ ကော်လာပြာ လုပ်သားတွေ အလုံးအရင်း ဝင်ရောက် လာနေတာကို ကန့်သတ်လိုခြင်း ဖြစ်ပါတယ်”ဟု အဆိုပါ အစိုးရ အရာရှိကြီးက ပြောကြားသည်။
ဤကဲ့သို့ အာရှမှ ဘွဲ့ရ ပညာတတ်များသာ တိုင်းပြည်အတွင်းသို့ ဝင်ခွင့် ပြုစေခြင်းဖြင့် အစုအဖွဲ့ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများ ရပ်တန့်သွားနိုင်ကြောင်း Gulf News သတင်းစာက ဖော်ပြထားသည်။
ခရီးသွား Tourist ဗီဇာများကို များသော အားဖြင့် ဟိုတယ်၊ လေကြောင်းလိုင်းနှင့် ခရီးသွား အေဂျင်စီများက တစ်ဆင့် လုပ်ဆောင်လေ့ရှိသည်။ UAE ဒူဘိုင်းတွင် ခရီးသွား ဧည့်သည် အရေအတွက် ကလည်း နှစ်စဉ် တိုးလျက် ရှိပြီး နိုင်ငံခြားသား အလုပ်သမားများလည်း သန်းပေါင်းများစွာ ရှိနေကာ အများစုမှာ တောင်အာရှ နိုင်ငံများမှဖြစ်သည်။
ပြည်ပမှ လာရောက် နေထိုင်နေသူ ဦးရေမှာ ၈ ဒသမ ၂ သန်း အထိ ရှိသည်။
The Voice Weekly

ရေကူး ရေစိမ်ချိုး ရေသောက် ရေပက်ဖျန်းရင် ဘာတွေဖြစ်လာနိုင်မလဲ သိချင်လား(ဖတ်လိုက်ဦးနော်)


စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
by nang kha yea on 28.9.2012

သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ  ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။


ရေကူးပါ

ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ  လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally
Source: http://www.yatanarpon.com.mm/cp/goodhealth/news-46907
source >>> http://www.facebook.com/notes/health-articles/စိတ်ဖိစီးမှု-လျော့ကျစေသည့်-ရေ/208606519270866

မျက်နှာ အဆိပ်ထုတ်နည်း



  ~
 

  သင်းပပ     ~ 


 

အလှအပ ဆိုတာ  သဘာဝက ပေးတဲ့၊ ဘုရားပေးတဲ့ ဆုတစ်ခုပါပဲ။
ကိုယ့်ရဲ့နဂိုရှိပြီးသား  အလှကိုမှ ထပ်မံ  ခြယ်သ ပြုပြင်ပြီး လှသထက်လှဖို့ ကြိုးစားနေတဲ့ ပျိုမေတွေ အနေနဲ့ အလှကို ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။

နည်းပညာတွေ မျိုးစုံရှိတဲ့ ခေတ်ကြီးမှာ အလှပြုပြင်ရေး ဆိုင်ရာ ပစ္စည်း တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပါဘဲ။
ဒါကိုကြည့်ရင် ကမ္ဘာမှာ အလှဆင်ကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲဆိုတာ အသိသာကြီးပါ။

ဘာပဲဖြစ်ဖြစ် အလှပြူ ပြင်ရေး ပစ္စည်းတွေကို သဘာဝတရားက ထွက်ရှိတဲ့ အဆီ အနှစ်တွေနဲ့ပဲ ပြုလုပ်ထားတယ်လို့ ဘယ်လောက်ပဲပြောနေကြပါစေ။ ကြာရှည်ခံဖို့အတွက် နည်းလမ်းတွေကတော့ ပါဝင်နေဆဲပါ။

ဒါကြောင့်မျက်နာ အလှအပ အတွက် မိတ်ကပ်နဲ့ တခြား အလှပြင်  ပစ္စည်းတွေ အသုံးပြုမှာ၊ ပြန်ဖျက်တာ၊ သန့်စင်တာ၊ ပေါင်းတင်တာတွေ ပြုလုပ်ကြရပါတယ်။
အခု အသစ်ထပ်မံ ပေါ်ထွက် လာတာက “အဆိပ်ထုတ်ခြင်း” တဲ့။
ခေတ်ကိုအမှီ လိုက်နိုင်ဖို့ အတွက်  ဒီလို နည်းလမ်း သစ်တွေကိုလည်း လေ့လာစူးစမ်းရပါပြီ။
ကိုယ်နဲ့အတူ စူးစမ်းပေးသူက တေးသံရှင် ရှင်ဖုန်းပါ။

မျက်နာအဆိပ် ထုတ်ခြင်းနဲ့ပတ်သက်ပြီး    ဖြိုး (ရတနာဖြိုး Beauty Salon ) က
“နေ့တိုင်း မျက်နှာမှာ မလိမ်းမဖြစ် လိမ်းခြယ်နေရတဲ့ မိတ်ကပ် ပစ္စည်းတွေကို  သုံးပြီးရင်စင်အောင်ဖျက်ဖို့ အင်မတန် အရေးကြီးပါတယ်။
မျက်နှာပြင်မှာရှိတဲ့ အဆီဖုန်မှုန့်တွေကို စင်အောင် မဖျက်နိုင်ရင် ၀က်ခြံ၊ တင်းတိပ်တွေ ထွက်လာပြီးတော့ နေရောင်ထဲ အမြဲထွက်နေရသူတွေအတွက် မျက်နှာ နေလှောင်ပြီး အသားအရေ ညစ်ညမ်း ခြောက်သွေ့ လာမယ်။
စိတ်ဖိစီးမှု ကြောင့်ပဲဖြစ်ဖြစ်၊ အားလုံးအတွက်  ကိုယ်ရဲ့ မျက်နှာကို သဘာဝ နဂို အသာအရေ အတိုင်း အသစ်တစ်ဖန် ကြည်ကြည်လင်လင်နဲ့ မလိုအပ်တဲ့ အဆိပ် အတောက်တွေကို  ဖယ်ရှား ပေးတာက မျက်နှာ အဆိပ်ထုတ် ခြင်းပဲ  ဖြစ်ပါတယ်” လို့ ပြောပါတယ်။

 မျက်နှာမှာ ရှိတဲ့ အညစ်အကြေး တွေကို မိတ်ကပ် Remover နဲ့ ပထမဆုံး ဖျက်တယ်။

USHIDO Fresh Gentle Cleansing Gel နဲ့  မျက်နှာကို သာသာပွတ်ပြီး နှိပ်ပေး လိုက်တော့  မျက်နှာက တင်းတင်းလေးနဲ့ ပြောင်ပြောင်လေး ဖြစ်သွားတယ်။
USHIDO Say Milk Cleansing Wash မျက်နှာသစ် ဆပ်ပြာနဲ့ ပြန်သန့်စင်ရတယ်။
 ပြီးတော့ L’OREAL White Perfect, LACTACYDM ရဲ့LIQUIDE Skin Cleansing and Protection နဲ့ နောက်ဆုံး မျက်နှာသစ်တယ်။
LIQUID က ၀က်ခြံ အထွက်များတဲ့ သူတွေအတွက် အဆင်ပြေတယ်။ မျက်နှာမှာရှိတဲ့ အက်စစ်ကိုလည်း ထိန်းပေးတယ်။
Bsc Cold Cream နဲ့ လိမ်းပြီး မျက်နှာပြင် အကြောကို နှိပ်ပေးတယ်။ ရွှေပေါင်း တင်မှုန့်နဲ့ Mask အုပ်ပေးတယ်။

- မျက်နှာပြင်က အပူတွေ စုပ်ပြီး အေးအေးလေး ဖြစ်သွားအောင်  မျက်နှာ တစ်ပြင်လုံးကို သခွားသီး အလွှာတွေနဲ့ မိနစ် ၂၀ ခန့် အုပ်ပေး ရပါမယ်။
- မျက်နှာပြင်ကို ရေအေးအေး လေးနဲ့ သန့်စင်အောင် ဆေးကြောပြီးရင် အဓိက ဖြစ်တဲ့ NANHANXLU တံဆိပ် အဆိပ်ထုတ်တဲ့ ဆေးတောင့် ၅ တောင့်ခန့်ကို မျက်နှာပြင်အနှံ့ လိမ်းခြယ်ရပါတယ်။
- အဆိပ်ထုတ်ထားတဲ့ စက်ကလေးနဲ့ ၁၀ မိနစ်လောက် အချိန်ယူပြီး မျက်နှာပြင် အနှံ့မှာရှိတဲ့ အဆိပ်အတောက် တွေကို ချွေးပေါက်တွေက တစ်ဆင့်  ဖယ်ရှား စုပ်ထုတ်ပေးရပါမယ်။
-  ပြီးရင် မျက်နှာပြင်ကို ရေနဲ့စင်အောင် ဆေးကြောလိုက်ရင် အဆိပ်အတောက် ကင်းစင်ပြီး ဖြူစင်ဝင်းတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်ပါပြီ။   
- မျက်နှာ အဆိပ်ထုတ် ပြီးရင်တော့ ၄၅ မိနစ်ခန့် အတွင်း မိတ်ကပ် မလိမ်းခြယ်သင့်ပါဘူး။ မဖြစ်မနေ အပြင်သွားဖို့ ရှိတယ် ဆိုရင်တော့ Sun Cream လိမ်းခြယ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေကို တစ်လတစ်ကြိမ် လုပ်ပေးရုံနဲ့ ထူးခြားမှုကို ခံစားရမယ်လို့ ဖြိုးက ဆိုပါတယ်။

ဖူးငုံတို့ရေ မျက်နှာပြင်က အဆိပ်တွေ ထုတ်ပစ်ပြီး ရုပ်လှရုံနဲ့ မပြီးသေး ဘူးနော်။ မိမိရဲ့ စိတ်ထဲက အဆိပ်တွေကိုလည်း ထုတ်ပစ်ပြီး ရုပ်ရောစိတ်ပါလှအောင်  ကြိုးစားဖို့က ပိုပြီး အရေးကြီးပါတယ် လို့။

(ဒီလအတွက် ပါဝင်ကူညီ ပေးကြတဲ့ ရှင်ဖုန်းနဲ့ စမ်းချောင်းမြို့နယ် စမ်းရေတွင်း လမ်းက ဖြိုးနဲ့ ညီအစ်မများ (ရတနာဖြိုး Beauty Salon)ကိုလည်း ကျေးဇူး တင်ရှိပါတယ်။)



ဖူးငုံမဂ္ဂဇင်း
http://shweamyutay.com

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။ “လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရ သောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။
“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ခွင့် ရပါက လူမှုရေး အခက်အခဲကြောင့် ခိုးဝှက်လုပ် ကိုင် နေရသူများနှင့် အသက်ကြီးပိုင်းပြည့်တန်ဆာများ အခက်အခဲ တွေ့ သည်မျိုးလည်း ဖြစ်လာနိုင်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောကြားသည်။ မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ် ရေးဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ် ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်း ဆိုသည်မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့် အနေ အထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်း က စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။
“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင် သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့်
အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရမယ်။ အမြော်အမြင် ကြီးကြီးနဲ့ လုပ် ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ် တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
the voice weekly's facebook

၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန် ငွေစက္ကူများ ပြန်ရုပ်သိမ်းမည်ဆိုသော ကောလာဟလအပေါ် ဗဟိုဘဏ်ရှင်း


ယခုရက်ပိုင်းကာလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူများအနက် တန်ဖိုးငယ် ငွေစက္ကူများဖြစ်သော ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန်များအား ပြန်လည်ရုပ်သိမ်းမည်ဟူသော ကောလာဟလများ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ အခန်း(၃)ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါရှိပါသည်။
ထို့အတူ အခန်း(၆) သုံးစွဲထုတ်ဝေခြင်း အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ(သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန် လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ(သို့)ဒင်္ဂါးများအတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိ အခြေအနေတွင် မည်သည့် ငွေစက္ကူကိုမျှ ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်းနှင့် ရှိခဲ့ပါကလည်း နိုင်ငံတော်အစိုးရအဖွဲ့အား တင်ပြခြင်း၊ ပြည်သူလူထုအား ကြိုတင်အသိပေးခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၉၅၂ ခုနှစ်မှစတင်၍ ယခုကာလအထိ တရားမ၀င် ကြေညာထားပြီးဖြစ်သော ငွေစက္ကူများမှအပ ကျန်ငွေစက္ကူများဖြစ်သော တစ်ကျပ်တန်မှ ကျပ်တစ်သောင်းတန်အထိ ငွေစက္ကူအားလုံး တရားဝင် လှည့်လည်သုံးစွဲနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
7Day News Journal's Facebook

ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ လို့ သေ


နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော် ခတ္တမန္ဒူလေဆိပ်မှ Lukla လေဆိပ်တို့ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီးသည်အားလုံး သေဆုံးခဲ့ရသည်။ သောကြနေ့က လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုခဲ့သည်။ Lukla လေဆိပ်သည် မောင့်အဲဗရက်စ်တောင်တက်ရန်အတွက် တောင်တက်ဝါသနာရှင် ကမ္ဘာလှည့် ခရီးသည်တို့အကြားတွင် ထင်ရှားကျော်ကြားသော တောင်ပေါ်မြို့ဖြစ်သည်။
ဗြိတိသျှလူမျိုး ခရီးသွားအုပ်စုတွင် အသက်(၂၇)နှစ်အရွယ်မှ (၆၀)နှစ်အရွယ်ထိပါဝင်ပြီး မောင့်အဲဗရက် တောင်မြေပြင်စခန်းမှ တောင်ရက် (၁၆)ရက်ခရီးစဉ် ဝယ်သူများဖြစ်ကြောင်းကို
ခရီးသွားအေဂျင်စီမှတဆင့်သိရှိရသည်။ လေယာဉ်ပျက်မကျခင်တွင် လေယာဉ်မှူးမှ မြေပြင်လေဆိပ်နှင့်အဆက်အသွယ်ရရှိပြီး ငှက်အုပ်နှင့် တိုက်မိကြောင်း သတင်းရရှိခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ လေယာဉ်ပျက်ကျရာအနီးမှ မျက်မြင်မြင်တွေ့ရသူတဦးက လေယာဉ်သည် အရေးပေါ်ဆင်းသက်ရန်ကြိုးစားသော်လည်း လေထဲတွင် မီးတောက်မြင်ရပြီး ပေါက်ကွဲမှုဖြစ်ကာ ထိုးကျလာကြောင်းပြောပြခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိရကြောင်းကို အေအက်ပီသတင်းတွင်ဖေါ်ပြထားသည်။ နီပေါနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခုဖြစ်ပြီး လေကြောင်းလိုင်း(၁၆)လိုင်း၊ လေဆိပ်ပေါင်း(၄၉)ခုတည်ရှိသည်။ နီပေါနိုင်ငံသည် တောင်တက်သမားစိတ်ဝင်စားဖွယ်ရာ ကမ္ဘာ့အမြင့်ဆုံးတောင် (၁၄)လုံးအနက် (၈)လုံးတည်ရှိနေသောကြောင့် ကမ္ဘာ့တောင်တက်သမားတို့ဖြင့် နှစ်စဉ်ပွင့်လင်းရာသီတွင်စည်ကားနေတတ်သည်။
ပြီးခဲ့သည် (၂)နှစ်အတွင်းတွင် နီပေါနိုင်ငံအတွင်း၌ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့သည်။ ပြီးခဲ့သည် မေလအတွင်းကလေယာဉ်ပျက်ကျမှုတွင် ခရီးသည်အားလုံးမသေဆုံးဘဲ ၈၅ဦးအသက်မသေလွတ်မြောက်ခဲ့ပြီး ခရီးသည်(၁၅)ဦးသာသေဆုံးသော ဖြစ်ရပ်တခုလည်းရှိခဲ့သည်။ နီပေါနိုင်ငံ၏ လေကြောင်းလိုင်းများ စိတ်မချရမှု၊ အန္တရာယ်ရှိမှု အကြောင်းကို နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် နီပေါနိုင်ငံခရီးသွားအတွက် ထိခိုက်မှုရှိလာနိုင်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။
Photo : AFP
http://freedomnewsgroup.com/2012/09/29/plane-crash-2/

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်


Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါက မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည်
မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော်များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မိုဘိုင်းဖုန်း အသုံးပြုနေသော အမျိုးသားတဦးနှင့် အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦးတို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ် (ဓာတ်ပုံ – Reuters / Soe Zeya Tun)

မြန်မာနိုင်ငံ၏ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်းသည် ဆယ်စုနှစ်ပေါင်းများစွာကြာ ပျက်ဆီးယိုယွင်းလာခဲ့သည်။

လူဦးရေသန်း ၆၀ ရှိသည့် ဤတိုင်းပြည်သည် မြောက်ကိုရီးယားပြီးပါက ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းအသုံးပြုမှု ဒုတိယအနည်းဆုံး တိုင်းပြည်ဖြစ်သည်မှာ အံ့သြစရာမဟုတ်။ တတိုင်းပြည်လုံး အားထားအသုံးပြုနေသည့် ကွန်ရက်သေးသေးလေးတွင် ဖုန်းလိုင်းများ စုပြုံရောက်မလာစေရန် SIM (ဖုန်းကဒ်) ဈေးကို အဆမတန် မြှင့်ထားလိုက်သဖြင့် ဖုန်းပေါ်တွင် အီးမေးလ်သုံးခြင်း၊ အင်တာနက် အသုံးပြုခြင်းသည် အိပ်မက်တခုသဖွယ် ဖြစ်နေပြီး အရင်းရှင် လူတန်းစား အသုံးအဆောင်ကဲ့သို့ပင် ဖြစ်နေသည်။

ဖုန်းကွန်ရက်နှင့် ချိတ်ဆက်ဖို့ပင် တော်တော်ခက်ခဲသည့် ကိစ္စဖြစ်သည်။ နိုင်ငံခြားဧည့်သည်များသည် လေဆိပ်ရောက်သည်နှင့် SIM ကဒ် ငှားသုံးရသည်။ FEC ၂၀ တန် ကဒ်သက်တမ်း ရက်အနည်းငယ်သာရသော တခါသုံး SIM ကဒ်ကိုလည်း ၀ယ်ယူအသုံးပြုနိုင်ကြသည်။

သို့သော် မြန်မာနို်င်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရှေ့တိုးဆောင်ရွက်သည့်နည်းတူ အာရှတိုက်၏ အဆင်းရဲဆုံး တိုင်းပြည်များထက်ပင် နောက်ကျကျန်နေသေးသော၊ ခြစားမှု၊ တလွဲစီမံခန့်ခွဲမှုများကြောင့် ပျက်စီးယိုယွင်းနေသော ဆက်သွယ်ရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရေး အစီအမံအောက်တွင် အကြီးအကျယ် အပြောင်းအလဲများ စတင်ဆောင်ရွက်တော့မည်။ မြန်မာ့ဖုန်း ဆက်သွယ်ရေးကဏ္ဍသည် ကမ္ဘာပေါ်တွင် မတို့မထိရသေးသော တယ်လီဆက်သွယ်ရေး ဈေးကွက်များအနက် တခုဖြစ်သည်။

အပြောင်းအလဲ အစီအမံ အသေးစိပ်သည် အကန့်အသတ်နှင့် ဖြစ်နေသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် သူလုပ်ရမည့်အလုပ်ကို အသေအချာ ပြင်ဆင်ထားပုံရသည်။ အတွင်းသတင်း အရင်းအမြစ်များ၏ အဆိုအရ ရှေ့လာမည့်သီတင်းပတ်များတွင် အစီအစဉ်များ ထုတ်ပြန်ကြေညာနိုင်သည်ဟု သိရသည်။

အာရှတိုက်၏ အဆင်းရဲဆုံး တိုင်းပြည်တခုသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို လာအောင် ဆွဲဆောင်လိုသည့် မြန်မာအစိုးရအနေနှင့် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကဏ္ဍကို အစိုးရစီမံမှုအောက်မှ ပထမဦးဆုံး လွှတ်ပေးရမည်ဖြစ်သည်။

ပြည်တွင်းအကျိုးစီးပွားကို ပိုကြည့်ပြီး မရေမရာ၊ ပွင့်ပွင့်လင်းလင်း မရှိသော စီးပွားရေး သဘောတူညီချက်များနှင့်သာ စခန်းသွားခဲ့ရသော အချိန်များကျော်လွန်သွားခဲ့ပြီ။ ယခုအချိန်သည် လုပ်ငန်းမြန်ဆန်မှုနှင့် ပွင့်လင်းမြင်သာမှုကို ဦးစားပေး လုပ်ဆောင်နေသည့်ပုံစံ တွေ့ရသည်။

“ကျနော်တို့ အားချင်းအပြီးသတ် လုပ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အချိန်ဆွဲလို့ မရတော့ပါဘူး” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးဖြစ်သူ ဦးကျော်စိုးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

“ဒီကိစ္စက ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ နီးနီးကပ်ကပ် ဆက်နွယ်မှုရှိတာကြောင့် ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းကဏ္ဍဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး လုပ်ပိုင်ခွင့် တင်ဒါများ ပြင်ဆင်ရန်နှင့် အကြံပေးများအဖြစ် တာဝန်ယူရန် တင်သွင်းသူ လျှောက်လွှာရှင် ၆၄ ခုအနက် ပြီးခဲ့သည်လတွင် ဂျပန်၊ သြစတေးလျ၊ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် ၁၀ နိုင်ငံမှ ကုမ္ပဏီ ၁၀ ခုကို ဆန်ခါတင် ရွေးချယ်ခဲ့သည်။ ယခုအချိန်တွင် နောက်ဆုံး ဆန်ခါတင် ၃ ခုသာ ရှိတော့သည်။ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင် ၄ ခု ချပေးမည်ဟု ဦးကျော်စိုးကပြောဆိုသည်။

လိုင်စင် ၂ ခုမှာ မြန်မာကုမ္ပဏီများအတွက်ဖြစ်ပြီး ကျန် ၂ ခုကို နိုင်ငံခြားလုပ်ငန်းရှင်များသို့ ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် အစောပိုင်းတွင် 4G စနစ် တပ်ဆင်မည်ဟု ရည်ရွယ်ထားကြောင်း၊ ဥပဒေစည်းမျဉ်းများ ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တိုင်းပြည်၏ တခုတည်းသော နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပြီး မြန်မာ့ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကုမ္ပဏီ (MTC)  အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ကိုင်ဖုန်း လိုင်စင်များ ချပေးမည်ဖြစ်ကြောင်း၊ နောက်ထပ်လိုင်စင်တခုကိုမူ အင်တာနက် ၀န်ဆောင်မှုပေးသော ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသို့ ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သွားရည်ကျစရာ ဈေးကွက်

ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်တခု၏ အဆိုအရ အရင်းအမြစ်ပြဿနာကြောင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီ နှစ်ခုတည်းနှင့် လုပ်ငန်းအား လည်ပတ်ရန် မဖြစ်နိုင်ကြောင်း၊ ဖက်စပ်စီးပွားရေး လုပ်လျှင်ဖြစ်နိုင်ကြောင်း သို့သော် နိုင်ငံခြားကုမ္ပဏီ ၂ ခုထက်ပို၍ ခွင့်ပြု မပြုကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပြောဆိုသည်။

ပြင်ပနှင့် ထိတွေ့မှု လုံးဝနီးပါးမရှိသေးသော တိုင်းပြည်တွင် ဖုန်းအသုံးပြုနိုင်မှု အလွန်နည်းနေသေးပြီး  လက်ကိုင်ဖုန်း အငမ်းမရလိုအပ်နေသော မြန်မာနိုင်ငံသည် နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအတွက် သွားရည်ကျဖွယ် ဈေးကွက်ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ဖုန်းအသုံးပြုမှုသည် ၂၀၁၀ ခုနှစ်တွင် စုစုပေါင်းလူဦးရေ၏ ၁.၂၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထိုအချိန်က လာအိုနိုင်ငံတွင် ၆၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားတွင် ၅၇ ရာခိုင်နှုန်းရှိသည်။ ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်းအထက်ပင် ရှိသဖြင့် ထိုနိုင်ငံများတွင် နိုင်ငံသားတဦးချင်း၏ ဖုန်းပိုင်ဆိုင်မှုသည် နိုင်ငံလူဦးရေထက်ပင် များနေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာအစိုးရက ယခုအချိန်တွင် ဖုန်းအသုံးပြုမှုသည် ၅.၆ ရာခိုင်နှုန်းရှိပြီဟု ဆိုသော်လည်း ကျွမ်းကျင်သူများကမူ ထိုအဆိုအပေါ် သံသယရှိသည်။

“အလားအလာကောင်းတွေကတော့ ရှင်းရှင်လင်းလင်း မြင်ရပါတယ်။ အကောင်အထည် ဖော်မှုအတွက်တော့ စည်းမျဉ်းဥပဒေတွေအပေါ် မူတည်ပါတယ်” ဟု Daiwa Capital Markets တယ်လီကွန် သုတေသနဌာန ဒေသဆိုင်ရာဌာနမှူး ရာမာခရစ်သျှနာ မာရုဗာဒါ (Ramakrishna Maruvada) က ပြောဆိုသည်။

“နိုင်ငံခြားကုမ္ပဏီတွေအတွက် ပြဿနာကဘာလဲဆိုတော့ အချိန်သတ်မှတ်ချက်နဲ့ ဖွဲ့စည်းပုံမှာ မဆိုသလောက်ပဲ အသေးစိတ်ဖော်ပြထားတယ်။ ဆိုတော့ ရေရှည်ဆက်ဖို့ဆိုတာ ခက်တယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီများထဲတွင် ဆွီဒင်နိုင်ငံ၏ TeliSonera AB လည်း တခုအပါအ၀င်ဖြစ်ပြီး အင်အားကောင်းလာသော အာရှဈေးကွက်၏ အထူးစပါယ်ရှယ်လစ်များဖြစ်သည့် မလေးရှားနိုင်ငံမှ Axiata  နှင့် နော်ဝေနိုင်ငံမှ Telenor တို့လည်း ပါဝင်သည်။ ထိုကုမ္ပဏီနှစ်ခုစလုံးသည် ထိုင်းနိုင်ငံ၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ၀င်ရောက်လုပ်ကိုင်နေသည်။

“ဒီကဏ္ဍ ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အလားအလာကောင်းတွေက အကြီးကြီးပဲ။ အကျိုးစီးပွားတွေ အများကြီး မျှော်လင့်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဒါမျိုးဈေးကွက်တွေ သိပ်များများစားစား မရှိတော့ဘူး” ဟု Telenor Group မှ ဂလင်းမန်ဒီလစ်ဒ် (Glenn Mandelid) က ပြောဆိုသည်။

“လုပ်ငန်းစည်းမျဉ်းဘောင်လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း လုံလုံခြုံခြုံရှိပြီ၊ ကျနော်တို့လိုအပ်တဲ့ ရှင်းလင်းမှုအားလုံးလည်း ရှိပြီဆိုတာနဲ့ ကျနော်တို့ စိတ်ဝင်စားမှာပါ” ဟု သူက ဆိုသည်။

အားလုံးထက် ရှေ့ရောက်နေနိုင်သော ကုမ္ပဏီမှာ Digicel   ဖြစ်နိုင်သည်။ Digicel သည် နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေပြီး မြန်မာအစိုးရထံသို့ ၂ နှစ်အတွင်း မြန်မာနိုင်ငံသားအများစု လက်လှမ်းမီနိုင်သည့် ကွန်ယက်များအား မည်သို့ချဲ့ထွင်ရမည့်နှင့် ပတ်သက်၍ နည်းပညာနှင့် စီးပွားရေးလုပ်ငန်း လေ့လာသုံးသပ်ချက်ကို တင်သွင်းထားပြီးဖြစ်သည်။

“လက်တွေ့ လုပ်ငန်းလည်ပတ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ မှတ်တမ်းကောင်းတွေရှိတယ်။ အစိုးရ၊ စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းက လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့မှာ အကောင်းဆုံး ဗဟုသုတတွေ ရှိပါတယ်” ဟု Digicel ၏ အာရှ-ပစိဖိတ် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုဥက္ကဋ္ဌ ဖရန့် အို ကာရိုး (Frank O’Carroll) က ပြောဆိုသည်။

“မြန်မာနိုင်ငံရဲ့ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့် ရမယ်ဆိုရင် ကျနော် လုံးဝ အလျင်အမြန်နဲ့ လုပ်ငန်းတွေ စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” က ၎င်းက ဆိုသည်။

စင်ကာပူနိုင်ငံမှ SingTel သည် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် စိတ်ဝင်စားသည်ဟု ပြောဆိုမှုများ ရှိသော်လည်း ထိုသို့ပြောဆိုမှုများနှင့် ပတ်သက်၍ ကုမ္ပဏီက ရိုက်တာသတင်းဌာနသို့ တစုံတရာ ပြောဆိုခြင်း မပြုပေ။

လက်တွေ့အခြေအနေတွင်လည်း တချို့အခြေအနေများ စတင်တိုးတက်ပြောင်းလဲလာသည်ကို တွေ့နေရသည်။ မကျေနပ်ချက်များ ရှိခဲ့ခြင်းကြောင့် တချို့ပြည်နယ်များတွင် ကြိုတင်ငွေ SIM ကဒ်များကို ဒေါ်လာတထောင်ခန့်မှ ၂၅၀ အထိ လွန်ခဲ့သည့်နှစ်က လျှော့ချပေးခဲ့ပြီး ရန်ကုန်တွင် လွန်ခဲ့သည့် ဧပြီလမှစ၍ ဈေးလျှော့ပေးခဲ့သည်။

ခေါက်ခုံတလုံးပေါ်တွင် ဖုန်း ၃ လုံးတင်ထားပြီး ဖုန်းတမိနစ် ၂၅ ကျပ်နှုန်းဖြင့် စီးပွားရှာနေသော မသန္တာထွန်းကဲ့သို့သော သူမျိုးအတွက် လုပ်ကွက် တဖြည်းဖြည်း စတင်ပျောက်ကွယ်လာပြီဟု မြင်နေရသည်။

လွန်ခဲ့သည့်နှစ်က သူ့ဖုန်းများကို တနေ့လျှင် လူ ၁၀၀ ခန့်သုံးသည်။ SIM ကဒ် ဈေးနှုန်း ကျဆင်းသွားခြင်း၊ GSM, CDMA 800 နှင့် 450 MHz ဖုန်းလိုင်းများပေါ်လာသဖြင့် ယနေ့အချိန်တွင် တနေ့လျှင် လူ ၃၀ ခန့်သာ အသုံးပြုတော့သည်။

“လူတွေဟာ တဖြည်းဖြည်းနဲ့ ဖုန်းအသုံးပြုတဲ့ပုံစံတွေ ပြောင်းလဲလာတွေ ကျမတို့တွေ့ရတယ်” လို့ မသန္တာထွန်းက ပြောဆိုသည်။

SIM ကဒ် ရှားပါးမှု

ဝယ်လိုအား ထိုးတက်လာသဖြင့် ရန်ကုန်မြို့တွင် ဖုန်းဆိုင်များ တမဟုတ်ချင်း ပေါ်ထွက်လာသည်။ ၀ယ်လိုအား များလာသောကြောင့် ငွေကြိုသွင်း SIM ကဒ်များအတွက် ငွေထုတ်ချေးခြင်းကို ဘဏ်များက ရပ်ဆိုင်းလိုက်သည်။ အဓိကအကြောင်းရင်းမှာ MPT ၏ ကွန်ရက်က ဆက်လက်မထိန်းနိုင်တော့သည့် အတွက်ကြောင့် ခွဲတမ်းနှင့် ချပေးနေခြင်းဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။

“ရက်သတ္တ တပတ်စာအတွက် SIM ကဒ် အခု ၅၀ ပဲ ကျနော်တို့ရတယ်။ လူတွေက နေ့တိုင်းလာမေးနေကြတယ်။ ဖုန်းနဲ့ဆက်မေးကြတယ်။ ဘယ်တော့ရမလဲပေါ့” ဟု E-Lite Tech ဌာနခွဲ အရောင်းမန်နေဂျာ မအေးမြတ်မိုးက ပြောသည်။ E-Lite Tech ကို ယခင်စစ်အစိုးရနှင့် ပတ်သက်သူဟု သတ်မှတ်ပြီး အနောက်နိုင်ငံများက အမည်ပျက်စာရင်း ထည့်သွင်းခံရသူ မြန်မာဘီလျံနာ ဦးတေဇက ပိုင်ဆိုင်သည်။

အသေးစိတ်ပြဌာန်းချက်များက အရေးကြီးသည်။ ရင်းနှီးမြုပ်နှံမှုလုပ်ရန် စိတ်ဝင်တစားဖြင့် တန်းစီစောင့်နေသော ကုမ္ပဏီများသည် ပိုရှင်းလင်းသော စည်းမျည်းများကို စောင့်ရင်းအထူးဂရုစိုက် လှုပ်ရှားနေကြသည်။ အရပ်သားတပိုင်း အစိုးရအနေနှင့် အံ့အားသင့်ဖွယ် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်နေသည့်တိုင် လွန်ခဲ့သည့် ၁၈ လအတွင်း အမှားများစွာ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့နေရသည်။

မြန်မာနိုင်ငံ၏ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးမူဝါဒသည် ရှင်းရှင်းလင်းလင်း မရှိသေးပေ။ နိုင်ငံတကာကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးသမဂ္ဂနှင့် ပူးပေါင်း၍ ၁၀ နှစ်ကြာ အချိန်ယူ မူကြမ်းရေးဆွဲခဲ့သော ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး ဥပဒေတွင်ပင် ကွန်ရက်များတိုးချဲ့ရန် ဘဏ္ဍာငွေအရ မည်သို့ထောက်ပံ့မည်ကို ရှင်းရှင်းလင်းလင်း မရှိပေ။

ဥပဒေသစ် မူကြမ်းရေးဆွဲခြင်း မပြီးသေးခင် ၀န်ကြီးဌာနက တိုးချဲ့မှုများပြုလုပ်ရန် ထူးထူးဆန်းဆန်း ဆုံးဖြတ်ချက်ချခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ၀န်ကြီးဌာနသည် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင် GSM လိုင်းအသစ် သန်း ၃၀ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ ကုမ္ပဏီများသည် ယခင်စစ်အစိုးရနှင့် အဆက်အစပ်ရှိသူများဖြစ်သည်။ တနှစ်အတွင်း တိုင်းပြည်လူဦးရေ ၁၀ ရာခိုင်နှုန်းအထိ လက်လှမ်းမှီနိုင်သော လိုင်းပေါင်း ၄ သန်း စတင်တည်တောင်မည်ဟု ဆိုသည်။

သို့သော် တိုးတက်မှု အရိပ်အယောင် အနည်းငယ်သာ တွေ့နေရပြီး ပြည်တွင်းကုမ္ပဏီ ၂၃ ခုသည် တာဝါစင်များ၊ အခြေစိုက် စတေရှင်များ တည်ဆောက်နေသည်။ ထို့အတွက် သေးငယ်သော ကွန်ရက်အတွင်းသာ အသုံးပြုနိုင်သော SIM ကဒ်များ၊ ဖုန်းရောင်းခွင့် လိုင်စင်များ ပြန်ရကြသည်။

အမည်ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည့် ဆက်သွယ်ရေးလုပ်ငန်း ကျွမ်းကျင်သူတဦးက အစိုးရ၏ ချဉ်းကပ်မှုသည် ယနေ့အချိန်အထိ လုံးဝ အစီအစဉ်မကျ  ဖြစ်နေကြောင်းနှင့် စည်းမျဉ်းဥပဒေသစ်သည် အလွန်အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

“ချို့ယွင်းချက်ရှိသည့်” ဥပဒေအား ပြန်ရုတ်သိမ်းခြင်း

သမ္မတဦးသိန်စိန်ထံပို့ခဲ့သော ပြန်လည်ပြင်ဆင်ထားသည့် ဥပဒေကို ဇူလိုင်လတွင် တိတ်တဆိတ် ပြန်ရုတ်သိမ်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းဥပဒေ၌ “ချို့ယွင်းချက်များ နက်နက်ရှိုင်းရှိုင်း” ရှိနေပြီး မှားယွင်းစွာ ဆောင်ရွက်ခဲ့မိသည်ကို အစိုးရက သဘောပေါက်၍ ဖြစ်သည်ဟု အစိုးရပိုင်းသို့ ထဲထဲဝင်ဝင်ရှိသူ ၂ ဦးက ပြောသည်။

တယ်လီကွန်းလုပ်ငန်း ချဲ့ထွင်ခြင်းနှင့် ဂျီဒီပီ ဖွံ့ဖြိုးမှုအကြားရှိ သိသာသည့် ကွင်းဆက်များနှင့် အရေးကြီးသည့် ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိရန် အရေးပေါ် လိုအပ်ချက်ရှိသည်တို့ကို နားလည်သဘောပေါက်သဖြင့် သမ္မတအနေနှင့် ပြုပြင်ပြောင်းလဲမှုများကို လျှင်လျှင်မြန်မြန် အကောင်အထည်ဖော်ရန် လိုလားလျက်ရှိသည်ဟုလည်း အစိုးရ အဆင်မြင့်အရာရှိတဦးက ဆိုသည်။

လုပ်ငန်းချဲ့ထွင်ခြင်းနှင့် အပြောင်းအလဲများဖြစ်အောင် ဆောင်ရွက်ခြင်းတို့ကြောင့် နာတာရှည် အလုပ်လက်မဲ့ရောဂါ ခံစားနေရသည့် နိုင်ငံတခုတွင် ထောင်နှင့်ချီသော အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရုံမျှမက ရွှေ့ပြောင်း ငွေကြေး ဝန်ဆောင်မှုကိစ္စများကိုပါ ဆောင်ရွက်နိုင်ပေလိမ့်မည်။ ဥပမာအနေနှင့် မိမိလွှဲလိုက်သည့် ငွေကြေးအား ကျေးလက်ဒေသ ရှိ မိမိဆွေမျိုးများက ၄င်းတို့တယ်လီဖုန်းသို့ ရောက်လာသော ငွေလွှဲလိုက်သည့် မက်ဆေ့ကို ပြ၍ ထုတ်ယူနိုင်ခြင်းမျိုး ဖြစ်သည်။

“ဒါက အပြန်အလှန် စကားပြောဖို့ ဖုန်းတင်မဟုတ်တော့ပါဘူး။ အခြားကိစ္စတွေလည်း အများကြီးပါဝင် ချိတ်ဆက် နေတာပါ။ ဒီကိစ္စက ငွေကြေးဆိုင်ရာနဲ့ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လည်း သိပ်ကို အရေးကြီးပါတယ်” ဟု မီဒီယာသို့ ပြောခွင့်မရှိသောကြောင့် ၄င်း၏အမည်အား ထုတ်ဖော်ရေးသားခြင်းမပြုရန် မေတ္တာရပ်ခံသည့် အစိုးရ နှင့်နီးစပ်သူက ပြောသည်။

“ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုအဆင့်ကို ကျနော်တို့ လိုလားတယ်၊ ပြီးတော့ ဒီကိစ္စကို တကယ်ဖြစ်သင့်တဲ့ အတိုင်းဖြစ်ရ အောင်လည်း သေသေချာချာ ဆောင်ရွက်ချင်တယ်၊ ဒါကြောင့်လည်း အချိန်ကြာနေတာ” ဟု ၄င်းက ဆိုသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) အရာရှိများအဆိုအရ စည်းမျဉ်းစည်းကမ်းပိုင်းနှင့် တင်ဒါ လုပ်ငန်းစဉ်ပိုင်းတို့တွင် မည်သို့ရှိမည်ကို မကြာခင် ရှင်းရှင်းလင်းလင်းထုတ်ပြန်လိမ့်မည်ဟု သိရသည်၊ သို့ရာတွင် အထူးသဖြင့် ငွေကြေးထောက်ပံမှုအပိုင်းတွင် မေးစရာများ ဆက်ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် တယ်လီကွန်းဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားချေးငွေအများအပြားကမ်းလှမ်းမှုကို နားလည်သော်ငြားလည်း မည်သည့်လုပ်ငန်းတိုးချဲ့မှုအပေါ် အစိုးရက ငွေကြေးထောက်ပံ့မည့်အစီအစဉ် ရှိမရှိဆိုသည်ကိုမူ ထုတ်ဖော်ပြောဆို ခြင်း မရှိသေးပေ။ လုပ်ငန်းတိုးချဲ့ရန်အတွက် ခန့်မှန်းခြေ ဒေါ်လာ ၂ ဘီလီယံခန့် ကုန်ကျနိုင်ပြီး ထိုသို့တိုးချဲ့ပါက အစိုး ရအနေနှင့် တယ်လီကွန်းကုမ္ပဏီများထံမှ ဝင်ငွေ ပြန်လည်ရရှိနိုင်ပေလိမ့်မည်။

အကယ်၍ တယ်လီကွန်းကွန်ရက်တိုးချဲ့မှုကို ပုဂ္ဂလိက ကုမ္ပဏီကြီးများက ငွေကြေးအကုန်အကျခံ ဆောင်ရွက်မည်ဆို ပါက ၄င်းတို့အနေနဲ့ အစိုးရ၏ အဓိကပစ်မှတ်ဖြစ်သော ကျေးလက်ဒေသများထက် မြို့ပြဒေသများကိုသာ ပို၍ ဦးစား ပေးလိမ့်မည်ဖြစ်ကြောင်း၊ ၄င်းတို့၏ တယ်လီကွန်းဆိုင်ရာ အခြေခံအဆောက်အအုံးများကိုလည်း အစိုးရနှင့် ခွဲဝေအသုံး ပြုရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။

MPT သို့ နည်းပညာအကူအညီပေးခဲ့သော ကမ္ဘာ့ဘဏ်ကလည်း ဟန်ချက်ညီသော နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် နှင့် တယ်လီကွန်းကဏ္ဍသည် ပထမဆုံးလမ်းဖွင့်ပေးသော အဓိကကဏ္ဍ ဖြစ်နိုင်သည်ကို နိုင်ငံခြားကုမ္ပဏီကြီးများထံ မှန်မှန်ကန်ကန် သတင်းစကားပါးရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သေးသည်။

“တည်ငြိမ်တဲ့မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဘောင်တွေရှိအောင် အစိုးရအနေနဲ့ သေသေချာချာလုပ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါတွေရှိမယ်ဆိုရင် ဈေးကွက်ထဲဝင်လာပြီး ပြည်သူတွေ အကုန်အကျခံနိုင်တဲ့ နှုန်းထားတွေနဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေပေးဖို့ နိုင်ငံတကာက ကမ္ဘာ့အဆင့်မှီ ရင်းနှီးမြှုပ်နှံသူတွေကို အားပေးအားမြှောက်ပြုရာ ရောက်ပါလိမ့် မယ်” ဟု မြန်မာပြည်ရှိ ကမ္ဘာ့ဘဏ်ရုံးက ပြောသည်။

“ဒါက နိုင်ငံအနေနဲ့ လမ်းပွင့်နေပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးကို ထင်ထင်ရှားရှားပြနိုင်တဲ့ အရေးကြီး အခွင့်အလမ်းတရပ်ပါပဲ” ဟုလည်း ကမ္ဘာ့ဘဏ်ရုံးက ဆိုသည်။

By Irrawaddy

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား


ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော
အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူတို့နဲ့ တော်တော်များများ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ဘက်က လည်းပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်ခိုင်းထားတယ်။ စစ်တပ်ကိုကျွန်တော် အမိန့်ပေးထားတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း ပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်စဲတဲ့အမိန့် ထုတ်ပေးပါ။ ဒီလိုဆိုရင် ကျွန်တော်တို့နှစ်ဖက်က စားပွဲပေါ်မှာထိုင်ပြီးတော့ ဆွေးနွေးကြရအောင်။ ခက်တာက သူတို့ဘက်က ဒီလို ပစ်ခတ် တိုက်ခိုက်တာတွေကို တားဆီးမိန့် ထုတ်ထားတာ မရှိဘူး။ အဲဒီတော့ အောက်ခြေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ တားထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပါပဲ''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အစိုးရဘက်က အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်၊ ရိက္ခာပို့ရန်၊ သွားသည့်အခါများတွင် KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် လိုကြောင်း၊ တားဆီးမိန့် ထုတ်ပေးလိုက်ပါက အောက်ခြေတွင် စုစုစည်းစည်း လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများဖြစ်နေခြင်းကြောင့် နှစ်ဦးနှစ်ဖက်အတွက်သာမက နိုင်ငံတော်အတွက်ပါ နှစ်နာရကြောင်း၊ ညှိနှိုင်းမှုများ ပြေလည်မည်ဟု ထင်ပါကြောင်း စသည်ဖြင့် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့ပါသည်။

''ကချင်ဒေသမှာ ဆုံးရှုံးမှုလည်း တော်တော်လေးများပါတယ်။ သူတို့ရဲ့ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ ဒီဘက်က ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ စစ်ပွဲဟာ တစ်နှစ်ခွဲနီးပါး တစ်နှစ်ကျော်လောက် ကြာလာတာနဲ့အမျှ နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေလည်း ရှိလာတယ်။ ဒါတွေဟာလည်း နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေပါပဲ။ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေက အလုပ်အကိုင်တွေ စွန့်ပြေး၊ အိုးအိမ်တွေ စွန့်ပြေးပြီးတော့မှ လုံခြုံတဲ့နေရာတွေမှာ ခိုအောင်းနေရတယ်။ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ နေရာတွေကတော့ စားရေး၊ နေရေး၊ လုံခြုံရေးအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဒေသနဲ့စာရင်၊ ကိုယ်နေခဲ့တဲ့ ဒေသနဲ့စာရင်တော့ ဘယ်လိုမှ ပြည့်ပြည့်စုံစုံရှိမှာ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေကလည်း တစ်နှစ် ကျော်လောက် ရှိသွားပါပြီ။ သူတို့ရဲ့ နေရေးထိုင်ရေး၊ စားသောက်ရေး ကလေးတွေ ပညာသင်ကြားရေးတွေ၊ ဒါတွေဟာလည်း ဆုံးရှုံးမှုတစ်ရပ်ပါပဲ''ဟု နိုင်ငံတော်သမ္မတက သုံးသပ်ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအား ဖိတ်ခေါ်ပါက ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောဆိုထားမှုအပေါ် သမ္မတအနေဖြင့် ဖိတ်ခေါ်ဖို့ ရှိပါသလားဆိုသော မေးခွန်းနှင့်ပတ်သက်၍လည်း ယခုအချိန်တွင်လည်း နိုင် ငံရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လုပ်ဆောင်နေသည်များ ရှိနေပြီဖြစ်ကြောင်း၊ သူမ ကိုယ်တိုင် ငြိမ်းချမ်းရေးကိစ္စသွားရောက် မလုပ်ကိုင်နိုင်သော်လည်း နောက်ပိုင်းမှနေ၍ ဦးအောင်မင်းတို့ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအကြံဥာဏ်ပေးခြင်းများကဲ့သို့ ပါဝင်လုပ်ဆောင်နေခြင်းများ ရှိပါကြောင်း စသည်ဖြင့် ထည့်သွင်း ဖြေကြားခဲ့သည်။

By Eleven Media Group

Photo - Aye Chan Mon

KIA အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု တွင် မြန်မာစစ်သား ၅ ဦး သေဆုံး


KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာ သွားလမ်းရှိ လဂျားယန်ကျေးရွာ လုံရောက် (Lung Rawk) စခန်းရှိ မြန်မာ အစိုးရ တပ်ပေါင်းစုမှ တပ်သား ၁၀ ဦးကျော်အား KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အဝေးထိန်းမိုင်း (remote mine) ဖြင့် တိုက်ခိုက် ရာတွင် ၅ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းမြန်မာအစိုးရတပ်ပေါင်းစုသည် လဂျားယန် (Laja Yang) အနီး ထိုးစစ်ဆင်လှုပ်ရှားနေပြီး ယမန်နေ့ စက်တင်ဘာ၂၇ ရက်တွင် တပ်သားအချို့သည် ၄င်းတို့စခန်းအောက်ဘက်သို့ ရေချိုးဆင်းလာချိန် ညနေ ၅ နာရီချိန်တွင် ယခုလိုပေါက်ကွဲလာပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

“ကျနော်တို့ ဘက်က remote မိုင်းနဲ့ ၂ ကြိမ် ဆက်တိုက် ပေါက်ကွဲလိုက်တာ။” ဟုဆိုသည်။

ထိုပေါက်ကွဲမှုတွင် အစိုးရတပ်မှ ၅ ဦးသေဆုံးသော်လည်း ကျန်ထိခိုက်ဒဏ်ရာရရှိမှုကိုမူ အတိအကျမသိရှိရသေးကြောင်း ဆက်ဆိုသည်။

ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးသွားလမ်းရှိ လုထောန် (Lu Htawng) ရွာအနီးတွင် တပ်ချထားသော ဝိုင်းမော်မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၅၇)ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ(၅)အောက် တပ်ရင်း (၃) စစ်သားများ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦး သေဆုံးကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ ပစ်တာဆိုတော့ ဘာမှမဖြစ်ဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လာလို့ ကျနော်တို့ပြန် လာခဲ့တာ။” ဟုဆိုသည်။

၎င်းမြန်မာအစိုးရတပ်သည် လက်နက်ကြီများနှင့် ၇ ကြိမ်ပစ်သော်လည်း KIA တပ်ရင်း(၃) တွင် ထိခိုက် သေဆုံးမှု မရှိကြောင်းဆက်ဆို သည်။

တိုက်ပွဲများသည် အစိုးရတပ်နှင့် KIA တပ်ချ ထားသော နေရာတ၀ိုက် ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါ့ဖုန်းယန်-ဟိုင်းကိုင် (Hang Kai) တပ်စ ခန်းရှိ မြန်မာအစိုးရတပ်သည် ယနေ့ ၃ နာရီချိန်တွင် လက်နက်ကြီးများ (၁၀၅ မမ) ဖြင့် KIA တပ်ဖက်သို့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီး ယမန်နေ့များတွင်လည်း ၅ ကြိမ် ထက်မနည်း ပစ်ခတ် နေကြောင်းသိရသည်။

အစိုးရနှင့် KIO တိုက်ပွဲများတွင် စက်တင်ဘာလအတွင်း အစိုးရတပ်ဖက်မှ ကျဆုံးမှုအများဆုံးဖြစ်နေကြောင်း KIO ရှေ့တန်းသတင်းမှ နေ့စဉ် သတင်းစုံစမ်းသိရသော်လည်း အမှန်တကယ် အစိုးရဖက်က သေဆုံးမှုရှိမရှိကိုမူ အစိုးတပ်များနှင့် အတည်ပြုချက် မရရှိသေးပေ။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည် -


ရန်ကုန်-စက်တင်ဘာ၂၉

နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှ ကူညီမည်ဖြစ်၍ ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။
"ဂျပန်က မီးစက်၁၃လုံး ပေးသွားမယ်လို့ သဘောတူထားပြီးဖြစ်တယ်။မီးစက် တလုံးကို လျှပ်စစ်ဗို့အား ၄၀၀ ထွက်ရှိနိင်၍ ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏ လျှပ်စစ်ထွက်ရှိမှုထက်၂ဆ နီးပါးပိုထွက်မည် ဖြစ်ကြောင်း၊ မီးစက်တလုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀ သန်းခန့် ရှိကြောင်း၊ အဆိုပါ မီးစက်များကို ရန်ကုန်တိုင်း ဒေသကြီးတစ်ခုထဲအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။ မီးစက်များကို လှော်ကား၊ သာကေတ၊အင်းစိန် ၊ ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့ စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။
 
Copy from - Myanmar Online News

ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ


ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ
 
  ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌ စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊ တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့ သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲ ရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း သိခဲ့ရပါတယ်။ 
ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း လူနာအဖြစ်ကုသနေကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။ လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။
 နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း သတင်းရရှိသည်။ ပေးပို့သူ မေ့မေ့သား လင်းဆက်

မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ


by Lwin Aung Soe on Friday, September 28, 2012 at 10:25pm 

 ကျင့်သုံးနေဆဲ ပညာရေးစနစ်ကို ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်တာမျိုးကို ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်။
အခြေခံပညာ အထက်တန်းကို (၃) နှစ်ကြာအောင် သင်ယူစေပြီး ပညာရေးအဆင့်မီအောင် လုပ်မယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက ပြောဆိုတာ ကြားလိုက်ရပါတယ်။
ဒီလိုမျိုး (၃) နှစ်ကြာအောင် သင်ယူစေတဲ့ ပညာရေး စနစ်သစ်ကို သတ်မှတ်နိုင်ဖို့အတွက် ဘယ်နှစ်နှစ်ကြာအောင် ပညာရေးနဲ့ လူမှုရေး သုတေသန လုပ်ထားပြီးပြီလဲ.. အမျိုးသားစီမံကိန်းနဲ့ ကိုက်ညီနေရဲ့လား.. ဆိုတဲ့ မေးခွန်း ၂ ခွန်းကို ပညာရေး ဝန်ကြီးကို ကျနော် အရင်ဆုံး မေးချင်ပါ တယ်။ ဒီနောက်မှာ မေးစရာတွေ တပုံကြီး ရှိတယ် ဆိုတာလည်း ဝန်ကြီး သဘောပေါက်လောက် ပါလိမ့်မယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ စားဝတ်နေရေးစရိတ်ပေါ် မူတည်ပြီး ပညာရေးကို မရရအောင် ခြစ်ကုတ်သင်ယူနေရသူတွေ သန်းပေါင်းများစွာ ရှိနေမယ်ဆိုတာ သိထားဖို့ ကောင်းပါတယ်။
(၃) နှစ်တက်ရတာ ချမ်းသာတဲ့သူ၊ ငွေကြေး လုံလောက်တဲ့သူတွေအတွက် ဘာမှ မထောင်းတာဘူး ဆိုရင်တောင် နောက်ထပ် တနှစ် အချိန်ပေးလိုက်ရတာကြောင့် ကောင်းကျိုး ရှိနိုင်သလို ဆိုးကျိုးလည်း ရှိနေတတ်ပါတယ်။ ဘယ်လောက်များများ တွက်ချက် ပြင်ဆင်ထားပြီးပြီလဲလို့ မေးစရာ ရှိပါတယ်။
ဒါဟာ ငွေကြေးချို့တဲ့နေရတဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲက မောင်းထုတ်လိုက်သလို ဖြစ်နေပါတယ်။ အခမဲ့ ပညာရေးစနစ် ဖြစ်တယ် ဆိုရင်တောင် ကျောင်းမရှိတဲ့ ဒေသက ကျောင်းသားတွေဟာ ကျောင်းရှိတဲ့ အရပ်ဒေသကို လာရောက် နေထိုင်ရတဲ့ ပြဿနာမျိုးတွေကအစ တွက်ချက် စဉ်းစားယူရပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်တောင် ငယ်စဉ်ဘဝက ဒီလို အခက်အခဲမျိုးတွေ ကြုံခဲ့ရဖူးတာ ဟိုတလောက သိလိုက်ရပါတယ်။
ပညာရေးကောင်းစေချင်ရင် အဓိက လိုအပ်ချက်ဟာ အရည်အသွေးမြင့်တဲ့ သင်ကြားမှု စနစ်သာ ဖြစ်ပါတယ်။ အချိန်ထပ်တိုးတာ မဟုတ်ပါဘူး။
ပြုပြင်ပြောင်းလဲရေး ဆိုတိုင်း စိတ်ကူးထဲ ပေါ်လာတာကို ကောက်လုပ်လို့ မရပါ။ အထူးသဖြင့် ပညာရေးစနစ်မှာ စိတ်ကူးမိတာကို အရင်ဆုံး ကွင်းဆင်း သုတေသန လုပ်ကြည့်ပြီး ကာလတို တခုမှာ (သို့) ပိုကောင်းစေချင်ရင် စံပြလေ့ကျင့်ရေးလို ကျောင်းတွေမှာ စမ်းသပ်ကြည့်ရပါတယ်။ အောင်မြင်တယ်လို့ အထပ်ထပ် အတည်ပြုနိုင်မှ တနိုင်ငံလုံး ကျင့်သုံးတဲ့ စနစ်မျိုး ဖြစ်စေရပါတယ်။
ပညာရေးစနစ်ဟာ တနိုင်ငံလုံးမှာ တပြေးညီ မပိုမလို အတိအကျ ကျင့်သုံးရတာကြောင့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်လိုမျိုးပဲ သိပ်ကို အရေးကြီးပါတယ်။ ပညာရေးမှာ စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုးကို ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့နောက်ပိုင်း ၁၉၆၄ ခုနှစ်လောက်မှာ ကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်ကတည်းက စတင် ကျင့်သုံးလာလိုက်တာ ဒီနေ့ထိဆိုရင်  နှစ်ပေါင်း ၅ဝ လောက် ဖြစ်နေပါပြီ။ မပြောင်းလဲနိုင်သေးတဲ့ ကိစ္စကြီးပါ။
အဲဒီ နှစ်ပေါင်း ၅ဝ လောက်အတွင်းမှာ ပညာရေး အစမ်းသပ်ခံ ဖြစ်ရသူတွေ ရရှိလိုက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်လိုရှိနေတာကို နိုင်ငံတကာ စံချိန်နဲ့ တိုင်းလိုက်ရင် အသိသာကြီးပါ။
သမ္မတနဲ့တကွ ဝန်ကြီးတွေလည်း အမေရိကားရောက်နေတုန်း မြန်မာတွေ အင်္ဂလိပ်လို ဘယ်လောက် တတ်သလဲ ဆိုတာ အနည်းဆုံး သတိပြုမိကြမှာပါ။
ဥရောပ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေလျ၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ ပညာရေးစနစ်ရဲ့ အောင်မြင်မှုတွေကိုချည်း ကြည့်မနေဘဲ အောင်မြင်မှုရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းးနေကြသလဲ ဆိုတာကို ကျနော်တို့ လေ့လာပြီး ကိုယ့်ရေမြေသဘာဝ အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။
တကယ်တော့ နှစ်ပေါင်း ၅ဝ လောက် တပုံစံတည်း ကျင့်သုံးလာနေတဲ့ “စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုး” ကိုသာ ပညာရေးဝန်ကြီးဋ္ဌာနအနေနဲ့ အရင်ဆုံး ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
လွင်အောင်စိုး
၂၉-၉-၂ဝ၁၂

စွန့်လွှတ်ခြင်းဆိုတာ ဘာကိုခေါ်ပါသလဲ (ကိုအမ်အမ်)




ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်
ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။
တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။

အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့

ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်

ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။

ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။

တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား

ယိုးဒယားစစ်တပ်၏ ပင်မတိုက်ပွဲဝင်တင့်ကား M60 


ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................

ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည်။ ကျောင်းဆင်းသည်မှာ မကြာသေး.. ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။

ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်------------။

လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ----------
စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ---------

တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ....။

မြန်မာ့တပ်မတော်ထုတ် ၆၀မမ ကိုယ်မန်ဒို စိန်ပြောင်း

မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။

ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည်။ မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်...။

မြန်မာ့တပ်မတော်ထုတ် MA-10 ပုခုံးထမ်းလောင်ချာ (ပဲ့ထိန်းမဲ့ တင့်ဖျက်လက်နက်)


အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည်။ အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ...။

တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည်။ သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည်။ ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည်။ တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည်။
ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး ကျည်သင့် ကျဆုံးခဲ့သည်။ ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်။

ယိုဒယားစစ်တပ်၏ ဗီ-၁၅၀ ကိုယ်မန်ဒို သံချပ်ကာယာဉ်


ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်

တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်

သို့သော်------------------------

တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------

မြန်မာ့တပ်မတော် (လေ)ရှိ ဂျီ-၄ တိုက်လေယာဉ်


စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------

တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------

ဂျီ-၄ တိုက်လေယာဉ်ပေါ်မှ မြေပြင်ပစ်မှတ်အား ချေမှုန်းနေစဉ် (နမူနာပုံသာဖြစ်ပါသည်။)


၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။

မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------

MYANMAR ARMOURED CORPS

(အထက်ပါ ဆောင်းပါးအား ဖော့ဘုတ် ပေါ်မှ ပြန်လည်ရယူထားခြင်းဖြစ်ပါသည်။ မြန်မာ့ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမဆို တိုက်ထုတ်ချေမှုန်းရမည်မှာ တပ်မတော်၏ တာဝန်ပင်ဖြစ်ပါသည်။)
myanmar defence weapon
--

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်


Photo

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီး ကြေညာ

By Planet 28 September, 2012 - 20:35
ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅) သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင် အသက် (၃၃) နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀) ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။

"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Email နဲ့ Fax တွေရောပေါ့။ အဲဒါတွေအားလုံးကိုဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်" ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့်မဟုတ်ဘူး။ ကျွန်တော့်သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်" ဟု ရေးသားထားသည်။

အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပါ။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်" ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်းဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇) နှစ်က ပြင်သစ်တွင် အမျိုးသမီးတစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာမရှိပါဘူး။ အဓိကအချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်" ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူလက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။

Source: AFP on GoogleNews

လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံးမြွှေကြီး


 အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။ ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။

http://luckymyotaw.wall.fm/forum/16 (ထူးဆန်းထွေလာ)

Saturday, September 29, 2012

မြန်မာ့ကွမ်းယာ ကမ္ဘာလှည့်ခရီးသည် အံ့သြ လေ့လာ


မိုးသီးဇွန်က စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို တားဆီးရန် ဝေဖန် အင်္ဂလန်နှင့် သြစတြေးလျမှ ကမ္ဘာလှည့် ခရီးသည် ၁၆ ဦးတို့သည် ရန်ကုန်မြို့တွင်း လှည့်လည် လေ့လာကြစဉ် ကျောက်တံတား မြို့နယ် လမ်းဘေး ကွမ်းယာဆိုင် တစ်ဆိုင် ရှေ့၌ ဝိုင်းအုံနေကြသည်ကို ၁၈-၉-၂၀၁၂ ရက်နေ့ နံနက်က တွေ့ရသည်။ ဧည့်လမ်းညွှန် ကိုအောင်မြတ်က ကွမ်းယာကို လက်ဖဝါးပေါ်တင်ကာ ကွမ်း၊ ထုံး၊ ကွမ်းသီး၊ ဆေးတို့ရော၍ စားရခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းပြနေသည်။
ကွမ်းတံတွေးကို ထွေးပစ်ရကြောင်း၊ လမ်းသွားရင်း ကွမ်းစားလျှင် စည်းကမ်းမဲ့ ကွမ်းတံထွေး မထွေးသင့်ကြောင်း၊ လမ်းသွားရင်း စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးပါက လမ်းပလက်ဖောင်းများ ညစ်ပတ်ကြောင်း စသည်ဖြင့် ရှင်းပြနေသည်ကို ကြားရသည်။ ရှင်းပြသည့် ဧည့်လမ်းညွှန်ကလည်း ကွမ်းယာသမား ဖြစ်သည်။

ရန်ကုန်မြို့တော်အနှံ့ လမ်းဘေး ကွမ်းယာဆိုင်များနှင့် လက်ပွေ့ ကွမ်းယာသည်များ မှိုလိုပေါက် ပေါများနေပြီး စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးနေကြသူ များကြောင့် လမ်းများ၊ ပလက်ဖောင်းများ၊ ဘတ်စကား နံဘေးများ၊ အဆောက်အအုံ နံရံများ ကွမ်းတံတွေး ပေကျံ ညစ်ပတ်နေမှုများကို ကမ္ဘာလှည့် ခရီးသည်များက မသိကြ။ သိသွားလျှင် အထင်သေးစရာ ဖြစ်သည်။
သို့ဖြစ်၍ ကွမ်းယာဆိုင်များနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သင့်ကြောင်း သိရသည်။ စည်းကမ်းရှိ မြို့ကြီးသား ပီသကြမှ ရန်ကုန်မြို့တော်ကြီးသည် သန့်ရှင်း လှပပြီး ကမ္ဘာလှည့် ခရီးသည်များကို ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ကွမ်းယာစားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသီးဇွန်က အင်တာဗျူးတစ်ခု၌ ပြောကြားရာတွင်-
- စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတဲ့ ကိစ္စဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် အလွန်ရိုင်းတဲ့ကိစ္စ ဖြစ်တယ်။ ကွမ်းစားတာဟာ ဒီမှာတော့ culture ကြီးတစ်ခုလို ဖြစ်နေတယ်။ ကွမ်းစားတာဟာ အကြောင်းမဟုတ်ဘူး။ ဟိုနားထွေး ဒီနားထွေးနဲ့ ဒါကို အစိုးရကလည်း မတားဆီးနိုင်ဘူး။
- ဒီလောက်လေးဆိုပြီး ဒီအကြောင်းကို ဘယ်နိုင်ငံရေး အဖွဲ့အစည်းက ပြောလို့လဲ။ အခုအချိန်မှာ Universal Value က မြင့်လာပြီ။
- မဆလ ခေတ်တုန်းကလည်း လူတွေ ကွမ်းစားနေကြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့  မစားခဲ့ဘူး။ စံပြ နေခဲ့ကြတယ်။ အခုခေတ် ရောက်တဲ့အထိ လူတွေဟာ ကွမ်းစားတုန်းပဲ။ လူငယ်တွေ ပိုစားလာကြတယ်။
- ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခု မဟုတ်ဘူး။ တကယ် မှန်ကန်တဲ့ ထွက်ပေါက်က အားကစားကို လိုက်စားမယ်။ စာဖတ်မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။ ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက်ဆိုတာကို သင်ပြပေးကြရမယ်။ လှုံ့ဆော်ပေးရမယ်။ လှုပ်ရှားခိုင်းရမယ်။ ယခုအခါ ကွမ်းယာကို အကြောင်းပြုသည့် ကွမ်းရွက်၊ ထုံး၊ ဆေးနှင့် ကွမ်းယာသုံးပစ္စည်း စီးပွားရေး ဈေးကွက်ကြီးမှာ နေ့စဉ် ကျပ်ငွေ သိန်း၊ သန်းချီကာ အရောင်းအဝယ် ဖြစ်နေသည်မှာ လျော့နည်းသည်မရှိ၊ လစဉ်၊ နှစ်စဉ် တိုးပွားလျက် ရှိနေကြောင်း သိရသည်။

စိုးသီဟစိုး

မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ


ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို ပြည်သူ့ စစ်သင်တန်း စတင်ပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့ စစ်သင်တန်း ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄) ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့် ပါဝင်သည်ဟု ပြောသည်။
ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။
“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ ယောက်ကျော် သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်းတက်နေတာ ဖြစ်ပါတယ်။ စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။ သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။
“မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။ ပြီးရင်သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင် ကိုယ့်ရွာကို ပြန်ကြရတယ်။ ရွာလုံခြုံရေး ဆက်ယူကြရပါတယ်” ဟု သင်တန်း သွားတက်သူ ရွာသားတစ်ဦးက ပြောပြသည်။
သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ ဝေးသောကြောင့် နံသာတောင်ကျေးရွာ သားများ အနေဖြင့် ခြေလျှင် လျှောက်ပြီး သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ ၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။
ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်စီ တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး ရွာသားများက ဆိုသည်။
မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း ပေးနေပြီဖြစ်ကြောင်း မောရ၀တီကျေး ရွာသား တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။ တရွာက ၁၀ဦးစီတက်ရတယ်။ မနက် ၇နာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ ည ၄နာ၇ီအထိ တက်ကြရပါတယ်။ သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က သင်တန်းမှူးတွေ ပြနေပါတယ်။ သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့ စစ်သင်တန်း တက်နေသူ မောရ၀တီကျေး ရွာသား တဦးကပြောသည်။
မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။
Copy from - narinjara.com

လူသားက မွေးဖွားလိုက်တာ မြင်းလို သတ္တ၀ါ ဖြစ်နေ (သတင်း/ဓာတ်ပုံ)


လူက မွေးလာတဲ့ မြင်းသဏ္ဍန် ကလေးငယ်၊ ဓာတ်ပုံ- The Morningstarr

 နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦးဟာ ခရစ်ယာန်ဘုရားကျောင်းကို အလည်လာစဉ်အခိုက် မြင်း တိရိစ္ဆာန်နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။ 

 နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စုဝေးမှုမှာ ဧ၀ံဂေလိ ဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာ အမည် မဖော်ပြတဲ့ အမျိုးသမီးက ကိုယ်ဝန်ပျက်ကျတဲ့ သဘော ဖြစ်ခဲ့ပါတယ်တဲ့။

မျက်မြင်သက်သေတွေ က ပြောတာကတော့ အဆိုပါ အမျိုးသမီးဟာ ထိုဒေသက အသီးအရွက်ရောင်း သူဖြစ်ပြီး ဘုန်းတော်ကြီးက သူ့ရဲ့ အမြုံဖြစ်နေမှုကို ဂရုစိုက်ကုသပေးနိုင်စေဖို့ ဘုရားကျောင်း အစည်း အဝေးကို တက်ရောက်ခဲ့ တာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က မွန်းစတား အွန်လိုင်း သတင်းစာမျက်နှာ တခုမှာ ဖော်ပြထားပါတယ်။ 

ဘုန်းတော်ကြီး Silva Wealth ကလည်း ထိုအမျိုးသမီးကို ဆီလိမ်းပြီး ဘာသာရေး အရ ချီးမြောက်ပေးခဲ့ ပါတယ်။ ပြီးတော့ သူ့ရဲ့ အမြုံဖြစ်နေရမှုအတွက် သက်ဆိုင်ရာ ကျမ်းစာကို ရွတ်ဆိုဆုတောင်းမှု လုပ်ပေး ခဲ့ကြပါတယ်။ 


အဲဒီလို ကျမ်းစာကို ရွတ်ဖတ် ပူဇော်ဆုတောင်းနေစဉ်မှာဘဲ ထိုအမျိုးသမီးရဲ့ ရေမွှာပေါက်ပြီး သွေးတွေ ဆင်းလာခဲ့ပါတယ်တဲ့။ သူနာပြု တဦးဖြစ်သူ Veronica Egiebor တကယ့် ဇာတ်လမ်းဆန်ဆန် အဖြစ် အပျက်ပဲလို့ သူ့မျက်မြင်ကို ပြောခဲ့ပါတယ်တဲ့။

“သူလည်း ကလေးထွက်လာဖို့ ခက်ခက်ခဲခဲ ညှစ်နေတုန်း အ၀တ်တွေနဲ့ ခြေထောက်ကို ချီထုတ်ခဲ့ကြတာ။ ပြီးတော့ တခုခု ပြုတ်ကျခဲ့ပြီး သူလည်း လဲ ကျသွားတယ်။ ကျလာတဲ့ဟာက တချို့က ဆိတ်လို့ ပြောတာပဲ၊ ဒါပေမယ့် မြင်းနဲ့ တူတယ်။ လည်ပင်းနဲ့ နားရွက်ကလည်း ရှည်တယ်”လို့ အဲဒီသူနာပြုက ဆိုပါတယ်။

“အတိအကျပြောရရင် မြင်းတကောင်းနဲ့တူတယ်။ မြင်းပေါက်စလေးပုံလိုပေါ့” လို့ သူနာပြုဆရာမ Egiebor က ဆိုတယ်။ 

ဘုန်းတော်ကြီး Wealth ကလည်း “ကျနော်တော့ ဒီဟာကို ဘယ်လိုမှ ပုံဖော်မပြောတတ်ဘူး။ ကျနော်တို့ ဆုတောင်းမှု ပေးတဲ့ အချိန် လူတချို့ ပစ္စည်းတွေ အန်ချတာမျိုးတော့ မြင်ဖူးတ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး” လို့ ပြောပါတယ်။ 

အခုလို သတ္တ၀ါလေး မွေးပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီး Wealth က သူ့နောက်လိုက်တွေကို ကျမ်းစာကို ရှင်းလင်းယုံကြည်စွာ ဆက်ရွတ်ဖတ်ပူဇော်ဖို့ သတိပေးခဲ့ပါတယ်။ 

သဘာဝလွန်တွေကို ယုံကြည် တဲ့ တောသူတောင်သားတွေလည်း အရင်က သူတို့ နာခံယုံကြည် လက်ခံ ထားခဲ့ပေမယ့် ဖြစ်ရပ်ဆန်းကြောင့် တချို့လည်း ဒီဘုရားကျောင်းက ထွက်ပြေးခဲ့ကြတယ်။ 

သားမွေးမိခင်ကိုတော့ ဆေးကုဖို့ ခေါ်လာခဲ့ပြီး မြင်းလိုသတ္တ၀ါကိုတော့ ဘုရားကျောင်းက ကြမ်းပြင်ပေါ်မှာပဲ ထားခဲ့လိုက် တယ်။ ဘယ်သူကမှလည်း မွေးလာတဲ့ သတ္တ၀ါကလေးကို ဂရုမစိုက်ခဲ့ကြဘူး။ 

ဒါပေမယ့် အဲဒီဒေသက သတင်းသမားတွေ က ဓာတ်ပုံလာရိုက်တဲ့အချိန်ကျတော့ ကလေး လေး က သေနေခဲ့ပါပြီ။ အဲဒီ လူကမွေးတဲ့ မြင်းလိုသတ္တ၀ါလေးကို ဘုရား ကျောင်းမှာ အဲဒီညနေထိ ရှိနေ ခဲ့သေးပေမယ့် နောက်နေ့ မနက်မှာတော့ ဘုရားကျောင်းလူကြီးတွေက မြင်လို့ မကောင်းလို့ လွှင့်ပစ် လိုက်တယ်တဲ့။ 

ဘုန်းတော်ကြီး Wealth ကပြောပြတာတွေကမှော်ဆန်ဆန် အသွင်ပြောင်းသွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီး တချို့ နှလုံး အား မကောင်းသူတွေ ပျို့ချင် အန်ချင်စရာ ဖြစ်နေတဲ့ တချိန်တည်းမှာ အခုလို ထူးခြား ဆန်းကျယ်ဖြစ်ရပ်တွေကတော့ World Liberation Ministry ဆိုတဲ့ ကမ္ဘာ့ လစ်ဘရေးရှင်း ဘုန်းတော်ကြီး ဂိုဏ်းမှာတော့ သာမန်အဖြစ်အဖြစ်ပါပဲတဲ့။

 “ကျနော်တို့ ပိုက်ဆံကနေ လိပ်ဖြစ်သွားတာမျိုး မြင်ဖူးတယ်”လို့ ကိုယ်ပိုင် ဘုရားကျောင်းပိုင်သူ တဦးက ပြောပါတယ်။ 

ဘန်နင်မြို့ ဗဟိုဆေးရုံကြီးက ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် မျိုးဗီဇဆိုင်ရာ gynaecologist ဖြစ်သူ Dr. Jerry Uwaifo က လူသား အမျိုးသမီးတဦးက မြင်း တကောင် မွေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ မေးမြန်းရာမှာ သူက မှတ်ချက်ပေးပြောဆိုတာက ရှင်းပါတယ်။ 


“ဘုရားသခင်ကတော့ ဒီလိုနည်းနဲ့ ထူးခြားဆန်းကျယ်မှုကို ဖန်ဆင်းမပြပါဘူး။ သူလည်း လူသား အမျိုးသမီး က မြင်းတကောင် မွေးဖွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”လို့ Dr. Uwaifo က ပြောပါတယ်။

 http://www.themorningstarr.co.uk/2012/09/14/woman-gives-birth-to-a-horse/ သတင်းကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။

ရယ်ချင်သောသူများအတွက် Message လေးတွေပါ။



ဒီစာလေးတွေ ဖတ်ပြီး ပျော်သွားအောက် တင်ပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်က ပျော်ပျော်နေတတ်တဲ့သူဆိုတော့ အားလုံးပျော်သွားအောင် လုပ်ပေးလိုက်ပါတယ်။
ဖတ်ပြီးတော့ Comment မပေးခဲ့ရင် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်ရပါစေ။ ( စတာနော်။ တစ်ကယ်ဖြစ်ရင်မသိ :P )


၁။ ဘ၀ဆက်တိုင်း uk မှာ ဘောလုံးသမား japan မှာ ဆာမုရိုင်း us မှာ မာဖီးယား korea မှာ မင်းသား myanmar မှာ
လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။


၂။ ချစ်သူစိမ်းလို့ တရားကိန်းတယ်။ တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ် သားရေနယ်ကွဲ့ ရှာတုန်း ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။


၃။ ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင် မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။


၎။ အာရုံမှာ လာလာစုစည်း သူချည်းသာလော အလွမ်းနှင့်ပါဘုရား။


၅။ မင်းရဲ့ လူမှုဆက်ဆံနည်း တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက ရေစီးကြောင်းလို ချောင်းမ၀င် မြစ်မပေါက် ခွေးနံပိန်
ဆင်းဆင်းသောက်လို့ ဗွတ်မပေါက်ပါစေနဲ့။


၆။ online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့ လိမ်ညာခြင်းပါပဲ။


၇။ say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။


၈။ အမြည်းမရှိတော့ အာပူ သူကြီး မရှိတော့ ရွာဆူ ဆိုသလို ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား ရည်းစားမရှိရင်
ကြူသာကြူ။


၉။ ချောတာကြိုက်ရင် မင်းသားတွေရှိတယ်။ ချမ်းသာတာမှလိုချင်ရင် သူဌေးသားတွေရှိတယ်။ ဂုဏ်မက်တယ်ဆိုရင်လဲ
စစ်ဗိုလ်တွေရှိတယ် ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ ငါ့ဆီကိုလာခဲ့။


၁၀။ ရှေ့ကသွားပါဆိုတော့လဲ အီအီးပေါက်တယ်။ နောက်ကလိုက်ခဲ့ဆိုတော့လဲ ဖိနပ်တက်နင်းတယ်။ ဘေးတိုက်ကြ
တော့လဲ အရပ်ပုလို့တဲ့။ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။


၁၁။ နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ နင့်အစ်ကိုက ဂေါက်အိတ် နင့်မိဘတွေက ဂေါက်ကျင်း နင်တို့တစ်အိမ်
လုံး ဂေါက်ကွင်း.....ဟီး။


၁၂။ ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့် မင်းအတွက်ဆို suparman
လေးလို စွမ်းဆောင်ပေးမှာပါ။


၁၃။ အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???


၁၄။ အချစ်ဆိုတာ ဘက်စ်ကားလိုပဲ ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။


၁၅။ ရဲဘော်တို့ အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။ ခက်ခဲမယ် ကြမ်းတမ်းမယ်။ လိုအပ်ရင် အရူးကွက်နင်းရမယ်။
အလိမ်အညာတွေနဲ့ တွေ့ မယ် သတိရှိပါ။


၁၆။ အချိန်တွေပိုနေလို.အွန်လိုင်းမှာရှိနေတာမဟုတ်ရပါဘူး..........နင်ဆိုတဲ.မျှော်လင်.ချက်နဲ.အွန်လိုင်းပေါ်မှာအချိန်
ဖြုန်းတက်ခဲ.တာ.............ငါ.ကိုငါတောင်မသိလိုက်ဘူး။ 


၁၇။ သူရဲ့အပြောမှာ ရင်ခုန်သည်… တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်… အကြင်နာချစ်စကား ပြောခွင့်ပေးပါ
အတည်…. သူ Block မှာလည်း စိုးရိမ်သည်…. သူ Sign Out မှာ သိပ်ကြောက်သည်… အခုတော့သိပြီ သူ့ကို Q မိပြီ.။


၁၈။ ထမင်းကလွဲရင် အကုန်ချက်တယ်… Gtalk နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်…. Pfingo ပြောမယ် စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်


၁၉။ အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာ
အားလုံးကို ကျောခိုင်းထားချင်တယ်…. နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း
ပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။


၂၀။ ငါတို့က… မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ… လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။


၂၁။ စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။


၂၂။ အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့
ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။


၂၃။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။


၂၄။ အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာ
မှာ အသေအချာပါပဲ...။


၂၅။ အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။ မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး
နိုးနေမိတယ်။ ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။


၂၆။ လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့်
ထိန်းချုပ်တတ်ရတယ်....။ အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။


၂၇။ လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်
ဆိုရင်တော့ အချိန်တွေလိုတယ်....။


၂၈။ တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်
နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။


၂၉။ ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။


၃၀။ U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။ U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်
တာပေါ့။ U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။ U Chat I Chat နှစ်ယောက်ချက်တော့ အမြန်
ကျက်တာပေါ့။


၃၁။ ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။ မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်
ကိုရှုံးသွားပြီ။ မင်း မြန်မာနိုင်ငံရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။


၃၂။ လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်- ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး


၃၃။ အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............? NEED 4 SPEED လောက်ရော ရင်ခုန်
ရလို့ လား.......................? COUNTER STRIKE လောက် ပြင်းထန်လို့ လား........................? နေစမ်းပါ....
LOVER လုပ်မယ့်အစား GAMER ပဲ လုပ်တော့မယ်.......


၃၄။ စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy
ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ်
Black Label ကစ်...။


၃၅။ Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင် Policy ကာရံထားလို့ဘာမှကိုမမြင်………..
Bamar Net ရဲ့ Connection အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။


၃၆။ ဒို့အကြောင်း…….နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ အိပ်စောင့်ရမြဲ။


၃၇။ ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ် Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း.။


၃၈။ ဟို(Net)ဆိုင်ကမီးထိန်ထိန်. ဒီ(Net)ဆိုင်ကမီးထိန်ထိန် တစ်နာရီ(၅၀၀)တောင်းပါတဲ့.ရိုက်စားတို့အိမ်….။


၃၉။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ တနေ့တခြား…………….အကြွေးများလာမှာ………… ။


၄၀။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင် Connection တော်တော်လေး…… ညီညီညာညာ
နှုတ်ဆက်ပြေး ………။


၄၁။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။


၄၂။ ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ……
ပညာသတင်းစုံလေ့လာကုန် …။ဲ ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။


၄၃။ VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျိုကြည့်ကြပါဆို ………………… … အမူယာပိုအော်ကာ
ပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား ……


၄၄။ Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး
တော်တော်ဆိုးပါလား…….။


၄၅။ စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား …………
Download လုပ်ဖို့သူကြိုးစား ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည် ကိုဖိုးမောင်
နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်
တွေသူလေ့လာ တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။


၄၆။ ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။ Web.cam မပါ ၊ Earphone မလာ …………
တကယ်မရှိတာလား ၊ ညစ်တာလား


၄၇။ တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်………. တ၀ီဝီမြည်ရာ Net ဆိုင်မှာ……….
အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။


၄၈။ တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်……… တဂျုန်းဂျုန်းသံပေး Net ဆိုင်
ဘေးက………မရပ်မနားမီးစက်သံကွယ့်………..။


၄၉။ တောက်ခေါကတဲ့သံတညံညံ…………………Netဆိုင်ထဲကဘာဖြစ်တာလဲ…. တောက်ခေါကတဲ့သံတညံညံ……
Conneection လေး ဒေါသသံလေး……..။


၅၀။ ချာတိတ်မတွေကို… ညာရှိတ်ဦးမယ် မုန်းတယ် မုန်းတယ် မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ် အမေ့ကို မတိုင်ရဘူးနော်။


၅၁။ တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်
လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P


၅၂။ ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့
ခက်လှပြီ.... မနှစ်ကပေးတဲ့ မေးလ်လိပ်စာ.... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ........ မမှတ်မိတော့ခက်သာလှချေပြီ...။