ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၇ ဦးရှိရာမှာ ရေးရာကော်မတီ နဲ့ ကော်မရှင်မှာ အကုန်နီးပါး အဖွဲ့ဝင်ဖြစ်လာမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်က ပြောပါတယ်။
“အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး ရေးရာကော်မတီတွေမှာ ပါသွားပြီ။ ဒီနေ့အထိ ထွက်လာတဲ့စာရင်းအရ မပါသေးတဲ့ ပုဂ္ဂိုလ် ၂ ယောက် ၃ ယောက်လောက်ပဲ ရှိတော့မယ်။ ၃၄ ဦး ပါသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်တဲ့ ၃ ယောက်လည်းပဲ ကော်မတီတွေက ကျန်နေသေးတာဆိုတော့ အကုန်လုံး ထပ်ပါဦးမယ်လို့ မျှော်လင့်နေကြတာပါ။”
မနေ့က စတင်ပြီး တိုးချဲ့ဖွဲ့စည်းလာခဲ့ရာမှာ ဒီနေ့အထိ ၃၄ ဦး ရှိသွားပြီလို့