This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, May 12, 2012
ကျီးပေါင်းအတွက် သင်္ဘောရွက်
by Health Articles on Thursday, April 19, 2012 at 9:20pm ·
သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။  အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီး မသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။
အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။
အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။
သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစ အရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင် ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။
သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။
ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကို ထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။
ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။
ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။
ကြည်လွင်မြင့်(မုဒြာ)
By Shade The Mandalay Hill
Shared from http://news.yatanarpon.com.mm/news/article-55692
နောက်မဖြစ်အောင် နှင့် ဟာသတိုများ
နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။ ဒီတော့ဆရာဝန်က.....
“ဘယ်လိုဖြစ်တာလဲ”
“ကားတံခါးဆွဲပိတ်လိုက်တာ လက်ညပ်သွားလို့ ”
“ခင်ဗျားမူးနေရင်တော့ဒီလို ခဏခဏဖြစ်နေမှာပဲ”
“နောက်မဖြစ်တော့ပါဘူး ဆရာ”
“အရက်ဖြတ်မယ်ပေါ့”
“ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ”
ပါတော့ ပါသွားတယ်
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
ကျွမ်းကျင်ရာလိမ္မာ
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦးသည် သူ၏လည်စည်းကိုတပ်ဆင်ရာ စိတ်တိုင်းမကျဖြစ်နေ
သည်။ ထိုစဉ် သူ့ အခန်းရှေ့မှ ဖြတ်လျှောက်သွားသောသူတစ်ဦးကို တွေ့သဖြင့်လှမ်းခေါ်ပြီး…
“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဟောဒီလည်စည်းလေး စည်းပေးပါဗျာ။”
“ရပါတယ်ဗျာ၊ ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ။”
ထို့နောက် ထိုလူက ကျွမ်းကျင်စွာပင် လည်စည်းကို စည်းပေးလိုက်၏။
“ကျေးဇူးပဲဗျာ၊ ခင်ဗျား စည်းပေးလိုက်မှ စတိုင်လ်ကျသွားတော့တယ်။
ဒါနဲ့ ခင်ဗျားက ဘာလို့ မတ်တပ်စည်းမပေးဘဲ အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ။”
“ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူမို့ပါ”
လူမှန်နေရာမှန်
“မောင်ဘမောင်… မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။
မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်”
“မတတ်နိုင်ဘူး ဒေါ်ဒေါ်… သူမှ မယ်ဒလင် မတီးတတ်တာ။”
အတုံ့အလှည့်
မော်စကိုမြို့၏ တစ်ခုသောအရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး၊ ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေး
ရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကိုထုတ်လိုက်ပြီး စားပွဲထိုး၏လက်ထဲ
မအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်သို့ပစ်ပေးလိုက်သည်။ ပိုက်ဆံများပြန့်ကျဲသွားသည်။
ဘားမင်း၏မျက်နှာ ဒေါသရောင်သန်းသွားသည်။ သို့သော် ဧည့်သည်ကို မည်သို့မှ ပြန်မပြောချေ။ ပိုက်ဆံများကို ကောက်
သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။ နောက်တစ်နေ့တွင် မနေ့ကလူကြီး ရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ရူဘယ်
ပင်ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။
“ ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်း တွေးလိုက်ပြီး ပြန်အမ်းငွေ ၂၃ရူဘယ် ကို တစ်ရူဘယ်တန်
အကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက် “ ရော့ ပြန်အမ်းငွေ ” ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။
ပိုက်ဆံများ ပြန့်ကျဲသွားသည်။ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းပင်အိတ်ထဲမှ တစ်ရူဘယ်တန်အကြွေစေ့
၎စေ့ ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။
“ နောက်ထပ် ဘီယာတစ်ခွက် ”
စေတနာရှင်
တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက် မြက်စားနေတာကို
တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို
မေးပါတယ်။“မင်းဘာလို့ မြက်တွေ စားနေတာလဲ။
”“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။ အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး
၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို
ရောက်တော့မြက်စားနေတဲ့လူက “ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာအလွန်
ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်
တွေက ၁ ပေလောက်ရှည်တယ်”လို့ ပြန်ပြောလိုက်ပါတယ်။
လဲမယ်လေ........
တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့
တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး
ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်
တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့
အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင်..." လို့မေးတယ်။ အဖေကလည်း
" ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကို ချက်စားကြတာပေါ့သားရယ် …"
မှတ်သားလောက်တယ်
သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။
ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "
" ပါးကျိုးမယ် " တဲ့
ပါကင်ပိတ်
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။
သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။ အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။ "ပါကင်ပိတ် ပြန်အမ်းသည်"
ကျွန်တော့် အကောင့်က akmyint.kooo@gmail.com ဖြစ်ပီး ကျွန်တော့်ဘလော့ဖြစ်တဲ့ http://myooyinlay.blogspot.com/ ကို လာလည်ဖို့လည်း ဖိတ်ခေါ်ပါတယ်ဗျ..သူငယ်ချင်းများအားလုံး အမြဲထာဝရ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ....
http://www.facebook.com/htoohtoo.kh မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်ဗျ..
အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး အပါအ၀င် ခြောက်ဦးကျဆုံး ၈ဦးပျောက်ဆုံးနေ
အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး အပါအ၀င် ခြောက်ဦးကျဆုံး ၈ဦးပျောက်ဆုံးနေ
ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော
မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။
“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရတယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။
အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
သို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။ အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သူက ဆိုသည်။
ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA‑4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။
ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုသည်။
မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA ဌာနချုပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးပေ။
 ဖနိဒါ-ချင်းမိုင်(မဇ္စျိမ)မှတဆင့်
ကိုလတ်(ပန်ဘဲတန်း)
တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး
ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်    အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း   ဒေသခံတို့က ဆိုသည်။
ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ   စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊ လူအင်အား၊ ငွေအင်အား   မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။
အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့်
ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့်   ရေပေးဝေလျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ ” ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။
အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။
“ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း  အားရင် သူတို့ကို ၀ိုင်းကူပေးကြပါတယ်” ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ်ဆရာမ ဒေါ်မိမိမော် ကပြောသည်။
အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀)
ပတ်လည်ခန့်ရှိသောကန်များ ဖြစ်သည်။
“ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊ သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို ဒီလိုရေမရှားနိုင်လောက်တော့ဘူး” ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။
ဝံပုလွေရဲ့သမီးပျို
၂ဝရာစု(၁၉၇ဝ)နှစ်စ အမေရိကန် အလက်ဇကားပြည်နယ်က ရွာလေးတစ်ရွာမှာ ကလေးငယ်တစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီကလေးငယ်ဟာ မွေးမွေးပြီးချင်း တောနက်ထဲ စွန့်ပစ်ခံခဲ့ရတယ်။ တောနက်ထဲက သားသမီးသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ ဝံပုလွေမတစ်ကောင်ဟာ ကလေးငယ်ကိုတွေ့တာ နဲ့ ကိုယ့်သားသမီးအမှတ်နဲ့ ကိုက်ချီသွားခဲ့ပါတယ်။
ချွန်မြတဲ့လက်သည်း၊ သွားတွေနဲ့ ရက်စက်တဲ့သတ္တဝါ အသားစားဝံပုလွေမှာလည်း မိခင်စိတ်ရှိခဲ့ပါတယ်။ ဝံပုလွေဟာ ကလေးငယ်ကို ကိုယ့်သားသမီးလို မိခင်နို့နေ့တိုင်း တိုက်ကျွေးခဲ့တယ်။ တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခဲ့တယ်။ ဝံပုလွေနို့စို့ပြီး ကြီးပြင်းလာခဲ့တဲ့ ကလေးငယ်ဟာ တဖြေးဖြေး ဝံပုလွေစိတ်ဝင်ခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က လူပုံစံနဲ့တူကကလွဲလို့ အမူအရာအားလုံး၊ အပြုအမူအားလုံး ဝံပုလွေနီးနီးဖြစ်ခဲ့တယ်။ ဝံပုလွေတစ်ကောင်လို လေးဖက်ထောက်ပြီး သူပြေးလွှားတယ်၊ ခုန်တယ်၊ တိရစ္ဆာန်ငယ်တွေကို လိုက်လံဖမ်းဆီးတယ်၊ ကိုက်ဖြတ်တယ်၊ သွေးသံရဲရဲ စားသောက်တယ်။ ဝံပုလွေမိခင်က သူ့ကို ဝံပုလွေအော်သံသင်ပေးရုံမက ဝံပုလွေဘာသာစကားနဲ့ တခြားဝံပုလွေအဖော်တွေကို သတင်းအချက်အလက်ပို့တတ်ဖို့ သင်ပေးခဲ့တယ်။ သူ့မှာ လူခန္ဓာသာရှိပေမယ့် လူ့စကား၊ လူရဲ့အတွေးအခေါ်ဆိုတာမျိုး လုံးလုံးမရှိခဲ့တော့ပါဘူး။ သူ့ကိုယ်ပေါ်မှာလည်း ထူထည်းတဲ့ အမွေးအမျှင်တွေ ပေါက်ရောက်နေခဲ့ပါတယ်။
ဒီလိုနဲ့ အချိန်(၈)နှစ်ခန့် လွန်မြောက်သွားခဲ့ပါတယ်။ တစ်နေ့မှာ ဆိတ်တစ်ကောင်ကို လိုက်လံဖမ်းဆီးတဲ့ ဝံပုလွေပျိုလေးကို သစ်တောထိန်းသိမ်းရေးဝန်ထမ်းတစ်ဦး တွေ့ရှိသွားခဲ့ပါတယ်။ ဝံပုလွေကို ဝိုင်းဝန်းဖမ်းကြပြီး သစ်တောထဲကနေ ခေါ်ထုတ်ခံခဲ့ရတယ်။
ဝံပုလွေပျိုကို ဒေါက်တာKirkဦးစီးတဲ့ "အမေရိကန် စိတ်ဓာတ်ပြောင်းလဲရေးစခန်း"ကို ခေါ်ယူသွားခဲ့ကြပြီး သူ့ကို "လော်ရာ"လို့ အမည်ပေးလိုက်ပါတယ်။ ပညာရှင်တွေဟာ ၅လကြာအချိန်ယူပြီး လော်ရာကို အစာစိမ်းကနေ အစာကျက်စားတတ်ဖို့ သင်ယူပေးနိုင်ခဲ့တယ်။ သူဆွဲစုတ်ပစ်တဲ့ အဝတ်အစားတွေ ဝတ်နိုင်အောင်လေ့ကျင့်ပေးနိုင်ခဲ့တယ်။ တဖြေးဖြေးနဲ့ လော်ရာမှာလူဗီဇပေါ်လာခဲ့တယ်။ လူ့စကားကို သူပြောတတ်လာတယ်။ လူ့အပြုအမူ၊ အကျင့်စရိုက်၊ နေထိုင်စားသောက်ပုံနဲ့ တွေးတောမှု၊ သံယောဇဉ်တွေ တဖြေးဖြေးပြောင်းလဲလာခဲ့တယ်။ သာမန်လူတစ်ယောက်လို နေထိုင်စားသောက်နိုင်သလို သူ့ကိုယ်ပေါ်က အမွေးအမျှင်တွေလည်း တဖြေးဖြေး နည်းပါးလာခဲ့တယ်။ မနုဿဗေဒပညာရှင်က ဒါဟာ သမိုင်းတလျောက်မှာ အအောင်မြင်ဆုံး ပြောင်းလဲနိုင်မှုလို့ဆိုခဲ့ကြတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲ ရောက်လာခဲ့တဲ့ လော်ရာဟာ ကျောင်းတက်ခဲ့တယ်။ နောက်ဆုံးမှာ Edward ဆိုတဲ့ လူငယ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။
"လူ"အဖြစ်ကို လော်ရာရောက်ခဲ့ပေမယ့် သူ့ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ ဝံပုလွေမေမေကို လော်ရာမမေ့ခဲ့ဘူး။ နှစ်အနည်းငယ်အတွင်းမှာ Edwardကို အဖော်ပြုပြီး ၈နှစ်ကြာ သူနေထိုင်ကျက်စားရှင်သန်ခဲ့တဲ့ တောအုပ်ဆီ လော်ရာရောက်လာခဲ့တယ်။
သစ်တောနားရောက်တယ်ဆိုရင်ပဲ လော်ရာဟာ "ဝူး..........." လို့ ဝမ်းနည်းကြေကွဲသံတစ်ချက် ဆွဲငင်လိုက်တယ်။ မိနစ်အနည်းငယ်အကြာမှာ သစ်ပင်တွေလှုပ်လာတယ်၊ သစ်ရွက်နင်းသံတွေ ဆူညံလာတယ်။ ဝံပုလွေအကောင် ၂ဝကျော်လောက် လော်ရာနဲ့ သူ့ခင်ပွန်းရှေ့ကို ရောက်လာခဲ့တယ်။ ဝံပုလွေအုပ်ထဲမှာ အိုမင်းပြီး အမွေးအမျှင်တွေ ပါးလွှာနေပြီဖြစ်တဲ့ ဝံပုလွေတစ်ကောင် ရှေ့ကိုထွက်လာခဲ့တယ်။ လော်ရာဟာ ဝံပုလွေအိုကိုတွေ့တာနဲ့ ပြေးပြီး တင်းတင်းပွေ့ဖက်ထားလိုက်တယ်။ ခင်ပွန်းEdwardကိုလည်း ဒါ ကျွန်မရဲ့မေမေပါလို့ပြောတယ်။
Edwardရဲ့ သဘောတူညီချက်နဲ့ လော်ရာဟာ ဝံပုလွေမေမေကို ဝံပုလွေဘာသာစကားနဲ့ "မေမေ... မေမေ အသက်ကြီးပြီ။ သဘာဝတောအုပ်ထဲမှာ မေမေပင်ပန်းလွန်းပါတယ်။ သမီးနဲ့ လိုက်ခဲ့ပါ မေမေ။ မေမေကို သမီး ပြုစုစောင့်ရှောက်ချင်လို့ပါ" လို့ဆိုတော့ ဝံပုလွေမက အံ့သြဝမ်းသာဟန်ပြပြီး လျှာနဲ့လော်ရာပါးပြင်ကို အဆက်မပြတ် ယက်ရှာတယ်။ ကြည့်ရတာ ငယ်ရွယ်စဉ်က လော်ရာကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာလို့ပဲဖြစ်မယ်။ ဝံပုလွေမေမေကိုခေါ်ပြီး ကားဆီကို လော်ရာလျှောက်လာခဲ့တယ်။ ဒါပေမဲ့ ဝံပုလွေမေမေရဲ့ ခြေလှမ်းက ကားနားရောက်လေ နှေးလေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကားနားမရောင်ခင် ခြေအစုံရပ်ပြီး "ဝူး... ဝူး...." လို့ သွားစွယ်တွေပေါ်အော် အော်ဟစ်လိုက်တယ်။
"မေမေက လော်ရာတို့နဲ့ မလိုက်ဘူး... တောအုပ်ထဲမှာပဲ နေခဲ့မယ်။ မင်းတို့သွားပါ.. ငါ့ကို စိတ်တိုအောင် မလုပ်ကြနဲ့လို့ပြောတယ်" လို့ လော်ရာက Edwardကိုရှင်းပြတယ်။ ဝံပုလွေမေမေကို ဖက်ပြီး လော်ရာငိုကြွေးခဲ့တယ်။ ဝံပုလွေမေမေကလည်း "ဝူး..ဝူး"နဲ့ စိတ်ထိခိုက်ကြေကွဲသံနဲ့ အော်ဟစ်ခဲ့တယ်။
နွေရာသီတစ်ခုမှာ အမေရိကန်အသံလွှင့်ဌာနတစ်ခုက "ဝံပုလွေမေမေကို ဝံပုလွေပျိုရှာပုံတော်"ဆိုတဲ့ မှတ်တမ်းကားတစ်ကား ရိုက်ကူးခဲ့တယ်။ ခင်ပွန်းသည်အကူနဲ့ တောအုပ်ဆီကို လော်ရာရောက်လာခဲ့ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ လော်ရာဘယ်လို အော်အော် ဝံပုလွေတွေ ထွက်မလာခဲ့ပါဘူး။ တောစပ်နားမှာပဲ တဲလေးထိုးပြီး နေဝင်မိုးချုပ်တဲ့အထိ သူတို့စောင့်ခဲ့ကြတယ်။ နေလုံးလုံးဝင်သွားတဲ့အထိ ဝံပုလွေတစ်ကောင်မှထွက်လာတာမတွေ့တော့ တောအုပ်ထဲ လော်ရာဝင်သွားလိုက်တယ်။ တောအုပ်ထဲရောက်တာနဲ့ အချက်ပေးသံကို သူအော်လိုက်ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ သူ့ဘေးမှာ အရောင်လက်လက်မျက်လုံးတွေနဲ့ ဝံပုလွေတွေရောက်လာခဲ့တယ်။ ဝံပုလွေမေမေ ဖျားနာနေကြောင်း လော်ရာကို သူတို့ပြောတယ်။
 ဝံပုလွေတွေနဲ့အတူ လော်ရာတောနက်ထဲ လိုက်သွားခဲ့တယ်။ အသက်ယဲ့ယဲ့လေး လုရှုနေတဲ့ ဝံပုလွေမေမေဆီ လော်ရာရောက်လာခဲ့တယ်။ လော်ရာကိုတွေ့တာနဲ့ ဝံပုလွေမေမေဟာ မျက်လုံးကိုအားယူဖွင့်ပြီး လော်ရာလက်ကို လျှာနဲ့ယက်လိုက်တယ်။ အဲဒီနောက် ငြိမ်ကျသွားခဲ့တယ်။ လော်ရာအော်ငိုမိပါတယ်။ ခြုံးခြုံးချအ်ာဟစ် ငိုကြွေးခဲ့တယ်။ ခင်ပွန်းEdwardက "သူ့ကို အိမ်သယ်ပြန်ပြီး အိမ်ရှေ့ကပန်းခြံမှာပဲ မြှုပ်နှံပေးရအောင်"လို့ဆိုတော့ လော်ရာခေါင်းခါတယ်။
"မေမေက ဒီတောအုပ်ရဲ့ တစ်ပိုင်းတစ်စပါ။ သေရင်တောင် တောအုပ်နဲ့အတူနေမယ်တဲ့....."
လော်ရာရဲ့နာမည်ကို နောက်ပိုင်းမှာ အယ်လီဇဘက်လို့ ပြောင်းလဲခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ဝံပုလွေရဲ့သမီးပျို Amala နဲ့ Kamala
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မြန်မာပြည် လာမယ့် ကိုရီးယားသမ္မတအတွက် စိုးရိမ်မှု
မကြာခင်မှာ တောင်ကိုရီးယား သမ္မတ မြန်မာပြည်ကို ချစ်ကြည်ရေး ၂ ရက်တာ လာရောက် လည်ပတ်ပါတော့မယ်...
၁၉၈၃ က လို မြောက်ကိုရီးယား တွေ ရဲ့ လုပ်ကြံတာ မခံရဖို့ အထူးအရေးကြီးပါတယ်...
မြောက်ကိုရီးယားစားသောက်ဆိုင် မရှိတုံးက ဗုံးပဲခွဲခဲ့တာပါ....
အခု မြောက်ကိုးရီးယားမ လေး တွေက ရန်ကုန်ကို စားပွဲထိုး ကချေသည် အဖြစ် ကြိုရောက်နေတာမျိုးနဲ့ ဆိုရင်တော့ ဗုံးမက ငါးပါးဆယ်ပါး ပေါက်ရင်တော့ ဖြင့်... ဘုရား ဘုရား.... ရင်လေးတယ်...
မြန်မာပြည်အစိုးရ တပ်ရင်း ၃ ရင်းလောက် ဖြန့်ထားသင့်တယ်... အထုပ်ဆို ထမင်းထုပ်တောင် ဖောက်စစ်သင့်တယ်....
www.shweo.com မှာ တွေ့ရတဲ့ ရေးသားချက်နဲ့ ရုပ်သံသတင်းဟောင်းတပုဒ်ပါ။မြန်မာရုပ်ရှင်တွေ တင်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ အဲဒီ ၀က်ဆိုက်မှာ The Lady 2011 (Full HD Movie) မြန်မာစာတန်းထိုး ဆိုတဲ့ ရုပ်ရှင်ကား တင်ထားတာလည်း တွေ့ရပါတယ်။
ညွှန်း - http://www.shweo.com/shoutboard/index/shout/id/117
နေထိုင် စီးပွားရှာလို့ အကောင်းဆုံး အဆင့် ၄ ချိတ်တဲ့ စင်္ကာပူ
မြန်မာများစွာရှိတဲ့ စင်္ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင် စီးပွားရှာတဲ့နေရာမှာ စတ္တုတ္ထ အကောင်းဆုံး အဆင့်မှာ ရှိတယ် လို့ ဟိုင်ဒြိုဂျင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီနဲ့ ESCP Europe စီးပွားရေး ပညာ တက္ကသိုလ်ကျောင်းတို့ရဲ့ စစ်တမ်း တခု က ဆိုတာပါ။
ကမ္ဘာတ၀ှမ်းက လူပေါင်း ၂၃၅၃ ဦးကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တာပါ။
အဆင့် ၁ အမေရိကန်၊ အဆင့် ၂ ဗြိတန် နဲ့ အဆင့် ၃ သြစတြေးလျ ပြီးရင် စင်္ကာပူဟာ အခုလိုအဆင့် ၄ ဖြစ်လာရတာက သန့်ရှင်း သတ်ရပ်မှု၊ စနစ်ကျကောင်းမွန်တဲ့ စွမ်းအင်၊ စီမံခန့်ခွဲရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးခိုင်မာမှု၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး စနစ်များ ကောင်းမွန်မှု ဒါတွေက အခုလို အဆင့်ကို တွန်းပို့လိုက်တာလည်းဖြစ်ပါတယ်။
ဟိုင်ဒြိုဂျင်ရဲ့ အာရှ မန်နေဂျာကတော့ စင်္ကာပူကို အာရှရဲ့ ဆီလီကွန်တောင်ကြား ဒါမှ မဟုတ် အာရှရဲ့ ဆွစ်ဇာလန် ဖြစ် လာ မလားလို့ မေးခွန်းလည်း ထုတ်လိုက်ပါတယ်။
နည်းပညာ၊ စွမ်းအင်၊ စီမံခန့်ခွဲမှု စတဲ့ ကဏ္ဍအသီးသီးမှာ အာသာချက်တွေရှိတာကြောင့် စင်္ကာပူမှာ လာရောက် နေထိုင် စီးပွားရေးလုပ်ငန်းတွေ လာလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမယ့် မြန်မာအများစုဟာ စင်္ကာပူမှာ နေထိုင်စီးပွားရှာနေကြပေမယ့် အဲဒီအထဲက လူနည်းစုလောက်ပဲ လခ ကောင်း ကောင်းရကြတာပါ။ ကျန်တဲ့ အများစုကတော့ အခြေခံ လုပ်သားများဘ၀နဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြ ရတာပါ။
သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း
သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း
ဇီဝက ( ဆေး -၂ ) မှ ကူးယူဖော်ပြသည်
ဝမ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။ အောက်ပါ သဘာဝနည်းလမ်းများနှင့် အချက်အလက်တို့ကို လိုက်နာခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါသည်။
ရေသောက်ခြင်း
ရေသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် မရှိမဖြစ် သော အရာတစ်ခုဖြစ်ပါသည်။ သဘာဝကပေးသော အကောင်းဆုံး ၀မ်းပျော့ဆေးဖြစ်ပြီး ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ရေကို ခဏခဏသောက်ပေးခြင်းအားဖြင့် ကိုယ်စိတ်ကြည်လင်လန်းဆန်းသလို ၀မ်းမချုပ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ပုံမှန်လူတစ်ယောက်အတွက် ၁ နေ့ကို အနည်းလုံး ရေသန့်ပုလင်း ၂ ပုလင်းစာမျှ သောက်သင့်ပါသည်။
ဝမ်းသွားချင်လျင် အောင့်မထားပါနှင့်
မိမိ၏ body မှ ၀မ်းသွားချင်ပြီးဆိုပါက သရိုးသရီ ဖြစ်သလိုလိုနှင့် လက္ခဏာများ ပြပါလိမ့်မည်။ အထူးသဖြင့် အိပ်ယာထထချင်းတွင် ပုံမှန်ဝမ်းသွားအောင် အကျင့်လုပ်ထားပါက အချိန်မှန်လာလျှင် ဗိုက်က အလိုလိုနေရင်း အောင့်လာတတ်သည်။ ထိုအခါမျိုးတွင် မဖြစ်မနေ ၀မ်းသွားသင့်ပါသည်။ သို့မဟုတ်ပါက တနေ့လုံး ၀မ်းချုပ်သွားတတ်သည်။ ၀မ်းဆိုသည်ကား အကျင့်လုပ်ထားပါက အချိန်မှန်သွားအောင် ပြုလုပ်လို့ရသည်။ ထိုသို့အကျင့်ကောင်းလေးတွေ မွေးထားခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းအောင် ပြုလုပ်၍ ရပါသည်။
အမျှင်ဓာတ်ပါသော အစားအသောက်များကို စားပါ
အသီးအနှံများ၊ အရွက်များနှင့် အမြစ်အဖုတို့သည် အမျှင်ဓာတ်ကြွယ်ဝကြသည်။ ၀မ်းမှန်စေရုံသာမက အူလမ်းကြောင်းအတွင်းရှိ ကင်ဆာဖြစ်စေတတ်သော ဒြပ်ပေါင်းများကိုပါ တခါတည်း ဖယ်ရှာပေးတယ်။ ဒါကြောင့် သူ့လောက်ကောင်းတာ မရှိတော့ပေ။ သင်ဝမ်းချုပ်နေပါက အကျင့်ပျက်ခံပြီး ၀မ်းနှုတ်ဆေးသောက်နေမည့်အစား ကန်စွန်းပလိန်းတစ်ပွဲလောက်မှာပြီး တစ်ယောက်တည်းကုန်အောင် စားပစ်လိုက်ပါ။ ဗိုက်ပြည့်သလို ၀မ်းချုပ်ခြင်းကိုသာ တစ်ခါတည်း ကုသပြီးသား ဖြစ်သွားလိမ့်မည်။
ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း
တခါတလေကျတော့ အရွက်လည်း စားတယ်။ အသားတွေလည်း အဲဒီလောက်မစားဘဲနဲ့ ၀မ်းချုပ်နေတတ်တယ်။ တရားခံရှာလိုက်တော့ အလုပ်တွေ ရက်ဆက်ပြီး ရုံးမှာပဲ ထိုင်နေမိတာမျိုး ဖြစ်နေတတ်တယ်။ တစ်နေ့ကို ၁၅ မိနစ်မျှ ချွေးထွက်လောက်အောင် လမ်းလျှောက်တာပဲဖြစ်ဖြစ် အားကစားတစ်ခုခုလောက်ပဲ လုပ်လုပ် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားဆိုလို့ အင်းယားကန်စောင်းကို ပြေးမြင်တာတို့၊ အားကစားရုံကို ပြေးမြင်တာတို့ ဖြစ်ပြီး ကိုယ် နဲ့ မနီးစပ်တဲ့အရာလို့ မတွေးလိုက်ပါနဲ့။ ရုံးအတွင်းမှာ လမ်းလျောက်တာကလည်း ကိုယ်လက်လှုပ်ရှားပဲ။ လှေကားအတက်၊ အဆင်း၊ ကလည်း ကိုယ်လက်လှုပ်ရှားပဲ။ မတ်တပ်ရပ်နေအုံးတော့ အကြောတွေ လျော့အောင် လေ့ကျင့်ခန်းလုပ်လို့ရတယ်။ ကြိုက်တာကိုလုပ်ပါ။ လုပ်ဖို့တော့လိုပါတယ်။ တတ်နိုင်သူတွေကတော့ ယောဂကျင့်ကြတယ်။
အိမ်သာထိုင်ခြင်း
စောင့်ကြောင့်ထိုင်ပြီး အိမ်သာသွားခြင်းက ဗိုလ်ထိုင်ကြွေအိမ်သာတွင် သွားခြင်းထက် ၀မ်းသွားရတာ ပိုလွယ်တယ်လို့ ပြောကြတယ်။ သို့သော် အသက်ကြီးသူများအတွက် ဒူးခေါင်းနာကျင်ပြီး အထိုင်အထ ခက်ခဲနိုင်သောကြောင့် ဒီနည်းလမ်းကိုတော့ မညွှန်းတော့ပါ။
ရေးသားသူ - ဇီဝက (ဆေး-၂)
ကိုးကား - http://ezinearticles.com/?Natural-Tips-For-Curing-Constipation&...
Malware တွေကို ရှင်းလင်းပေးပြီး အမိုက်သရိုက်များကိုလဲ ရှင်းလင်းပေးနိုင်ပါတယ်.
IObit Malware Fighter Pro 1.4.0.22 Final
 မိမိတို့ ရဲ့ ကွန်ပြူတာကို လေးလန် ထိုင်းမှိုင်းစေတဲ့   Malware  တွေကို ရှင်းလင်းပေးပြီး ကွန်ပြူတာကို  မြန်ဆန် သွက်လက်စေဖို့ အမိုက်သရိုက်များကိုလဲ ရှင်းလင်းပေးနိုင်ပါတယ်... Update လေးမို့ သုံးချင်သူများ အဆင်သင့် သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်....:)
IObit Malware Fighter is an advanced malware & spyware removal utility that detects, removes the deepest infections, and protects your PC from various of potential spyware, adware, trojans, keyloggers, bots, worms, and hijackers. With the improved, unique “Dual-Core” engine and the heuristic malware detection, IObit Malware Fighter detects the most complex and deepest spyware and malware in a very fast and efficient way.
Here are some key features of “IObit Malware Fighter”:
One-click Solution and Very Easy to Use:
· Traditional advantages of IObit products. We love simple and automatic styles.
Complete PC Security Care:
· Anti-malware, anti-spyware, anti-adware, anti-trojan, anti-bots, and more. IObit Malware Fighter can assist your antivirus to defend any tricky and complex threats.
Finds the Deepest Infections:
· Using DOG (Digital Original Gene), a novel heuristic malware detection method, while IObit Malware Fighter can find the most complex threats.
· Very Fast and Light Thanks to the improved, unique “Dual-Core” anti-malware engine, complicated analysis can be made faster now.
· Work with All Antivirus Products Everyone needs a qualified antivirus software, and IObit Malware Fighter will surely be the best mate for your current antivirus.
· Automated Working in the Background Just install it and forget it. This powerful utility works continuously, automatically and quietly in the background on your PC. You can set it as your schedule or just let it work automatically when your PC is idle.
· Automatic and Frequent Updates By the new-generation malware analysis system and our professional database team, IObit Malware Fighter catches the emerging dangerous malware in the Internet.
မိုးပျံကား စမ်းသပ်ပျံသန်းမှု......!
အမေရိကန်ကုမ္ပဏီဖြစ်သော Terrafugiaသည် ၎င်းတို့၏ မိုးပျံမော်တော်ကားကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြခဲ့နိုင်ပြီးနောက် ဒပ်ခ်ျကုမ္ပဏီ တစ်ခုကလည်း ၎င်းတို့၏ မိုးပျံကားကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြနိုင်ခဲ့ကြောင်း ဧပြီလ၃ရက်နေ့ သတင်းများက ဖော်ပြသည်။ဒပ်ခ်ျကုမ္ပဏီ၏ Pal-V မိုးပျံမော်တော်ကားသည် အမေရိကန်တို့၏ ကားကဲ့သို့မဟုတ်ဘဲ လေယာဉ်ပျံစတိုင် တောင်ပံများအစား ပန်ကာတစ်ခုကို အသုံးပြုထားသည်။ ဒပ်ခ်ျတို့၏ မိုးပျံမော်တော်ကားသည် ပေါ့ပါးသေးသွယ်သော်လည်း ထိန်းချုပ်ပျံသန်းရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။ ၎င်းအပြင် Pal-V သည် ပျံတက်ရန်အတွက် ပေ ၅၀၀ရှည်သော ပြေးလမ်းလည်း လိုအပ်သေးသည် ဟုဆိုသည်။ယင်းမိုးပျံမော်တော်ကား၌ လူနှစ်ယောက်စာ ထိုင်ခုံပါဝင်ပြီး မြေပြင်ပေါ်၌ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် သွားနိုင်သည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)
အင်တာနက်စီစစ်ရေးကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် Anonymous hacker အုပ်စုက တရုတ်အစိုးရ၏ ၀ဘ်ဆိုဒ်များကိုတိုက်ခိုက်.........!
တရုတ်နိုင်ငံအတွင်း၌ တင်းကျပ်သော အင်တာနက်စိစစ်ရေးများ ပြုလုပ်မှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် နိုင်ငံတကာ ဟက်ကာအုပ်စုဖြစ်သော Anonymous သည် တရုတ်အစိုးရ၏ ၀က်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိကြောင်း DM သတင်းဌာနက ဧပြီလ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။ တရုတ်စစ်တပ်နှင့်ပတ်သက်၍ ကောလဟလများကို အင်တာနက်၌ ဖြန့်ချိခဲ့ပြီးနောက် တရုတ်အစိုးရသည် တင်းကျပ်သော အင်တာနက်စိစစ်ရေးများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရသည် တရုတ်နိုင်ငံ၏ SearchEngine များမှ Keyword များကိုပိတ်ပင်ခဲ့ပြီး ၀က်ဘ်ဆိုက်များကိုလည်း ပိတ်ဆို့ထားကာ လူမှုရေးကွန်ရက်များမှနေ၍ Content နှင့် Comment များကိုဖယ်ရှားပစ်ခဲ့သည်။ တရုတ်အစိုးရ၀က်ဘ်ဆိုက် များစွာတို့သည် ဟက်ကာများ၏ တိုက်ခိုက်ခံရပြီးနောက် မူရင်းအနေအထားသို့ ပြန်လည် ရောက်ရှိရန် ရုန်းကန်နေရသည်ဟုဆိုသည်။ အချို့သော ၀က်ဘ်ဆိုက်များ၌ ErrorMessageများသာ ပြသနေသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)
စိတ်ဝင်စားစရာအချက်အလက်များ....၂
ဗဟုသုတရစရာ၊ စိတ်ဝင်စားစရာ အချက်အလက်များပေါ့ ...
အသစ်အဟောင်းလဲလှယ်ပေါက်ရောက်ပါတယ်တဲ့ ...
 နာမည်ကျော်မင်းသား ဘရက်ပစ် ဟာ မကျော်ကြားစဉ်က ကြက်တစ်ကောင်ကဲ့ သို့ 
ပုံဖော်ထားသည့် ဝတ်စုံကိုဝတ်ဆင်ကာ အယ်ပိုလို၊ လိုကို အရပ်တွင် ဖျော်ဖြေခဲ့ ရပါတယ်...
လွှင့် ပြီးနောက်နေ့ မှာပဲ ၎င်းအားထိန်းကျောင်းလေ့ ကျင့် သူနှင့် လက်ထောက် ၂ ယောက်
တို့ အား ကိုက်သတ်ခဲ့ ပါတယ်...
 ကော်ဖီမစ်မှာပါတဲ့ ကော်ဖီမှုန့် က အနံ့ အသက်အမရှိပါဘူး...
သင် တစ်စုံတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ ယင် အရင်းနှီးဆုံးသူငယ်ချင်း ၂ ဦးကို ဆုံးရှုံး
ဟုတ်တာပေါ့ ချစ်သူအတွက်ပဲအချိန်တွေပေးနေရလို့ သူငယ်ချင်းတွေက စိတ်ဆိုး
သွားမှာ အသေအချာပါပဲ...
ရေချိုးယင်းနဲ့ များ တစ်ခါတည်းအပေါ့ သွားကြမယ်ဆိုယင် ( အိမ်သာကိုမသုံးတော့ ရေဆွဲချ
စရာမလိုတဲ့ အတွက် ) နှစ်စဉ် ရေပမာဏ ၄၄၀၀ လီတာ၊ ၁၁၆၀ ဂါလံ ချွေတာပြီးဖြစ်
ပါလိမ့် မယ်တဲ့ .... ကမ္ဘာမြေကို ကာကွယ်ဖို့ ရေကိုချွေတာစို့ ....
အဲဒီအကြောင်း လွန်ခဲ့ တဲ့ ၁နှစ်၊ ၂ နှစ်လောက်က ဆောင်းပါးတစ်ခုဘာသာပြန်တင်ခဲ့ ဖူး
ပါသေးတယ်...
အင်တာနက်ပေါ်မှာ အလိမ်အညာဆုံး ၃ ခုက...
၁။ ဖေါ်ပြပါ စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ရှု၊ သိရှိပြီးဖြစ်ပါကြောင်း၊ သဘောတူပါကြောင်း...
၂။ လောလောဆယ်အွန်လိုင်းတွင်ရှိမနေပါ...
၃။ ကျွန်ုပ် အသက် ၁၈ နှစ်ပြည့် ပြီးဖြစ်ကြောင်း မှန်ကန်ပါတယ်...
ဟုတ်တယ်နော်...
အဲဒီအချက်အလက်တွေနဲ့ ပါတ်သက်ယင် ငြင်းမယ့် သူမရှိဘူးဆို့ ထင်ပါတယ်...
ကဲ...ဆရာတို့ ....သေးပေါက်တဲ့ ကြက် ရှိပြီဆိုတာ ယုံကြပြီမဟုတ်လား...
လူတတ်ကြီးလုပ်ပြီး ဟိုဟိုသည်သည် တော်ကီမပွားနဲ့ နော်...
အခုလိုအထောက်အထားနဲ့ ပြောလာယင် ဂွမ်းသွားမယ်...
ဆေးလိပ်သောက်သူမ မသောက်သူထက် မျက်နှာအရေပြားအတွန့် ၊ အရေးအကြောင်း ဖြစ်
နိုင်ခွင့် ၁၀ ဆပိုများပါတယ်...
ရှားစောင်းပင်တွေဟာ မီတာ ၂၀ အထိမြင့် နိုင်ပြီး နှစ်ပေါင်း ၃၀၀ အထိ သက်တမ်းရှည်နိုင်
ပါတယ်...ဒါကြောင့် လည်း ရှားစောင်းလက်ပတ်ဆေးဆိုပြီးဖော်စပ်ကြတာကိုး...
ဘယ်သူပဲဖြစ်ဖြစ် သန္ဓေတည်စမှာတော့ မိန်းကလေးပါပဲတဲ့ ...Y ခရိုမိုဆုံးလို့ ခေါ်တဲ့ 
မ အင်္ဂါမျိုးဗီဇ ဖြစ်တည်လာမှသာ ဖို၊မ ဆိုပြီးသန္ဓေသားက ကွဲပြားသွားတာမို့ ယောကျာင်္းလေး
များမှာလည်း နို့ သီးခေါင်းပါရှိနေတာဖြစ်ပါတယ်တဲ့ ... ဘာပဲဖြစ်ဖြစ်ယောကျာင်္းလေးများလည်း
ကြင်နာတတ်တဲ့ နှလုံးသားရှိတာ အဲဒီလို သန္ဓေတည်ကာစမှာ ဖို၊ မကွဲပြားတဲ့ အတွက် မ ဗီဇ
ရှိနေတာကြောင့် လည်းဖြစ်နိုင်ပါတယ်...
ယောကျာင်္းတစ်ယောက်ဟာ တစ်နှစ်မှာတော့ ပျမ်းမျှအားဖြင့်  ၆ ခါလောက် ငိုကြ၊ မျက်ရည်ကျ
တတ်ကြပြီး အမျိုးသမီးတစ်ယောက်ကတော့  အကြိမ် ၃၀ နဲ့ ၆၄ ကြိမ်ကြား ငိုတတ်ကြပါတယ်တဲ့
အကယ်၍သင်အနေနှင့်  colorful  လို့ များပါးစပ်ဟပြီး၊ နှုတ်ခမ်းဟပြီးရေရွတ်ခဲ့ ယင်...
I love you လို့ ပြောတာနဲ့ နှုတ်ခမ်းအနေအထားခြင်းအတူတူပါပဲတဲ့ ...
ဒါကြောင့် နှုတ်ခမ်းအနေအထားကိုကြည့် ပြီး ပြောတာဆိုတာနားလည်တဲ့ လူတွေဆို
ယင် အဓိပ္ပါယ်ကောက် လွဲသွားနိုင်တယ်
http://luckymyotaw.wall.fm/forum/18 (အင်တာနက်ကာတွန်းကဏ္ဍ)
Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၃)
Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)တင်ပြခဲ့ပြီးဖြစ်တဲ့အတွက် အခုတင်ပြတာကတော့ Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၃) ကို အောက်ပါကွန်မန့်လေး ဖတ်မိပြီး ဆက်လက်တင်ပြပေးလိုက်ပါတယ်-
dora 6 hours agoမှရေးခဲ့သောမှတ်ချက်
နောက်ထပ်များများလေးထပ်ပို့ ပေးပါအုံးနော်။
ဒီလိုမျိုးများများပို့ ရင်သင်တန်းတောင်တက်စရာတောင်မလိုတော့ဘူးပေါ့။ဟီးဟီး
ကျေးဇူးတင်ပါတယ်နော်။
အရင်တင်ခဲ့တဲ့သူတွေလည်းရှိမှာပါ။ ဒါပေမယ့် အခြေခံနည်းစနစ်လေးတွေကိုလည်း အချိန်ရရင် ရသလို တင်ပြပေးသွားပါမယ်။ Photoshop အခြေခံမရှိတဲ့သူတွေအတွက် ဒီဇိုင်းဆွဲနည်းသင်ခန်းစာတွေအတွက် အထောက်အကူရစေချင်လို့ပါ။
စလိုက်ရအောင်နော်…..
အခုသင်ခန်းစာအတွက် အောက်မှာပါတဲ့ပုံလေးတစ်ပုံကို အသုံးပြုပြီး နောက်ခံ Background ထည့်နည်းလေး တင်ပြပေးသွားမှာဖြစ်ပါတယ်။ မိမိစက်ထဲကို ဒေါင်းပြီး လေ့ကျင့်နိုင်ပါတယ်။
ပုံ(၁) Background မထည့်မီပုံ
ပုံ(၂) Background ထည့်ပြီးပုံ
အဆင့်(၁)
အထက်ဖော်ပြပါ Background မထည့်မီပုံလေးကို Photoshop သုံးပြီးဖွင့်လိုက်ပါ။
အဆင့်(၂)
Layer Palette မှာ Locked ဖြစ်နေပါတယ်။ အဲဒီသောပုံပေါ်မှာ Double Click လုပ်ပြီး သော့ဖွင့်လိုက်ပါ။
New Layer ဆိုပြီး Box ပေါ်လာပါမယ်။ Name ကို Model လို့အမည်ပေးပြီး OK လုပ်လိုက်ပါ။
အဆင့်(၃)
Magic Wand tool ကိုရွေးလိုက်ပါ။ Model ရဲ့ဘေးက အဖြူကွက်မှာ Click လုပ်ပါ။
Keyboard က Delete Key ကို နှိပ်ပြီးဖျက်လိုက်ပါ။
အောက်ပါပုံအတိုင်းတွေ့ရပါမယ်-
Ctrl + D ကို နှိပ်ပြီး Deselect လုပ်လိုက်ပါ။
အဆင်(၄)
Layer Menu က New Fill Layer မှ တစ်ဆင့် Gradient ကိုရွေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်း Box တစ်ခုကျလာပါမယ်။
OK ကိုနှိပ်လိုက်ပါ။
Style မှာ Radial ရေးလိုက်ပါ။
Gradient နောက်မှာ ရှိတဲ့ မြှားကလေးကို နှိပ်လိုက်ပြီး Spectrum ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ။
Layers Palette မှာ Model Layer ကို အပေါ်ဆွဲတင်လိုက်ပါ။
အဆင့်(၅)
Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။
Box ကျလာရင် OK လုပ်လိုက်ပါ။
Pattern ထဲက Stain ကိုရွေးလိုက်ပါ။ Scale ကို 467 ထားပြီး OK လုပ်ပါ။
Model Layer ကို Pattern Fill 1 အပေါ်ကို ဆွဲတင်လိုက်ပါ။(အပေါ်မှရောက်နေရင်တော့တင်စရာမလိုပါဘူး)
အဆင့်(၆)
Pattern Fill 1 Layer ကို Click လုပ်ထားပါ။
Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။
Blend Mode မှာ Hue ကိုရွေးပြီး OK လုပ်လိုက်ပါ။
အဆင့်(၇)
Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။
Box ကျလာရင် OK လုပ်လိုက်ပါ။
စကေးကို 816 ထားပြီး OK လုပ်ပါ။
အဆင့်(၈)
Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။
Blend Mode မှာ Difference ကိုရွေးပြီး OK ကို Click လုပ်ပါ။