This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 21, 2012

ကြံ့ခိုင်ရေးက ဒေါ်ဖြူဖြူသင်းကို မဲမသမာမှုဖြင့် ကန့်ကွက်



ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ယှဉ်ပြိုင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - အောင်သက်ဝိုင်း / ဧရာဝတီ)
ကြံ့ခိုင်ရေး ပါတီမှ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒေါ်လဲ့လဲ့အေးက ဒေါ်ဖြူဖြူသင်းသည် ရွေးကောက်ပွဲ၌ မသမာသော မဲဆွယ်စည်းရုံးမှုများပြုလုပ်သည်ဟူသော စွဲချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်လဲ့လဲ့အေး၏ ကန့်ကွက်လွှာနှင့် ပတ်သက်ပြီး ဖြေရှင်းရန်အတွက် နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က  ၎င်းကို မေလ ၄ ရက်နေ့ နေပြည်တော်သို့ လာရောက်ရန် ဆင့်ခေါ်ထားသည်ဟု ဒေါ်ဖြူဖြူသင်းကလည်း ပြောသည်။
ကန့်ကွက်လွှာ၌ ဒေါ်ဖြူဖြူသင်းသည် ရွေးကောက်ပွဲတွင် NLD က ထုတ်ဝေသော ဒီလှိုင်းဂျာနယ် ရောင်းချ မဲဆွယ်ခြင်း၊ ရွေးကောက်ပွဲစည်းရုံးရေး သီချင်းများနှင့် ဟောပြောမှုများသည် နိုင်ငံတော် သိက္ခာကျဆင်းစေသည့်အပြင် ဆူပူမှုကို လှုံ့ဆော်စေခြင်း၊ ကားများနှင့် စက်ဘီး၊ ဆိုက်ကားများတွင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက် ဥပဒေ ဖောက်ဖျက်ခြင်း၊ ဆန္ဒမဲ ရရှိစေရန် လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း စသည့် အမှုများ ပါဝင်ကြောင်း သိရှိရသည်။
ဒေါ်ဖြူဖြူသင်းက“မင်္ဂလာတောင်ညွှန့်က စက်ဆန်း မီးလောင်ပေါက်ကွဲမှုမှာ မီးဘေး ဒုက္ခသည် အိမ်ထောင်စုတစုကို ဒေါ်အောင် ဆန်းစုကြည်က ကျပ် ခြောက်သောင်း နှုန်းနဲ့ ၉၄ စုအတွက် ငွေလှူတယ်။ အဲဒါ အိမ်ထောင်စု ခြောက်စုလောက်ကို ကျမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူငွေ သွားပေးတာကို အဲဒါ မဲရဖို့ လာဘ်ပေး လာဘ်ယူ လုပ်တယ်ဆိုပြီး ဒေါ်လဲ့လဲ့အေးက တိုင်စာထဲမှာ ရေးထားတယ်။ တိုင် ထားတဲ့ အချက်တွေက တော်တော်များပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်လဲ့လဲ့အေး တိုင်ကြားသော အချက်များသည် ခိုင်လုံမှုမရှိသော တိုင်ကြားချက်များဖြစ်သည့်အတွက် တရားဥပဒေနည်းလမ်းများအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟုလည်း ၄င်းက ဆိုသည်။
“ခိုင်လုံ တိကျတဲ့ တိုင်ကြားမှုတွေမဟုတ်ဘူး။ ကျမတို့ကတော့ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းမှာပါ။ ပြည်သူတွေက ရွေးချယ် ထားတဲ့ကိုယ်စားလှယ်တယောက် အနေနဲ့ လုပ်စရာရှိတဲ့ လုပ်ငန်းတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အတွက် ပြည် သူ့ ဆန္ဒတွေနဲ့အတူ အလုပ်တွေ လုပ်သွားမယ်”ဟု ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောဆိုသည်။
NLD သည် ဧပြီ ၁ ရက်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၅ နေရာ တွင် ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ကြံ့ခိုင်ရေး ပါတီနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့က  ၁ နေရာဆီ အနိုင် ရရှိခဲ့ကြသည်။
ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ကျူးလွန်သူသည် တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်း ထက် မပိုသော ငွေဒဏ် ဖြစ်စေ သို့မဟုတ် ဒဏ် ၂ ရပ်စလုံးကို ဖြစ်စေ ကျခံရမည်ဖြစ်သည်။
ကိုယ်စားလှယ်တဦးကို လူပုဂ္ဂိုလ် တဦးက ကန့်ကွက်လိုပါက ရွေးကောက် တင်မြှောက်ခံရကြောင်း ကြေညာသည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း၊ ကန့်ကွက်လိုသူ တဦးအတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ နည်း ဥပဒေတွင် ပြဌာန်းထားသည်။

အန်အယ်လ်ဒီမှ လွတ်တော်ကိုယ်စားလှယ်များလွတ်တော်တက်ရောက်မည်မဟုတ်

Inbox
x

ဦးဦး မှော်ဆရာ
7:27 PM (3 hours ago)

to O
Inline image 1


Inline image 2


၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေမှာ - ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကတိသစ္စာပြုချက် (သို့ ) ကျမ်းသစ္စာဆိုချက်မှာတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး” ဆိုပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတနဲ့  ဒုတိယသမ္မတများအတွက် ကတိသစ္စာပြုချက်ကြတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး” လို့  ပြဌာန်းထားတယ်။

ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး မတက်ခင် ဧပြီလ (၁) ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမယ့်အခါမှာ နိုင်ငံတော်အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်ဆိုတဲ့အစား
“လေးစားလိုက်နာ” ရမယ်ဆိုတာ ပြင်ပေးဖို့ တင်ပြခဲ့တာကို အခု နိုင်ငံတော်အခြေခံဥပဒေခုံရံ
ုးမှ
ပယ်ချတယ်လို့  သိရပါတယ် ။
ဒီတော့ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရေစီစနစ်နဲ့ လုံးဝမကိုက်ညီတဲ့ အချက်တွေ၊ ပြင်ဆင်သင့်တာတွေကို
လွတ်တော်တက်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြင်လို့မရဘဲ မျက်စိစုံမှတ်ပြီး အဆိုပါ
 နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကို အပြောင်းအလဲမဖြစ်စေရန် ၊ မပျေက်စေရန် အကာအကွယ်ပြု ထိန်းသိမ်းစောင့်ရှောက်ပေးရမဲ့ သဘောရှိပါတယ် ..

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ

Artist's rendering of Kepler-20e and Kepler-20f, Earth-sized exoplanets orbiting sun-like star, Dec. 20, 2011.
ဓာတ်ပုံ NASA
NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ  ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။ ဒါပေမယ့်လို့ နေမိသားစု အပြင်ဘက်မှာ လူတွေနေနိုင်မလား သက်ရှိသတ္တ၀ါတွေ ရှင်သန် နေထိုင်နိုင်မလား ဆိုတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ ရှာကြတယ်"
ဒီအာကာသပညာရှင်တွေ လိုက်ရှာနေတာက လူတွေ နေထိုင်နိုင်လောက်တဲ့ အနေထားရှိတဲ့ ဂြိုဟ်တွေကို ရှာတာပေါ့နော်
"လူတွေထက် သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ နယ်ပယ်ထဲမှာ ရှိမယ့် ဂြိုဟ်တွေကို ရှာတာပါ။ အဓိက အားဖြင့်တော့ အပူရှိန်ပေါ့။ နေနဲ့ သိပ်နီးတယ် ဆိုရင်လည်း ပူလွန်းအားကြီးတယ်။ သိပ်ဝေးရင်လည်း  အေးလွန်းအားကြီးတယ်။ ဆိုတော့ ကျွန်တော်တို့ ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ အပူချိန်ရှိတဲ့ နေရာကို ရှာတာပေါ့။ ကမ္ဘာကတော့ ၇၀- ၈၀ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ်ရင်လည်း  ၂၃- ၂၅ ဒီဂရီ Celcius ပေါ့။ ဒီနေရာတွေ မှာက အပူရှိန်အားဖြင့်ကလည်း သင့်တော်တယ်။ ပြီးတော့ လေထုကလည်း ရှိနေရမယ်။ နောက် ရေကလည်း ရှိနေရမယ်ဆိုတဲ့ နေရာမျိုးကို ရှာရမှာပါ"
အဲဒီလိုနေရာမျိုး ဘယ်နှစ်ခုလောက် အခုလောလောဆယ်မှာ တွေ့ထားပြီလဲ
"လောလောဆယ် အားဖြင့်တော့ နာဆာ NASA ကတွေ့ထားတာ ဖြစ်နိုင်တဲ့ ဂြိုဟ် ၂၆ လုံးရှိတယ်။ ဒါပေမယ့် ကမ္ဘာနဲ့ အဆင်တူဆုံး ကတော့ ကက်ပလာ ၂၂  သူက ကမ္ဘာနဲ့ တော်တော့်ကို တူတယ် ဆိုပြီးတော့ ကောက်ချက် ချထားပါတယ်။ ဥရောပကတော့ ၂ခု တွေ့ထားတယ်။  ဥရောပ တောင်ပိုင်းမှာ ရှိတဲ့အဖွဲ့က ၃.၆ မီတာရှိတဲ့ မှန်ပြောင်းကြီးကို ချီလီနိုင်ငံ လာဆီးလားမြို့  La Silla  တောင်ပေါ် တင်ထားပါတယ်။ သူက ကျတော့ နဂါးငွေ့တန်း အထဲထဲမှာ ရှိနေတဲ့ ကြယ်စုတွေကို လေ့လာနေပါတယ်။ ဒီကြယ်စုတွေထဲမှာ အများဆုံး ရှိနေတာက red dwarf လို့ခေါ်တဲ့ နေအသေး ဆုံးလေးတွေပေါ့။ အဲဒါတွေက ၈၀%လောက်က နဂါးငွေ့တန်းထဲမှာ ရှိနေတယ်။ သူက အဓိက အားဖြင့် red dwarf လို့ခေါ်တဲ့ နေအသေးစားလေးတွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေကို လိုက်ရှာ ကြတာပေါ့။  ဂြိုဟ် ၂ခုကတော့ ကမ္ဘာနဲ့ တော်တော်လေးဆင်ဆင် တူတာ တွေ့ထား တာတော့ ရှိတယ်"
နာဆာက တွေ့ထားတဲ့ လူတွေ နေတဲ့ ကမ္ဘာနဲ့ တော်တော် လေးကို တူတယ် ဆိုတဲ့ ဂြိုဟ်က ဘယ်နားမှာ ရှိပါသလဲ
"ကျွန်တော်တို့ မြောက်ပိုင်း အာကာသပြင်ကို ကြည့်လိုက်မယ် ဆိုလို့ ရှိရင် Northern Cross လို့ ခေါ်ပါတယ်။ ကြက်ခြေခတ် ပုံသဏာန် ရှိနေတဲ့  ကြယ်စုထဲမှာ ရှိပါတယ်။ အပူရှိန်ကလည်း ၇၁ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ် ၂၃ ဒီဂရီ Celcius ဆိုတော့ ကမ္ဘာနဲ့ တော်တော်လေး ဆင်တူတာ တွေ့တယ်။ ဒါပေမယ့် သူက ကမ္ဘာထက်  ၂ဆခွဲလောက် ပိုကြီးတဲ့ ဂြိုဟ်ပါ"
အဲဒီနေရာက ကမ္ဘာကနေ ဘယ်လောက်ဝေးပါလဲ
"အဲဒါက အလင်းနှစ်ပေါင်း ၆၀၀ ဝေးပါတယ်။ အလင်းနှစ် ဆိုတာက အလင်းရောင် တနှစ်မှာ ဘယ်လောက် သွားသလဲ ဆိုတဲ့ အကွာဝေးကို အလင်းနှစ် တနှစ် လို့ ခေါ်တာကိုး။ ဆိုတော့ အလင်းရဲ့ အလျင်နဲ့သွားရင် နှစ် ၆၀၀ ကြာမှ အဲဒီနေရာကို ရောက်မှာပါ"
နေမိသားစု ထဲမှာ ဘယ်ဂြိုဟ်တွေ ပါပါသလဲ
"နေမိသားးစုက ခုနပြောသလိုပဲ ဂြိုဟ်ကြီး ၉လုံး ရှိတာကိုး။ မာကျူရီကနေ ဗီးနပ်စ်တို့၊ ကမ္ဘာတို့ အင်္ဂါဂြိုဟ်တို့ ကြာသပတေးဂြိုဟ်တို့ ဟိုးနောက်ဆုံး ပလူတို အထိပါတယ်။ ဒါပေမယ့် ပလူတို ကျတော့ စာရင်းထဲကနေ ပယ်ထားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ သိပ်သည်းခြင်းက နဲတဲ့ အတွက်ကြောင့် မို့ပါ။ ပြီးတော့ သူက အစိုင်အခဲ တခုအနေမဟုတ်ပဲနဲ့ ဓါတ်ငွေ့ အစိုင်အခဲအနေနဲ့ ရှိတယ်ဆိုပြီးတော့ သိပံပညာရှင်တွေက ဒီစာရင်းထဲကနေ ပယ်ထားတယ်။ ဂြိုဟ်သိမ် ဂြိုဟ်မွှား စာရင်းထဲကို ထည့်လိုက်တာပါ။ ဒီအတောအတွင်းမှာ ထပ်ပြီးတော့ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေး ဂြိုဟ်ကြားထဲမှာ ရှိတဲ့ ဥက္ကာပျံ အစိုင်အခဲတွေ ကြားထဲမှာ တော်တော်လေး ကြီးတဲ့ ဂြိုဟ် တခု တွေ့ ထားတယ်။ အဲဒါက ဂြိုဟ်သိမ်ဂြိုဟ်မွှား ပေါ့လေ။ ဆဲလ်စ် လို့ ခေါ်တယ်။  နောက်တခါ ပလူတို ပတ်ဝန်းကျင် မှာ ကျတော့ မာကီမာကီတို့၊ ဟာမီဟူး မေးယားတို့ လို ဂြိုဟ်လေးတွေ ထပ်တွေ့သေးတယ်။ တခြား ဂြိုဟ်သိမ် ဂြိုဟ်မွှား လေးတွေလည်း တော်တော်များများ တွေ့ထားတာ ရှိပါသေးတယ်"
နေမိသားစုထဲမှာ ဂြိုဟ်သစ်တွေ တွေ့ခဲ့တာပါ။ နေမိသားစုရဲ့ အပြင်ဘက်မှာရော
"နေမိသားစုမှာ ပလူတိုဆိုတဲ့ ဂြိုဟ်ပတ်ဝန်းကျင်က ဟာကို ကျတော့ Kiper belt လို့ခေါ်တာကိုး။ ဘာလို့လဲ ဆိုတော့ သူက ရေခဲမှုန်တွေ များနေတဲ့ ပတ်လမ်းကြီးပေါ့။ အဲဒီအပြင်  နေနဲ့ ကမ္ဘာရဲ့ အကွာအဝေး ထက် အဆပေါင်း တသောင်း ၅ထောင် လောက်ဝေးတဲ့နေရာ လောက်မှာ ကြယ်တံခွန် လို့ခေါ်တဲ့ comet တွေ ချည်းပဲ ပြည့်နေတာ။ သူက ဘီလျံနဲ့ ချီပြီးတော့ ရှိနေတာ သန်းထောင်ပေါင်းများစွာ ရှိနေတာ။ အဲဒီမှာ ကျတော့ ဂျူပီတာထက် ဒြဗ်ထု လေးဆလောက်ရှိတဲ့ ဂြိုဟ်တခု တွေ့တယ်လို့ လွန်ခဲ့တဲ့ ၂နှစ် လောက်က လူဝီစီယားနား ပြည်နယ်က ရူပဗေဒ ပညာရှင် တယောက်က အဆိုပြုထားပါတယ်။ အဲဒါကိုတော့ အခုထိ လေ့လာနေတုန်းပါပဲ"
red dwarf လို့ခေါ်တဲ့ နေအသေးလေးတွေကကို  cool stars လို့လည်းခေါ်တာတွေ့ရပါတယ်။ ဘာဖြစ်လို့ပါလဲ
"HR diagram လို့ခေါ်တဲ့ နေတွေကို အတန်းအစား ခွဲတဲ့ အခါမှာ ကြီးတဲ့ ဂြိုဟ်တွေက ပိုပြီးတော့ အလင်းရောင် များတယ်။ ပိုပြီးတော့ ပူတယ်။ သေးတဲ့ ဂြိုဟ်တွေက အလင်းရောင်နဲတယ်၊ အေးတယ်။ ပြီးတော့ ကျွန်တော်တို့က သတ်မှတ်ထားတာက အပူချိန်ကို Kelvin ကယ်လ်ဗင် ဆိုတဲ့ absolute unit နဲ့ တိုင်းမယ် ဆိုရင် သေးတဲ့ ဂြိုဟ်တွေက ၂၀၀၀ ကယ်လ်ဗင်ကနေပြီးတော့ အများဆုံးကြယ်က ၂သောင်း ကယ်လ်ဗင် အထိသွားတယ်။  ကျွန်တော်တို့ရဲ့ နေကြီးက ကယ်လ်ဗင် ၅၈၀၀ အပူချိန် ရှိပြီးတော့ ဒီ red dwarf ကကျတော့ ၂၅၀၀ လောက် ပတ်ဝန်းကျင်လောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သေးလဲသေးတယ်။ အရောင်ကလည်း မှိန်တယ်။ ပြီးတော့ အပူချိန်ကလည်း တော်တော်လေး နဲပါတယ်။ ဒါကြောင့်မို့ အနီရောင် ကြယ်လေးတွေလို့ ခေါ်တာပါ
ဒီလိုမျိုး ဂြိုဟ်တွေ လိုက်ရှာနေတာဟာ အခုလောလောဆယ် လူသားတွေ အတွက် အကျိုး ဖြစ်ထွန်းပါ့မလား
ဥရောပ အဖွဲ့က တွေ့ထားတာမျိုးကျတော့ အလင်းနှစ် ၃၀ နေရာမှာ ရှိတဲ့ ဂြိုဟ် ၂ခုကို တွေ့ထားတာ။ ဆိုတဲ့ သဘောက ကျွန်တော်တို့ ဒီကနေ့ အလင်း အလျင်နဲ့ သွားမယ် ဆိုရင် အဲဒီနေရာကို အနှစ် ၃၀လောက်မှာ ရောက်မှာကိုး။  ဒါပေမယ့် တခုရှိတာက အဲဒီနေရာတွေကို သွားနိုင်ဖို့ ဖြစ်နိုင်တာက လောလောဆယ် ကျွန်တော်တို့မှာ ခုရှိတဲ့ နည်းပညာအရနဲ့ ရော သက်တမ်းအရ ဆိုရင် အခက်အခဲလေးတွေ ရှိနေသေးတယ်။ ဒါပေမယ့်လို့ မကြာခင်မှာတော့ ဒီထက် ပိုကောင်းတဲ့ နည်းပညာတွေ ရလို့ ရှိရင် နောက်  ကျွန်တော်တို့ ဒီ့ထက် ပိုပြီး နေနိုင်မယ် ဆိုရင်တော့ သွားနိုင်မယ့် အခြေနေတွေ ရှိတာပေါ့"
ဒီလို ကမ္ဘာသစ်တွေ ဂြိုဟ်သစ်တွေ ရှာတာ ဘာလုပ်ဖို့ ပါလဲ
ကျွန်တော်တို့က စူးစမ်းချင်တဲ့ စိတ်တွေ ရှိနေတာကိုး။ စင်္ကြာဝဠာထဲမှာ လူသားတွေ ချည်းပဲ ရှိတာလား။  တခြား ဂြိုဟ်သားတွေရော မရှိနိုင်ဘူးလား။  ဒါကစူးစမ်း ချင်တဲ့ စိတ်တွေနဲ့ ကျွန်တော်တို့ ရှာတာပါ။ နာဆာကနေပြီးတော့  ရေဒီယို တယ်လီ စကုပ်တွေနဲ့ ကြည့်နေပါတယ်။ ဘယ်ဂြိုဟ်ကများ အချက်ပြ အဆက်အသွယ်တွေ လုပ်မလဲ ဆိုပြီးတော့ ကျွန်တော်တို့ အခု လေ့လာနေတယ်။ တော်တော်လေး ကြာနေပါပြီ။  ဒီအချိန်အထိ တခါမှ မတွေ့ဘူးသေးပါဘူး။ ကျွန်တော်တို့က ရှိမျုား ရှိမလား ဆိုပြီး ရှာနေကြတုန်းပါပဲ
ဘယ်နှစ်နှစ်လောက်ရှိပြီလဲ ဆရာ ခန့်မှန်းခြေဆိုရင်
ဟာ ဒါဟာ ကြာပြီ။ ၁၈နှစ်လောက် ရှိနေပါပြီ။ သူတို့ ရှာနေကြတာ။ ဆက်တီလို့ ခေါ်ပါတယ်။ ဒီ ဆက်တီ ဆိုတဲ့ အစီအစဉ်က စင်္ကြာဝဠာ ကနေပြီးတော့ လာနေတဲ့ ရေဒီယို အဆက်အသွယ် အချက်ပြတွေကို ဖမ်းယူနေတယ်။ ဒါပေမယ့် ဒီ အချိန်အထိ တခါမှ မတွေ့သေးပါဘူး
ဆရာပြောသလို တော်တော် အလှမ်းဝေးနေလို့ ဖြစ်မယ်
"ဟုတ်မယ့် တော်တော် ဝေးမှာပေါ့။ တကယ်လို့ ခုနပြောသလိုပေါ့။ ကျွန်တော်တို့တွေ့ထားတဲ့  ဂြိုဟ်သစ် တလုံးက အလင်းနှစ် ၃၀ အကွာမှာ ရှိတယ် ဆိုရင် ကျွန်တော်တို့ ဒီကနေ့ သူတို့ ဆီကို နေကောင်းလား ဆိုပြီးတော့ signal ပို့လိုက်မယ် ဆိုရင် အနှစ် ၃၀ နေပြီးမှ သူတို့ ဆီကိုရောက်မယ်။ ရောက်ပြီး သူတို့ ကလည်း သိပ်သဘောကောင်း ပြီးတော့ သိပ်ပြီးတော့လည်း မိတ်ဆွေ ဖြစ်ချင်တယ် ဆို ချက်ချင်းပြန် ပို့လိုက်ရင် နောက်ထပ် အနှစ် ၃၀ နေပြီးမှ ကျွန်တော်တို့ ဆီ ပြန်ရောက်လာမှာဖြစ်ပါတယ်"
ဒေါက်တာဝင်းသာထွေးပါ။
voa news

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ

Posted: 20 Apr 2012 11:42 PM PDT










 နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု   မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။

 အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။

 



၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ
လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ်ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်နှစ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်


အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက်
ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။

Tips!

ရှလကာရည် အသုံးပြုနိုင်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစာစားသူတွေရဲ့ အင်ဆူလင် မြင့်တက်လာနှုန်းဟာ ရှလကာရည်မပါဝင်ဘဲ သူတို့နဲ့ တူညီတဲ့ အစားအစာတွေ စားသုံးသူတွေထက် ၂၅ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အင်ဆူလင် အဆင့်နည်းတာဟာ စားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာကြောင့်ပါ။










၂။ ဗိုက်ပြည့်တာမြန်အောင် ချယ်ရီသီးစားပါ။
အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက် ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ သင့်ဗိုက်ပြည့်တင်းတာကို သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အစာစားချင်စိတ် လျော့နည်းရခြင်း၏ လျှို့ဝှက်ချက်
ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့ နာကျင်ညောင်းညာတဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။

Tips!

စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသလား။
စိုးရိမ်စိတ်ပျောက်ကင်းအောင် Passion Flower (ပင်မှည့်သီးပွင့်) လက်ဖက်ရည်သောက်ပေးပါ။ အိပ်မပျော်သူတွေဟာ နေ့စဉ် ပင်မှည့်သီးဖျော်ရည်ကို တစ်ပတ်သောက်တာကြောင့် မြန်မြန်အိပ်ပျော်နိုင်ပြီး ညဘက်တစ်ရေးနိုးတဲ့ အကြိမ်လျော့သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ရည်ဟာ စိတ်ချမ်းသာစေတဲ့ ဟော်မုန်း(dopamine) အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

Ref: Good Health


မေမွန်ကျော်

FWD Mail

သားသားကိုတော့ မဟတ်ကြပါနဲ့

Aircrack-ng + Kismet + NetStumbler + SWScanner Wi-Fi Hacking Tools

Aircrack-ng + Kismet + NetStumbler + SWScanner

ကျွန်တော်ကတော့ မသုံးဖူးပါဘူး ဟတ်တာလဲ စိတ်မ၀င်စားပါဘူး ......ကိုယ်က မတရားသဖြင့် ဒေါင်းတဲ့ကောင်ဆိုတော့ ပိုက်ပိုက်ပဲပေးသုံးပါတယ် .... တော်တော်များများကတော့ ဟတ်မယ်ဆိုတာချည်းပဲ ... အနော့်ကိုတော့ မဟတ်ကြနဲ့ပေါ့ဗျာ ဘော်ဘော်တွေပဲဟာ ... အခုကျွန်တော်တွေ့တာလေး ပြန်ရှယ်ပေးတာပါ ...လိုချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာ ယူသွားနိုင်ပါတယ် ...

Boot Your Wi-Fi Signal Using a Beer Can

အရမ်းကောင်းတဲ့နည်းပညာလေးမို့ ပြန်လည်ဝေမျှလိုက်ပါတယ် ... ကိုယ့် Router က Wi-Fi လွှင့်အားနည်းနေရင် ဒီနည်းလေးသုံးကြည့်ပေါ့ software မလိုပါဘူး ... ကြည့်ယုံနဲ့ သဘောပေါက်မှာမို့ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ် .......

4.09.2012

How to Hide Your SSID

Hiding you SSID (secure service identification) is one of the best solution to secure your wireless network so that sniffers will not scan your wireless networks name.

First open up your browser to go to your routers setup and type in 192.168.1.1 and then log in using the username and password of your router.

4.01.2012

ကွန်ပြူတာကို ကိုယ့်မျက်နှာလေးနဲ့ password ပေးမယ် Luxand Blink Pro 2.4 | 20.4 MB

ကိုယ့်မျက်နှာချောချောလေးကိုကြည့်ပြီးမှ ကွန်ပြူတာကိုဖွင့်ပေးမယ့်ဆော့ဝဲလ်လေးပါ ... ၀င်းဒိုးအတက်မှာ ကိုယ်ပေးထားတဲ့ password နှိပ်ဝင်ရသလို ကိုယ်မျက်နှာလေးပြမှဝင်လို့ရတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် ... ပုံမှာပြထားသလိုလေးပါ ဘာရယ်မဟုတ်ဘူးလူရှိန်တာပေါ့ ... အသုံပြုမယ့်ကွန်ပြူတာမှာတော့ webcam လေးတပ်ထားရပါမယ် ...စမ်းသုံးချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ် ...
Blink! Pro makes logging into Windows happen in a blink of an eye. Just look into a webcam, and Blink! Pro will identify your face and let you in instantly. It has never been easier! Blink! Pro employs advanced biometric identification technologies to ensure secure near-instantaneous authentication.

3.31.2012

ISA Server နဲ့ တွဲသုံးလို့ရတဲ့ Bandwidth Controller

ဒီဆော့ဝဲလ်လေးကတော့ isa server ပေါ်မှာ run လို့ရတဲ့ bandwidth controller ဆော့ဝဲလ်ပါ။
Software ရဲ့ နာမည်က Traffic Quota ပါ။

3.24.2012

wireless network watcher v1.31

ဒီ Software လေးကတော့ မိမိရဲ့ network အတွင်းမှာ ရှိတဲ့ IP, MAC Address နဲ့ Computer name တွေကို ရှာဖွေဖော်ထုတ်ပေးမဲ့ software လေးပါ ဒီအပြင် မိမိနက်အတွင်း အခြားသူများဝင်ရောက်အသုံးပြုနေတဲ့ IP တွေကိုလည်းရှာပေးဖော်ထုတ်ပေးမှာဖြစ်ပါတယ် အသုံးပြုပုံကတော့ software လေးကို run လိုက်ရုံပါပဲ။
အသုံးပြုချင်တယ်ဆိုရင်တော့ အအောက်က လင့်လေးကဒေါင်းလိုက်ရုံပါပဲ။

3.20.2012

Wifi Hacking ကိုစိတ်ဝင်စားသူများအတွက် WEP/WPA/WPA2 Hacking Tool

ပထမတစ်ခေါက်က software တွေ မပါပဲ wifi ဟက်နည်းလေးတင်ပေးတာ အဆင်မပြေဘူးပြောလို့ ထပ်တင်ပေးချင်တာကြာပါပြီ ကွန်နက်ရှင်သိပ်မကောင်းလို့ upload တင်မရတာနဲ့ နဲနဲလေးကြာသွားတာပါ နားလေးပေးစေချင်တယ်။ ကဲခုတော့ အားလုံးအဆင်ပြေသွားအောင် အသစ်ထပ်တင်ပေးလိုက်တယ်။ WEP/WPA/WPA2 အထိတော့၇တယ် Dictionary ကောင်းကောင်းလေးတော့လိုမယ် ခင်ဗျာ။Wifi ကို hack ချင်ရင်တော့ အဆင်ပြေဆုံး OS က Linux ဖြစ်ပါတယ်။ဒါပေမဲ့ Linux ဆိုရင် လူတိုင်းနှီးပါ ရင်းနှီးမှုမရှိလို့ကြောက်ကြပါတယ်.. ကဲထားပါတော့ Linux ကိုကြောက်သူများအတွက် Mircosoft ပေါ်မှာ ဟက်လို့ ရနိုင်တဲ့ Linux Tool လေးတွေ ကိုမိတ်ဆက်ပေးမှာပါ။ အကြံပြုချင်တာကတော့ Window Xp နဲ့ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ wifi ပါတဲ့ လက်တော့တစ်လုံးတော့လိုမယ်နော် ဆော့ဝဲလ်ကို အသုံးပြုပုံကို တော့ ရှင်းမပြတော့ပါဘူး ကျွန်တော်တင်ပေးမဲ့ RAR ဖိုင်ထဲ မှာ Video ပါပါတယ် mac address filter တွေ အတွက် mac changer လေးလဲ ထည့်ပေးထားပါတယ်။ ကြည့်ပြီးတော့လုပ်ကြည့်လိုက်ပါ။သူတပါးကို ဒုက္ခပေးလိုခြင်းမဟုတ်ပါ ဗဟုသုတရစေရန်သက်သက်သာဖြစ်ပါတယ်။ video file ကလေးနဲနဲထစ်နေတာကိုတော့ သီးခံပေးစေချင်ပါတယ်။ အားလုံးကျေနပ်ကြလိမ့်မယ်မျှော်လင့်ပါတယ်။ စမ်းသုံးကြည့်ချင်တဲ့ သူငယ်ချင်းအတွက် အောက်က လင့်မှ ဒေါင်းယူနိုင်ပါတယ်။

3.16.2012

WIFI Password ခိုးနည်းလေး

ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ် ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D
ကဲ လုပ်ကြည့်နော်
ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်...

2.23.2012

Netcut နဲ့ ဖြတ်လို့မရတဲ့ AntiNetCut3

netcut နဲ့ ဖြတ်လို့မရတဲ့ anti netcup
Main configuration Window
Working in system tray

ကိုယ့် network ထဲက စက်တွေကို ကော်နရှင် ဖြတ်လို့ရတဲ့ NetCut


ဒီကောင်လေးကို တင်ပေးချင်တဲ့စိတ် မရှိပါဘူး .... မသိသေးတဲ့သူငယ်ချင်းများသိအောင်တင်ပေးလိုက်တာပါ ... netcut သုံးပြီး တစ်ခြားစက်တွေကို ကော်နရှင်ဖြတ်တောက်ထားလို့ရပါတယ် ...

ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥


♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥
* အား jupitar ကိုရင်မောင် ရေးသားပါသည်
http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ

http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07v…..b70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ

http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqs…..eashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ
ရွှေအိမ်စည်စာပေ
မှ
ပြမ်လည်တင်ပြပေးသည်။
ရဲဇော်ကို

Angry Birds Rio 1.4.4 (50.1MB)


Install လုပ်မယ်ဆိုရင် Readme.txt ထဲမှာ  serial key ထည့်ပေးထားပါတယ် Patch ချိုးပြီးမှ serial key ထည့်ပေးပါ .... Angry Birds ဂိမ်းကြိုက်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ ...

System requirements:
Operating System: Windows ® XP / Vista / Windows ® 7
Processor: 2GHz
Memory: 512 MB
Video Card: 3D-graphics adapter compatible with DirectX, 128 MB
Sound Card: Sound device compatible with DirectX ® 9.0
Free hard disk space: 45.2 MB

Angry Birds Rio 1.4.4  (50.1MB)

နှစ်ငါးဆယ်ပြစ်ဒဏ်


လင်မယားနှစ်ယောက် နှစ်ငါးဆယ်ပြည့် သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည့်နေ့ အထိမ်းအမှတ် ညစာစားဖို့ သွားကြတယ်။ အိမ်အပြန်လမ်းမှာ သူ့ဇနီးက သူ့ယောက်ျား မျက်ရည်ကျနေတာကို မြင်သွားပြီး မေးလိုက်တယ်။
“မောင်က နှစ်ငါးဆယ်ကြာ အံ့သြလောက်အောင် အတူတကွ ဖြတ်သန်းလာခဲ့တာကို အောက်မေ့တမ်းတသတိရလို့ပေါ့နော်”
သူကပြန်ပြောလိုက်တာကတော့-
“မဟုတ်ရပါဘူးကွာ…မင်းနဲ့ငါ လက်မထပ်ခင် အချိန်ကလေးကို သတိရမိတယ်။ မင်း အဖေက ငါ့ကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ မင်းကိုလက်မထပ်ဘဲ သူ့ကို ပစ်သတ်ပြီး ထောင်ထဲ မှာ နှစ်ငါးဆယ် သွားနေပါလားတဲ့။ မနက်ဖန်ဆို ငါဟာ လွတ်လပ်တဲ့သူတစ်ယောက် ဖြစ်နေပြီလေ”
50 Year Sentence
A couple goes out to dinner to celebrate their 50th wedding anniversary. On the way home, she notices a tear in his eye and asks if he's getting sentimental because they're celebrating 50 wonderful years together.

He replies, No, I was thinking about the time before we got married. Your father threatened me with a shotgun and said he'd have me thrown in jail for 50 years if I didn't marry you. Tomorrow I would've been a free man!
မင်းတို့ကြောင့်ခက်တယ်...
ဟာ...ကွန်နက်ရှင်တွေကောင်းတော့မယ်တဲ့ကွ...
ချစ်သူများနေ့မှာ ပျော်တယ်နော်...
ယုယကြင်နာ ထွေးပွေ့ပါ့မယ်...
မီးဖိုခန်းမှာ စားစရာရှာခဲ့ကြတာ မမေ့ပါ...
နောင်ကျဉ်အောင် ဆုံးမလိုက်မယ်...
အိမ်မှုကိစ္စ နောက်မှ လုပ်ကြရအောင်နော်...

တော်...ခြေမများနဲ့နော်...

ကျွန်မကြောင့်...ရှင်...ပူနေရပေမယ့်...

သန့်ရှင်းရေး လုပ်ကြဖို့တော့လိုတယ်နော်...

ချစ်လို့ကျီစား...နာသွားလား...

ဘ၀ရှေ့ရေး ဆွေးနွေးရအောင်...
ဝယ်ပေး...၀ယ်ပေး...ဈေးမများပါဘူး...
ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ ရှိမှဖြစ်မယ်...
ကိုယ်ထူကိုယ်ထစနစ် ကျင့်သုံးကြမယ်နော်...
ခင်ကအနားမှာရှိရင် မောင်က အားရှိတာပေါ့...
မိန်းမ ပြောစကား နားမှ မထောင်ဘဲကိုး...
(ဆီလျော်အောင် ကိုယ်တိုင်ဘာသာပြန်ဆိုသည်။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၁-၄-၂၀၁၂)

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

၁။ မည်သူ့ အပေါ်တွင်မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။

၂။ ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့သောအခါ လွန်စွာ ဝမ်းသာအားရ သောမနဿ လောဘမဖြစ်ပါနှင့်။

၃။ မကောင်းသော အနိဋ္ဌာရုံနှင့် တွေ့သော အခါ၌လည်း ဝမ်းနည်းပက်လက် မနှစ်သက်သော ဒေါမနဿ ဒေါသမဖြစ်ပါနှင့်။

၎။ မိမိပိုင်မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့် မတရား ယူလိုသည့် လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ။ တင်းတိမ်ပါ။ ဆင်းရဲသည်ကို ဂုဏ်ယူပါ။ မတရား ချမ်းသာတာကို ဂုဏ်မယူပါနှင့်။

၅။ သတ္တဝါတို့ကို မညှင်းဆဲပါနှင့်၊ မနှိပ်စက်ပါနှင့်၊ ကာယအားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် မညှင်းဆဲပါနှင့်။

၆။ သတ္တဝါအားလုံး မိမိနှင့် ထိတွေ့ သိရှိသူ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ၊ မိမိအား ချစ်ခင်လိုလားသူ၊ မိမိအား မုန်းတီးစက်ဆုပ်သူ၊ မိမိအား ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း၊ အလယ်အလတ် သဘောရှိသူ အားလုံးအပေါ် သန့်ရှင်း ကြည်လင်သော မိမိနှင့် ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇။ လိမ်ညာ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၈။ မည်သည့် စိတ်ဖြင့်ဖြစ်စေ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ်၊ ဆိုးစေလို၍ပဲ ဖြစ်ဖြစ်၊ ဖရုသဝါစာ တည်းဟူသော ဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၉။ ချစ်သူနှစ်ယောက် ကွဲသွားအောင် ကုန်းတိုက်သော၊ ရန်တိုက်ပေးသော ဝိသုဏဝါစာ စကားကို ရှောင်ကြဉ်ပါ။

၁၀။ ကလေး သူငယ်များနှင့် လူဖျင်း လူပေါ့တို့ နားထောင်၍ ကောင်းရုံသာဖြစ်သော (အနက် အဓိပ္ပါယ်မရှိ၊ အကျိုးမရှိသော) အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဖပ္ပလာပ စကားကို ရှောင်ကြဉ်ပါ။ ဟိုစပ်စပ် ဒီစပ်စပ် ပါဝင်ကာ အာလာပသလ္လပ ဗရုတ်သုတ်ခ မဟုတ်က၊ ဟုတ်က စကားများမပြောနှင့်။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင်၊ သဘောပေါက် လွယ်အောင် သာယာ ပျောင်းညင်းစွာ ပြောဆိုပါ။ လူပုံအလယ်တွင် အရှက်ကွဲစေခြင်း၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ပါ။

၁၂။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံ အားထုတ်ပါ။

၁၃။ သရဏဂုံ သုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊ မေတ္တာဘာဝနာကို ပွားပါ။ ဝိပဿနာ လမ်းသို့ တက်လှမ်းနိုင်ပါစေ။

၁၄။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ။

၁၅။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ။

၁၆။ အစဉ်ကြည်လင်သော ကောင်းသော နှလုံးကိုသာ သွင်းပါ။

၁၇။ လောကုတ္တရာ တရားတော်တွင် စိတ်ကိုမြှုပ်နှံထားပါ။

၁၈။ - ခန္တီစ သည်းခံခြင်းတရားကို မမေ့လျော့လေနှင့်။

- ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။
- မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏။

၁၉။ ကာယ၊ ဝစီ၊ မနောအားဖြင့် ပြုမူလှုပ်ရှား ပြောဆိုမှု၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်၊ လျော်မလျော်၊ အချိန်အခါ ဟုတ်၊ မဟုတ်၊ ပြောလျှင်ဘာဖြစ်မလဲ၊ မပြောလျှင် ဘာဖြစ်မလဲ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏။ လုပ်သင့်၏။ စဉ်းစားသင့်၏။ အကျိုးအပြစ် ဝေဖန်ပြီးမှ လုပ်သင့်၏။ ပြောသင့်၏။ စိတ်နောက်ကိုယ်ပါ၊ ချွန်းမရှိ၊ ပညာမရှိ မပြုမူသင့်။

၂၀။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ၊ လူကောင်း သူကောင်းလည်းဖြစ်၊ ယခုဘဝတွင်ရော၊ သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ။

၂၁။ စိတ်ကို မေတ္တာဖြင့်ထုံမွမ်းပါလေ။

၂၂။ မိမိစိတ်ကို အစဉ် သတိဖြင့် ကပ်ထားပါလေ။ မလွှတ်လိုက်ပါနှင့်။ စိတ်ဟူသည် ဖြန့်ကျက်တတ်သော သဘောရှိ၏။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

တရားကိုပေးလှူပါသည်။

 (ရဲဇော်ကို)

အန်ကောဝပ်ဘုရားကျောင်း

အန်ကောဝပ်ကျောင်းတော် ဟာ ကမ္ဘောဒီးယား နိုင်ငံ အန်ကော မြို.ဟောင်းမှာ တည်ရှိပြီးတော. ၁၂ ရာစု အစောပိုင်းက
Suryavarman II ဆိုတဲ. ဘုရင်ကြီးက ဆောက်လုပ်ခဲ.တယ်လို.ဆိုပါတယ်။
အန်ကောဝပ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်သည်။ သူ့ရဲ့ အမြင့်မှာ မြေပြင်မှ ၆၅မီတာ မြင့်မားလှသည်။ ပုဂံမှ အမြင့်ဆုံး သဗ္ဗညု ( ၆၁မီတာ ) နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်မားလှပေသည်။ အန်ကောမြို့ဟောင်း၏ ဘုရားတိုင်းတွင် ကျုံးရှိသည်။ အန်ကောဝပ်၏ ကျုံးကား ကြီးမားကျယ်ပြန့်လှသည်။
အန်ကောဝပ်ဘုရားကျောင်းသည် မြင့်မိုရ်တောင်ကို အဓိပ္ပါယ်ဆောင်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ မြင့်မိုရ်တောင်ကို ဖော်ကျူးထားသော လက်ရာများအနက် အန်ကောဝပ်သည် အကောင်းဆုံး လက်ရာတစ်ခုဖြစ်သည်။ မြင့်မိုရ်တောင်ကို ၀ိုင်းရံထားသော ပင်လယ်ခုနစ်စင်းနှင့် သမုဒ္ဒရာခုနစ်ခုကို အန်ကောဝပ်၏ ဗိသုကာလက်ရာထဲတွင် အကောင်းဆုံးဖော်ကျူးနိုင်ခဲ့သည်။
အန်ကော မြို့ဟောင်းကြီး၏ အခြားထင်ရှားသောနေရာမှာ Bayon ဖြစ်သည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ များပြားလှသော မျက်နှာများဖြစ်သည်။ အရင်တုန်းက ဗုဒ္ဓ၏ မျက်နှာများဟု နာမည်ကြီးခဲ့ပြီး တစ်ချို့က ခမာဘုရင်တို့၏ မျက်နှာများဟု ယူဆကြသည်။
နောက်ထပ်နာမည်ကြီးသော နေရာမှာ Ta Prohm ဆိုသောနေရာပင်ဖြစ်မည်။ Tomb Rider ကိုကြည့်ဖူးသူတိုင်းအတွက် ထိုနေရာနှင့်စိမ်းမည် မဟုတ်ပါ။ အန်ကောမြို့ဟောင်းသည် တစ်ချိန်က တောအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လူတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ပြင်သစ်လူမျိုးက ပြန်လည်တူးဖော်ပြီးသောအခါ အန်ကောမြို့ဟောင်း၏ အလှသည် ပြန်ပြီးအသက်ဝင်လာသည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ သမိုင်းပညာရှင်တို့၏ မတူးဖော်ခင်အတိုင်း အရှိကိုအရှိအတိုင်း ထားခြင်းဖြစ်သည်။ Silk Tree ၏ ကြီးမားလှသော အမြစ်များကြားထဲတွင် ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်စဲရှိသည်။ ပန်းရောင်းဖျော့ဖျော့ အမြစ်ကြီးများသည် မြွေလိမ်မြွေကောက်ပမာ ဘုရားကျောင်းကို ရစ်ပတ်ထားပြီး အစိမ်းရောင်ရေညှိပင်များက လွှမ်းခြုံထားသည်။ မြေ၏သဘာဝနှင့် လူသားတို့ဖန်တီးမှု နှစ်ခုသည် လှပစွာပေါင်းစည်းနေသော နေရာလေးဖြစ်သည်။
အန်ကောမြို့ဟောင်းကြီးသည် ပုဂံလိုဘုရားကျောင်းများစွာ တည်ရှိသောနေရာဖြစ်သည်။ ထူထပ်အုပ်ဆိုင်းနေသော သစ်ပင်ကြီးများကြောင့် ဘုရားကျောင်း တစ်ခုနှင့်တစ်ခု မမြင်ရပေမယ့် တကယ်တော့ တစ်ခုနှင့်တစ်ခုက နီးနီးလေးပါ။ အန်ကောမြို့ဟောင်းသည် ဘုရားကျောင်းများနှင့် လှပနေရုံမျှမက မြို့လေးကလည်း နွေးထွေးပျူငှာသော Cambodian လူမျိုးများကြောင့် လှပသောမြို့ကလေး ဖြစ်သည်။
စားစရိတ်နှင့် ဟိုတယ်စရိတ်မှာလည်း သိပ်ပြီးဈေးမကြီးလှ။ Old Market မှာပိုးပုဝါနှင့် ငွေထည်များဈေးသက်သာစွာ ၀ယ်ယူနိုင်သည်။ ပိုးပုဝါတစ်ထည်ကို US$ 2 သို့မဟုတ် 3 လောက်သာ ပေးရသည်။ ငွေထည်ကတော့ ဈေးသက်သာပေမယ့် အရည်အသွေး သိပ်မကောင်းပေ။
အစားအစာ
ကမ္ဘောဒီးယားအစားအစာမှာ ဗီရက်နမ် အစားအစာနှင့်လည်း အနည်းငယ်ဆင်တူသည်။ ဒါပေမယ့် သူတို့ရဲ့ ဟင်းခွက်တိုင်းတွင် ပူဆီနံအရွက်နှင့် စပါးလင်ကိုအများဆုံးသုံးသည်။ စပါးလင်နံ့ သင်းသင်းလေးနဲ့ တော်တော်စားလို့ကောင်းသည်။

နှလုံးသားကိုအလှဆင်ပါ

နှလုံးသားကို အလှဆင်ပါ

ရှုံးနိမ့်ခြင်းသို့ အလည်တခေါက်
အားကြီးသူကြောင့် ရောက်ခဲ့ရ
ဓနရှင်စနစ် တခါပြန်ဖြစ်တော့
ငွေရှင်၊ကြေးရှင်၊ဥစ္စာရှင်တွေ
နားထင်သွေးရောက် ခြေဖျားထောက်

ပြောင်းလဲတိုးတက် ခရီးဆက်
ဆက်ခါဆက်ခါ ထွက်လာခဲ့သည်
ရောက်ခဲ့ပါပြီ ခေတ်သစ်ဆီ
ပညာရေးကိုမှီ
ပညာကြီးသူအနိုင်ယူ
နေ့တဓူဝ တီထွင်ကြ
ဆန်းသစ်မှုတွေက
ဓာတ်ငွေ့မျိုးစုံ ပေါင်းစုံဖွဲ့ထား
ညူကလီးယားနှင့်ဓာတုလက်နက်
ချက်ချင်းမသေ တငွေ့ငွေ့သေကြ
ဒုက္ခိတဘ၀ ရောက်ခဲ့ရသော
ပိုးကောင်ထည့်သည့် ဇီဝလက်နက်
သန်းပေါင်းထောင်ချီ သေနိုင်စေသည့်
ပစ်မှတ်မလွဲ ဒုံးကျည်များလည်း
တင်ထွင်ကြံဆ အောင်မြင်ကြ

ဆန်းကြယ်ထွေပြား နည်းလမ်းများသည်
ပညာရေးကို အခြေတည်၍
ခေတ်မှီဖွင့်ဖြိုး နိုင်ငံ့အကျိုး
သယ်ပိုးထောက်ပံ့ အင်အားမြတ်ပင်
ဖြစ်လျှင်ကစား
စာနာစိတ်ကင်း နှလုံးညံဖျင်းသော်
ဘေးထွက်ဆိုးကျိုး ဒုက္ခဆိုးနှင့်
ကြုံတွေ့ရမည် ကြောက်ကြသည်ဆို
ပညာနှင့်ယှဉ် ပေါင်းဖက်ကြင်ကာ
နှလုံးသားကို အလှဆင်ပါ



ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းကြပါစေ

Remember Password ခိုးကြည့်မယ်

လူအများသုံးတဲ့ Mozila Firefox မှာ အမှတ်မဲ့ အဖြစ်များတဲ့ passwords အဟက်ခံရတဲ့အကြောင်းလေးကို ပြောပြမယ်နော်
သူငယ်ချင်းတို့ဆိုဒ်တဆိုဒ်ကို ၀င်တဲ့အခါပါတ်ဝေါ့ ၀င်ပီးသွားလို့ enter ခေါက်လိုက်၇င် အောက်ကပုံလေးအတိုင်း ပေါ်ပါတယ်


ပေါ်ရင် Never password ကို နှိပ်ရပါတယ် မနှိပ်မိဘဲနဲ့ remember password ကိုနှိပ်မိရင် ဘာဖြစ်မယ်ဆိုတာပြောမယ်နော် အင်တာနက်သုံးရင် ဒါမျိုးက သတိထားရပါတယ် ကိုယ်က နပ်၇င်တော့ ကိုရတာပေါ့
ကိုယ်က remember password ကိုနှိပ်ထားရင် ဒီမှာကြည့်

Page Info ကို ကလစ်လိုက်ပါ ပီးရင်


ပါတ်ဝေါ့ကြလာပါလိမ့်မယ်

ပါတ်ဝေါ့မြင်ရပါ့မယ် ဒီနည်း နဲ့ ဆိုဒ်ဝင်တဲ့ ပါတ်ဝေါ့ တွေနဲ့ gmail ပါတ်ဝေါ့တွေ သဇင်လေး ဟက်ခဲ့ပါတယ် [D;
ဟီး ကိုယ်နပ်လို့ကိုယ်ရတာပေါ့
သဲချင်းတို့ အလိုလုပ်ခဲ့မိရင် အပေါ်ကအဆင်ထိရောက်အောင်ပြန်လုပ်ပါ ပီးရင် remove all ကို ကလစ်လိုက်ပါ
ပြီးတော့ သူငယ်ချင်းတို့အင်တာနက်ဆိုင်မှာ သုံးတယ်ဆိုလဲ ကိုယ်ထိုင်တဲ့စက်ကို ကိုယ်မသုံးခင် အလိုလေး လုပ်ကြည့်ပါ
ပါတ်ဝေါ့ရရင် အမြတ်ပေါ့ မရှုံးပါဝူး ဟီး ခိခိ
www.thazinlay.wall.fm