This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 23, 2013

မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး ၆ ဦး မိဘများ လက်သို့ ပြန်လည် လွဲပြောင်း ......................









(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃)

Minbya signboardရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွား
ခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲ
ပြောင်း အပ်နှံလိုက်သည်ဟု သတင်း ရရှိသည်။

၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင်
ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြော
ကြားသည်။

“ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်
ဆေးချက်တွေ ယူပါတယ်။ ညနေပိုင်း ၅ နာရီခန့်မှာ မိဘ ဖြစ်သူတွေထံကို လွှဲပြောင်း ပေးအပ်ပါ
တယ်။

အဲဒီ အမျိုးသမီးငယ် တွေကို လွှဲပြောင်းတာမှန်ကန်ကြောင်း မင်းပြားမြို့ပေါ် အလယ်ပိုင်း၊ အောက်
ရွာပိုင်းရွာနဲ့ ဈေးဟောင်းပိုင်းက ရပ်ကွက် အုပ်ရေးမှူးတွေက အသိသက်စေ အဖြစ် လက်မှတ်ရေး
ထိုးပြီး လွှဲပြောင်း လိုက်တာပါ” ဟု ယင်းက ဆိုသည်။

မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ မချိုချိုဝင်း (၁၇) နှစ်
မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး
(၂၃) နှစ် တို့ သည် မြေပုံမြို့နယ်ရှိ လမ်းလုပ်ငန်းခွင် တစ်ခုမှ အလုပ် လုပ်နေစဉ် ယခုလဆန်းပိုင်း
က ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် သူမတို့ (၆) ဦးအား တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဆောက်လုပ်ရေး လုပ်
ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“ သူတို့ကို မိဘတွေ မသိဘဲနဲ့ ခေါ်ယူသွားတာက အေဘီစီ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ
ဖြစ်ကြတဲ့ ကိုထိန်လင်းနဲ့ ကိုရာဇာတို့ ဖြစ်ကြပါတယ်။ သူတို့ကို တနင်္သာရီတိုင်းမှာ အလုပ် လုပ်ဖို့
ခေါ်သွားတယ်လို့ သိရပါတယ်။ ခေါ်သွားတဲ့ သူတွေကို တရားစွဲ မစွဲဆိုတာကတော့ မနက်ဖြန်မှ သိ
ရမယ်။ မိဘတွေက သမီးဖြစ်သူတွေကို မေးမြန်းပြီး ကျေနပ်မူ ရှိတယ်ဆိုရင် တရားမစွဲဘူး။ မကျေနပ်
ရင် တရားစွဲမယ်” ဟု သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။

မင်းပြား ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိမှ နောက်နောင် ယခုကဲ့သို့ ဥပဒေနှင့် မညီဘဲ သွားလာ
ခေါ်ဆောင်မူများ မပြုလုပ်ကြရန်နှင့် ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မည်သို့ ရှိ
သည်ကို ရှင်းပြ ပြောဆိုမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ ၎င်းအမျိုးသမီးငယ်များမှာ နေရပ်ကျေးရွာ အသီးသီးသို့ မိဘများနှင့် အတူ ရောက်ရှိသွားခဲ့
ပြီဟု သိရသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

အိမ်ထောင် တစ်ခုမှာ အချစ်အပြင် တစ်ခြား လိုအပ် တာက သစ္စာ တရားပါ..........................









အိမ်ထောင် တစ်ခုမှာ အချစ် အပြင် တစ်ခြား လိုအပ်တာက သစ္စာတရားပါ နန်းသူဇာ လူရယ်လို့ ဖြစ်လာ
ရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်
ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။

အချစ် ဒသန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြား
မှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...

မြင်မြင်ချင်း ချစ်မယ်လို့ မထင်ဘူး

မြင်မြင်ချင်း အချစ်ဆိုတာမျိုး ကို ရှိမယ်လို့ မထင်ဘူး။ ကြားပဲကြား ဖူးတာပါ။ မြင်မြင်ချင်း ကြိုက် တာလို့ ပဲ
ထင်ပါတယ်။ ကောင်လေးတစ် ယောက်က ကောင်မလေး တစ်ယောက် ကိုမြင်သွားရင် ချစ်သွားတယ်လို့
မ ထင်ဘူး။ ကောင်မလေး ပုံစံကိုကြည့် ပြီး သူနဲ့လိုက်မယ် ထင်လို့ကြိုက်သွား တာပဲဖြစ်မှာပါ။

ဆယ်ကျော်သက် အချစ်က

ဆယ်ကျော်သက် အချစ်က ဆယ်ကျော်သက် အချစ်ပါ။ ဒီတစ် ယောက်မှ ဒီတစ်ယောက်ကို ချစ်ပြီး မြဲ မယ်
ထင်တာတွေ မမြဲခဲ့တာလည်းရှိ တာပဲ။ တစ်ဖက်သတ်ကြိုက်တာ တွေလည်းရှိတာပဲ။ အဲဒါကတော့ ဆယ်
ကျော်သက်အချစ်ပေါ့။

ကိုယ့်အတွက် အချစ်က ပှုလောင်တယ်၊ အေးချမ်းမှု မရှိပါဘူး...

ဆယ်ကျော်သက် အရွယ်က အချစ်တို့၊ အသက် အရွယ် ရလာပြီး နောက်ပြီးမှ အချစ်ဆိုတာ မျိုးတော့ မရှိ
ပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ ရင့် ကျက်ပြီးတစ်ယောက်တည်း ကိုချစ် သွားတာလည်း ရှိတာပဲ။ အသက်
ကြီး မှချစ်ရတဲ့ သူကိုတွေ့ပြီး ချစ်သွားတာ လည်းရှိပါတယ်။ နန်းသူဇာအတွက် အချစ်ကပူလောင်တယ်။
အေးချမ်း တယ်မရှိပါဘူး။ အဓိကက နားလည် မှုတစ်ခုပါပဲ။ လူနှစ်ယောက်မှာ တစ် ဘဝလုံး သွားဖို့အ
တွက် မိသားစု အပြင် အချစ်ကို ရာခိုင်နှုန်းနဲ့ ပြောရရင် မတရားဘူးလို့ ထင်တယ်

အချစ်က ရာခိုင်နှုန်းနဲ့ ပြောလို့ မရဘူး။ ရာခိုင်နှုန်းနဲ့ ပြောရင် မတရားဘူးလို့ နန်းသူဇာထင်ပါတယ်။ အ
ချစ်နဲ့ လက်ထပ်ခြင်းက အချိုးကျ လားဆိုတာကတော့ မိန်းကလေးဆိုလည်းသူ့ရဲ့ခံစားချက် ဆုံးဖြတ်ချက်
အပေါ်မှာပဲမူတည် ပါတယ်။ အချစ် မပါဘဲနဲ့ အိမ်ထောင်ရေးက မြဲချင်မှ မြဲမှာပါ။ အိမ်ထောင် တစ်ခုမှာ
အချစ် ကအရေးပါပါတယ်။

အိမ်ထောင်ပြုခါနီး စဉ်းစားကြပါ

အိမ်ထောင် တစ်ခုမှာ အချစ် အပြင် အခြားလိုအပ်တာက သစ္စာ တရားပါ။ မိန်းမဆိုလည်း မိန်းမကျင့်
ဝတ်နဲ့ အညီ နေထိုင်ဖို့လိုပါတယ်။ လင်နဲ့မယားမှ လျှာနဲ့သွားမဟုတ်ပါ ဘူး။ သူငယ်ချင်းအချင်းချင်း
လည်း လျှာနဲ့သွားလိုပါပဲ။ အချင်းချင်းရန် ဖြစ်ပြီးလည်း ပြန်ချစ်သွားတာပါပဲ။ နန်းသူဇာအတွက် အိမ်
ထောင်ပြုဖို့ က ဝေးပါသေးတယ်။

အိမ်ထောင်ပြုခါနီး စဉ်းစာကြပါ.....။

By 8 Days

အမျိုး သမီး မောင်းနှင် လာသော ကား အမြန် လမ်းတွင် တိမ်းမှောက်......................









ရန်ကုန်-မန္တလေး အမြန်လမ်း မပေါ်တွင် အမျိုးသမီး တစ်ဦး မောင်းနှင်လာသော ကားမှာ အရှိန် မထိန်း
နိုင်ဘဲ တိမ်းမှောက်ခဲ့၍ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီး တစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကား
သည် မိုင်တိုင် အမှတ် ၁၀ ကြား အရောက်တွင် လမ်းကွေ့ကြော အားကွေ့စဉ် ယာဉ်အရှိန်မ ထိန်းနိုင်ဘဲ
လမ်းလယ်ကျွန်းတွင် ကာရံ ထားသော တန်းများကို တိုက်မိခဲ့သည်။

ထို့နောက် လမ်းလယ်ကျွန်းရှိအုတ်ကန်ကို ၀င်တိုက်မိပြီး ယာဉ်ရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှင့် အသက်
၁၃ နှစ်အရွယ် ကလေးတို့မှာ နှာခေါင်း၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။

““ကားပေါ်မှာတော့ သူရယ်ကလေးနှစ်ယောက်ပဲပါတယ်။ အမြန်လမ်းမှာ ယာဉ်မှောက်တာအမျိုးသားတွေ
ပဲများတယ်။ အမျိုးသမီးမောင်းလို့ ယာဉ်တိမ်းမှောက်တာသိပ်မရှိဘူး”” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရ
ရှိသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းကြေသွားခဲ့ပြီး ကိုယ်ထည်များတွင်လည်းပွန်းပဲ့သွားခဲ့ရာ
ငွေကျပ်တန်ဖိုးသိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ၎င်းအား အမှတ် (၃)အမြန်လမ်းမရဲစခန်း မှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day Daily

video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့Videoder (One Click Video Downloader) v4.1.1 apk for Android




video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့
Videoder(One Click Video Downloader)update လေးတွေ့ လို့ တင်ပေးလိုက်
ပါတယ်။ဒီကောင်လေးက TubeMate နဲ့ တူတယ်။video quality ရောရွေးပီးဒေါင်းလို့ 
ရတယ်။မိမိစိတ်ကြိုက် video ပေါ် ကလစ်တစ်ချက် နှိပ်တာနဲ့ ဒေါင်းရုံပဲ။
တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပဲ။စတိုင်ကလည်း ရိုးရိုးလေးရယ်။မျက်စိနောက် သက်သာတယ်။သုံးချင်ရင်တော့အောက်ကလိပ်စာမှာယူလိုက်ပါ။အဆင်ပြေပါစေ။http://www.amyokaungtarr.com/2013/12/videoder-one-click-video-downloader.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FFwmdR+%28%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%29

Download
=================