This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 30, 2014

MPTအား2500 ပေးသွင်းရုံဖြင့် တစ်မိနစ် 25 ဖြင့် Friends and Family Service ခေါ်နေကျ ဖုန်းနံပါတ် သုံးကဒ်သာ.....


10580193_351506894999010_5596626011574155962_n
ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331 သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။
(က) ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏ မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။ နမူနာ ( ADD 095888999 )  
(ခ) ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25 kyats/min until 2014-8-31"  
(ဂ) အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add only 3 friends, for more info please call 1876"  
 (ဃ) စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။  
(င) စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင် MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY 094111222 094777888)  
(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"  
သတိပြုရန် အချက်များ ============= 
(၁) ၀န်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို ၀န်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။  
(၂) လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ ၀န်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။  
(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။  
(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။ 
(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။  
(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

♪ မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ ♫...........


10483168_349961211820245_8831800196369528366_n
ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။

ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျ သင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။

အော်ရီဒူးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှသာ ဆင်းမ်ကတ်များရောင်းချရန် ကိုယ်စားလှယ်များကို ပြောကြားထား ခဲ့သော်လည်း နာမည်ရရှိရန်အတွက် အရောင်းဆိုင်များ ကြိုတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ညနေပိုင်း၌ အော်ရီဒူး၏ငွေအဆင့်အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည် ဟုလည်း မန္တလေးမြို့၌ သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်များသည် မိနစ် ၉၀၀ ကို အခမဲ့ပြော ဆိုနိုင်မည်ဖြစ်ပြီး အင်တာနက်အနေဖြင့်လည်း တစ်ရက်လျှင် 20M အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိ အချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ၀ယ်ယူရန် အတွက် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ကြောင်းသိရသည်။

Tuesday, July 29, 2014

ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူ များအကြား ရောဂါကူးစက်မှု များလာ ..................


Monday, June 30, 2014

Health Updates Journal No. 123

အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက် မိမိတို့ လိင်ဆက်ဆံဖက်ကို ဖုန်း application များမှတစ်ဆင့် ရှာဖွေသူများသည် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ သိရသည်။
အင်တာနက် အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း application များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြ သည်။ ၎င်းင်းတို့အထဲတွင် လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN) application များလည်း ထွက် ပေါ် လာလျက်ရှိသည်။ Grindr ၊ Scruff ၊ Recon အစရှိသည့် GSN application များကို အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်း ချင်းတွေ့ဆုံနိုင်ရန် အများ ဆုံးအသုံး ပြုကြသည်။

၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သော အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်း အချက်အလက်များကို အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။ (၃၄) ရာခိုင်နှုန်း မှာ လူချင်းတွေ့ဆုံ၍ အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့် နည်းနှင့် အင်တာ နက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆) ရာခိုင်နှုန်းမှာ ဖုန်း application များအသုံးပြု ၍ ဆက်သွယ်ကြသည်။

၎င်းတို့အနက် ဖုန်း application များ အသုံးပြုဆက်သွယ်သူများသည် အခြားသူများထက် ဂနိုရောဂါ ကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်းပိုမိုများပြားပြီး chlamydia ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း ပိုမိုများပြား သည်ကို တွေ့ရသည်။ ဖုန်း application များသည် အထူးသဖြင့် အသက်(၄၀) အောက် အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား ပိုမိုရေပန်းစားသည်ကိုတွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ ပိုမိုအသုံးပြုကြသည်။

ဖုန်း application များသည် အခြားနည်းလမ်းများထက် အသုံးပြုရ ပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application သုံးသည့် အမျိုးသားများအကြား တွေ့ဆုံမှုအကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင် ရန် အခွင့်အလမ်းပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။

ဇော်ကို
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Friday, July 25, 2014

အရောင်းကိုယ်စားလှယ်များ စမ်းသပ်သုံးနိုင်ရန် အူရီးဒူးက ဆင်းမ်ကတ်များ ချထားပေးပြီ...............

မောင်မန်း

ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံအခြေစိုက် အူးရီးဒူးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ် ရောင်းချပေးမည့် ကိုယ်စားလှယ်များ စမ်းသပ် အသုံးပြုနိုင်ရန် ဆင်းမ်ကတ်များနှင့်ဟန်းဆက်များကို စတင် ချထားပေးလိုက်သည်ဟု ရရှိခဲ့သည့် ကိုယ်စားလှယ် အချို့က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၂ ရက်က ဟန်းဆက်နှင့် ဆင်းမ်ကတ်များ ချထားပေးရာတွင် အူးရီးဒူးနှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ်စား လှယ်ဆိုင်များကို ချထားပေးခြင်းဖြစ်သည်ဟု အူးရီးဒူး နှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ်စားလှယ်ဆိုင် QPS မိုဘိုင်း၏ ဆော့ဖ်ဝဲလ်ပညာရှင် ကိုမျိုးမင်းဟန်က မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကိုမျိုးမင်းဟန်က “အူရီးဒူးက ဆင်းမ်ကတ်နဲ့ ဟန်းဆက်ပေးလိုက်တယ်။ အစမ်းသုံးနိုင်အောင် ပေးတာပါ။ အူးရီးဒူးနဲ့ ချိတ်ဆက်ထားတဲ့ ပါတနာဆိုင်တွေကို ပေးတာပါ” ဟုဆိုသည်။

၎င်းကဆက်လက်ပြီး “ အူးရီးဒူးဖုန်းအချင်းချင်း နဲ့ ပြင်ပ ဖုန်းတွေကို စမ်းသပ်ခေါ်ယူလို့ရပါပြီ” ဟုဆိုသည်။

အူရီးဒူး ဖုန်းဆင်းမ်ကတ်များကို အသုံးပြုနိုင်ရန်အတွက် Activate ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။ အစမ်းအသုံးပြုရန် ချထားပေးသည့် အူးရီးဒူးဖုန်းများသည် ဝ၉၉၇ နှင့်စသည့် ဆင်းမ်ကတ်များ ဖြစ်ပြီး ဂဏန်း ၁ဝ လုံးပါဝင်သည်ဟု ကိုမျိုးမင်းဟန်က ဆိုသည်။

သင့်လက်ထဲက ဖုန်းကို ခဏတာချပြီး သင့်မိတ်ဆွေ ရဲ့ မျက်နှာနဲ့ မျက်နှာခြင်းဆိုင်ကာ စကားပြောကြည့်လိုက်ပါ..........


IT Device တွေ လျှော့သုံးကြည့် ခဲ့ရင်

Thursday, July 24, 2014
HAN (TechRangoon)
ကျနော်တို့ ဖြတ်သန်း ခဲ့တဲ့ ဘဝကို တ ချက် လောက် နောက်ပြန် ရစ်ပြီး ပြန်တွေး ကြည့် ကြ ရအောင်။ နောက် ဆိုလို့ မွေးခါစ၊ လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကို ဆိုလိုတာ မဟုတ်ပါဘူး။ ၁၀နှစ် ဒါမှမဟုတ် ၈ နှစ်လောက်ပဲ ဖြစ်ဖြစ် နောက်ပြန် ဆုတ်ပြီး ကျနော်တို့ရဲ့ ငယ်ဘဝ၊ ဆယ်ကျော် သက် ဘဝတွေကို ဒီဆောင်းပါး ဖတ်ရင်း တွေးကြည့် ရအောင်ဗျာ။

ကျနော်က ၂၀ ကျော် လူငယ် တယောက် ဆိုတော့ ကျနော့် အတွက်တော့ လွန်ခဲ့တဲ့ ၁၀နှစ် လောက်က ဆိုရင် မူလတန်း၊ အလယ်တန်း ကျောင်းသား ဘဝ အရွယ်ပေါ့ဗျာ။ သေချာတယ်။ အဲ့ဒီအချိန်တုန်းက iPad တွေမရှိဘူး၊ Mobile Phone တွေမရှိဘူး။ အင်တာနက်တွေ မရောက်လာသေးဘူး။ Walkman Player တောင် ကျနော်တို့လို နယ်ဘက်မှာ မရှိသေးဘူး။ ပြောရရင် အိုင်တီပစ္စည်းတွေက ကျနော်တို့ဘဝထဲကို မဝင်လာသေးဘူး။ အလွန်းဆုံးမှ ကျောင်းက ပိတ်စဖြူနဲ့ အမြဲဖုံးအုပ်ထားတဲ့ တိတ်ဆိတ်တဲ့ Computer Lab Room ထဲက Apple နဲ့ IBM ကွန်ပျူတာတွေလောက်ပဲ ရှိပါမယ်။ အဲ့တာတောင် ကျောင်းသားတိုင်း ကိုင်တွယ်ခွင့်၊ ထိခွင့် မြင်ခွင့်တောင် ရှိခဲ့ကြတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အကျွမ်းဝင်သရောရှိတာဆိုလို့ အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ အိမ်က ၁ဝ ပေ၊ ၂ပေ တရုတ်၊ ထိုင်း ဂြိုဟ်တုစလောင်းနဲ့ CRT TV တွေ၊ VCD စက်နဲ့ ကျောင်းပြန်ချိန်ဆို အမြဲရောက်တဲ့ လမ်းထိပ်က ကိုသားကြီးရဲ့ P1 ဂိမ်းဆိုင်လောက်ပဲ ရှိမယ်ထင်ပါတယ်။

အိုင်တီပစ္စည်းတွေမရှိတဲ့ ကျနော်တို့ရဲ့ အရင်က ဘဝဖြတ်သန်းမှုပုံစံမျိုးက ဘယ်လိုလဲ။ ဘယ်လိုပုံစံဖြစ် မလဲ။ တွေးကြည့်ရင်ကျနော်တို့ဟာ လူလူချင်း ဆက်သွယ်ရတဲ့ တကယ့် ပေါင်းကူး ဆက်ဆံရေးဘဝကို ကျနော်တို့ ဖြတ်သန်းခဲ့ကြရတယ်။

အဲ့ဒီတုန်းက Ironman မရှိဘူး။ Captain America မရှိဘူး။ ဒါပေမယ့် ဒီနေ့ကံမကောင်းတဲ့ မြိုင်ရာဇာ တွတ်ပီရှိခဲ့တယ်။ စိန်မျောက်မျောက်၊ ဘိုဘို၊ ဂျောက်ဂျက်တို့လို ကျနော်တို့ စွဲမြဲနှစ်ခြိုက်တဲ့ မြန်မာ့ကာတွန်း ဇာတ်ကောင်တွေရှိခဲ့တယ်။

အဲ့ဒီတုန်းက စာဖတ်တဲ့ Kindle Reader တွေမရှိဘူး။ အဖေဝယ်တဲ့ သတင်းစာစောင်နဲ့ ကျောင်းစာကြည့် တိုက်တော့ ရှိခဲ့တယ်။

အဲ့ဒီတုန်းက iPod နဲ့ Walkman Player တွေမရှိခဲ့ဘူး။ ဒါပေမယ့် ကျောင်းဂီတချိန်မှာ ဂီတအကြောင်း သင်ပေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ ဆရာမတွေ ရှိခဲ့တယ်။

အဲ့ဒီတုန်းက မိုဘိုင်းဖုန်းတွေ မတွင်ကျယ်သေးဘူး။ (ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာတော့ အားလုံး သိမှာပါ) ရပ်ဝေးရပ်နီး ဆွေမျိုးနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ နီပြာရောင်စပ် စာအိတ်လေးတွေနဲ့ ဆက်သွယ်ခဲ့ကြတယ်။ (တချိန်တုန်းက Light အင်္ဂလိပ်မဂ္ဂဇင်းမှာ Pen Friend ကဏ္ဏလေးကို လွမ်းမိရဲ့ ဗျာ… )

ဒါပေမယ့် ဆယ်စုနှစ်တစ်ခုတောင် မပြည့်သေးတဲ့ကာလအတောအတွင်းမှာပဲ အိုင်တီပစ္စည်းဟာ ကျနော် တို့ လူမှုဘဝထဲကို တွင်တွင်ကျယ်ကျယ် ဝင်ရောက်လာခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာ အရင်သစ် ဖို့ထက် ကိုယ့်ဖုန်းကိုဖွင့်ပြီး facebook မျက်နှာစာကိုပဲ အရင်ကြည့်မိလာကြတယ်။ လက်ဖက်ရည်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ ဘီယာဆိုင်မှာ၊ ကျောင်းကန်တင်းမှာ၊ ရုံးနားချိန်မှာ ကျနော်တို့ဟာ တယောက်နဲ့ တယောက် စကားတွေ တီတီတွတ်တွတ် ပြောနေဖို့ထက် မျက်နှာချင်းဆိုင်ထိုင်ပြီး မှန်မျက်နှာပြင်တခုကို အပြိုင်ပွတ်နေကြတယ်။ ကျောင်းစာကြည့်တိုက်ထဲ အဲကွန်းအောက်မှာ စာအုပ်တအုပ်ဖတ်နေဖို့ထက် Bruno Mars ရဲ့ သီချင်းတပုဒ်ကို head-set နဲ့ပဲ နားထောင်နေမိကြတယ်။

ဒါပေမယ့် ဒါတွေက ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ ကျနော်တို့ရဲ့ လူနေမှုဘဝတွေပါ။ ပုံမှန် ပါပဲ။ ဒါပေမယ့် အဲ့ဒီထဲကမှ အများက မူမမှန်ဘူးလို့ ထင်ရတဲ့ အချက်တွေကို ကျနော့်ဘေးပတ်ဝန်းကျင်က လူတချို့ကို တီးခေါက်မေးကြည့်မိပါတယ်။ ဒါနဲ့ပဲ အောက်က အချက်တွေထွက်လာတယ်။ တချက်လောက် ကြည့်ရအောင်ဗျာ…

(၁) သင့် iPad ဟာ သင့်အတွက် ကင်မရာတလုံး မဟုတ်ပါ

iPad ဟာ tablet ဈေးကွက်ထဲမှာ ထိပ်ဆုံးကရှိနေပါတယ်။ တကယ်လည်း အသုံးဝင်တယ်။ ကောင်းမွန် တဲ့ app တွေရှိတယ်။ ဒါပေမယ့် ရှိုးပွဲတွေမှာ၊ ရှောပင်းစင်တာတွေမှာ၊ လူများတဲ့နေရာတွေမှာ iPad ဟာ သင့်အတွက် ဓါတ်ပုံရိုက်ဖို့နဲ့ ဗီဒီယိုရိုက်ဖို့အတွက် သင့်တော်တဲ့ ကင်မရာတလုံးမဟုတ်ဘူးဆိုတာကိုတော့ သတိပေးပါရစေ။

ကင်မရာ ရိုက်ဖို့အတွက် iPad မှာ camera ထည့်ထားပေးတာပေါ့ဆိုပြီး ကျနော့်ကို စောဒက တက်ကောင်း တက်ကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အိပ်ယာပေါ်မှာ၊ ကိုယ့်အိမ်က အိမ်သာထဲမှာ selfie ပုံတွေရိုက်တာကိုတော့ ကျနော်တို့အမြင်မှာ ဘာမှထွေထွေထူးထူးမဖြစ်သလို စောဒကတက်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ရှိုးပွဲတွေလို လူများတဲ့နေရာတွေမှာ ၁၀လက်မအရွယ် သင့် iPad နဲ့ ဓါတ်ပုံရိုက် နေခြင်းက နောက်ကကြည့်သူတွေရဲ့ မြင်ကွင်းကို ကွယ်နေသလိုဖြစ်တာကိုတော့ သင်သတိပြုရ ပါလိမ့် ယ်။ ရှိုးပွဲကိုလာရောက်ရတဲ့အကြောင်းရင်းက ဂီတကို ခံစားဖို့လား၊ ဓါတ်ပုံ ဗီဒီယိုရိုက်ဖို့လား။ ကျနော် တော့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဗီဒီယိုလိုချင်ရင်တော့ အိမ်ကနေ MRTV4 နဲ့ Skynet လိုချယ်နယ်က လွှင့်တာကိုမှ ထိုင်ရိုက်နေတာ၊ ကူးနေတာကမှ ခင်ဗျားရိုက်တာထက် ပိုကောင်းပါလိမ့်မယ်။

အဲ့တာကြောင့် လူများတဲ့ ရှိုးပွဲတွေမှာ ခင်ဗျားရဲ့ iPad နဲ့ tablet တွေကို အိတ်ထဲထည့်ထားပြီး ဂီတရဲ့ သင်္ကေတ၊ ဂီတရဲ့ နိုးကြွားမှုတွေကို လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။ ပိုတန်ဖိုးရှိပါလိမ့်မယ်။

(၂) သင့်ရဲ့ စမတ်ဖုန်းမှာပါတဲ့ speaker ဟာ လူကြားထဲမှာ ဖွင့်ဖို့မဟုတ်

လူတောထဲမှာ၊ စားသောက်ဆိုင်နဲ့ လေဆိပ်တွေထဲမှာ.. အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ လူတွေက ခင်ဗျားရဲ့ဖုန်းရဲ့ စပီကာက အသံဘယ်လောက်ကျယ်ပါတယ်ဆိုတာကို သိလိုခြင်းမရှိကြပါဘူး။ ဥပမာ စပီကာဖွင့်ပြီး ဖုန်းပြောတာမျိုးက ဆိုးရွားလှပါတယ်။ နောက်ပြီး ဘတ်စ်ကားပေါ်မှာ၊ coffee shop တွေမှာ ခင်ဗျားရဲ့ ဖုန်း speaker ဖွင့်ပြီး သီချင်းနားထောင်တာ၊ video ကြည့်တာကလည်း ကျန်သူတွေ အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲ့တာကြောင့် ဖုန်းစပီကာပိတ်ပြီး ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှု ရသကို ခံစားကြည့်ပါ။

(၃) ကားမောင်းနေစဉ် hands-free အသုံးပြုပြီး ဖုန်းပြောပါ

အမေရိကန်လို နိုင်ငံမျိုးနဲ့ ဥရောပနိုင်ငံတွေ တော်တော်များများမှာ ကားမောင်နေစဉ်အတွင်း hands-free နဲ့ပဲ ဖုန်းပြောဖို့ ကန့်သတ်ထားပါတယ်။ အကယ်၍ ဒီနိုင်ငံမှာတော့ hands-free မသုံးခဲ့ရင်လည်း ပြဿနာေ တာ့မရှိပါဘူး။ အရေးလည်း မယူပါဘူး။ သို့ပေမဲ့ ခင်ဗျားက ကားထဲမှာ လိုက်ပါစီးနေတဲ့သူဖြစ်နေရင်တော့ တမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီလို hands-free အသုံးပြုတာပဲဖြစ်ဖြစ်၊ ကားမောင်းနေတဲ့အတောအတွင်း ဖုန်းမပြောတာပဲဖြစ်ဖြစ် ပြုလုပ်လိုက်တာက ခင်ဗျားကားအက်ဆီးဒင့်ဖြစ်နိုင်တဲ့ အခြေအနေကနေတော့ အတော်အတန်ကို ကင်းဝေးပါလိမ့်မယ်။ ဒါတော့ သင့်သဘောပါ။ သင့်ရဲ့ လုံခြုံရေးအတွက် သင်ပဲ ဂရုစိုက် ရမှာပါ။

(၄) အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ပါ

အကယ်၍ စမတ်ဖုန်းတွေရဲ့ screen ပေါ်မှာ ကျနော်လမ်းလျှောက်နေတုန်း ကျနော့်ရဲ့ရှေ့မှာ ဘာတွေ ရှိလဲဆိုတာကို ဖော်ပြပေးနိုင်တဲ့ special feature camera ပါခဲ့ရင်ဆိုပြီး အဲ့ဒီဖုန်းဟာ ကမ္ဘာ့အကောင်း ဆုံး ဖုန်းတလုံးဖြစ်လိမ့်မယ်ဆိုပြီး ကျနော်နောက်ပြောင်ပြီး စိတ်ကူးယဉ်တာမျိုး ရှိခဲ့ပါတယ်။

ကျနော်တို့ဟာ အပြင်ထွက်လမ်းလျှောက်နေရင်းလဲ ဖုန်း screen တပွတ်ပွတ်နဲ့ လမ်းလျှောက်နေပြီး ကျနော်တို့ရှေ့မှာ၊ ကျနော်တို့ဘေးမှာဘာတွေ ဖြစ်ပျက်နေ၊ ဘာတွေ ရှိနေလဲဆိုတာကို သတိမထားမိ တော့ ကြပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာလည်း လမ်းလျှောက်ရင်း ဖုန်း screen ပဲ ကြည့်နေလို့ ယာဉ် တိုက်မှုဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ပါဘူး။

ဒီလိုပြောလို့လည်း ကျနော်လည်း လမ်းလျှောက်နေတုန်း ဖုန်းသုံးနေတာမျိုးကို ရပ်ချင်မှ ရပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်ဘေးပတ်ဝန်းကျင်နဲ့ ကျနော့်ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကိုတော့ ကျနော်ပို ဂရုစိုက်ဖို့ အာရုံတစ်ခုရှိလာမှာတော့ သေချာပါတယ်။

(၅) sound effect တွေကို ပိတ်ထားပါ

လူတောထဲမှာ၊ လူကြားထဲမှာ ဘတ်စ်ကားပေါ်မှာ ခင်ဗျားဖုန်းထဲ message ဝင်နေတဲ့အသံ၊ အထူးသဖြင့် viber message ဝင်နေတဲ့အသံက သင့်အတွက် သာယာနာပြောဖွယ်အသံဖြစ်ကောင်းဖြစ်လိမ့်ပေမယ့် သင့်ဘေးမှာ၊ သင့်နောက်မှာ ထိုင်နေတဲ့သူအတွက်တော့ တ တင်တင် မြည်နေတဲ့ အသံက နားငြီးလှပါ တယ်။

နောက်ပြီး ခင်ဗျားက phone screen ကို ကြည့်ပြီး သုံးနေတာမို့ silent mode လုပ်ပြီးသုံးနေတာက ခင်ဗျားအဝင် message တွေကိုမသိတော့မှာလည်း မဟုတ်ပါဘူး။

(၆) So social you're anti-social

သင်ဟာ သင့်ရဲ့ အမြဲတမ်းအလုပ်များနေတဲ့ဖုန်းကိုကိုင်ပြီး statusတွေ၊ ဓါတ်ပုံတွေကို facebook မှာရှိတဲ့ သင့်သူငယ်ချင်းတွေကို မျှဝေကောင်း မျှဝေနေပေမယ့် အပြင်မှာသင့်မိသားစုတွေနဲ့ သင့်သူငယ်ချင်းနဲ့ သင် စကားစမြည်ပြောချင်မှ ပြောပါလိမ့်မယ်။

တခါတလေ Social Media တွေဟာ ကျနော်တို့ရဲ့ 2nd Life လို့ခေါ်ရမယ့် အွန်လိုင်းပေါ်က ဘဝမှာ မိတ်ဆွေတွေနဲ့ အဆက်မပြတ် ဆက်သွယ်နိုင်တဲ့ ကိရိယာတစ်ခုဖြစ်လာပေမယ့် အပြင်မှာတော့ ကျနော် တို့ဟာ မိတ်ဆွေတွေနဲ့ စကားပြောတာ၊ အပြင်ထွက်လည်တာတွေ တဖြည်းဖြည်း နည်းလာသလို ခံစားရတယ်။

ဒါကြောင့် မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ တွေ့တဲ့အခါ သင့်လက်ထဲက ဖုန်းကို ခဏတာချပြီး သင့်မိတ်ဆွေ ရဲ့ မျက်နှာနဲ့ မျက်နှာခြင်းဆိုင်ကာ စကားပြောကြည့်လိုက်ပါ။ စကားပြောတာ ပိုထိရောက်သလို၊ ပိုနွေးထွေးတဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။
ref;TechSpace Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ် ......................

Thursday, July 24, 2014
အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ
အမိန့်ထုတ် ထားကြောင်း ကုလသမဂ္ဂ ပြောကြား ပါတယ်။

ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြ ပါတယ်။


BBC (မြန်မာပိုင်း)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

'စလစ်ဈေးကအခုလက်ရှိမှာငွေကျပ်သိန်း ၇ဝ လောက်အထိ ကျသွားတဲ့ အတွက်ကြောင့် စလစ်ကားတွေ ဈေးကျသွားတာဖြစ်ပါတယ်' ..........

24 July 2014 19:20(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

လက်ရှိမြို့တွင်း ကားဈေးကွက်ရှိ ကားအရောင်း အဝယ် အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန် မော် တော် ကားရောင်း ဝယ်ရေး အသင်း၏ အလုပ်အမှု ဆောင်(စာရင်းစစ်) ဦးအေးကျော်အား တွေ့ဆုံ မေးမြန်း ခဲ့သည်။
===================================================
မင်းလွင်သစ်
===================================================

လက်ရှိကားဈေးကွက် အခြေအနေကိုသုံးသပ်ပေးပါ။
=====================================
ကားဈေးကွက်အခြေအနေက တော့ပွင့်လင်းမြင်သာစွာနိုင်ငံတော် ကချမှတ်ပေးထားတဲ့ အစီအစဉ် အရတော့ ကားတင်သွင်းနေကြပါ ပြီ။ ဒါကြောင့်ကားဝယ်ရောင်းတွေ အနေနဲ့ကတော့ လူတိုင်းကား တင် သွင်းနေကြပြီဖြစ်တဲ့အတွက် အမြင့် ကားနဲ့အနိမ့်ကားနှစ်မျိုးစလုံး ထိုက် သင့်တဲ့အမြတ်ထက်တော့ ပိုမရ တော့ပါဘူး။ နောက်ပြီး အင်တာ နက်မှာလဲ ကားအရောင်းအဝယ် လုပ်ဖို့ ကြည့်ရှုခွင့်ရနေပြီဖြစ်တဲ့ အတွက် ဝက်ဘ်ဆိုက်ဝင်လိုက် တာနဲ့ ကားဈေးတွေကိုသိခွင့်ရနေ ပါပြီ။ ကားဈေးအတက်အကျလဲ နိုင်ငံတော်ကတာဝန်ရှိတဲ့ဝန်ကြီးဌာန နဲ့ ကညနကနေ ဖြေလျှော့ပေးလိုက် တာနဲ့ပဲ သက်ဆိုင်ပါတယ်။ အခု ဇူလိုင် ၁၄ ရက်လောက်ကနေ ယာဉ်အိုယာဉ်ဟောင်း အဖြစ်စက် မှုဇုန်ထုတ်ဂျစ်ကားတွေကို အပ်နှံ ခွင့်ပြုလိုက်တာကြောင့် စလစ်နဲ့ ပတ်သက်တဲ့ကားတွေဈေးကျသွား ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျစ်ကားတွေကိုတကယ်တမ်းအပ် ဖို့လက်ခံမယ့်အချိန်မှာ ကားဈေးက ပြန်ကျသွားတဲ့အတွက် အခုလက်ရှိ အချိန်မှာဂျစ်ကားဈေးနှုန်းက၄၈သိန်း ဝန်းကျင်လောက်ပဲရှိပါတော့တယ်။ အဲဒီအတွက် နယ်ပေါင်းစုံက ကား ဝယ်လာတဲ့သူတွေအတွက် ကား အသေးတွေကို လာဝယ်တဲ့အခါ မှာ ကျပ်ငွေသိန်း ၄ဝ လောက် သက်သာသလိုနောက်တစ်ချက်က စလစ်ဈေးက အခုလက်ရှိမှာ ငွေ ကျပ်သိန်း ၇ဝ လောက်အထိကျ သွားတဲ့အတွက်ကြောင့် စလစ် ကားတွေဈေးကျသွားတာဖြစ်ပါ တယ်။

ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့မှုအခြေအနေကို ပြော ပြပေးပါ။
==================================================
ယာဉ်ရောင်းဝယ်ရေးစခန်းတွေ က တစ်နေရာနဲ့တစ်နေရာ ပြောင်း ရွှေ့ရတဲ့အချိန်မှာ ကားအရောင်း အဝယ်တွေအတွက် အခက်အခဲရှိ လာပါတယ်။ နိုင်ငံတော်ကလဲ စီမံကိန်းတွေရှိတဲ့အတွက်ကြောင့် ပြောင်းခိုင်းတာဖြစ်ပါတယ်။ အခု ဆိုရင် ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရတာလေးငါးနေရာလောက် တော့ရှိပါပြီ။ အခုနောက်ဆုံးတော့ လှိုင်မြို့နယ်မှာ နေရာသစ်အဖြစ်နဲ့ မင်းရဲကျော်စွာ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းကို ပြောင်း ရွှေ့ပြီးကားရောင်းဝယ်ရေးအတွက် လုပ်ကိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ် ဖြစ် နိုင်ငံတော်က ကျွန်တော်တို့ ဆီမှာ ယာဉ်ရောင်းဝယ်ရေးဇုန် တစ်ခုလောက်တစ်သမတ်တည်း ရှိဖို့လိုပါတယ်။

ဂျပန်ကတင်သွင်းတဲ့ ကား ဈေးကွက်အခြေအနေကို ရှင်းပြ ပေးပါ။
=============================================
ဂျပန်ကနေ တင်သွင်းတဲ့ကား ဈေးကတော့ ဈေးကျဖို့ပဲရှိပါတော့ တယ်။ ဈေးတက်ဖို့တော့မရှိသေး ပါဘူး။ ၂ဝ၁၅ ခုနှစ်အာဆီယံနိုင်ငံ တွေရဲ့စံချိန်စံညွှန်းနဲ့အညီအကောက် ခွန်နှုန်းကို ကောက်မယ်ဆိုရင် ကညန အခွန်ရှိဖို့မလိုတော့ပါဘူး။ တကယ်တမ်းက အာဆီယံနိုင်ငံ တွေမှာဆိုရင် ဃကျအသီာကအပ လောက်ပဲရှိတာပါ။ ဒါကြောင့် ကညနအခွန်ကိုလျှော့ချလိုက်မယ် ဆိုရင်တော့ကားဈေးတော်တော့်ကို ကျသွားနိုင်ပါတယ်။

အနိမ့်ကားတွေရဲ့အရောင်း အဝယ်မြင့်တက်မှုအပေါ် ဘာများ သုံးသပ်ချင်လဲ။
====================================================
ကျွန်တော်တို့နိုင်ငံရဲ့ အနေ အထားအရ ၁.၃ အနိမ့်ကားတွေက တော့အရောင်းအဝယ်လုပ်ဖို့အသင့် တော်ဆုံးဖြစ်ပါတယ်။ အရောင်း အဝယ်အနေအထားအရလဲ လာ ဝယ်တဲ့သူတွေ အယောက် ၁ဝဝ လောက်မှာ ၁.၃ ကားတွေကိုဝယ် တဲ့သူက ၈ဝလောက်ရှိတဲ့အတွက် ၁.၃ အနိမ့်ကားဟာ ကားအရောင်း အဝယ်ဈေးကွက်ရဲ့ ၈ဝ ရာခိုင်နှုန်း လောက် အရောင်းအဝယ်ဖြစ်ထွန်း နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁.၃ တွေကိုမှတ်ပုံတင်၊ သန်းခေါင် စာရင်းရှိတဲ့မည်သူမဆို ဝယ်စီးနိုင် တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စလစ်ဈေး ကျလာတဲ့အတွက်ကြောင့်အရောင်း အဝယ်ကျသွားတာတွေတော့ ရှိပါ တယ်။

မြို့တွင်းကားဈေးကွက်မှာ နယ်တွေက လာရောက်ဝယ်ယူမှု အနေအထားဘယ်လိုရှိလဲ။
===========================================
ကျွန်တော်တို့ကားအရောင်း အဝယ် လုပ်တဲ့သူတွေအနေနဲ့က တော့နယ်တွေကလာဝယ်တဲ့သူတွေ ကို အဓိကထားပြီးရောင်းချနေရ တာဖြစ်ပါတယ်။ ကားဈေးကွက် မှာအထက်မြန်မာပြည်က လာဝယ် ကြတာများပါတယ်။ ဒေသတွေ အနေနဲ့တော့ မန္တလေး၊ တောင်ကြီး၊ မူဆယ်၊ လားရှိုး၊ သီပေါ၊ ဖားကန့်၊ မော်လမြိုင်၊ ကျိုင်းတုံ၊တာချီလိတ် ဘက်က လာဝယ်ကြတာဖြစ်ပါ တယ်။

ဘာများဖြည့်စွက်ပြော ချင်ပါသလဲ။
========================
နေရာကျယ်ကျယ်ဝန်းဝန်း ရှိ ပြီး တစ်သမတ်တည်းဖြစ်မယ့်ကား ရောင်းဝယ်ရေးစခန်း၊ ကားရောင်း ဝယ်ရေးဇုန်တစ်ခုတော့ ရှိသင့်ပါ တယ်။ အဓိကကတော့အားလုံး ကားဝယ်တဲ့သူတွေအတွက်ပါအဆင် ပြေဖို့၊ မြို့ရဲ့အပြင်ဘက်လောက် မှာ မြေနေရာကောင်းတစ်နေရာ လောက်ကိုတော့စီစဉ်ပေးသင့်ပါ တယ်။ ကားရောင်းဝယ်ရေးစခန်း ဆိုတာ ကားအစီးရေအများကြီး နဲ့အရောင်းအဝယ်လုပ်ရတဲ့အတွက် အဝင်အထွက် ကားထားတဲ့နေရာ တွေ၊ သွားဖို့လာဖို့အဆင်ပြေစေဖို့ ရယ်၊ နယ်တွေကလာဝယ်တဲ့သူ တွေအတွက်လဲ လမ်းပန်းဆက် သွယ်ရေးကောင်းဖို့လိုအပ်ပါတယ်။

မင်းလွင်သစ်
The Union Daily

https://www.facebook.com/pages/The-Union-Daily/139677556201764

Ooredoo မြန်မာရဲ့ စမ်းသပ်ချက် ...................

Thursday, July 24, 2014
  ~


 .
  အော်ရီဒူးက စမ်းသပ်မှုတခုလုပ်တယ် ဆိုတဲ့ အကြောင်း ထုတ်ပြန်ကြေညာရာမှာ ကြည်လင် ပြတ်သားတဲ့ အသံ၊ အဆင့်မြင့် ကောင်းမွန်တဲ့ အသံ အရည်အသွေး အင်တာနက်ပေါ်က အချက်အလက်တွေ အမြန်အရယူနိုင်တဲ့ လှိုင်းအား
စတာတွေကို  သင့်တင့်ချိုသာတဲ့ ဈေးနှုန်း နဲ့ သုံးစွဲသူ မိဘပြည်သူတွေ ကိုယ်တွေ့ အကျိုးခံစား ရတော့မယ် ဆိုတာ ယုံကြည်ပါတယ် ဆိုပြီး အော်ရီဒူးတာဝန်ရှိသူတယောက်က ပြောထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။
အပေါ်ပုံကိုတော့ အော်ရီဒူးအွန်လိုင်းကနေ ကူးယူပါတယ်။


ယနေ့သတင်းထုတ်ပြန်ချက်
ဇူလိုင်လ ၂၄ ရက် ၂၀၁၄



Ooredoo မြန်မာ က မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် အသစ် ကို လက်လီအရောင်း ကိုယ်စားလှယ်တော်များ နှင့် စမ်းသပ်မှုများ ပြုလုပ်


ယခုကဲ့သို့ စမ်းသပ်ခေါ်ဆိုခြင်း သမိုင်းမှတ်တိုင် သည် အလွယ်တကူ ရရှိနိုင်ပြီး ဈေးနှုန်းလည်း ချိုသာ မြန်နှုန်းလည်းမြင့် သော မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု များ စတင် မိတ်ဆက်ချိန်ဆီသို့ လျှောက်လှမ်းနေခြင်းဖြစ်

ရန်ကုန်၊ မြန်မာ။


Ooredoo မြန်မာ သည် ၄င်း၏ အရောင်း ကိုယ်စားလှယ်တော် စီပွါးဖက် လက်တွဲဖေါ်များ ကို ဖိတ်ခေါ်၍  ကုမ္ပဏီ၏ နောက်ဆုံးပေါ်မျိုးဆက်သစ် မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် အသစ်ကို စမ်းသပ် ခေါ်ဆိုမှုများ စတင်ပြုလုပ်လျှက် ရှိ ကြောင်း ယနေ့ တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

ကမ္ဘာ အရပ်ရပ် ရှိ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းများ ၏ လုပ်ထုံးများ အတိုင်း ၀န်ဆောင်မှုများ နှင့် မိုဘိုင်း ဆက်သွယ်ရေး ကရိယာများ ဖုန်းများကို လူထု ထံသို့ စတင် မိတ်ဆက်ခြင်း မတိုင်မီ လူအများကို ဖိတ်ခေါ်၍ ကွန်ရက် ကို စမ်းသပ် စစ်ဆေးသည့် အနေဖြင့် ခေါ်ဆိုမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း Ooredoo မြန်မာ ၏ အရောင်းဌာန ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ရှင်းလင်း ပြောကြားလိုက်သည်။

၎င်းက “ အခုလို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ရဲ့ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် ရဲ့ စွမ်းဆောင်ရည်တွေ ပိုကောင်းမွန် လာစေပါတယ်။ ပြီးတော့ လုပ်ငန်းအားလုံး ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့လည်း သေချာ သွားပါမယ်။ လူတစ်ဦးချင်းဆီက ရော ကျွန်တော်တို့ရဲ့ လုံးလုံးလျားလျား လည်ပတ်နေပြီ ဖြစ်တဲ့ Contact စင်တာကရော ကျွန်တော် တို့ရဲ့ မိသားစုဝင် ကိုယ်စားလှယ်တော်တွေ ကပေးလာတဲ့ အသေးစိတ် တုံပြန်ချက်တွေ ကို ကောက်ခံနေ ပါတယ်။ ဒါမှလည်း ဘယ်နေရာတွေ မှာ လိုအပ်ချက်တွေ ရှိနေသလဲဆိုတာ သိပြီး ဒီနှစ်ရဲ့ တတိယ သုံးလပတ် အတွင်း ကျွန်တော်တို့ ၀န်ဆောင်မှုတွေ စတင်မိတ်ဆက်ချိန်မှာ သုံးစွဲသူ မိဘပြည်သူတွေအားလုံး အကောင်းဆုံး ၀န်ဆောင်မှုတွေကို  ကိုယ်တွေ့ အသုံးပြု နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ယင်းနောက် ဦးမြင့်ဇော်က ထပ်လောင်း ပြောကြားသည်မှာ “ နေ့တိုင်း တာဝါတိုင် တည်ဆောက်ရေး တွေ ပြီးစီး နေတာကြောင့် ကျွန်တော်တို့ရဲ့ ကွန်ရက်ဖြန့်ကြက် တဲ့ ဧရိယာဟာလည်း တစ်မုဟုတ်ချင်း ကျယ်ပျံ့နေပါပြီ။ ကျွန်တော်တို့ သုံးထား တဲ့ နည်းပညာ နဲ့အတူ UMTS 900 လှိုင်းနှိုင်း နဲ့ဆိုရင် ကြည်လင် ပြတ်သားတဲ့ အသံ၊ အဆင့်မြင့် ကောင်းမွန်တဲ့ အသံ အရည်အသွေး အင်တာနက်ပေါ်က အချက်အလက်တွေ အမြန်အရယူနိုင်တဲ့ လှိုင်းအား စတာတွေကို  သင့်တင့်ချိုသာတဲ့ ဈေးနှုန်း နဲ့ သုံးစွဲသူ မိဘပြည်သူတွေ ကိုယ်တွေ့ အကျိုးခံစား ရတော့မယ် ဆိုတာ ယုံကြည်ပါတယ်။”

နိဂုံးချုပ်အနေ နှင့် ဦးမြင့်ဇော်က “ ကျွန်တော်တို့ ဆင်းမ်ကဒ် တွေကို အခု မရောင်းသေးပါဘူး ။ ဒါပေမယ်လို့ အခုလို စမ်းသပ်ခေါ်ဆိုတာတွေ လုပ်နေနိုင်ပြီဆိုတော့ ကျွန်တော်တို့ ၀န်ဆောင်မှုတွေရဲ့ စတင် မိတ်ဆက် ချိန်နားရောက်ဖို့ ခြေတစ်လှမ်း နီးလာပါပြီ။ ဆိုလိုချင်တာကတော့ မြန်မာပြည်က တိုင်းသူပြည်သားတွေ အားလုံး တတ်နိုင်တဲ့ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို အချိန်အကြာကြီး စောင့်စားနေရတာတွေ ဆုံးခန်းတိုင်တော့မှာပါ။”


ကုမ္ပဏီ၏ ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ချိန်တွင် နယ်မြေဒေသအလိုက် ကျွမ်းကျင်သော ဖြန့်ချီရေး ကုမ္ပဏီများ နှင့် အထူး သဘောတူ စာချုပ်များ ချုပ်ဆိုပြီး ဖြစ်ကြောင်း မကြာသေးမှီ က တရားဝင် ကြေငြာခဲ့သည်။ Ooredoo ၏ ကုန်ပစ္စည်းများ နှင့် ၀န်ဆောင်မှုများကို ကိုယ်စားလှယ် အဖြစ် လက်လီရောင်းဝယ် ဖောက်ကားလိုပါက နယ်မြေဒေသ အလိုက် အောက်ပါ ဖြန့်ချီရေး ကုမ္ပဏီများ ထံဆက်သွယ် စုံစမ်း နိုင်ပါသည်။ ဖြန့်ချီရေး ကုမ္ပဏီများ မှာ အောက်ပါအတိုင်း ဖြစ်သည်။


၁) Great Ayerwaddy ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲ ဖြစ်သည့် Great Ayewaddy တယ်လီကွန်
   ကုမ္ပဏီ လိမိတက်။

၂) Myanmar Distribution Group လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် MDG မိုဘိုင်း ကုမ္ပဏီ လိမိတက်။

၃) Consumer Group Myanmar လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Direct Consumer လိမိတက်။

၎) Capital Diamond Star Group လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Capital Connect လိမိတက်။

၅) UMG ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် Kiwi & I ကုမ္ပဏီ လိမိတက် ။

၆) Myanmar Golden Star ကုမ္ပဏီ လိမိတက် နှင့် MDR လိမိတက် တို့ ကုမ္ပဏီ အခွဲဖြစ်သည့် MDR Golden Myanmar
    Sea ကုမ္ပဏီ လိမိတက်။

 



Sunday, July 13, 2014

ဆမ်ဆောင်း ဂလက်ဇီ S5 နဲ့ အက်ပဲလ် iPhone 5s ဘယ်လောက် အမြတ်တင်ရောင်းသလဲ............






ဆမ်ဆောင်း အုပ်စုဟာ စမတ်ဖုန်း လောကမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ စမတ်ဖုန်းပေါင်း ၃၁၄ သန်း ဈေးကွတ်တင်ခဲ့ပြီး အက်ပဲလ် ထုတ်ကုန်တွေထက် နှစ်ဆလောက် ရှိနေပါတယ်။ iPhone တွေရဲ့ ရောင်းအားက အလုံးရေ ၁၅၃ ဒသမ ၄ သန်း ရှိခဲ့ပြီး iPhone နဲ့ ဆမ်ဆောင်းကုမ္ပဏီ နှစ်ခုပေါင်းရင် ကမ္ဘာ့စမတ်ဖုန်းတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် ပထမ ၃ လပတ်မှာတင် ဆမ်ဆောင်းက ၈၉ သန်းနဲ့ အက်ပဲလ်က ၄၃ ဒသမ ၇ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီး နှစ်ခုရဲ့ ရောင်းဈေးနဲ့ အမြတ်ရာခိုင်နှုန်းကို ကြည့်ရင် သူတို့ရဲ့ ထုတ်ကုန်တွေဟာ သူတို့ဘာသာ ထုတ်ယူတာပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတခုခုကို တာဝန်ယူ ထုတ်လုပ်တာပဲဖြစ်ဖြစ် အမြဲ ဈေးမြင့်လွန်းနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေဟာ ပြည့်စုံလုံလောက်မှု ရှိတဲ့အတွက် ရောင်းအားကျသွားတာမျိုး မဖြစ်ပါဘူး။

အခုလို အမြတ်ကြီးစားထားတဲ့ ကိစ္စမျိုးတွေဟာ နောက်ပိုင်း အဆင်မပြေဖို့ များပါတယ်။ အက်ပဲလ်ကနေ အခုနှစ်ကုန်လောက်မှာ iPhone 6 ကို ဖြန့်ချိပါလိမ့်မယ်။ iPhone 6 ရဲ့ ဈေးနှုန်းကို တရားဝင် မပြောကြားသေးပေမယ့် ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှု အသစ်တွေ၊ ကုမ္ပဏီအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ အများကြီးရှိနေတဲ့ ကိစ္စကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အခြေအနေမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်က  အရင်လိုပဲ  အမြတ်များများစားစား တင်ရောင်းဦးမှာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဈေးကွက် ဖန်တီးမှု  နည်းဗျူဟာတွေကို  ပြန်လည်ပြုပြင်ပြီး ဈေးနှုန်းလျှော့ချ ရောင်းမှာလားဆိုတာ အဓိကအချက် ဖြစ်နေပါတယ်။

အဲဒီအချက်တွေကို သိဖို့အတွက် ထုတ်လုပ်မှု လုပ်ငန်းတွေ၊ တပ်ဆင်တဲ့ လုပ်ငန်းတွေ၊ တပ်ဆင် အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးတွေ သိဖို့လိုပါတယ်။ ဆမ်ဆောင်းက လုပ်ဆောင်မှု တော်တော် များများကို ပြင်ပကုမ္ပဏီတွေကို အပ်လေ့မရှိပါဘူး။ ဒါပေမယ့် Galaxy S5 လိုမျိုး ဖုန်းတွေရဲ့ အဓိက အရေးပါတဲ့ ပရိုဆက်ဆာကို တခြားကုမ္ပဏီကြီးဖြစ်တဲ့ Qualcomm က ထုတ်တဲ့ ပရိုဆက်ဆာကို သုံးထား ပြီး ၄၁ ဒေါ်လာလောက် ကျသင့်ပါတယ်။

ဈေးကွက် သုတေသနကုမ္ပဏီ IHS ရဲ့ ပြောကြားချက်အရ S5 မှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၅၁ ဒသမ ၅၂ ဒေါ်လာလောက်ပဲ ရှိပါတယ်။ တခြားပစ္စည်း အတိုအထွာလေးတွေအတွက် ထပ်ပေါင်းရင် နောက်ထပ် ၅ ဒေါ်လာလောက် ကုန်ကျပါမယ်။ သူ့ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ Display၊ ဆင်ဆာ၊ ပရိုဆက်ဆာ၊ ကင်မရာ၊ မင်မိုရီ စတာတွေက S4 ထက် ပိုကောင်းတဲ့ပစ္စည်းတွေ သုံးထားတဲ့ အတွက် S5 ရဲ့ ပစ္စည်းတွေက ပိုအကုန်အကျ များပါလိမ့်မယ်။ Flash Memory က ၂၈ ဒေါ်လာ၊ Display, Touch Screen အဲဒီအထဲမှာ ဂေါ်ရီလာ မှန် (Gorilla Glass) တွေရဲ့ တန်ဖိုးက ၆၃ ဒေါ်လာလောက် ရှိပါတယ်။ သူတို့ ဆန်းစစ် လေ့လာချက်တွေထဲမှာ ဝိုင်ဖိုင်၊ Bluetooth အတွက် သုံးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးမထားပါဘူး။

ဆမ်ဆောင်း ဂလက်ဆီ S5 ဟာ ထုတ်လုပ်ခဲ့ပြီးတဲ့ ဖုန်းတွေထဲမှာ စရိတ်အကုန်အကျ အများဆုံးဖုန်း ဖြစ်ခဲ့ပါတယ်။ S5 ဟာ iPhone 5S ထက် ဒေါ်လာ ၅၀ လောက် ပိုကုန်ကျခဲ့ပါတယ်။ Galaxy S5  မှာ Qualcomm WTR 1625 ရေဒီယို ဖရီ ကွင်စီ ဖမ်းစက် (Reciver) ကို သုံးထားပြီး အဲဒီ ပစ္စည်းတွေအပြင် ဘာရိုမက်ထရစ် ဖိအားဆင်ဆာ (Barometric Pressure Sensor) နဲ့ သွေးခုန်နှုန်း၊ လက်ချောင်း (Finger) ဆင်ဆာတွေ ထပ်တိုးထား ပါသေးတယ်။

  • iPhone 5s နဲ့ iPhone 5

ပစ္စည်းတွေ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ iPhone 5s ဟာ iPhone 5 ထက် လျော့နေပါတယ်။ 16 GB iPhone 5s ဟာ  ကုန်ကျစရိတ် ၁၉၉ ဒေါ်လာရှိပြီး ပစ္စည်းဖိုးက ၁၉၁ ဒေါ်လာ၊ တခြား ပစ္စည်းအသေးလေးတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် ၈ ဒေါ်လာ ရှိပါတယ်။ ဖုန်းဆက်သွယ်မှု ကုမ္ပဏီတွေနဲ့ ကန်ထရိုက်မပါတဲ့ iPhone 5s (16 GB) ရောင်ဈေးဟာ ၆၄၉ ဒေါ်လာ ရှိပါတယ်။ ကုမ္ပဏီအတွက် အမြတ် သိသိသာသာ ရထားတာ တွေ့ရပါမယ်။ ဒါဟာ iPhone 5 ထက် ကုန်ကျစရိတ် ၁၃ ဒေါ်လာ သက်သာပါတယ်။ 16 GB ကနေ 64 GB txd Memory ထပ်တိုးထားတဲ့ iPhone ကတော့ ၁၉ ဒေါ်လာ ထပ်ပေါင်းရပါမယ်။

iPhone ရဲ့ Display က ဂျပန်နိုင်ငံက Display ထုတ်လုပ်တဲ့ ရှပ် (Sharp) နဲ့ LG Display တွေကို သုံးထားပြီး ၄၄ ဒေါ်လာ ကုန်ကျပါမယ်။ iPhone 5s က ပိုလီကာဗွန်နိတ်ကာဗာ သုံးမထားဘဲ အလူမီနီယံကာဗာ သုံးထားတဲ့အတွက် ကုန်ကျစရိတ် ပိုပါလိမ့်မယ်။ NAND Flash Memory က သုံးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေထဲမှာ ကုန်ကျစရိတ် တော်တော်မြင့်နေပါတယ်။ ဒါပေမယ့် ဝယ်ယူသူ အများစုကိုဆွဲ ဆောင်မှုပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်နေပါတယ်။ နောက်တချက်ကတော့ NAND Flash Memory တွေရဲ့ ဈေးနှုန်းဟာ တစ်နှစ်လောက်ကြာရင် ဈေးတဝက် လျော့ကျသွားလေ့ရှိတာဖြစ်ပါတယ်။

  • ဆမ်ဆောင်းရဲ့ Galaxy S5

Galaxy S5 ဟာ ကန်ထရိုက်မပါ ရောင်းဈေး ဒေါ်လာ ၆၅၀ လောက် ရှိနေတဲ့အတွက် အကြမ်းဖျင်း အနေနဲ့ အမြတ် ဒေါ်လာ ၄၀ဝ လောက် ရှိနေပါ တယ်။ အလားတူပဲ အက်ပဲလ်ရဲ့ iPhone 5s ဟာ ၄၄၉ ဒေါ်လာလောက် အမြတ်ရှိနေပါတယ်။ အဲဒီ ကုန်ကျစရိတ်ထဲမှာ ဈေးကွက်တင် အရောင်းမြှင့်တင်ဖို့၊ ကြော်ငြာစရိတ်တွေ၊ အခွန်အခ၊ တခြား မူပိုင်ခွင့်ဆိုင်ရာ ပေးရတဲ့ ငွေကြေးနဲ့ Operation System အတွက် ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ အခုတွက်ပြတဲ့ အမြတ်ငွေတွေဟာ အသားတင်အမြတ် မဟုတ်ပါဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ရောင်းဈေးကို တွက်ချက်ပြထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ တွက်တွက်၊ ဘယ်လိုပဲ တွေးတွေး အဲဒီကုမ္ပဏီနှစ်ခုဟာ သူတို့ဖုန်းတစ်လုံး ရောင်းလိုက်ရတိုင်း အမြတ်ငွေ တော်တော်များများ ရနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် စမတ်ဖုန်းဈေးကွက်ဟာ တော်တော်အေးနေပေမယ့် အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံမျိုးတွေအတွက် ဈေးကွက်အနေအထား အရမ်းကောင်းနေပြီး ဌာနေရောင်းချသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်စေပါတယ်။ နိုင်ငံတကာ  အမှတ်တံဆိပ်  မဟုတ်ဘဲ  ဒေသတွင်းက ထုတ်လုပ်ရောင်းချသူတွေဖြစ်တဲ့ Xiaomi နဲ့ Micromax လို ကုမ္ပဏီတွေကလည်း ဒေသတွင်း ဈေးကွက်ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အိန္ဒိယနဲ့ တရုတ်ဈေးကွက်ထဲက အိန္ဒိယဈေးကွက်မှာဆိုရင် မိုလ်ဘိုင်းဖုန်း သုံးစွဲသူ ၉၀၁ သန်းလောက် ရှိနေပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေက ၉၄ ဒသမ ၁ သန်းပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုလ်ဘိုင်း သုံးစွဲသူ ၁ ဒသမ ၂ ဘီလီယံ ရှိနေပြီး စမတ်ဖုန်းသုံးသူက သန်း ၇၀ဝ လောက်ပဲ ရှိနေပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက ၁၉၁၇ လောက်မှာ ဆိုရင် ၂၆၅ ဒေါ်လာလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအခြေအနေမှာ ဈေးကွက်ရှယ်ယာ နည်းနေတဲ့ မိုတိုရိုလာ (MOtorola) ကလည်း နည်းပညာဆိုင်ရာ အချက်အလက်တွေမြင့်တဲ့ သူ့ရဲ့ စမတ်ဖုန်းတွေကို ၁၁၇ ဒေါ်လာကနေ ဒေါ်လာ ၄၀ဝ လောက်နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။

IHS ရဲ့ ဈေးကွက် သုတေသန အကြီးအကဲ အင်ဒရူး ရပ်စ်ဝေလာ (Andrew Rassweiler) ရဲ့ ပြောကြားချက်အရ ဆမ်ဆောင်းဟာ ကမ္ဘာကြီးရဲ့ မတူညီတဲ့ ဈေးကွက်နေရာ ဒေသတွေအလိုက် မတူညီတဲ့ ရသတွေ၊ စွမ်းဆောင်ရည်တွေ မျိုးစုံကိုပေးနိုင်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ အားသာချက် ဖြစ်နေပါတယ်။

အခု ရေးခဲ့ပြီးသလို ဈေးကွက်အနေအထား၊ ပြိုင်ဆိုင်မှု၊  စွမ်းဆောင်ရည်၊  ဝန်ဆောက်မှုတွေ အမျိုးမျိုးပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်ဖုန်းလောကမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်ဟာ အမြတ် များများစားစား တင်ပြီးရောင်းချတာမျိုးလုပ်ဖို့ အခွင့်သာတော့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဈေးနှုန်း သက်သာတဲ့ ပေါချောင်ကောင်း အမျိုးအစားတွေကို ထုတ်လုပ်ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို လုပ်ရာမှာလည်း iPhone 5c နဲ့ Galaxy S4 တို့လို အဆင့်မြင့်မော်ဒယ်တွေနဲ့ သိသိသာသာ နိမ့်နေခဲ့ရင်၊ စွမ်းဆောင်ရည် သိသိသာသာ ကွာနေခဲ့ရင် တန်ဖိုးနည်းတယ် ဆိုပေမယ့် သုံးစွဲသူတွေက ဈေးပိုကြီးပေမယ့် စွမ်းဆောင်ရည် ပိုမြင့်တဲ့ မော်ဒယ်ကို ရွေးချယ်မှာဖြစ်လို့ အဲဒီလို လုပ်ဆောင်တာဟာ ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။ တကယ်ကို စွမ်းဆောင်ရည်မြင့်ပြီး  ဈေးနှုန်းသက်သာတဲ့  အမျိုးအစားတွေကို ထုတ်လုပ်ရောင်းချမှသာ ဈေးနှုန်းကို အဓိကထား ဝယ်ယူကြမယ့် ဈေးကွက်အတွက် အဆင်ပြေပါလိမ့်မယ်။

ဟန်းဖုန်းတွေဟာ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက် ရှိတယ်ပြောပြော သုံးမယ့်သူတွေကတော့ ဝယ်သုံးနေကြပါလိမ့်မယ်။ အဲဒီအကြောင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေဟာ ကုန်ကြမ်းတွေ ဘယ်လိုရသလဲ၊ ဘယ်လိုထုတ်လုပ်ကြသလဲ ဆိုတာဖြစ်ပြီး သူတို့ ထုတ်လုပ်ရောင်းချသလို တချိန်ချိန်မှာတော့  ကိုယ့်ဆီမှာလည်း ထုတ်လုပ်နိုင်ကောင်းရဲ့လို့ တွေးရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

 
ဖိုးနိုင်ဝင်း (မာစတာပိစ်)

Ref:
Samaung Galaxy S5 and Apple iPhone 5S Cost less Than 40% Of Their Selling Price: Will The Huge Margin Strategy Survive In Future?
By Bhavya Srivastava.

 

 



Saturday, July 12, 2014

ဘွတ်ကီး နိုင်ငံတကာပွဲ ပေါက်ဈေးများနှင့် ၈ိုးစဂိုးများ 12.7.2014

ဇတ်ကြမ်း
7:30Seinajoen-65&2-35
ROPS1+35&2-40
8:00Viking-25&2-100
8:30Mjallby-75&2-50
AIKbSolna1+50&3+85
10:00Malmo1-55&3+65
10:30Odd-15&3+75
Lillestorm1+50&3+5
Start-15&3+65
Stromsgodset-20&3-5
2:30Brzil-65&3+15


တရားဝင်လိုင်စင်များ ရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်းသားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေ............



Posted by: Ko Myo on Saturday, July 12, 2014 Categories:
တရားဝင်လိုင်စင်များရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်ရှိ တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်း သားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေကြောင်း ပုဂ္ဂလိကနိုင်ငံ တကာပညာ ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

မြန်မာကျောင်းသား အများစု တက်ရောက်ကြသည့် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကောလိပ် ၁၂ ခုထဲမှ သုံးခုခန့်မှာ ယခုလိုင်စင် အရုပ်သိမ်း ခံလိုက်ရသည့် စာရင်းတွင် ပါရှိနေကြောင်း၊ အဆိုပါတက္ကသိုလ် ကောလိပ်များမှာ University of West London, Hert Fordshire, Esser College တို့ဖြစ်ကာ မြန်မာ ကျောင်းသားများ အများဆုံး တက်ရောက်နေကြသည့် တက္ကသိုလ်မှာ University of Wests London ဖြစ်ကြောင်း သိရသည်။

“အဲဒီ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေးကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုသည် ဗီဇာစည်းမျဉ်းစည်းကမ်း လိုက်နာခြင်းမရှိသည့်အတွက် ယခု နှစ်ဇွန် ၂၆ ရက်တွင် တရားဝင်လိုင်စင်များမှ ရုပ်သိမ်းခံ ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းပိတ်သိမ်းခံခဲ့ရသည့် ကျောင်းများတွင် အင်္ဂလန်ရှိနာမည်ကြီး ကျောင်းများပါ ပါဝင်နေကြောင်းသိရသည်။

“အင်္ဂလန်တက္ကသိုလ် ကောလိပ်တချို့က ကျောင်းသားရပြီးရောဆိုပြီး အင်္ဂလိပ်စာအရည်အချင်းသတ် မှတ်ချက်တွေဖြစ်တဲ့ IELTS အမှတ် ၆ ဒသမ ၀ ရှိရမယ်ဆိုတာကို ၅ ဒသမ ၅ နဲ့ လက်ခံတာမျိုးတွေ ၄ ဒသမ ၅ လောက်နဲ့ လက်ခံတာမျိုးတွေ လုပ်လာကြတယ်။ အဲ့ဒီလိုစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခံကြရတာ။ အခုအရေးယူတဲ့ ကျောင်းထဲမှာ မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတွေလဲ ပါနိုင်တယ်” ဟုဗစ်တိုးရီးယား ယူနီဗာစီတီကောလိပ်မှ နာယက ဒေါက်တာနေဝင်းနိုင်က ပြောသည်။

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် ကောလိပ်များကို UKVI officers များကစစ်ဆေးခဲ့ပြီး University of West London နှင့် University of Bedfordshire တို့ကို နိုင်ငံတကာကျောင်းသား၊ ကျောင်းသူလက်ခံခွင့် ရပ်ဆိုင်းထားခဲ့ကြောင်း၊ ယူကေဗီဇာလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ ဝင်ခွင့်လက်မှတ်ကို သေချာစစ်ဆေးလာခဲ့ပြီး တချို့တက္ကသိုလ်၊ ကောလိပ်များမှာ ယူကေလူဝင်မှုကြီး ကြပ်ရေးချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း၊ လက်မှတ် ၄၈၀၀၀ ကျော်တွင် ၂၉၀၀၀ ကျော်မှာတရားမဝင်ဖြစ်သည်ကို တွေ့ရှိရကြောင်း အင်္ဂလန်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဝန်ကြီး Mr.James Brokenshire က BBC သတင်းကြေညာချက်တွင် ပြောကြားသွားခဲ့သည်။

“ဒီဂယက်ကြောင့် ယူကေဗီဇာကို ခေတ္တပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ပြန့်လာပါတယ်။ ယူကေဗီ ဇာလျှောက်ထားခွင့်ကို ပိတ်လိုက်တာမျိုးတော့ မရှိပါဘူး။ စနစ်တကျသေချာစိစစ်လာတာမျိုးပဲရှိပါ တယ်။ လိုင်စင်ရပ်နားခံထားတဲ့ တက္ကသိုလ်၊ ကောလိပ်ကလွဲလို့ ကျန်တဲ့ကျောင်းတွေကတော့ ပုံမှန် အတိုင်း လုပ်ဆောင်နေကြပါတယ်” ဟု နိုင်ငံတကာပညာရေး အေဂျင်စီတစ်ခုဖြစ်သော Regent Cons-ultancy Services Co.,Ltd မှပညာရေးအတိုင်ပင်ခံ ဒေါ်လွင်လွင်အောင်ကပြောသည်။

နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ပတွင် ကျောင်းတက်မည်ဆိုပါက ပညာအခြေခံကောင်းခြင်း၊ ဘာသာစကားတတ်ကျွမ်းခြင်း၊ အမှန်တကယ် ပညာဆည်းပူးလိုခြင်း များရှိမှသာ နိုင်ငံခြားသို့ပညာသင်သွားခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါက်တာ နေဝင်းနိုင်က ဆက်လက်ပြောကြားသည်။

Regent Consultancy Services Co. မှ တာဝန်ရှိသူတစ်ဦးက “ကျောင်းဖွင့်ချိန်နီးမှဖြစ်တဲ့အတွက် အဲ့ဒီကျောင်းတွေမှာ လျှောက်ထားတဲ့ကျောင်းသား၊ ကျောင်းသူတွေ အလွန်နာနစ်ပါတယ်။ ဒါကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူတွေထဲကယူကေမှာ ကျောင်းတက်ချင်ရင် ယူကေပညာရေးကို နား လည်တတ်ကျွမ်းတဲ့ပညာရေး အတိုင်ပင်ခံတွေနဲ့တိုင်ပင်ပြီးမှ ခိုင်မာမှုရှိတဲ့ကျောင်းတွေကို ရွေးချယ်စေ ချင်ပါတယ်” ဟုဆိုသည်။

Immigration Enforcement Officers များသည် National Crime Agency များ၏အကူအညီဖြင့် ၂၀၁၃ ဖေဖော်ဝါရီမှစတင်ကာ ကျောင်းသားဗီဇာများနှင့် အင်္ဂလိပ်စာလက်မှတ်များကို တင်းတင်းကျပ် ကျပ်စစ်ဆေး ခဲ့ကြောင်း သိရသည်။


Democracy Today Daily
ဇူလိုင် (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

နေပူစာလှုံနေတဲ့ ရှာရာပိုဗာ



Posted by: Ko Myo on Friday, July 11, 2014 Categories:
ကမ္ဘာကျော် တင်းနစ်မယ် မာရီယာ ရှာရာပိုဗာ ဟာ အားလပ်ရက်အတွင်း မက္ကဆီကိုနိုင်ငံ Los Cabos မှာ ရောက်နေပြီး ဘီကီနီ ဝတ်ထားတဲ့ သူ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ဓာတ်ပုံတွေထဲမှာ တင်းနစ် အကျော်အမော် Grigor Dimitrov နဲ့ အတူ နေပူစာလှုံနေကြတဲ့ သတင်းက ဟိုလေးတကြော်ဖြစ်နေပါ တယ်။


ဓာတ်ပုံ- The Mirror

ရှာရာပိုဗာက သူ့ချစ်သူကို ထုတ်ကြွားလိုပြီး သူတို့ အတွဲဟာ အတော်ပဲ လိုက်ဖက်ကြတယ်ဆိုတာ ဖော်ပြနေပုံ ပါပဲ။



အသက် ၂၃ နှစ်အရွယ် တင်းနစ်အကျော် Grigor ဟာလည်း ယင်ဘယ်လ်တန် တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ အထိ တက်ရောက်လာခဲ့ သူလို့လည်း ဓာတ်ပုံဆရာတွေက ဟာသ နှောနေကြပါတယ်လို့ The Mirror က ရေးပါတယ်။

၂၀၀၄ ခုနှစ်က ချန်ပီယံ ဖြစ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် မာရီယာရှာရာပိုဗာ ကတော့ မီးခိုးရောင် ဘီကီနီနဲ့ နေရောင်အောက်မှာ အထင်းသား သူ့ ခန္ဓာကိုယ်ကို အလှကို ဖော်ပြထားပါတယ်။










အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Friday, July 11, 2014

မော်ဒယ်လ် အိချောပို...



Posted by: Ko Myo on Friday, July 11, 2014 Categories:
PAPAWADY Facts 
Ei Chaw Po is well known Myanmar Actress in Myanmar and she is quiet popular with Myanmar Videos. She has nice body figure and long hair maybe the reason men likes her. Her acting is quiet good and she also take some photoshoot as photo model for Myanmar Journals and Magazines. 

Thursday, July 10, 2014

မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်.........................

Posted by: Ko Myo on Thursday, July 10, 2014 Categories:
ရန်ကုန်၊ ဇူလိုင် ၈

မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေ စနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြား ဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်း ဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ် ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ် လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။

"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။
The Voice Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, July 9, 2014

ကလေးငယ်လေးတွေ လိင်အလွဲသုံးစား ခံရခြင်းမှ ကာကွယ်ပေးနိုင်ဖို့ .......................

Posted by: Ko Myo on Tuesday, July 08, 2014 Categories:
Health Updates Journal No. 124
ကလေးငယ်လေးတွေ အထူးသဖြင့် သမီး မိန်းကလေး ငယ်လေးတွေ မွေးထားတဲ့ မိဘများဟာ မိမိ ကလေးငယ် ဘယ်လောက်ပင် အသက်ငယ်ငယ် လိင်အလွဲသုံးစား ခံရခြင်းနဲ့ ဆိုင်တဲ့ ဗဟုသုတ အနည်း အကျဉ်းတော့ ရှိထား သင့်ပါတယ်။ အခုခေတ်ကြီးမှာ ဆွေမျိုးနီးစပ်တော် တာတောင် ယုံကြည်စိတ်ချရမှု နည်းပါးလာတာကို သတိပြုသင့်ပါတယ်။ ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့မှ ကလေးများကို လိင်အလွဲ သုံးစားပြုခြင်းမှ ကာကွယ် နိုင်ဖို့ မိဘများကို အကြံပြုချက်တွေကို ထုတ်ပြန်ပေး ထားပါတယ်။

-သမီးငယ်ကလေးများကို ဘယ်တော့မှ တစ်စုံတစ်ယောက် (ဦးလေးတော်စပ် သော်မှ)ရဲ့ ပေါင်ပေါ်မှာ မထိုင်ပါစေနဲ့။

-ကလေးငယ်ကို နှစ်နှစ်ကျော်ပြီဆိုတာနဲ့ သူစိမ်းတရံဆံရှေ့မှာ အ၀တ်လဲပေးခြင်းမျိုးကို ရှောင်ကျဉ်ပါ။ ယဉ်ကျေးစွာနဲ့ ခဏရှောင်ပေးဖို့ တောင်းဆိုပါ။

- တစ်စုံတစ်ယောက်ကြောင့် ကလေးငယ်ဟာ စိတ်မသက်မသာ ခံစားနေရပြီ၊ ရှက်ရွံ့နေရပြီလို့ ပြောတိုင်း အရေးတယူ နားထောင်ပြီး တုံ့ပြန် လုပ်ဆောင်ပေးပါ။

- လှုပ်လှုပ်ရှားရှားနဲ့ ဆော့တတ်တဲ့ ကလေးငယ် တစ်ဦးဟာ ငြိမ်နေပြီဆိုရင် ပစ်မထားပါနဲ့ အကြောင်း ရင်းမှန်ကို သိအောင်လုပ်ပေးပါ။

- မိမိနေအိမ်မှာ တပ်ထားတဲ့ စလောင်းလိုင်းတွေကနေ လူကြီးတွေပဲ ကြည့်သင့်တဲ့ ချန်နယ်တွေကို လော့်ခ်(lock) လုပ်ပါ။ ကလေးငယ်များကို ကာတွန်းကား၊ ကာတွန်းချန်နယ်များကို အသက် ၆နှစ်အရွယ် အထိ ကြည့်ရှုစေပြီးမှ တခြားဇာတ်ကားများကို ပြသသင့်ပါတယ်။

- ကလေးငယ်ဟာ အသက် ၃နှစ်ရှိပြီဆိုရင် သူ့ရဲ့တစ်ကိုယ်ရည် အစိတ်အပိုင်းတွေကို ကိုယ့်ဘာသာ သန့်ရှင်းဆေးကြောတတ်ဖို့ သင်ပြပေးပါ။ သူစိမ်းတရံဆံတွေက ကိုင်တွယ် ပွတ်သပ်မှုဟာ ရာဇ၀တ်မှု မြောက်တယ်ဆိုတာ အသိပေးထားပြီး တန်ပြန် ကာကွယ်မှုတွေ သင်ကြားပေးပါ။

-လူထူထူကြားထဲကို သွားရမယ်၊ လိုင်းကားကျပ်ကျပ် စီးရမယ်ဆိုရင် ကလေးငယ်ကို ဘယ်လိုနေရာပဲရရ၊ သူ့ကို ဦးစားပေးနေရာပေးပါ။

သက်ကို
ref;UNICEF
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ် ................

8 July 2014 19:04(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)

 အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေဟာ Facebook ဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ Facebook တာဝန်ရှိသူ (၃)ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ် တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် တခြားအိုင်တီ နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

....((( ပြသဒါးဆူဆိုဒ် )))



နောက်ဆုံးပေါ်ရင်နာကမ္ဘာကဗျာတစ်ပုဒ်
ဘယ် ဘာသာစကားနဲ့မှ မယက်လုပ်တော့ဘူး
လေလွှာထဲမှာပဲ ငါရေးထွင်းထားတော့လိုက်မယ်
ထာဝရတည်မဲ့ ဒီဒဏ်ရာတွေ၊ ထာဝရတည်မဲ့ ဒီသိက္ခာသေ
ငါနဲ့ ငါ့ဘရာဇီးတွေ ကျဆုံးတဲ့ ကြမ္မာဝင်္ကဘာ
ဘော်လုံးထဲမှာ ဘာအရာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာပညာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာမှော်အခရာတွေရှိလဲ
ပိတ်လှောင်ခံ လေထုဟာ အသိရခက် အနက်နဲရှိုင်းဆုံးပဲလား
ဂုဏ်ယူထားတဲ့သစ္စာနဲ့ ငါကျေကွဲခဲ့တယ် ကမ္ဘာရေ
ရဲရဲ ပျော်ပျော်ကြီး သေတယ်ဟေ့။ ။

နေရဲခိုက်
၀၉-၀၇-၂၀၁၄

ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း.................


Posted by: Ko Myo on Wednesday, July 09, 2014 Categories:
Health Updates Journal No. 124
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။
ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၃၀KK အရွယ်အစားထိ ရင်သားကြီးအောင် ခွဲစိပ်ပြုပြင် ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ရင်သားပိုင်ရှင် ဖြစ်လာတဲ့ မိခင်.........



Posted by: Ko Myo on Wednesday, July 09, 2014 Categories:
BB on 2014-07-08 14:20 
အသက် ၄၅ နှစ်အရွယ်ရှိတဲ့  Debbie Delamar ဟာ သူမရဲ့  ပင်ကိုယ် ကြီးမားပြီးသား ၃၀HH အရွယ် အစားရှိတဲ့  ရင်သားနှစ်မွှာကို အလွန် ကိုကြီးမားတဲ့ ၃၀KK အရွယ်ထိ ပိုမို ကြီးမား လာအောင် ပေါင်ငွေ ၈၀၀၀ ခန့် သုံးစွဲ ခွဲစိတ် ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ယူ ၀င့်ကြွားနေတဲ့  အကြီးဆုံး ရင်သားပိုင်ရှင် ဖြစ်လာပါတယ်။သူမရဲ့ ရင်သားထဲကို ထည့်ထားတဲ့ အသားစဟာ အလေးချိန် ၇ ပေါင်ခန့် ရှိပြီး ဆီလီကွန် သတ္တုကတော့ ၅ ပိုင့်စာရှိပါတယ်။

တပ်မတော်သား၏ ဇနီးတစ်ဦးဖြစ်သူ Debbie Delamar ဟာ သူမရဲ့ လတ်တလော ရင်သား အသစ်ကြောင်း ပြောရာမှာ သူမမှာ နဂိုမူလ ၃၀DD အရွယ်ရှိ ကြီးမားတဲ့ ရင်သားပမာဏ ရှိပေမယ့် လည်း “ ကျွန်မကတော ကျွန်မရင်သားတွေကို ကြီးနိုင်သလောက်ကြီးကြီးပဲ လိုချင်ပါတယ်” လို့  ဆိုပါတယ်။အရပ် ၅ ပေခန့် သာရှိတဲ့ မစ္စ Delamar ဟာ သူမရဲ့ ရင်သားကို လက်ဖက်ရည် ပန်ကန်လုံး ၄ လုံးစာ ပမာဏ ထပ်ပေါင်းထည့်ပြီး ၃၀HH အရွယ်အစားထိရရှိအောင် လွန်ခဲ့သော ၆ နှစ်ခန့် က စတင် ခွဲစိတ်ခဲ့ပါတယ်။ဒါပေမယ့် သူမဟာ ဒါနဲ့ တင် မကျေနပ်နိုင်သေးတာကြောင့် နောက်ထပ် လက်ဖက်ရည် ပန်ကန်လုံး ၃လုံးစာပမာဏ ထပ်ပေါင်းထည့်ရင်း ၃၀KK အရွယ်အစားထိ ပိုမိုကြီးမားလာအောင် ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်သူ သူမအတွက်တော့ ယင်းခွဲစိတ်မှုကို ခံယူပြီးကတည်းက ဘ၀က အစဉ်ချောမွေ့ နေခဲ့တာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့  သူမဟာ သူမရဲ့ ရင်သား အရွယ်အစား ကြီးမားတာကြောင့် လက်ခုပ်တောင်တီးဖို့ အဆင်မပြေတော့ပဲ သူမအလုပ်လုပ်ရတဲ့ ကားအစိတ်အပိုင်းတွေ တပ်ဆင်တဲ့ စက်ရုံမှာ စီတန်းတပ်ဆင်မှုတွေလုပ်တဲ့ အလုပ်သမား အစီအတန်း ကနေ ခပ်လှမ်းလှမ်းမှာ ထိုင်နေရတာ တွေကြောင့်ပါ။


“ ကျွန်မ ဘယ်နေရာသွားသွား လူတွေက ကျွန်မကို စူးစိုက်ကြည့်ကြတယ် ဒါပေမယ့် ကျွန်မ ကျေနပ်ပါ တယ်။ ကျွန်မက ဒီလိုပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို သဘောကျပြီး ကျွန်မကတော့  ကြီးနိုင် သလောက် ကြီးကြီးပဲလိုချင်ပါတယ်” လို့ သူမက သတင်းစာတစ်ခုကို ပြောပါတယ်။

“ ကျွန်မက သမားရိုးကျ စစ်မှုထမ်းရဲ့ ဇနီးသည်၊ မိခင်တစ်ယောက်မဟုတ်တာ ကျွန်မသိပါတယ်။ဒါပေမယ့် ကျွန်မက ဘယ်သူကိုမှ ထိခိုက်၊နစ်နာအောင် လုပ်နေတာမျိုးမဟုတ်ပါဘူး”

“ကျွန်မက ပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို နှစ်သက်တာကြောင့် သက်သက်ရယ်ပါ။လူတစ်ချို့ က ရွှေရောင်သမ်းတဲ့ ဆံပင်တွေ ဒါမှမဟုတ် အနက်ရောင်ရှိတဲ့ ဆံပင်တွေကို သဘောကျသလိုပဲ ကျွန်မက ဖန်တီးပြုပြင်လို့ ရလာတဲ့ ရင်သားခပ်ကြီးကြီးတွေကို သဘောကျတယ်လေ။"

“ဗြိတိန်မှာ ရင်သားအကြီးဆုံး ဖြစ်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တော့ ကျွန်မမှာ မရှိခဲ့ပါဘူး။ဒိလိုပဲ သူဟာသူ ဖြစ်သွားတာပါ” လို့ သူမက ဆက်ပြောပါတယ်။

“ အခုတော့ ကျွန်မက ဒီရင်သားတွေနဲ့ နေသားကျသွားတာကြောင့် ကျွန်မအတွက် သိပ်ပြီး အနေရ အထိုင်ရ မခက်တော့ပါဘူး။ ဒါပေမယ့် ကျွန်မပထမဆုံး အနေရခက်တဲ့ ပြဿနာ စဖြစ်ခဲ့တာက ကျွန်မ သမီးတွေနဲ့  တေးဂီတဖျော်ဖြေပွဲတစ်ခုမှ ရောက်နေခဲ့တဲ့ အချိန်ပေါ့။ ကျွန်မ လက်ခုပ်တီးဖို့ လုပ်တော့ ကျွန်မ ဘယ်လိုမှ မတတ်နိုင်တော့တာ ရိပ်စားမိသွားတယ်” လို့  ဆိုပါတယ်။

သူမဟာ ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အားပေးသူတွေကို သူမရဲ့ ရင်သားဗလာပုံတွေကို လူမှုကွန်ယက် ၀က်ဘ်ဆိုက်များကနေ တစ်ပုံကို ပေါင်ငွေ ၃၅ ပေါင်နဲ့ ရောင်းချပြီး အပိုဝင်ငွေရှာနေတယ်လို့ ဆိုပါတယ်။

မစ္စ Delamar ဟာ သူမရဲ့ လတ်တလော ကျော်ကြားလာမှု အကြောင်းပြောဆိုရမှာ “ ကျွန်မက လူတွေ အာရုံစိုက်ခံရတာကို စိတ်မပူတော့ပါဘူး။ ကျွန်မ အသားကျနေပါပြီ”

“ ကျွန်မဟာ အ၀တ်အစား မလုံ့ တစ်လုံနဲ့ အဖော်အချွတ် ပုံတွေရိုက်တဲ့  မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်မကို အားပေးသူတွေက အွန်လိုင်းမှာ ရှာဖွေတွေ့ ရှိပြီးတဲ့ နောက်မှာ ဒီလိုလေးပဲ ဖြစ်သွားတာပါပဲ”

“ကျွန်မဆီလာတဲ့ တုန့် ပြန်မှုကတော့ ကွဲပြားပါတယ်။တစ်ခါတစ်ရံမှာ လူတွေက လျှောက်ကြည့်ကြမယ်။ပြီးရင် သူတို့ တွေ့ သွားတာကို ထပ်ပြီး ပြန်ကြည့်မယ်။”

“ ကျွန်မက တော့ ဆိုးရွားတဲ့  စံပြ မိခင်တစ်ဦးလို့ ကျွန်မကိုယ်ကျွန်မ မထင်ပါဘူး။ ကျွန်မတို့ က တာဝန် ယူတတ်တဲ့ စိတ်ရှိတဲ့  မိဘတွေပါ။ကျွန်မက အဖော်အချွတ်ဓာတ်ပုံ မော်ဒယ်တစ်ယောက် ဖြစ်လာဖို့  ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ဒီထက်တော့  ပိုပျော်ရွှင် ကျေနပ်ခဲ့ရမှာတော့ မဟုတ် ဘူးပေါ့။”လို့ သူက ပြောပါတယ်။


Ref:shockingtimes.co.uk
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မြန်မာတို့ရဲ့ မြန်မာဘီယာ............................



Posted by: Ko Myo on Wednesday, July 09, 2014 Categories:
ref;papawady.com
----------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)