Saturday, July 12, 2014

တရားဝင်လိုင်စင်များ ရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်းသားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေ............



Posted by: Ko Myo on Saturday, July 12, 2014 Categories:
တရားဝင်လိုင်စင်များရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်ရှိ တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်း သားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေကြောင်း ပုဂ္ဂလိကနိုင်ငံ တကာပညာ ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

မြန်မာကျောင်းသား အများစု တက်ရောက်ကြသည့် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကောလိပ် ၁၂ ခုထဲမှ သုံးခုခန့်မှာ ယခုလိုင်စင် အရုပ်သိမ်း ခံလိုက်ရသည့် စာရင်းတွင် ပါရှိနေကြောင်း၊ အဆိုပါတက္ကသိုလ် ကောလိပ်များမှာ University of West London, Hert Fordshire, Esser College တို့ဖြစ်ကာ မြန်မာ ကျောင်းသားများ အများဆုံး တက်ရောက်နေကြသည့် တက္ကသိုလ်မှာ University of Wests London ဖြစ်ကြောင်း သိရသည်။

“အဲဒီ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေးကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုသည် ဗီဇာစည်းမျဉ်းစည်းကမ်း လိုက်နာခြင်းမရှိသည့်အတွက် ယခု နှစ်ဇွန် ၂၆ ရက်တွင် တရားဝင်လိုင်စင်များမှ ရုပ်သိမ်းခံ ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းပိတ်သိမ်းခံခဲ့ရသည့် ကျောင်းများတွင် အင်္ဂလန်ရှိနာမည်ကြီး ကျောင်းများပါ ပါဝင်နေကြောင်းသိရသည်။

“အင်္ဂလန်တက္ကသိုလ် ကောလိပ်တချို့က ကျောင်းသားရပြီးရောဆိုပြီး အင်္ဂလိပ်စာအရည်အချင်းသတ် မှတ်ချက်တွေဖြစ်တဲ့ IELTS အမှတ် ၆ ဒသမ ၀ ရှိရမယ်ဆိုတာကို ၅ ဒသမ ၅ နဲ့ လက်ခံတာမျိုးတွေ ၄ ဒသမ ၅ လောက်နဲ့ လက်ခံတာမျိုးတွေ လုပ်လာကြတယ်။ အဲ့ဒီလိုစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခံကြရတာ။ အခုအရေးယူတဲ့ ကျောင်းထဲမှာ မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတွေလဲ ပါနိုင်တယ်” ဟုဗစ်တိုးရီးယား ယူနီဗာစီတီကောလိပ်မှ နာယက ဒေါက်တာနေဝင်းနိုင်က ပြောသည်။

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် ကောလိပ်များကို UKVI officers များကစစ်ဆေးခဲ့ပြီး University of West London နှင့် University of Bedfordshire တို့ကို နိုင်ငံတကာကျောင်းသား၊ ကျောင်းသူလက်ခံခွင့် ရပ်ဆိုင်းထားခဲ့ကြောင်း၊ ယူကေဗီဇာလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ ဝင်ခွင့်လက်မှတ်ကို သေချာစစ်ဆေးလာခဲ့ပြီး တချို့တက္ကသိုလ်၊ ကောလိပ်များမှာ ယူကေလူဝင်မှုကြီး ကြပ်ရေးချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း၊ လက်မှတ် ၄၈၀၀၀ ကျော်တွင် ၂၉၀၀၀ ကျော်မှာတရားမဝင်ဖြစ်သည်ကို တွေ့ရှိရကြောင်း အင်္ဂလန်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဝန်ကြီး Mr.James Brokenshire က BBC သတင်းကြေညာချက်တွင် ပြောကြားသွားခဲ့သည်။

“ဒီဂယက်ကြောင့် ယူကေဗီဇာကို ခေတ္တပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ပြန့်လာပါတယ်။ ယူကေဗီ ဇာလျှောက်ထားခွင့်ကို ပိတ်လိုက်တာမျိုးတော့ မရှိပါဘူး။ စနစ်တကျသေချာစိစစ်လာတာမျိုးပဲရှိပါ တယ်။ လိုင်စင်ရပ်နားခံထားတဲ့ တက္ကသိုလ်၊ ကောလိပ်ကလွဲလို့ ကျန်တဲ့ကျောင်းတွေကတော့ ပုံမှန် အတိုင်း လုပ်ဆောင်နေကြပါတယ်” ဟု နိုင်ငံတကာပညာရေး အေဂျင်စီတစ်ခုဖြစ်သော Regent Cons-ultancy Services Co.,Ltd မှပညာရေးအတိုင်ပင်ခံ ဒေါ်လွင်လွင်အောင်ကပြောသည်။

နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ပတွင် ကျောင်းတက်မည်ဆိုပါက ပညာအခြေခံကောင်းခြင်း၊ ဘာသာစကားတတ်ကျွမ်းခြင်း၊ အမှန်တကယ် ပညာဆည်းပူးလိုခြင်း များရှိမှသာ နိုင်ငံခြားသို့ပညာသင်သွားခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါက်တာ နေဝင်းနိုင်က ဆက်လက်ပြောကြားသည်။

Regent Consultancy Services Co. မှ တာဝန်ရှိသူတစ်ဦးက “ကျောင်းဖွင့်ချိန်နီးမှဖြစ်တဲ့အတွက် အဲ့ဒီကျောင်းတွေမှာ လျှောက်ထားတဲ့ကျောင်းသား၊ ကျောင်းသူတွေ အလွန်နာနစ်ပါတယ်။ ဒါကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူတွေထဲကယူကေမှာ ကျောင်းတက်ချင်ရင် ယူကေပညာရေးကို နား လည်တတ်ကျွမ်းတဲ့ပညာရေး အတိုင်ပင်ခံတွေနဲ့တိုင်ပင်ပြီးမှ ခိုင်မာမှုရှိတဲ့ကျောင်းတွေကို ရွေးချယ်စေ ချင်ပါတယ်” ဟုဆိုသည်။

Immigration Enforcement Officers များသည် National Crime Agency များ၏အကူအညီဖြင့် ၂၀၁၃ ဖေဖော်ဝါရီမှစတင်ကာ ကျောင်းသားဗီဇာများနှင့် အင်္ဂလိပ်စာလက်မှတ်များကို တင်းတင်းကျပ် ကျပ်စစ်ဆေး ခဲ့ကြောင်း သိရသည်။


Democracy Today Daily
ဇူလိုင် (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment