This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 30, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် တွင် ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များ တွေ့ရှိ


            
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်း အမှတ် (၈၇၉)၊ ဦးပိုင်အမှတ်(၂)၊ ဦးအချိုမှုန့်- ဒေါ်ရေးတို့၏လယ်မြေတွင် အငှား ကောက်စိုက်နေသည့် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၊

ကမ်းနားပိုင်း၊ အိမ်အမှတ် (၇ဝ)တွင် နေထိုင်သူ မောင်အောင်ဆန်းသည် ဇွန် ၂၅ ရက် ညနေ ၃ နာရီက လယ်မြေတွင် စပါးစိုက်ပျိုးရင်း မြေအိုး တစ်လုံးအား တက်နင်းမိသဖြင့် ဖော်ယူ ကြည့်ရှုခဲ့ရာမှ သင်္ကြန်အတာ အိုးပုံစံ မြေအိုးတစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင် ငါးကျပ် သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊ အလေးချိန် စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော ရွှေလက်ကောက် တစ်ကွင်း၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန် ၁ဝ ကျပ်သားရှိ ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။

မောင်အောင်ဆန်းနှင့် မိဘများက ၎င်းတို့ လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် မွန်ပြည် နယ် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
ဖေ့ဘွတ်မှပြန်လည်မျှဝေပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်



Eleven Created on Saturday, 29 June 2013 00:30

မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။

လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက် ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်း အပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက် ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း



ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား

Read More >> http://www.myawady.com.mm/allnews/global/item/18027-2013-06-29-11-08-13

ဆက်သွယ်ရေး ဗိုလ်လုပွဲအလွန်


Tags


သိလိုနေကြသော လုပ်ငန်းနှစ်ခု၏ အမည်နာမများကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ နော်ဝေ အခြေစိုက် Telenor နှင့် ကာတာ အခြေစိုက် Ooredoo (အူရီဒု)။ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်နှင့် ဆက်သွယ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ် အချို့အကြား ကမ္ဘာ့ ခေတ်အနောက်ကျဆုံး ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားသော မြန်မာဈေးကွက် သို့ဝင်ရန် ယင်းကုမ္ပဏီနှစ်ခု၏ အမည်ကို တင်ဒါကော်မတီက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။
ဘယ်လိုရွေးသလဲ
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။
Telenor – ဘယ်လိုဝန်ဆောင်မှုပေးမလဲ
နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။
Ooredoo ဘာလုပ်မလဲ
ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။
မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်
ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
Ref & Credit to The Voice Weekly

ဘောလုံးဒိုင် .bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း အမြတ်ထွက်

***အင်း..အင်း..အင်း...ဒီနေ့ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့...
တော်တော်လေးကို..တွေးပြီးစဉ်းစားဆင်ခြင်ဖို့ကောင်းတယ်ဗျာ...။
ဘာတဲ့..သတင်းလေးက...bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း
အမြတ်ထွက်တဲ့..ခင်ဗျာ..သတင်းအပြည့်အစုံလေးကတော့...
ဗြိတိန်၏အကြီးမားဆုံးသောအွန်ုလိုင်းလောင်းကစားကုမဏီဖြစ်သည့
bet 356 သည် ပြီးခဲ့သောနှစ်က ပေါင်(၁၄၈)သန်းထိအမြတ်ရရှိခဲ့ရာ
ယခင်ကာလများထက်၃ဆနီးပါး တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်းသိရ
သည်။
ပြီးခဲ့သောနှစ်ကစတုတ်စီးတီးမြို့ ရှိ ကားပါကင်တစ်ခုမှစတင်ခဲ့သည့်
bet 365 မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် မတ်လအထိ ၄င်းကုမဏီတွင်
လာရောက်ကံစမ်းကြသည့် ငွေပမာဏမှာ ပေါင် ၂၀ ဘီလီယံနီးပါး
အထိရှိခဲ့ကြောင်း လည်းသိရသည်..။အဆိုပါပမာဏမှာ Ladbrokes
နှင့် William Hill နှင့် ပိုမိုများပြားခဲ့သည်။ bet 365 သည် ပရီးမီး
ယားလိဂ် စတုတ်စီးတီးအသင်းတွင်ရှယ်ယာအများဆုံး ပိုင်ဆိုင်ထား
ပြီး..ယမန်နှစ်ကပေါင်သန်း၃၁သန်းကျော်အရှုံးပေါ်ထားသည်ဟုသိ
ရှိရသည်။ ပွဲချိန်တစ်ခု၏ပွဲချိန်အတွင်းပုံစံအမျိုးမျိုးဖြင့်ကံစမ်းရန်စီစဉ်
ပေးရာ တွင် နာမည်ကျော်ကြားပါသည်တဲ့..*****
ကောင်းရော...ကောင်းရော..ကောင်းကြရော....
ကိုယ်တွေကတော့ချွေးနည်းစာလေးနဲ့အပိုင်ဆိုပြီးတော့လောင်း....
ဟိုတွေကတော့..ကြီးပွားချမ်းသာလို့ပါ့လား...
အံမယ်..လောင်းကစားဆိုဒ်က..ဘောလုံးအသင်းမှာတောင်ရှယ်
ယာအများဆုံးတဲ့ဗျာ....
စဉ်းစားတာကြည့်ကြပေတော့..တွေးသာကြည့်ကြပေတော့....
ခုခေတ်မှာအားကစားအင်္ကျီစပွန်ဆာပေးတဲ့နာမည်တွေကြည့်လိုက်
ပြန်ရင်လည်း..လောင်းကစားအဖွဲ့ တွေနာမည်တွေကြီးပဲ....
ဘုရား..ဘုရား...ဘုရား..ကြောက်တောင်လာပြီ....
ဒါတောင်..ကိုယ်မသိသေးတဲ့လုပ်ပွဲအကြောင်းတွေအများကြီးပဲနော်
လုပ်ပွဲတွေအများကြီးနော်..သတိသာထားကြပေတော့ဗျို့ ....
သတိသာထားကြပေတော့ဗျို့.....***

လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံး

လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံးပေါ့ ..
ကျွန်နော် ကတော့ နှစ်ခုစလုံးကြိုက်တယ်
HTC One ဆိုရင် သူ့ရဲ့ body design ကို တအားကြိုက်တယ် ... သူ့ရဲ့ body ကိုတည်ဆောက်ထားပုံလဲ မိုက်တယ်...
တစ်ခြားဖုန်းတွေ ထက် ဘော်ဒီက ထူပေမဲ့ အမြင်အရ ပါးတယ်လို့ ထင်ရအောင် လုပ်ထားတာကိုက တအားတော်တယ်
သူ့ရဲ Blink Feed features ကိုလဲ သဘောကျတယ်.. တစ်ခြားဖုန်းတွေမှာ မရှိသေးတဲ့ အပြင် တော်တော်လဲ အသုံးဝင်ပါတယ်..
သူ့ရဲ့ Sense UI ကိုလဲ သဘောကျပါတယ်.. HTC Phone ဆိုတာ ဒါမျိုးဆိုပြီ: ကွဲထွက်သွားစေတဲ့ UI ပါပဲ..
Galaxy S4 ကို တော့ သူရဲ့ features တွေ function တွေကို သဘောကျတယ်... Android phone ချင်းအတူတူ တောင်သူက တစ်ခြားဖုန်းတွေထက် features တွေ function တွေက ခေါင်းတစ်လုံးသာနေတယ်..
သူ့ရဲ့ Quick Galance features ဆိုရင် ကျန်တဲ့ phone တွေမှာ မမြင်ဖူးသေးဘူး တော်တော် လဲမိုက်ပါတယ်..
ပြီ:တော့ နောက်ထက် အသုံးဝင်တဲ့ features က Smart Scholl ပဲ PDF တစ်ခုဖြစ်ဖြစ်.. Website တစ်ခုဖြစ်ဖြစ် ဖတ်နေရင်:နဲ့ Scholl ဆွဲစရာရှိရင် ဖုန်းကိုင်ထားတဲ့လက်လေးကို နဲနဲလေးလှုပ်လိုက်ရုံနဲ့ Scholl ဆွဲပြီ:သားဖြစ်သွားပြီ ....
အဲ့ဒီ့ features ကတော့ တစ်ခြား phone တွေမှာ မပြောနဲ့ အဲ့ဒီ့ features လိုမျိုးဆင်တူ တောင် google play မှာ app မရှိသေးဘူး
ကျန်တဲ့ Smart Stay တို့ Smart Pause တို့ Air View တို့ Muiti_Window တို့ က တော့ တစ်ခါတစ်လေမှ သုံးဖြစ်တာပါ ဒါပေမဲ့ သုံးဖြစ်တိုင်းလဲ Innovative ဖြစ်တယ်ဆိုတဲ့အချက်ကို ခံစားရတယ်... :)
ပိုကောင်းလာတာကတော့ Camera App ပဲ .. phone camera က professional level ကို တက်မလာနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ကို Galaxy S4 မှာပါတဲ့ Camear App က ရိုက်ချိုးလိုက်ပါတယ်...
သူ့ရဲ့ camera app မှာပါတဲ့ Sense mode တွေနဲ့တင် တော်တော်လေးကို ရိုက်လို့ကောင်းနေပါပြီ...
နောက် features တစ်ခုဖြစ်တဲ့ Business card တို့ကို camera လေးနဲ့ scan ဖတ်ပြီ: contact ထဲ အော်တို add ပေးတဲ့ features ကိုလဲ ကြိုက်တယ်... တစ်ခါတစ်လေမှ သုံးဖြစ်တယ် ဆိုပေမဲ့ အသုံးဝင်တဲ့ features တစ်ခုပဲ..
နောက်ထပ်ကြိုက်တာ တစ်ခုက တော့ Wireless Charging technology ကို support ပေးတာပဲ.. HTC One က support လုပ်မလုပ်တော့ သေချာ မသိဘူး... Galaxy S4 ကတော့ support လုပ်တာ သေချာတယ် ...
ကျွန်နော့် လိုမျိုး ဖုန်းကို အပြင်က ပြန်လာရင် အားသွင်:ထားဖို့ မေ့တတ်တဲ့ လူမျိုးတွေ အတွတ်ကတော့ Wireless Charging Technology ဆိုတာတော်တော် လေးကောင်:တဲ့ features ပဲ...
အပြင်က ပြန်လာရင် charging pad ပေါ်ကို ဖုန်းလေး ပစ်တင်ထားရုံပဲ သူပါ့သာ သူအားသွင်:နေလိပ်မယ်...
Mordern phone ဆိုတဲ့ အရသာကို လိုချင်ရင် ဒီနှစ်ခုထဲက တစ်ခုခု ကို ရွေးပါလို့ တိုက်တွန်:ချင်တယ်..
ဖြစ်နိုင်မယ် ဆိုရင် HTC ရဲ့ Hardware Engineers တွေနဲ့ Samsung ရဲ့ SoftwareEngineer တွေပေါင်:ပြီ: ထုတ်တဲ့ phone လေးကိုတော့ ပိုပြီ: လိုချင်မိတယ် ... :P
One Galaxy ဆိုပြီး ခေါ်မလား မသိဘူး.. :P

ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ

Kyaw Ko Kyaw shared Myanmar Online News's photo.
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ
Saturday, June 29, 2013

အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။

ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။

ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။

နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။

----
Ref;Wiki
Freddy ( MM Social Sky )
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ
Saturday, June 29, 2013

အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။

ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။

ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။

နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။

----
Ref;Wiki
Freddy ( MM Social Sky )

မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ကြပါဦး။ ""33333 969""ကရသမျှကို လှူချင်လို့ပါ။ တဲ့ဗျာ

Aung Myin Lun and Than Naing Zaw shared သာသနာနွယ် သာသနာနွယ်'s photo.
မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့်
ကုသိုလ်ပါဝင်ကြပါဦး။
""33333 969""ကရသမျှကို လှူချင်လို့ပါ။
--------------------------------------
မိမိဒီနေ့မွေးနေ့လက်ဆောင်အဖြစ်၁၅၀၀တန်ဖုန်းကဒ်တစ်ကဒ်ရပါတယ်။
ဒကာလေးကဂဏန်းလေးတွေလှနေတာကြောင့
သုံးသိန်းနဲ့ဝယ်ပြီးလှူပေးတာပါ။
ဖုန်းနံပါတ်က-33333 969 ပါ
မိမိမှာလည်းဖုန်းရှိနေတာကြောင့်ဖုန်းနံပါတ်အသစ်ကိုမသုံးချင်ပါဘူ။
ဒါကြောင့်ဒီဖုန်းဆင်းကဒ်လေးကိုအမြင့်ဆုံးဈေးနှုန်းပေးတဲ့
ဗုဒ္ဓဘာသာလူမျိုးလက်ထဲကိုထည့်ပေးပါ့မယ်။
ရသမျှငွေကြေးအားလုံးကိုတစ်ပြားမကျန်ကင်းရွာဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းက ကလေးတွေပညာသင်စားရိတ်အတွက်လှူဒါန်းပေးသွားပါမယ်။
ဒါကြောင့်မိမိလိုချင်တဲ့ဈေးနှုန်းကို မိမိ Wall ထဲက
Comment Box ကနေ ၀င်ရောက်ပေးနိုင်ပါတယ်။
အမြင့်ဆုံးဈေးနှုန်းပေးပြီးပါကဖုန်း-33333 969
ကိုဆက်သွယ်နိုင်ပါတယ်။

Saturday, June 29, 2013

လူရွှင်တော် ကိုအရိုင်း ပေါင်အရင်းမှာ သွေးမလျောက်တော့လို့ အရိုးဆေးရုံ တင်လိုက်ရ

ဦးအရိုင်းအတွက် ဆုမွန်ကောင်းတောင်းပေးကြပါအုံးဗျာ
===============================

လူရွှင်တော် ကိုအရိုင်း ပေါင်အရင်းမှာ သွေးမလျောက်တော့လို့  မနေ့  ဇွန် ၂၇ ရက် ညက အရိုးဆေးရုံ တင်လိုက်ရပါတယ်။ အခု ICU ထဲ ရောက်နေပါပြီ။ အခြေအနေကိုတော့ ညနေဆို သိရမယ် ။ ခွဲစိတ်မှု အားလုံး အဆင်ပြေပါစေ။
ဓါတ်ပုံ - Ohn Thee

Credit To:DVB

ZinYawNews

နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မ ရှိသောလူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ



မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်  ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ပူပြင်းလှသော နေအပူရှိန်ကိုပင် သတိမပြုနိုင်ကြပဲ နတ်မောက်မြို့  နှင့် ခရီးမိုင် ၁၅ မိုင်ခန့်  ဝေးကွာသော ထုံးပေါက်ချိုင်း ကျေးရွာသို့  အရောက်သွားကာ မေးမြန်း လေ့လာသိရှိရသမျှ တင်ပြနိုင်ရေး အပြေးအလွှားကြိုး စားခဲ့ရသည်။

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦးသည် ထုံးပေါက်ချိုင်းရွာ ဇာတိဖြစ်ပြီး အသက်(၃၆)နှစ်၊ အဘဦးအောင်လှ၊ အမိဒေါ်မောက်တင်တို့ ၏ သားကြီးဖြစ်သည်။ မွေးချင်းလေးယောက်ရှိသော်လည်း အခြားသူများမှာ ပုံမှန်အနေအထားသာဖြစ်ပြီး ကိုဝင်းဇော်ဦး တစ်ယောက်သာလျှင် ထူးခြားစွာထွားကြိုင်းနေခြင်း ဖြစ်ကြောင်းတွေ့ ရသည်။

  ''ကျွန်တော်က (၈၈)မှာလေးတန်းနဲ့ ကျောင်းထွက်ပြီး မိဘတွေက အဆင်မပြေတော့ ၁၅နှစ်သားအရွယ်မှာပဲ ရန်ကုန်ကို အလုပ်လုပ်ထွက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ အဲဒီအချိန် အထိပုံမှန်ပဲ ရှိသေးတယ်။ ထူးခြားတာဆိုလို့  ကျွန်တော်က ဒိန်ချဉ်ကြိုက်တယ်၊ နွားနို့ အလွန်အကျွံသောက်တယ်။ ဒါလောက် တော့ရှိခဲ့တယ်။ အဲ ရန်ကုန်က အပြန်အသက်(၁၈)နှစ်လောက်မှာဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ တစတစနဲ့ တနှစ်နဲ့တနှစ် ခန္ဓာကိုယ်ကကြီးလာတာ အခု(၃၆)နှစ်အထိပဲ''ဟု ကိုဝင်းဇော်ဦးကပြောသည်။

''အရင်နှစ်က နတ်မောက်က ကျောင်းဆရာကြီး တိုင်းထားတာ ရှစ်ပေတစ်လက်မပဲရှိတာ။ အခုတိုင်းတော့ ရှစ်ပေလေး လက်မ ဆိုတော့ နှစ်နှစ်အတွင်းမှာ သုံးလက်မလောက်ထပ်တိုးလာတာပဲ။ သူကရှက်တတ်တယ်။ အစားအသောက်ကလည်း ပုံမှန်သူလိုကိုယ်လိုပါပဲ။ ကွမ်းယာတော့ သူကကြိုက်တယ်။ အဝတ်အစားကျတော့လည်း ပုဆိုးက ကွင်းကျဉ်းနေ တိုနေပေ မယ့်သူက ဖြစ်သလိုဝတ်တယ်။ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးတယ်။ အမေအို အဖေအို တွေနဲ့ နေရတာဆိုတော့ သူ့နောင်ရေးတွေးကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိတယ်''ဟုကျေးရွာအထောက်အကူပြု ကော်မတီဝင်တစ်ဦးကရှင်းပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ဒေါက်တာဇော်လင်းအောင် မကွေးမှာရှိစဉ်က စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြောင်း၊ မျက် စေ့ မှုံမှာတော့ စိုးရိမ်ကြောင်း၊ ကျန်သည့်ရောဂါလက္ခဏာမတွေ့ ရကြောင်း ရှင်ပြခဲ့သည်ဟုဆိုသည်။

အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရတာများသည့်အတွက် ခြေထောက်တွေကကြာရှည် မထောက်နိုင်တော့သည့်အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်၇သည့် ဒုက္ခကကြီးလာကြောင်း၊ ဘယ်ကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက စိတ်လိုလက်ရရှင်းပြသည်။

ကိုဝင်းဇော်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်လှက''ရွာထဲဟိုဟိုဒီဒီသွားတိုင်းစိတ်မချဘူး။ မတော်တဆလဲမှာကြောက်လို့ ပါ။ သူ့ခန္ခာကိုယ်ကြီးနဲ့ လဲလိုက်ရင်မလွယ်ဘူးလေ။ နောင်ရေးကိုတွေးပြီးတော့လည်းစိတ်ထဲမှာမကောင်းဘူး။ အခုဆို ခါးကကုန်းလာတာကို သတိထားမိတယ်။ ခန္ဒာကိုယ်ကြီးက ပုံမှန်မဟုတ်တော့စိုးရိမ်မိတယ်။ အခုဆိုရင်ဘာအလုပ်မှလည်း မလုပ်နိုင်တော့ သူ့နောင်ရေး ရင်လေးတာပေါ့''ဟုပူပန်စွာပြောပြသည်။

ကိုဝင်းဇော်ဦးမှာ အိမ်အောက်သို့ ဝင်လျှင်လည်း ခေါင်းငုံ့ဝင်ရပြီး အရပ် ငါးပေရှစ်လက်မရှိ ကိုဝင်းဇော်ဦးနှင့် ညီအစ်ကိုတော်သူမှ ကိုဝင်းဇော်ဦး၏ အရပ်ကို တိုင်းရန်အတွက် ခုံပေါ်သို့ တက်မှမှီသည်ကို ကြည့်ကာ အခြားသူများ ဝိုင်းပြီးရယ်ကြတော့ ကိုဝင်းဇော်ဦး မှာရှက်သလိုလိုဟန်ပန်ကို အတိုင်းသားမြင်ခဲ့ရသည်။ လူမသိ သေးသောကိုဝင်းဇော်ဦးတယောက် အကယ်၍များ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆိုလျှင်……---

ပေါ်ဦး(နတ်မောက်)
http://www.thithtoolwin.info/2013/06/blog-post_1444.html#.UcR1qy-3sm8

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌ နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့ ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
Views: 193

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ




မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။
စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

Credit: Myanmar News Update

မန်းလေးမြို့ချမ်းမြသာစည်မြိုနယ်ကန်သာယာရက်ကွက်မှဲပြည်တန်ဆာအိမ် ကြောင့် 10တန်းကျောင်းသူ တစ်ယောက်ကို ဘယ်ဈေးလဲ လိုက်အမေးခံရ


 https://www.facebook.com/yemyat.thu.925
ကျွန်တော်အကူညီတောင်းခံပါတယ်ကျွန်တော်တိုနေတဲရက်ကွက်ထဲမှာ
မီကောင်ဖခင်သမီးပျိုတွေအများကြီးရှိပါတယ်အဲဒါကျွန်တော်တိုရက်ကွက်ထဲ
မှာပြည်တန်ဆာအိမ်ရောက်လာပါတယ်တော်တော်ဆိုးပါတယ်ညဆိုလဲ
ဆိုင်ကယ်တွေနဲလာပြီးအော်ဟစ်ဆဲဆိုသွားပါတယ်ကျွန်တော်နေတာ
ကမန်းလေးမြို့ချမ်းမြသာစည်မြိုနယ်ကန်သာယာရက်ကွက်မှာနေ
တာပါအရင်ကအဲလိုမျိုးမရှိပါဘူးအခုမှရောက်လာတာပါတစ်ခါက
ဆိုကျွန်တော်ညီမလေး10တန်းညကျူရှင်ကပြန်လာတာဘယ်က
လူတွေများလဲမသိဘူးလိုက်ပြီးတော့ဘယ်လောက်ပေးရမလဲ
လိုမေးတယ်အဲဒါနဲကျွန်တော်မိဘတွေကစခန်းကိုသွားတိုင်
တာဘာမှလုပ်မပေးဘူးကျွန်တော်တို့ကဆင်ရဲတယ်လေ
အဲပြည်တန်ဆာအိမ်ကပိုက်ဆံပေးထားတာတဲကျွန်တောစုံစမ်း
တြာ
ပည်တန်ဆာအိမ်သူတိုရဲခေါင်းဆောင်ကတာတီးတဲ့သူများတွေပြော
တာကတော့ဦးတာတီးတဲအဲဒါဒုတ်ခရောက်နေပါတယ်ကျေးဇူးပြုပြီတော့
ကျွန်တော်ပိုတဲpostလေးကိုအထက်ကလူကြီးများသိအောင်လိုတင်ပြပေးပါ
မိကောင်းဖခင်သမီးပျိုများအတွက်ပါ
ကျေးဇူးပြုရ်ျ
ရက်ကွက်နေသူများအကြံပေးရ်ျခုလိုတောင်ခံအပ်ပါသည်
ye myat thu
ုပို့ပေးပါကျေးဇူပါအကို
ကွန်တော်မပို့တတ်လိုအကိုကူညီပါ

Thursday, June 27, 2013

ဂျက်စတင်ဘီဘာ လည်း Lamborghini Aventador စီး


............ပိုစ့်အစ..............
bieberFisker လျှပ်စစ်ကား တစ်စီးတည်းနဲ့ ဘီဘာတစ်ယောက် ကျေနပ်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း ခန့်မှန်း မိမှာပါပဲ။ မကြာသေးမီကပဲ ဂျက်စတင်ဘီဘာ တစ်ယောက် အသစ်တစ်စီး ဝယ်လိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၃ မော်ဒယ် Lamborghini Aventador ဖြစ်ပြီး ပေါက်ဈေး အမေရိကန်ဒေါ်လာ ၄ သန်းဝန်းကျင် ရှိပါတယ်။ အရင်ကားတုန်းကတော့ သူ့မန်နေဂျာ လက်ဆောင်ပေးပါတယ်။
ဒီတစ်ခါတော့ လက်ဆောင်ပဲရတာလား။ သူပဲပိုင်တာလားဆိုတာ ဘယ်သူမှ မသိပါဘူး။ အားလုံးကတော့ လက်ဆောင်ရထားတယ်လို့ ထင်နေကြပြီး ဘီဘာကတော့ Lambo နဲ့ ယခုလို ငြိမ့်နေပါတယ်။
--
celebrity car

ရိုးရာလေး

ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ

Wednesday, June 26, 2013
 ဖြိုချလိုက်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြီးအကြောင်း  ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၄ မှာ တမျက်နှာပြည့်ကြော်ငြာ တွေ့ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ရဲ့ ရှေ့နေ ၄ ဦးက ထည့်တဲ့ ကြော်ငြာပါ။

ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊ ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။

အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ်သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။

တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထားပြီးပြီလို့ ရေးထားတဲ့အပြင်
ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။

ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ ....  ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန်သမျှကို အရေးယူမယ် တဲ့။

အင်း ... တိုက်ပွဲကတော့ ပြင်းထန်လှတယ်လို့ ဆိုရပါမယ်။

ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။   မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ"
ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။

ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်  http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ?
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။
သို့တည်းမဟုတ်
တဘက်ဘက်က ရှုံးသွားမလား ??

လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့
သတင်းစာတွေပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။


ဆက်စပ် - မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်း တရားရုံးကို ဆက်မည်  http://burma.irrawaddy.org/archives/43058

(ဓာတ်ပုံ - ရွှေအမြုတေ)



.
http://burma.irrawaddy.org/archives/43058
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

အမေရိကန် တဒေါ်လာဈေး ကျပ် ၁၀၀၀ ကျော်ထိ မြင့်တက်

Wednesday, June 26, 2013
ရန်ကုန်မြို့က နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်မှာ အမေရိကန် ဒေါ်လာဝယ်ယူတာများလာတာကြောင့် ဒီကနေ့ မြန်မာငွေဈေးဟာ တဒေါ်လာ ကျပ် ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားပါတယ်။ 



ယခု နှစ်ဦးပိုင်းလောက်က ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၈၅၀ နဲ့ ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းက စပြီး ဒေါ်လာဈေးတက်သွာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်သွားခဲ့တာပါ။ 

အခု ဇွန်လကုန်ပိုင်းကျတော့ အမေရိကန် ဒေါ်လာ ၀ယ်စုတာတွေ များလာပြီး ဒီကနေ့မှာတော့ တဒေါ်လာ ကို ကျပ် ၁၀၀၀ ကျော်ထိ တက်သွားခဲ့တာပါ။ 

ဈေးတက်သွားတာကြောင့် လိုင်စင်ရ နိုင်ငံခြားငွေ လဲလှယ် တဲ့ လုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂလိက ဘဏ်တွေ လည်း ဒေါ်လာ အရောင်းအ၀ယ် ရပ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ငွေလဲနှုန်းမှာတော့ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်နေသေးပြီး ပုဂ္ဂလိကဘဏ်တွေက အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားပေမယ့် အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။ 

အပြင်ဈေးကွက်ပေါက်ဈေးကတော့ ၁၀၀၅ ကျပ် ထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၀ယ်လို့ မရအောင် ပြတ်သွားတယ် လို့လည်း ရန်ကုန် သတင်းတွေက ဆိုပါတယ်။ 

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိ တာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေလဲ ဒိုင်တဦးက ပြောပါတယ်။ 


ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက ဤနေရာမှာ (http://burma.irrawaddy.org/archives/43081 )လည်း ဖတ်နိုင်ပါပြီ။ 
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

(ခင်ပွန်းကြီး ၁၀ ပါးကန်တော့နည်း)








ဗုဒ္ဒါ ပစ္စေကဗုဒ္ဒေါစ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ ဓမ္မဒေသကာစ ဒါယကာ။
္မ္ကက္ကမေ တေစ မဟာဂုဏေ အဟံဝန္ဒာမိ သဗဒါ။
(ဗုတ်ဒါ ပစ်စေကဗုတ်ဒေါစ အရဟာ အက်ဂသာဝကာ
မာတာပိတု ဂုရုသတ်တာ ဓမ ဒေသကာစ ဒါယကာ
အိမေတေစ မဟာဂုဏေ အဟံဝနာမိ သတ်ဗဒါ)
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
၁။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
၂။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဒါအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
၃။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝကာ…
၎။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့  အပေါ်၌
၅။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
၆။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
၇။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
၈။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်တို့ အပေါ်၌
၉။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
၁၀။ထမင်းတစ်လုပ် ရေတစ်မှူတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌.......
ကာယကံ ၀စီကံ မနောကံ ၃ပါးသောကံတို့ ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ရှိခိုးပါ၏ ဘုရား..။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှူကံစေတနာတို့ ကြောင့်
အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြိးလျှင် မြတ်စွာဘုရားရှင်
ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗာန်သို့ ဝင်နှိင်သောကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား..။
လောကီမဂ်လာအဖြာဖြာတို့  သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား....။

Tuesday, June 25, 2013