This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 1, 2012

ကောင်းတဲ့စိတ်လေးတွေကိုမွေးကြပါ.....။

ကောင်းမွန်တဲ့စိတ်ထားနဲ့ ပတ်ဝန်းကျင်ကအရာတွေကို နှစ်သက်ပါ။
ရိုးသားတဲ့စိတ်နဲ့ လူတွေတိုင်းကို ဆက်ဆံပါ။
တာဝန်ယူတဲ့စိတ်နဲ့ အလုပ်တာဝန်တွေကို အကောင်းဆုံးလုပ်ပါ။
နိမ့်ချတဲ့စိတ်နဲ့ ကိုယ့်အမှားကို ဆန်းစစ်ပါ။
နှစ်လိုတဲ့စိတ်နဲ့ ပျော်ရွှင်ခြင်းတွေကို မျှဝေပါ။
ပေးကမ်းစွန်ကြဲတဲ့စိတ်နဲ့ အကူအညီလိုသူကို ကူညီဖေးမပါ။
မပြောင်းလဲတဲ့စိတ်နဲ့ စိတ်ကူးအိပ်မက်တွေကို ကြံ့ကြံ့ခံပါ။
ရင်ခွင်ကျယ်ကျယ်နဲ့ ကိုယ့်နံဘေးကလူတွေကို နားလည်သိတတ်ပါ။
ကျေးဇူးသိတတ်တဲ့စိတ်နဲ့ လက်ရှိပိုင်ဆိုင်တဲ့အရာတွေကို ကျေးဇူးတင်ပါ။
တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်နဲ့ ကောင်းမွန်တဲ့အတွေ့အကြုံ၊ အောင်မြင်မှုကို လက်ဆင့်ကမ်းပါ။
အငြိုးမထားတတ်တဲ့စိတ်နဲ့ ထိခိုက်နာကျင်စေတဲ့အရာတွေကို ရင်ဆိုင်ပါ။
သာမန်တဲ့စိတ်နဲ့ လက်တွေ့မှာ ဖြစ်ပျက်သမျှအကောင်းအဆိုးကို လက်ခံပါ။

ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်း ဓါတ်ပုံ ပြသမှု ပညာရှင် အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ

ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်း ဓါတ်ပုံ ပြသမှု ပညာရှင် အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ

381631လွှတ်တော် အတွင်း၌ ညစ်ညမ်း ဓါတ်ပုံကို Plasma ဖန်သားပြင်ပေါ်တွင် ပြသ ခဲ့ခြင်းနှင့် ပတ်သက်၍ CAT Telecom နှင့် ပါလီမန် အိမ်တော် IT ကျွှမ်းကျင် ပညာရှင်များ အဖွဲ့မှ ယမာန်နေ့က စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ညစ်ညမ်း ဓါတ်ပုံသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့၌ လွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ငါးစက္ကန့်ခန့် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး အိမ်တော် အရာရှိချုပ် Khamphi Ditthakorn က “မနေ့က ကျွန်တော်တို့ ကျွှမ်းကျင် ပညာရှင်အဖွဲ့ကို ဖိတ်ပြီးတော့ ဧပြီလ (၁၆) ရက်နေ့က လွှတ်တော်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ညစ်ညမ်းဓါတ်ပုံ ပြသမှုဖြစ်ရပ်ကို စစ်ဆေးမှုတွေ ပြုလုပ် စေခဲ့ပါတယ်။ စစ်ဆေး တွေ့ရှိချက် အရတော့ ဒီညစ်ညမ်း ဓါတ်ပုံဟာ လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်းက ထုတ်လွှင့်ခဲ့တာ မဟုတ်ဘူး ဆိုတာကို တွေ့ရတယ်” ဟု ပြောဆို သွားပါသည်။
ပညာရှင် အဖွဲ့များသည် လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်း၏ Smartphone နှင့် မိုဘိုင်းဖုန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ iPhone, Samsung Galaxy Notes, Samsung Galaxy Tabs နှင့် iPad များ အပါအဝင် Smartphone များနှင့် Tablets အများအပြားကို စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ တစ်နာရီကြာ နည်းပညာရပ်များ စစ်ဆေးမှုအပြီး၌ လွှတ်တော် စတီရီယိုခန်းများမှ အမှုထမ်းများမှ ပေးပို့ ထုတ်လွှင့်ခဲ့ခြင်း မဟုတ်ကြောင်း ပညာရှင်များအဖွဲ့မှ ကောက်ချက်ချခဲ့သည်။

ကျွှမ်းကျင် ပညာရှင် အဖွဲ့မှ ယမာန်နေ့က လွှတ်တော်အတွင်း
နည်းပညာ စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
ပညာရှင်များအဖွဲ့မှ Samsung Galaxy Notes နှင့် Samsung Galaxy Tabs အမျိုးအစား နှစ်မျိုးသာလျှင် “All Share” ပရိုဂရာမ်ကို အသုံးပြုကာ ဒေတာ ပေးပို့မှုများကို Password မလိုအပ်ပဲ ပေးပို့နိုင်ကြောင်း တွေ့ရှိခဲ့သည်။ Samsung Devices ၏ ဒေတာ ထုတ်လွှင့်မှု signals များကို စစ်ဆေးအပြီး၌ ပညာရှင်အဖွဲ့မှ ထိုသို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။
သို့သော် ထိုညစ်ညမ်း ဓါတ်ပုံအား Wi-Fi system ဖြင့် ပေးပို့ကာ လွှတ်တော်ရှိ Plasma ဖန်သားပြင်ပေါ်တွင် ပြသခဲ့သူ၏ ဖုန်းနံပါတ်ကိုမူ မစစ်ဆေး နိုင်သေးကြောင်း သိရှိရပါသည်။ ထိုသို့ သဲလွန်စ ရပြီးနောက် ဖုန်းနံပါတ်နှင့် ပိုင်ရှင်ကို တစ်ရက်အတွင်း သိရှိနိုင်မည် ဖြစ်ကြောင်း ပညာရှင် အဖွဲ့မှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုညစ်ညမ်းဓါတ်ပုံ ပေးပို့ပြသခဲ့ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်ပါတီ၏ လက်ချက် ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြသည်။

လက်သည်အဖြစ် ထင်ကြေးပေးခံရသူ ဒီမိုကရက်တစ် ပါတီ၏ ဗန်ကောက် အမတ်
မစ္စတာ Nat Bantadtan အား ညစ်ညမ်းပုံ ကြည့်နေစဉ် မှတ်တမ်း တင်ထားပုံ
(ဓါတ်ပုံ - အင်တာနက်)
ထိုကိစ္စနှင့် ပတ်သက်၍ အတိုက်အခံပါတီ ခေါင်းဆောင် မစ္စတာ အဖိဇစ် ဝေ့ချာချီဝမှ “ ကျွန်တော်တို့ပါတီအနေနဲ့ ကျွန်တော်တို့ရဲ့ ဗန်ကောက်မြို့တော် အမတ်ဖြစ်တဲ့ Nat Bantadtan ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကြိုဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင် ဖို့လည်း ဗန်ကောက်မြို့တော် အမတ်ကို ကျွန်တော် ပြောထားပြီးပါပြီ။ အကယ်၍ သူလက်ချက် ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြသနိုင်ရင် ကျွှန်တော်တို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူရပါလိမ့်မယ်” ဟု ပြောဆိုသွားခဲ့ပါသည်။
ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့်နေ့၍ မစ္စတာ Nat သည် မိမိ၏ ဖုန်းပေါ်၌ ညစ်ညမ်း ဓါတ်ပုံများကို ကြည့်ရှူ့နေသည်ကို အမည်မဖော်လိုသည့် ဓါတ်ပုံသတင်းထောက် တစ်ဦးက ဓါတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ဖန်သားပြင်ပေါ်၍ ပေါ်ခဲ့သည့် ညစ်ညမ်း ဓါတ်ပုံမှာ တစ်ဝက်ခန့် ဝတ်လစ်စလစ် မိန်းမပျို တစ်ဦးပုံဖြစ်၍ ထိုအဖြစ်အပျက်ကြောင့် လွှတ်တော် အမတ်များ အံ့အားသင့်ခဲ့ကြပြီး လွှတ်တော် တွင်း၌ အကြီးအကျယ် ဂယက်ရိုက်ခတ်မှု ခံခဲ့ရကြောင်း သိရှိရပါသည်။
ရွှေဟင်္သာသတင်းဌာန

ဗြိတိန်၏ အလှဆုံး မျက်နှာ ပိုင်ရှင်..............

ငါးအလှ မွေးဆိုင် မှာ အချိန် ပိုင်း အလုပ် လုပ်သူ အသက် ၁၈ နှစ် အရွယ် ကျောင်းသူ လေး တစ်ယောက် ဟာ ဗြိတိန်နိုင်ငံ ၏ အလှပ ဆုံးမျက်နှာ ပိုင်ရှင်အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ ကန့်မြို့ မှ Florence Colgate အမည်ရှိ ကျောင်းသူ လေးမှာသင်္ချာပညာအရ(Mathematically) ပြီးပြည့်စုံသော ရုပ်ရည်ရှိတယ်လို့သိပ္ပံပညာရှင်များက ပြောဆိုကြပါတယ်။ ဆယ်ကျော်သက်လေးရဲ့ မျက်နှာဟာ အလွန်အချိုး ကျပြီး သူမရဲ့ပါးစပ်၊ မျက်လုံး၊ မေးရိုး၊ နဖူးတို့ဟာ အချိုး အစားကျနစွာ တည်ရှိနေကြပါတယ်။ Florence ဟာ Lorraine Cosmetics မှ ကျင်းပ ပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။ သူမမှာ ကြီးမားဝိုင်းစက်တဲ့ မျက်လုံးများ၊ ပါးရိုးမြင့်မြင့်၊ နှုတ်ခမ်းဖူးဖူးလေးတွေရှိတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ အထက်ပါပြိုင်ပွဲဟာ မိတ်ကပ် လုံးဝခြယ်သခြင်းမပြုရဘဲ ပင်ကိုယ်အလှကိုသာ ရှာဖွေ ရွေးချယ်တဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။ Plastic Surgery ပြုလုပ်ခံယူထားသူများဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း သရိ ရှိ ပါတယ။်

ဒီလိုလူစား မကြီးပွား

ဒီလိုလူစား မကြီးပွား

ဆာလွန်တယ်ဟ စားဦးမှ၊
စားပြီးဗိုက်လေး မလုပ်သေး၊
နေပူတယ်ဟ နားဦးမှ၊
မိုးအေးတယ်ဟ ကွေးဦးမှ၊
မိုးချုပ်တယ်ဟ ပြန်ဦးမှ၊
ဒီလိုလူစား မကြီးပွား။

လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊


လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊

ပျင်းရိခြင်းလည်းကောင်း၊ မေ့လျှော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊
မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ အလုပ်၌ မမွေ့လျှော်ခြင်း
လည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်းခပ်သိမ်းပိတ်ဆို့ရာ၏။
အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊
အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏။
ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၏။
ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။

ဇာတ်တူသားစားတဲ့မြွေ

Inbox
x

လင်းဇော်ထက်
10:01 PM (1 hour ago)

to mrsorcerer

ဇာတ်တူသားစားတဲ့မြွေ

ငယ်ငယ်က မြွေတွေက အခြားမြွေတကောင်ဆီမှာ အစားခံဖိုလာတယ်ဆိုတာကို ပုံပြင်မှတ်နေတာ
ဇာတ်တူသားစားတဲ့ မြွေတမျိုးပါပဲ king corba ပါ
ဘယ်လိုဖမ်းယူသလဲ သို့မဟုတ် ဘာကြောင့်လာအစားခံခံလဲ ဆိုတာမတွေးတတ်အောင်ပါပဲ
မြန်မာနိုင်ငံမှာရှိတဲ ငန်းတော်ကျား လဲ အဲလိုစားတယ်လို့ ပြောကျပါတယ်
နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် မျိုနိုင်ခဲ့ပါတယ်
ဒီလိုကြီးသူက ငယ်သူကို အနိုင်ကျင့်တိုက်ခိုက်ပြီး

ဒီလိုအောင်ပွဲခံ စားသုံးတာလား
http://wwwlinnzawhtike.blogspot.com/

ABသွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း


သွေးအုပ်စု - O
၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။
ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။
အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။
ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။
အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။
အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။
ခြုံပြီးကြည့်ရင်တော့ ...
အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။
ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။
သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။
*
သွေးအုပ်စု - A
၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။
၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။
၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။
ထို့ထက်ပို၍ဆိုရလျှင် ...
အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။
တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။
တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။
ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။
တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...
အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။
ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။
ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။
ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
*

သွေးအုပ်စု - B
၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
၂။ တရားမျှတမှုကို လိုလားသည်။
၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
၎။ အစားအသောက် ဇီဇာမကြောင်တတ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။

ထိုထက်ပို၍ဆိုရလျှင် ...
ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။
ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။

ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...
ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့
သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့
အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။
မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။
လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။
သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။

ခေတ်သစ် လူသား များ ဖြစ်တဲ့ - AB
၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။
ထိုထက်ပို၍ဆိုရလျှင် ...

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။
လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။
ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...
သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။
ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။
ကဲ.... ဘယ်သွေးအမျီုးအစားနဲ့ ဘယ်လိုလူတွေက ကိုယ်နဲ့ တိုင်ဆိုင်မှု့အပြည့်ရှိလား စမ်းစစ်ကြည့်ကြပါ နော်ညီအကိုမောင်နှမများ.....။
http://luckymyotaw.wall.fm/forum/20  (ဗေဒင်ကဏ္ဍ)

ရယ်ရွှင်မြူးမယ့်ကျေးလက်ရွာ > စိတ်ညစ်နေရင် ဖတ်ကြည့်လိုက်နော်......:P

(၁)
"ရဲဘော်တို့ အားလုံးသတိ"

ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။

"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"

"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"


(၂)
မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။

ဆရာဝန် "ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"

ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။

"ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်"
(၃)
ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်လေလည်တယ်။ ဒါကို လှလှပပပြင်ထားတဲ့ မိန်းကလေးတစ်ယောက်က
အနံ့ဆိုးရလို့ တံတွေးတပျစ်ပျစ်ထွေးတယ်။ ဒါကို ဘေးမှာရပ်နေတဲ့လူကမြင်တော့ ပြောလိုက်တယ်။

"အီးအီးစားပြီး အခွံထွေးထုတ်နေတာလား?"

(၄)
တစ်နေ့မှာ "ဝ"နဲ့ "8" လမ်းမှာဆုံကြတယ်။ "8" ကိုတွေ့တော့ "ဝ"ကပြောလိုက်တယ်။

"ဟင်း.......ဝတယ်ဆိုလဲ ဝတာပေါ့. ခါးမှာ ခါးပတ်ပတ်ထားစရာမလိုပါဘူး"


(၅)
ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်သည်တစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့လူတစ်ယောက်
ကို လှမ်းပြောတယ်။

"ကျွန်မမှာ ကိုယ်ဝန်ရှိတာ ရှင်မသိဘူးလား"

ကိုယ်ဝန်သည်ရဲ့စကားကိုကြားတော့ အဲဒီလူမှာ ပျာပျာသလဲပြောရှာတယ်။

"ကျွန်.. ကျွန်တော် ကလေးအဖေ မဟုတ်ရပါဘူးနော်"(၆)
လူတစ်ယောက် ရုံးတစ်ရုံးထဲ ဒေါသတကြီးဝင်သွားပြီး မေးတယ်။

"ဒါ... တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးရုံးလား?"

"ဟုတ်တယ်.. ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်သလဲ ပြောပါ..."(၇)
အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း အင်္ကျီပင့်ပြီး ကလေးကိုနို့တိုက်တယ်။ အဲဒီမှာ ဝန်ထမ်းတစ်ယောက်က နံရံပေါ်ကပ်ထားတဲ့ စာကိုထိုးပြပြီး ပြောတယ်။

"ဆောရီး...... ဒီဆိုင်က အပြင်စာ ယူဝင်ခွင့်မရှိဘူးခင်ဗျား
"၈)
အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။
ပထမအမူးသမား "တောက်....... ဒီလှေကားက တက်လို့မကုန်နိုင်ပါလား"
ဒုတိယအမူးသမား "အေးလေ... လက်ရန်းကလည်း နိမ့်လိုက်တာ"
(၉)
ဒဿနိကဗေဒပါမောက္ခ "လူတုံး၊ လူအတစ်ယောက်မေးတဲ့မေးခွန်းက လူတော်လူထက် (၁ဝ)ယောက်တောင် မဖြေနိုင်ဘူး"

ကျောင်းသား.... "အော်.. ဒါကြောင့် စာမေးပွဲဖြေတိုင်း ငါမဖြေနိုင်တာကိုး"(၁ဝ)
သား... "ဖေဖေ... ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?"

အဖေ......"အင်း... ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်းမ

မရှိစေချင်လို့ နေမှာပေါ့" --(from   theinwin)








google, yahoo, စသော search Engine များကို ထိရောက်စွာသုံးနည်း..

Posted: 30 Apr 2012 11:08 PM PDT
ကျွန်တော်တို့ Search Engine များဖြစ်ကြတဲ့ Google,Yahoo,MSN တို့ကို ကောင်းမွန်စွာ မိမိလိုချင်သိချင်တဲ့ အကြောင်းအရာများကို ရှာဖွေတက်ပြီလား..။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့်တစ်နည်း မဟုတ် တစ်နည်းကွန်ပျူတာ ဆိုင်ရာပြသာများနှင့် ကြုံတွေ့ကြရာဝယ်   ဖြေရှင်းနိုင်ဖို့ နည်းနာ နိသာယများ၊နောက်ဆုံးပေါ် software products များ၊ဗိုင်းရပ်နှင့် ပတ်သက်သော အကြောင်းအရာများသတင်း အချက်အလက် များကို  ရှာဖွေဖို့လိုအပ်လာပါပြီ သင် မည်သည်နည်းနှင့် သင်လိုချင်သော အရာများ အခက်အခဲ များကို ဖြေရှင်းခဲ့ပါသလဲ ....


နည်းပညာဆိုင်ရာ မြန်မာဖိုရမ်များ၊ဘလော့များတွင် သွားရောက်မေးမြန်း ခဲ့တာ လား?
နီးစပ်ရာ ကျွမ်းကျင်သူများမှ အကူအညီတောင်းခံ ဖြေရှင်းခဲ့တာလား ?
ဒါမှ မဟုတ် သင်ကိုယ်တိုင် သင့်ပြဿနာ လိုအပ်ချက်များကို ရှာဖွေ ဖြေရှင်းနိုင်ခဲ့တာလား နောက်ဆုံးမေးမြန်းချင်တာ တစ်ခုက သင် Search Engine များကို ထိရောက်စွာအသုံးပြုတက်ပြီလားဆို
တာပါပဲ အောက်ဖော်ပြ အချက်အလက်များက တော့ အင်တာနက်မှ လိုချင်တဲ့ Informations များ ကို ပိုမိုတိကျ ကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း(+) ၊ အနှုတ်(-)၊လက္ခဏာများဖြင့် တွဲဖက်အသုံးပြုပုံ တွေဖြစ်ပါတယ်...။
Search Engine အပေါ်လိုက်ပြီး အနည်းငယ် ကွဲပြားမှု့ ရှိနိုင်ပေမဲ့ Search Engine အများစုမှာ သုံးနိုင်တဲ့ အခြေခံ အကျဆုံး tip များပဲဖြစ်ပါတယ်

Tip1) "1" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်
ဒါမှသာ မလိုအပ်ပဲ Related index များကို ရှာဖွေခြင်းမှ ရှောင်ရှားနိုင်ပြီး page index အားလုံးမှာ
မိမိသတ်မှတ်ပေးထားတဲ့ Keyword ပါကို ပါရမည်ဟု စေခိုင်းလိုက်ခြင်းဖြစ်ပါတယ်
ဥပမာ - +ဖန်ခါးမြေ+ကိုဖြိုးငြိမ်း

(သတိထားရမှာကတော့ + နှင့် keyword ကြားတွင် space bar မခြားရပါ)
ဒါဆိုရင် ရရှိလာတဲ့ webpage စာမျက်နှာတိုင်းမှာ ဖန်ခါးမြေ၊ကိုဖြိုးငြိမ်း ဆိုတဲ့ စကားလုံးနှစ်လုံး ပါဝင်
လာမှာဖြစ်ပါတယ်


Tip2)"-" အင်တာနက်မှ ရှာဖွေရာတွင် တစ်ခါတစ်ရံမှာ မိမိ ရှာဖွေသော အကြောင်းအရာနှင့် တိုက်ဆိုင်
ဆီလျှော်ခြင်းမရှိသော အကြောင်းအရာများ ကန့်လန့် ကန့်လန့် ပါဝင်နေလေ့ရှိပါတယ် မြန်မာဘာသာ
စကားနှင့် ရှာဖွေရာတွင် ပိုမိုသိသာစွာ ကြုံတွေ့ရတာကို တွေ့ရပါတယ် "-"ကိုတော့ ကိုယ်မလိုချင်တဲ့
keyword ပါတဲ့ webpage များကို ချန်လှပ်ခဲ့ဖို့ ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်

ဥပမာ - -ကိုဖြိုးငြိမ်း+ဖန်ခါးမြေ

Result အဖြစ် SEO မှရှာဖွေပေးလိုက်သော web page စာမျက်နှာတိုင်းတွင် ကိုဖြိုးငြိမ်း ဆိုသော
စကားလုံး လုံးဝ ပါဝင်မှာမဟုတ်ပါဘူး

Tip3) keyword တစ်ခုတည်းသာ မဟုတ်ပဲ phrase စကားစု၊အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာ
double quotation " " ကိုအသုံးပြုရပါတယ် ဒါမှသာ SEO မှာ သတ်မှတ်ထားတဲ့ စကားစု ပါဝင်တဲ့
web page များကိုသာလျှင် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်
ဥပမာ- " somebody dream about you every single night"

result အနေနဲ့ ကတော့ " somebody dream's about you every single night" ပါရှိတဲ့ webpage
များကိုသာ ဖော်ပြပေးပါလိမ့်မယ်

Tip 4) Tilde(~) ဆိုတဲ့ သင်္ကေတ ဟာ သင်္ချာဘာသာရပ်မှာ အနီးစပ်ဆုံး approximately ဆိုတဲ့
သဘောဆောင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ် ဒီ operator ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့
အကြောင်းအရာတစ်ခုနှင့် ဆက်နွယ်သော web page မှန်သမျှကို ရှာဖွေချင်တဲ့အခါတွင် အသုံးပြုနိုင်
ပါသည်

ဥပမာ computer~hacks
ဟုရှာဖွေလျှင် hack နှင့်ဆင်တူ ဆက်နွယ်သော web page စာမျက်နှာများကို ဖော်ပြပေးပါလိမ့်မယ်


Tip 5) စကားစု(phrase) များနှင့် စကားလုံးများကို တွဲဖက်အသုံးပြုလိုတဲ့ အခါမှာတော့ +,-" " သင်္ကေတ ပုံစံဖြင့် ရှာဖွေနိုင်ပါတယ်
ဥပမာ- +"The others"+ house-ghost
ဒါဆိုရင်တော့ Search Engine ကို The others ဆိုတဲ့ စကားစုပါရမယ် house ဆိုတဲ့ စကားလုံးလဲ
ပါရမယ် ghost ဆိုတဲ့ စကားလုံးမပါဝင်တဲ့ webpage များကို ရွေးချယ်ရှာဖွေ ခိုင်းလိုက်တာပဲ ဖြစ်ပါ တယ်


Tip 6)အင်တာနက်တွင် ရှာဖွေရာတွင် stop words လို့ခေါ်တဲ့ a,an,by,the,be အစရှိသော စကားလုံးများ
ဟာ အင်္ဂလိပ်စာတွင် မကြာခဏအသုံးပြုလေ့ ရှိတဲ့အတွက် ဒီစကားလုံးများကို ထည့်သွင်းရှာဖွေခြင်းဖြင့် ထိ ရောက် မှု့ မရှိတဲ့အပြင် ရှာဖွေမှု့ အချိန်ကို ပိုမိုကြန့်ကြာစေပါတယ် ဥပမာ အားဖြင့် the personal firewall ဟုထည့်သွင်းရှာဖွေလိုက်တဲ့ အခါမှာ "the" ဟာ web page တိုင်းတွင်ပါဝင် နိုင်သော စကားလုံးဖြစ်တဲ့ အတွက် ရှာဖွေချိန်ကို မလိုအပ်ပဲ ကြာမြင့်စေပါတယ် ဒီတော့ stop words ကို ရှာဖွေရာတွင် အသုံးမပြုပဲ ဖယ်ထားသင့်ပါတယ်

Tip 7)လိုအပ်တဲ့ အကြောင်းအရာများကို အင်တာနက်ပေါ်တွင် ရှာဖွေတဲ့ အခါမှာ မိမိလိုချင်တဲ့ file type
အမျိုးအစားကို "filetype:" ဆိုတဲ့ syntax အသုံးပြုပြီး တစ်ခါတည်း သတ်မှတ်ရှာဖွေ ခိုင်းနိုင်ပါတယ်
ဥပမာ - "Search Engine"filetype:pdf

Tip 8)ကိုင်ပိုင် ၀က်ဆိုဒ်၊ဘလော့ ရှိသူများအနေဖြင့် မိမိ ဆိုဒ်အား မည်သည့် ဆိုဒ် ဘလော့မှ လင့်
ထားသလဲ သိလိုလျှင် link: ဆိုတဲ့ syntax ကိုအသုံးပြုနိင်ပါတယ်
ဥပမာ-link:www.fankharmyay.co.cc

Tip 9) word,term or phrase တစ်ခုခုရဲ့ means ကိုသိလိုတဲ့ အခါမှာ "define:" ဆိုတဲ့ syntax
ကိုအသုံးပြုပြီး ရှာဖွေနိင်ပါတယ်
ဥပမာ- define:NASA
result အနေနဲ့ကတော့ NASA ရဲ့ means "National Aeronautics and Space Administration"
အပြင် NASA ဆိုတဲ့ စကားလုံးနှင့် ပက်သက်ဆက်နွယ်သော အကြောင်းအရာများ သမိုင်းကြောင်းများ
ကိုပါ ရှာဖွေပေးပါလိမ့်မယ်

Tip 10)ebook များ၊software များ ၊mp3 သီချင်းများ ကို ဒေါင်းလုပ်ချရန် ရှာဖွေရာတွင်
Index of/SEO/books ဆိုတဲ့ syntax ပုံစံအတိုင်းရှာဖွေနိုင်ပါတယ်

Tip 11) အင်တာနက်မှ မိမိ နှစ်သက်သဘောကျတဲ့ song lyric များကို အောက်ပါ operator ကို
အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်
ဥပမာ - “Friday I am in love” lyrics

အခြား အသုံးပြုနိုင်တဲ့ Advanced Operators များကတော့...
" cache:",
" related:" ,
" info:" ,
" stocks:" ,
" site:" ,
" allintitle: " ,
" intitle:" ,
" allinurl:" ,
" inurl:" ,
" safesearch:" စသည်တို့ ဖြစ်ကြပါတယ်..။

 FWD Mail from boyboylay1992@gmail.com

E-Kiss, အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာ

Posted: 01 May 2012 03:04 AM PDT
အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင်ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ 

အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။

အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ချိတ်ဆက်ပြီးလျှင် ပါးစပ်အတွင်း ငုံထားသော အဆိုပါ ကော်ချောင်းငယ်ကို တစ်ဦးက လျှာဖြင့် တို့ထိ လှည့်ပတ်လျှင် တစ်ဖက်လူ၏ ပါးစပ်အတွင်းရှိ ကော်ချောင်းလေးကလည်း တူညီသော ပုံစံဖြင့် လှုပ်ရှားလည်ပတ်မည် ဖြစ်ပြီး အနမ်းနှင့် အနီးစပ်ဆုံး တူသော ခံစားမှုကို အပြန်အလှန် ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ တီထွင်မှုသည် လူလူချင်း အပြည့်အ၀ ထိတွေ့မှု ရှိသော အင်တာနက်အတွေ့အကြုံ (full person-to-person web experience) များ၏ ပထမ အစဦးဖြစ်ကြောင်း၊ လူကြိုက်အထူးများသော ကျော်ကြားသူများ (ဥပမာ ဂျတ်စတင်ဘီဘာ) ၏ အနမ်းကို သူ၏ ချစ်ပရိသတ်များအတွက် မှတ်တမ်းတင်ထားကာ ဖြန့်ဝေပေးနိုင်မည် ဖြစ်သလို ဝေးကွာနေသော ချစ်သူစုံတွဲများအတွက် အလွမ်းပြေ အတွေ့အကြုံ ပေးနိုင်မည်ဖြစ်သောကြောင့် တစ်ကမ္ဘာလုံး လူကြိုက်များကြမည်ဟု မျှော်လင့်ထားကြောင်း တီထွင်သူ ကျောင်းသား နိုဘူဟီရို တာကာဟရှိက ပြောပြခဲ့သည်။

လက်ရှိ၌ You Tube ဗီဒီယိုဝက်ဘ်ဆိုက်ပေါ်၌ ၄င်းကိုယ်တိုင် သရုပ်ပြရိုက်ကူးထားသော အနမ်းပို့လွှတ်ခြင်းကိရိယာ အသုံးပြုခြင်း ဗီဒီယိုဖိုင်မှာ လူကြိုက်များ နေကြောင်း အင်တာနက်သတင်းများ အရ သိရသည်။ ၄င်း၏ တီထွင်မှုကြောင့် မကြာခင် ကမ္ဘာတစ်လွှားတွင် e-kiss ဟူသောစကား ခေတ်စားလာဖွယ် ရှိလေသည်။



 FWD Mail

ပုံပြင်ထဲက သင်ခန်းစာများ


                   အားလုံးပဲ မင်္ဂလာပါဗျာ . . .။ ပုံပြင်ထဲက သင်ခန်းစာများဆိုတဲ့အတိုင်း ကျွန်တော်က ဇာတ်လမ်းတိုလေးတွေကိုပဲရေးသားဖော်ပြပေးမှာဖြစ်ပြီး ဒီစာဖတ်သူ သူငယ်ချင်းကတော့ မိမိဘာသာပဲ သင်ခန်းစာယူရမှာပဲဖြစ်ပါတယ်။ ပုံပြင်လို့သာ ရေးထားပေမယ့် တကယ့်အဖြစ်အပျက်လေးတွေကို အခြေခံပြီးရေးထားတာပဲဖြစ်ပါတယ်ဗျာ . . .။
ပုံပြင်(၁)
           တစ်ခါက သူခိုးတစ်ယောက်ဟာ သူ့တစ်ပါးပစ္စည်းဆို တန်ဖိုးမရှိတာက အစလိုက်ပြီးခိုးနေခဲ့ပါသတဲ့။ နောက်ပိုင်းမှာ သူဟာ သူ့ရဲ့ ခိုးမှုတွေအပေါ်မှာ သံသယဖြစ်လာပြီးနောက်ပိုင်းမှာ သူဟာ သူ့ရဲ့ခိုးမှုအလုပ်ကို စွန့်လွတ်ပြီး သမာအာဇီဝကျတဲ့ အလုပ်ကိုပဲ လုပ်တော့မယ်လို့ စိတ်ကူးခဲ့ပါတယ်။
          နောက်ပိုင်းမှာ သူဟာ သူခိုးအလုပ်ကို စွန့်ပြီး သမာအာဇီဝ ကျမယ်ထင်တဲ့ အလုပ်တစ်ခုကို ရွေးချယ်လုပ်လိုက်ပါတော့တယ်။ သူလုပ်တဲ့ အလုပ်ကတော့ တံငါသည်အလုပ်တဲ့။ သေလုမျောပါးငါးလေးတွေက သူ့ရဲ့ ကွန်ထဲမှာ ဖျတ်ဖျတ်လူးလျက် . . . .။
ပုံပြင်(၂)
         အိမ်တစ်အိမ်မှာ ကလေးငယ်လေးတစ်ယောက်ဟာဘုရားစင်ရှေ့မှာ ဘုရားရှိခိုးနေပါသတဲ့။ ဘုရားစင်ရှေ့မှာတော့ ထန်လျက်ခဲတစ်လုံးနဲ့၊ ထမင်းပုံလေးတစ်ပုံ ဆွမ်းတော်တင်ထားသည်။

          ကလေးငယ်ရဲ့ ဘုရားရှိခိုးသံက ကျယ်လောင်စွာထွက်ပေါ်နေသည်။
          "သူရာမေရယ ဝေဒါမဏိသိက္ခာပဒံ သမာဒိယာမိ" (ဘုရားမနှစ်သက်သော အပြုအမူဖြစ်သည့် မူးယစ်တတ်သော အရာသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ၏ ။ )
            ဘေးအိမ်တွင်တော့ နတ်ကနားပွဲကျင်းပနေသည်။ နတ်ကနားပွဲတွင်တော့ ကြက်ကြော်များ စသည့် ဖွယ်ဖွယ်ရာရာများကို နတ်စာတင်ထား၏ ။ ဖွင့်ထားသော သီချင်းကား -
           "မူးလည်းမူးတယ် .၊ ထူးလည်းထူးတယ်၊ တို့ကိုကြီးကျော် . ."
ပုံပြင်(၃)
         တော်သလင်းလဖြစ်သဖြင့် ခွေးများမိတ်လိုက်နေကြသည်။ ခွေးများသည် သူတို့မျိုးဆက်ပြန့်ပွားရေားအတွက်သာ တော်သလင်းလတစ်လတည်းတွင်သာ မိတ်လိုက်ကြသည်။

         လူသားတို့သည်ကား . . . .။
ပုံပြင်(၄)
          ဈေးတစ်ခုတွင်ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်ပုံများ၊ ခရစ်ယာန်တို့အထွတ်အမြတ်ထားရာ လက်ဝါးကပ်တိုင်ပုံများ၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အလ္လာရှင်မြတ်၏ ဆုံးမစာတမ်းများကို မြေကြီးပေါ်တွင် ချ၍ရောင်းချနေကြသည်။
         လူအများက ထိုနေရာမှ ဖြတ်သန်းသွားလာနေကြရာ လူတို့၏ခြေမှထွက်သော ခြေမှုန့်များ၊ ဖုန်ထ၍ထွက်လာသော အောက်မှ မြေမှုန်များက ထိုအရာများပေါ်သို့ . . . .။
ပုံပြင်(၅)
          မြန်မာနိုင်ငံတော် . . . ။
          ကျောင်းတစ်ခုရှိ ခုံရှည်တစ်ခုတွင် ကလေးနှစ်ယောက်ထိုင်နေကြသည်။ ကလေးတစ်ယောက်မှာ သံလိုက်အကြောင်းကို ကျယ်လောင်စွာ စာအော်ကျက်နေလေသည်။

          နောက်တစ်ယောက်မှာ စာအုပ်ကိုကြည့်ကာ သူ့တွင်ပါလာသော သံလိုက်တုံးလေးနှင့် ဆော့ကစားကြည့်နေလေသည်။
          စာမေးပွဲဖြေသောအခါ ဆော့နေသော သံလိုက်တုံးလေးနှင့် စမ်းသပ်နေသော ကျောင်းသားမှာ စာမေးပွဲကျသွားပြီး ကျက်နေသောကျောင်းသားမှာ သံလိုက်ဆိုတာ ဘာမှန်းကို မသိဘဲ စာမေးပွဲအောင်သွားလေသည်။

           အခြားနိုင်ငံ . . . .။
           ကျောင်းတစ်ခုရှိခုံတန်းတစ်ခုတွင် ကလေးနှစ်ယောက်ထိုင်ကာ အထက်ပါအတိုင်းပြုလုပ်နေကြသည်။.
           တကယ်စာမေးပွဲဖြေသောအခါ စာကျက်နေသော ကလေးမှာ စာမေးပွဲကို အောင်ရုံသာအောင်ပြီး သံလိုက်လေးနှင့် စာအုပ်ထဲကအတိုင်း စမ်းသပ်ကြည့်နေသော ကလေးမှာ စာမေးပွဲမှာ ထူးထူးချွန်ချွန်နှင့်အောင်မြင်သွားခဲ့လေသည်။
             ကျွန်တော် တွေ့ခဲ့သမျှအကြောင်းအရာအချို့ကို ပုံပြင်အနေနဲ့ ရေးသားပေးခဲ့ခြင်းပဲဖြစ်ပါတယ်ဗျာ . . .။ သူငယ်ချင်းများအားလုံးလဲ ဒီပုံပြင်လေးတွေဖတ်ပြီးတော့ သင်ခန်းစာလေးတွေ မိမိဘာသာသိရှိနိုင်လိမ့်မယ်လို့မျော်လင့်ပါတယ်ဗျာ . . .။ နောက်ထပ်ပုံပြင်လေးတွေ လုပ်ကြည့်လို့ရသေးရင် ဆက်လက်ဖော်ပြပေးပါဦးမယ်ဗျာ . . .။

အားလုံး  အသိဥာဏ်ပညာကြွယ်ဝနိုင်ကြပါစေဗျာ . . .
ကြယ်စင်ချစ်သူ

☆☆☆သီချင်းဖွင့်လိုက်ရင်desktopပေါ်မှာစာသားပေါ်စေတဲ့software☆☆☆


သီချင်းဖွင့်လိုက်ရင် Desktop ပေါ်မှာစာသားပေါ်တဲ့ software လေးပါခင်ဗျား။
အဲကောင်က english,chinese,korea song only ပါခင်ဗျား။ myanmar song တော့မရပါဘူး။
အဲကောင်ကသုံးရတာလွယ်ပါတယ်။မရှင်းပြတော့ပါဘူး။တစ်ခုတော့ရှိတယ်ကျွန်တော်သုံးတာ wmp player နဲ့မှအဆင်ပြေတယ်ခင်ဗျာ။
install လုပ်ရာတွင်တခြား player တွေကို support မလုပ်နဲ့ပေါ့ဗျာ။
သီချင်း Artist နဲ့ Title မှန်မှရတယ်နော်။အဲဒီဟာမှန်ရင်ကိုယ့်တောင်ရှာစရာမလိုဘူးပေါ့။ဒါပေမယ့်တချို့သီချင်းကရှာမှရတယ်။အဲဒါဆိုonline search နှိပ်ပြီးတော့ရှာပေါ့။
တစ်ချို့ဟာကစာနှင့်အသံတစ်ထပ်တည်းမကျတာရှိတယ်။တစ်ခုမရရင်တစ်ခုပြောင်းပြီးသုံးကြည့်ပေါ့ဗျာ။တကယ်လို့ Desktop ပေါ်မှာ floating Lyric ဆိုတဲ့စာသားအနီရောင်နဲ့ဟာမပေါ်ရင် taskbar ပေါ်က MiniLyrics ဆိုတဲ့ icon လေးပေါ်မှာ right click နှိပ်ပြီးfloating Lyrics ဆိုတာလေးကိုအမှန်ခြစ်ပေးလိုက်ပါ။
ကဲသယ်ရင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။
ကဲသယ်ရင်းတို့အောက်မှာဒေါင်းလိုက်ပါအုံး။

ဒီနေရာကနေဒေါင်းလိုက်ပါ.........
ဒီနေရာကနေဒေါင်းလိုက်ပါ.........
အဆင်မပြေတာများရှိပါကmr.beanvenus@gmail.com ဆက်သွယ်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား ခဲ.ပါသည်ဟုသတင်းရရှိပါသည်။ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ရန် ထွက်အလာ ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ (မေလ ၁ ရက်-၂၀၁၂) မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံပြီးနောက် ဘန်ကီမွန်းက သတင်းထောက်များနှင့် တွေ့ဆုံပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ၎င်းအနေဖြင့် အားရကျေနပ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ဆက်လက်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျှက်ရှိကြောင်းတို့ကို ပြောဆိုသွားသည်။ ဒေါ်အောင်ဆန်းစုကြည်အား ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂသို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် သွားချင်စိတ်ရှိကြောင်းနှင့် ဆွေးနွေးပြီးနောက် အချိန်ကျလျှင် အကြောင်းပြန်ပါမည့်အကြောင်း ပြန်ကြားခဲ့သည်။ (သတင်းဓါတ်ပုံ-ကျော်စိုးလင်းYPI) Yangon Press International

ဟာသဓါတ်ပုံ ကာတွန်းများ သူငယ်ချင်းတွေပျော်ရွှင်စေဖို့အတွက်ပါ။


ပျော်ရွှင်စေဖို့အတွက်ပါ။
ဒီ Page လေးဟာ အထူးတည်လည်ဘာမှပြုလုပ်ထားခြင်းမရှိပါဘူး။  သူငယ်ချင်းတွေပျော်ရွှင် စေရန်အတွက်သာ Website ပေါ်တွင်တွေ့ရှိသော ပုံလေးများအား  ပေါင်းစပ်ကာ တင်ထားခြင်းဖြစ်ပါတယ်။ ကြိုက်နှစ်သက်သော ပုံများအား Like & Share လုပ်ခြင်းဖြင့် ဘ၀မှာပင်ပန်းသမျှ အားလုံး ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ်။
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ အလှည့်ကျ မီးပေးဝေမှု့ အချိန်ဇယား
မှန်လားသိဘူး... မှန်ရင် Like လုပ်...
သွားမရှိတော့ပေမယ့် ကိုယ့်မှာ... ဇရှိပါသေးဒယ် အတဲရေးရယ်... ငှယ် ငှယ် ငှယ်... :P
ရယ်စရာဟာသတော့မဟုတ်ဘူး... ဒါမယ့် ခေါင်းဆောင်ကွာရင် ဘယ်လောက်ကွာခြားမှု့တွေရှိတယ်ဆိုတာလေး...
လျှပ်စစ်မီးတွေပိုလျှံလို့ ရောင်းတောင်စားထားရတယ်နော်...သွားမနောက်နဲ့.
အပုကြီး အပုကြီး
အွမ်း.... သတိပေးချက်ကလဲ... :
ဟိုက်ရှားလဘတ်.... လန်းလှချီလားတမီးရယ်.... :S
ကဲ..အဲဒါပဲဗျာ..
ဂေါ်တရ်ဟ
စိတ်ချ မမရေ... အဲစည်းကို ဘယ်လိုပဲဖြစ်ဖြစ် လုံးဝမကျော်စေရဘူး.. :
ဒီရုပ်တုက အင်မတန် အဓိပ္ပါယ်ရှိတယ်။ ကျွန်တော်တော့ 'ကိုယ့်ကိုယ်ကို ထုဆစ်ခြင်း' လို့နာမည်ပေးလိုက်တယ်။ လူတိုင်း ကိုယ့်ဘ၀ကိုယ် ထုဆစ်နိုင်ကြပါစေ။
ပျော်တဲ့အခါလည်း ပျော်ကြတာပေါ့... ဒါပေမယ့် ဒါမျိုးလေးတွေလည်းမမေ့ကြနဲ့ပေါ့... လဲနေသူ ထူပေးပါ... အားငယ်သူ အားပေးပါ... သတ္တ၀ါအချင်းချင်း စာနာပါ... :)
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်...
Clementzaw

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို ထည့်ဝင်ရမည်ဟု ဥပဒေမူကြမ်းပါ အချက်အလက်များအရ သိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ စာနယ်ဇင်းဆိုင်ရာ ကုမ္ပဏီဝန်ထမ်း တစ်ဦးက “ဒီလိုပင်စင်လစာ ပေးတာ အရမ်းကောင်းပါတယ်။ ပေးလလည်း ပေးသင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းလစာထဲက ဖြတ်တောက်ပြီး ပင်စင်လစာ ထုတ်ပေးမယ့် အဖွဲ့က အရင်းအနှီးလုပ်တဲ့အခါမှာ အရှုံးများ ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဒါကလည်း အရေးသိပ်ကြီးတယ်။ အဲဒီတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တယ်လို့ပဲ ထင်တယ်။ ကုမ္ပဏီပိုင်ရှင်တွေရဲ့ အမြတ်ငွေကနေ သီးခြား စုစုပေးသွားရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မှ အနားယူသွားပါက ပင်စင်လစာပေးခြင်း စနစ်ကို စင်ကာပူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ လက်ရှိတွင် ကျင့်သုံးနေကြောင်း လူမှုဖူလုံရေး ဥက္ကဋ္ဌထံမှ သိရသည်။ ဥပဒေသာ အတည်ပြုလိုက်ပါက မူလလစာ၏ ၁၅ ဆအား အရစ်ကျ သို့တည်းမဟုတ် ရာခိုင်နှုန်းအလိုက် လစဉ်ခွဲဝေမှုဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သွားမည်ဟု သိရသည်။ အသက် ၃၅ နှစ်ကျော် လုပ်သက် ငါးနှစ်ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “တစ်လ နည်းနည်းချင်း ထည့်ပြီး ကိုယ်မလုပ်ချင်တော့တဲ့ အချိန်မှာ မူလ လစာရဲ့ ၁၅ ဆ ရမယ်ဆိုတာက ဝမ်းသာစရာ သတင်းပါပဲ။ အဲဒီလို ပြောပြီး ဖြစ်မယ်ဆိုရင် ကောင်းပါတယ်။ ပင်စင်ဆိုတာမျိုးက အစိုးရဝန်ထမ်း အသုးံအနှုန်းဆိုတာလောက်ပဲ သိထားတော့ သိပ်တော့ မယုံချင်သေးဘူး”ဟု ပြောသည်။ အချိန် ခြောက်လမှ တစ်နှစ်အထိယူ၍ ပင်စင်လစာ ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းများအား အသိပညာများ ဖြန့်ဝေခြင်းကိုပါ ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ဥက္ကဋ္ဌထံမှ ထပ်မံသိရသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျွန်တော်တို့ သိရသလောက် တော်တော်လေးကို ကောင်းတဲ့ ဥပဒေမျိုးလို့ သိထားရပါတယ်။ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်လာခဲ့ရင်က အစ လုပ်ငန်းရှင်က ဆောင်ရွက်ပေးရမယ့် အချက်တွေ၊ အဖွဲ့မှာ မှတ်ပုံတင်ပြီးရင် အဖွဲ့က လုပ်ပေးရမယ့် ကိစ္စတွေ ဒါတွေကအစ အသေးစိတ် ထည့်သွင်းထားတာပါ။ ဒါတင် မကသေးဘူး။ နောင်ရေး နေထိုင်ရေးအတွက်ကိုပါ စီစဉ်မှုက ရှိနေတော့ တော်တော်လေး ကောင်းတဲ့ ဥပဒေဆိုတာမျိုးလို့ ကျွန်တော် ပြောနိုင်တယ်” ဟု ပြောသည်။
Views: 20

သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်


လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓါတ်ပုံ-Hot News)
    အများသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

    လွှတ်တော်အခွင့်အရေးပူးပေါင်းမှုကော်မတီက ``အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ်တယ်ဆိုတာက လွှတ်တော်ကို ဆိုလိုတာပါလား တစ်ခြားဘယ်သူကို ရည်ရွယ်ပါသေးသလဲ´´ဟုမေးမြန်းရာ----


 ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ``ကျနော်က လွှတ်တော်ကို မရည်ရွယ်ပါဘူး ကျနော်တို့ ပြည်တွင်ပြည်ပ မီဒီယာတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်၊ စည်းလုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ၊ စာနယ်ဇင်းတွေ ဂျာနယ်တွေ--- အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေရှိသလို မကောင်းတဲ့ စာနယ်ဇင်းတွေလည်းရှိပါတယ်။ မကောင်းတာတွေကများပါတယ်။ အမျိုးမျိုးဝေဖန်ကြ၊ ပြစ်တင်ရှုတ်ချကြ နဲ့ ကျနောတို့ကို တစ်ခုဟုတ် မဟုတ်  ကြားလေသွေးဆွေးမယ်လို့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတယ်လို့ ဖြေကြားခြင်းသာဖြစ်ပြီး လွှတ်တော်ကို ရည်ရွယ်ခြင်းလုံးဝမဟုတ်ပါဘူး´´ လို့ မီဒီယာသမားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဖြေကြားခဲ့ပါတယ်။
  
    ထိုပြင် `` ဥပဒေပြုလွှတ်တော်က တည့်တည့်မတ်မတ်ကလေး ဖြစ်အောင်လုပ်ရမယ်။ ဥပဒေက ကမောက်ကမဖြစ်နေရင် အစိုးရကိုဝေဖန်နေရင် မီဒီယာသမားတွေရဲ့ကဏ္ဍကလည်း ၀ိုင်းသမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်သွားရင် ဘယ်သူနစ်နာမလဲ။ ပြည်သူပဲ အရင်နစ်နာလိမ့်မယ်။ လှော်တဲ့ကောင်ကလဲလှော်ရမယ်။ ထိုင်တဲ့ကောင်ကလဲ ထိုင်နေရမယ်။ အသက်ကြီးသွားရင် ငြိမ်နေရမယ်။ အငြိမ်မနေပဲ ထိုင်နေရင် ဘုန်းကြီးရူးနဲ့လှေလူး ဖြစ်လိမ့်မယ်´´ဟုသော စကားရဲ့ အဓိပါယ်အား ရှင်းခိုင်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က `` ကျနော်ဂျာနယ်တွေ အတော်များများဖတ်ပါတယ်ခင်ဗျား။ဖတ်ရင် မကောင်းတာတွေချည့်ပဲ။ စိတ်မချမ်းသာဘူးပေါ့ဗျာ။ အမှန်ကတော့ အဲဒိဟာတွေပဲ။ ကျနော်ဂျာနယ်တွေနဲ့တွေ့တဲ့အခါ သူတို့ဂျာနယ်တွေထဲမှာ ကျနော်တို့လွှတ်တော်၊ ကျနော်တို့နိုင်ငံတော်ကိုယ်စားပြုမယ့် ဂျာနယ်လေးတစ်ဆောင်လောက် ပေါ်လာမလားလို့ အားကိုးမိတာပါ´´ဟု ဂျာနယ်တွေမကောင်းကြောင်း၊  မကောင်းတာတွေ့ချည့် ဂျာနယ်များမှ ရေးသားကြောင်း၊ ဂျာနယ်များသည် လွှတ်တော်နှင့်အစိုးရအား ကိုယ်စားမပြုကြောင်း အတင်းတုတ်ခဲ့ပြန်သည်။


 နေပြည်တော်သတင်းထောက် (Myanmar News Now)

ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ




စစ်တွေ၊ အမ်း၊ မင်းဘူး (မြန်မာနိုင်ငံ အလယ်ပိုင်း) မီးရထားလမ်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှနေ၍ မြို့နယ် (၅) မြို့နယ်ကို ဖြတ်လျှက် မြန်မာစစ်တပ်၏
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြို့သို့ ဆက်သွယ်သော မီးရထားလမ်းသစ်
 တည်ဆောက်မှုကို (၂ဝဝ၉) ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့ပါသည်။

 လုပ်ငန်းမစမီ ၂၀၀၈ခုနှစ်အတွင်းနှင့်လုပ်ငန်းစတင်ပြီး၂၀၀၉၊၂၀၁၀အတွင်းရထားလမ်း
စီမံကိန်းတလျောက်ရှိစစ်တွေမြို့၊ပုဏ္ဍားကျွန်း မြို၊ ကျောက်တော်မြို့၊မြောက်ဦးမြို့၊
အမ်းမြို့နယ်များအတွင်းရှိဒေသခံပြည်သူများ၏အိုးအိမ်ရပ်ရွာများအားအတင်းအကျတ်
ပြောင်းရွေ့ဖယ်ရှားခိုင်းခြင်းများပြုလုပ်ခဲ့ပါသည်။

လျော်ကြေးငွေလုံးဝမပေးဆောင်ပဲ အရပ်သားများ၏ လယ်ယာ ဥယျာဉ် ခြံမြေ အများ
အပြားကို ဥပဒေမဲ့ သိမ်းယူခဲ့ခြင်း၊ဒေသခံစစ်တပ်များနှင့်ပူးပေါင်းပြီး ရထားလမ်းဖေါက်
လုပ်ရေး ကုမ္ပဏီများက လုပ်ခများ မပေးဘဲဒေသခံပြည်သူများအားအတင်းအကျတ်
လုပ်အားပေးစေခိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။

မြောက်ဦးနှင့်အမ်းမြို့နယ်အကြားကျေးရွာ(၆)ရွာမှာရွာလုံးကျွတ်အတင်းအဓမ္မနေရာ
ရွှေ့ပြောင်းရွေ့ခြင်းခံခဲ့ရသော်လည်းမည်သည့်လျော်ကြေးတစုံတရာမှရရှိခဲ့ခြင်းမရှိခဲ့ကြပါ ။

ပူပြင်းလှပြီးအရိပ်အာဝါသမရှိသော ကွင်းပြင်များတွင်လုပ်အားပေးစေခိုင်းခံရမှုကြောင့်
ဖျားနာသေဆုံးခြင်း ရေရှားပါးမှုကြောင့်ဝမ်းပျက် ၀မ်းလျောဖြစ်ကာသေဆုံးခြင်းများ ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှုများရှိခဲ့သော်လည်းမည်သည့်သတင်းမှထွက်ပေါ်မလာပဲ
အမှောင်ချထားခြင်းခံခဲ့ရပါသည်။

အဆိုးဝါးဆုံးဖျက်စီးခံရမှုများကတော့ ရခိုင်ရှေ့ဟောင်းအမွေအနှစ်များဖြစ်ပါသည်။
မြောက်ဦးမြို့အားရှောင်ကွင်းဖေါက်လုပ်ရနိုင်သော်လည်း ရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ
အားဖြတ်သန်းဖေါက်လုပ်ခဲ့သောကြောင့် တန်ဖိုးမဖြတ်နိုင်သောသမိုင်းအမွေအနှစ်များ
ပျက်စီးခဲ့ရပါသည်.

(၂ဝ၁ဝ) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သော မြောက်ဦး ကျောက်တော်
မီးရထားလမ်းပိုင်းကြောင့် အေဒီ (၁၄ဝ၄) ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်
တည်ဆောက်ခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးရှိ၊ ရှေးဟောင်း ကျောင်းကန်၊ ဘုရားများ
ထိခိုက်ပျက်စီးခဲ့သည်။

နယ်မြေဒေသတွင်းမှရှေးဟောင်းသုတေသနပညာရှင်များ၏ ပြောပြချက်များ၊ဒေသခံပြည်
သူများပြောပြချက်များ၊မျက်ဝါးထင်ထင်ဖြိုဖျက်နေသောသတင်းဓါတ်ပုံများအရ ရှေးဟောင်း
သဘင်သည်ဘုရား၊မင်္ဂလာမာန်အောင်ဘုရားနှင့်ကျောက်မြို့ရိုးတံတိုင်းများ၊သဇင်တန်တောင
ပေါ်ရှိ ဘုရားများအပြင် ပြည်စိုးကြီးဘုရား၊ ငကြေးအိုင် နှင့် ရဲလှရှိ ကျုံးများ၊ မင်းသမီးဆည
်-ရေတံခါး-ရေပြွန်ပေါက်များ၊ရဲလှခံတပ်နှင့်အမြင့်တောင်ခံတပ်တံတိုင်းများ၊ခြင်ကိုက်ပိဋ
ကတ်တိုက်တော် အစရှိသောရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးအဆောက်အဦးများ
 ဖြိုချဖျက်စီးစီးခံခဲ့ရ ပါသည်။

 တစ်ချိန်တည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ (နအဖ) က ကြက်ဆူပင် စိုက်ခင်း စိုက်ပျိုးရေးအတွက် နယ်မြေလူထုများအား
 မြောက်ဦးမြို့ရှိ ရှေ့ဟောင်း နန်းတော်ကုန်းကို ဖျက်ခိုင်းကြောင်းလည်း ကြားသိရသည်။

နယ်သူနယ်သားများက မီရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ကန့်ကွက်ကြပြီး၊
ဆောက်လုပ် ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြသည်။
သို့ရာတွင် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိဘဲ၊ စီမံကိန်းကို ဆက်လက်၍
အကောင်အထည်ဖေါ်ခဲ့သည်။

ဒေသခံလူထုများက သယ်ယူပို့ဆောင်ဆောင်ရေး တိုးတက်ကောင်းမွန်ရန်ကို အလွန်တရာ
 လိုလားကြသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်ရှိ လမ်းများသည် အခြေအနေအလွန်ဆိုးရွား
နေခြင်းကြောင့် ဖြစ်သည်။လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်အတွင်းကားလမ်း ၇၀
ရာခိုင်နှုန်းမှာ ပျက်စီးလျက်ရှိပြီး ပြည်သူလူထုမှာ ရေကြောင်းခရီးကိုသာအားထားသွား
လာနေကြရပါသည်။

မီးရထားလမ်းမှာစစ်တွေမှကျောက်တော်မိုင်၅၀ခန့်လမ်းပိုင်းကို၂၀၁၁တွင်ဖွင့်ပွဲပြုလုပ်ခဲ့သော်
လည်းအသုံးပြုလို့မရအောင်လမ်းတစ်လျောက်လုံးယိုယွင်းပျက်စီးနေပြီးရထားပုံမှန်ပြေးဆွဲ
နိုင်ခြင်းမရှိသေးပေ။ ပုံတွင်တွေ့မြင်ရသည့်အတိုင်းစစ်တွေကျောက်တော်ရထားလမ်းပိုင်းမှာ 
 နွေရာသီတွင်ပင်ယိုယွင်းပြိုပျက်နေပြီးရထားသွားလာမှုအတွက်စိတ်ချရသည့်အနေအထား
မရှိပေ။

 ရထားလမ်းကတော့ခုထိမပြီးသေးပါဘူး ဖွင့်ပွဲလုပ်လိုက်ပြန်ပြိုလိုက်နဲ့
ရထားအမှန်တကယ်သွားလို့မရသေးပါဘူး.စစ်တွေ-ကျောက်တော်ရထားလမ်းပိုင်းလောက်
သာတခါတလေ ခုတ်မောင်းနေတာတွေ့ရပါတယ်.ပုံမှန်ပြေးဆွဲခြင်းမပြုလုပ်နိုင်သေးပါဘူး။

မိုးအားကောင်းသောရခိုင်ဒေသအတွင်းအဆင့်မမှီသောကားလမ်းရထားလမ်းများမှာအသုံး
မပြုမှီကပင်ပျက်စီးလျက်ရှိပြီး ခရီးသွားပြည်သူများမှာရထားလမ်းကားလမ်းများကိုကြည့်ပြီး အထူးစိတ်ဆင်းရဲလျက်ရှိနေကြကြောင်းသိရှိရပါသည်။

ခိုင်ဇော်အောင် (Myanmar News Now)

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်
ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက် ခဲနေ ခြင်း ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။
လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။ အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ cause ကို အရင် ရှာဖွေဖို့လိုပါတယ် ။
ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့
- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။
ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။
ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအချက်များ
ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချက်တွေကတော့
- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ၊ hypothyroidism နဲ့ကင်ဆာရောဂါတို့ဖြစ်ပါတယ် ။
၁ ။ Primary
Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါဘူး ။ ဗိုက်အောင့်ဗိုက် နာခြင်းလည်းမ ရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ် ။ ၀မ်းချုပ်ခြင်းရဲ့ common cause ဖြစ်ပါတယ် ။
၂ ။ အစားအသောက်
အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ကြောင့် ၊ ရေသောက်တာနည်းတဲ့အတွက် ၊ အစားအစာ စားတာနည်းတဲ့အတွက် ၀မ်းချုပ်ခြင်းဖြစ်ရပါတယ် ။
၃ ။ ဆေးဝါးများ
ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။
၎ ။ Metabolic and Muscular
အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။
၅ ။ စိတ်ရောဂါဆိုင်ရာ
နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။
ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ
တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။ ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။ Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။
ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။
အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ
အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ် ။ အမျှင်တွေ ဟာ အရာဝထ္ထု တစ်ခုတည်းမဟုတ်ပဲ အစုအဝေးကြီးတစ်ခုသာလျှင်ဖြစ်ပါတယ် ။
အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံး က မရှိမဖြစ်လိုအပ်ပါတယ် ။ ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာ သင့်ရဲ့ မစင် ထဲမှာ ရေတွေ ကို စိမ့်ဝင်စေပြီး ပျော့ပြောင်းစေပါတယ် ။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ် ။ မပျော်ဝင်နိုင်တဲ့ fiber တွေ ကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီး အလျှင်အမြန်စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ၀မ်းချုပ်တဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာဖြစ်ပါတယ် ။ Virginia Commonwealth University Health Center in Richmond,Va မှ ဒါရိုက်တာ နဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Stephen Bickston က " အမျှင်ဓါတ် ပါတဲ့အစားအစာများများစားသုံးတဲ့လူတွေဟာ ၀မ်းချုပ်ခြင်းနည်းလေ့ရှိတယ် " လို့ပြောခဲ့ပါတယ် ။ American Dietetic Association ကတော့ အသက် ၁၉ နှစ်မှ ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ်အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ယောင်္ကျားတွေကတော့အဲဒီအသက်အရွယ်အပိုင်းအခြားမှာ ၃၈ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စား သုံးသင့်ပါတယ် ။ Dr.Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တစ်နေ့ကို ဖိုက်ဘာ အမျှင် ဓါတ် ၁၃ ဂရမ်စားသုံးတယ်လို့ဆိုပါတယ် ။ ဒါဟာ သတ်မှတ်ထားတာကိုရောက်ဖို့ လိုပါသေးတယ်တဲ့ ။
အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့
- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်လုပ်ထားတဲ့ အမျှင်ဖြည့် စွက် အမှုန့် လေးတွေ ဈေးကွက်ထဲဝင်ရောက်နေပြီဖြစ်ပါတယ် ။ တစ်ခါသောက်ရင်ရင် တစ်ထုပ်လုံး ကို ရေဖန် ထွက်ထဲ ထည့် မွှေနှောက်ပြီးသောက်သုံးနိုင်ပါတယ် ။
ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလိုတာကတော့
၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါတယ် ။
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါ ။
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသ မှု ခံယူပါ ။
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
Ref : http://en.wikipedia.org/wiki/Constipation
: http://www.everydayhealth.com/digestive-health/fiber-and-constipati...