This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 3, 2012

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို...


ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို...
                                                                  
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese
========================================================================
ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ.....
ရန်ကုန်၊ ဇွန် ၂
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။
"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။
အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။
မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။
ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော်လင့်ချက်ကောင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။
The Voice Weekly

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

Inbox
x

Thantsin Phyoe thantsinphyo@gmail.com
11:16 PM (25 minutes ago)

to mrsorcerer
ကျနော်ဆုတောင်းလိုက်မိပြီ... ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားအားလုံး ဒီလိုအဓိကရုန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေ... ကျနော်လူမျိုးဘာသာမခွဲပါဘူး... နောက်ပြီး ဒီလူမျိုးရေး ဘာသာရေးအဓိကရုန်းကို တိုင်းပြည်က အာဏာရှိတဲ့ အာဏာပိုင်တွေရယ် တိုင်းပြည်ရဲ့ နိုင်ငံရေး/ဘာသာရေး/လူမျိုးရေးနယ်ပယ်မှာ အရှိန်အဝါဩဇာကြီးမားသူတွေ ဝင်ရောက်ဖြေရှင်းပေးဖို့ ဝိုင်းဝန်းတိုက်တွန်းပေးကြပါ...

ရခိုင်သွေးတစ်စက်ကျတာဟာ ကျနော့နှလုံးသွေးတစ်စက်ဆုံးရှုံးသလိုပါပဲ အစ္စလာမ်ဘာသာဝင်တစ်ယောက်အသက်ဆုံးရှုံးတာဟာ ကျနော့ဆွေမျိုးတစ်ဦးအသက်ဆုံးရှုံးသလိုပါပဲ... ကုန်ကုန်ပြောရရင် ဒီသတင်းတွေကို မျက်ရည်ပြည့်သော မျက်ဝန်းတွေနဲ့ ဘာမှမလုပ်နိုင်ပဲ ထိုင်ဖတ်ရုံရှဲလ်နေရုံနေရတဲ့ ဘဝကိုတောင်စက်ဆုပ်လာပါတယ်... လူသားအားလုံးငြိမ်းချမ်းပါစေဗျာ... တကယ်ပါ... လူဆိုတဲ့ လူသားအားလုံး ငြိမ်းအေးသာယာစွာနဲ့ တည်ငြိမ်သောလူ့ဘဝဖြစ်စဉ်ကိုရရှိကြပါစေဗျာ... 

2012/6/4 လင်းဇော်ထက် <linnzawhtike@gmail.com>
သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ““နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့””ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။(အဘ ဥက္ကာကိုကို)