This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 9, 2013

အမတွေ ၊ ညီမလေးတွေကို သိစေချင်တယ် ..

ကြောက်စရာပါလား
Face book သုံးနေတဲ့
အမတွေ ၊ ညီမလေးတွေကို သိစေချင်တယ် ....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိမိဘဝလုံခြုံမှုသည် မိမိလက်တွင်းမှာသာရှိသည်...
..........................................................
ပုံမှာပါတဲ့ကောင်မလေးနာမည်က Sushmita ပါ...
သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်... လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ်လိုက်ပါတယ်... ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်...

သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ... အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်...

သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး...

ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်..

facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့ သင့်ရဲ့မူရင်းဓာတ်ပုံအစစ်တွေကို facebook ပေါ်မှာမတင်ပါနဲ့... တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ မြင်နိုင်အောင် ပြုလုပ်ထားပါ... facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ...

(လူနဲ့ဓာတ်ပုံတကယ်ဟုတ်မဟုတ်ဆိုတာထက် ဖြစ်နိုင်တဲ့.. ဖြစ်တတ်တဲ့သဘောမို့လို့ ထပ်ဆင့်ဝေငှလိုက်တာဖြစ်ပါတယ်... သတိထားဆင်ခြင်နိုင်ကြပါစေ...)

Ref: Awesome Factsနှိုင်းရင့်နွေ........
___________________________________________
မြတ်သောမောင် မြတ်သောမောင်  ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
Face book သုံးနေတဲ့
..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် မကျူးကျော်ရေး စာချုပ် ဖျက်သိမ်းလိုက်ပြီဟု မြောက်ကိုရီးယား ပြောကြား

Hnin Thiri shared Myanmar Online News's photo.
တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် မကျူးကျော်ရေး စာချုပ် ဖျက်သိမ်းလိုက်ပြီဟု မြောက်ကိုရီးယား ပြောကြား
Saturday, March 9, 2013

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြားရှိ နယ်စပ်စခန်းကို ပိတ်ပစ်ကာ တောင်ကိုရီးယား နိုင်ငံနှင့် အရေးပေါ် ဖုန်းဆက်သွယ်မှုအား ပိတ်ပစ်လိုက်ပြီး တောင်ကိုရီးယား နိုင်ငံနှင့် မကျူးကျော်ရေး စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားသည်။

အဆိုပါ ကြေညာချက်သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုအသစ် ချမှတ်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

ယခု ချမှတ်လိုက်သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ ပြီးခဲ့သည့်လက
မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်အရေး ယူမှုပင် ဖြစ်သည်။

အစောပိုင်းတွင် မြောက်ကိုရီးယားက ၎င်းတို့အပေါ် ကျူးကျော် ရန်စသူများကို နျူကလီးယား တိုက်ခိုက်မှုဖြင့် ကြိုတင် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည့် အခွင့်အရေးကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့သည်။

မြ၀တီ

အစ္စလာမ်မီယာ ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေသူများ စစ်ဆေးတွေ့ရှိ

Saturday, March 9, 2013
===========================================
ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းပေါ်ရှိ အစ္စလာမ်
မီယာ ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေသူများကို စစ်ဆေးတွေ့ရှိရကြောင်း ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်
ရေးမှူးရုံး ထံမှ စုံစမ်းသိရသည်။

ယမန်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် အဆိုပါ စာသင်ကျောင်း
သို့ ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊
လူဝင်မှုကြီး ကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်
ပင်နှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွား
ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူ(၁ဝ)ဦးခန့် ဝတ်ပြုဆုတောင်း
နေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါမြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝေက ပြောကြားသည်။

"ကျွန်တော်တို့ ဝင်စစ်တဲ့အချိန်တော့ အထဲမှာ လူ(၁ဝ)ယောက်
လောက် ဝတ်ပြုနေတာတွေ့တယ်၊ သူတို့ဘက်ကလည်း ဝန်ခံ
ပါတယ်။ သော ကြာနေ့ဆိုရင် လူ(၂ဝဝ)လောက် တတ်ပြီးတော့ ကျန်တဲ့နေ့တွေဆိုရင် လေးငါး ခြောက်ဆယ်လောက် တတ်တယ်
ပြောတယ်၊ သူတို့ ဒီလို ဝတ်တတ်တာကို သာသနာရေးဝန်ကြီး
ဌာနကို စာတင်ထားတယ်ပြောတယ်"ဟု ဦးညွန့်ဝေက
ပြောကြားသည်။

"အဲနေ့က ရပ်ကွက်ထဲက တာဝန်ရှိသူတွေ ကျောင်းရှေ့ကနေ
စောင့်ကြည့်နေတာတွေ့တယ်၊ ပြီးတော့ ဖုန်းလှမ်းဆက်နေတာ
တွေ့လိုက်ပြီး ချက်ချင်းပဲ မဝတရုံးကလူတွေက အဲဒီကျောင်းထဲ ဝင်သွားတယ်၊ စည်ပင်တွေကော ရဲတွေကောပါတာတွေ့တယ်၊ သူတို့အထဲမှာ တော်တော် ကြာသေးတယ်၊ ပြန်ထွက်လာတော့
လက်ထဲမှာ စာရွက်စာတမ်းတွေ ပါလာတာ့တွေ့တယ်"ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ၎င်းကျောင်းမှ တာဝန်ရှိသူ(၅)ဦးကို ယနေ့မနက်(၁ဝ)နာရီခန့်က ခေါ်ယူတွေ့ဆုံပြီး ကျောင်းတွင် ထိုသို့ဝတ်ပြုဆု တောင်းခြင်း မပြုလုပ်ဘဲ စာပဲသင်ရန် ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်းနှင့် (၂ဝ၁၁)ခုနှစ်ကလည်း
ထိုကဲ့သို့ သတိပေးခဲ့ဖူးကြောင်း အုပ် ချုပ်ရေးမှူး ဦးညွန့်ဝေထံမှ
သိရသည်။

"လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဘက်က သတိထား
စောင့်ကြည့်နေပါတယ်၊ မလိုက်နာပဲ ဆက်လုပ်နေတာတွေ
တွေ့ရင်တော့ ကျွန်တော်တို့ဘက်က ဥပဒေအတိုင်း
ဆောင်ရွက်သွားမှာပါ"ဟု ဦးညွန့်ဝေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ထက်နောင်နောင်
The Myanma Age
အစ္စလာမ်မီယာ ဘာသာရေး စာသင်ကျောင်းတွင်
ဝတ်ပြုနေသူများ စစ်ဆေးတွေ့ရှိ

လျှပ်စစ်မီး မလိုတဲ့ မြေအိုးရေခဲသေတ္တာ

Saturday, March 9, 2013
  
လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- ၀ီကီပီဒီယား

အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ်ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။ 

၂၀၀၀ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀၀ ပါဝင်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။ 

သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင်ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီ၈ျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။ 

မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀၀ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ သုံးခဲ့ဖူးပါတယ်။ 

သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀၀ လောက်က မြေထည်အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။ 

ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။ 

အသုံးပြုပုံကတော့… 

စဥ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်။ ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွှံ့နဲ့ပိတ်ထားရပါမယ်။ 

ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။ ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။ 

အဲဒီသဲထဲ ကို ရေ လုံးဝ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။ ပြီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီးဝလံတွေ ထည့်လိုက်ပြီး အ၀ကို ရေစိုအ၀တ်နဲ့ အုပ်ထားလိုက်ပါ။ 

ဒါဆို မြေအိုး ရေခဲသေတ္တာရဲ့အစွမ်းကို သိရပါတော့မယ်။ အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာမှာထားရပါမယ်။ အဖုံးအုပ်ထားတဲ့ ရေစိုဝတ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။ 

၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄၀ ကျော် လျော့ကျပြီး အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။

တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့်လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ 
လေးတွေကို ရောင်း စားလာတာအခုထိပါပဲ။ 

၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅၀ နိုက်ရာ ( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀၀ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ 
သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။ 

ဒီအကြောင်း အပြည့်အစုံကိုလည်း ၀ီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။ 

လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ၊ စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။ 

အိမ့်သံစဉ် ~

မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှု အစိုးရ ကာကွယ်ပေးရန် တောင်းဆို

ထက်နိုင်ဇော်

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို အစိုးရအနေဖြင့် ကာကွယ်ပေးရန် လိုအပ်နေကြောင်း ပြည်တွင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများက ယနေ့ကျရောက်သော နိုင်ငံတ ကာ အမျိုးသမီးများနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနှင့် မအူပင် လယ်ယာမြေ ကိစ္စတွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေသူ အမျိုးသမီးများကို အစိုးရ အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းသည် အမျိုးသမီးများ ရပိုင်ခွင့် အခွင့်အရေးများကို အစိုးရကိုယ်တိုင် ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသော Womem’s Galaxy နှင့် Generation Youth’s အဖွဲ့တို့က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂမှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့် ဆောင်ရွက်ပေးမှုမျှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း Womem’s Galaxy အဖွဲ့မှ မယဉ်မျိုးလှိုင်က ပြောသည်။

“အမျိုးသမီး အကြမ်းဖက် ခံရရင် ဘယ်လို အကာအကွယ်ပေးမလဲ။ လူကုန်ကူး ခံနေရတာတွေ ရပ်တန့်အောင် ဘယ်လို လုပ်ပေးမှာလဲ။ CEDAW မှာ ပါတဲ့ အပိုဒ် ၁၆ ပိုဒ်စလုံးကို မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုမှာ လုံးဝ ခံစားခွင့် မရှိဘူး။ ဥပဒေအရပဲဖြစ်ဖြစ်၊ အမျိုးသားနဲ့ အမျိုးသမီးကတန်းတူမဖြစ်သေးဘူး။ အစိုးရအနေနဲ့လည်း အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေရှိရင် တာဝန်ခံမှုရှိလာအောင် ကျမတို့ကြိုးစားမယ်။ အစိုးရအနေနဲ့ ကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင်မှ အမျိုးသမီး အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် ကူညီပေးသင့်တယ်။ ဥပမာ သူတို့ ဖွဲ့ထားတဲ့ အမျိုးသမီး ရေးရာ၊ သူတို့ကဘာလုပ်နေလဲ။ ဒီလိုနေ့မျိုးကို အမျိုးသမီးရေးရာက ဦးဆောင်ပြီး လုပ်ပေးသင့်တာ” ဟု သူက ဆိုသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို အစိုးရအနေဖြင့် အသိအမှတ်ပြု၍ တရားဝင် ရုံးပိတ်ပေးရန်နှင့် နိုင်ငံတကာတွင် အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတော်များ လုပ်ဆောင်ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြုလုပ်ပေးစေ လိုကြောင်း Generation Youth’s အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ပြောသည်။

“ဒီနေ့ညနေ ၄ နာရီမှာ ကမာရွတ် လှည်းတန်းနဲ့ အင်းလျား ကန်ပေါင်မှာ ကြေညာချက်ဝေဖို့ အစီအစဉ် ရှိပါတယ်။ အစိုးရအနေနဲ့ အမျိုးသမီးထုကို အကြမ်းဖက်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ လုံးဝလက်မခံဘူး။ အမျိုးသမီးထုကို ကာကွယ်ဖို့ ကျနော်တို့ အမျိုးသားတွေမှာလည်း တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ အမျိုးသမီးနဲ့ အမျိုးသား ပူးပေါင်းပြီးတော့ အမျိုးသမီး အခွင့်အရေးတွေ ရအောင် ဆောင်ရွက်ချင်တယ်” ဟု သူက ဆက်ပြောသည်။

Womem’s Galaxy အဖွဲ့အနေဖြင့် ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်ကို အခြေပြု၍ အမျိုးသမီးစကားဝိုင်းများ ပြုလုပ်ကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းတို့ကို ဆွေးနွေးပြောဆိုမှုများဖြင့် အမျိုးသမီးများ အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိကြောင်း မယဉ်မျိုးလှိုင်က ရှင်းပြသည်။

“အမျိုးသမီးတွေမှာ အမျိုးသမီးအခွင့်အရေး ရှိတယ်ဆိုတာကို ဒီမှာသိပ်မသိကြဘူး။ ကိုယ့်အခွင့်အရေး ရှိတယ်ဆိုတာကို သိစေချင်တယ်။ ဒီအခွင့်အရေးဟာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ် ဆိုတာကို သိစေချင်တယ်။ သူ့အခွင့်အရေးကို သူသိမယ်ဆိုရင် ဦးဆောင်တဲ့ ကဏ္ဍမှာ ပါလာနိုင်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး ဦးဆောင်မှုကဏ္ဍက အရမ်းကို နည်းပါး နေတယ်။ ကျမတို့က အမျိုးသမီးထုရဲ့ ဦးဆောင်မှုကဏ္ဍကို အရမ်းလိုချင်တယ်” ဟု သူက ပြောသည်။

အစိုးရအနေဖြင့် အမျိုးသမီးများအား ကာကွယ်ပေးသည့် တာဝန်ယူမှုနှင့် အကြမ်းဖက် ခံရမှုများအတွက် အဖြစ်မှန်များ ပေါ်ပေါက်အောင် လုပ်ဆောင်ပေးရန် ၁၀၂ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်သော မတ်လ ၈ ရက်နေ့တွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသော Womem’s Galaxy နှင့် Generation Youth’s အဖွဲ့တို့က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။

မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရ လက်ထက်မှစ၍ ယနေ့ထက်တိုင် နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများ နေ့အဖြစ် အသိအမှတ်ပြုထားပြီး အစိုးရ ကျောထောက်နောက်ခံပြု အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့က ဦးဆောင်ကာ သီးသန့် အခမ်းအနားများ၊ အစည်းအဝေးပွဲများ ပြုလုပ်ကျင်းပလေ့ ရှိသော်လည်း ထိုနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

ယတြာအရ ခွေးကိုလက်ထပ်တဲ့လူ

P.Selvakumar ဆိုတဲ့ လူတစ်ယောက်ဟာ ကျိန်စာသင့်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်..၊ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က သူဟာ ခွေးနှစ်ကောင်ကို ကျောက်ခဲနဲ့ ရက်ရက်စက်စက်ပေါက်သတ်ခဲ့ပါတယ်..၊ အဲ့ဒီဖြစ်ရပ်က သူ့အတွက် ကျိန်စာဖြစ်ခဲ့ပြီး သူဟာ နောက်ပိုင်း လက်တွေ လှုပ်ရှားလို့မရတော့ပဲ နားပါ မကြားရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်..။ သူဟာ နည်းလမ်းပေါင်းစုံနဲ့ ဒီကျိန်စာကို ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာတော့ သူဟာ ဗေဒင်ဆရာ တစ်ယောက်ဆီကို သွားခဲ့ပါတယ်..။
ဗေဒင်ဆရာကတော့ သူ့ကို ယတြာတစ်ခုပေးခဲ့ပါတယ်..
၊ အဲ့ဒါကတော့ ခွေးတစ်ကောင်ကို လက်ထပ် ဖို့ပါ..၊ ခွေးတစ်ကောင်ကို လက်ထပ်လိုက်ခြင်းအားဖြင့် သူအရင်က ခွေးနှစ်ကောင်အပေါ်ပြုလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပေးဆပ်ရာရောက်ပါတယ်..၊ ဒီဖြစ်ရပ်မျိုးဟာ တစ်ကယ်ဆို အိန္ဒိယနိုင်ငံမှာ ထူးခြား တဲ့ဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး…၊ အိန္ဒိယလူမျိုးတွေဟာ ဒီဖြစ်ရပ်မျိုးကို ယုံကြည်ကြပြီး တိရစ္ဆာန်တွေ နဲ့လက်ထပ်ရုံသာမက သက်မဲ့အရာဝတ္တုတွေနဲ့ လက်ထပ်ပွဲတွေကိုပါ ဆင်နွှဲလေ့ရှိကြပါတယ်..။

အိန္ဒိယရုပ်ရှင်မင်းသမီး Ashwarya Rai ဆိုရင်လည်း လူနဲ့စေ့စပ်ထားတဲ့ Bollywood မင်းသား အန္တရာယ်ကင်းစေဖို့ သစ်ပင်တစ်ပင်နဲ့ လက်ထပ်ခဲ့ပါတယ်..။ ဒီလိုလက်ထပ်ပွဲတွေဟာ အိန္ဒိယနိုင် ငံမှာ တရားဝင်ပြုလုပ်ကြတာတော့ မဟုတ်ပါဘူး..။ 

အခုဖြစ်ရပ်မှာလည်း သတို့သမီး Selvi လို့ခေါ်တဲ့ ဓါတ်ပုံထဲမှာပါတဲ့ ခွေးမလေးကို အ၀ါရောင် ဆာရီ လေးခြုံပေးပြီး ဘုရားကျောင်းကို ခေါ်လာကာ သစ္စာစကားဆိုပြီး လက်ထပ်ခဲ့ကြပါတယ်..။ ရွာသား တွေဟာ ဒီလက်ထပ်ပွဲကို ချီးမြှောက်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ Selvakumar ခံစားနေခဲ့ရတဲ့ ကျိန်စာ ဟာ လုံးဝပျောက်ဆုံးသွားခဲ့ကြောင်းကို သိရှိရပါတယ်ဗျာ…။ (ဒါမျိုးကိစ္စတွေ တစ်ကယ်ပဲ ရှိသလား..?)

အောင်ထွန်းဦး

ချင်းမိုင် ၀ပ်ဆိုင်းမွန်းကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ရပြီ

မေစစ်ပိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် မြန်မာဆရာတော် ဦးကောန္တိညကို ကျောင်းထိုင် ဆရာတော်အဖြစ် ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဥပဒေတွင် ကျောင်းထိုင်ဘုန်းတော်ကြီး ပျံလွန်တော်မူခဲ့ပါက ထိုင်းဘုန်းကြီးတပါးကိုသာ ကျောင်းထိုင်အဖြစ် ခန့်အပ်ရမည်ဟု ဆိုထားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်မှုကြောင့် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး သာသနာပိုင်ဆရာတော် စွတ်မရိတ် ကလည်း မြန်မာဘုန်းကြီးတပါး ဆက်လက် ကျောင်းထိုင်ရန် ခွင့်ပြုခဲ့သည့် အတွက် မြန်မာဆရာတော်ကို ကျောင်းထိုင်အဖြစ် ထားရန် စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ မြန်မာဘုန်းတော်ကြီး ဦးကောန္တိညကို ကျောင်းထိုင် ဆရာတော် အဖြစ်ထားဖို့ရှိတယ်၊ လက်ရှိမှာ ဆရာတော်က ယာယီကျောင်းထိုင် အဖြစ် သီတင်းသုံးနေဆဲပါ။ နောက်ထပ် သင့်တော်တဲ့ သံဃာတွေကိုတော့ ဆရာတော်ရဲ့ လက်အောက်မှာပဲ ဆက်ပြီး သာသနာပြုခွင့် ပေးသွားမယ်” ဟု ပျံလွန်တော်မူသွားသည့် ဆရာတော် ဦးသြဘာသ ဈာပန အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

ဆရာတော် ဦးကောန္တိညမှာ ထိုင်းနိုင်ငံရှိ ဗုဒ္ဒဘာသာ တက္ကသိုလ်တွင် ကျမ်းစာပြုစု သင်ကြားနေသည့် ဆရာတော် ဖြစ်သည့်အပြင် ယင်းနိုင်ငံတွင် သာသနာပြုနေသည်မှာ ၃၅ နှစ် ကြာမြင့်ပြီဖြစ်ကြောင်း၊ အဆိုပါ ဆရာတော်ကို ကျောင်းထိုင် အဖြစ်ထားရန် မြန်မာနိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများကလည်း သဘောတူကြကြောင်း သိရသည်။

“သူတို့က မြန်မာကိုမုန်းလို့၊ မကြိုက်လို့ လုပ်တာမဟုတ်ပါဘူး၊ တာဝန်အရ လုပ်ကြတာပါပဲ။ အခုဆိုရင် မြန်မာဘုန်းကြီးတွေ လည်း လုံခြုံမှုရနေပါပြီ” ဟု ဦးထွန်းထွန်းဦးက သူ၏ အမြင်ကို ပြောသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် လက်ရှိ သီတင်းသုံးနေသော မြန်မာဘုန်းကြီး ၆ ပါးရှိပြီး ကျောင်းထိုင် ဆရာတော် ခန့်အပ်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ သာသနာပြု လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ချင်းမိုင်မြို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိခဲ့သော်လည်း ကျောင်းထိုင်ဆရာတော်များ ပျံလွန် တော်မှုပြီးနောက် ထိုင်းဘုန်းကြီးများ အစားထိုး ကျောင်းထိုင်ခဲ့ကြပြီး မြန်မာဘုန်းတော်ကြီး ကျောင်းများ ပျောက်ကွယ် ခဲ့ကြောင်း၊ လက်ရှိတွင် ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်းသာ ကျန်တော့ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၅၀ ခန့် ဘုရင့်နောင် မင်းတရားလက်ထက်တွင် မြန်မာစစ်သူကြီး တဦး တည်ဆောက် ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုအချိန်က ချင်းမိုင်မြို့အပါအ၀င် ထိုင်းနိုင်ငံသည် မြန်မာဘုရင်၏ အုပ်ချုပ်မှု အောက်မှ ဒေသတခု ဖြစ်ခဲ့သည်။

ကျောင်းထိုင် ဆရာတော် ထားရှိရေးကိစ္စ မပြီးပြတ်သေးသောကြောင့် ပျံလွန်တော်မူသွားသည့် ကျောင်းထိုင်ဆရာတော် ဦးသြဘာသ၏ ရုပ်ကလာပ်ကို ယင်းကျောင်းတွင်ပင် ၂ နှစ်အကြာ ဆေးထိုး သိမ်းဆည်းထားခဲ့ပြီး ယခုမှ မြန်မာဆရာတော် တပါး ဆက်လက် ကျောင်းထိုင်ခွင့် ရသည့်အတွက် မတ် ၈ ရက်မှ ၁၀ ရက် အထိ ဈာပန အခမ်းအနား ကျင်းပ ပြုလုပ်မည် ဖြစ်ကာ ၁၀ ရက်နေ့ ညနေ ၃ နာရီတွင် မီးသင်္ဂြိုဟ်မည် ဖြစ်သည်။

အဆိုပါ ဈာပန အခန်းအနားသို့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ဆရာတော် အရှင်ဆေကိန္ဒ၊ ဗန်းမော် ဆရာတော် နှင့် ပီနန်း ဆရာတော်တို့အပြင် မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့လည်း တက်ရောက် ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံးခဲ့ပြီး ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူသွားပြီ ဖြစ်သော ဆရာတော် ဦးသြဘာသ၏ နေရာ၌ ထိုင်းကျောင်းထိုင် သံဃာထားရှိရန် ထိုင်းသာသနာရေး ဦးစီးဌာနနှင့် ထိုင်းသံဃာများက စီစဉ်ခဲ့သောကြောင့် ကျောင်းဂေါပက အဖွဲ့ဝင်များ အပါအ၀င် မြန်မာနိုင်ငံသား ၁၅၀ ကျော်က ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင် ၉ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ဖြစ်ပွားခဲ့သော ဝပ်ဆိုင်းမွန်းကျောင်းသို့ သီတဂူ ဆရာတော်အရှင်ဉာဏိဿရ ကြွရောက်ပြီး မြန်မာပရိသတ် ၃၀၀ ကျော်ကို ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတရား ဟောကြားပေးခဲ့ဖူးသည်။

ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

ရန်ကုန်၊ မတ် ၉

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။

The Voice Weekly

လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ

ဆဒုံးတိုက်နယ်တွင် ဘိန်းခင် ဧက (၂၀) ကေအိုင်အေ ဖျက်ဆီး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သော၊ ဆဒုံးတိုက်နယ်အတွင်း လူသူ အရောက်အပေါက် နည်းသော တောင်ကြိုတောင်ကြားများတွင် ခိုးစိုက်ထားသော ဘိမ်းခင်းများကို ကေအိုင်အေ မူးယစ်ဆေးဝါးအထူး ပိတ်ပင်တားဆီးရေးကော်မတီ၏ လမ်းညွန်ချက်ဖြင့် ဖေဖော်ဝါရီ (၁၅) မှ မတ် (၄) ရက်တွင်း သွားရောက် ခုတ်ထွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
ဆဒုံးတိုက်နယ်၊ အင်မြင်န်ခ၊ ခဒိုင်ခ တစ်လျှောက် တရားမ၀င်စိုက်ပျိုးထားသော ဘိန်းခင်း (၂၈) ခင်း၊ ဧကပေါင်း (၂၀) ခန့်ကို ကေအိုင်အေ ဘိန်းစစ်ဆင်ရေး တပ်ဖွဲ့မှ သွားရောက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။
 
Copy from - jinghpawkasa

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး ဒဏ်ရာရရှိ

Photo: ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး ဒဏ်ရာရရှိ

Created on Friday, 08 March 2013 

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် မတ်လ ၈ ရက်၊ နံနက် ၁ နာရီခွဲ ၀န်းကျင်ခန့်က အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်လာသည့် လိုက်ထရပ်ယာဉ် ယာဉ်အမှတ် ၈စ/____နှင့် သိမ်ဖြူလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်သို့ ကွေ့မည့် အငှားယာဉ် ယာဉ်အမှတ် ၆ဃ/____ တို့ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် အနီးတွင် ရှိနေသည့် မျက်မြင်ကိုယ်တွေ့ တစ်ဦးက "လိုက်ထရပ်ယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကနေ မီးပွိုင့်စိမ်းလို့ ထွက်တဲ့အချိန်မှာ သိမ်ဖြူလမ်းဘက်ကလာတဲ့ အငှားယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကို ကွေ့လိုက်တာကနေ တိုက်မိကြတာ" ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသော လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်ကလည်း တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေး ခုံးကျော်တံတားတွင် အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ၀င်တိုက်မိရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
eleven.ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် မတ်လ ၈ ရက်၊ နံနက် ၁ နာရီခွဲ ၀န်းကျင်ခန့်က အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်လာသည့် လိုက်ထရပ်ယာဉ် ယာဉ်အမှတ် ၈စ/____နှင့် သိမ်ဖြူလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်သို့ ကွေ့မည့် အငှားယာဉ် ယာဉ်အမှတ် ၆ဃ/____ တို့ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် အနီးတွင် ရှိနေသည့် မျက်မြင်ကိုယ်တွေ့ တစ်ဦးက "လိုက်ထရပ်ယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကနေ မီးပွိုင့်စိမ်းလို့ ထွက်တဲ့အချိန်မှာ သိမ်ဖြူလမ်းဘက်ကလာတဲ့ အငှားယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကို ကွေ့လိုက်တာကနေ တိုက်မိကြတာ" ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသော လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်ကလည်း တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေး ခုံးကျော်တံတားတွင် အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ၀င်တိုက်မိရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
eleven.

အင်ဒိုနီးရှားနိုင်ငံမှာတွေ့ရှိတဲ့ သက်ရှိနဂါး

 ဒီကောင်လေးကို သက်ရှိနဂါးလေးလို့ ပြောနေကြတာပဲ..၊ အင်ဒိုနီးရှားနိုင်ငံမှာတွေ့ရှိတာပါ…၊ သူ့မှာ အံ့သြဖွယ် အတောင်ပံတစ်စုံ ပါရှိနေပါတယ်…၊ တစ်ကယ်တော့ အဲ့ဒီအတောင်ပံတွေဟာ သူရဲ့ နံရိုးတွေ ဖြစ်ပါသတဲ့…၊ အဲ့ဒီအတောင်ပံတွေကို ဖြန့်လို့ရသလို ချုံ့ပြီးဝမ်းဗိုက်မှာ ကပ်ထားလို့ရပါတယ်..၊ အခုဖမ်းမိထားတာကတော့ အမတွေပဲဖြစ်ပြီး သူတို့ဥ ဥနေတဲ့အချိန်မှာ ဖမ်းမိတာဖြစ်ပါတယ်…။ 

အောင်ထွန်းဦး

တောက်တဲ့များ ဖမ်းဆီးရမိ

Photo: တောက်တဲ့များ ဖမ်းဆီးရမိ
Friday, March 8, 2013

၇-၃-၂၀၁၃ ရက်နေ့ ၁၃၃၀အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သောင်သမန် ရွာ၊ သောင်သမန်အင်းလမ်းဆုံတွင် အမရပူရရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှတောအုပ်ကြီးနှင့်အဖွဲ့သည် သတင်းအရ
ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်း ကျေးရွာနေ မင်းကြူ(၂၁)နှစ်ပါ
(၄)ဦးစီးနင်းလာသည့် ၁၁ယ/xxxxနှင့် ၄ယ/xxxx ဆိုင်ကယ် ၂ စီး အားရပ်တန့်စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ ၀ါးဆစ်ပိုင်းများအတွင်း ထည့်ထားသည့် တောက်တဲ့(၁၀)ကောင်အား သိမ်းဆည်း
ရမိခဲ့သဖြင့် မင်းကြူပါ(၄)ဦးအား အမရပူရ ရဲစခန်း (ပ)၁၀၆/၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ
ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်၇-၃-၂၀၁၃ ရက်နေ့ ၁၃၃၀အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သောင်သမန် ရွာ၊ သောင်သမန်အင်းလမ်းဆုံတွင် အမရပူရရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှတောအုပ်ကြီးနှင့်အဖွဲ့သည် သတင်းအရ
ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်း ကျေးရွာနေ မင်းကြူ(၂၁)နှစ်ပါ
(၄)ဦးစီးနင်းလာသည့် ၁၁ယ/xxxxနှင့် ၄ယ/xxxx ဆိုင်ကယ် ၂ စီး အားရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ ၀ါးဆစ်ပိုင်းများအတွင်း ထည့်ထားသည့် တောက်တဲ့(၁၀)ကောင်အား သိမ်းဆည်း
ရမိခဲ့သဖြင့် မင်းကြူပါ(၄)ဦးအား အမရပူရ ရဲစခန်း (ပ)၁၀၆/၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ
ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

စစ်တွေ ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ တရားစွဲခံရ

ငြိမ်းချမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက စီတန်းလှည့်လည်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ ကြောင်း သိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးဖြစ်သည့် ဒေါ်ညိုအေးနှင့် ဦးကျော်ဇော်ဦးတို့ကို ဆန္ဒပြပွဲအပြီး အိမ်ပြန် အရောက်တွင် ရဲစခန်းက လာရောက် ခေါ်ယူသွားပြီး ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ကြောင်းနှင့် တရားစွဲပြီး အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း တရားစွဲ ခံထားရသူ ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ပြောသည်။

“မနေ့က ညက ကျမတို့ စီတန်းလှည့်လည်အပြီး အိမ်ပြန်ရောက်သွားတဲ့ အချိန် ည ၇ နာရီ ၂၀ လောက်မှာ ကျမတို့ မင်းဂံက ရဲတပ်ဖွဲ့မှူး ဦးအေးကျော်က လာခေါ်ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကိုပို့ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်သာဝင်းက အမှတ် ၁ ရဲစခန်းမှူးကို လှမ်းခေါ်ပြီးတော့ ကျမတို့ကို ကိုယ်ရေး ရာဇဝင်ရေးတယ်။ ပြီးတော့ သူတို့က ခင်ဗျားတို့ တရားမဝင် စီတန်း လှည့်လည်မှုဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရဘဲ လမ်းမပေါ်တက်တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု ဒေါ်ညိုအေးက ဧရာဝတီကို ပြောသည်။

၎င်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ၂ ဦးက လာရောက် အာမခံပေးသောကြောင့် အာမခံ ရခဲ့ကြောင်း ဒေါ်ညိုအေးက ဆိုသည်။

“ကျမတို့ကို အာမခံရတယ်လို့ ပြောတဲ့ အတွက် မြို့နယ်မှူးကပဲ ကျမတို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးကို ခေါ်ပြီးတော့ ကျမကို အာမခံပေးပါတယ်” ဟု သူက ဆက်ပြောသည်။

ယမန်နေ့ နေ့လည် ၂ နာရီ ခန့်တွင် စစ်တွေမြို့ရှိ သံဃာတော်များနှင့် ပြည်သူများက ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ရန်၊ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား အခွင့် အရေး မပေးရန်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ တရား မ၀င်နေထိုင်သူများအား ဥပဒေကြောင်း အရ အမြန်ဆုံး အရေးယူပေးရန်၊ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို လေးစားရန်၊ နိုင်ငံသား မဟုတ်သူများ အရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် မြောက်ဦးမြို့တွင် ၁၉၈၂ ဥပဒေ အကောင်အထည် မဖော်နိုင်သေးသရွေ့ နိုင်ငံသား မဟုတ်သူများအား ကယ်ဆယ်ရေး စခန်းများတွင်ထားရန် စသည့် အချက်များကို စစ်တွေမြို့တွင်း စီတန်းလှည့်လည်ကာ တောင်းဆို ဆန္ဒပြခဲ့ကြပြီး ၃ နာရီခွဲတွင် အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။

ဆန္ဒပြပွဲ လုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ တင်ပြ တောင်းဆိုထားသော်လည်း ခွင့်ပြုချက် မရဘဲ မိမိတို့ စီစဉ်ထားသည့် အတိုင်း ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ နောက်တဦးဖြစ်သည့် ဦးကျော်ဇောဦးက ပြောခဲ့သည်။

“ကျနော်တို့က ဆန္ဒပြပွဲကတော့ ခွင့်ပြုချက် ရရ မရရ လုပ်တဲ့သဘောပါခင်ဗျ။ ပထမတော့ ၆ ရက်နေ့ အတွက်ဆိုပြီးတော့ ခွင့်ပြုချက် လျှောက်ပါတယ်။ အဲဒါ မြို့နယ်မှာခွင့်ပြုချက် လျှောက်တော့ ကျ မလာဘူး။ ဒါပေမယ့် အစီအစဉ်တွေ လုပ်ထားပြီးသား ဖြစ်နေတဲ့ အတွက် လုပ်လိုက်တာဖြစ်ပါတယ်” ဟု ဦးကျော်ဇောဦးက ဆိုသည်။

ဆက်လက်၍ ဒေါ်ညိုအေးက တရားစွဲဆိုခံရသော်လည်း ၎င်းတို့ လုပ်ဆောင်ချက် အောင်မြင်ခဲ့သဖြင့် ဝမ်းမြောက်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်ကို ပုန်ကန်တော်လှန် နေခြင်းလည်း မဟုတ်ကြောင်း၊ တို့တာဝန် အရေး ၃ ပါးကိုလည်း မဖောက်ဖျက်ဘဲ ပြည်သူ့ရှုထောင့်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

“ကျမတို့ တောင်းဆိုချက်အပေါ်မှာ လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ အချိန်ကို စောင့်ကြည့်ပြီးတော့ ထပ်မံပြီး လုပ်ဆောင်သွားမယ့် အချက်တွေ အများကြီးရှိနေတယ်။ အဲဒီ ကြားထဲမှာ ကျမတို့က စောင့်ကြည့်ရဦးမယ်” ဟု သူက ဆိုသည်။

ရခိုင် ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် နိုဝင်ဘာလများက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် မွတ်စလင် ဘာသာဝင် ဒုက္ခသည်များကို တူရကီ အစိုးရမှ နေအိမ်များ ဆောက်လုပ်ပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသောကြောင့် တရားမဝင် နေထိုင်သူများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ နေရာပြန်လည် ချထား စေလိုကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ သံဃာတော်တပါးက မိန့်သည်။

“ဦးဇင်းတို့က သူတို့ကို အိမ်မပေးပါနဲ့လို့ မပြောပါဘူး။ မပိတ်ပင်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်က လုပ်ဆောင်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ စစ်ဆေးပြီး နိုင်ငံသား မှန်ကန်တဲ့လူတွေကို နေအိမ်တွေ ပြန်ပေးပြီးတော့ နိုင်ငံသား မဟုတ်တဲ့ လူတွေကို အစိုးရက တခုခု စီစဉ်ဖို့ပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံထဲက ကိစ္စကို မြန်မာအစိုးရလက်ထဲမှာပဲ ကိုင်တွယ် လုပ်ဆောင်သင့်တယ်။ ဥပမာ တူရကီကနေ လာပြီး အိမ်တွေဆောက်ပေးမယ် ဆိုတဲ့ ပုံစံမျိုးတွေကိုလည်း ဦးဇင်းတို့ လက်မခံနိုင်ဘူး” ဟု ယင်း သံဃာက ဆိုသည်။

ယမန်နေ့က ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ် စစ်တွေ အပါအဝင်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့များတွင်လည်း ပြုလုပ်ခဲ့ပြီး ယခုလ ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့၌ ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ

ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့အနေဖြင့် သဘာဝလွန် ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံမှုများ ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

6