This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 4, 2014

စားပွဲပေါ်တင်ကွန်ပြူတာလား၊ လက်ပ်တော့လား ...................

Monday, March 3, 2014

~


 


ကွန်ပြူတာဝယ်မယ်ဆိုရင် ဘာကို ရွေးမလဲ။ စားပွဲပေါ်တင်ကွန်ပြူတာလား၊ လက်ပ်တော့လား။
နှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ကိုယ်စီကိုယ်စီ ရှိနေကြပါတယ်။
တခါတရံမီးပျက်တယ် ဆိုတာမျိုးကို ကြုံရမယ် ဆိုရင် လက်ပ်တော့ ၀ယ်သင့်တာပေါ့။ ကဲ… ၀ယ်မယ်။

အားသာချက်က

၁။ မီးပျက်လည်း ကွန်ပြူတာ ဆက်သုံးလို့ရတယ်။ ဘက်ထရီအနေအထားပေါ် မူတည်ပြီး နောက်ထပ် နှစ်နာရီ လောက်တော့ သုံးနိုင်လိမ့်မယ်။ ဒီဗွီဒီထည့်ပြီး ဇာတ်ကားတကားတော့ ပြီးတဲ့အထိ ထိုင်ကြည့်နိုင်လိမ့်မယ်။

၂။ ရွှေ့ရသယ်ရ လွယ်တယ်။ လက်တဖက်တည်းနဲ့ ရွှေ့ပြောင်းနိုင်မယ်။

၃။ ပြရ လွယ်တယ်။ ပွဲတခု သွားတက်၊ လူတွေနဲ့ တွေ့ပြီး ကွန်ပြူတာထဲကဟာတွေ ပြသရ ရှင်းပြရမယ် ဆိုရင် ယူသွားပြရတာ လွယ်တယ်။

၎။ ၀န်ကျဉ်းတယ်။ ကွန်ပြူတာပိစိ ဆိုတော့  နေရာ မပေးရဘူး။

၅။ ကြိုးသိပ်မရှုပ်ဘူး။

စားပွဲတင် ရိုးရာကွန်ပြူတာမှာတော့ အဲဒီ ငါးချက်သော အားသာမှုတွေ မရှိနိုင်ဘူး။

အားနည်းချက်က

၁။ အခိုးခံရ လွယ်တယ်။

၂။ ပြုတ်ကျ လွယ်တယ်။ အရွှေ့အပြောင်းများ၊ လက်များတော့ ကျနိုင်တယ် တချိန်ချိန်မှာ။

၃။ မတော်တဆဖြစ်ရပ်နဲ့ တိုးတတ်တယ်၊ ဥပမာ … ကြမ်းပြင်ပေါ်ထားတဲ့အခါ ကလေး တက်နင်းမိတာမျိုး။

၎။ ကော်ဖီ၊ လက်ဘက်ရည်၊ ပက်ပ်ဆီ တခုခု ဖိတ်ကျရင် သေပြီဆရာ။

စားပွဲတင် ကွန်ပြူတာကြီးမှာတော့ အဲဒီ လေးချက်သော အားနည်းမှုတွေ မရှိနိုင်ဘူး။

 -

(အင်တာနက်ဆိုင်တွေမှာတော့ စားပွဲတင်ကွန်ပြူတာများပဲ သုံးပါတယ်)

စားပွဲတင်ကွန်ပြူတာအားသာချက်က

၁။ သူခိုးက သိပ်ပြီး မျက်စေ့မကျဘူး။

၂။ မရွှေ့မပြောင်းဖြစ်တော့ ပြုတ်မကျတော့ဘူး။ ငလျင် မလှုပ်သရွေ့ သို့မဟုတ် ကွန်ပြူတာနား ရန်မဖြစ်သရွေ့။

၃။ စားပွဲပေါ်မှာပဲ ထားတော့ တက်နင်းမိတာမျိုး မဖြစ်နိုင်။

၎။ အရည်တခုခု ကီးဘုတ်ပေါ် ကျရင်လည်း ပြဿနာလို့ ယူဆဖို့ မလို။ ကွန်ပြူတာကို ထိခိုက်မယ် မဟုတ်။

ကဲ… အားနည်းချက် အားသာချက်တွေကို ယှဉ်ပြပြီး သကာလ ဘာကို ၀ယ်မယ် ဆိုတာကို ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်ပါလေ။

ကိုယ့်လုပ်ငန်းက ဘယ်လိုရှိတယ် ဘာအတွက် သုံးမယ် ဆိုတာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးမဟုတ်လား။

ဝယ်လိုက်တဲ့ ကွန်ပြူတာတွေနဲ့ အဆင်ပြေပါစေ။



.

လူသိရှင်ကြား လိင်တူချင်း မင်္ဂလာဧည့်ခံပွဲ ..............

Monday, March 3, 2014
မြန်မာနိုင်ငံမှာ လူသိရှင်ကြား ခန်းခန်းနားနားနဲ့ လိင်တူချင်း မင်္ဂလာပွဲ ဧည့်ခံပွဲတခုကို ပထမဆုံး ကျင်းပခဲ့ တာကတော့ Excel Treasure ဟိုတယ်မှာ မတ်လ ၁ ရက်နေ့က ဖြစ်ပါတယ်။ 

 ကိုမျိုးမင်းထက်၊ ကိုတင်ကိုကိုတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ၊ ဓာတ်ပုံ- ဦးအောင်မျိုးမင်း 

ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုဆိုတဲ့ အမျိုးသား ၂ ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲကတော့ တက်ရောက်လာ ကြသူတွေလည်း အတော် စည်ကားသလို သတင်းထောက် တွေလည်း အတော် စိတ်ဝင် တစား ရှိကြပါတယ်။ 


မြန်မာနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေတော့ မရှိသေးပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း ကတော့ ဒီမင်္ဂလာပွဲရဲ့ ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်ရင်း အခုလို မေး ခွန်းထုတ်ထားပါတယ်။ 

“အသက်အရွယ်ပြည့်ပြီးသား နှစ်ဦးဆန္ဒတူညီတဲ့ လူသားနှစ်ယောက် ချစ်ခင်လက်တွဲပေါင်းဖက်မှုမှာ လိင်တူ၊ လိင်ကွဲဆိုတာ ကန့်သတ်ထားသင့်သလား...” လို့ သူက ဆိုထားပါတယ်။ 



ကဲ ကမ္ဘာကြီးမှာ လိင်တူတာ၊ လိင်ကွဲတာတွေ ခွဲခြား ကန့်သတ်မှုတွေကို ကန့်ကွက်မှုတွေကျယ်လောင်နေပါ တယ်။ 


ဗုဒ္ဓဘာသာအကြောင်း အလေးအနက်ထား ရိုက်ကူးခဲ့ဖူးတဲ့ နာမည်ကြီး မြန်မာဇာတ်ကား တခု ကို လည်း 
ပြန်ပြီး သတိရမိပါတယ်။ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးတဲ့။ တကယ်ရှိတာ က ရုပ်နဲ့ နာမ် အစုသာ ရှိတယ်ဆိုတာကို ဖော်ကျူးသွားတဲ့ ဓမ္မလမ်းပြ ဇာတ်ကားကောင်းတခုပါ။ 

သမားရိုးကျ မင်္ဂလာပွဲ တခုဆိုတာ ယောက်ျား၊ မိန်းမ လိင်မတူကွဲပြား စုံတွဲတွေအတွက်လို့ အများက သိထားကြပေမယ့် အခုလို လိင်တွေမခွဲခြားပဲ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ရဲ့ လိင်တူချင်း မင်္ဂလာ ဧည့်ခံပွဲကတော့ လူတွေ အတော် စိတ်ဝင်စားကြ တာကို သတိထားမိပါတယ်။ 


အိမ့်သံစဉ် ~ 


 

.

ဘယ်နေ့ သေမလဲဆိုတာ သွေးစစ်ရင် သိနိုင်ပြီ.........

Monday, March 3, 2014

မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသနပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 


 ဓာတ်ပုံ- L.A Times

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး 
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။ 

သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေလုပ်ပြီး အသက်ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏာမျိုးပါ။ 

ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။

Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈,၄၄၄ ဦးကို သီးခြားစီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ 



အိမ့်သံစဉ် ~

Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်တဲ့ Software.Apk....................................




Android Phone ရဲ့ Facebook မှာ Photo Comment တွေအလွယ်တကူပေးလို့ရလာပြီဆိုတော့
Photo Comment အလွယ်လုပ်လို့ရမဲ့ Software လည်းလိုလာပါပြီ ဒီ Picsay ဆိုတဲ့ Software ကတော့ Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်ပြီး Photo တွေကိုပါစိတ်ကြိုက်ပြုပြင်လို့ရပါတယ်

ဘော်ဒါတွေတောင်းကြလွန်းလို့ပါ.. Android Apk ပါ...http://s6.sfcdn.in/ZmRiYjJhZGMxOWIwYmUwNDdkMTVkMjAwM2UxZWMwNzEyYTYyYTZjMjoxV0tiRkw6cWozLXNDM2hzeVMtYXdHdjZUTWlLc0NEbkhF/d76d6a52d3/PicSay_www.mmithelper.com.apk
 
Download => Solidfiles / Miloshare 
 

သတ္တ၀ါအသီးသီးတို့၏ ဘုံဌာနနှင့်သက်တမ်းများ .............


သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။


(၂) လူသားတို့၏ သက်တမ်းမှာ အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။

(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀၀)နှင့် ညီမျှပေသည်။

(၄) တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။

(၅) ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။

(၆) တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။

(၇) နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။

(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။

(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည် (၁) အာယုကပ်၊ (၂) အန္တရကပ်၊ (၃) အသင်္ချေယျကပ် ၊ (၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
ထိုလေးပါးတို့တွင် သတ္တ၀ါတို့၏ သက်တမ်း အသီးသီးကို အာယုကပ်ဟုခေါ်သည်။ လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟု ခေါ်သည်။ အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။ အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ် (တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။ အသင်္ချေယျ ကပ်ကို လေးမျိုးခွဲခြားပြန်၏။
(က) သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ခ) သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
(ဂ) ၀ိဝဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ဃ) ၀ိဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းတည်နေသော အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျကပ်(၄)မျိုး ရှိပေသည်။
ထိုကဲ့သို့ သတ္တ၀ါတို့ ကျင်လည်ရာ နေရာဌာနအလိုက် သက်တမ်းများလည်း အမျိုးမျိုးရှိကြပေရာ ကျွန်ုပ်တို့သတ္တ၀ါများသည် သံသရာမှမလွတ်မြောက်သရွေ့ အထက်ဖော်ပြပါ နေရာဌာနများ၌ သွားလာလှုပ်ရှား ရုန်းကန်နေကြရပေအုန်းမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀ကောင်းလေး ရရှိနေချိန်မှာ သံသရာမှ အပြီးအပိုင် လွတ်မြှောက်အောင် မလုပ်နိုင်စေကာမှု နောက်ဖြစ်လေရာဘ၀များ၌ ချမ်းသာသုခပြည့်စုံအောင် သံသရာမှလည်း အမြန်လွတ်မြှောက်ဖို့ရန် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါပေသည်။
ဆန်နီနေမင်း
မှ- (thotuzana.blogspot.com)