This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 10, 2012

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ


 အကြောင်းအရာက "ယာမ" ပါ။ ကျနော့် သူငယ်ချင်းတွေ ဆေးသုံးပြီး စာတွေကျက်တယ်။ သူတို့ကိုယ်သူတို့ကတော့ စာတွေ ညသန်းခေါင်ကျော်ကျော်ထိ လုပ်နိုင်တယ်လို့ ပြောတယ်။ အဲဒါမှန်သလား။ အောင်သွားတဲ့ သူတွေတော့ ရှိပါတယ်။ မအောင်တဲ့သူတွေလည်းရှိပါတယ်။ ကျနော်သိချင်တာက အဲဒီဆေးအကြောင်းပါ။ သူက ညတစ်ညလုံးတော့ မအိပ်ဘူး။ ဥပမာ ညနေ ၂ နာရီလောက်မှာ ဆေးသုံးထားတယ်ဆိုရင် အဲဒီည မအိပ်ဘဲနေတယ်။ အာရုံကလည်းတစ်ခုပဲလို့ ပြောတယ်။ တကယ်ဟုတ်သလား။ နောက်နေ့ ၂ နာရီလောက်မှာ တအားအိပ်ချင်တယ်တဲ့။ အိပ်လည်းအိပ်တယ်။ ပြီးရင် မသုံးရရင်လည်း ဘာမှမဖြစ်ဘူးတဲ့။ အရင်လိုပဲတဲ့။ မစွဲဘူးတဲ့။ သုံးလိုက်ရင် ပေါ့သွားတယ်တဲ့။ တကယ်မစွဲဘူးလား။ ဒီဆေးကိုသုံးလို့ ဦးနှောက်ရဲ့ ဘယ်အပိုင်းတွေကို ထိခိုက်သွား

ဟင်္သာတ ရေကြီး


ဧရာတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာ
ရွာသွန်းသောကြောင့် ဥယျာဉ် မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ
ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊
တို့တွင် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်
ကျောင်းသား ကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး
ရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက်လျက် ရှိ သတင်းရရှိပါသည်။


အစိမ်းရောင်ကို ကြောက်နေရခြင်း


ဓာတ်ပုံ- လူငယ်လေး တယောက်

မြန်မာနိုင်ငံသားတွေဟာ ဘာကြောင့်ရယ်မသိ၊ စိမ်းစိမ်းမြင်ရာ ကြောက်နေရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတာ ကိုက မြန်မာ ဖြစ်နေရောသလား လို့ မေးခွန်းထုတ်မိတယ်။

အကြောင်းကတော့ လူငယ်လေးတယောက်ရဲ့ ဓာတ်ပုံတပုံကလည်း လူမှု အင်တာနက် စာမျက်နှာ
ပေါ် မြင်လိုက်ရ တော့ လူမြင်ကွင်းတွေထိပါ ဒီလို အဖြစ်တွေက ပေါ်ထွက်လာလို့ပါ။

လူငယ်လေးတယောက်က ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် မြို့ထဲကို နေ့လယ် ၁ နာရီလောက်က သွားပါ သတဲ့။ သူ့ စိတ်ထဲ တကြိမ်တ

နိုင်ငံသားစိစစ်ရေးကတ် ၀ယ်ယူမှု ဖော်ထုတ်ရေး




(ဓာတ်ပုံ - ဧရာဝတီ)

ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံသား အများအပြား မြန်မာပြည်ထဲ ခိုးဝင် စိမ့်ဝင်နေကြပါတယ်။
သူတို့တွေက ဌာနဆိုင်ရာကို လာဘ်ထိုးပြီး နိုင်ငံသား စိစစ်ရေးကတ် ရရှိထားကြတယ် ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။
ဒီဖြစ်ရပ်တွေကို ဖော်ထုတ် အရေးယူဖို့ အစိုးရကို တိုက်တွန်းချင်တယ် လို့ အမျိုးသားလွှတ်တော်မှာ မနေ့က အဆိုတင်ပါတယ်။
အထူးစီမံချက်ချပြီး ဖော်ထုတ်ဖို့ပါ။

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေ နဲ့ စစ်တပ်ကိုယ်စား

ပိုင်ဆိုင်တာ ဘယ်လောက်ရှိလဲ သိဖို့မလိုပါ တဲ့ ...


(ဓာတ်ပုံ - ဧရာဝတီ)

အစိုးရအဖွဲ့ဝင်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာရေး ဆိုတာကို လွှတ်တော်မှာ စကားဦးသမ်းလိုက်တာ အကြီးအကျယ် ကန့်ကွက်ခံရပါတယ်။

ဒီအကြောင်း အစိုးရသတင်းစာမှာ သတင်းဖော်ပြထားတာကို အခုလို တွေ့ရပါတယ် -

အစည်းအဝေး (၁၄)ရက် မြောက်နေ့က တင်သွင်းခဲ့သော ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ

မြောက်ခေါင်းဆောင်ဇနီးရဲ့ လက်ကိုင်အိတ်


North Korean leader Kim Jong-un (R) accompanied by his wife Ri Sol-ju (C) during a visit to a sub unit of the Korean People's Army Unit 552.  North Korea's young first lady has been pictured sporting what appears to be a Christian Dior handbag, an image in stark contrast to widespread shortages elsewhere in the impoverished nation, it was reported in the South Korean media on August 8, 2012.

(AFP photo)

မြောက်ကိုရီးယားပြည်သူတွေ အငတ်ဘေးသင့်၊ ဆင်းရဲနွမ်းပါးကြပေမယ့် သူတို့ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်စက်စက်ဇနီးဖြစ်သူကတော့ တန်ဘိုးကြီး Dior အမျိုးအစား လက်ကိုင်အိတ်နဲ့ လူလုံးပြနေပါတယ်။

ဒီသတင်းကို တောင်ကိုရီးယား မီဒီယာများမှာလည်း အထူး ဖော်ပြနေကြတာပါ။ မြောက်ရဲ့သတင်းကို တောင်က

မြန်မာတွင် ဂျပန် NHK World ရုပ်သံ ထုတ်လွှင့်


 
ဂျပန်နိုင်ငံရဲ့ မီဒီယာကြီးတခုဖြစ်တဲ့ NHK World အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့် ခဲ့ပါတယ်။
ပြည်တွင်း ရုပ်သံကုမ္ပဏီ တခုဖြစ်တဲ့ Skynet ရဲ့ ကမ်းလှမ်းမှုနဲ့ အခုလို ထုတ်လွှင့် ပြသတာဖြစ်ပြီး ရက်သတ္တ တပတ်လုံး အချိန်ပြည် ၀န်ဆောင်မှု ပေးဖို့လ

ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ NLD တင်သွင်းသော အဆိုကို ကြံ့ဖွံ့ပယ်ချ


မင်းသွီး

နေပြည်တော်၌ ကျင်းပသော စတုတ္ထအ ကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး တွင်ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှတင်သွင်းလိုက်သောအဆို ကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

NLD ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသွား သော အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မသမာ သောနည်းလမ်းဖြင့်မြန်မာနိုင် ငံအတွင်းသို့ ဝင်ရောက်မှုရှိခြင်း၊ မသမာသော နည်းလမ်းများ ဖြင့်မြန်မာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရေးတာဝန်အဖြစ် အထူးစီမံ ချက် ချမှတ်ပြီးဖေါ်ထုတ်အရေးယူ ပေးသွားပါရန်ပြည် ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကြံ့ခိုင်ရေး ပါတီမှ ရခို

သမ္မတဦးသိန်းစိန် ရခိုင်ခေါင်းဆောင်များနှင့် ပြည်နယ်တည်ငြိမ်ရေး ဆွေးနွေး


သမ္မတဦးသိန်းစိန်ဟာ မနေ့က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်နှစ်ဦးကို အလွတ်သဘောတွေ့ဆုံပြီး ရခိုင်ပြည်နယ် တွင်း တည်ငြိမ်းအေးချမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦအေးသာအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်က

ကချင်ဖက်သို့ အစိုးရထိုးစစ်ဆင်မှု များလာ KIA နေရာတခု ဆုတ်လိုက်ရ


KNG

ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ နေရာယူထားသော လုထောန် (Lu Htawn)တွင် မြန်မာ အစိုးရ တပ်ပေါင်းစုမှ ထိုးစစ်ဝင်ရောက်လာသောကြောင့် သြဂုတ် ၇ ရက် ယမန်နေ့ ညနေတွင် နောက်ဆုတ်လိုက်ရကြောင်း KIA ရှေ့တန်းမှ ပြောသည်။

ိုင်းမော်မြို့နယ် ဆဒုန်း (Sadung) ဒေသ ကန်ပိုင်တီ (Kambaiti) လမ်းမ ရေတံခွန်ဝန်းကျင်တွင် တပ်ချထားသော KIA တပ်မဟာ (၅) လက်bအောက် တ

မြန်မာပြည်မှာ ကားဝပ်ရှော့ဖွင့်မယ့် ထိုင်းကုမ္ပဏီ


คุณสุรีย์ภรณ์ อุดมผลวณิช
TSL အရာရှိ ဆူရီဖွန်

ထိုင်းနိုင်ငံရောက် ဥရောပကားတွေကို အထူးပြုပြင်တဲ့ SMRT က မြန်မာပြည်မှာလည်း ၀ပ်ရှော့လာဖွင့်တော့မယ်လို့ သိရပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်မယ် တဲ့။

ဒေါ်လာ တသန်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။

ကားပြင်တာချည်းပဲ မဟုတ်ပါဘူး၊ ကားအလှဆင်တာလည်း ပါဝင်မယ် လို့ ဆိုတယ်။

ရန်ကုန်မှာ ဆောက်မယ့် သူတို့ ၀ပ်ရှော့က တရက်ကို ကားစီးရေ ၃၀ ၀န်ဆောင်မှု ပေးနိုင်တယ်၊ ထိုင်းဝပ်ရှော့ဆရာ ၄ ယောက်ကို အဲဒီမှာ တာဝန်ပေးမယ် တဲ့။

SMRT က ဥရောပကားတွေကိုပဲ အထူးပြုပြင်တယ် ဆိုေ

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို ရှုံးနိမ့်


ရန်ကုန်၊ သြဂုတ် ၉

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်  အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေးထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရား စီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင်ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက် ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် တရားေ

ကမ္ဘာ့ အမြန်ဆုံးလူသား အူစိန် ဘော့တ်



ကမ္ဘာ့ အမြန်ဆုံး လူသား အူစိန် ဘော့တ် (ဓာတ်ပုံ – TPS)

လွန်ခဲ့တဲ့ ၄ နှစ် ဘေဂျင်း အိုလံပစ် ပြီးကတည်းက အားလုံးသိချင်နေကြတဲ့ အဖြေကို ပေးလိုက်သူကတော့ အူစိန် ဘော့တ်ပဲ ဖြစ်ပါတယ်။ အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

ဘေဂျင်းမှာတုန်းက သူဘယ်လောက်ထိမြန်အောင် ပြေးနိုင်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂျမေကာ နိုင်ငံသား ဘော့တ် ဟာ ၉. ၆၉ စက္ကန့်နဲ့ ကမ္ဘာ့စံ

Firefox ကိုပိုပြီးမြန်စေမယ့် Add-on တစ်ခု

မင်္ဂလာပါဗျာ..ကျွန်တော် firefox အကြောင်းလေးနည်းနည်းဆွေးနွေးချင်လို့ပါ..အကြောင်းကတော့ဗျာ Firefox ကို
မြန်နှုန်းမြှင့်ချင်တာပါ..ဒိီလောက်မြန်တဲ့ဟာကိုထပ်မြှင့်ချင်သေးသလားဆိုတော့ မတက်နိုင်ဘူးဗျာ ကလိချင်တာကိုး
နည်းလမ်းတွေအများကြီးတွေ့မိပေမယ့်ခုတွေ့မိတဲ့နည်းလမ်းလေးကိုတော့သဘောကျမိတယ်..လွယ်တာကိုး
ပြီးတော့အဟုတ်လည်းမြန်သွားတယ်ဗျာ..လုပ်ပုံလေးကနည်းနည်းလေးပါ..စလိုက်ရအောင်
https://addons.mozilla.org/en-US/firefox/addon/tweak-network/
အဲ့ဒီလင့်လေးကိုသွားလိုက်ပါ..
အခုလိုပုံထဲကအတိုင်းတွေ့ရပါမယ် add to firefox ဆိုတာေ

Firefox ကိုနှေးစေသော Add-ons များ

ဒါလေးကတော့ Firefox မှာမသုံးသင့်တဲ့ Add-ons လေးတွေပါတဲ့..ပြန်စစ်ကြည့်ပါအုံး
ဒီပုံထဲကအတိုင်းပါနေတယ်ဆိုရင်တော့ဖြုတ်ပစ်လိုက်ပါ..သူတို့က firefox ကိုအလုပ်နှေးစေတယ်တဲ့ဗျာ.


ကျောက်တော်ရဲ့ နောက်ဆုံးအခြေအနေ



ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမ်ဘာရီရွာ အင်္ဂါနေ့ မနက်က မီးရှို့ခံရတာဖြစ်ပြီး အနီးအနားက ရွာသားတွေပြောပြချက်အရ အိမ်ခြေ ၃ဝဝ ကျော်လောက် လောင်ကျွမ်းတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိမ် ၁ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။
မောင်းတောမှာ ဗုံးခွဲမှာကို စိုးရိမ်တဲ့ အတွက် လုံခြုံရေးတွေ ပိုချထားတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ ဘတ်စ်ကားလိုင်းတွေလည်း ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်ဒေသခံတွေနဲ့ မွတ်ဆလင်မ်တွေ

ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်နိုင်


ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုး

~ ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး ~


အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတ

သူနာပြုဝတ်စုံနဲ့ မွေးကင်းစကလေးငယ်ကို ခိုးယူဖို့ကြိုးစားတဲ့ အမျိုးသမီး ...



အမေရိကန်ပြည်ထောင်စုရှိ Southern California ဆေးရုံတွင် အသက်(၄၈)နှစ်အရွယ် အမျိုးသမီးဟာ သူနာပြုဝတ်စုံ ဝတ်ဆင်ပြီး သူမရဲ့ အိတ်လုံးရှည်ရှည်ထဲ မွေးကင်းစကလေးငယ်အား ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် တနင်္လာနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သူမဟာ သူနာပြုဆရာမအသွင် ဝတ်ဆင်ပြီး ကလေးမိခင်အား ကလေးကို ရေချိုးပေးမည်ဟုဆိုကာ ကလေးအားေ

ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မဲဆောက်မြို့ ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊  နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မနေ့ညနေ ၅ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရ၀လိတ် ချူမ့်ရင်က ပြောပါတယ်။

“မဲဆောက်မြို့ ဆုမ်ဒစ်ပန်းခြံအနောက်က တိုက်ခန်းမှာ ငှားနေတဲ့ အသက် ၁၆-၁၇ နှစ် အရွယ် မြန်မာလူငယ် ၃ ဦးဟာ အလုပ်အကိုင် မယ်မယ်ရ

အဆိုတော်တွေစုံတဲ့ Shwe FM အရောင်းမြှင့်တင်ပွဲ

သြဂုတ်လ (၅) ရက်နေ့က ရန်ကုန်၊ Junction Square မှာ ကျင်းပခဲ့တဲ့ 
Shwe FM 2nd Year of Achievement Award for 2011 အရောင်းမြင့်တင်ပွဲ
 
Ni Ni Khin Zar (Red) @ Shwe FM 2nd Year of Achievement Award

ရက်အနည်းငယ်အတွင်းမှာ အသက် ၅၀ စာအိုမင်းသွားတဲ့ သနားစရာ ဗီယက်နမ်က အမျိုးသမီး...


ဗီယက်နမ်နိုင်ငံက ငုယင်သီပေါင် ဆိုတဲ့အမျိုးသမီးလေးဟာ ရက်အနည်းငယ်အတွင်းမှာဘဲ အသက် ၂၃ နှစ်အရွယ်ကနေ သက် ၇၃ နှစ်အရွယ်လောက်ထင်ရအောင်ကို အိုမင်းသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ပင်လယ်စာ တွေကနေ အဆိပ်သင့်သွားလို့ ဖြစ်ပါသတဲ့။  ယခု အသက် ၂၆ နှစ်ရှိပြီးဖြစ်တဲ့ အဆိုပါမိန်းမငယ်လေးဟာ ၂၀၀၈ ခုနှစ်ထဲက ဒီလို ပင်လယ်စာ အဆိပ်သင့်လို့ သူမ အသားတွေဟာ ရှုံတွလာခဲ့တာကို သိရှိခဲ့ပေမယ့် ဆင်းရဲလွန်းလို့ ဆေးမကုနိုင်ခဲ့ပါဘူးတဲ့။  ဒီလထဲမှာတော့ ဗီယက်နမ်က ဆရာဝန်တွေက သူမရဲ့ ဆေးဖိုးဝါးခ မည်မျှလောက်ကျနို