This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 29, 2014

၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော် ဟာ အရွယ် မ တိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရ

Myanmar Youth Media Club 25 Jan 2014

MYMC - MYMHOT



Posted: 25 Jan 2014 03:44 AM PST
Child Marriage

WHO ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော် ဟာ အရွယ် မ တိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အဲ့ထဲမှာ Alemtsahye လည်း အပါအ၀င်ပါ။

Alemtsahye Gebrekidan တစ်ယောက် သူ့ကလေးဘ၀ ဆုံးခန်းတိုင်သွားခဲ့တာ အသက် (၁၀)နှစ်မှာပါ။ အဲဒီတုန်းက ကျွန်မ အပြင်မှာဆော့ နေတုန်း အမေက လှမ်းခေါ်လို့ အိမ်ထဲဝင် သွားတာ။ အမေက သမီး လက်ထပ် ရတော့မယ်လို့ ဆိုင်းမဆင့်၊ ဗုံမပါ ပြောပါတယ်။ ကျွန်မမှာ အံ့ အား သင့်လွန်းလို့ ငိုတောင် ငိုမိပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့ကို ဘာမှ ပြန်မပြော ခဲ့ပါဘူး။ Alemtsahye ကသူမဘ၀ အပြီးတိုင် ပြောင်းလဲ ခဲ့တဲ့ နေ့အကြောင်းကို အခုလို ပြန်ပြောပြ ခဲ့ပါတယ်။ သူမအမေ ခေါ်ပြောပြီး နှစ်လကြာ တဲ့အခါ မှာတော့ Alemtsahye ဟာသူ့ထက် ၆နှစ် ကြီးတဲ့ အသက် ၁၆နှစ်အရွယ် သတို့သားနဲ့ လက်ထပ်ခဲ့ ရပါတယ်။ တကယ်တော့ Alemtsahye ရဲ့အဖြစ်ဟာ သူတစ်ဦး တည်းမှာ ဖြစ်တဲ့ အ ဖြစ်မျိုးတော့ မဟုတ်ပါဘူး။



WHO (World Health Organization) ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော်ဟာ အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အများစု ကတော့ အိန္ဒိယ နိုင်ငံနဲ့ အရှေ့  အလယ်ပိုင်း နိုင်ငံတွေမှာ အဲဒီ ပြ ဿနာကို အဓိက ရင်ဆိုင်နေ ရတာပါ။ ပြီးတော့ Alemtsahye လို Chad , sub-Saharan Africa - Niger, အာဖရိက အလယ်ပိုင်းနဲ့ အီသီ ယိုးပီးယား တို့က ကလေး သူငယ် တွေကလည်း အလားတူ ရင်ဆိုင်နေ ကြရပါတယ်။ အဲဒီလို အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြား ပေးခံရ မှု နောက်မှာ ဖြစ်ပေါ် လာတဲ့ အကျိုးဆက် တွေက ကလေးသူငယ် တွေအတွက် ကြောက်ဖို့ ကောင်းလှ ပါတယ်။ အထူးသဖြင့် မိန်းကလေး ငယ် တွေဟာ လိင်မှုရေးရာ (Sexual Relationships) ကိုအရွယ် မတိုင်မီ တွေ့ကြုံကြ ရတဲ့အခါ သူတို့အတွက်  တစ်သက်တာ စိတ်ဒဏ်ရာ ဒဏ် ချက် ရသွားတတ် ပါတယ်။ အဲဒါထက် ပိုဆိုးတာ ကတော့ နောက်ဆက်တွဲ ပြဿနာ တွေအဖြစ် ကိုယ်ဝန် ဆောင်ချိန် မှာနဲ့ ကလေး မီးဖွားချိန် မှာ သေဆုံးနှုန်း အလွန်မြင့် တာပဲ ဖြစ်ပါတယ်။ UN ရဲ့စစ်တမ်း အရဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသက် ၁၅နှစ်ကနေ ၁၉နှစ်အတွင်း မိန်းက လေးငယ်တွေ အဓိက သေဆုံးရ မှုဟာ အဲဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်၊ ကလေး မီးဖွားရမှု တို့ကြောင့် ဖြစ်ပါတယ်။

Child Marriage

တကယ်တော့ ကလေး တွေကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးတာဟာ လူသား အခွင့်အရေး ချိုးဖောက်ခြင်း တစ်မျိုး ဖြစ်ပြီး သူတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့သူ့ဘ၀ အခွင့်အလမ်း၊ အလားအလာ တို့ကိုပါ အဓမ္မ လုယူထား သလို ဖြစ်နေ ပါတယ်လို့ UNFPA ရဲ့ Executive Di rector ဖြစ်တဲ့ Babatunde Osotimehin က မှတ်ချက် ချပါတယ်။ ကလေး အရွယ်လေးမှာ အိမ်ထောင်ချ ပေးခံ လိုက်ရတဲ့ မိန်းကလေးဟာ သူ့ ဘ၀ တက်လမ်းတွေ အပိတ်ခံ လိုက်ရ သလိုပါပဲ။ အဲဒီအဆိုကို Alemtsahye ကသဘောတူ ပါတယ်။ အခုဆို သူမက အသက် ၃၈နှစ် ရှိပြီဖြစ် ပြီး လန်ဒန်မှာ နေထိုင်လျက် ရှိပါတယ်။ သူမက သူ့ရဲ့အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးခံလိုက် ရတာနဲ့ ပတ်သက်ပြီး သူမမိဘ တွေကို အ ခုချိန်ထိ စိတ်ခုနေ မိတုန်းဖြစ်ပြီး သူမဘ၀ဟာ အဲဒီအချိန် ကတည်းက ဖျက်ဆီးခံ လိုက်ရတယ်လို့ ခံစားခဲ့ ရပါတယ်တဲ့။ တကယ်တော့ ကျွန် မတို့ မင်္ဂလာပွဲကို သူ့မိဘ တွေနဲ့ ကျွန်မ မိဘတွေက ဆုံးဖြတ်ခဲ့ တာပါ။ ကျွန်မ ရွေးချယ် ခဲ့တာ မဟုတ်ဘူး လို့လည်း သူမက ဖြည့်စွက် ပြောပြ ခဲ့ ပါတယ်။

Child Marriage

လက်ထပ် ဖို့ကိစ္စ မတိုင်ခင်က ဆိုရင် အီသီယိုးပီးယားရဲ့ မြောက်ပိုင်း Tigray province မှာနေထိုင် ခဲ့ရတဲ့ သူမရဲ့ ကလေး ဘ၀လေးက ပျော် ရွှင် စရာပါ။ လက်ထပ်ပြီး တဲ့အခါ ကျောင်းထွက် လိုက်ရ ပေမယ့် အစက ကျွန်မ ကျောင်းနေ ပါတယ်။ ကလေး ဘ၀မှာ ပျော်စရာ အမှတ် တရတွေ အများကြီး ပါပဲ။ ကျွန်မ လုပ်စရာ ရှိတာ ဆိုလို့ စားရုံနဲ့ ကစားရုံ ပဲလေလို့ သူမက ဆိုပါတယ်။ Alemtsahye တစ်ယောက်ဟာ သူမနဲ့ လက်ထပ်ရ မယ့်သူကို မင်္ဂလာ ဆောင်တဲ့နေ့ အထိ မမြင်ဖူး ခဲ့ပါဘူးတဲ့။ ကျွန်မ သူ့ကို အရင်က မသိဘူး။ ဒါပေမယ့် သူ့ကို မြင်တော့ လည်း အဆင်ပြေ ပါတယ်။ သူလည်း ကျွန်မလို ကလေးလေး ပဲလေ။ ပြီးတော့ သူ့ကြည့် ရတာ ကျွန်မလိုပဲ စိတ်မချမ်းမသာ ဖြစ်နေပုံပဲ။ အဲဒီတုန်းက သူ့အသက် ၁၆နှစ် ရှိပါပြီလို့ ပြောပါတယ်။ Equility Now ကမ်းပိန်းရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့ Jacqui Hunt ကတော့ အဓမ္မ လက်ထပ် ထိမ်းမြား ပေးမှုမှာ မိန်းကလေးတွေမှာ ခံစားရတာ ပိုဆိုးပေမယ့် မိန်းကလေး တွေတင် သားကောင် အဖြစ်ခံ ရတာ မဟုတ်ပါဘူး။ ယောက်ျား လေးတွေဟာလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ လက်ထပ် နေကြပြီး အဲဒါကလည်း သေချာ ဆွေးနွေး ဆန်းစစ် ကြရမယ့် ကိစ္စပဲလို့  ရှင်းလင်း ခဲ့ပါ တယ်။

Child Marriage

ယောက်ျားလေး တွေက သူတို့နဲ့ သက်တူရွယ်တူ ဒါမှမဟုတ် သူတို့ထက် ငယ်တဲ့ မိန်းကလေး တွေကို လက်ထပ်ဖို့ ရည်ရွယ် ကြပြီး မိန်းက လေး တွေကတော့ သူတို့ထက် အတော်အတန် အသက် ကြီးတဲ့ ကောင်လေး တွေကို လက်ထပ် ကြရပါတယ်။ ဒါပေမယ့် မိန်းကလေး တွေက ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကိုယ်ဝန် ဆောင်ရ၊ ကလေး မီးဖွားရ စတဲ့ အန္တရာယ် တွေကို ရင်ဆိုင် နေကြရ တဲ့အချိန်မှာ ယောက်ျားလေး တွေက တော့ ကျောင်းထွက် စရာတောင် မလိုပါ ဘူးတဲ့။ Alemtsahye ရဲ့ ခင်ပွန်းက သူမနဲ့ အသက် သိပ်မကွာလှ ပေမယ့် လက်ထပ် ပြီးတာနဲ့ သူမ ကျောင်းကနေ ထွက်ခဲ့ ရပါတယ်။ ပြီးတော့ အိမ်ကိုလည်း စွန့်ခွာပြီး အစဉ်အလာ အတိုင်း အီသီယိုးပီးယား ဇနီးသည် တစ်ယောက်ရဲ့ ဘ၀ကို စ တင်ခဲ့ ရတော့ တာပါပဲ။ ကျွန်မ ရေသွားခပ် ရတယ်။ ကျွန်မ ခင်ပွန်းအတွက် ချက်ပြုတ် ရတယ်။ တစ်နေ့တစ်နေ့ ဒီလိုပါပဲလို့ သူမက ပြန်ပြောင်း ပြောပြခဲ့ ပါတယ်။

Child Marriage

သူမ အသက် ၁၃နှစ်မှာ Alemtsahye ဟာ Tefsalen လို့ခေါ်တဲ့ သားလေး တစ်ယောက် မွေးဖွားခဲ့ ပါတယ်။ သူ့သားလေးကို မွေးဖွား တဲ့အ ချိန်မှာ Alemtsahye ကိုယ်တိုင် ကိုက ကလေး အရွယ်လေးပဲ ရှိနေခဲ့ ပါသေးတယ်။ ကိုယ်ဝန် ဆောင်ထား ရတဲ့ အချိန်နဲ့ မီးဖွားရ တဲ့အချိန် တွေက Alemtsahye အတွက် တကယ့်ကို ဆိုးဝါးတဲ့ အချိန် တွေပါပဲ။ ပိုဆိုးတာက သူမရဲ့ ကလေး သာသာ ခန္ဓာကိုယ် လေးက သန္ဓေသား လွယ်ထား ရလောက်အောင် မကြံ့ခိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်ထား ရချိန်မှာ ကျွန်မ ခံစားရ ခက်လွန်းလို့ ငိုခဲ့ရ ပါတယ်။ ပြီးတော့ မီးဖွားတဲ့ အခါကျ တော့လည်း ကျွန်မ ကိုယ်တိုင်က ကလေးပဲ ရှိသေးတော့ အတော် နာကျင် ခံစားခဲ့ ရပါတယ်လို့ သူမက ပြန်ပြောပြ ခဲ့ပါ တယ်။ ကိုယ်ဝန် ဆောင်ရ တာထက် ကလေး မိခင် ဖြစ်လာတဲ့ အချိန်မှာပဲ အီသီယိုး ပီးယားပာာ ပြည်တွင်း စစ်ဒဏ် အခံရဆုံး နေရာ ဖြစ် လာတော့ ပိုလို့တောင် ဒုက္ခများ လာပါတယ်။ သူမရဲ့ ခင်ပွန်း ကလည်း အသက် ၁၉နှစ် အရွယ်မှာ စစ်ထဲမှာပဲ သေဆုံး သွားခဲ့တာမို့ Alemtsa hye တစ်ယောက် တစ်နှစ် အရွယ် သားလေး တစ်ယောက် နဲ့အတူ အသက် ငယ်ငယ် ကလေးနဲ့ မုဆိုးမ ဖြစ်ခဲ့ရ ပြန်ပါတယ်။ သူမက သူမ ခင်ပွန်း အတွက် စိတ်မကောင်း ပါဘူး။ သူလည်း ဘ၀မှာ ဘာမှ မပျော်လိုက် ရပါဘူး။ ငယ်ငယ် ရွယ်ရွယ် လေးနဲ့ လက်ထပ် ရတယ်။ နောက် သူ့ဘ၀ကို စစ်ထဲမှာ အဆုံးသတ် လိုက်ရတယ်။ အဲဒါကြောင့် သားလေးကို မြင်ရင် တစ်ခါတစ်လေ ငိုမိတယ်လို့ ပြောပါတယ်။

Child Marriage

သူမ ခင်ပွန်းသည် ဆုံးသွားပြီး တဲ့နောက် မှာတော့ သားလေးကို သူမအမေ ဆီမှာ ထားခဲ့ပြီး သူကိုယ်တိုင် ကတော့ လုပ်ခ မရတဲ့ အလုပ်သမား အဖြစ် အီဂျစ် နိုင်ငံကို ထွက်လာ ခဲ့ပါတယ်။ ရောက်ပြီး နှစ်လအကြာ မှာတော့ အီဂျစ် နိုင်ငံကို တစတစ ရောက်လာတဲ့ အာရပ်လူမျိုး ပွဲစားတွေ က သူတို့ကို အလုပ် လုပ်ပေးတဲ့ Alemtsahye ကိုအင်္ဂလန်ကို ခေါ်လာပြီး အဲဒီမှာပဲ ထားခဲ့ ပါတယ်။ ရောက်ကာစ မှာတော့ မွေးစား မိသား စု တစ်စုနဲ့ အတူ နေရပြီး နောက်တော့ ကိုယ်ပိုင် အခန်းကို ရွှေ့ လာ ခဲ့ပါတယ်။ နောက်တော့ သူမ ကျောင်းပြန် တက်ပြီး အင်္ဂလိပ်စာ သင်ပါ တယ်။ အခုဆိုရင် အီသီယိုးပီးသားက ငယ်ငယ် ရွယ်ရွယ်နဲ့ သတို့သမီး ဖြစ်ခဲ့ ကြရတဲ့ မိန်းကလေး တွေကို အကူအညီ ပေးနေတဲ့ Girls Not Brides ဆိုတဲ့ ပရဟိတ လုပ်ငန်း တစ်ခုကို ထူထောင် ထားပါတယ်။ အခုဆိုရင် အဲဒီ ပရဟိတ လုပ်ငန်းက ကလေးသူငယ် လက်ထပ်ထိမ်း မြား ပေးမှုကို တိုက်ဖျက် အဆုံးသတ်ဖို့  ဆောင်ရွက် နေတဲ့ ကမ္ဘာနဲ့ အ၀ှမ်း ချိတ်ဆက် ထားတဲ့ ကွန်ယက် တစ်ခု ဖြစ်နေပါပြီ။

Child Marriage

Alemtsahye ကနောက်ဆုံးမှာ သူ့ဘ၀ဟာ ကောင်းကောင်း မွန်မွန် ဖြစ်လာ ခဲ့ပေမယ့် Child Marriage ကပျောက်ကွယ် သွားဦးမယ့် သဘော မရှိတာ ကိုလည်း သတိပြု မိပါတယ်။ အကယ်လို့ WHO ရဲ့ခန့်မှန်းချက် တွေသာ မှန်ခဲ့မယ် ဆိုရင် နောင်ငါးနှစ် အတွင်းမှာ ပိုပြီးတော့တောင် ပျံ့ နှံ့လာမယ့် သဘောမှာ ရှိပါတယ်။ ကျွန်မ မိန်းကလေး တွေကို ပြောချင်တာက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မထပ် ပါနဲ့။ ကလေး ဘ၀ကို ပီပီသသ ခံစားပါ။ ကျောင်းကို သွားပြီး လေ့လာ သင်ယူစရာ ရှိတာ တွေကို သင်ယူကြပါ။ ကျွန်မ တုန်းက ကျွန်မရဲ့ ကလေး ဘ၀ကို အဓမ္မ လုယူခံ ခဲ့ရပါတယ်။ ပညာရေး အဆုံးသတ် ခဲ့ရတယ်။ ကျွန်မ ဘာမှ မရခဲ့ဘူး။ ကျွန်မ အရာ အားလုံးကို လန်ဒန်ကို ရောက်တော့မှ သင်ယူခဲ့ ရတာလို့ Alemtsahye ကဆိုပါတယ်။ ပြီးတော့ အဲဒီ မိန်းကလေး တွေရဲ့ မိဘတွေကို သူမပါး ချင်တဲ့ အကြောင်းအရာက ပိုပြီးတာ သွားပါတယ်။ ရှင်တို့ ဘာလို့ ကလေးတွေရဲ့ ဘ၀ကို ဖျက်ဆီးချင် ကြတာလဲလို့ သူမက မေးလိုက် ပါတယ်။ ကလေး တွေကို ကျောင်းကို ပို့ပေးပါ။ စာသင် ပါစေ။ က လေး တစ်ယောက်ကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးလိုက် တဲ့အခါ ဖြစ်လာတဲ့ ပြဿနာ တွေကို သိကြ ရဲ့လား။ သူတို့လေး တွေဟာ သူ တို့ရဲ့ ကလေး ဘ၀ကို ဆုံးရှုံးသွား ရတယ်လို့ Alemtsahye ကခိုင်ခိုင်မာမာ ဆိုခဲ့ ပါတယ်။

Images from dailymail.co.uk. Source: dailymail.co.uk


Author

Ei Pont

မြန်မာတရားရေးကို စိန်ခေါ်လာတဲ့ ဆေးဝါးကျောင်းသူလေး နော်မေသူသူဇော် သေဆုံးမှု

""

 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင် တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ် ။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာရှိပါ သေးတယ် ။
နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ခေါ်တဲ့ ဆေး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူရဲမင်းဦးနဲ့ လျှောက်လည်ရာက ပြန် လာပြီး စော်ဘွားကြီးကုန်း ကနေ မှော်ဘီကို ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်သွားတယ်လို့ ရဲမင်းဦးက စစ်ချက်ပေးပါတယ် ။ ရဲတပ်ဖွဲ့က မေသူဇော်ရဲ့လွယ်အိတ်ကို ဘုရင့်နောင် တံတားပေါ်မှာ တွေ့ရတာ ည ၈ နာရီလို့ ပြောပါတယ် ။ တွေ့တာကတော့လေညှင်းခံ ထွက်လာတဲ့ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်ပါ ။ ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ ဘုရင့်နောင်တံတား ပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေနိုင် မလဲ ??? ။ ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ ။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်း တက်စီဌားပြီး ဘုရင့်နောင်တံတားကိုလာ ၊ ပြီးမှ လွယ်အိတ်ကို တံတားမှ ချပြီး ၊ မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့ ။ စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲ ကို ဟိုင်းလတ်စီးရင် အနည်းဆုံးငါးမိနစ် နဲ့ ဆယ်မိနစ်ကြားပါ ။ ခရေပင်လမ်းခွဲက ဘုရင်နောင် တံတား - ပေါက်တောဝ ကို တက်စီဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ် ။ အင်းစိန်ပန်းခြံ ကစပြီး ဂုံးတံတား ၊ အင်းစိန်ဈေး ၊ ပေါက်တောဝ မီးပွိုင့် အထိ လမ်းတောက်လျှောက်ပွင့်နေတာတောင် ငါး မိနစ်က ဆယ်မိနစ်လောက်ထိကြာ ပါတယ် ။ ကဲ . . . ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေး ည ၈ နာရီမှာ ကိုယ့်ကို ကိုယ် ဘုရင့်နောင် တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ။ အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့အလောင်းပေါ်လာတယ် ။ ရဲက နှစ်ရက် ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုတယ် ။ ဆေးရုံက သုံး ရက်ထားမဲ့ဟာကို ရဲက အမိန့်စာထုတ်ပြီး သဂြိုလ်ပါသတဲ့ ။ ပြီးတော့မှ ရဲမင်းဦး အိမ်က အရင်သိပြီး ကောင်မလေးအိမ်ကို အကြောင်းကြားတယ်လို့ဆိုတယ် ။ ကောင်မလေးတံတားမှာချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ် ။ အိတ်မှာ ကောင်မလေးရဲ့ကျောင်း သားကတ်ဒ် ရှိပါတယ် ။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း ပါတယ် ။ ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ် ။ ဆေးစာကိုရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာရဲဝင်းဖြစ်တယ် ။ ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပ ဒဏ်ရာ မတွေ့ရပဲ အဆုတ်ထဲရေ၀င် သေဆုံးတယ်လို့ ဆိုပါတယ် ။ ပြီးတော့ ကောင်မလေးဟာ အပျိုစစ်စစ်လို့ဆိုပါ တယ် ။ ကောင်မလေးရဲ့ အပျိုမှေးတောင်မပျက်စီးတဲ့သဘောပေါ့ ။ ဒါပေမယ့် ရဲတပ်ဖွဲ့က ပေးတဲ့ ပုံမဟုတ် ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်း ဘေးတိုက်ပုံမှာ ကောင်မလေးရဲ့နောက်ကျောမှာ သွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ့ အနီကွက်ကိုတွေ့ရသလို ၊ ရဲ ကပေးတဲ့ပုံမှာလည်း လက်ဝဲဘက်လက်ကျိုးနေတယ် လို့ ယူဆနိုင်ပါတယ် ။ မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ဖုန်းထဲမှာ သူ့ရည်းစား ရဲမင်းဦး နဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေ မှာတော့ ကောင်မလေးဟာ သူ့ရည်းစားနဲ့လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီး ကောင်မလေးဟာ တားဆေးစား နေရပါသတဲ့ ။ တားဆေးစားနေရတဲ့ မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ??? ။ အမှု့ရှုပ်ထွေးလာပါပြီ ။ ဒါဆို ဘာလို့ ရဲတပ်ဖွဲ့နဲ့ မှု့ခင်းဆရာဝန်ကြီး ၊ တရားသူကြီး တွေ က ဒီလို သံသယ ၀င်စရာတွေကို ပြုမှုခဲ့ကြပါသလဲ ။ ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ ဂျီအီး ( အင်ဂျင်နီယာ ) တပ်က အရာခံဗိုလ် ကြီးတစ်ဦးဖြစ်ပါတယ် ။ ဂျီအီးတပ်က ဆာဂျင်တွေ ၊ အင်ဂျင်နီယာတွေ ဘယ်လောက် ပိုက်ဆံရတယ် ၊ ချမ်းသာတယ် ဆိုတာ နီးစပ်သူတွေ သိကြမှာပါ ။ ဒါကြောင့် များ ??? ။ ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့နေ့က ရွှေတိဂုံဘုရား နဲ့ ဂျန်းရှင်းစကွဲယားတို့ကိုလည်ပတ်ခဲ့ကြပါသတဲ့ ။ တိတိကျကျဆို ရဲမင်းဦ ၊ သူ့ အစ်ကိုတစ်ယောက်နဲ့ ၊ သေဆုံးသူကောင်မလေးပါ ။ ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး ၀တ်တဲ့ ဂါဝန် နဲ့ အရောင်ကို ပါ သိကြပါသတဲ့ ။ ဒီအကြောင်းကို သေဆုံးသူကောင် မလေးအိမ်က ရဲမင်းဦးနဲ့ သူ့အပေါင်းအသင်းများက ကောင်မလေးကို မုဒိန်းကျင့် ပြီး သတ်ဖြတ်ကာ ကိုယ့်ကို ကိုယ် သတ်သေသလို ဇတ်လမ်းဆင်ခဲ့တယ်လို့ စွပ် စွဲခဲ့ပါတယ် ။ နောက်ဆုံး သံသယဖြစ်စရာအကောင်းဆုံးကတော့ ကောင်မလေးအလောင်းပေါ် တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာ မှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲ ခံရတဲ့ ကောင်မလေးရဲ့ ချစ်သူရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ် ။ ဒီလို သံသယတွေ ၊ ထောက်ပြစရာတွေ ၊ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့ အမှု့ ကိုလူသေမှု့ဆိုပြီး အမှု့ပိတ်လိုက်တာဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ဝေဖန်စရာ ဖြစ်လာနေပြီး ၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာကြပါတယ် ။ လူအများစုကတော့ မြန်မာ့တရားစီရင် ရေးကို ကိုင်လှုပ်လာမလားဆိုတာ စောင့်ကြည့်နေကြရင်း ။ 
တရားဥပဒေ မြဲမြံကြပါစေ ။
 မာဃ ၂၆ ။ ၁ ။ ၂၀၁၃

ရန်ကုန်တိုင်း အတွင်း သတိပေး ခံရသော တရုတ်ဆေး ကုခန်း ဆယ်ခု ကျော်ရှိ.................









ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသော ကြော်ငြာလွန် တရုတ်ဆေးကုခန်းများ
ထဲက တိုင်ကြားမှု လက်ခံထားသော ဆေးခန်း ဆယ်ခုကျော်ကို တိုင်းအစိုးအရ အဖွဲ့က
အရေးယူရန်သတိပေးထားကြောင်း အဆိုပါအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက The Voice
သို့ပြောကြားသည်။

လိုင်စင်မဲ့ ဆေးကုသနေသော နိုင်ငံခြားသား ဆရာဝန်များရှိရာ ဆေးကုခန်းများကို သတိ
ပေးထားခြင်း ဖြစ်ပြီး အများစုမှာ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်နှင့် ကျောက်တံတား
မြို့နယ် များရှိ တရုတ်လူမျိုး ဆရာဝန်များ ရှိရာ ဆေးပေးခန်းများ ဖြစ်ကြောင်း ၄င်းက ထပ်
လောင်းပြောကြားသည်။

လက်ရှိအချိန်တွင် သတိပေးခံရသော ဆေးကုခန်းများမှာ စောင့်ကြည့်စစ်ဆေးမှု အားနည်း
ချက်ကြောင့် တရားမဝင် ဖွင့်လှစ်မှုများ ရှိနေကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာ မြို့နယ်
များက မြို့နယ် ကျန်းမာရေးဆရာဝန်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကို စောင့်ကြည့်အရေး
ယူရန် ညွှန်ကြားထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ဆရာဝန်များ လာရောက်ဆေးကုသမည် ဆိုပါက ဆေး
ကောင်စီ၏ ခွင့်ပြုချက် လိုင်စင်ရှိမှသာ ကုသနိုင်ကြောင်း၊ သို့သော် နိုင်ငံခြားသား တိုင်း
ရင်းဆေးဆရာဝန်များ အတွက်မူ တိုင်းရင်းဆေး အက်ဥပဒေ မရှိသည့်အတွက် တိုင်း
ရင်း ဆေးကုခန်းများ တရားဝင်ဖွင့်လှစ်ခွင့် မပြုထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့
ရုံး ထံမှ သိရသည်။

"ထိထိရောက်ရောက်တော့ အရေးယူတော့မှာ။ ဆေးခန်းပိတ်သိမ်းမယ်။ တရားဥပဒေအ
ရ အရေးယူတဲ့ အခါမှာလည်း လူကို လိမ်လည်တာလား၊ လူနာ ထိခိုက်အောင် လုပ်တာ
လားပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးမယ်။ ထောင်ဒဏ်လည်းဖြစ်နိုင်တယ်" ဟု ရန်ကုန်တိုင်း
အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အဆိုပါဆေးခန်းများ အတွက် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပုဂ္ဂလိက ကျန်းမာ
ရေးစောင့်ရှောက်မှု ဥပဒေနှင့် အညီ ဆောင်ရွက်နေပြီး စီမံကိန်း အနေနှင့် ဆက်လက်
ဆောင်ရွက်ရန် မရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က The Voice သို့
ပြောကြားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လမ်းမတော် မြို့နယ်ရှိ ပုဂ္ဂလိက
ဆေးကုခန်းနှင့် တရုတ်လူမျိုး ဆရာဝန်ကို သွားရောက်စိစစ်ပြီး အရေးယူရန် စီစဉ်လျက်ရှိ
သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရန်ကုန်တိုင်း အတွင်း သတိပေး ခံရသော တရုတ်ဆေး ကုခန်း ဆယ်ခု ကျော်ရှိ http://www.simon-vlog.com/2014/01/blog-post_679.html#ixzz2rivJv2HI
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Yabba (ယာဘ).... ............

Tuesday, January 28, 2014



“လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။”
(ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။ ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။ ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။ 
ဒေါက်တာတင့်ဆွေ 
၂၈-၁-၂ဝ၁၄

Ice ဆိုတာ ရေခဲမဟုတ်ပါ ...................

Tuesday, January 28, 2014

သတင်း = အခုပေါ်နေတဲ့ Ice ပါ။ မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးက ကြေငြာထားပါတယ် (လွင်သန္တာစိုး) Ice ဆိုတာ တရားမဝင်မူးယစ်ဆေးဖြစ်တယ်။ Methamphetamine ဖြစ်တယ်။ Base လို့လဲခေါ်တယ်။ Amphetamine ဆေးအုပ်စုထဲက ဖြစ်တယ်။ အဲဒီထဲမှာ Speed လဲပါသေးတယ်။ ကွာကြတာက ဘယ်လောက်စစ်သလဲ ဆိုတာသာ ဖြစ်တယ်။ Ice ကထိပ်ဆုံး၊ ဒိနောက် Base နဲ့ Speed စဉ်တိုက်ဖြစ်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ Ice မှာနည်မည်ခွဲတွေရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, yabba နဲ့ crank လို့ခေါ်ကြသေးတယ်။ Crystal meth ကို ကလပ်တွေ၊ လူစီစီရှိရာတွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ Crystal meth ကိုသူများတွေဆီမှာ အများအားဖြင့် နှာခေါင်းကနေရှူကြတယ်၊ ဆေးလိပ်လိုလဲသောက်တယ်၊ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ တချို့ကဆေးသောက်သလိုလဲ သောက်သေးတယ်။ ဘယ်ကနေလုပ်လုပ် ဆေးအစွမ်းကို ဆက်ရချင်တဲ့ဆေးစွဲမှုနဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုကိုရစေတယ်။ သိပ်ပြီးကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဘာလုပ်လုပ် သိပ်တက်ကြွနေမယ်။ အားတွေလဲရှိနေမယ်။ စားချင်စိတ်မရှိဘူး။ ဆေးစွမ်းက ၆-၈ နာရီခံတယ်။ စသုံးသူတွေဆိုပိုကြာလို့ ၂၄ နာရီခံတယ်။ ဆေးသုံးကာစ ပျော်ရသလိုနေပေမဲ့ ဆေးကို လူကိုဖျက်ဆီးလာနေပါပြီ။ မှတ်ဥာဏ်လျော့မယ်။ ကြမ်းတမ်းစိတ်ဝင်မယ်။ စိတ်မမှန်အမူအယာတွေပြမယ်။ နှလုံးနဲ့ ဦးနှောက်တွေ ပျက်စီးစေမယ်။ အလွန်စွဲတယ်။ ဆေးမရရင်မနေနိုင်ဖြစ်လာမယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးတော့မယ်။ အလုပ်ပြုတ်မယ်။ လမ်းပေါ်ကနေ မူးယစ်ဆေးဖြတ်ဆေးရုံ၊ ဒါမှမဟုတ် အချုပ်ထဲ၊ ထောင်ထဲရောက်မယ်။ နောက်ဆုံး ရေခဲတိုက်ထဲရောက်မယ်။ 
ဒေါက်တာတင့်ဆွေ 
၂၈-၁-၂ဝ၁၄

2014 Miss International Beauty Pageant Winner (Japan) ........

မိုဘိုင်းဖုန်းသုံးလမ်းညွှန် - SM3 Mobile Directory v3.1.0111 APK (Latest Version).........


Android Phone ပေါ်ကနေပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံ ၊ ဆေးခန်း ၊ ဆိုင် ၊ ဟော်တယ် ၊ ဈေး ၊ အစရှိ တဲ့ ဖုန်းနံပါတ် တွေကိုကြည့်နိုင်တဲ့ SM3 Mobile Directory နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ် ဗျာ။ အတော်လေးကိုအသုံးတည့်တဲ့အတွက် ဆောင်ထားစေချင်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version ဖြစ်တဲ့ အတွက် ဖုန်းနံပါတ်တွေကလည်း Update ဖြစ်ပါတယ်။ အခု Version အသစ်မှာတော့ နိုင်ငံခြားငွေဈေး ၊ ရွှေဈေး တို့ကိုထည့်သွင်းပေးထားပါတယ်။ ဒါပအပြင် အသုံးဝင်ဖုန်းနံပါတ်ကုတ်များကိုလည်း ပြည်တွင်းမှာ နယ်ဝေး ကုတ်နံပါတ်များနဲ့ နိုင်ငံတကာမှ ကုတ်နံပါတ်များကိုပါထည့်သွင်းပေးထားပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။





 ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ ..................


ရန်ကုန်၊ ဇန်နဝါရီ ၂၇

စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံခဲ့သော မြန်မာတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ ပတ် ချလိုက်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်း တစ်ရပ်တွင် ဖော်ပြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူမော်အမည်ရ အဆိုပါ မြန်မာနိုင်ငံသားသည် အသက် မပြည့်သေးသည့် အမျိုးသမီးငယ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် စင်ကာပူဒေါ်လာ ၂၂၀ ပေးကာ ပျော်ပါးခဲ့ခြင်းဖြစ်ပြီး လူမော်သည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီးသည် လုပ်ခကောင်းကောင်း ရရှိမည့် အက၊ ညစာ အတူစားခြင်း၊ စကားပြောဆိုခြင်း စသည် တို့အပြင် အခြားဝန်ဆောင်မှုပါ ပေးနိုင်သည့် အဆင့်မြင့် အမျိုးသမီးအဖော် လုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လိင်လုပ်သား ဘဝသို့ သွတ်သွင်းခံ ခဲ့ရကြောင်း The Straits Times တွင် ဖော်ပြသည်။

အသက်မပြည့်သူနှင့် ပျော်ပါးသဖြင့် ထောင်ချခံရသည့် မြန်မာနိုင်ငံသားမှာ အလားတူ ပြစ်မှုအမှုဖြင့် ပြစ်ဒဏ်ပေးခံရသူ များအနက် ခုနစ်ဦးမြောက် ဖြစ်သည်။

The Voice Weekly

ကမ္ဘာလှည့် မြန်မာအဆိုတော် ၄ ဦး ....................

Tuesday, January 28, 2014
~

လူလျော့သွားပေမယ့် မြန်မာမလေးများအဖွဲ့ အခွေသစ်ထွက်နိုင်ဖို့ ရှေ့ဆက်


အမျိုးသမီးအဆိုတော် ၄ ဦးနဲ့ နိုင်ငံတကာတန်းဝင် ပေါ့ပ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ဆိုနေတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး မြန်မာမလေးများ (Me N Ma Girls) အဖွဲ့ ဟာ လူစုကွဲသွားပေမယ့် အသစ်ထွက်မယ့် သီချင်းအယ်လ်ဘမ်အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါလို့  အဖွဲ့ဝင်တဦးဖြစ်သူ အမွန်းက ဧရာဝတီကို ပြောပါတယ်။ 
 

 

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့မှာရှိတဲ့ ပါဝါမြူးဇစ် စတီရီယိုမှာ ဆက်လက်အသံသွင်းနေပြီး ဒီနှစ်အတွင်း ပထမဆုံး အခွေသစ်ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ကချင်တိုင်းရင်းသူ အမွန်းက ဆိုပါတယ်။

အရင်က မြန်မာမလေးများအဖွဲ့မှာ အမွန်း၊ ကီမီ၊ ချာချာ နဲ့ ထိုက်ထိုက် တို့ လေးယောက်အတူတူ လော့အိန်ဂျလိမြို့က ပါဝါမြူးဇစ်ကုမ္ဗဏီနဲ့ သီဆိုခဲ့ရာက ၂၀၁၄ နှစ်စမှာပဲ ၂ ယောက်ထွက်သွားပြီး အမွန်းနဲ့ ကီမီ တို့သာ ကျန်ခဲ့ပါတယ် ဆိုပြီး
သတင်းထောက် ငြိမ်းငြိမ်းက   http://www.irrawaddy.org/burma/split-n-ma-girls-continue-us-recorded-album.html မှာ ရေးပါတယ်။  ခေါင်းစဉ်က After Split, Me N Ma Girls Continue With US-Recorded Album ဖြစ်ပါတယ် -  အမွန်း ဆက်ပြောတာက ...  တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အနုပညာဖန်တီးမှုတွေကို ကုမ္ဗဏီက ပိုင်ဆိုင်တာဖြစ်ပြီး ထွက်သွားတဲ့ ၂ ဦးက တကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေဘက် အားသန်ကာ လေ့ကျင့်မှုမှာ ပျက်ကွက်မှုတွေ ရှိတာကြောင့် ကုမ္ဗဏီက လက်တွဲဖြုတ်ခဲ့တာပါ တဲ့။

၂၀၁၃ ခုနှစ်မှာ Girl Strong ဆိုတဲ့ သီချင်းနဲ့ နိုင်ငံတကာမှာ လူသိများခဲ့ပြီး နယူးယောက်က ၂၀၁၃ ခုနှစ် အမျိုးသမီးညီလာခံမှာ ဖျော်ဖြေခဲ့သလို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား နဲ့ ဟောင်ကောင်တွေမှာလည်း ရေဒီယို ရုပ်သံ အင်တာဗျူးတွေနဲ့အတူ လိုက်ဗ်ရှိုး ဖျော်ဖြေမှုတွေ ရှိခဲ့ပါတယ်။

မြန်မာမလေးများအဖွဲ့ဆိုပြီး  မဖြစ်တည်ခင်က ကျားမလေးများ (Tiger Girls) အဖြစ်နဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ သီချင်းတွေ ထွက်ရှိခဲ့ပါတယ်။ ကျားမလေးများအဖွဲ့တုန်းက အမွန်း၊ ကီမီ၊ ချာချာနဲ့ ထိုက်ထိုက်အပြင် ဝေနှင်း လည်းရှိပါသေးတယ်။ ဝေနှင်းကတော့ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ လက်တွဲဖြုတ်ခဲ့တာပါ။

 အခု ပထမဆုံး နိုင်ငံတကာအခွေထဲမှာ အင်္ဂလိပ်လို သီဆိုထားတဲ့ သီချင်း ၆ ပုဒ်ထက်မနည်း ပါမှာဖြစ်ပြီး မြန်မာသံစဉ် သီချင်းတွေလည်း ပါမယ်လို့ သိရပါတယ်။ သီချင်းတွေက ကိုယ်တိုင်သံစဉ်တွေဖြစ်တယ်၊ ထုတ်လုပ်သူနဲ့ အဆိုတော်တို့ ပူးပေါင်းရေးသားကြတယ်၊ အမေရိကန် နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါရဲ့ သီချင်းရေးဆရာက ရေးထားပေးတဲ့ သီချင်းတပုဒ်လည်း ပါတယ်လို့ သိရပါတယ်။

ကချင်တိုင်းရင်းသူ အမွန်း နဲ့ ချင်းတိုင်းရင်းသူ မီကီတို့ဟာ ဇန်န၀ါရီ လ အစောပိုင်းကလည်း မလေးရှားနဲ့ ဟောင်တောင်တို့မှာ ရေဒီယို အင်တာဗျူးတွေ သွားဖြစ်ခဲ့ပြီး၊ မလေးရှားက မိဘမဲ့ဂေဟာတခုကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။  ဒီအကြောင်း ဒီဘလော့ http://blog.irrawaddy.org/2014/01/me-n-ma-girls.html မှာ ဖတ်ခဲ့ရပြီးဖြစ်မှာပါ။

မလေးခရီးစဉ်မှာ ... အသက် ၈ လ ကနေ ၁၈ နှစ်အထိ ကလေးငယ် အများအပြားအတွက် သီချင်းသီဆို ဖျော်ဖြေခဲ့ပြီး သူတို့စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးခဲ့ရတဲ့အတွက် ပီတိ ဖြစ်ရတယ်လို့ အမွန်းက ဆိုပါတယ်။
 
“လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ ဒီလို အကူအညီလိုနေတဲ့လူတွေကို ကူညီဖို့က အမွန်းတို့အိပ်မက်ပါပဲ။ မြန်မာပြည်မှာလည်း လုပ်ဖြစ်ပါတယ်”
လို့ အမွန်းက ဧရာဝတီကို ပြောပါတယ်။

ငြိမ်းငြိမ်း

http://www.irrawaddy.org/burma/split-n-ma-girls-continue-us-recorded-album.html


.

ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်...............

ပီတာအောင်

မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် နာမည်ကျော်ကြားတဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းထိ ကုန်းလမ်းခရီး ဘတ်စ်ကားနဲ့ စတင် သွားရောက် လည်ပတ်နိုင်ပြီလို့ ၀န်ဆောင်မှုပေးနေတဲ့ VEGA Travel ခရီးသွားလုပ်ငန်းက ပြောပါတယ်။

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတဆင့် အန်ကောဝပ်ဘုရားကျောင်းရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပ်မြို့ထိ ကုန်းလမ်းခရီးစဉ် ဘတ်စ်ကားနဲ့ အလည်အပတ် သွားလိုသူတွေအတွက် ၀န်ဆောင်မှု စပေးနေတာလို့ VEGA Travel ခရီးသွားလုပ်ငန်း ကုမ္ပဏီက လက်မှတ်အရောင်းမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

“ရန်ကုန်ကနေ မနက် ၆ နာရီလောက် စထွက်တယ်။ ညနေ ၄ နာရီဆိုရင် မြ၀တီဘက်ကို ရောက်သွားတယ်။ ညဘက် ၁ နာရီ ၂ နာရီလောက် ခဏနားပြီး ဟိုဘက် မြ၀တီကနေ ဘန်ကောက်ကိုတက်တဲ့ ကားရှိတယ်။ သူက ည ၇ နာရီ ၈ နာရီလောက် စထွက်တယ်။ မနက် ၅ နာရီလောက် ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်မှာ တည အိပ်ပြီး နောက်နေ့ အန်ကောဝပ်ကို သွားချင်တယ်ဆိုရင်လည်း ကျနော်တို့ စီစဉ်ပေးတယ်။ တိုက်ရိုက် သွားချင်တဲ့သူတွေကိုလည်း အန်ကောဝပ်ကားနဲ့ ကျနော်တို့ ပြန်ဖြည့်ပေးတယ်။ အဲအတွက် ရန်ကုန်မှာ ပိုက်ဆံရှင်းပြီးတဲ့နောက်ပိုင်း ဟိုဘက်ခြမ်းအထိ လက်မှတ်တွေ ၀ယ်ပေးထားတာ။ ဧည့်သည်က လက်မှတ်ထုတ်ပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ စစီးရုံပဲ။”


ရန်ကုန်မှ မြ၀တီထိ အဆင့်မြင့် မှန်လုံကားငယ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပြီး မဲဆောက်- ဘန်ကောက်ခရီးကိုတော့ အဆင့်မြင့်မှန်လုံ ၂ ထပ်ဘတ်စ်ကားကြီးတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားခနှုန်းထားတွေကတော့ ရန်ကုန်မှ ဘန်ကောက်ထိ ၁ ကြောင်းကို မြန်မာ ကျပ်ငွေ ၅ သောင်းခွဲ ဖြစ်ပြီး ရန်ကုန်ကနေ အန်ကောဝပ်ထိ ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လက်ဝယ်ရှိရာမှာ ဖြစ်ပြီး ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေးနဲ့ တည်းခိုခတွေကတော့ ခရီးသည်က သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းဗီဇာကြေးအတွက်တော့ အမေရိကန်ဒေါ်လာ ၄၀ နဲ့ ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၅ ထောင်ပေးပြီး ကုမ္ပဏီက တဆင့် လျှောက်ထားနိုင်သလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်း ဗီဇာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ကနေ အန်ကောဝပ်ထိ ၀န်ဆောင်မှုပေးတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က VEGA Travel ရုံးက လက်မှတ်အရောင်း တာဝန်ရှိသူ ခွန်ဆာရာက ခုလို ရှင်းပြပါတယ်။

“ဧည့်သည်က ရန်ကုန်-ဘန်ကောက်ကို လာရမယ်။ ဘန်ကောက်ကနေပြီးမှ ကမ္ဘောဒီးယားကို ကားနဲ့ ပြန်သွားရမယ်။ တိုက်ရိုက်တော့ သွားလို့ မရဘူး။ မြန်မာပြည်သားတွေက ဗီဇာမလိုဘူးလေ။ ထိုင်းတခုကိုပဲ ဗီဇာယူလာရုံပဲ။ ကမ္ဘောဒီယားကိုတော့ ဟိုမှာ on arrival visa ပေးတယ်။ အဲဒါပြီးရင် ဗီဇာကြေး ကိုယ့်ဘာသာကိုယ် ပေးရတာပေါ့။ ဗီဇာ ဒီကနေပြီး တခါတည်း လျှောက်စရာမလိုဘူး။ ဒါပေမယ့် ဟိုရောက်ရင်တော့ ဗီဇာက ဒေါ်လာ ၃၀ ပေးရတယ်။ အဲဒါက ဟိုရောက် ကိုယ့်ဘာသာကိုယ်ပေးပေါ့။”

ဘတ်စ်ကား ခရီးစဉ်ကြာမြင့်ချိန်ကတော့ ခန့်မှန်းချေ ရန်ကုန် – မြ၀တီ ၁၀ နာရီခန့် – မဲဆောက်မှ ဘန်ကောက် ၉ နာရီခန့်နဲ့ဘန်ကောက်မှ အန်ကောဝပ်ထိ ၈ နာရီခန့် အချိန် ကြာမြင့်မှာ ဖြစ်ပါတယ်။

အလားတူ မော်လမြိုင်နဲ့ ဘားအံမြို့တွေကနေ ဘန်ကောက်နဲ့ အန်ကောဝပ်ကို ခရီးသွား လိုသူတွေ အတွက်လည်း သီးခြား ၀န်ဆောင်ခတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုးနဲ့ ပုဂံမြို့တွေကို သွားရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း VEGA Travel က ကုန်းလမ်းခရီးစဉ် ၀န်ဆောင်မှုတွေ ပေးနေပြီ ဖြစ်ပါတယ်။