This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 26, 2013

ချစ်သူဟောင်းကို အဓမ္မ ပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်း တင်သူကို ဖမ်းဆီး..................









အမျိုးသား တစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူ မိန်းကလေးဟောင်းကို
မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူ ပါဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး
အ၀တ် အစားများကို ချွတ်၍ လက်ပြန် ကြိုးတုတ်ကာ ဖုန်း ကင်မရာဖြင့် ဓာတ်ပုံများ ရိုက်ပြီး မိန်းက
လေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်
မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော အမှုမှ တရားခံကို ဖမ်းမိထားရှိပြီး
ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ
သံတော်ဆင့်သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်
ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာ မီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်
သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊
ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ
အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ်
တစ်ကြိမ် ပြုကျင့်ကြောင်း၊ ၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်း ကင်မရာဖြင့် ဓာတ်
ပုံရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်
ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငို
ယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုး
အောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—–
ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က
အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ
သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်း
အဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား
ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ
(ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။

From: မိုးယဉ်ညို (နေပြည်တော်)

by Myanmar Daily Star Group

အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ ငှက်ချဉ်

Thursday, September 26, 2013

Greenland က Kiviak ခေါ် ထူးဆန်း ရိုးရာအစားအစာတစ်မျိုး...

 
ဒိန်းမတ်နိုင်ငံ Geenland က Kiviak ခေါ် ရိုးရာအစားအသောက် ပုံတွေပါ... Kiviak ဆိုတာက အမေရိက တိုက်မြောက်ပိုင်းက အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ တစ်မျိုးကို ခေါ်တာပါ...
 
ဒီရိုးရာအစားစာကို ဘယ်လို ပြုလုပ်သလဲဆိုရင်...

 
ဦးစွာ Auk လို့ ခေါ်တဲ့ အတောင်တိုတို ကမ္ဘာ့မြောက်ပိုင်းပင်လယ်ငှက်  အကောင်ရေ ၅၀၀ နီးပါးလောက်ကို ပကတိအကောင်အတိုင်း ပင်လယ်ဖျံအရေခွံထဲမှာ ထည့်လိုက်ပြီး ချိတ်ပိတ်လိုက်ပါတယ်... ပြီးတော့ အထဲ ကို လေမ၀င်နိုင်အောင် အပေါ်ကနေ ကျောက်တုံးကြီးကြီးတစ်လုံးနဲ့ ဖိထားလိုက်တယ်... ရက်သတ္တပတ် ပေါင်း (၂၈)ပတ်လောက် ရှိပြီဆိုရင်တော့ အထဲမှာ ထည့်ထားတဲ့ ငှက်တွေက အချဉ်ပေါက်ပြီး အသင့်စား သုံးလို့ ရပြီလို့ ဆိုပါတယ်... တနည်းအားဖြင့်တော့ ငှက်ချဉ်ပေါ့ဗျာ... ဒီရိုးရာအစားအစာကို အထူးသဖြင့် မွေးနေပွဲတွေနဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးဆောင်ကြတယ်လို့ ဆိုကြောင်းပါ ခင်ဗျား....။
 
 
 
 
 
 
 
Ref: Barnorama
 

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေ

Thursday, September 26, 2013

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် ထိုင်းနိုင်ငံတွင် ရေကြီးမှုများ နေရာအများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ ၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့ ကြုံတွေ့နေရသည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊ လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း ပရွန်လတ်က ပြောကြား သည်။

ထို့အပြင် လယ်မြေဧရိယာအများအပြားလည်း ရေလွှမ်းမိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ထိုင်းမြောက်ပိုင်းတွင် ရေကြီးမှုကြုံနေရသည့် ဒေသများမှာ Pitsanulok, Phichit, Petchabun, Kamphaengphet, Nakhon Sawan နှင့် Uthai Thani တို့ဖြစ်ကြပြီး အရှေ့မြောက်ဘက်ရှိ Surin, Si Sa Ket, Ubon Ratchathani, Buriram, Nakhon Ratchasima, Amnatcharoen, Kalasin, Chaiyaphum, Yasothon နှင့် Mukdahan တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် Lopburi, Saraburi, Prachuap Khiri Khan, Kanchanaburi, Ayutthaya, Angthong, Suphanburi နှင့် Chainat၊ အရှေ့ပိုင်းရှိ Prachinburi, Sakaeo, Nakhon Nayok နှင့် Chachoengsao တို့တွင်လည်း ရေကြီးမှုများ ကြုံတွေ့နေရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ Chumphon ဒေသတွင်သာ ရေကြီး မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေကြီးမှု ကြုံတွေ့ခဲ့သည့် ဒေသများအ နက် Kanchanaburi, Chumphon, Prachuap Khiri Khan, Nakhon Ratchasima နှင့် Kalasin တို့တွင် လက်ရှိအချိန်၌ ပုံမှန်အခြေ အနေ ပြန်ဖြစ်လာပြီဟုဆိုသည်။ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုများအတွင်း လူ ၉ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

Planet Myanmar Network

Thit Htoo Lwin - World News

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြ

ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးရန် မြှင့်တင်ရန် မြန်မာနိုင်ငံလိုလား

အောင်မင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃

နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းအား ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီုးမျေကညေါုညွှေညေါဏမအေ့နအက ညစာဖြင့် တည်ခင်း ဧည့်ခံအပြီးတွင် အစိုးရ အိမ်တော်သို့ သွားရောက်ကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရင်လပ် ရှင်နာဝါတရာနှင့် တွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ကုန်ပစ်္စည်း အရောင်းအ၀ယ်များ၊ ကုန်စည်ဖလှယ်ရေးများကို အကူအညီဖြစ်စေရန် အတွက် မိမိအနေဖြင့်နယ်စပ်ကုန်သွယ်ရေးနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအား ပြန်လည် သုံးသပ်ရန် ဆန်္ဒရှိကြောင်း ၀န်ကြီးချုပ် မစ္စရင်လပ်သို့ ပြောကြားလိုက်သည်။

ထို့အပြင် ၎င်းက မိမိအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်လိုခြင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီယား၊ မလေးရှား၊ မြန်မာနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး တန်ဘိုးများ မြှင့်တင်လိုသည့် ထိုင်းနိုင်ငံ၏ ဆန္ဒနှင့် ကိုက်ညီ သည်ဟုလည်း ပြောကြားခဲ့သည်။

အကယ်၍စီစဉ်ထားသည့်အတိုင်း ဖြစ်ထွန်းလာပါက ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏာအား ၂၀ ရာခိုင်နှုန်း အထိမြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုင်း ဘတ် တစ်ထလီယံခန့် နှစ်စဉ်ရရှိလိမ့်မည် ဖြစ်သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မိမိအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသောမြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများ အရေးအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရမှ တရားမ၀င်မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် စာရင်းပေးသွင်းခြင်း အား တစ်နှစ်ခန့်တိုးမြှင့် ပေးလိုက်သောကြောင့် ယခုကဲ့သို့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားခြင်း ဖြစ်သည်။ ထို့အပြင်မြန်မာအလုပ်သမား အနေဖြင့် ထိုင်းနိုင်ငံ၏ လုပ်ခလစာအဖြစ် တစ်နေ့လျှင် ထိုင်းငွေ ဘတ် ၃၀၀ ခန့် ရရှိစေသည့် အနိမ့်ဆုံးလုပ်ခလစာ မူဝါဒအပေါ်တွင်လည်း ကျေနပ်နေကြသည်ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲ အဆုံးမသတ်ခင်တွင် သူရဦးရွှေမန်းက ထိုင်းနိုင်ငံ၏ တည်ငြိမ်မှု၊ သာယာဝပြောခြင်းနှင့် အထူးသဖြင့် ဒီမိုကရေစီ စနစ်တို့အပေါ်ချီးမွမ်းထောပနာပြုခဲ့သည်ဟု ပတ္တရားသတင်းတွင် ဖော်ပြထားသည်။