This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 25, 2012

၂၁၃ အထူးယာဉ်တစ်စီး တိမ်းမှောက်မှု


Photo: ရန်ကုန် ပြည်လမ်းမကြီး ပေါ် ရှိ  အေဒီပွိုင့် အနီးတွင် ယနေ့ နံနက် ပိုင်းက ဒဂုံတက္ကသိုလ် သို့ ပြေးဆွဲနေသော ၂၁၃ အထူးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်း။ အဆိုပါခရီးသည် တင် ယာဉ်တွင် ခရီးသည်များ မပါဝင်ကြောင်း နှင့် ယာဉ်ပေါ်ရှိလူတစ်ဦးတစ်ယောက်မှ စိုးရိမ်ရသည့် ထိခိုက် ဒဏ်ရာ မရခဲ့ကြောင်း ယာဉ် ပိုင်ရှင်ထံမှ သိရသည်။ရန်ကုန် ပြည်လမ်းမကြီး ပေါ် ရှိ အေဒီပွိုင့် အနီးတွင် ယနေ့ နံနက် ပိုင်းက ဒဂုံတက္ကသိုလ် သို့ ပြေးဆွဲနေသော ၂၁၃ အထူးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်း။ အဆိုပါခရီးသည် တင် ယာဉ်တွင် ခရီးသည်များ မပါဝင်ကြောင်း နှင့် ယာဉ်ပေါ်ရှိလူတစ်ဦးတစ်ယောက်မှ စိုးရိမ်ရသည့် ထိခိုက် ဒဏ်ရာ မရခဲ့ကြောင်း ယာဉ် ပိုင်ရှင်ထံမှ သိရသည်။

မြန်မာအကြွေးတွေပြန်ဆပ်နိုင်အောင် ကမ္ဘာ့ဘဏ်ကူမည်



မြန်မာနိုင်ငံက တင်ကျန်နေတဲ့ကြွေးမြည်ဒေါ်လာသန်းပေါင်း ၉၀၀ ကို ပြန်ဆပ်နိုင်အောင်လို့ ကမ္ဘာ့ဘဏ် ကနေ ကူညီပေးမယ်လို့ သိ ရပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးတခု

ကမ္ဘာ့ဘဏ် နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မြန်မာနိုင်ငံကို ပုဂ္ဂလိကဘဏ်တွေကနေ နောက်ထပ် ငွေချေး နိုင်အောင် တင်ကျန်နေတဲ့ ကြွေးမြည်တွေကို ကူညီ ဆပ်ပေးဖို့ဆောင်ရွက်သွားမယ်လို့
သိ ရပါတယ်။

ဒီဘဏ်ကြီး ၂ခု ကနေ အတိုးနည်းတဲ့ချေးငွေတွေချေးပေးပြီး အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့နည်းလမ်းနဲ့ကူညီပေးမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံကို ယန်းငွေ ဘီလီယံ ၅၀၀ အထိတင်နေပြီး - ပြီးခဲ့တဲ့ ဧပြီလက ဂျပန်နိုင်ငံ ယန်းငွေ ဘီလီယံ ၃၀၀ ဖယ်ရှားပေး လိုက်ပြီဖြစ်ပါတယ်။

မြန်မာ နိုင်ငံက ကမ္ဘာ့ဘဏ် ကိုသန်း ပေါင်း ၄၀၀ အာရှဖွံ့ဖြိုးရေးဘဏ်ကို သန်းပေါင်း ၅၀၀ အကြွေးတင်နေပါတယ်။

မြန်မာနိုင်ငံ နဲ့ ပြန်လည်ဆက်ဆံရေးတွေကို နိုင်ငံအများစုကလိုလားနေပြီး ဂျပန် နိုင်ငံ ကတော့ ကြွေးမြည်အများဆုံးတင်ခံနေ ရတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ချေးငွေ အခြေအနေ ပြန်လည် လှုပ်ရှား နိုင်အောင် အမြန်ဆုံးလိုလားနေတဲ့ နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။

News from : Radio Australia - Myanmar
Post by : အေးချမ်းမွန်

တရုတ်အပြီး ဦးသိန်းစိန် အမေရိကန်ခရီး စ


ရဲနည်

နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့နဲ့ အမေရိကန်- မြန်မာ နှစ်နိုင်ငံအကျိုးတူ စီးပွားရေး၊ ပထဝီ ဆိုင်ရာ မဟာဗျူဟာ အကျိုးကျေးဇူးများကို သယ်ဆောင်ယူလာမယ့် ဆက်ဆံရေးသစ်ကို ဖွင့်လှစ်ဖို့ ရက်သတ္တတစ်ပတ်ကြာမည့် ခရီးစဉ်ကို ယနေ့စတင်လိုက်ပါပြီ။

၂၀၀၉ ခုနှစ်တုန်းက ဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့ဖူးပေမဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာ ခံမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောတဲ့အခါ ဦးစီးဦးဆောင် လုပ်ကိုင်နေသူတဦးအနေနဲ့ လတ်တလော မြန်မာပြည်ပြုပြင်ပြောင်းလဲရေး တွေဘယ် ကို ဦးတည်နေတယ်၊ ဘယ်လို အာမခံမယ်ဆိုတာတွေ ပြောဆိုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့အပြင် အရေးကြီးတာက အမေရိကန် အစိုးရခေါင်းဆောင်များနဲ့ပါ တွေ့ဆုံပြီး မြန်မာပြည်ကို ပိတ်ဆို့ဒဏ်ခတ်ထားတာတွေကို ရုတ် သိမ်း ရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ အထောက်အပံ့တွေ ပြန်ပေးဖို့ တိုက်တွန်းပြောဆိုတာတွေ၊ ကတိကဝတ်ပြုတာတွေ လုပ်ဖို့ပါ။ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်နဲ့ တွေ့ဖို့က သေချာတယ်လို့ အမေရိကန်အရာရှိတွေက အတည်ပြုပါတယ်။

ဦးသိန်းစိန် အရင် အမေရိ ကား ကြိုရောက်နှင့်ပြီး ဦးသိန်းစိန်ဦးစီးတဲ့ မြန်မာ့အပြောင်းအလဲကို အင်တိုက်အားတိုက် ထောက်ခံနေတဲ့ အ တိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို အာရှလူ့အဖွဲ့အစည်း Asia Society မှာ မြန်မာသမ္မတဟာ “အကူးအပြောင်းထဲက မြန်မာ – အ ခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ လူထုပရိသတ်ကို မိန့်ခွန်းပေး ပါလိမ့်မယ်။ ပရိသတ်နဲ့ အမေးအဖြေလည်း လုပ်ပါမယ်။

အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်လို ကြိုဆိုဂုဏ်ပြုကြသလို ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကလည်း ၁၉၆၆ ခုနှစ် မှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ခရီးစဉ်နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော် ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ပါ။ အ မေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ပါ။

အမေရိကန်တွေရဲ့ အကူအညီဟာ တကဲ့ကို ထိထိရောက်ရောက် ဖြစ်လာခဲ့ရင် နိုင်ငံရေးနဲ့ စီးပွားရေးမှာ ခြွတ်ခြုံကျနေတဲ့ မြန်မာပြည်ကို ပြန် လည် ထူထောင်ရာမှာ အရေးပါလာမှာ ဖြစ်သလို ဆယ်စု ၂ စုကြာ အားကိုးခဲ့ရတဲ့ တရုတ်ပြည်ရဲ့ ဩဇာကို ထိန်းညှိနိုင်မယ်လို့ ယူဆ ရပါ တယ်။ တဖက်မှာလည်း ဖွံ့ဖြိုးတိုးတက်လာမယ့် မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ဒေသနဲ့ ပူးပေါင်းဆောင်ရွက်လာ နေ မှုကို အပြန်အလှန် ကောင်းကျိုးပြုနိုင်မှာပါ။

အမေရိကန်က ဘယ်လောက်ထိ ဘယ်လို ကူညီမယ်ဆိုတာ သမ္မတဦးသိန်းစိန်ရဲ့ ဆွဲဆောင်နိုင်မှုအပေါ် မူတည်ပါတယ်။ မြန်မာ့အပြောင်း အလဲ မှာ ပိတ်ဆို့ဒဏ်ခတ်တာတွေ ဖယ်ရှားဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာအရှိန်အဝါကြောင့် အမေရိကန် နိုင်ငံ ရေးသမား တွေ သဘောထားပျော့ပြောင်းနေပုံ ပေါ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကတဆင့် ငွေကြေးအထောက်အပံ့ ပြန် ပေးဖို့ အမေရိကန်သမ္မတအိုဘားမားက အ ဆိုပြုချက်ကို ကွန်ဂရက်က သဘောတူ အတည်ပြု ပေးခဲ့ပါတယ်။ မြန်မာ့ပို့ကုန်တွေ ပြန် သွင်းခွင့်ပေးရေး အမေရိကန်တွေကို ဦးသိန်းစိန် နား ချ စည်းရုံးနိုင်ခဲ့ရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာပါဦးမယ်။

ဒီလို အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား သံတမာန်ရေးဆိုင်ရာ တိုးတက်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အလားအလာတို့အပြင် စစ် ရေးအရ ပူးတွဲဖို့ပါ ဖြစ်လာနေတာကို တရုတ်နိုင်ငံ ဘေးပတ်ဝန်းကျင်မှာ အမေရိကန်လိုလားတဲ့နိုင်ငံတွေ ဖြစ်ပေါ်လာစေခြင်းဖြင့် တ ရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်တွေရဲ့ ကြံစည်မှု တစိတ်တပိုင်းလို့ တရုတ်အစိုးရနဲ့ မီဒီယာတွေက သံသယမကင်း စိုးရိမ်နေကြပါတယ်။

ဒီအတွက်ကြောင့် အမေရိကန်ခရီးစဉ်မတိုင်မီ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားခဲ့ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးသစ်ဟာ တ ရုတ် နိုင်ငံကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူးဆိုတာ သေချာစေခဲ့ရပါတယ်။

ရှေ့နှစ်မှာ သမ္မတသစ် ဖြစ်လာဖို့ယူဆရတဲ့ လက်ရှိ တရုတ် ဒု-သမ္မတ ဇီဂျင်ပင်းနဲ့တွေ့ဆုံရာမှာ ဦးသိန်းစိန်က “မြန်မာပြည်သည် လတ်တ လော အပြောင်းအလဲကာလထဲတွင်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုး တက်ကောင်းမွန်ရန် မြန်မာက အလေးဂရုထား ပါသည်။ တရုတ်သည် မိတ်ဆွေကောင်းဟု ရှုမြင်သော မူဝါဒသည်လည်း မပြောင်းလဲ” လို့ ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ပြီးခဲ့တဲ့ စနေနေ့မှာ ပြီးဆုံးခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ၅ ရက်ကြာ တရုတ်ခ ရီးစဉ် ဟာ ထုံးစံအတိုင်း သံတမာန်ရေး လည်ပတ်မှုနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး စီမံကိန်းတွေကို ဆက်အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပြုတာက လွဲလို့ အသစ်အ ဆန်း ကြီးကြီးမားမား ဘာမှတိုးတက်ဖြစ်ထွန်းမှု မရှိဘူးလို့ ဆိုကြပါတယ်။

တရားဝင်ဆွေးနွေးဝိုင်းတွေရဲ့ နောက်ကွယ်မှာတော့ မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ငွေ့နဲ့ ရေ နံပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အခြား သယံဇာတတူးဖော်ရေးတွေကို ဆက်ထိန်းထားစေရေးကလည်း ရှိနေပြန်တဲ့အ ပြင် အမေရိကန်နဲ့ အနောက်နိုင်ငံကုမ္ပဏီတွေ အနှေးနဲ့အမြန် မြန်မာဈေးကွက်ထဲ ဝင်လာမယ့် အလားအလာကလည်း ရှိတာမို့ မြန်မာ တွေ စိတ်ကွက်သွားမှာ စိုးရိမ်ပုံလည်း ပေါက်တယ်လို့ သံတမာန်သတင်းရပ်ကွက်တွေအဆိုအရ သိရပါတယ်။

ဦးသိန်းစိန် တြိဂံတိုင်းမှူးဖြစ်စဉ်က စခဲ့တဲ့ ပြဿနာ


~


ဘတ် ၂၂သိန်းဖိုး ဆုံးရှုံးခဲ့ရတဲ့ တာချီလိတ် ရော်ဘာစိုက်ခင်း
မိုင်အဲမလီ ~
   

             (ဖျက်ဆီးခံလိုက်ရသော ရာဘာစိုက်ခင်းများ)

ဒီပြဿနာကြီးဟာ သမ္မတဦးသိန်းစိန် တချိန်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့တာပါ။
၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် ကျိုင်းတုံမြို့နယ် မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲမှာ မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ပြီး စံပြနမူနာ အဖြစ် နှစ်ရှည်ရာဘာပင်နဲ့ စံပြအထွက်တိုး စပါးတွေကို အမြန်ဆုံး စိုက်ပျိုးသွားဖို့ နောက်လူတွေကိုလည်း လိုက်လုပ်ချင်အောင်  စည်းရုံးဆောင်ရွက်သွားဖို့ တိုင်းမှူးဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
      
 
  (တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန် လက်မှတ် )

      
 
 ( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ တိုင်းမှူးနှင့်အတူ )

တိုင်းမှူးရဲ့ တိုက်တွန်းချက်နဲ့ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ၊ စန်းလူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအားဟီ၊ ဦးအားထူးနဲ့ ဦးကိုဦးတို့ ဦးဆောင်းပြီး ဧက ၃၀၀ရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး နှစ်ရှည် ရာဘာပင်တွေ စိုက်ပျိုးဖို့ လုပ်ဆောင်ခဲ့သလို့  ဦးကိုဦးကိုယ်တိုင်လဲ နီးစပ်ရာ အစုရှယ်ရာတွေကို ခေါ်ပြီး တာချီလိတ်မြို့နယ် လွယ်စီတုံးကျေးရွာသွား ကားလမ်းရဲ့ ဘယ်ဘက် ၁၀ဧက ၊ညာဘက် ၁၅ဧက စုစုပေါင်း ၂၅ဧကရှိတဲ့ မြေလွတ်မြေရိုင်း (ပလပ်မြေ) တွေကို ခုတ်ထွင်ရှင်းလင်းပြီး နှစ်ရှည်ရော်ဘာပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။
 

( လွယ်စီတုံးကျေးရွာသွား ကားလမ်းတဘက်ရှိ မရှင်းလင်းရသေးသောမြေလွတ်မြေရိုင်း ပုံ)

ဒီလိုစိုက်ပျိုးနေစဉ်မှာ သက်ဆိုင်ရာ မြေစရင်းကို သက်သေခံရေးကူးပေးဖို့ စာရွက် စာတန်းတွေပြပြီး တင်ပြခဲ့ပေမယ့် မြေစရင်းက လုပ်မပေးခဲ့ပါဘူး။
ပလပ်မြေတွေကို လယ်မြေအဖြစ် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကလည်း လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တိုင်းမှူးကိုယ်တိုင် ညွန့်ကြားခဲ့တာလို့ ဦးကိုဦးက ပြောပြပါတယ်။
 ဒါကြောင့် နှောင့်နှေးကြန့်ကြာအောင် လုပ်တဲ့ မြေစရင်းကို အရေးယူပေးဖို့ တိုင်းမှူးဆီက အမိန့်စာ ကျလာခဲ့ပေမယ့် အရေးယူခဲ့လား မယူခဲ့လား ဆိုတာ ဘာတခုမှ မသိခဲ့ရဘူးလို့ ဆိုပါတယ်။


   
 
  ( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ မြင်ကွင်း)

၂၀၀၀ခုနှစ် ရာဘာပင်တွေ ရှင်သန်နေတဲ့ တနှစ်သားအရွယ်မှာ ဦးကိုဦး ကျိုင်းတုံကို သွားနေခိုက် ပုဂ္ဂိလိကကုမ္ပဏီ တခုဖြစ်တဲ့ တာဝေမီးစက် ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ ရာဘာ အစောင့်တွေကို ညဘက် ခြိမ်းခြောက်မောင်းထုတ်လိုက်ပြီး လူနေတဲတွေနဲ့ ရာဘာပင်တွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။

     
 
    ( ရာဘာစိုက်ခင်းများဖျက်ဆီးပြီး ဓါတ်လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောင်းဘုတ်အား စိုက်ထူးထားပုံ )
ဒီကိစ္စ ဖြစ်ဖြစ်ချင်း ၂၀၀၀ခုနှစ် မေလ ၂၂ရက်နေ့မှာ တိုင်းမှူးဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ကို တိုင်ကြားခဲ့ပါတယ်၊
အဲဒီအချိန်မှာ တာချီလိတ်မြို့နယ် ဒုရဲမှူး ဦးဖေအောင် ဦးစီးတဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ လာရောက်စစ်ဆေးခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှအကြောင်း မပြန်ခဲ့ပါဘူး၊
ရာဘာစိုက်ခင်းတွေ ဖျက်ဆီးခံလိုက်ရလို့ ဘတ်ငွေ ၂၂သိန်း ( မြန်မာငွေ သိန်း ပေါင်း ၇၀၀ကျော် ) ဖိုး နစ်နာဆုံးရှုံးသွားခဲ့တယ် လို့ ဦးကိုဦးက ပြောပြခဲ့ပါတယ်။

              
  
 ဦးကိုဦး  (ဓါတ်ပုံ အဲမလီ )

တာဝေဓါတ်အားပေး စက်ရုံဟာ နောက်ပိုင်းမှာ ထိုင်းနိုင်ငံက လျှပ်စစ်မီး ခိုးရောင်းမှု ပြဿာနာ အရုပ်အထွေးတွေနဲ့ ရပ်ဆိုင်းလိုက်ရကြောင်း သိရပါတယ်။
ဦးကိုဦးဟာ ရာဘာစိုက်ခင်းမြေ ၁၅ ဧက နစ်နာဆုံးရှုံးခဲ့သလို ၂၀၀၆ခုနှစ်မှာ စံပြစပါးစိုက်ပျိုးဖို့ ၁၀ဧကကိုလဲ မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တာကြောင့် ထပ်မံ ဆုံးရှုံးခဲ့ ရပြန်တယ်။
 

  ၂၀၀၅ ခုနှစ်က ဒီကိစ္စတွေကိုထပ်မံတိုင်ကြားခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ခရိုင်ရုံးက ဒုဗိုလ်မှူးကြီး ဇော်မိုးအေးက ဦးကိုဦးကို ခေါ်တွေ့ပြီး ခင်ဗျား ဘယ်သူ့ကို ချဲချင်တာလဲ လို့မေးခဲ့လို့ ဆိုပါတယ်။
 
 မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တဲ့ လွယ်စီတုံး ကျေးရွာသွား ကားလမ်းဘေးက ၁၀ဧကဟာ မြို့ပြပုံစံအဖြစ် ပြောင်းလဲသွားခြင်း မရှိဘဲ
အခုအခါ ဦးလောစံ ဆိုသူအား လ/န (၃၉) ချပေးပြီး စိုက်ပျိုးခွင့်ပေးကြောင်း သိရပါတယ်။ တိုင်းမှူးဗိုလ်ချုပ်သိန်းစိန် သမ္မတဖြစ်လာတဲ့ နောက်ပိုင်း ၂၀၁၁ခုနှစ်မှာ ထပ်မံတိုင်ကြား ခဲ့ပါတယ်။
ဒါ့အပြင် လယ်/ဆည် ၊ ပြည်ထဲရေး ၊ စသုံးလုံးနဲ့ ပြည်နယ်ဝန်ကြီးဌာန တွေကိုပါ အဆင့်ဆင့် တိုင်ကြားခဲ့ပေမယ့် ယနေ့ချိန်ထိ အကြောင်းပြန်ခြင်း မရှိခဲ့ကြောင်း ဧရာဝတီမှ တဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
 

 ( မရှင်းလင်းရသေးသော လွယ်စီတုံးကျေးရွာသွား ကားလမ်းဘေးမှ ၁၀ဧက အကျယ်အ၀န်းရှိ ပလပ်မြေ )

ဦးကိုဦးဟာ တောင်ကြီး တပ်မတော် တပ်ထိန်းမှ ဒုတပ်ကြပ်တဦးဖြစ်ပြီး  ( ၁၉၉၄) မှာ ပင်စည်ယူ ခဲ့သူပါ။ ပင်စည်ယူခဲ့ပြီးနောက် တာချီလိတ်မြို့နယ် စန်းလူကျေးရွာ ဌာနေ ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
ဘတ်ငွေ ၂၂သိန်းဖိုး ဆုံးရှုံးခဲ့ရတာဟာ သူ့ငွေကြေး တခုတည်း မဟုတ်ပါဘူး။ အစုရှယ်ယာတွေ ပါဝင်သလို ကတိစကားနဲ့ ချေးယူခဲ့တဲ့ ငွေကြေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် သူဟာလူလိမ် လူကောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။



 






ကေအိုင်အေတပ်မဟာ(၃)မှ လက်နက်ပြပွဲပြုလုပ်



 
ကေအိုင်အေတပ်မဟာ(၃)မှာ စက်တင်ဘာလ ၂၂ ရက်နေ့က ၀ရာဘွမ် စစ်ရေးပြကွင်းတွင် လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ အမြောက်ကျည်ဆံများ၊ မိုင်းများအားခင်းကျင်းပြသထားကြောင်းနှင့်၂၂ ရက်မှ ၂၅  ရက်နေ့ ထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုလက်နက်ပြပွဲသို့ အများပြည်သူမည်သူမဆိုလာရောက်ကြည့်ရှုနိုင်ကြောင်းလည်းဆိုသည်။ ထိုပြပွဲသို့ သွားရောက်ကြည့် ရှုခဲ့သူယာဉ်မောင်းတစ်ဦးမှ “သူတို့လက်နက်တွေကိုပြထားတာပါ။ ကချင်ပြည်သူတွေ စိတ်အားတက်စေဖို့လို့ထင်ပါတယ်။ လက်နက်တွေကတော့ အစုံပဲ၊ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော၊ ကျည်ဆံတွေရော အများကြီးဘဲ၊ အသစ်တွေ ချည်းဘဲ နိုင်ငံခြားကမှာထားတာ လို့  ပြောတယ်။ဘယ်သူမဆိုလာ ကြည့်နိုင်တယ်လို့လည်းပြောတယ်။ စာတွေလည်းရေးထားတယ် ကျွန်တော်က ကချင်စာ မတတ်လို့ဘာတွေရေး ထားတာလည်းတော့မသိဘူး” ဟုဆိုသည်။
ထိုလက်နက်များအား တပ်မဟာ ၃ မှ ကားနှစ်စီးဖြင့် ၂၁ ရက်နေ့တွင် ဆိုင်နိုင်ပါရွာ၊ စိုင်ဘန်ရွာဘက်လမ်း ကြောင်း မှ ၀ရာဘွမ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။ ၀ရာဘွမ်သည်ကေအိုင်အေတပ်ရင်း(၂၁)မှ ထိန်းချုပ်ထားသောနေရာဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို


Monday, September 24, 2012

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေး ဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း တွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015 ''တွင် ဖော်ပြထားချက်များအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်း ၀န်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ် နေသူများဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆေးဝါး လိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ဦးကို အေအာတီ ဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါး ရရှိရန် လိုအပ်နေသူများ ဖြစ်ကြောင်း သိရသည်။
''လက်ရှိ အေအာတီဆေးလို အပ်နေပြီး မရသေးတဲ့သူက ၆၀ရာ ခိုင်နှုန်းလောက် ရှိတယ်။ ဒီနှစ်ကုန် ဆိုရင်တော့ အခုရနေတဲ့ လူဦးရေထက် တစ်သောင်းကျော်လောက် တိုးပြီး ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး ဆေးလိုအပ်နေတဲ့ သူတွေဆေးရဖို့အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ Global Fund နဲ့ အမေရိကန်ပြည်သူတွေက ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပြီး ရန်ပုံငွေတွေ ရလာရင် ဒီလူတွေအတွက် ဆေးတွေရလာမှာပါ။
 
မြန်မာမှာ ပိုးကူးစက်ခံရနှုန်းက တစ်ရက်ကို ၂၃ယောက်နှုန်း ကူးစက် ခံနေရပြီး လူဦးရေ ၅၀ ၀န်း ကျင်လောက် သေဆုံးနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ သေဆုံးတဲ့နှုန်းက ကူးစက်ခံရတဲ့ နှုန်းထက် ပိုနေတာကို တွေ့ရပါတယ် '' ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောပြခဲ့သည်။
လက်ရှိ ပြင်ပဆေးခန်းများတွင် အေအာတီဆေး ၀ယ်သောက်နေသူဦးရေ တစ်သောင်းနှင့် နှစ်သောင်းကြား ရှိမည်ဟုလည်း ခန့်မှန်းထားကြကြောင်းနှင့် အေအာတီဆေးအတွက် တစ်ဦးလျှင် တစ်လ ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော် သုံးသောင်းကြားရှိကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်သံ အမတ်ကြီး Eric Goosby နှင့် အဖွဲ့သည် HIV နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များ ဦးစားပေး ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ပူးပေါင်း လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း အမေရိကန် အခြေစိုက်
ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်များအရ သိရသည်။
Eric Goosby သည် ကမ္ဘာ့အကြီးဆုံး အိတ်ခ်ျအိုင်ဗွီဆိုင်ရာ ရန်ပုံငွေ အဖွဲ့တစ်ခုဖြစ်သည့် PEPFAR အဖွဲ့၏ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ HIV ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဆိုင်ရာ အခြားတာဝန် ရှိသူများနှင့် HIV နှင့်ပတ်သက်၍ လုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ယင်းအဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားနေသော HIV/AIDS ရောဂါအား တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူ များအား အေအာတီဆေးဝါး ထောက်ပံ့မှု အများဆုံးပေးနေသည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
Copy from - Eleven Media Group

iphone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး


ဈေးကွက်၌ အသစ်ရောက်ရှိလာသည့် iphone 5 သုံးစွဲရန်အတွက် ဆယ့်ငါးသိန်းတန် ဂျီအက်(စ်)အမ် ကိုင်ဆောင်ထားသူများ ဆင်းကတ် အခက်အခဲ ရှိနေကြောင်းသိရသည်။

ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှင့် နှစ်သိန်းတန် ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင် ဆယ့်ငါးသိန်း ဂျီအက်(စ်)အမ် များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်။

“iphone 5 ရဲ့ ဆင်းကတ်ဆိုဒ်က 1.5 mm မို့လို့ ၁၅ သိန်းတန် ဂျီဆင်း ကတ်ကလွဲရင် ကျန်တဲ့ ဂျီကတ်အကုန် လွတ်လွတ်ကင်းကင်း ထည့်သုံးလို့ ရနေတယ်” ဟု အထက်ပါ မိုဘိုင်းဆိုင်မှ ဖြေသည်။

Iphone 5 အနေဖြင့် ယခုလအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက် ၌ ရေပန်း အစားဆုံး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းအားလုံး အသုံးပြု၍ မရနိုင်ခြင်းကြောင့် ၀ယ်ယူသူ နည်းပါးနေသေးကြောင်း မိုဘိုင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

“၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကတ်ကြီးကိုသွားလဲ ကြည့်ရ ဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ ရတော့မှာ” ဟု ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ် ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။

ပြည်တွင်းသို့ ယခုလ (၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင် ၀င်ရောက်လာပြီး လက်ရှိတွင် ကျပ် (၁၂)သိန်းခွဲ ခန့်ဖြင့် ရောင်း ချနေကြကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal

ခုနှစ်ရက် သားသမီးများအတွက် ( ၂၄.၉.၁၂) မှ ( ၃၀.၉.၁၂) ထိ တပတ်စာဗေဒင် ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အလုပ်ပြောင်းရခြင်း၊ ပြောင်းလျှင်ကောင်းသည်။ ငွေများစွာဝင်ခြင်း၊
ထီပေါက်တတ်ခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်းဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းကြောင့်၎င်း၊ လက်အောက်ငယ်သားကြောင့်၎င်း စိတ်ညစ်စရာဖြစ်နေတတ်သည်။
အထက် လူကြီးဆရာသမား၏မစ ခြင်း၊  လူမျိုးခြားများ၏ကူညီမှုရခြင်း များဖြစ်တတ်သည်။
ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသတိပြုပါ။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းပိုအားကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၂ ၀ ၆ ၂)
တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်အတိုက်အခံကြောင့်အလုပ်ပြောင်းချင်နေမည်။ ကောင်းသည်ပြောင်းပါ။ ငွေဝင်မည်။
သို့သော်ငွေအကုန်များနေမည်။ အစွတ်အစွဲခံရတတ်ခြင်း၊ ငွေကြေးစာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရခြင်း၊
ငွေကြောင့်သိက္ခာကျခြင်းများဖြစ်တတ်သည်။ သတိရှိပါ။ စက်ပစ္စည်းပျက်ပြီး အသစ်ဝင်တတ်သည်။
ရွှေ၊ နာရီထွက်တတ်သည်။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ ဆေးထိုးမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။  လိမ်လည်လှည့်ဖျားခြင်းခံရတတ်သည်။ အထူးသတိထားပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၁ ၆ ၅ ၅ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စီးပွားတိုးချဲ့ရတတ်သည်။ စီးပွားရေး၊ လူမူရေး၊ အစစအရာရာအောင်မြင်နေချိန်ဖြစ်တတ်သည်။ ပျော်ပွဲရွှင်ပွဲသွားခြင်း
၊ ခရီးထွက်ခြင်းလုပ်ပေးပါ။ ရွှေလက်ကောက်ဝင်ခြင်း၊ အိမ်ထောင်ရှင်များသားသမီးရတတ်ခြင်းဖြစ်တတ်သည်။
လေယာဉ်ခရီးသွားရခြင်း၊ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရခြင်းများဖြစ်တတ်သည်။ ဖုန်းကြောင့်စိတ်
ညစ်စရာဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။
ကျန်းမာရေး။ ဆီးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျစိတ်တူကိုယ်တူနှင့်တွေ့ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၂ ၂ ၈ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စာရွက်စာတမ်းကိစ္စများ၊ စာအုပ်ကိစ္စများအဆင်ပြေခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ဖုန်းဝင်ခြင်းဖြစ်တတ်
သည်။ ရွှေ၊ နာရီ ထွက်တတ်သည်။ အခန်းသစ်၊ အိမ်သစ်ရတတ်သည်။ လူမျိုးခြားများကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ စနေနံပစ္စည်း
များထွက်တတ်သည်။ ယခုအချိန်တွင် ငွေရင်းပြီးစီးပွားရေးမလုပ်ပါနှင့်။ ဆုံးရှုံးမှုများမည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးနေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။ သို့သော်အိမ်ထောင်ရှင်ဖြစ်တတ်သည်။ သေသေချာချာစုံစမ်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၀ ၀ ၄)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရွေ့ရခြင်း၊ နှိင်ငံခြားနှင့်ပတ်သက်သောသင်တန်းတက်ရခြင်း၊ ငွေများဝင်မည်။ ကုန်စရာများဆက်
တိုက်ဖြစ်တတ်သည်။ ငွေပျောက်တတ်သည်။ စာရွက်စာတမ်း၊ အရေးကြီးစာတစောင်ရောက်လာခြင်းဖြစ်တတ်သည်။ ခင်မင်သောမိတ်
ဆွေများနှင့်ကောင်းသောခွဲခြင်းခွဲခွာရတတ်သည်။ ပျော်ရွှင်သောခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ အဆုတ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျမတွေ့သေးဘဲဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၆ ၄ )
သောကြာသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံအလည်အပတ်ပြန်ရတတ်ခြင်း၊ အခြားနိုင်ငံထွက်ရန်ပြင်ဆင်နေသူများ နိုင်ငံရပ်ခြားခရီးကောင်းရှိသည်။ ကွန်ပြူတာဝင်ခြင်း၊
မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ရွှေပြင်ရတတ်ခြင်း၊ အလုပ်တွင်လက်အောက်ငယ်သား၊ အထက်လူကြီးဆရာသမားနှစ်ဦးစလုံးကြောင့်
စိတ်ညစ်ရတတ်ခြင်းဖြစ်တတ်သည်။ မိမိမောင်ညီမငယ်များကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ ငွေအကူအညီတောင်းခံရတတ်သည်။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်း၊ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၇ ၇ ၅ )
စနေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မိမိမရောက်ဖူးသောဒေသသို့သွားရတတ်ခြင်းဖြစ်တတ်သည်။
မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း၊စိန်လက်စွပ်၊ ပုလဲလက်စွပ်၊  စိန်ထည်ပစ္စည်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်တတ်သည်။
စီးပွားတက်နေခြင်း၊ မိဘများ၊ မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်သည်။ အလုပ်တွင်စီးပွား
တက်သော်လည်း ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ထုံကျင်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်အဆင်ပြေခြင်း၊ အချစ်သစ်တွေ့ရတတ်သည်။ သစ္စာရှိပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၂ ၄ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့်  Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +6018 2250 510
E-mail: swezinwati@gmail.com

ကွန်ပြူတာကို မြန်စေမယ့် နည်းလမ်းများ ...........


 ငါ့ကွန်ပြူတာအရမ်းလေးနေတယ်ကွာ လို့ သူငယ်ချင်းတစ်ယောက်က ကျွန်တော် ကို လာပြောလို့ ကျွန်တော် သူ့အိမ်ကိုလိုက်သွားပြီး
သူငယ်ချင်းရဲ့ကွန်ပျူတာကိုလိုက်ကြည့်ပါတယ်၊သူ့ရဲ့ကွန်ပျူတာက
 Processor-  Intel(R) Core(TM)2 Duo CPU E7400 @2.80GHz 2.79GHz
 RAM-2.00GB
window7 32-bit
 နဲ့ဖြစ်ပါတယ်၊ အတော်အသင့်ကောင်းမွန်တဲ့ကွန်ပျူတာလို့ဆိုနိုင်ပါတယ်၊ဒါပေမယ့် တကယ်ကိုလေးနေတာပါ၊လုပ်ဆောင်ချက်အားလုံးလေးကန်
နေပါတယ်၊အဲဒါကတော့ အသုံးပြုသူရဲ့အပြစ်ပါ temp ဖိုင် junk ဖိုင် registry နဲ့တခြားမလိုအပ်သောဘာဖိုင်ကိုမှ သူမရှင်းလင်းခဲ့ပါ၊anti-virus ကိုလည်း update
မလုပ်ဘဲထားပါတယ်၊နောက်ပီး ၀ယ်ထားကတည်းက Hard drive ကို သန့်ရှင်းရေးမလုပ်ပါ ဘာဆိုဘာမှ သူမလုပ်ဘဲထားပါတယ်၊ ကျွန်တော် သူ့ကိုအပြစ်မပြောပါ
beginner တစ်ဦးအတွက် ဖြစ်တတ်တဲ့သဘောတွေပါ၊ကျွန်တော်တုန်းကလည်းအဲလိုပါဘဲ ..... ဟိဟိ  ကဲ............ ကျွန်တော်တို့ ကွန်ပျူတာကို အမြန်နှုန်းမြင့်ရအောင်

(၁)Search Indexing Feature ကိုပြင်ဆင်ခြင်း

start(window key) ကိုနှိပ် computer ကို right ckick နှိပ် Manage ကိုကလစ်ပါ
Manage ပေါ်လာတဲ့အခါမှာတော့ ဘယ်ဘက်အကွက်ထဲမှ Services and Applications
ကိုရွှေးပါ Services ကိုထပ်ရွှေးပါ၊ထိုနောက် ညာဘက်မှ Window Search ကို ကလစ်နှစ်
ချက်နှိပ်ပီး Automatic(Delayed Start) ကို Disabled လုပ်ပီး Apply နှိပ် OK လိုက်ပါ။

(၂)UAC ကိုပြင်ဆင်ခြင်း

start(window key) ကိုနှိပ်ပါ uac လို့ရိုက်ထည့်ပါ enter ခေါက်ပါ အတုံးလေးကိုအောက်
ဆုံးအထိ ဆွဲချလိုက်ပါ၊massage box တတ်လာလျှင်လည်း OK နှိပ်ပေးလိုက်ပါ
(သတိပြုရမှာက-လိုင်စင် window အစစ်အသုံးပြုသူများမပြုလုပ်သင့်ပါ၊တစ်ခွေတစ်
ထောင် crack သမားများကတော့ ပြသာနာမရှိပါဘူး)

(၃)အသုံးမပြုလိုသော applications များကိုပိတ်ထားခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊Programs ကိုရွှေးပါ၊Programs and Features
ကိုထပ်နှိပ်ပါ၊ Turn Windows Features on or off ကို ကလစ်ပါ၊အဲဒီမှာ ဂိမ်းမှာရှိသောအမှန်ခြစ်လေး
ကိုဖြုတ်ပါ၊Media Features ရှေ့တွင်ရှိသော(+)အပေါင်းလေးကိုကလစ်ပြီးဖွင့်လိုက်ပါ၊Windows DVD
Maker နှင့် Windows Media Center ရှေ့မှ အမှန်ခြစ်လေးများဖြုတ်လိုက်ပါ၊ကဲ.....OKနှိပ်လိုက်ပါ၊
(သတိပြုရမှာက ကျွန်တော်ဖြုတ်ခိုင်းတဲ့ဟာတွေကိုသာဖြုတ်တာကောင်းပါတယ် ကျန်တာတွေက
system နဲ့ဆိုင်တဲ့အတွက် မဖြုတ်တာကောင်းပါတယ်)

(၄)Aero Peek and Aero Snap features ကို Disable ပြုလုပ်ခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊Ease of Access ကိုရွေးချယ်ပါ၊ထိုအောက်မှ
Ease of Access Center ကိုဖွင့်ပါ ဖွင့်ပြီးရင်တော့ Make it easier to focus on tasks ကိုကလစ်ပါ
Prevent windows from being automatically arranged when moved to the edge of the
screen ကို အမှန်ခြစ်ဖြုတ်လိုက်ပါ၊Ok နှိပ်ပါ၊ထို့နောက် right click နှိပ်ကာ Personalize ကိုနှိပ်လိုက်ပါ
ညာဘက်ရှိ Taskbar and Start Menu ကို ကလစ်နှိပ်ပါ ထိုနောက် use Aero Peek to preview the
desktop ကို အမှန်ခြစ်ဖြုတ်လိုက်ပါ၊Apply နှိပ် OKနှိပ်ပါ၊

(၅)Hight performance ကိုအသုံးပြုခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊ System and Security ကိုဖွင့်ပါ၊Power Options ကိုနှိပ်ပါ
Hight performance ကိုပြောင်းလိုက်ပါ၊OK လိုက်ပါ။

(၆)Disable Unwanted System Sounds in Windows7

run box ခေါ်ပါ (window key +R) window key နဲ့ R ကိုတွဲနှိပ်လျှင် run box ပေါ်လာပါပြီ
ဒါဆို mmsys.cpl ရိုက်ပြီး enter ခေါက်ပါ sond ပေါ်လာပါပီ ၊sounds ကိုရွေးပါထို့နောက်
windows default နေရာတွင် no sound ကို ရွေးကာ Apply နှိပ်ပါ။

(၇)Start Up program များကို Disable လုပ်ခြင်း

run box ခေါ်ပါ (window key +R) window key နဲ့ R ကိုတွဲနှိပ်လျှင် run box ပေါ်လာပါပြီ
ဒါဆို msconfig ကိုထည့်သွင်းပြီး enter ခေါက်ပါ startup ကိုရွေးပါ ၊antivirus program များမှ
လွဲရင် တခြားဟာ အမှန်ခြစ်ဖြုတ်လိုက်ပါ၊Apply ကိုနှိပ်ပါ၊OK လုပ်လိုက်ပါ ၊ restart ချလိုက်ပါ။

(၈)Softwares များအသုံးပြုခြင်းဖြင့် မလိုအပ်သောဖိုင်များရှင်းထုတ်ခြင်း

Cclear ဆော့ဝဲလ်ကိုအသုံးပြုခြင်းဖြင့် မလိုအပ်သောဖိုင်များကိုရှင်းထုတ်နိုင်တယ်
ဒီမှာဒေါင်းပါ
Auslogics Disk Defrag ကိုအသုံးပြုခြင်းဖြင့် Hard Disk တွင်းဖိုင်များအစီအစဉ်တ
ကျပြုလုပ်ကာ၊ကွန်ပျူတာမြန်စေသည်။
ဒီမှာဒေါင်းပါ
antivirus တစ်ခုခုအသုံးပြုပါ၊အလကားရတဲ့ဟာတွေရှိပါတယ်ကောင်းလည်းကောင်းပါ
တယ်၊နောက် antivirus တင်ပီးသွားရင်လည်း ဒီအတိုင်းမနေပါနဲ့ update လုပ်ပါ၊scan
ဖတ်ပါ၊နေ့တိုင်းမဟုတ်တောင် ၁ လတစ်ခါလောက်ဘဲဖြစ်ဖြစ်ပေါ့နော်
anti-virus ဆော့ဝဲလ်တွေကိုတော့ ဒီမှာကြည့်ပါ...........

ဒီပို့လေးကို ကျွန်တော်က မသိသေးသူတွေအတွက်ရေးလိုက်တာပါ၊ကဲ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်.......... 

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်


ရန်ကုန်၊ စက်တင်ဘာ ၂၄

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံမေဂျာ တတိ ယနှစ်မှ ဘာသာရပ်စာမေး ပွဲတစ်ခု မေးခွန်းမှားယွင်းဝေငှမှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျောင်းသားတွေရဲ့ စာမေး ပွဲခန်းကိစ္စမဆိုထားနဲ့ စားမေးပွဲ ဖြေ
ဆိုဖို့ လာတဲ့လမ်းကြောင်းတစ် လျှောက်မှာတောင် စိတ်ချမ်းမြေ့စွာ နဲ့ ဖြစ်ဖို့ ကျွန်တော်တို့မှာ အဲ လောက်အထိ တာဝန်ရှိပါတယ်။ ဒါက သူ့ကြောင့်၊ ကိုယ့်ကြောင့် မဟုတ်ပဲ ဌာနတစ်ခုလုံးနဲ့ ဆိုင် သွားပါတယ်''ဟု ¤င်းက ဆက် သွယ်မေးမြန်းမှု အပေါ်ဖြေသည်။

နည်းပညာတက္ကသိုလ် တတိ ယနှစ်ကျောင်းသားတစ်ဦး၏ အဆိုအရ နေ့လည် ၁ နာရီ တွင် ကျောင်းက မေးခွန်းဝေငှရာ မေး ခွန်းမှာ ဘာသာရပ်နှင့် မဆိုင် ကြောင်း ကျောင်းသားတို့က ပြော ပြ၍ အခန်းစောင့်တာဝန်ရှိသူက တစ်ဆင့်တင်ပြကြရာ ဌာနမှူး ရောက်လာပြီး သူမေးထားသော မေးခွန်းခေါင်းစဉ်တက်ကာ ကိုယ် ရသော အဖြေတို့ကိုသာ ဖြေပါဟု ပြောကြောင်း သိရှိရသည်။

''နောက်တော့ ကျောင်းသား ရေးရာက ဆိုပြီး နေပြည်တော်က နေ မေးခွန်းလာပါတယ်ပြောပြီး ၂ နာရီ ၂ဝ မိနစ်ထဲမှာမှ မေးခွန်း အစစ်ကို လာဝေပါတယ်''ဟု ¤င်းက အဖြစ်အပျက်ကို ဆက် ပြောသည်။

ညနေ ၄ နာရီတွင် စာမေးပွဲ ဖြေဆိုမှုပြီးဆုံးမည်ဖြစ်သော်လည်း ရေနံမေဂျာ တတိယနှစ်ကျောင်း သားတို့မှာ အချိန် ၅ နာရီခွဲအထိ ဖြေဆိုချိန်ကို တိုးမြှင့်ပေးခဲ့ ကြောင်း လည်း ကျောင်းသားအများစုထံမှ သိရှိရသည်။

ရေနံမေဂျာကျောင်းသားတို့ မှာ မေးခွန်းပြောင်းသွားမှုကြောင့်
ဇဝေဇဝါဖြစ်ကာအားရကျေနပ်ရ သည်အထိ မဖြေဆိုနိုင်ခဲ့ရာ ယင်း ကြောင့် စာမေးပွဲရလဒ်အပေါ် ထိ ခိုက်မှုကို စိုးရိမ်နေကြရသည်။
သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ကျောင်းသားတို့အပေါ်ဖြေဆိုချိန် အပြည့်အဝ ပေးထားမှု ရှိ၊ မရှိအပေါ် စိတ်ပူရကြောင်း၊ သိရှိ ရသလောက် အပြည့်ပေးထား၍ စိတ်ပူပန်ရမှုလျော့နည်းခဲ့ကြောင်း နှင့် ထိုကဲ့သို့ မေးခွန်းအစုံလိုက် မှားယွင်းဝေငှမှု ဖြစ်စဉ် မရှိခဲ့ပါဟု ပြောသည်။
သန်လျင်နည်းပညာ တက္ကသိုလ်တွင် တတိယနှစ် ရေနံ မေဂျာအဓိကသင်ယူနေသူ စုစုပေါင်း ၄၅ ဦးရှိပြီး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ထိုကဲ့သို့ မဖြစ်ခဲ့ဟု စုံစမ်းသိရှိရ သည်။
သန်လျင်နည်းပညာ တက္ကသိုလ်တွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီက ရေနံမေဂျာမှီမငူငညါ နညါငညနနမငညါ (ဏ ၃ဝ၃၂) ကို စစ်ဆေးရာ ဘာသာ ရပ်နှင့် မသက်ဆိုင်သည့် မေးခွန်း အား လွဲမှားစွာ ဝေငှဖြေဆိုခိုင်းခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မင်းသုအောင် - Popular Myanmar News Journal

တရုတ်ရဲ တပ်ဖွဲ့ အကြီးအကဲ ထောင် ၁၅ နှစ်ကျ


တရုတ် နိုင်ငံရေး လောကမှာ ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ တရုတ် ထိပ်တန်း နိုင်ငံရေး သမား ဘိုရှီလိုင်ရဲ့ နိုင်ငံရေး အရှုပ် အရှင်း ကိစ္စမှာ အဓိက အခန်းဏ္ဍက ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ်လီဂျွန်းကို လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားမှု၊ ဘက်ပြောင်းဖို့ ကြိုးစားမှု တို့နဲ့ တရုတ် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက် ပါတယ်။

တရုတ်နိုင်ငံမှာ လူသိအများဆုံး၊ သြဇာ အရှိဆုံး ရဲတပ်ဖွဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ ဝမ်လီဂျွန်းဟာ လူပေါင်း သန်း ၃၀လောက်နေထိုင်တဲ့ ချုံချင်း ပြည်နယ်ရဲ့ ရဲချုပ်ဖြစ်ပြီး နာမည်ကြီး လူသိများတဲ့ သူတဦး ဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလတုန်းက သူဟာ အမေရိကန် ကောင်စစ်ဝန်ရုံးကို ကိုယ့်သဘောနဲ့ ကိုယ်သွားခဲ့ပြီး တရုတ် ထိပ်တန်းနိုင်ငံရေး သမား ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ရဲ့ လူသတ်မှုအကြောင်း အသေးစိတ်ကို ဖော်ထုတ်ခဲ့ပါတယ်။

ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူခိုင်လိုင် ဟာ စီးပွားဖက် ဗြိတိသျှ စီးပွားရေး သမား Neil Heywood နဲ့ ငွေကြေးကိစ္စ အချင်းများခဲ့ကြပြီး သတ်ခဲ့တယ်ဆိုပြီး သူက စွပ်စွဲခဲ့ပါတယ်။

အဲဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူခိုင်လိုင်ဟာ လူသတ်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံကို ဦးဆောင်မယ့်သူဆိုပြီး အရင်က ထင်ကြေးအပေးခံရဆုံး ဘိုရှီလိုင်ကိုယ်တိုင်လည်း သြဇာအာဏာကြီးလှတဲ့ ထိပ်တန်းရာထူးကနေ ဆိုင်းငံ့ခံထားရပါတယ်။

ဝမ်လီဂျွန်းကို ဥပဒေကို လက်တလုံးကြားလုပ်မှု၊ လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားမှု၊ အာဏာကို အလွဲသုံးစားလုပ်မှု၊ ဘက်ပြောင်းဖို့ ကြိုးစားမှုနဲ့ တရုတ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချမှတ်တာဟာ နိုင်ငံရေး အရှုပ်အရှင်းကိစ္စကို ဖော်ထုတ်ခဲ့သူ ဖြစ်တာကြောင့် သက်ညှာမှုတခိျု့ ပေးခဲ့တာလို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ခေါင်းဆောင်သစ် တယောက် တင်မြှောက်ဖို့ မကြာမီ လုပ်ဆောင်တော့မှာ ဖြစ်ပြီး ဒီကိစ္စသာ မဖြစ်လာခဲ့ဘူးဆိုရင် ရာထူးအပြောင်းအလဲလုပ်ဖို့ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မယ်လို့ ယူဆနေကြပါတယ်။

အခုလို နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တချိန်က နိုင်ငံရေးသြဇာကြီးခဲ့တဲ့ ဘိုရှီလိုင်တယောက် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲခံရတာ မခံရတာရတာ အသာထား၊ သူ့ဇနီးသည်ရဲ့ လူသတ်မှု နဲ့ သူ့လက်အောက်က ခြစားတဲ့ ရဲအကြီးအကဲ ဝမ်လီဂျွန်း ရဲ့ ပြစ်ဒဏ်တွေကို ကြည့်ရင် တရုတ်နိုင်ငံရေးလောကရဲ့ ထိပ်သီးအဆင့်တွေအကြား ခြစားမှုအကြောင်း မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ရှန်ဟိုင်းက ဘီဘီစီသတင်းထောက် John Sudworth သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝမ်လီဂျွန်းဟာ တချိန်က နာမည်ကျော် ရဲ အရာရှိကြီး ဖြစ်ခဲ့ပါတယ်။

Android ဖုန်းအတွက်အသုံးဝင်ဆော့ဝဲများ


Appကိုအသုံးပြုခြင်းဖြင့် ပရိတ်တော်များကို ဖတ်ရှုရွတ်ဆိုနိုင်ခြင်း၊ ထို့သို့ရွတ်ဆိုရာတွင် လည်း Internet ချိတ်ဆက်ထားရန် မလိုအပ်ပဲ တရားတော်များကို အသံဖြင့် တစ်ပြိုင်နက် နာယူနိုင်ပါသည်။ ထို့အပြင် Root မလုပ်ထားသော (သို) မြန်မာ Font မထည့်ထားသော Android System သုံး Phone များတွင်လည်း မြန်မာစာလုံးများကို အဆင်ပြေချောမွေ့စွာ ဖတ်ရှု့နိုင်ပါသည်။ (Sony Ericsson Phone များအပါအ၀င်)
အနည်းဆုံး လိုအပ်သော Android Version မှာ 1.6 ဖြစ်ပြီး 4.x.x အထိအသုံးပြုနိုင်ပါသည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
Android Wifi Password မှတ်ပေးတဲ့ဆော့ဝဲလေးပါ
   Keylogger ဆိုသော်လည်း ဒီကောင်က Wifi Password တစ်မျိုး ကိုသာ Hack တာပါ.....wifi ရတဲ့ နေရာမှာ wifi သုံးရင် သူတို့က Password ရိုက်ပေးပါမယ်....ဒီဆော့်ဝဲက အဲဒီ Password ကို မှတ်ထားပေးပါမယ်။ ဒီလောက်ဆိုသဘောပေါက်ပြီနော်..။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
scan ဖတ်လို့ရတဲ့ဆော့ဝဲလေးပါ
    Android ဖုန်းကနေ  scan ဖတ်လို့ရပါတယ်။ Android ဖုန်းကို Scanner အဖြစ်အသုံးပြုလို့ရတာပါ... scan ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ တစ်ခါတည်းထုတ်လို့ရပါသေးတယ်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ဝယ်သုံးရတဲ့ Android ဆော့ဝဲတွေကို free သုံးလို့ရတဲ့ဆော့ဝဲလေးပါ
 ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ မိမိဖုန်း ကို  root လုပ်မထားရင်တော့ ဒီဆော့ဝဲကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။

-Lucky Patcher ဆော့ဝဲထဲသို့ဝင်ပါ။ -မိမိဖုန်း/Tablet တွင်သွင်းထားသော application list ပေါ်လာပါမည်။- License ဖြုတ်လိုသော app ပေါ်တွင်  long press ဖိထားပါ။
-အထက်ပါပုံအတိုင်း မိမိပြုလုပ်လိုသော Custom Patch/ Remove License / Remove Ads ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။
                   တစ်ချို့ဆော့ဝဲတွေရဲ့ License Verification ကို အခုပေးထားတဲ့ Lucky Patcher version ကမဖြုတ်နိုင်ခဲ့ရင်  version အသစ်ထွက်ရင်  အဆင်ပြေမှာဖြစ်ပါတယ်။
 
 
 
ဆိုက်ပေါင်းစုံမှ ရှာဖွေတင်ပြပါသည်။ အားလုံးအဆင်ပြေကြပါစေ။

ဦးခေါင်းနှစ်လုံးဖြင့် ကလေးမွေးလာပြီး ပါးစပ်နှစ်ပေါက်စလုံးက မိခင်နို့စို့နိုင်.....



ဘရာဇီးနိုင်ငံတွင် အသက်၂၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဦးခေါင်းနှစ်လုံး ပါရှိသည့် ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဖော်ပြသည်။ 

မာရီယာဒီနာဇာရေး အမည်ရှိ အမျိုးသမီးသည် ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ် အနာဂျက်မြို့ရှိ ဆေးရုံတွင် အဆိုပါကလေးကို ဗိုက်ခွဲမွေးဖွားခဲ့ခြင်း ဖြစ်သည်။

သူသည် ဆေးရုံသို့ တက်ရောက်ခဲ့စဉ် သူ၏ကိုယ်ဝန်ကို အမြွှာပူးဟုသာ ထင်ခဲ့သည် ဟုဆိုသည်။ 
မွေးဖွားလာစဉ် ကလေးသည် ကိုယ်အလေးချိန် ၉ဒသမ ၉ပေါင်ရှိသည်။

ကလေးသည် ဦးခေါင်းနှစ်လုံးပါရှိ သည်မှလွဲ၍ အခြားခန္ဒာကိုယ် အစိတ်အပိုင်းများ အားလုံးမှာ ကျန်းမာသန်စွမ်းကာ ပုံမှန်အတိုင်း အလုပ်လုပ် နိုင်သည်ဟုဆိုသည်။ ကလေးသည် ဦးနှောက်နှစ်ခုနှင့် ကျောရိုး နှစ်ခု ပါဝင်သော်လည်း နှလုံး၊ အဆုတ်၊ အသည်းနှင့် လိင်အင်္ဂါများမှာ တစ်ဦးစာသာ ပါဝင်သည်ဟု ဆိုသည်။

မင်းချစ်သူ...winewine04@gmail.com

အိန္ဒိယနိုင်ငံမှာ ပိတ်ပင်တားဆီးထားတာငါတို့လူမျိုးတွေဘာလို့စားရမှာလဲ(စဉ်းစားဦးနော်)


ကင်ဆာအမျိုးမျိုးဖြစ်ပွါးစေသည့် ကွမ်းယာအထုပ်ငယ်များ ........
Photo: Gutkha (ဂူရခါး) ကွမ်းသီးခြောက်ထုပ် ........... ( မြန်မာနိုင်ငံတွင် လူငယ်လူလတ်များစွာ စားသုံးနေကြပါသည် လုံးဝကို စားသုံးရန်မသင့်ကြောင်း လေးလေးနက်နက် တင်ပြပါသည် ) ဆေးမပါဘဲ ကွမ်းသီးကို ပြုပြင်ထားတာကို အထုပ်ငယ်လေးတွေနဲ့ ကွမ်းယာဆိုင်တိုင်းမှာ ဈေးချိုချိုနဲ့ ဝယ်လို့ရတယ်။ အိန္ဒိယမှာ များလွန်းလို့ “နှစ်ပြားတန်ကနေ ကင်ဆာဖြစ်စေမယ်” လို့ သတိပေးကြတယ်။ ကွမ်းသီးကို ပြုပြင်နည်းတွေ အမျိုးမျိုးရှိတယ်။ အမွှေးနံ့တွေလဲ မတူကြဘူး။ လေးညှင်း၊ ဖါလာ၊ စတာတွေအပြင် ချောကလက်နံ့ပါတာလဲ ရှိသေးတယ်။ ခံတွင်း-ကင်ဆာဆိုတာ ဖြစ်လာဘို့ရာ ဆယ်နှစ်ကြာလို့ ကွမ်းသီးခြောက်ကို ၄-၅ နှစ် စားသုံးနေလို့ ဘာမှမဖြစ်ဘူး မထင်သင့်ပါ။ ဒါကြောင့် အိန္ဒိယမှာ ခံတွင်း-ကင်ဆာ အဖြစ်အများဆုံးဘဲ။ ၂ဝဝ၈ ခုနှစ်တုံးက အမေရိကားမှာ ၂ သောင်း ၃ ထောင်သာရှိခဲ့ပေမဲ့၊ အိန္ဒိယမှာ ခံတွင်း-ကင်ဆာ လူနာပေါင်း ၇ သောင်း ရှိခဲ့တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီကနေ ထောက်ပြထားပါတယ်။ ဆေး-ဆေးလိပ်၊ အရက်၊ (ကေဖင်း) နောက်မှာ ကွမ်းသီးဟာ စတုတ္ထမြောက် အများဆုံး တလွဲသုံးနေကြတယ်။ (ကိုကာ-ကိုလာ) ထဲမှာ ဘာတွေကို ဘယ်လောက် အတိအကျထည့်ပြီး ဖျော်စပ်တယ်ဆိုတဲ့ Coca-Cola formula ဟာ ကုမ္ပဏီရဲ့ လှို့ဝှက်ချက် ဖြစ်တယ်။ အလားတူဘဲ (ဂူရခါး) ထဲမှာလဲ သူများ မသိတာတွေ ပါနေတယ်။ ဥပမာ Jhee (ဂျီး) ဆိုတဲ့ အမျိုးအစားထဲမှာ ကွမ်းသီး ၇၅%၊ ဆေး ၁၂% နဲ့ သူများမသိတာ ၁၃% ပါတယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ပြောတယ်။ ၂ဝဝ၈ တုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာမှုတခုအရ (ဂူရခါး) ထဲမှာ (ခရိုမီယမ်)၊ (နစ်ယ်လ်) နဲ့ (အာဆင်းနစ်) တွေ ပါတယ်။ ဒါတွေက ကင်ဆာကို ဖြစ်စေနိုင်တယ်။ ကွမ်းယာကို အထားခံအောင် စီမံထားတာတွေထဲမှာ မှိုမတက်အောင်၊ စားကောင်းအောင် ဓာတုဗေဒပစ္စည်း တစ်ခုခု ထည့်ထားရတာမို့ ကင်ဆာဖြစ်စေတဲ့ (ကာစီနိုဂျင်) တွေပိုပြီးပါတယ်။ ကမ္ဘာပေါ်မှာ ဆေးပါတဲ့ကွမ်းယာ စားသုံးတာ မြန်မာနိုင်ငံက ၅၁့၎% ရှိတယ်။ ဒါကြောင့် “လျှာဖြတ်မခံလိုလျှင် ကွမ်းယာ မစားပါနှင့်” ဆိုပြီး လျှာကင်ဆာ အတွက် ကျန်းမာရေးသတိပေးချက် ရှိတယ်။ ကွမ်းယာစားသူတွေက ဆေးလိပ်သောက်တာ များတယ်။ တဆက်တည်း အရက်သောက်တာလည်း များတယ်။ ဆေးလိပ်နဲ့ ကွမ်းစားတာတွဲရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်ပိုများပြီး၊ အရက်ပါတွဲရင် ၁၂၃ ဆ များသွားပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေဟာ ပတ်ဝန်းကျင်စေ့ဆော်မှု၊ သူငယ်ချင်းတွေ ဆွဲဆောင်မှု၊ အတုမြင် အတတ်သင်မှုဆိုတဲ့ အကြောင်းခံတွေကနေ အကျင့်ကူးစက်တယ်။ အခြေခံကတော့ စိတ်ပါဘဲ။ Mg Mandalay အား ဆရာDr.Tint Swe မှ ချီးမြှင့်ပေးသည် စာစု
(ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ)
အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင် ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။
ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနို

င်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။
အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။
“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။
အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင် ပိတ်ပင်တားဆီးခဲ့သည်။
ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။
ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။
“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ” ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။
စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။
အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။
နန်းတော်ဖိုက်တာ(ပေးဆပ်သူ)

သင့်အိမ်ရဲ့ အကြောက်ရဆုံး (၆)နေရာကိုသိချင်ရင်ဖတ်ကြည့်ပါ


အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ ခြောက်နေရာ ..................

( ၁ ) မီးဖိုချောင်ဘေစင်
အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများ
တယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။
အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
( ၂ ) သွားပွတ်တံ
တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။
( ၃ ) ဆားဘူးနှင့် ငရုတ်သီးဘူး
ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။
( ၄ ) ရီမုတ်
ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။
( ၅ ) ကွန်ပျူတာကီးဘုတ်
ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။
( ၆ )ရချိုးခန်း
ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။
shared Mg Mandalay's photo.
source>>>>http://www.facebook.com/nangmy.nangmy

ဘင်လာဒင်ကို ဇီဝိန်ကြွေစေခဲ့တဲ့မစ်ရှင်အကြော င်း ထုတ်ဖော်ရေးသားလိုက်တဲ့ No Easy Day စာအုပ်နှင့် တွေးမိသမျှ



by Aung Myo Thu on Sunday, September 23, 2012 at 9:31pm ·

အမေရိကကို အဓိကအထိနာစေခဲ့တဲ့ ၉/၁၁ တိုက်ခိုက်မှုရဲ့ ကြိုးကိုင်ဖခင်ကြီးဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ဆယ်စုနှစ်တစ်စုခန့် လိုက်လံခြေရာခံခဲ့ပြီး နောက်ဆုံးမှာတော့ အပြတ်ရှင်းလိုက်နိုင်ပြီဖြစ်ပါတယ်။ သမ္မတအိုဗားမားကိုယ်တိုင် အမေရိကရဲ့အဓိက အောင်ပွဲတစ်ခုအဖြစ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက်တော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခု ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဘင်လာဒင်ကို သွားရောက်သုတ်သင်ခဲ့တဲ့ Navy Seal အဖွဲ့သား တစ်ယောက်ကနေပြီး သူတို့ရဲ့ဒီ Operation အကြောင်းကို ထုတ်ဖော်ရေးသားပြီး No Easy Day ဆိုတဲ့ခေါင်းစဉ်နဲ့ စာအုပ်အဖြစ်ထုတ်ဝေလိုက်တာပါပဲ။
ဘင်လာဒင်ကို သွားရောက်သုတ်သင်ခဲ့တဲ့အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့မျိုးလည်းဆိုတာတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ အမေရိကရဲ့ ထိပ်တန်းပစ်မှတ်ကိုရှင်းမယ့် ဒီအဖွဲ့ဟာအကောင်းတကာ့ အကောင်းဆုံးတွေထဲက ရွေးထုတ်လေ့ကျင့်ထားတဲ့ အထူးအဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာပါ့မယ်လို့ ခံဝန်လက်မှတ် ထိုးထားရတဲ့သူတွေပါ။ အဲ့ဒီလိုအဖွဲ့ဝင်က White House,Pentagon,CIA အစရှိတဲ့ အစိုးရအဖွဲ့အစည်းတွေကို အသိမပေးဘဲနဲ့ ယခုလိုအင်မတန် အရေးကြီးတဲ့မစ်ရှင်အကြောင်းကို ဖွင့်ဟလိုက်တဲ့အတွက် အထူးကိုစိတ်ဆိုးဒေါသထွက်နေကြပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ သတင်းဌာနတစ်ခုတို့ အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ဒီစာအုပ်အကြောင်းကို လုံးဝမသိလိုက်ကြောင်း။ အမေရိကရဲ့ထိပ်တန်းအဖွဲ့ဖြစ်တဲ့ Navy Seal အဖွဲ့သားတွေအနေနဲ့ သူတို့ဘာကိုလုပ်ရမယ်၊ ဘာကိုမလုပ်ရဘူးဆိုတာကို ကောင်းကောင်းသိနားလည်သူများဖြစ်ကြောင်း၊ ယခုလို အထက်ကိုမတင်ပြဘဲ ဒီစာအုပ်ကိုရေးသားထုတ်ဝေလိုက်တာဟာ မထီမဲ့မြင်လုပ်ရာကျကြောင်း၊ ဒီကိစ္စဟာ National Security ကို ထိပါးနိုင်တဲ့အတွက် လုံးဝမလုပ်သင့်ကြောင်း ပြောဆိုသွားပါတယ်။ 
အမေရိကန်လို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဟာ မိမိနိုင်ငံသူနိုင်ငံသားတို့ရဲ့လုံခြုံရေး၊ မိမိတို့အကျိုးစီးပွားကိုထိခိုက်လာနိုင်တဲ့ ရန်မှန်သမျှကို ကမ္ဘာပတ်ပြီး ရှင်းလင်းသုတ်သင်လေ့ရှိကြပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးလာနိုင်တဲ့ ရန်မှန်သမျှကို တွန်းလှန်ဖယ်ရှားဖို့အတွက် အမေရိကန်အစိုးရတွေဟာ မူဝါဒချမှတ်ပြီးသားဖြစ်ပါတယ်။ ဒီမူဝါဒကို အစိုးရအဆက်ဆက်ကနေ အကောင်အထည်ဖော်ဆောင်ရွက်ရပါတယ်။
ရန်အသွယ်သွယ်ဆိုရာမှာ လက်နက်ကိုင်အကြမ်းဖက်သမားများကိုမှ ရန်လို့သတ်မှတ်တာ မဟုတ်ပါဘူး။ ပညာမတတ်တာ၊ မတူညီတဲ့ နိုင်ငံရေးအယူအဆရှိတာ၊ အလွန်အမင်း ဆင်းရဲမွဲတေတာမျိုးတွေဟာလည်း ရန်စာရင်းထဲမှာပါဝင်တာပဲဖြစ်ပါတယ်။ ပညာမတတ်က ဆင်ခြင်တုံတရားနဲမယ်၊ အင်အားနဲရင် အနီးနားရပ်ရွာဝန်းကျင်ကို အန္တရာယ်ပြုမယ်၊ နဲနဲကြီးရင် သက်ဆိုင်ရာပြည်နယ်အစိုးရ၊ နောက် သူနေထိုင်ရာနိုင်ငံ၊ ထို့နောက် ကမ္ဘာအနှံ့အန္တရာယ်ပြုလာနိုင်ပါတယ်။ နိုင်ငံရေးအယူအဆကွဲပြားမှုမှာဆိုရင်စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် အစရှိသဖြင့် (မြန်မာနိုင်ငံအနေနဲ့ စနစ်အားလုံးနီးပါးကို စမ်းသပ်ရင်းရသာစုံ သိရှိခံစားဖူးပြီးသားဖြစ်ပါတယ်) အမျိုးမျိုးအဖုံဖုံကွဲပြားခြားနားမှုတွေကနေ နိုင်ငံတစ်နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေဖြစ်လာမယ်၊ ထိုသို့တည်ငြိမ်မှုမရှိသော နိုင်ငံတစ်နိုင်ငံမှာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်မရှိဖြစ်လာ၊ ထိုကမှနေ တခြားသောဆိုးကျိုးများဖြစ်သည့် တိုင်းသူပြည်သားများ ပညာတတ်မြောက်မှုလျော့နည်းလာခြင်း၊ ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးမှန်သမျှဆီကို ဦးတည်သွားစေပါတယ်။
ထိုကဲ့သို့သော သဘောတရားများကို နောကြေနေအောင် သုတေသနပြုလေ့လာထားသော အမေရိကအနေနဲ့ ကမ္ဘာအနှံ့ပညာတတ်မြောက်ရေး၊ ဆင်းရဲမွဲတေမှုလျော့ကျစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအစရှိသည်တို့ကို အားတက်သရောလုပ်ဆောင်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံကိုလည်း ယခုဆိုရင်ပညာရှင် အမြောက်အမြားဝင်ရောက်လာပြီး မြန်မာနိုင်ငံထိပ်ပိုင်းခေါင်းဆောင်များမှစ၍ Capacity Building လိုသင်တန်းမျိုးကို သင်ကြားပေးဖို့လိုအပ်ကြောင်း အကြံပြုပြောဆိုသွားပါတယ်။ အာဏာရထိပ်ပိုင်းကလူတွေ ရှိသင့်တဲ့အသိဥာဏ်မရှိဘဲ ဆုံးဖြတ်ချက်အလွဲတွေသာချမှတ်နေပါက ဒီနိုင်ငံအခြေအနေ ပြန်လည်ဆိုးဝါးသွားနိုင်ကြောင်းကို ကမ္ဘာကျော်ပညာရှင်များအနေနဲ့ အလွယ်တကူမြင်ကြမှာ ပြောစရာပင်မလိုလှပေ။
ပညာ၏သဘောမှာလည်း ပညာရပ်တစ်ခုတွင် ထိုးထွင်းသိမြင်နားလည်သောသူအနေနှင့် တခြားသူတစ်ဦးနှင့် စကားအနည်းငယ်ပြောဆိုကြည့်ရုံဖြင့် ထိုသူ၏သိနားလည်မှု အတိမ်အနက်ကို လွယ်ကူစွာခန့်မှန်းနိုင်လေသည်။ ထို့ကြောင့် ဆရာကြီးသမားကြီးများမှ လူငယ်များကို စာဖတ်ကြပါ၊ စာဖတ်ကြပါဟု တွင်တွင်ပြောဆိုနေကြခြင်းဖြစ်လေသည်။ မသိသောသူများ လေကျယ်ကျယ်နှင့် ပြောဆိုနေကြခြင်းသည် နားမလည်သောသူများအတွက် အထင်ကြီးစရာဖြစ်သော်လည်း တတ်ကျွမ်းနားလည်သူနှင့် တွေ့သည့်အခါ ရှက်ဖွယ်ပင်ဖြစ်သည်။ ပညာရည်ပြည့်ဝသောသူများမှ ထိုသို့သောသူနှင့်တွေ့သည်နှင့် ထိုသူသည်မည်ကဲ့သို့သော အခြေခံသဘောတရားများကိုပင် သိကျွမ်းခြင်းမရှိဘဲ ပြောဆိုနေကြောင်းကို သိရှိခန့်မှန်းနိုင်လေသည်။ ရပ်ကွက်ထဲကသာမာန်လူငယ်လေးတစ်ယောက် ထိုသို့ပြောဆိုလုပ်ကိုင်နေက အကြောင်းမဟုတ်ပေ။ နောက်လိုက်ပရိသတ်များသော ပညာတတ်များနှင့် ရာထူးအာဏာရှိသူများသာ ထိုကဲ့သို့ဖြစ်နေပါက အန္တရာယ်ကြီးမားလှပေသည်။
အမြော်အမြင်ကြီးမားထက်မြက်သော ခေါင်းဆောင်များလက်အောက်ရှိနိုင်ငံများက ကမ္ဘာပတ်ပြီး ကိုယ်ကျိုးစီးပွားကို ကာကွယ်နေကြချိန်တွင် မိမိနိုင်ငံတွင်တော့ ပြည်တွင်းစစ်မီးက ဆက်လက်တောင်လောင်နေဆဲပင်ဖြစ်လေသည်။ အမေရိကအပေါ်ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်စစ်စခန်းများက ကမ္ဘာအနှံ့၊ အမေရိကသို့ ရေနံသွယ်ယူရာ လမ်းကြောင်းများ ဖြောင့်ဖြူးဖို့အတွက် (အမေရိကရဲ့ အကြီးဆုံးရေနံ Company တစ်ခုရဲ့ ဥက္ကဌတစ်ယောက် TED Talk မှာ ပြောကြားသွားတာပါ) အမေရိကန်စစ်သင်္ဘောကြီးများက ပင်လယ်ပြင်မှာ ရွက်လွှင့်လျက်ရှိကြလေသည်။ မိမိမြေပေါ်သို့ ရန်မရောက်ခင်ကတည်းက သူတို့ကချေမှုန်းဖို့ ကြိုးစားကြသည်။ မိမိမြေပေါ်သို့ရောက်မှ ချေမှုန်းမည်ဆိုက ကိုယ့်အခြေခံအဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမည်၊ ကိုယ့်လူမျိုး (အရပ်သားများပါ) များ အသက်ဆုံးရှုံးကြရမည်ကို မလိုလားပေ။ ထို့ကြောင့် ငွေဘယ်လောက်ကုန်ကုန် အဖွဲ့များကိုကမ္ဘာအနှံ့ ဖြန့်ကျက်ထားလေသည်။
မောင်မျိုး (စက်မှု)
ဒုတိယပိုင်းဆက်လက်ရေးသားဖော်ပြပါမည်။

ငါးပါးသီလ တည်ကြပါစေလို


၁။ သူ့အသက်ကို သိလျက်သားနဲ့, ဒေါသစိတ်ထား သတ်ဖြတ်လို၊
လုံ့လပြုကာ သေအောင်သတ်က, မုချမှတ်တော့ အကုသိုလ်၊

လွန်ကြူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊

လွတ်လာပြန်လဲ ရောဂါစွဲ, ဆင်းရဲ အသက်တို၊

အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။


၂။ သူ့ဥစ္စာကို သိလျက်သားနဲ့, လောဘစိတ်ထား ခိုးယူလို၊

လုံ့လပြုကာ ခိုးယူမိက, မုချမှတ်တော့ အကုသိုလ်၊

လွန်ကြူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊

လွတ်လာပြန်လဲ ဥစ္စာမွဲ, ဆင်းရဲ ဖြစ်တိုင်းကို၊

အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။


၃။ သူ့သားမယားကို သိလျက်သားနဲ့, ရာဂစိတ်ထား ဖောက်ပြားလို၊

လုံ့လပြုကာ ဖောက်ပြန်မိက, မုချမှတ်တော့ အကုသိုလ်၊

လွန်ကြူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊

လွတ်လာပြန်လဲ နပုန်းပဲ, ဖြစ်မြဲ မိန်းမကိုယ်၊

အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။


၎။ မဟုတ်မှန်းကို သိလျက်သားနဲ့, မကောင်းစိတ်ထား မုသားဆို၊

လုံ့လပြုကာ ပြောဆိုမိက, မုချမှတ်တော့ အကုသိုလ်၊

လွန်ကြူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊

လွတ်လာပြန်လဲ ပုပ်ညှီစွဲ, သွားကြဲ နှုတ်ခမ်းတို၊ 

အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။


၅။ အရက်မှန်းကို သိလျက်သားနဲ့, မူးယစ်စိတ်ထား သောက်စားလို၊

လုံ့လပြုကာ သောက်စားမိက, မုချမှတ်တော့ အကုသိုလ်၊

လွန်ကြူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊

လွတ်လာပြန်လဲ မူးမေ့မြဲ, ဖောက်လွဲ အရူးကိုယ်၊ 

အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။




ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ

 ငါးပါးသီလ ကို ဖောက်ဖျက် ကျူးလွန် ရာတွင် ကံမြောက်ခြင်း အကြောင်းများ၊ စောင့်ထိန်းရခြင်း နဲ့ မစောင့်ထိန်းရင် ကျူးလွန်သူ ခံစား ရမည့် ကံများကို ရှင်းရှင်း လင်းလင်း တိတိကျကျ သိလို သဖြင့် ရေးသား ဖော်ပြရန် တောင်းဆို ဖူးသောကြောင့် လည်းကောင်း ဘလော့ဖတ် ပရိသတ်လဲ မသိ သေးရင် သိရအောင် သိပြီး ဖြစ်လျှင်လည်း ထပ်မံ သတိရ သံဝေဂ ပွားများ နိုင်အောင် တင်ပြခြင်း ဖြစ်ပါသည်။
ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။
ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်းç ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာ အမျိုးမျိုး ဖြင့် လာရှိ သော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌ ကထာ လာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာ ဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေç လက်ç ဖ၀ါးçမညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။
အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။
ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။
(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
(င) ဌာနာစ၀န- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။
(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။
(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။
(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။
(၅) ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။ (က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။
ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။
ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။
သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။
အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။
ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။
ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။
အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။
မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ]လက်ထပ်ပြီးသူ} လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။
မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။
မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။
မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။
မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊
အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။
မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။
မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လဉပခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။
မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။
အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။
ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။
အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။ (၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။
ရေးသူ : KhunMyaHlaing မခွန်မြလှိုင်