This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, November 27, 2012

နားလှည့်ပြီး ပါးရိုက်ခံရသော(နှစ်ခါခံ) ကျွန်တော်တို့ မြန်မာပြည်သူများ

အကောင်းဆုံးကတော့ ဘာဖုန်းမှမကိုင်တာပဲကောင်းမယ်ထင်ပါတယ်ဗျာ။ကြံရည်စက်ထဲပြည်သူတွေထည့်ပြီးညုစ်ချနေသလိုပဲ ညုစ်ပြီးညုစ်နေကြတာ......နောင်ဘ၀များလူဖြစ်လျှင်...မြန်မာနိုင်ငံတွင်မဖြစ်ရပါစေနဲ့ လို့ ဆုတောင်းချင်လာပြီ။။။။။။။။။။။။။။
နားလှည့်ပြီး ပါးရိုက်ခံရသော(နှစ်ခါခံ) ကျွန်တော်တို့ မြန်မာပြည်သူများ

တကယ်ဆိုးဝါးလှတဲ့ အခြေအနေမျိုးကို MPT က ဖန်တီးလိုက်တာပါ။ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ နှုန်းထားကလဲ ဒီလောက်မများပါဘူး။ တခြားနိုင်ငံတွေမှာ ကောက်ခံနေတဲ့ နှုန်းထားက သူတို့နိုင်ငံသားတွေရဲ့ ၀င်ငွေကို ကြည့်ပြီးကောက်ခံတာဖြစ်ပါတယ်။
ဒီမှာကတော့ သိတိုင်းအတိုင်းပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘယ်တော့မှ နိုင်ငံသားတွေရဲ့ ၀င်ငွေတွေ၊ ဆက်သွယ်ရေးတွေ၊ အဆင်ပြေရေးတွေ၊ ဘာတွေ ညာတွေ မကြည့်ပါဘူး။ သူ့တို့ကိုယ်ကျိုးအတွတ်ပဲ လုပ်ပေးနေရတယ်။ 

ဖုန်းဝယ်တာတောင် သူတို့ ဖုန်းတိုင်ထောင်ဖို့ ပိုက်ဆံအရင်းအနှီး ကပေးနေရသေးတယ်။ အရမ်းကို စိတ်နာမိပါတယ်။

မြန်မာဆက်သွယ်ရေးက ဖန်တီးပေးတဲ့ အရမ်းကောင်းတဲ့ Project များမှာ

အလွန်ဈေးကြီးသော ဖုန်း(Sim) ကတ်များအား သုံးရခြင်း
မြန်မာနိုင်ငံသားများ လူစဉ်မမီအောင် Internet မသုံးနိုင်ခြင်း
သုံးရသော Internet Speed ကလဲ လိပ်က "အဘ" ဟုခေါ်စေလိုခြင်း
နိုင်ငံသားများ နည်းပညာများနောက်ကျအောင် ဖန်တီးခြင်း
ကြောက်မက်ဖွယ်ရာ တယ်လီဖုန်းခေါ်ဆိုခအား ဖန်တီးခြင်း
လူလည်ကျသော ဂုတ်သွေးစုပ် Data Volume စနစ်အား မိတ်ဆက်ခြင်း
အမြဲတမ်း လူပါးဝခြင်း
ရေရှည်မကြည့်ပဲ ခဏလေးနှင့် ပိုက်ဆံရသော စနစ်များအား အမြဲတစေ စဉ်းစားခြင်း 

တို့ဖြစ်ပါတယ်။

ခုထိစဉ်းစားမိတယ်။ ဘာလို့ မြန်မာနိုင်ငံသားတွေ အဆင်ပြေအောင် MPT က မလုပ်ပေးတာလဲ...။
ဘာပဲဖြစ်ဖြစ် MPT ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့တွေ အိမ်နီးချင်းနိုင်ငံတွေထက် လူစဉ်မမီဖြစ်နေဦးမှာပါပဲ။။။
နားလှည့်ပြီး ပါးရိုက်ခံရသော(နှစ်ခါခံ) ကျွန်တော်တို့ မြန်မာပြည်သူများ

တကယ်ဆိုးဝါးလှတဲ့ အခြေအနေမျိုးကို MPT က ဖန်တီးလိုက်တာပါ။ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ နှုန်းထာ
းကလဲ ဒီလောက်မများပါဘူး။ တခြားနိုင်ငံတွေမှာ ကောက်ခံနေတဲ့ နှုန်းထားက သူတို့နိုင်ငံသားတွေရဲ့ ၀င်ငွေကို ကြည့်ပြီးကောက်ခံတာဖြစ်ပါတယ်။
ဒီမှာကတော့ သိတိုင်းအတိုင်းပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘယ်တော့မှ နိုင်ငံသားတွေရဲ့ ၀င်ငွေတွေ၊ ဆက်သွယ်ရေးတွေ၊ အဆင်ပြေရေးတွေ၊ ဘာတွေ ညာတွေ မကြည့်ပါဘူး။ သူ့တို့ကိုယ်ကျိုးအတွတ်ပဲ လုပ်ပေးနေရတယ်။

ဖုန်းဝယ်တာတောင် သူတို့ ဖုန်းတိုင်ထောင်ဖို့ ပိုက်ဆံအရင်းအနှီး ကပေးနေရသေးတယ်။ အရမ်းကို စိတ်နာမိပါတယ်။

မြန်မာဆက်သွယ်ရေးက ဖန်တီးပေးတဲ့ အရမ်းကောင်းတဲ့ Project များမှာ

အလွန်ဈေးကြီးသော ဖုန်း(Sim) ကတ်များအား သုံးရခြင်း
မြန်မာနိုင်ငံသားများ လူစဉ်မမီအောင် Internet မသုံးနိုင်ခြင်း
သုံးရသော Internet Speed ကလဲ လိပ်က "အဘ" ဟုခေါ်စေလိုခြင်း
နိုင်ငံသားများ နည်းပညာများနောက်ကျအောင် ဖန်တီးခြင်း
ကြောက်မက်ဖွယ်ရာ တယ်လီဖုန်းခေါ်ဆိုခအား ဖန်တီးခြင်း
လူလည်ကျသော ဂုတ်သွေးစုပ် Data Volume စနစ်အား မိတ်ဆက်ခြင်း
အမြဲတမ်း လူပါးဝခြင်း
ရေရှည်မကြည့်ပဲ ခဏလေးနှင့် ပိုက်ဆံရသော စနစ်များအား အမြဲတစေ စဉ်းစားခြင်း

တို့ဖြစ်ပါတယ်။

ခုထိစဉ်းစားမိတယ်။ ဘာလို့ မြန်မာနိုင်ငံသားတွေ အဆင်ပြေအောင် MPT က မလုပ်ပေးတာလဲ...။
ဘာပဲဖြစ်ဖြစ် MPT ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့တွေ အိမ်နီးချင်းနိုင်ငံတွေထက် လူစဉ်မမီဖြစ်နေဦးမှာပါပဲ။။။

`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´ ဆိုတဲ့ စကားလုံးတွေ ဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ သင်သိပါသလား။

U Aye Ko and 2 other people shared သိုး ငယ်'s photo.
`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´ ဆိုတဲ့ စကားလုံးတွေ ဘယ်လိုဖြစ်ပေါ်လာလဲ
ဆိုတာ သင်သိပါသလား။


စမ်းသပ်မှုတစ်ခုရှိခဲ့ဖူးတယ်။ မျောက် ၅ ကောင်ကို အခန်းငယ် တစ်ခုထဲ ထည့်ထားတယ်။
အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ငှက်ပျောတစ်ခိုင်ကို ချိတ်ဆွဲထားတယ်။ စမ်းသပ်မှု လုပ်တဲ့ 
သူက ငှက်ပျောခိုင်ထားတဲ့နေရာမှာ ရေထွက်တဲ့ ပိုက်ကြီး တစ်ခု ထားထားတယ်။ အကယ်၍ 
မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးကို ယူဖို့ ကြိုးစားတာနဲ့ အဲ့ဒီ့ ပိုက်ထဲက ရေထွက်
လာပြီး အဲ့ဒီ့ မျောက်တွေ အားလုံးကို ရွဲရွဲစိုစေတော့တာပဲ။ ၅ကောင် စလုံး တစ်ကောင်ပြီး တစ်ကောင် ငှက်ပျောသီး
သွားယူတိုင်း ရေပိုက်ထဲက ရေတွေပန်းထွက်လာတာပဲ။ နောက်ဆုံးတော့ ၅ ကောင်စလုံး
သဘောတူညီမှု တစ်ခုရသွားတယ်။ ဘယ်ကောင်မှ ငှက်ပျောသီးသွားယူဖို့ မကြိုးစားတော့ဘူး။
ဘယ်ကောင်ပဲ သွားယူယူ ရေတွေပန်းထွက်လာတယ် ဆိုတာ သူတို့ သိသွားတယ်။

နောက်တော့ စမ်းသပ်မှု လုပ်တဲ့သူက အဲ့ဒီ့ ၅ကောင်ထဲက တစ်ကောင် ကို အပြင်ထုတ်လိုက်ပြီး
မျောက်အသစ် တစ်ကောာင် ပြန်ထည့်လိုက်တယ်။ အဲ့ဒီ့ မျောက်အသစ်ကို (A) လို့ သတ်မှတ်လိုက်ပါစို့။
မျောက် (A) က မျောက်ရဲ့ ထုံးစံအတိုင်း ငှက်ပျောသီး မြင်တာနဲ့ ပြေးယူတော့တာပဲ။ ငှက်ပျောခိုင် နားတောင်
မရောက်ခင် ကျန်တဲ့ မျောက် ၄ကောင်က ၀ိုင်းပြီး ရိုက်နှက်တော့တာပဲ။ အကယ်၍ မျောက် (A) က ငှက်ပျောခိုင်
ကိုသွားယူရင် သူတို့တွေ ရေစိုမှာကို သူတို့ သိနေတယ်။ မျောက် (A) အကြိမ်ပေါင်းများစွာ ကြိုးစားပေမယ့် ၀ိုင်းရိုက်ခံ
ရတာကလွဲလို့ ငှက်ပျောသီး မရပါဘူး။

နောက်တစ်ခါ စမ်းသပ်မှု လုပ်တဲ့ သူက ရေစိုထားတဲ့ မျောက် (၄) ကောင်ထဲက တစ်ကောင်ကို မျောက်အသစ် တစ်ကောင်
နဲ့ လဲလိုက်ပြန်တယ်။ မျောက် (B) လို့သက်မှတ်ကြပါစို့။ အဲ့ဒီ့ မျောက် (B) ကလည်း အခန်းငယ် ထဲရောက်ရောက်ချင်း
ငှက်ပျောသီးကို ပြေးယူတော့တာပဲ။ သူလည်း မျောက် (A) လို ၀ိုင်းရိုက်ခံရတော့တာပဲ။ အထူးခြားဆုံးက မျောက် (A) ရဲ့ ရိုက်ချက်
တွေက အပြင်းဆုံး။ (လူသစ် ကို လူဟောင်းကို အနိုင်ကျင့်တဲ့သဘောမျိုး)။နောက်ဆုံး မျောက် (B) လည်း လက်လျော့လိုက်တော့တယ်။

နောက် တဖြည်းဖြည်းနဲ့ စစခြင်းထည့်ထားတဲ့ မျောက် (၅)ကောင် ကို မျောက်အသစ်တွေနဲ့ တစ်ကောင်ပြီး တစ်ကောင်
လဲတယ်။ နောက်ဆုံး ရေတခါမှ မစိုဘူးတဲ့ မျောက်တွေပဲ အခန်းငယ် ထဲမှာ ကျန်တော့တယ်။ ဘယ် ကောင်ကမှ ငှက်ပျောခိုင် ကို
သွားမယူရဲဘူး။ သူတို့လည်း ဘာကြောင့်လဲ ဆိုတာမသိဘူး။ သူတို့တွေ သိတာက ငှက်ပျောခိုင်ကို သွားယူတဲ့ အကောင် အရိုက်ခံ ရတာကိုပါပဲ။

`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´  ဆိုတာ အဲ့ဒီ့က နေဖြစ်ပေါ်လာတယ်လို့ စမ်းသပ်သူက သက်သေပြခဲ့တယ်။



( ကျွန်တော်တို့တွေ လည်း `ရိုးရာ´ `ရိုးရာ´ ဆိုပြီး ဘာကြောင့်မှန်းမသိလိုက်လုပ်နေတဲ့ အရာတွေ အများကြီးရှိခဲ့တယ်)


စမ်းသပ်မှုတစ်ခုရှိခဲ့ဖူးတယ်။ မျောက် ၅ ကောင်ကို အခန်းငယ် တစ်ခုထဲ ထည့်ထာ
းတယ်။
အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ငှက်ပျောတစ်ခိုင်ကို ချိတ်ဆွဲထားတယ်။ စမ်းသပ်မှု လုပ်တဲ့
သူက ငှက်ပျောခိုင်ထားတဲ့နေရာမှာ ရေထွက်တဲ့ ပိုက်ကြီး တစ်ခု ထားထားတယ်။ အကယ်၍
မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးကို ယူဖို့ ကြိုးစားတာနဲ့ အဲ့ဒီ့ ပိုက်ထဲက ရေထွက်
လာပြီး အဲ့ဒီ့ မျောက်တွေ အားလုံးကို ရွဲရွဲစိုစေတော့တာပဲ။ ၅ကောင် စလုံး တစ်ကောင်ပြီး တစ်ကောင် ငှက်ပျောသီး
သွားယူတိုင်း ရေပိုက်ထဲက ရေတွေပန်းထွက်လာတာပဲ။ နောက်ဆုံးတော့ ၅ ကောင်စလုံး
သဘောတူညီမှု တစ်ခုရသွားတယ်။ ဘယ်ကောင်မှ ငှက်ပျောသီးသွားယူဖို့ မကြိုးစားတော့ဘူး။
ဘယ်ကောင်ပဲ သွားယူယူ ရေတွေပန်းထွက်လာတယ် ဆိုတာ သူတို့ သိသွားတယ်။

နောက်တော့ စမ်းသပ်မှု လုပ်တဲ့သူက အဲ့ဒီ့ ၅ကောင်ထဲက တစ်ကောင် ကို အပြင်ထုတ်လိုက်ပြီး
မျောက်အသစ် တစ်ကောာင် ပြန်ထည့်လိုက်တယ်။ အဲ့ဒီ့ မျောက်အသစ်ကို (A) လို့ သတ်မှတ်လိုက်ပါစို့။
မျောက် (A) က မျောက်ရဲ့ ထုံးစံအတိုင်း ငှက်ပျောသီး မြင်တာနဲ့ ပြေးယူတော့တာပဲ။ ငှက်ပျောခိုင် နားတောင်
မရောက်ခင် ကျန်တဲ့ မျောက် ၄ကောင်က ၀ိုင်းပြီး ရိုက်နှက်တော့တာပဲ။ အကယ်၍ မျောက် (A) က ငှက်ပျောခိုင်
ကိုသွားယူရင် သူတို့တွေ ရေစိုမှာကို သူတို့ သိနေတယ်။ မျောက် (A) အကြိမ်ပေါင်းများစွာ ကြိုးစားပေမယ့် ၀ိုင်းရိုက်ခံ
ရတာကလွဲလို့ ငှက်ပျောသီး မရပါဘူး။

နောက်တစ်ခါ စမ်းသပ်မှု လုပ်တဲ့ သူက ရေစိုထားတဲ့ မျောက် (၄) ကောင်ထဲက တစ်ကောင်ကို မျောက်အသစ် တစ်ကောင်
နဲ့ လဲလိုက်ပြန်တယ်။ မျောက် (B) လို့သက်မှတ်ကြပါစို့။ အဲ့ဒီ့ မျောက် (B) ကလည်း အခန်းငယ် ထဲရောက်ရောက်ချင်း
ငှက်ပျောသီးကို ပြေးယူတော့တာပဲ။ သူလည်း မျောက် (A) လို ၀ိုင်းရိုက်ခံရတော့တာပဲ။ အထူးခြားဆုံးက မျောက် (A) ရဲ့ ရိုက်ချက်
တွေက အပြင်းဆုံး။ (လူသစ် ကို လူဟောင်းကို အနိုင်ကျင့်တဲ့သဘောမျိုး)။နောက်ဆုံး မျောက် (B) လည်း လက်လျော့လိုက်တော့တယ်။

နောက် တဖြည်းဖြည်းနဲ့ စစခြင်းထည့်ထားတဲ့ မျောက် (၅)ကောင် ကို မျောက်အသစ်တွေနဲ့ တစ်ကောင်ပြီး တစ်ကောင်
လဲတယ်။ နောက်ဆုံး ရေတခါမှ မစိုဘူးတဲ့ မျောက်တွေပဲ အခန်းငယ် ထဲမှာ ကျန်တော့တယ်။ ဘယ် ကောင်ကမှ ငှက်ပျောခိုင် ကို
သွားမယူရဲဘူး။ သူတို့လည်း ဘာကြောင့်လဲ ဆိုတာမသိဘူး။ သူတို့တွေ သိတာက ငှက်ပျောခိုင်ကို သွားယူတဲ့ အကောင် အရိုက်ခံ ရတာကိုပါပဲ။

`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´ ဆိုတာ အဲ့ဒီ့က နေဖြစ်ပေါ်လာတယ်လို့ စမ်းသပ်သူက သက်သေပြခဲ့တယ်။



( ကျွန်တော်တို့တွေ လည်း `ရိုးရာ´ `ရိုးရာ´ ဆိုပြီး ဘာကြောင့်မှန်းမသိလိုက်လုပ်နေတဲ့ အရာတွေ အများကြီးရှိခဲ့တယ်)

မြန်မာ့ဆက်သွယ်ရေး GSM , CDMA ဖုန်းကိုင်ဆောင်သူများ သိရှိရန် Phone Bill လွှဲတဲ့ code


=================================

GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*123*Pin No*phone no # then call
(ဥပမာ- *123*217675393302988839*092003747#) ပြီးလျှင် call လိုက်ပါ။

CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*091045019#) ပြီးလျှင် call လိုက်ပါ။

---------------------------------------------------------
(Post By Thet Naing Soe | Myanmar Mobile App Store | The Best Knowledge Sharing Website in Myanmar)
www.myanmarmobileapp.com

မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A(Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း


Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံပါမည်။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးဖြစ်ပါသည်။

Plan B သည် Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်းထပ်မံကောက်ခံပါသည်။

Plan Cသည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂) ကျပ် နှုန်းထပ်မံကောက်ခံပါမည်။

Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော အများပြည်သူများသည်၊ ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံမိုဘိုင်းဆက်သွယ်ရေးရုံး ၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်းမန်နေဂျာရုံးများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A(Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
--------------------------------------------------------------------

Plan A က Unlimited Data Plan တဲ့ ။ ကြိုက်သလောက်သုံး ကျသလောက်ပေးတဲ့ ။ နိုင်ငံတကာ လုပ်တဲ့ပုံစံတဲ့ ။ နိုင်ငံတကာမှာ unlimited plan ကိုအဲလိုသတ်မှတ်ထားတာမဟုတ်ပါဘူး
ငွေနှစ်သောင်း ဆိုနှစ်သောင်းတစ်လစာသွင်းပြီး Data ပမာဏ မည်မျှရယ်လို့မဟုတ်ဘဲ Unlimited သုံးလို့ရတဲ့ပုံစံပါ။
မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကို မိနစ်ဖြင့် ကောက်ခံနေရာမှ အသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့် သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ “လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ် ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံး
...ပြုသူ တချို့က ပြောသည်။ “အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်သွားရင် Speed
က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။ လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
 

စက်လှေ တစ်စီးနှင့် အတူ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ခ်ျ ၄၇ ဦးကို မြန်မာက ပြန်မောင်းထုတ်


ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ မော်တော် စက်လှေ တစ်စီးဖြင့် ၀င် ရောက်လာသော ဘင်္ဂလား ဒေ့ခ်ျ နိုင်ငံသား ၄၇ ဦးကို မြန်မာ အာဏာပိုင် များက ပြန်လည် မောင်းထုတ်လိုက်သည်ဟု သိရသည်။

သူတို့ကို ကျောက်ဖြူမြို့ အနောက်ဘက် ၄မိုင်ခန့် ကွာဝေးသောဂုံးချိန်ကျေး ရွာ အုပ်စု စေပုတ်ကေရွာ ကမ်းခြေအနီးတွင် စစ်တပ်က ယ မန်နေ့ကဖမ်း ဆီးမိသည်ဟု ကျောက်ဖြူမြို့ခံ တဦးက နိရဉ္စရာသို့ ပြောသည်။

“မနေ့က ညနေပိုင်းမှာ ခလရ ၅၄၂ တပ်ရင်းက စေတီပုတ်ကေ ရွာကမ်း ခြေ အနီးမှာ သူတို့ကို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၇ယောက်ပါ။ ဖမ်း ဆီး စစ်ဆေးပြီးတော့ ပင်လယ်ပြင်ထဲကို ပြန်မောင်းထုတ် လိုက်ပါတယ်” ဟုဆိုသည်။

ယခု ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်သော သူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ မော်တော်ဘုတ် တစ်စီးဖြင့် မလေးရှားသို့ ခိုးသွားရာ စက် လှေ ပျက်ပြီး ကျောက်ဖြူကမ်းခြေသို့ ဆိုက်ကပ်လာဖြင်း ဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်က စစ်ဆေးချက်အရ သိရတာက သူတို့မလေးရှားကို သွားတာဖြစ်တယ်။ စက်ပျက်ပြီး တော့ အဲဒီရွာ အနီး မှာဆိုက်ကပ်ရတာဖြစ် တယ်ဆိုပြီး သိရပါတယ်။ အစားအစာတွေလည်း မရှိတော့ဘူး။ စစ်တပ်က အစားအစာတွေ ကူညီလိုက်တယ်လို့တော့ သိရတယ်။ လူတွေ ကလူလတ် ပိုင်း တွေများတယ်လို့ သိရပါတယ်” ဟုဆက်ပြောသည်။

ရခိုင် ပင်လယ်ကမ်းခြေ တလျှောက်တွင် ရေတပ် သင်္ဘော အများအပြားကို တိုးချထားသော်လည်း ကျောက်ဖြူ ကမ်းခြေသို့ မော်တော် စက် လှေနှင့် အတူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားများ ၀င်ရောက် လာသည်ကို ရေတပ်မှ မသိရှိလိုက်ဟု ဆိုသည်။

“ ဒီလူတွေက အကြမ်းဖက်လိုသူတွေ ဆိုရင် ဘယ်လို လုပ်မလဲ။ မြန်မာ ရေပြင်ပိုင်နက်ထဲကို ဒီလိုခိုးဝင်နေတာကို ဘာကြောင့် ရေတပ်က မ ကာကွယ်နိုင်တာလဲ။ ဒီလိုခိုးဝင်တာကို ရေတပ်က ဘာကြောင်းမသိ လိုက်ရတာလဲ။ တော်တော် သံသယဖြစ်စရာ ဖြစ်နေပါတယ်။ ပြည်သူ တွေ အကြောင်းကြားတဲ့ အတွက် စစ်တပ်က လာဖမ်းဆီးတာ ဖြစ်တယ်။ အခုလို ဖြစ်နေမယ်ဆို ရင်တော့ တိုင်းပြည် လုံခြုံရေးက အထူး စိုးရိမ်စ ရာပါဘဲ” ဟု ဆိုသည်။

ယခုအခါ မလေးရှားကို ခိုးသွားနေကြသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် မြန်မာနိုင်ငံကို ကြားခံ စခန်း အဖြစ် အသုံးပြုနေကြပြီး မြန် မာ နိုင်ငံမှ တဆင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားသို့ လူပွဲစားများဖြင့် ဆက်လက် ထွက်ခွာနေကြသည်ဟု သိရသည်။

လွန်ခဲ့သော လအနည်းငယ်က ဂွမြို့တွင် ဖမ်းဆီးခဲ့သော မလေးရှားသွားသည့် လှေမှောင်ခိုးသမား ၁၀၀ နီးပါးကို ဦးဆောင်ခေါ်လာသူ ၄ ဦးခန့်မှာ မြိတ်ကျွန်းစုမှ ပသျှူး လူမျိုးများ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံထုတ် သတင်းစာများတွင် ဘင်္ဂလာဒေခ်ျ့သို့ နယ်စပ် ဖြတ်ကျော် ခိုးဝင်လာသူ ( သူတို့ အခေါ် ရိုဟင်ဂျာ ဆိုသူ များကို ) နေ့စဉ် ဆယ်ဂဏန်းနှင့် ချီ၍ မြန်မာ နိုင်ငံသို့ ပြန်ပို့နေကြောင်း သတင်းများ ရေးသား ဖေါ်ပြသော်လည်း ထိုလူများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များက မည်သို့ မည်ပုံ အရေးယူဆောင်ရွက်သည်ကို တစ်စုံတစ်ရာ ယနေ့တိုင် လူသိရှင်ကြား ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ




သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု 
လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။
ရေကူးပါ

ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally

ရန်ကုန်ရောက် လက်ပတောင်းတောင်တိုက်ပွဲ


ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၇၊ ၂၀၁၂

Photo by EYNG
ဂါမဏိဖေ့ဘုတ်မှ ကူးယူဖော်ပါသည်။

ခရီးစဉ်ကို ချုံ့လိုက်သလို ဖြစ်သွားတဲ့အရှေ့တောင်အာရှ ရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်း


အခု ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ပါတ်သက်လို့ အများမြင်အောင် ဒီပုံလေးနဲ့ ပြပါတယ်.... အ၀ါရောင် လိုင်းတွေကတော့ အခုလက်ရှိ သွားနေတဲ့ ရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ပါတယ်.... အဲ့ဒိမှာ သေခြာကြည့်ရင် မြင်နိုင်ပါတယ်.... ဘယ်ညာ ဆုံချက်ဟာ စင်္ကာပူ ဆိုတာပါပဲ......

ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားချိန်မှာ စုံချက်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဖြစ်သွားမှာပါပဲ.... သဘာဝ သယံဇာတတွေဟာ တစ်ချိန်မှာ ကုန်ဆုံးသွားနိုင်ပေမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းက ရရှိလာမယ့် အကျိုးစီးပွားဟာ ရေကြောင်းပို့ဆောင်ရေး ရှိနေသရွေ့ ရေရှည်တည်တံ့နေမယ့် ၀င်ငွေရရှိရာ အရင်းအမြစ် တစ်ခုပဲ ဖြစ်ပါတယ်....  ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ဒီစီမံကိန်းမှာ အားတက်သရော ပါဝင်နေတာ ဖြစ်ပါတယ်...... အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ ရေမြင့်ရင် ကြာတင့်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး လူနေထိုင်မှု စနစ်လည်း အထိုက်အလျောက်မက မြင့်တက်လာမှာ ဖြစ်ပါတယ်......

အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ တစ်ချိန်က အရှေ့တောင်အာရှ ကျွန်းဆွယ်ကို ပါတ်သွားနေရတဲ့ ရေကြောင်းပို့ဆောင်ရေး ခရီးစဉ်ကို ချုံ့လိုက်သလို ဖြစ်သွားတဲ့အတွက် စင်္ကာပူနိုင်ငံရဲ့ အဓိက ၀င်ငွေရရှိရာ Port လုပ်ငန်းကို သေခြာပေါက် ထိခိုက်သွားမှာ ဖြစ်ပါတယ်..... ဒါကို ကြိုမြင်နေတဲ့ စင်္ကာပူ အစိုးရကလည်း ဒီဟာကို ထေမိစေဖို့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်း၊ လောင်းကစား လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ကြိုးပန်း လုပ်ဆောင်နေခြင်း၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်စရာ နေရာများစွာ ဖန်တီးပြုလုပ်ခြင်း အစရှိသဖြင့် အခြား အခြားသော ၀င်ငွေရနိုင်မည့် နည်းလမ်းများကို ကြံဆောင်နေပါတယ်..... ဒီနေရာမှာ သူများနိုင်ငံရဲ့ ခေါင်းဆောင်များ နိုင်ငံရှေ့ရေးအတွက် ရည်ရှည်မြင်နိုင်မှုကို ချီးကျူးရမှာပါပဲ.....

မည်သူမဆို သူ့ရဲ့ စီးပွားရေးကို ဖဲ့ယူသလိုဖြစ်သွားမှာကို ဘယ်သူမှတော့ ကြည်ကြည်ဖြူဖြူ ခွဲဝေပေးမယ် မဟုတ်ပါဘူး... အနည်းဆုံးတော့ တတ်နိုင်သလောက် ကဖျက်ကယက် လုပ်ကြမှာပါပဲ.... ဒိအတွက် သတိဆိုတာ ပိုတယ်မရှိပါဘူး..... အဲ့ဒိအတွက် ပြောလိုတာကတော့ စင်္ကာပူအပေါ်မှာ မှီခိုမှုကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လျှော့ချယူရမှာ ဖြစ်ပါတယ်....... အဲ့ဒါနဲ့ ပါတ်သက်လို့ အသေးစိတ် ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ဦးမှာပါ..... 

တလက်စတည်း တိုက်တွန်းလိုတာကတော့ အရင်တုန်းက အကြောင်းကြောင်းကြောင့် အသိမ်းခံရမှာကြောက်ပီး စင်္ကာပူက ဘဏ်တွေမှာ ပိုက်ဆံတွေ အပြုံလိုက်သိမ်းထားတဲ့ ဘဘတို့လည်း အချိန်မနှောင်းခင်မှာ အဆိုပါ ပိုက်ဆံတွေကို ပြန်လည်ထုတ်ယူပီး၊ နိုင်ငံကို အလျော်ပေးသင့်တာပေး၊ နိုင်ငံစီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တာတွေ လုပ်သင့်နေပီ ဆိုတာပါပဲ...... မတရားရတဲ့ ပိုက်ဆံဟာ ဆီလိုအပေါက်ရှာ ထွက်တတ်တဲ့အပြင် လူကိုပါ ဒုက္ခပေးသွားတယ် ဆိုတာလေးကို မမေ့စေချင်ပါဘူး...... နောင်မှ အကြောင်းကြောင်းကြောင့် ထုတ်မရတော့ဘူးဆိုရင် လုံးဝလူမွဲစာရင်းကို ၀င်သွားမယ်ဆိုတာ သတိလေးချပ်ပီး အချိန်မှီ တိုင်းပြည်နဲ့ လူမျိုးအတွက် နောင်တလေး ရပါစေလို့ သံချောင်းခေါက်လိုက်ပါတယ်...
 
အခု ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ပါတ်သက်လို့ အများမြင်အောင် ဒီပုံလေးနဲ့ ပြပါတယ် .... အ၀ါရောင် လိုင်းတွေကတော့ အခုလက်ရှိ သွားနေတဲ့ ရေကြောင်း ပို့ဆောင်ရေး လမ်းကြောင်း ဖြစ်ပါတယ်.... အဲ့ဒိမှာ သေခြာကြည့်ရင် မြင်နိုင်ပါတယ်.... ဘယ်ညာ ဆုံချက်ဟာ စင်္ကာပူ ဆိုတာပါပဲ......

ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားချိန်မှာ စုံချက်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဖြစ်သွားမှာပါပဲ.... သဘာဝ သယံဇာတတွေဟာ တစ်ချိန်မှာ ကုန်ဆုံးသွားနိုင်ပေမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းက ရရှိလာမယ့် အကျိုးစီးပွားဟာ ရေကြောင်းပို့ဆောင်ရေး ရှိနေသရွေ့ ရေရှည်တည်တံ့နေမယ့် ၀င်ငွေရရှိရာ အရင်းအမြစ် တစ်ခုပဲ ဖြစ်ပါတယ်.... ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ဒီစီမံကိန်းမှာ အားတက်သရော ပါဝင်
နေတာ ဖြစ်ပါတယ်...... အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ ရေမြင့်ရင် ကြာတင့်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး လူနေထိုင်မှု စနစ်လည်း အထိုက်အလျောက်မက မြင့်တက်လာမှာ ဖြစ်ပါတယ်......

အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ တစ်ချိန်က အရှေ့တောင်အာရှ ကျွန်းဆွယ်ကို ပါတ်သွားနေရတဲ့ ရေကြောင်းပို့ဆောင်ရေး ခရီးစဉ်ကို ချုံ့လိုက်သလို ဖြစ်သွားတဲ့အတွက် စင်္ကာပူနိုင်ငံရဲ့ အဓိက ၀င်ငွေ ရရှိရာ Port လုပ်ငန်းကို သေခြာပေါက် ထိခိုက်သွားမှာ ဖြစ်ပါတယ်..... ဒါကို ကြိုမြင်နေတဲ့ စင်္ကာပူ အစိုးရကလည်း ဒီဟာကို ထေမိစေဖို့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်း၊ လောင်းကစား လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ကြိုးပန်း လုပ်ဆောင်နေခြင်း၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်စရာ နေရာများစွာ ဖန်တီးပြုလုပ်ခြင်း အစရှိသဖြင့် အခြား အခြားသော ၀င်ငွေရနိုင်မည့် နည်းလမ်းများကို ကြံဆောင်နေပါတယ်..... ဒီနေရာမှာ သူများနိုင်ငံရဲ့ ခေါင်းဆောင်များ နိုင်ငံရှေ့ရေးအတွက် ရည်ရှည်မြင်နိုင်မှုကို ချီးကျူးရမှာပါပဲ.....

မည်သူမဆို သူ့ရဲ့ စီးပွားရေးကို ဖဲ့ယူသလိုဖြစ်သွားမှာကို ဘယ်သူမှတော့ ကြည်ကြည်ဖြူဖြူ ခွဲဝေပေးမယ် မဟုတ်ပါဘူး... အနည်းဆုံးတော့ တတ်နိုင်သလောက် ကဖျက်ကယက် လုပ်ကြမှာပါပဲ.... ဒိအတွက် သတိဆိုတာ ပိုတယ်မရှိပါဘူး..... အဲ့ဒိအတွက် ပြောလိုတာကတော့ စင်္ကာပူအပေါ်မှာ မှီခိုမှုကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လျှော့ချယူရမှာ ဖြစ်ပါတယ်....... အဲ့ဒါနဲ့ ပါတ်သက်လို့ အသေးစိတ် ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ဦးမှာပါ.....

တလက်စတည်း တိုက်တွန်းလိုတာကတော့ အရင်တုန်းက အကြောင်းကြောင်းကြောင့် အသိမ်းခံရမှာကြောက်ပီး စင်္ကာပူက ဘဏ်တွေမှာ ပိုက်ဆံတွေ အပြုံလိုက်သိမ်းထားတဲ့ ဘဘတို့လည်း အချိန်မနှောင်းခင်မှာ အဆိုပါ ပိုက်ဆံတွေကို ပြန်လည်ထုတ်ယူပီး၊ နိုင်ငံကို အလျော်ပေးသင့်တာပေး၊ နိုင်ငံစီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တာတွေ လုပ်သင့်နေပီ ဆိုတာပါပဲ...... မတရားရတဲ့ ပိုက်ဆံဟာ ဆီလိုအပေါက်ရှာ ထွက်တတ်တဲ့အပြင် လူကိုပါ ဒုက္ခပေးသွားတယ် ဆိုတာလေးကို မမေ့စေချင်ပါဘူး...... နောင်မှ အကြောင်းကြောင်းကြောင့် ထုတ်မရတော့ဘူးဆိုရင် လုံးဝလူမွဲစာရင်းကို ၀င်သွားမယ်ဆိုတာ သတိလေးချပ်ပီး အချိန်မှီ တိုင်းပြည်နဲ့ လူမျိုးအတွက် နောင်တလေး ရပါစေလို့ သံချောင်းခေါက်လိုက်ပါတယ်...

James Mint, အင်တာနက်စာမျက်နှာသတင်းမှ

အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)....


အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။

စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။


တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။


ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။


ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။
အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။


ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။


နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။


နေရဲနီ

ဦးသန်းရွှေနှင့် အငြိမ်းစား ၆၉ ဦးအတွက် ထောက်ပံ့ကြေးကိစ္စ ထပ်မံ စစ်ဆေးမည်


ခင်ဦးသာ

ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ် ၇၀ နီးပါး၏ထောက်ပံ့ငွေကြေး တောင်း ခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၏ အိမ်အကူ၊ ထ မင်း ချက်၊ ဥယာဉ်ခြံလုပ်သား စသည့် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေး ရလိုကြောင်း အိုးအိမ်ဦးစီးဌာနကတောင်းခံသောဖြည့်စွက် ဘတ်ဂျက် တောင်းခံမှုတွင် ထည့်သွင်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ နိုဝင်ဘာလ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ရ ကြောင်းလွှတ် တော် ကိုယ်စားလှယ်များက ပြောသည်။

အဆိုပါကိစ္စကို အတည်ပြုပေးလိုက်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မသိရှိကြသည့် အတွက် ဝင် ရောက် ဆွေးနွေးမှု မပြုကြကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ခေါ်ယူမည့် ပဉ္စမအကြိမ် လွှတ်တော်၌ ဆွေးနွေးနိုင်မည်ဟု မျှော် လင့်ရ ကြောင်း သိရသည်။

“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ။ ကျနော် တယောက်တည်း အ နေနဲ့လည်း ဆွေးနွေးလို့ မရဘူး။ ကျနော် တို့ပါတီရဲ့ သဘောထားက ဘယ်လိုလဲ၊ ဒီကိစ္စအပေါ် ဆွေးနွေးမလား ဆိုတာ အစည်းအဝေး လုပ်ရဦးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။

အငြိမ်းစား ပုဂ္ဂိုလ်များအတွက် ဘတ်ဂျက် တောင်းခံမှုသည် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ၂၀၁၂ – ၁၃ ဘဏ္ဍာရေး နှစ် အတွက် နောက်ဆက်တွဲ တောင်းခံရာတွင် ပါဝင်ကြောင်း၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပါအ၀င် မည် သည့် ကိုယ်စားလှယ်ကမှ ဆွေးနွေးမှု မရှိခြင်းသည် ထူးခြားမှု တခုဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။

ယင်းကိစ္စအား အတည်ပြုပြီးမှသာ ဖတ်မိသည့်အတွက် ၎င်းကိုယ်တိုင် မဆွေးနွေးလိုက်ရကြောင်း၊ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်တောင်းခံ မှု ကိစ္စအားလုံးကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်ခဲ့သကဲ့သို့ သက်ဆိုင်ရာ ၀န်ကြီးများကလည်း ပြန်လည် ဆွေး နွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော် ယခုကိစ္စအား ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် များအပြင် မည်သည့် ပါတီကမှ မဆွေးနွေးကြောင်း၊ ပြည် ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသင့်သည်ဟု ယူဆကြောင်း ၎င်းက ဆက် ပြော သည်။

“တကယ်ဆိုရင် ဒီကိစ္စကို အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေး ထားတာက နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို တခြားကိစ္စ တွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

နိုင်ငံအကြီးဟောင်းများ ဘတ်ဂျက်တောင်းခံမှု ကိစ္စသည် လက်ရှိတွင် အရေးမကြီးဟု ယူဆကြောင်း၊ လက်ရှိတွင် ရခိုင် အရေးကိစ္စ၊ က ချင် ဒေသတွင်း စစ်ပွဲများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စများကို ဦးစားပေးနေရသည့်အတွက် NLD ပါတီ အနေဖြင့် မဆွေး နွေးခဲ့ ကြောင်း ဦးဝင်းထိန်က ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နှင့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ၎င်းတို့ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သော ကိစ္စများကို သာအ လေးထား ဆောင်ရွက်နေရခြင်းကြောင့် ထိုကိစ္စအပေါ် အာရုံစိုက်မှု အားနည်းခဲ့ကြောင်း၊ သို့သော် ထိုဘတ်ဂျက်ငွေ တောင်းခံမှု သည် ပြည် သူများထံမှ ပေးဆောင်ရမည့် ဘဏ္ဍာငွေ ဖြစ်၍ လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမှု၊ မေးခွန်းထုတ်မှုများ ဖြစ်လာနိုင် ကြောင်း ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ အငြိမ်းစား ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဆောင်အယောင်ပေးရာမှာ ၀န်ကြီးအ ဆင့် ပုဂ္ဂိုလ်တွေမပါဘူး၊ နောက်တခုက ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာဆိုတော့ သာမန်ဘတ်ဂျက်တောင်းခံမှုပဲ ဖြစ်မှာပါ ဆိုပြီးတော့ ကိုယ်စားလှယ် အများစုကလည်းပဲ အမှတ် တမဲ့ ဖြစ်သွားကြတယ်ထင်တယ်”ဟု ဒေါက်တာ အေး မောင် က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်အကြီးအကဲများ အငြိမ်းစားယူခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော အဆောင်အ ယောင်ဆိုင်ရာ ဥပဒေ၌ နိုင်ငံ တော် သမ္မတနှင့်ဒု သမ္မတများ အငြိမ်းစားယူသည့်အခါတွင် ၎င်းတို့၏ အကျိုးခံစားခွင့်အတွက် ပင်စင်လစာ၊ ယဉ်မောင်း၊ နေအိမ်စ သည် တို့ ပေးအပ်ရမည်ဟု ဖော်ပြထားကာ ၀န်ကြီး အဆင့်များ မပါရှိကြောင်ုး သိရသည်။

သို့သော် အိုးအိမ်ဦးစီးဌာန၏ ဖြည့်စွက် ဘတ်ဂျက်ငွေတောင်းခံသည့် စာရင်းတွင် နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနှင့်ယခင် (နအဖ) အစိုးရ၏ နိုင်ငံတော်အဆင့်ရှိ အငြိမ်းစား ပုဂ္ဂိုလ်များ၊ ၀န်ကြီးများ၊ ဒု ၀န်ကြီးများအပြင် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များနှင့် လွှတ်တော် ဥက္ကဋ္ဌများ စသည်ဖြင့် ပါဝင်ပြီး ၎င်းတို့၏ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံသည့် ငွေကြေးမှာ ကျပ် ၁၆၉ သန်းကျော် ဖြစ်သည်။

အစိုးရအဖွဲ့ ၀န်ကြီးဌာများမှ လွှတ်တော်သို့ တင်ပြသည့်ဘတ်ဂျက်များကို ရေးရာကော်မတီအလိုက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ စစ်ဆေးသည့် အားကစား ၀န်ကြီးဌာနကလည်း တခြားနေရာတွင် အသုံးပြုမည့် ဖြည့်စွက် ဘတ်ဂျက်ငွေကို ဆီးဂိမ်းအတွက်ဟုဆို ကာ လှည့် ပတ် တင်သွင်းသည့်အတွက် ကျပ်သန်းပေါင်း ၆၀၀၀ ကိုဖြတ်တောက် လိုက်ရကြောင်း၊ ယခုကိစ္စကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်ရန်လို အပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရီက ပြောသည်။

အငြိမ်းစား ပုဂ္ဂိုလ်များအတွက် တောင်းခံသည့် ယခုဘတ်ဂျက်ကိစ္စကို စိစစ်သည့်ကော်မတီက အဓိက တာဝန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် သ တိမထားခြင်းလည်း ရှိနိုင်သကဲ့သို့၊ မပြောသင့်သည့်အတွက် ထုတ်ဖော်မပြောခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုကိစ္စသည် စစ်တပ် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် သက်ဆိုင်နေခြင်း၊ ဦးသန်းရွှေသည် ယခုအချိန်အထိ အစိုးရ အဖွဲ့ အပေါ် သြဇာ အာဏာ သက်ရောက်မှု ရှိနေခြင်းတို့ကြောင့် ကိုယ်စားလှယ်များက ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေးခြင်း မလုပ်ဆောင် ရဲကြကြောင်းလည်း တချို့က ဝေဖန်သည်။

“တကယ်တော့ ဒီပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့တွေအပေါ် ၀င်စွက်ဖက်တာ မရှိတော့ဘူးလို့ထင်တယ်၊ အခုကိစ္စကိုလည်း လုပ်ပေးပါလို့ အဲဒီပုဂ္ဂိုလ် တွေက တောင်းဆိုတာ မဖြစ်နိုင်ဘူး၊ တချို့က လုပ်ပေးသင့်တယ် ထင်လို့ လုပ်ပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်မောင်ရီ က သုံးသပ်သည်။

ထိုကိစ္စအား ဆောက်လုပ်ရေး ၀န်ကြီးဌာနက ရေးဆွဲတင်ပြခြင်း ဖြစ်သည့်တိုင် လွှတ်တော် အသီးသီး၏ ဥပဒေကြမ်း ကော်မတီများနှင့် လွှတ် တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီတို့ထံ ပမထ တင်ပြရကြောင်း၊ ထိုကော်မတီက စိစစ် အတည်ပြုပြီးမှသာ ကိုယ်စား လှယ်များထံ ရောက်ရှိလာသည့်အတွက် ကိုယ်စားလှယ်အများစုက အလေးထားမှု အားနည်းသွားကြောင်းလည်း ကိုယ်စား လှယ်များထံမှ သိရသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌမှာ အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြညိမ်းဖြစ်ပြီး ၎င်းသည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်သည်။

“တချို့ လုပ်ဆောင်ချက်တွေက သူ့ပါတီနဲ့ သူ့အစိုးရ လိုမျိုးဖြစ်နေတယ်၊ ဥပဒေကြမ်း ကော်မတီ ဆို တာလည်း တခါတလေမှာ ကြံ့ခိုင်ရေးပါ တီက ရေးပေးလာတာတွေကို လက်မှတ်ထိုးပေးရုံ အဆင့်ဖြစ်နေတယ်” ဟု ဥပဒေ ကြမ်း ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တဦးက ပြောသည်။

ယခုလုပ်ရပ်ကြောင့် နောင်တွင်ဤ ဖြစ်ရပ်မျိုး မဖြစ်စေရန် ကိုယ်စားလှယ်များ အနေဖြင့် အသေးစိတ် လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လွှတ်တော်အပေါ် အများပြည်သူ၏ ယုံကြည်မှု အားနည်းလာနိုင်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

မှောင်ခိုလှေဖြင့် မလေးရှားသို့သွားသည့် ဘင်္ဂလီ ၁၇၅ ဦး ၂ ပတ်ကြာပြန်ဆိုက် ရောက် ဖမ်းဆီးခံ


သဇင်ဥ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ မှောင်ခိုလှေဖြင့် ထွက်ခွာသွားခဲ့ပြီးဖြစ သော ဘင်္ဂလီ ၁၇၅ ဦးပါ လှေတစင်းနှင့်အတူ ဒီဇယ်ဆီ ၈၀၀ လီတာအား BGBက သောကြာနေ့က ကော့စ်ဘဇားခရိုင်အတွင်းမှ ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

ယင်းလှေမှာ ကော့စ်ဘဇားခရိုင်အတွင်းရှိ မိုဟေဆ်ခါးလီ (ရခိုင်အခေါ်မဟား ဇိုးကျွန်း)မှ နိုဝင်္ဘာလ ၁၁ ရက်နေ့က မလေးသို့ ထွက်ခွာ သွားခဲ့ပြီး ၁၃ ရက် ကြာ ဘင်္ဂလားပင်လယ်ပြင်အတွင်း ခုတ်မောင်းရှိနေခဲ့ရာမှပြန်လည်၍ဆိုက် ကပ်လာခိုက် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တာခ်နာ့အခြေစိုက် BGB အ မှတ် ၄၂ တပ်ရင်းမှူး ဇာဟိဒ်က ပြောဆိုသည်။

သို့သော်လည်း ယမန်နေ့ကထုတ် ဒေသအက်တာနက်စာမျက်နှာများက လှေ ပေါ်တွင် လိုက်ပါလာ ကြသူများမှာ ကမ်းကပ်သည်နှင့် ခုန် ဆင်းပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း မျက်မြင်များက ပြောဆိုသည်ဟု ဖေါ်ပြသည်။

အဆိုပါ စက်လှေဖြင့် မလေးသို့သွားမည့် သူများအနေဖြင့် တဦးလျှင် တာကာ ၃၀၀၀၀ (မြန်မာကျပ် ၃၀၀၀၀၀ ကျော်)ပေးဆောင် ခဲ့ရ ကြောင်း ထွက်ပြေးသွားသူများက ပြောကြောင်း သတင်းများက ဆိုသည်။

ထို့ပြင် မိုဟေဆ်ခါးလီကျွန်းမှ မလေးသို့သွားရန် ပြင်ဆင်နေကြသော စက်ဘုတ်နှစ်စီးနှင့် ဆက်စပ်နေသည့် သူများအား သတင်းအရ ယင်းBGBမှ သွားရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ စက်လှေများ အနေဖြင့် များသောအားဖြင့် မလေးသို့သွားမည့်သူများအား တင်ဆောင်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ Mobile Network အပြင်သို့ သွားရောက်ပြီး လိမ်လည်ခုတ်မောင်း၍ နီးစပ်ရာကမ်းသို့ တင်ဆောင်၍သော်လည်းကောင်း၊ ဆီကုန် စက်ပျက်၍ ဖြစ်စေလည်း ကောင်း၊ ကျောက်ဆောင်ကို တိုက်ခိုက်၍သော်လည်းကောင်း အခက်အခဲများကို ကိုယ်တိုင်ဖန်တီးလေ့ရှိကြောင်း ဒေသအ တွင်း လေ့လာသူ များက ဆိုသည်။

ယခုအခါ ယင်းဘင်္ဂလီများမှာ မလေးရှားနိုင်ငံသို့သွားမည့် မှောင်ခိုစက်လှေများဖြင့် မိသားစုများပါ ယူဆောင်သွားမှုများ ရှိလာကြကြောင်း သ တင်းများက ဆိုသည်။

အဆိုပါ လိမ်လည်ပြီး မလေးသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ခေါ်ဆိုနေကြသူများအား ယခုအ ချိန်ထိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးသို့ သွား ရောက်အလုပ်လုပ်ကိုင် နေထိုင်ချင်ကြသူများ အနေဖြင့် ယုံကြည်နေကြသေးကြောင်း တွေ့ရှိရသည်။

ကော့စ်ဘဇားခရိုင် အိုခီးယားမြို့ ရဲဋ္ဌာနက ဒေသအတွင်းမှ မလေးသွားရန် ပြင်ဆင်နေကြသော ဘင်္ဂလီ ၁၁ ဦးအား စနေနေ့က ဖမ်းဆီး ရမိ ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုကြောင်း ဒေသထုတ်သတင်းများက ဆိုသည်။


လွန်ခဲ့သော နှစ်များက မြန်မာ-အိန္ဒိယ-ထိုင်း-မလေးရှားနှင့် တချို့နိုင်ငံများ အနေဖြင့် ဆောင်းရာသီအတွင်း ယင်းကဲ့သို့ မှောင်ခိုလှေဖြင့် ဘ င်္ဂလီများ မိမိကမ်းခြေဒေသအတွင်းသို့ ဆိုက်ရောက်လာမည်ကို စိုးရိမ်မှုများ ကြီးထွားခဲ့ပြီး ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

KNU ဥက္ကဋ္ဌ အနားယူမည်


ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တွေ့ရသော KNU တပ်ဖွဲ့ဝင်တို့၏ စစ်ရေးပြ အခမ်းအနားတခု
 (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
KNU လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက အနာဂတ် ဦးဆောင်မှု ကဏ္ဍတွင် ပါဝင်တော့မည် မဟုတ်ကြောင်း ယနေ့ အစပြုသည့် KNU ညီလာခံတွင် ပြောကြားလိုက်သည်။
 
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ လေးဝါး တပ်စခန်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် KNU ညီလာခံ အဖွင့် မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည် ဗိုလ်ချုပ်ကြီး စောတာမလာဘောက "ကျနော်ကတော့ အနားယူတော့မယ်။ ရွေးကောက်ပွဲမှာ လူမှန် နေရာမှန် ဖြစ်မယ့် ခေါင်းဆောင်တွေကို
ရွေးချယ်ကြဖို့ အရေးကြီးပါတယ်" ဟု ညီလာခံ ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။
 
၁၅ ကြိမ်မြောက် KNU ညီလာခံကို ရက်သတ္တ နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်သစ်များကို နောက်ဆုံးနေ့တွင် ရွေးချယ်ရန် ပြင်ဆင်ထားသည်။
ယနေ့ ပထမနေ့တွင် ဗဟိုကော်မတီက ပြီးခဲ့သည့် ၄ နှစ်တာ လုပ်ငန်း အစီရင်ခံစာ၊ နိုင်ငံရေး အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြောင်း တွေ့ရသည်။

၎င်းအစီရင်ခံစာများနှင့် ပတ်သက်ပြီး တက်ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ်တို့က လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားကြမည် ဖြစ်သည်။ KNU ဖွဲ့စည်းပုံ ဥပဒေအရ ညီလာခံ သက်တမ်းကို ၄ နှစ် တကြိမ် သတ်မှတ် ထားသည်။ KNU ဗဟိုကော်မတီဝင်များအဖြစ် မည်သူတို့ ရွေးချယ် ခံရဖွယ်ရှိသည်ကို ခန့်မှန်း ပြောဆိုနိုင်ကြသော်လည်း မည်သူက ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံ ရမည်ဆိုသည်ကို ခန့်မှန်းရ ခက်နေကြသည်။

-----------------------------------------------------------------------------
ဒီနေ့ ထူးခြားချက်က အဘိုး ကိုယ်တိုင် လာတယ်။ အဘိုးက လမ်းလျှောက်နိုင်တယ်၊ ထနိုင်တယ်၊ ကျန်းမာရေး ကောင်းတယ်။ အသက်ကတော့ ၉၃ နှစ် ရှိပြီ။ သူ ဆက်မလုပ်တော့ဘူး။ သူ နားမယ်။ KNU အနာဂတ်အတွက် သင့်တော်တဲ့ ခေါင်းဆောင်တွေကို ရွေးဖို့ တိုက်တွန်းသွားတယ်
 
 ဟု ပြည်တော်မြင့်က ညီလာခံကျင်းပသည့်နေရာမှ ယနေ့ ညနေပိုင်းတွင် ဖုန်းဆက် ပြောကြားခဲ့သည်။
အသက် ၉၀ ပြည့်မွေးနေ့ပွဲကျင်းပစဉ်က တွေ့ရသော KNU ဥက္ကဋ္ဌ (ဓာတ်ပုံ - ရိုးမ ၃ သတင်းဌာန)

သတင်းရင်းမြစ် - ဧရာဝတီ

ကထိန်အကြောင်း အရေးတကြီးသိချင်တယ်



မေး။ ။ အရှင်ဘုရား။ ဘုရားတပည့်တော် တနင်္ဂနွေနေ့ က ကထိန်သင်္ကန်းကပ်လှူခဲ့ပါတယ်။ အဲပြီးနောက် တပည့်တော် ဖေ့ဘွတ်မှာ ကထိန်သင်္ကန်း အကြောင်းရေးခဲ့ပါတယ်။ အဲဒါနဲ့ ပါတ်သက်လို့  တစုံတယောက်က တပည့်တော်ကိုမေးပါတယ်။ တပည့်တော်မဖြေရသေးပါဘူး။ ပွဲက ကထိန်သင်္ကန်းကပ်လှူပွဲပါ။ ကထိန်မှာက သင်္ကန်း ဘဲလှူခွင့် ရှိတာလား။ တခြားဖိနပ်တို့ထီးတို့ကော ကထိန်အလှူမမြောက်ဘူးလား။ သိချင်လို့ပါရှင်။ ကျေးဇူးပြုပြီး အရှင်ဘုရား အချိန်ရတယ်ဆို ဖြေကြားပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇုးကြီးလှပါတယ် အရှင်ဘုရား။
ရိုသေလေးစားစွာဖြင့်


ဖြေ။ ။ ကထိန်ဆိုတာ ကျောင်းတိုက်တစ်ခုမှာ ၀ါဆိုကြတဲ့သံဃာတွေထဲက သုံးမရအောင် စုတ်နေတဲ့သံဃာအတွက် သင်္ကန်းရရှိအောင်၊ လှူဒါန်းသူများမှာလည်း အကျိုးတရားများထူးကဲစွာ ရရှိတာနိုင်တာရယ်၊ ကထိန်သင်္ကန်းကပ်လှူခံရတဲ့ ရဟန်းနဲ့သိမ်အတွင်းမှာ ကထိန်သင်္ကန်းကို ကမ္မ၀ါနဲ့ရွတ်ဖတ်ပြီး အနုမောဒနာပြုကြတဲ့သံဃာတွေမှာလည်း အကျိုးတရားများရရှိအောင် ကထိန်သင်္ကန်းကပ်လှူခြင်းကို မြတ်ဗုဒ္ဓက ခွင့်ပြုပေးခဲ့တာပါ။

တခြားပစ္စည်းများလိုအပ်ရင် မိဘကိုလည်းကောင်း၊ ဆွေမျိုးကိုလည်းကောင်း၊ မိမိအားပစ္စည်းလေပါး ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ)တို့ကိုလည်းကောင်း နှုတ်မြွက်ပြီး အလှူခံကောင်းပါတယ်။ ဒါပေမဲ့ ကထိန်သင်္ကန်းကိုတော့ မိဘကိုသော်မှ နှုတ်မြွက်လို့ဖြစ်စေ၊ အရိပ်အကဲနဲ့ဖြစ်စေ လှူဒါန်းအောင် ပြုလုပ်ခွင့်မရှိပါဘူ။ တခြားသူများဆို ပိုဝေးပေါ့။ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်ပြီးလှူတဲ့ ကထိန်သင်္ကန်းကိုသာ အလှူခံကောင်းပါတယ်။

ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊ အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိဆိုတဲ့ ပါဠိတော်အရ ကောင်းကင်ကနေအလိုလိုကျလာတဲ့ သန့်ရှင်းကြည်လင်တဲ့ မိုးရေမိုးပေါက်လို သဒ္ဓါတရား သန့်သန့်လေးနဲ့လှူတဲ့ သင်္ကန်းအလှူကိုသာ “ကထိန်သင်္ကန်း”လို့ ခေါ်ပါတယ်။ အဲဒီလိုကထိန်သင်္ကန်းကို “မိုးကျကထိန်”လို့ သုံးနှုန်းကြပါတယ်။ အဲဒါကြောင့် ကထိန်သင်္ကန်းကို ဘယ်သူ့ကိုမှ လှူပါလို့ပြောဆိုခွင့်မရှိဘဲ စေတနာသန့်သန့် လာလှူတဲ့အလှူရှင်ရှိမှသာ သံဃာများဟာ လက်ခံခွင့်ရှိပါတယ်။

ကထိန်သင်္ကန်းကို တခြားလှူဖွယ်တွေလို လှူချင်တိုင်း လှူလို့မရပါဘူး။ သတ်မှတ်ထားတဲ့ သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလအတွင်းသာ လှူခွင့်ရှိပါတယ်။ ဒါပြင် ကထိန်သင်္ကန်းဟာ တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ကြိမ်ပဲ လှူခွင့်ရှိပါတယ်။

ကထိန်ခင်းရန်အတွက် သင်းပိုင် (ခါးဝတ်)၊ ဧကသီ (အပေါ်ရုံ)၊ ဒုကုဋ် (နှစ်ထပ်သင်္ကန်း) တစ်မျိုးမျိုးကို ကထိန်ခင်းခွင့် လှူခွင့်ရှိပါတယ်။ သင်္ကန်းတစ်စုံလိုက်လည်း လှူနိုင်ပါတယ်။ ကျန်တဲ့ ဖိနပ်၊ ထီးစတဲ့ အရန်ပစ္စည်းအားလုံးကို အခြံအရံအဖြစ်တော့ လှူနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအရံများဟာ ကထိန်နဲ့မဆိုင်တာမို့ ကထိန်အလှူမဟုတ်ဘဲ ရိုးရိုဒါနအလှူဖြစ်တဲ့အတွက် ဆိုင်ရာအလှူပစ္စည်းအလျောက် အကျိုးပေးရပါလိမ့်မယ်။

ကထိန်သင်္ကန်းလှူတဲ့အခါ သံဃိကဒါနအဖြစ် ကျောင်းတိုက်တွင်းရှိ သံဃာအားလုံးကို ရည်မှန်းလှူဒါန်းရပါမယ်။ ပုဂ္ဂိုလ်စွဲနဲ့ ပုဂ္ဂလိကဒါန လှူလို့မရပါ။ ကထိန်အလှူခံခွင့်ရတဲ့ ကျောင်းတိုက်ရှိ ရဟန်းတော်များဟာ ကထိန်သင်္ကန်းကို အလှူခံပြီး သိမ်အတွင်းမှာ ဉတ်ကမ္မ၀ါ ရွတ်ဖတ်ကာ သင်္ကန်းရှားပါးတဲ့ သံဃာတစ်ပါးပါးကို လှူဒါန်းပေးရပါမယ်။ လုံးဝသင်္ကန်းရှားပါးတဲ့သံဃာမရှိမှသာ ကျောင်းတိုက်ရဲ့အကြီးအကဲသံဃာက အလှူခံရပါတယ်။ ကထိန်ခင်းရာတွင် ပဒေသာပင်လုပ်ပြီး လှူကြတဲ့အခါ အကြီးဆုံးပဒေသာပင်မှာ ကထိန်ခင်းမဲ့သင်္ကန်းကို ထည့်ထားရပါတယ်။ အဲဒီကထိန်ခင်းမဲ့သင်္ကန်းဟာ သံဃာတော်များ ဉတ်ကမ္မ၀ါ ရွတ်ဖတ်ပြီးမှ သင်္ကန်းရှားပါးတဲ့သံဃာကို လှူဒါန်းပေးရတာမို့ ကထိန်ခင်းတဲ့သင်္ကန်းကို “ ဉတ်သင်္ကန်း”လို့ ခေါ်ကြတာပါ။

ကထိန်းခင်းမှုကြောင့် အလှူရှင်များရရှိတဲ့ အကျိုးတရား၊ သံဃာတော်များရရှိတဲ့ အကျိုးတရားများကိုတော့ ကထိန်ခင်းတဲ့ကျောင်းတိုက်က ဆရာတော်များဟောကြားမှုကြောင့်လည်းကောင်း၊ ကထိန်အကြောင်း ရေးသားထားတဲ့ စာပေများဖတ်ရှု့လို့လည်းကောင်း သိလောက်ပြီထင်တာမို့ ဦးဇင်း ဒီလောက်နဲ့ပဲ သိသမျှကို ဖြေပေးလိုက်ပါတယ်။ ဦးဇင်း စာရေးနေရင်းနဲ့ ရောက်လာတဲ့မေးခွန်းကို အရေးတကြီးသိချင်တယ်ဆိုလို့ အမြန်ရေးပေးလိုက်တာကြောင့် အမှားများပါရင် နားလည်ပေးကြပါလေ။ စာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.....။

အရှင်ကောမလ ဆန်နီနေမင်း

ရယ်ချင်သောသူများအတွက် Message လေးတွေပါ။



Posted by ၇ဲလင်းးး 

၁။ ဘ၀ဆက်တိုင်း uk မှာ ဘောလုံးသမား japan မှာ ဆာမုရိုင်း us မှာ မာဖီးယား korea မှာ မင်းသား myanmar မှာ လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။

၂။ ချစ်သူစိမ်းလို့ တရားကိန်းတယ်။ တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ် သားရေနယ်ကွဲ့ ရှာတုန်း ချောင်အနီးမှာလ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။
၃။ ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင် မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။

၎။ အာရုံမှာ လာလာစုစည်း သူချည်းသာလော အလွမ်းနှင့်ပါဘုရား။

၅။ မင်းရဲ့ လူမှုဆက်ဆံနည်း တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက ရေစီးကြောင်းလို ချောင်းမ၀င် မြစ်မပေါက် ခွေးနံပိန် ဆင်းဆင်းသောက်လို့ ဗွတ်မပေါက်ပါစေနဲ့။

၆။ online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့ လိမ်ညာခြင်းပါပဲ။

၇။ say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။ I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။

၈။ အမြည်းမရှိတော့ အာပူ သူကြီး မရှိတော့ ရွာဆူ ဆိုသလို ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား ရည်းစားမရှိရင် ကြူသာကြူ။

၉။ ချောတာကြိုက်ရင် မင်းသားတွေရှိတယ်။ ချမ်းသာတာမှလိုချင်ရင် သူဌေးသားတွေရှိတယ်။ ဂုဏ်မက်တယ်ဆိုရင်လဲ စစ်ဗိုလ်တွေရှိတယ် ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ ငါ့ဆီကိုလာခဲ့။

၁၀။ ရှေ့ကသွားပါဆိုတော့လဲ အီအီးပေါက်တယ်။ နောက်ကလိုက်ခဲ့ဆိုတော့လဲ ဖိနပ်တက်နင်းတယ်။ ဘေးတိုက်ကြတော့လဲ အရပ်ပုလို့တဲ့။ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။

၁၁။ နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ နင့်အစ်ကိုက ဂေါက်အိတ် နင့်မိဘတွေက ဂေါက်ကျင်း နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း.....ဟီး။

၁၂။ ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့် မင်းအတွက်ဆို suparman လေးလို စွမ်းဆောင်ပေးမှာပါ။

၁၃။ အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???

၁၄။ အချစ်ဆိုတာ ဘက်စ်ကားလိုပဲ ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။

၁၅။ ရဲဘော်တို့ အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။ ခက်ခဲမယ် ကြမ်းတမ်းမယ်။ လိုအပ်ရင် အရူးကွက်နင်းရမယ်။ အလိမ်အညာတွေနဲ့ တွေ့ မယ် သတိရှိပါ။

၁၆။ အချိန်တွေပိုနေလို.အွန်လိုင်းမှာရှိနေတာမဟုတ်ရပါဘူး.......... နင်ဆိုတဲ.မျှော်လင်.ချက်နဲ. အွန်လိုင်းပေါ်မှာအချိန်ဖြုန်းတက်ခဲ.တာ.............ငါ.ကိုငါတောင်မသိလိုက်ဘူး။

၁၇။ သူရဲ့အပြောမှာ ရင်ခုန်သည်… တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်… အကြင်နာချစ်စကား ပြောခွင့်ပေးပါအတည်…. သူ Block မှာလည်း စိုးရိမ်သည်…. သူ Sign Out မှာ သိပ်ကြောက်သည်… အခုတော့သိပြီ သူ့ကို Q မိပြီ.။

၁၈။ ထမင်းကလွဲရင် အကုန်ချက်တယ်… Gtalk နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်….VZO နဲ့ Chat မယ်…. Pfingo ပြောမယ် စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်

၁၉။ အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်…. နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်းပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။


၂၀။ ငါတို့က… မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ… လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။

၂၁။ စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ သေရွာကိုပဲ သွားချင်မိ။

၂၂။ အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။

၂၃။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။

၂၄။ အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။

၂၅။ အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။ မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။ ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။

၂၆။ လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။ အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။


၂၇။ လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။

၂၈။ တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။

၂၉။ ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။


၃၀။ U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။ U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။ U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။ U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။

၃၁။ ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။ မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။ မင်း မြန်မာနိုင်ငံရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။

၃၂။ လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်- ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး

၃၃။ အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............? NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................? COUNTER STRIKE လောက် ပြင်းထန်လို့ လား ........................? နေစမ်းပါ.... LOVER လုပ်မယ့်အစား GAMER ပဲ လုပ်တော့မယ်.......

၃၄။ စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ်

Black Label ကစ်...။

၃၅။ Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင် Policy ကာရံထားလို့ဘာမှကိုမမြင်……….. Bamar Net ရဲ့ Connection အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။


၃၆။ ဒို့အကြောင်း…….နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ အိပ်စောင့်ရမြဲ။

၃၇။ ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ် Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း.။

၃၈။ ဟို(Net)ဆိုင်ကမီးထိန်ထိန်. ဒီ(Net)ဆိုင်ကမီးထိန်ထိန် တစ်နာရီ(၅၀၀)တောင်းပါတဲ့.ရိုက်စားတို့အိမ်….။

၃၉။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ တနေ့တခြား…………….အကြွေးများလာမှာ………… ။

၄၀။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင် Connection တော်တော်လေး…… ညီညီညာညာ နှုတ်ဆက်ပြေး ………။


၄၁။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။


၄၂။ ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ……ပညာသတင်းစုံလေ့လာကုန် …။ဲ ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။ ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။


၄၃။ VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျိုကြည့်ကြပါဆို ………………… … အမူယာပိုအော်ကာပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား ……


၄၄။ Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး တော်တော်ဆိုးပါလား…….။

၄၅။ စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား …………

Download လုပ်ဖို့သူကြိုးစား ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည် ကိုဖိုးမောင် နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်တွေသူလေ့လာ တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။


၄၆။ ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။ Web.cam မပါ ၊ Earphone မလာ …………တကယ်မရှိတာလား ၊ ညစ်တာလား


၄၇။ တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်………. တ၀ီဝီမြည်ရာ Net ဆိုင်မှာ……….အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။


၄၈။ တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်……… တဂျုန်းဂျုန်းသံပေး Net ဆိုင်

ဘေးက………မရပ်မနားမီးစက်သံကွယ့်………..။

၄၉။ တောက်ခေါကတဲ့သံတညံညံ…………………Netဆိုင်ထဲကဘာဖြစ်တာလဲ…. တောက်ခေါကတဲ့သံတညံညံ……Conneection လေး ဒေါသသံလေး……..။


၅၀။ ချာတိတ်မတွေကို… ညာရှိတ်ဦးမယ် မုန်းတယ် မုန်းတယ် မိန်းမတွေကို မုန်းတယ်း)

ပြောသာပြောရတယ် အမေ့ကို မတိုင်ရဘူးနော်။


၅၁။ တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်

လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P

၅၂။ ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့

ခက်လှပြီ.... မနှစ်ကပေးတဲ့ မေးလ်လိပ်စာ.... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ........ မမှတ်မိတော့ခက်သာလှချေပြီ...။

စင်္ကာပူတွင်အလုပ်လုပ်ကြသော မိန်းကလေးတို့၏ အန္တရာယ်



May Mon Kyaw and Than Htut shared Chit Coco's photo.
စင်္ကာပူတွင်အလုပ်လုပ်ကြသော မိန်းကလေးတို့၏ အန္တရာယ်

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးအတွက် လမ်းလျှောက်ပွဲ လုပ်သည့် သတင်း ကို ဖတ်ရင်း စင်္ကာပူမှာ အလုပ်လုပ်နေသည့် နိုင်ငံခြားသား အလုပ်သမား များနှင့် ပတ်သက်သော စစ်တမ်း တစ်ခု အကြောင်း ဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။

၂၀၀၇-၂၀၀၈ ကာလအတွင်း လူ ၅၀၀ ခန့်ကို မေးမြန်းကောက်ယူခဲ့သည့် စစ်တမ်းအရ တစ်ဝက်လောက် ဟာ အလုပ်ခွင် အတွင်း ကာယ အိနြေ္ဒ ပျက်ပြားအောင် နှောက် ယှက်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြ ခဲ့သည်။ အဆိုပါ လူ ၅၀၀ အတွင်းမှ ၅၄.၄ % ဟာ အဆိုပါ နှောက်ယှက်မှု မျိုးကို ကိုယ်တိုင် ခံစားခဲ့ရပြီး ၂၅ ရာခိုင်နှုန်း ကတော့ တစ်ခြားသူတွေ ကို အဲလို နှောက်ယှက် တာကို မြင်ဖူးခဲ့ပါတယ်။ ၃၀ % ကတော့ သူတို့ ကိုယ်တိုင် အကြိမ်ကြိမ် နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပြီး၁၂ % ကတော့ မလိုက်လျော ရင် သူတို့ အလုပ်က ထွက်ရနိုင်တဲ့အထိ ခြိမ်းခြောက်မှုမျိုးနဲ့ နှောက်ယှက်ခံခဲ့ ရပါတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းရဲ့ဖော်ပြချက်အရ ထိုသို့ခံရသူများတွင် အမျိုးသမီး ၇၉ % ရှိပြီး အမျိုးသားကတော့ ၂၁ ရာခိုင်နှုန်းရှိပါသတဲ့။ အကြမ်းဖက်နှောင့်ယှက်သူများဟာ တစ်ခါတစ်ရံ စင်္ကာပူမှာ နေထိုင်ပြီး အလုပ် လိုအပ်တဲ့ နိုင်ငံခြားသား အလုပ်သမားများနဲ့ အလုပ်ဝင်ကာစ အသစ်လေးများကို ပစ်မှတ် ထား နှောက်ယှက်ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်များထဲမှ ၃ ခုကိုလည်း သတင်း တွင် ဖော်ပြ ခဲ့ပါတယ်။
ဖြစ်စဉ်(၁) administrative executive တစ်ယောက်အနေဖြင့် အလုပ်လုပ်နေတဲ့ ဗီယက်နမ် အမျိုးသမီး တစ်ဦးဟာ သူမရဲ့ မန်နေဂျာရဲ့ ကိုယ်ထိ လက်ရောက် နှောင့်ယှက် မှုကို ၂ ကြိမ် ခံခဲ့ရပါတယ်။ ပထမ တစ်ကြိမ် ကတော့ သူမရဲ့နဖူးကို နမ်းခဲ့ခြင်းဖြစ်ပြီး ဒါဟာ လေ့ကျင့်ခန်းတစ်ခုလို့ ဆိုခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး သူမ မတိုင်ကြားခဲ့ပါဘူး။ ဒုတိယအကြိမ်မှာတော့ သူဟာသူမကို အခန်းထဲမှာ လော့ခ် ချတယ်။ နံရံနား ကို အတင်းဖိပြီး သူမစကပ်ကို လှန်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သူမရုန်းကန် လွတ်မြောက် ခဲ့ပါတယ်။
နောက်ပိုင်း မှာတော့ မန်နေဂျာဟာ သူမကိုတွေ့တိုင်း ထိကိုင်ဖို့ကြိုးစား သလို သူမကလည်း လွတ်အောင် ကြိုးစားရှောင်ခဲ့ ရပါတယ်။ သူမဟာ S pass နဲ့ နေသူဖြစ်တာ တစ်ကြောင်း၊ အင်္ဂလိပ်စကား မကျွမ်းကျင် တာ တစ်ကြောင်းမို့ ဘယ်သူ့ကိုမှ မတိုင်ကြားရဲဘဲ စိတ်ညစ်နေခဲ့ရပါတယ်။ နောက်ဆုံး သူမရဲ့ယောက်ျားက အတင်းမေး ကာမှ အဖြစ်မှန်ကို သိပြီး အလုပ် သမားဌာနကို တိုင်ကြား ခဲ့ရပါတယ်။
ဖြစ်စဉ်(၂) administrative clerk တစ်ယောက်ဟာလည်း သူမ သူဌေးရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါတယ်။ သူမ ကတော့ မိသားစုမှာ တစ်ဦးတည်းသော ပိုက်ဆံရှာ သူဖြစ်တာကြောင့် စီးပွားရေးကျဆင်းနေတဲ့ ကာလမှာ အလုပ် မရမှာ စိုးတာကြောင့် ရဲကို မတိုင်ခဲ့ပါဘူး။ သူမရဲ့ အလုပ်ဟာ သေးငယ်ပြီး သူမသူဌေးနဲ့ သူ့ရဲ့ မိတ်ဆွေ တစ်ယောက် ပူးပေါင်း လည်ပတ်နေတာ ဖြစ်ပါတယ်။
တစ်နေ့ မှာတော့ သူဌေးဟာ သူမရဲ့ရင်သားနဲ့ ဒူးခေါင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ပြီးတော့ သူမကို မတော် မတရားတွေ ခိုင်းစေခဲ့ပါသတဲ့။ အကြိမ်တိုင်း သူမငြင်းဆန်ခဲ့ပေမယ့် ရဲကို မတိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပထမအကြိမ် ကစလို့ တစ်နှစ်အကြာမှာတော့ သူဌေးဟာ သူမကို မဟားဒရား ကျင့်ဖို့ ကြံစည်ခဲ့ပါတယ်။ သူဌေး အကြံ အဆုံးထိ မအောင်မြင်ပေမယ့် သူဌေးဟာ သူမအပေါ်မှာ ပြီးခဲ့ပါတယ်။ ဒါကြောင့် သူမလည်း ရဲကို တိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Initially, the perpetrator touched her breasts and knees. This then escalated to the perpetrator forcing T to perform oral sex on him more than once. Each time she struggled but did not call the police.
About a year after the first incident, the perpetrator tried to rape her. He failed but ejaculated on her.
ဖြစ်စဉ်(၃) အမေရိကန် တက္ကသိုလ်တစ်ခုက ဘွဲ့ရခဲ့ပြီး နိုင်ငံတကာ ဘဏ်တစ်ခုရဲ့ စင်္ကာပူ ရုံးခွဲမှာ အလုပ် လုပ်တဲ့ တရုတ် အမျိုးသမီး တစ်ယောက်ဟာ လည်း သူမ စီနီယာ သူဌေးရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါ တယ်။ ပထမတော့ ပါတီပွဲ တစ်ခုမှာ ပြင်သစ် အနမ်း ပေးပါတယ်။ နောက်တော့သူမ ခါးကို ဖက်ခြင်း၊ သူမ ၀တ်စား ဆင်ယင်မှု အပေါ်မှာ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
ပထမတော့ သူမအ ထက် ကြီးကြပ်သူ တစ်ယောက်ကို ပြောပြပေမယ့် အဆိုပါ သူဌေးဟာ လုပ်ပိုင်ခွင့် တွေ ရှိတာကြောင့် ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ရဲတိုင်ရအောင်လည်း အလုပ် စာချုပ် ရှိ တာ က တစ်ကြောင်း၊ စာချုပ်မပြည့်မီ အလုပ်ထွက်ရင် လျော်ကြေးပေး ရမှာက တစ်ကြောင်းမို့ မတိုင်ရဲခဲ့ ပါ ဘူး။
နောက်ဆုံးမှာတော့ ရှေ့နေတစ်ဦးနဲ့ တိုင်ပင်ပြီး အလုပ် သမားရေးရာကို တိုင်ခဲ့ ပါတော့တယ်။ သူမလည်း သူမ သူဌေးဆီက လျော်ကြေး များရပြီး အလုပ် ထွက်ကာ အခြားနိုင်ငံ တစ်ခုမှာ ဘ၀သစ် စနေ ပါပြီ။
အဆိုပါဖြစ်စဉ်များကို ကြည့်ပါက သူ့နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသား အလုပ်သမား ဖြစ်စေ အလုပ်ရှင် ရဲ့ နှောင့်ယှက်မှုတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ကြုံတာကို တွေ့ရမှာပါ။ အားလုံး သတိထားနိုင် ပါစေ။
Asiaone မှ သတင်းတစ်ခုအား တတ်နိုင်သလောက် ဘာသာပြန် ခြင်း ဖြစ် ပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးအတွက် လမ်းလျှောက်ပွဲ လုပ်သည့် သတင်း ကို ဖတ်ရင်း စင်္ကာပ
ူမှာ အလုပ်လုပ်နေသည့် နိုင်ငံခြားသား အလုပ်သမား များနှင့် ပတ်သက်သော စစ်တမ်း တစ်ခု အကြောင်း ဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။
၂၀၀၇-၂၀၀၈ ကာလအတွင်း လူ ၅၀၀ ခန့်ကို မေးမြန်းကောက်ယူခဲ့သည့် စစ်တမ်းအရ တစ်ဝက်လောက် ဟာ အလုပ်ခွင် အတွင်း ကာယ အိနြေ္ဒ ပျက်ပြားအောင် နှောက် ယှက်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြ ခဲ့သည်။ အဆိုပါ လူ ၅၀၀ အတွင်းမှ ၅၄.၄ % ဟာ အဆိုပါ နှောက်ယှက်မှု မျိုးကို ကိုယ်တိုင် ခံစားခဲ့ရပြီး ၂၅ ရာခိုင်နှုန်း ကတော့ တစ်ခြားသူတွေ ကို အဲလို နှောက်ယှက် တာကို မြင်ဖူးခဲ့ပါတယ်။ ၃၀ % ကတော့ သူတို့ ကိုယ်တိုင် အကြိမ်ကြိမ် နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပြီး၁၂ % ကတော့ မလိုက်လျော ရင် သူတို့ အလုပ်က ထွက်ရနိုင်တဲ့အထိ ခြိမ်းခြောက်မှုမျိုးနဲ့ နှောက်ယှက်ခံခဲ့ ရပါတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းရဲ့ဖော်ပြချက်အရ ထိုသို့ခံရသူများတွင် အမျိုးသမီး ၇၉ % ရှိပြီး အမျိုးသားကတော့ ၂၁ ရာခိုင်နှုန်းရှိပါသတဲ့။ အကြမ်းဖက်နှောင့်ယှက်သူများဟာ တစ်ခါတစ်ရံ စင်္ကာပူမှာ နေထိုင်ပြီး အလုပ် လိုအပ်တဲ့ နိုင်ငံခြားသား အလုပ်သမားများနဲ့ အလုပ်ဝင်ကာစ အသစ်လေးများကို ပစ်မှတ် ထား နှောက်ယှက်ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်များထဲမှ ၃ ခုကိုလည်း သတင်း တွင် ဖော်ပြ ခဲ့ပါတယ်။

ဖြစ်စဉ်(၁) administrative executive တစ်ယောက်အနေဖြင့် အလုပ်လုပ်နေတဲ့ ဗီယက်နမ် အမျိုးသမီး တစ်ဦးဟာ သူမရဲ့ မန်နေဂျာရဲ့ ကိုယ်ထိ လက်ရောက် နှောင့်ယှက် မှုကို ၂ ကြိမ် ခံခဲ့ရပါတယ်။ ပထမ တစ်ကြိမ် ကတော့ သူမရဲ့နဖူးကို နမ်းခဲ့ခြင်းဖြစ်ပြီး ဒါဟာ လေ့ကျင့်ခန်းတစ်ခုလို့ ဆိုခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး သူမ မတိုင်ကြားခဲ့ပါဘူး။ ဒုတိယအကြိမ်မှာတော့ သူဟာသူမကို အခန်းထဲမှာ လော့ခ် ချတယ်။ နံရံနား ကို အတင်းဖိပြီး သူမစကပ်ကို လှန်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သူမရုန်းကန် လွတ်မြောက် ခဲ့ပါတယ်။
နောက်ပိုင်း မှာတော့ မန်နေဂျာဟာ သူမကိုတွေ့တိုင်း ထိကိုင်ဖို့ကြိုးစား သလို သူမကလည်း လွတ်အောင် ကြိုးစားရှောင်ခဲ့ ရပါတယ်။ သူမဟာ S pass နဲ့ နေသူဖြစ်တာ တစ်ကြောင်း၊ အင်္ဂလိပ်စကား မကျွမ်းကျင် တာ တစ်ကြောင်းမို့ ဘယ်သူ့ကိုမှ မတိုင်ကြားရဲဘဲ စိတ်ညစ်နေခဲ့ရပါတယ်။ နောက်ဆုံး သူမရဲ့ယောက်ျားက အတင်းမေး ကာမှ အဖြစ်မှန်ကို သိပြီး အလုပ် သမားဌာနကို တိုင်ကြား ခဲ့ရပါတယ်။

ဖြစ်စဉ်(၂) administrative clerk တစ်ယောက်ဟာလည်း သူမ သူဌေးရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါတယ်။ သူမ ကတော့ မိသားစုမှာ တစ်ဦးတည်းသော ပိုက်ဆံရှာ သူဖြစ်တာကြောင့် စီးပွားရေးကျဆင်းနေတဲ့ ကာလမှာ အလုပ် မရမှာ စိုးတာကြောင့် ရဲကို မတိုင်ခဲ့ပါဘူး။ သူမရဲ့ အလုပ်ဟာ သေးငယ်ပြီး သူမသူဌေးနဲ့ သူ့ရဲ့ မိတ်ဆွေ တစ်ယောက် ပူးပေါင်း လည်ပတ်နေတာ ဖြစ်ပါတယ်။
တစ်နေ့ မှာတော့ သူဌေးဟာ သူမရဲ့ရင်သားနဲ့ ဒူးခေါင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ပြီးတော့ သူမကို မတော် မတရားတွေ ခိုင်းစေခဲ့ပါသတဲ့။ အကြိမ်တိုင်း သူမငြင်းဆန်ခဲ့ပေမယ့် ရဲကို မတိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပထမအကြိမ် ကစလို့ တစ်နှစ်အကြာမှာတော့ သူဌေးဟာ သူမကို မဟားဒရား ကျင့်ဖို့ ကြံစည်ခဲ့ပါတယ်။ သူဌေး အကြံ အဆုံးထိ မအောင်မြင်ပေမယ့် သူဌေးဟာ သူမအပေါ်မှာ ပြီးခဲ့ပါတယ်။ ဒါကြောင့် သူမလည်း ရဲကို တိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Initially, the perpetrator touched her breasts and knees. This then escalated to the perpetrator forcing T to perform oral sex on him more than once. Each time she struggled but did not call the police.
About a year after the first incident, the perpetrator tried to rape her. He failed but ejaculated on her.

ဖြစ်စဉ်(၃) အမေရိကန် တက္ကသိုလ်တစ်ခုက ဘွဲ့ရခဲ့ပြီး နိုင်ငံတကာ ဘဏ်တစ်ခုရဲ့ စင်္ကာပူ ရုံးခွဲမှာ အလုပ် လုပ်တဲ့ တရုတ် အမျိုးသမီး တစ်ယောက်ဟာ လည်း သူမ စီနီယာ သူဌေးရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါ တယ်။ ပထမတော့ ပါတီပွဲ တစ်ခုမှာ ပြင်သစ် အနမ်း ပေးပါတယ်။ နောက်တော့သူမ ခါးကို ဖက်ခြင်း၊ သူမ ၀တ်စား ဆင်ယင်မှု အပေါ်မှာ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
ပထမတော့ သူမအ ထက် ကြီးကြပ်သူ တစ်ယောက်ကို ပြောပြပေမယ့် အဆိုပါ သူဌေးဟာ လုပ်ပိုင်ခွင့် တွေ ရှိတာကြောင့် ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ရဲတိုင်ရအောင်လည်း အလုပ် စာချုပ် ရှိ တာ က တစ်ကြောင်း၊ စာချုပ်မပြည့်မီ အလုပ်ထွက်ရင် လျော်ကြေးပေး ရမှာက တစ်ကြောင်းမို့ မတိုင်ရဲခဲ့ ပါ ဘူး။
နောက်ဆုံးမှာတော့ ရှေ့နေတစ်ဦးနဲ့ တိုင်ပင်ပြီး အလုပ် သမားရေးရာကို တိုင်ခဲ့ ပါတော့တယ်။ သူမလည်း သူမ သူဌေးဆီက လျော်ကြေး များရပြီး အလုပ် ထွက်ကာ အခြားနိုင်ငံ တစ်ခုမှာ ဘ၀သစ် စနေ ပါပြီ။
အဆိုပါဖြစ်စဉ်များကို ကြည့်ပါက သူ့နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသား အလုပ်သမား ဖြစ်စေ အလုပ်ရှင် ရဲ့ နှောင့်ယှက်မှုတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ကြုံတာကို တွေ့ရမှာပါ။ အားလုံး သတိထားနိုင် ပါစေ။
Asiaone မှ သတင်းတစ်ခုအား တတ်နိုင်သလောက် ဘာသာပြန် ခြင်း ဖြစ်ပါတယ်။
You might also like:

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....


 ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။ ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။ " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေကုန်ပေါ့၊ ကျွန်မ ဇာဘော်လီ " ဟူ၍ပင် တပေါင်များ ပေါ်လာခဲ့ပါသည် ။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင်မူ ရဟန်းပျိုများက သံချိပ်၊ ကတ်ကြေး၊ ကြိမ်လုံးများကို စစ်ကူခေါ်ပြီး အင်္ကျီပါးကို တိုက်ဖျက်ခဲ့ကြသည်။ မန္တလေး အမရပူရ နှင့် စစ်ကိုင်းမြို့များ၌ အင်္ကျီပါးများကို မီးရှို့ခဲ့ကြသည်။ မန္တလေး ၊ မဟာမုနိဘုရားရှေ့တော်၌လည်း အင်္ကျီပါးများကို ပုံ၍ပင် လှူခဲ့ကြသည်။ ၁၉၄၁-ခုနှစ်တွင် အင်္ကျီပါးစစ်ပွဲဟု ဆိုရမလောက်ပင် ဂျာနယ်ကျော်တွင်ပြုလုပ်၍ အင်္ကျီပါးဘက် မှ မြင်းခြံစိုးမြင့် .... အင်္ကျီပါး မ၀တ်ထိုက်သည့်ဘက်မှ မေမြို့ မခင်သန်းရီ တို့ နှစ်ဦး နှစ်ဖက် ချေပစာများ ထောက်ခံစာများတို့ဖြင့် ဂျာနယ်ကျော်တွင် ၄-၅ ပတ် အင်္ကျီပါး စစ်ပွဲ ဖြစ်ခဲ့ကြသည်။ ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ကာတွန်းဆရာ ဦးဘဂျမ်းက... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော စကားများဖြင့် ပင် ကာတွန်းများ ရေးဆွဲပြခဲ့ပါသည်..... ဤကား လွန်ခဲ့သော အတိတ်ကာလစီက အင်္ကျီပါး အရေးတော်ပုံတည်း ။ ယနေ့ ၂၀၁၁ -ခုနှစ် ..... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော ကာတွန်းဆရာ ဦးဘဂျမ်း အား ယနေ့ ခေတ်ကာလကို တွေ့မြင်လိုက်စမ်းချင်ပါသည်။ "အထက်လည်းတို .... အောက်လည်းတို ..... သူမ ပျို -ပျို-ပျို ...အို-အို-အို " ဟုပင် ဆိုလိုက်ချင်သည်။ အများစု ..... ဂျာနယ်တွေ ... မဂ္ဂဇင်းတွေ... ကြော်ငြာဆိုင်းဘုတ်တွေမှာ .... ရေပေါ်ဆီ အလွှာစု ပါးလွှာ -တို -ပြတ်- ဟိုက်- အကုန်စုဝတ်လို့ နေပေပြီ.... ကော့ ... ကော် ... ကန်...ကား .... စတိုင်များနှင့် ... အလန်းဇယား များပြားနေပြီ.... ခေတ်ကာလကို နောက်ပြန်ဆွဲဘို့ မဆိုလိုချင်ပါ ...... ခေတ်ကာလ ရေစီးကြောင်း အတိုင်း ..... ခေတ်မီရပါမည် ....... ခေတ်သိပ်မဆန်ဘို့ လိုပါသည်။ ရဲရင့်ရပါမည် ........ မရဲတင်းဘို့တော့ လိုပါမည် ။ လှပအောင် ၀တ်စားပြင်ဆင်ရပါမည် ..... ယဉ်ကျေးမှုနှင့် မဆန့်ကျင်ဘို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာမိန်းကလေးများ သတိထား- သိထားဘို့တော့ ကောင်း၏။
 ကာလဖြင့် ပျက်နေပြီ 
ဖက်ရှင်တွေ ရှုပ်ထွေး 
အရှက်တွင် အဟုတ်ဝေးပါပေါ့ .... 
တို ပါး ပြတ် ဟိုက် ၀တ်ပုံလေး အစုံစုံ ။
 ကော့ ကော် ကန်ကား စတိုင်များနှင့် 
အမှန်ဖောင်းထောင်၍ ကြွပါလို့ ရှုမြင်ဘို့ မတင့်တယ် ပါတယ် ။ 
တီကောင်ကို ဆားပက် 
ဝတ်စားမက် အနေအထားပျက်လို့ကြုံ ။
 မောင်... အဘ ... သားချင်း နှစ်မ အားနာလျှင် .....
 မှားတာကို ပြင်ကြစို့လေး ....
 မြန်မာညွန့် ညှိုးမကုန်အောင် အမျိုးဂုဏ် ဆယ်ကြပါစို့... 
ဒို့ ... မြန်မာမလေးများသို့ .....

အိုဘားမားက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးအမေရိကန် သမ္မတဟုတ်ရဲ့လား



ဒီရက်ပိုင်း သတင်းတွေဖတ်လိုက်ရင် အမေရိကန်သမ္မတကြီးမြန်မာပြည်လာမယ့်သတင်းက အတော်လေးရေပန်းစားနေတယ်ဘယ်နေရာကြည့်ကြည့် ဘယ်စာစောင်ဖတ်ဖတ် သမ္မတအိုဘားမား သတင်းတွေ ခရီးစဉ်အကြိုပြင်ဆင်မှုသတင်းတွေ နဲ့ ပြည့်နှက်နေပါတယ် .....ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက သမ္မတကြီးပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့.....

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ သတင်းတွေကိုကြည့်လိုက်ရင် သတင်းတော်တော်များများမှာ အမေရိကန်သမ္မတတစ်ဦးရဲ့ မြန်မာပြည်ကိုပထမဆုံးလာတဲ့ သမိုင်းဝင်ခရီးဆိုပြီးဖေါ်ပြကြတယ် ၊ နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်လာတယ်ဆိုတာမျိုးတောင်မသုံးကြတာကို သတိပြုမိတယ် .....။

တကယ်တော့ ၁၉၅၃ ခုနှစ်လောက်က သမ္မတ ဒေါက်တာဘဦး လက်ထက်မှာ အမေရိကန်သမ္မတကြီး နစ်ဆင်ဟာ သူ့ဇနီးနဲ့အတူ မြန်မာပြည်ကို အလည်အပတ်လာရောက်ခဲ့ဘူးပါတယ် လာရုံတင်မကဘူး မြန်မာအမျိုးသားဝတ်စုံကိုတောင် သမ္မတကြီးနဲ့ ဇနီးက၀တ်ဆင်သွားပါသေးတယ် ...။

မုန်တိုင်းထန်သောဘ၀(ငလျင်တဲ့ဟဲ့သတိရှိစေ)



အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်ဓါတ်ပုံများ
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်
 
 
မန်းမြန်မာဈေးချို ပလာဇာ အနောက်ဖက်တွင်ဖြစ်ပေါ်ခဲ့သော အက်ကြောင်း
နာက်ဖက်တွင်ဖြစ်ပေါ်ခဲ့သော အက်ကြောင်း
 
ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ပျက်စီးသွားသောအိမ်နှင့် ငလျင်အက်ကြောင်းများကို တွေ့ရစဉ်




မုန်တိုင်းထန်သောဘဝ
(ငလျင်တဲ့ဟဲ့သတိရှိစေ)
အိပ်ရင်းထိုင်ရင်း လုပ်ရင်းတထွေ
ကြံရင်းဖန်ရင်း သွားရင်းလူတွေ
ပြင်ဆင်ချိန်မရ ခဏမသွေ
လှုပ်ရှားရင်း  သေမင်းခေါ်နိုင်ပေ။
                                              ပီတိ(ပေကြီး)
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာတွင်ဗဟိုရ် ပြုပြီးရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ၁၁.၁၁.၂၀၁၂နေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့်အချိန်မှာ မြန်မာနိုင်ငံအတွင်းလှုပ်ခတ်သွားပါတယ်။(နေ့လည် ၂ နာရီ တစ်ချိန်၊ ညနေ ၅း၂၀ တစ်ချိန်၊ ၁၂.၁၁.၂၀၁၂ နံနက်ပိုင်း ၁၂း၅၀ မှာလည်းတစ်ချိန် အင်အားအသင့်တင့်ရှိငလျင်များ လှုပ် ခတ်ခဲ့ပါသေးတယ်။)
ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးဘက်မှာအထိနာသွားပါတယ်။ငလျင်လှုပ် ခတ်မှုတွင်ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီးမြို့နယ်များအ၀ှမ်းအား သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိပြီ  ပျောက်ဆုံးနေသူ ၅ ဦးကျော် အချို့ ၁၈ ဦးရှိတယ်လို့လည်းပြောကြပါတယ်။ မန္တလေးမြို့ အထင်ကရ စွယ်တော်မြတ်စေတီ၊ မဟာလောကမာရဇိန်စေတီ၊အရိပ်မထွက်စေတီတို့နဲ့ စစ်ကိုင်းအထင်ကရဘုရား များ ၊ရွှေဘိုမြို့ အထင်ကရဘုရားများနဲ့ ကျေးရွာရပ်ကွက် များမှ ဘုရားစေတီများ စိန်ဖူးတော်မြေခခြင်း ထီးတော်မြေခခြင်း ၊ စေတီတော်ကွဲအက်ခြင်းများ။
အထင်ကရဈေးချိုတော်၊ မဟာမြတ်မုနိဘုရား နာရီစင်၊ ကျောက်မြောင်းတည်ဆောက်ဆဲ ရတ နာသိင်္ခ မြစ်ကူးတံတားပြိုပျက်ခြင်း နှင့် ငလျင်ဒဏ်သင့် မြို့နယ်များအားလုံးမှ တိုက်တာ အဆောက် အဦး များပျက်စီးကွဲအက်ခြင်း ၁၅၀ ကျော်ထိရှိတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်လေးကိုကြုံလိုက်ရတဲ့အချိန်မှာ သတိသံဝေရမိလိုက်ပြီး အထက်ပါကဗျာလေး ကိုစာရေးသူရေးဖွဲ့ခဲ့မိခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာအတွင်းမှာရှိနေတဲ့ သက်ရှိသတ္တ၀ါ အပါအ၀င် သက်မဲ့ ပန်းမာန်သစ်ပင် အဆောက်အဦး စတာတွေဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် အချိန်မ ရွေး ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဘယ်အရာမှ တည်မြဲခြင်းမရှိဘဲအနိစ္စတရားတွေသာဖြစ်ပါတယ်။ သွား ရင်းလာရင်းနေရင်းထိုင်ရင်း လုပ်ကိုင်ရင်းဖြင့် အချိန်မရွေးအသက်သေနိုင်တယ်ဆိုတာ သတိသံဝေ ထားကြဖို့အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့်ရှေးပညာရှိတွေက လက်ရှိအချိန်ဟာ အရေးအကြီး ဆုံးလို့ ဆုံးမကြတာဖြစ်မှာပါ။
နောင်မှလုပ်မယ် နောင်မှပြင်မယ်ဆိုတာမသေချာပါဘူး။ လုပ်စရာတစ်ခုကိုလက်တွေ့လုပ် လိုက်ခြင်းကသာလျှင် သေချာမှာဖြစ်ပါတယ်။ ဆိုးမိုက်နေတဲ့သူများလည်း နောင် အသက်အရွယ်ရလာ ရင်ပြင်မှာပေါ့ ကောင်းအောင်နေမှာပေါ့ ဆိုတဲ့ဆင်ခြေတွေကိုပြင်သင့်လှပါတယ်။ နောင်အချိန်ဟာ ယခုအချိန်လောက် မသေချာတာကိုနားလည်သဘောပေါက်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ငါမသေ လောက်သေးပါဘူး။သန်သန်မာမာရှိပါသေးတယ်လို့ ယူဆနေတဲ့သူတွေ ငလျင်ဘေးဒဏ်လို သဘာဝ ဘေးများနှင့်အမှတ်မထင်ကြုံခဲ့လျှင်  လမ်းသွားရင်းကားတိုက် ကားမှောက် သေခဲ့လျှင် ဘာမှတတ်နိုင် မှာမဟုတ်ပါဘူး။
နံနက်ခင်းက ပက်ပင်းမြင်သူ
ညနေခင်းကြ သေမင်းခေါ်ယူ
နေ့မြင်ညပျောက် တစ်ယောက်မဟူ
ငါတို့လည်း  မလွဲသေမည့်သူ။
ဆရာတော်ကြီးတွေရဲ့သံဝေဂကဗျာလေးလို နံနက်ခင်းမှာပျော်ရွှင်စွာနေပေမယ့် ညနေခင်းသေချင်သေ သွားနိုင်ပါတယ်။ သေခြင်းတရားဟူသည်မှာ ဘယ်ချိန်ဘယ်ခါရယ်လို့ တူတူတန်တန်သတ်မှတ်ထား တာမရှိပါဘူး ။ ကိုယ့်မှာရောဂါ မရှိလဲဗြုန်းကနဲ သေသွားနိုင်သလို ရောဂါသည်းသန်နေလည်း ပြန် ကောင်းချင်ကောင်းသွားတတ်ပါတယ်။
          ဒါကြောင့် မမြဲတဲ့သေချင်းတရားကို ရင်ဆိုင်နိုင်အောင်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လက်ရှိ  မသေသေးပဲ အသက်ရှင်နေတဲ့ တန်ဖိုးရှိကာလအတွင်းမှာ လူ့ကျင့်ဝတ်ငါးပါးသီလနဲ့ သံသရာ ရိက္ခာ ဒါန ဘာဝနာ အစဖြာတဲ့ကောင်းမှုတွေကို လက်မနှေးပဲပြုလုပ်သင့်လှပါတယ်။ ဒီလိုကောင်းမှုတွေပြု လုပ်ထားတဲ့သူဟာ ဘယ်ချိန်ဘယ်ခါ ဘယ်လို ဘေးရန်ကြောင့်ပဲ ဗြုန်းစားကြီးသေသေ သံသရာ အတွက် ရတက်အေးပြီး သေရမှာလုံးဝမကြောက်ပါဘူး။ ဘာကောင်းမှုရယ် မှတူတူတန်တန် မလုပ်သူ များကြ တစ်စုံတရာကြောင့်ခဏချက်ခြင်း သေပွဲဝင်လိုက်ရမည်ဆိုလျှင် သေရမှာလည်းကြောင့်သလို နောင်သံသရာအရေး စိတ်မအေးနိုင်စရာ ဘ၀တွေနာကြဦးမှာပါ။ ရရှိလာတဲ့ လူ့ဘ၀မှာ လူစင်မီ လူ တန်းစေ့ လူပီသ လူ့တန်ဖိုးတွေကို လက်လွတ်မခံရှိဖို့ လူ့ဘ၀ရဲ့ အနှစ်ဖြစ်တဲ့ ဒါန သီလ ဘာဝနာ လေးတွေကို သေချာပြီးလက်တွေ့ကျလှတဲ့ ပစ္စုပ္ပန်ကာလမှာ အရအမိတတ်အားသမျှပြုလုပ်ကြစေလို ပါတယ်။ ဒါမှ လူဖြစ်ရကျိုးနပ်ကြမှာပါ။
အသက်ရောဂါ သေချိန်ခါနှင့်
ခန္ဓာမြုပ်မြေ လားလေဂတိ
ကြိုမသိရ ငါးဌာန
မှတ်ကြသံဝေယူ
          ဆိုတဲ့ မြတ်ဗုဒ္ဓဒေသနာအတိုင်း ။ဘယ်သူမဆို (၁) အသက်ဘယ်လောက်မှာသေရမယ်။  (၂)ဘာရောဂါနဲ့သေရမယ်။(၃)ဘယ်အချိန်မှာသေရမယ်။ (၄)ဘယ်သုဿာန်မှာသဂြိုလ်ရမယ်။ (၅) ဘယ်ဘ၀ကို ပြန်ရောက်ရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အရာတွေပါ။ အချို့အသက်ကြီးမှသေတယ်။ အ ချို့အသက်ငယ်ငယ်နဲ့သေတယ်။ အချို့လည်းမွေးပြီးတာနဲ့သေတယ်။ ဘယ်အရွယ်ရယ်လို့ မပြောနိုင် ပါဘူး။ ထူပြောနေတဲ့ ရောဂါများစွာမှာလည်း ဘာရောဂါနဲ့သေရမယ်ဆိုတာ မသိနိုင်ပါဘူး။ အချိန်ဆို တာကတော့ ပိုတောင်မသိနိုင်တဲ့အရာပါ။ ဘယ်သုဿာန်မှာ မြုပ်ရမယ်ဆိုလည်းလည်းမသိ နိုင်ပါဘူး။
ဒီရွာမှာ မွေးဒီရွာမှာနေလို့ ဒီရွာမှာပဲသေရမယ်လို့တော့မထင်ပါနဲ့၊ ခရီးသွားရင်း တစ်ခုခုဖြစ်ခဲ့ ရင် ဘာမှမတတ်နိုင်ပါဘူး။ နာဂစ် လေမုန်တိုင်းကြီးတိုက်ခတ်တုန်းကဆိုကြည့် မြန်မာပြည်အထက် ပိုင်း အလယ်ပိုင်းအစရှိတဲ့နေရာတွေကလူတွေ ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေ မှာအလယ်ရောက် ခိုက် အလုပ်သွားခိုက် နဲ့တွေ့ကြုံပြီးအဲမှာ ပဲသေကြေကုန်ကြတာ။ နောက်တစ်ခု ဒီရွာမှာသေလို့ ရွာသု ဿာန်မှာ ပဲ သဂြိုလ်ရလိမ့်မယ်မထင်နဲ့ ချပ်ကြီးမှာ ဆီဘောက်ဆာရထား တွဲချော်လှဲကျပြီး မီးလောင် တုန်းကပါသွားတဲ့လူအချို့ အဲနေရာမှာပဲပြာဖြစ်သွားခဲ့ရတာနမူနာပါ။
ဒါကြောင့်လူတိုင်း အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ထနေရင်း ထနေရင်း အိပ် နေရင်း လမ်းလျှောက်ရင်း သေသွားနိုင်ပါတယ်။ အမှတ်မထင်ကြုံတွေ့နိုင်တဲ့သဘာဝဘေး အန္တရာယ် တွေကြောင့် မယုံနိုင်စရာ သေကြေပျက်စီးနိုင်ပါတယ်။ နာဂစ်တုန်းက မြန်မာပြည်မှာ ဘယ်လိုမှ ထင် မှတ်မထားဘဲ လူပေါင်းသိန်းကျော်အောင် သေကြေခဲ့ရတာ သံဝေယူသင့်သလို ရထားမှောက် ကား မှောက် ငလျင်လှုပ်ခတ် ရေကြီးလို့ အစုလိုက်အပုံလိုက် သေကြေနေတာကို လည်း ခဏတိုင်းမျက်မြင် ကိုယ်တွေ့ ကြုံနေရတာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် အများနည်းတူ ကိုယ်လည်း မသေသေးဘဲ သက်ရှင်နေခိုက် ခွင့်သာတုန်းယခုလက်ရှိအချိန်မှာ အချိန်နဲ့အသက်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့လိုအပ်လှပါတယ်။
ဒါမှသာ သေလွန်တဲ့အခါ ကြိုမသိနိုင်တဲ့လားရာဂတိဟာ ကောင်းသောဂတိဖြစ်လာမှာပါ။ ယနေ့ကောင်းမွန်နေသောရာသီဥတုသည် မနက်ဖန်ကြီးစွာဆိုးဝါးဖောက်ပြန်သွားနိုင်သည်ဆိုတဲ့သ ဘောထားကို နားလည်ထားသင့်ပါတယ်။ အချိန်သည် တန်ဖိုး တန်ဖိုးသည် ဘ၀ရဲ့အနှစ်ဖြစ်ဖို့အတွက် မသေခင် ကာလ အတွင်းမှာ အကောင်းဆုံးဖြစ်အောင်နေထိုင်သင့်ပါတယ်။ မနက်ဖန်ထက် သေခြင်း တရားက နီးနေသည်မှာ တွေးကြည့်လေတိုင်း သည်းခိုက်ရင်ဖိုလှပါတယ်။
တရားဖက်ပါလို့ အားတက်ဖို့ချိန်တန်ပြီ
ဘ၀တွေဆက်ခါနားလို့ရယ် သွားခဲ့ကြာရှည်
နိဗ္ဗာန်ဆီ ရည်ရွယ်လို့စိတ်ကူး
ငါးအာရုံတက်စုံနွဲပါလို့
ဤ၀ဲတွင် ဘ၀င်တုံပေါ့
ခွေကြုံခါ တဖန်နွမးရမယ်
မြန်းဖို့စိတ်ကူး….။
ဆိုတဲ့ဆုံးမ လင်္ကာလေးလို လူသားအားလုံးတရားကိုဖက်နိုင်ကြပြီး အားတက်စေလောက်တဲ့ ဘ၀အနှစ်များကိုထုတ်ယူခါအရေးကြီးဆုံး လက်ရှိပစ္စုပ္ပန်အချိန်ကိုအလဟဿဖြုန်းတီးမပစ်ပဲ။ တန်ဖိုး မဲ့များကိုလုပ်ကိုင်နေခြင်းရှောင်ကြဉ်ခါ တန်ဖိုးရှိစွာအသုံးချနေနိုင်ကြပါစေ။
ပျော်ရွှင်စိတ်ကူး ၊ ဘ၀ထူးဝယ်
စိတ်မြူးဆော်ဆော်၊ ရည်မျှော်နောင်ရေး
မနှေးဆောင်ရွက် ၊ အိမ်မက်ကမ္ဘာ
ချမ်းသာ ပြည့်စုံ ၊ ခိုလှုံချင်လည်း
မမြဲခဏ ၊ မရဏတွင်း
ဝပ်ဆင်းရတတ်၊တွေ့တတ်အန္တရယ်
များဖွယ်ဖွယ်တည်း။
အးလုံးကို ချစ်ခင်လေးစားတန်ဖိုးထားလျှက်…….
ပီတိ(ပေကြီး)