This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 29, 2013

လူရွှင်တော် ကိုအရိုင်း ပေါင်အရင်းမှာ သွေးမလျောက်တော့လို့ အရိုးဆေးရုံ တင်လိုက်ရ

ဦးအရိုင်းအတွက် ဆုမွန်ကောင်းတောင်းပေးကြပါအုံးဗျာ
===============================

လူရွှင်တော် ကိုအရိုင်း ပေါင်အရင်းမှာ သွေးမလျောက်တော့လို့  မနေ့  ဇွန် ၂၇ ရက် ညက အရိုးဆေးရုံ တင်လိုက်ရပါတယ်။ အခု ICU ထဲ ရောက်နေပါပြီ။ အခြေအနေကိုတော့ ညနေဆို သိရမယ် ။ ခွဲစိတ်မှု အားလုံး အဆင်ပြေပါစေ။
ဓါတ်ပုံ - Ohn Thee

Credit To:DVB

ZinYawNews

နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မ ရှိသောလူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ



မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်  ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ပူပြင်းလှသော နေအပူရှိန်ကိုပင် သတိမပြုနိုင်ကြပဲ နတ်မောက်မြို့  နှင့် ခရီးမိုင် ၁၅ မိုင်ခန့်  ဝေးကွာသော ထုံးပေါက်ချိုင်း ကျေးရွာသို့  အရောက်သွားကာ မေးမြန်း လေ့လာသိရှိရသမျှ တင်ပြနိုင်ရေး အပြေးအလွှားကြိုး စားခဲ့ရသည်။

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦးသည် ထုံးပေါက်ချိုင်းရွာ ဇာတိဖြစ်ပြီး အသက်(၃၆)နှစ်၊ အဘဦးအောင်လှ၊ အမိဒေါ်မောက်တင်တို့ ၏ သားကြီးဖြစ်သည်။ မွေးချင်းလေးယောက်ရှိသော်လည်း အခြားသူများမှာ ပုံမှန်အနေအထားသာဖြစ်ပြီး ကိုဝင်းဇော်ဦး တစ်ယောက်သာလျှင် ထူးခြားစွာထွားကြိုင်းနေခြင်း ဖြစ်ကြောင်းတွေ့ ရသည်။

  ''ကျွန်တော်က (၈၈)မှာလေးတန်းနဲ့ ကျောင်းထွက်ပြီး မိဘတွေက အဆင်မပြေတော့ ၁၅နှစ်သားအရွယ်မှာပဲ ရန်ကုန်ကို အလုပ်လုပ်ထွက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ အဲဒီအချိန် အထိပုံမှန်ပဲ ရှိသေးတယ်။ ထူးခြားတာဆိုလို့  ကျွန်တော်က ဒိန်ချဉ်ကြိုက်တယ်၊ နွားနို့ အလွန်အကျွံသောက်တယ်။ ဒါလောက် တော့ရှိခဲ့တယ်။ အဲ ရန်ကုန်က အပြန်အသက်(၁၈)နှစ်လောက်မှာဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ တစတစနဲ့ တနှစ်နဲ့တနှစ် ခန္ဓာကိုယ်ကကြီးလာတာ အခု(၃၆)နှစ်အထိပဲ''ဟု ကိုဝင်းဇော်ဦးကပြောသည်။

''အရင်နှစ်က နတ်မောက်က ကျောင်းဆရာကြီး တိုင်းထားတာ ရှစ်ပေတစ်လက်မပဲရှိတာ။ အခုတိုင်းတော့ ရှစ်ပေလေး လက်မ ဆိုတော့ နှစ်နှစ်အတွင်းမှာ သုံးလက်မလောက်ထပ်တိုးလာတာပဲ။ သူကရှက်တတ်တယ်။ အစားအသောက်ကလည်း ပုံမှန်သူလိုကိုယ်လိုပါပဲ။ ကွမ်းယာတော့ သူကကြိုက်တယ်။ အဝတ်အစားကျတော့လည်း ပုဆိုးက ကွင်းကျဉ်းနေ တိုနေပေ မယ့်သူက ဖြစ်သလိုဝတ်တယ်။ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးတယ်။ အမေအို အဖေအို တွေနဲ့ နေရတာဆိုတော့ သူ့နောင်ရေးတွေးကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိတယ်''ဟုကျေးရွာအထောက်အကူပြု ကော်မတီဝင်တစ်ဦးကရှင်းပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ဒေါက်တာဇော်လင်းအောင် မကွေးမှာရှိစဉ်က စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြောင်း၊ မျက် စေ့ မှုံမှာတော့ စိုးရိမ်ကြောင်း၊ ကျန်သည့်ရောဂါလက္ခဏာမတွေ့ ရကြောင်း ရှင်ပြခဲ့သည်ဟုဆိုသည်။

အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရတာများသည့်အတွက် ခြေထောက်တွေကကြာရှည် မထောက်နိုင်တော့သည့်အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်၇သည့် ဒုက္ခကကြီးလာကြောင်း၊ ဘယ်ကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက စိတ်လိုလက်ရရှင်းပြသည်။

ကိုဝင်းဇော်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်လှက''ရွာထဲဟိုဟိုဒီဒီသွားတိုင်းစိတ်မချဘူး။ မတော်တဆလဲမှာကြောက်လို့ ပါ။ သူ့ခန္ခာကိုယ်ကြီးနဲ့ လဲလိုက်ရင်မလွယ်ဘူးလေ။ နောင်ရေးကိုတွေးပြီးတော့လည်းစိတ်ထဲမှာမကောင်းဘူး။ အခုဆို ခါးကကုန်းလာတာကို သတိထားမိတယ်။ ခန္ဒာကိုယ်ကြီးက ပုံမှန်မဟုတ်တော့စိုးရိမ်မိတယ်။ အခုဆိုရင်ဘာအလုပ်မှလည်း မလုပ်နိုင်တော့ သူ့နောင်ရေး ရင်လေးတာပေါ့''ဟုပူပန်စွာပြောပြသည်။

ကိုဝင်းဇော်ဦးမှာ အိမ်အောက်သို့ ဝင်လျှင်လည်း ခေါင်းငုံ့ဝင်ရပြီး အရပ် ငါးပေရှစ်လက်မရှိ ကိုဝင်းဇော်ဦးနှင့် ညီအစ်ကိုတော်သူမှ ကိုဝင်းဇော်ဦး၏ အရပ်ကို တိုင်းရန်အတွက် ခုံပေါ်သို့ တက်မှမှီသည်ကို ကြည့်ကာ အခြားသူများ ဝိုင်းပြီးရယ်ကြတော့ ကိုဝင်းဇော်ဦး မှာရှက်သလိုလိုဟန်ပန်ကို အတိုင်းသားမြင်ခဲ့ရသည်။ လူမသိ သေးသောကိုဝင်းဇော်ဦးတယောက် အကယ်၍များ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆိုလျှင်……---

ပေါ်ဦး(နတ်မောက်)
http://www.thithtoolwin.info/2013/06/blog-post_1444.html#.UcR1qy-3sm8

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌ နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့ ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
Views: 193

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ




မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။
စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

Credit: Myanmar News Update

မန်းလေးမြို့ချမ်းမြသာစည်မြိုနယ်ကန်သာယာရက်ကွက်မှဲပြည်တန်ဆာအိမ် ကြောင့် 10တန်းကျောင်းသူ တစ်ယောက်ကို ဘယ်ဈေးလဲ လိုက်အမေးခံရ


 https://www.facebook.com/yemyat.thu.925
ကျွန်တော်အကူညီတောင်းခံပါတယ်ကျွန်တော်တိုနေတဲရက်ကွက်ထဲမှာ
မီကောင်ဖခင်သမီးပျိုတွေအများကြီးရှိပါတယ်အဲဒါကျွန်တော်တိုရက်ကွက်ထဲ
မှာပြည်တန်ဆာအိမ်ရောက်လာပါတယ်တော်တော်ဆိုးပါတယ်ညဆိုလဲ
ဆိုင်ကယ်တွေနဲလာပြီးအော်ဟစ်ဆဲဆိုသွားပါတယ်ကျွန်တော်နေတာ
ကမန်းလေးမြို့ချမ်းမြသာစည်မြိုနယ်ကန်သာယာရက်ကွက်မှာနေ
တာပါအရင်ကအဲလိုမျိုးမရှိပါဘူးအခုမှရောက်လာတာပါတစ်ခါက
ဆိုကျွန်တော်ညီမလေး10တန်းညကျူရှင်ကပြန်လာတာဘယ်က
လူတွေများလဲမသိဘူးလိုက်ပြီးတော့ဘယ်လောက်ပေးရမလဲ
လိုမေးတယ်အဲဒါနဲကျွန်တော်မိဘတွေကစခန်းကိုသွားတိုင်
တာဘာမှလုပ်မပေးဘူးကျွန်တော်တို့ကဆင်ရဲတယ်လေ
အဲပြည်တန်ဆာအိမ်ကပိုက်ဆံပေးထားတာတဲကျွန်တောစုံစမ်း
တြာ
ပည်တန်ဆာအိမ်သူတိုရဲခေါင်းဆောင်ကတာတီးတဲ့သူများတွေပြော
တာကတော့ဦးတာတီးတဲအဲဒါဒုတ်ခရောက်နေပါတယ်ကျေးဇူးပြုပြီတော့
ကျွန်တော်ပိုတဲpostလေးကိုအထက်ကလူကြီးများသိအောင်လိုတင်ပြပေးပါ
မိကောင်းဖခင်သမီးပျိုများအတွက်ပါ
ကျေးဇူးပြုရ်ျ
ရက်ကွက်နေသူများအကြံပေးရ်ျခုလိုတောင်ခံအပ်ပါသည်
ye myat thu
ုပို့ပေးပါကျေးဇူပါအကို
ကွန်တော်မပို့တတ်လိုအကိုကူညီပါ