This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, November 1, 2013
သွေးတိုးကိုကျစေသည့်အစားအသောက်များ .........................
ဆား(ဆိုဒီယမ်)ကိုနည်းနည်းပဲစားတာကြောင့်သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ဒါ့အပြင်အောက်ပါအစားအသောက်တွေကို
စားသောက်တာကြောင့်သွေးတိုးကိုကျစေတဲ့အပြင်နှလုံးနဲ့သွေးကြော
တွေကိုလည်းကျန်းမာစေနိုင်ပါတယ်။
အာလူးမီးဖုတ်
မီးဖုတ်ထားတဲ့အာလူးမှာမဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ဆိုတဲ့အာဟာရဓာတ်
နှစ်မျိုးပါဝင်တာကြောင့်သွေးတိုးကျစေတဲ့အစာအနေနဲ့ထင်ရှားပါတယ်။ပိုတက်စီယမ်များတဲ့အစာကခန္တာကိုယ်ထဲကအပိုဆိုဒီယမ်ဓာတ်တွေကို
ကင်းစင်စေသလိုမဂ္ဂနီစီယမ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေတယ်လို့လေ့လာမှုအရသိရပါတယ်။
အဆီထုတ်ထားတဲ့နွားနို့
နွားနို့အေးတစ်ဖန်ခွက်မှာကယ်လ်စီယမ်နဲ့ဗီတာမင်ဒီအာဟာရှဓာတ်နှစ်မျိုး
ပါဝင်ပြီးသွေးတိုးကို3-10%လျော့ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလည်း15%လျော့ကျစေပါတယ်။တခြားလေ့လာမှုအရကယ်လ်စီယမ်ပမာဏနည်းနည်းပဲမှီဝဲ
သူတွေအနေနဲ့သွေးတိုးနိုင်ခြေ မြင့်မားတယ်လို့သိရပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးကနှလုံးကျန်းမာရေးကိုမကောင်းစေဘူးလို့ထင်ထားကြပါတယ်။လတ်တလောလေ့လာမှုအရကြက်ဥ/ဘဲဥအကာဟာသွေးတိုးကို
ကျစေတယ်လို့အမေရိကန်ဓာတုအဖွဲ့အစည်းဆိုင်ရာအစည်းအဝေးအရ
သိရပါတယ်။ကြက်ဥ/ဘဲဥမှာပရိုတင်း၊ဗီတာမင်ဒီနဲ့တခြားကျန်းမာရေးနဲ့
ညီညွတ်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
ပန်ဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း၊ပန်းဂေါ်ဖီဂေါ်ဖီထုပ်စတာတွေမှာသွေးဖိအားကိုထိန်းချုပ်ပေး
နိုင်တဲ့မဂ္ဂနီစီယမ်၊ကယ်လ်စီယမ်နဲ့ပိုတက်စီယမ်တို့လိုသတ္တုဓာတ်
အများအပြားပါဝင်ပါတယ်။တိရိစ္ဆာန်တွေကိုလေ့လာမှုတစ်ခုအရ
ပန်းဂေါ်ဖီစိမ်းပါတဲ့အစာစားတာကြောင့်သွေးတိုးရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါနဲ့လေဖြတ်တာတို့ကိုလျော့ကျစေတယ်လို့
သိရပါတယ်။ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ဒြပ်ပေါင်းတွေကသွေးလွှတ်ကြောထိခိုက်မှုကိုလျှော့ချနိုင်ပါတယ်။
မုန်လာဥနီဖျော်ရည်
သွေးတိုးနေသူတွေအနေနဲ့မုန်လာဥနီဖျော်ရည်တစ်ခွက်ကိုသောက်တာ
ကြောင့်သွေးဖိအားကို10 mmHg လျော့ကျစေတယ်လို့
အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့လေ့လာမှုအရသိရပါတယ်။မုန်လာဥနီဖျော်ရည်မှာပါဝင်တဲ့နိုက်ထရိတ်ကြောင့်သွေးကြော
တွေကိုကျယ်စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေတာဖြစ်ပါတယ်။
တစ်နေ့မှာမုန်လာဥနီဖျော်ရည်တစ်ဖန်ခွက်သောက်တာကြောင့်သွေးဖိအား
ကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့်ရောက်အောင်ထိန်းထားပေးနိုင်ပါတယ်။
နှမ်းဆီ
နှမ်းဆီမှာပါတဲ့ဖက်တီးအက်ဆစ်နဲ့အင်တီအောက်စီးဒင့်တွေကြောင့်
သွေးကြောတွေကိုကျန်းမာစေပြီးသွေးတိုးကိုကျစေတာဖြစ်တယ်လို့
လေ့လာသူတွေကယုံကြည်ထားပါတယ်။
ငှက်ပျောသီး
သွေးတိုးကိုကျစေတဲ့ပိုတက်စီယမ်ပါဝင်တဲ့ငှက်ပျောသီးကိုတစ်နေ့တစ်လုံး
စားသုံးသင့်ပါတယ်။
အမည်းရောင်ချောကလက်
အမည်းရောင်ချောကလက်မှာနှလုံးကျန်းမာစေတဲ့အာနိသင်ရှိပါတယ်။အမည်းရောင်ချောကလက်မှာပါတဲ့ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ဟာ
သွေးကြောတွေကိုပိုမိုကျယ်ပြန့်စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်
စေတယ်လို့လေ့လာမှုအရသိရပါတယ်။
ကြယ်စင်
By-Good Health
ကား နဲ့ လေယာဉ် ပြေးလမ်း ရှယ်သုံးခြင်း နှင့် ကားသတင်းများ ...........................
Thursday, October 31, 2013
    ဆလိုဗားကီးယားနိုင်ငံက ထုတ်သော ကားပျံ ~
အမေရိကန်နဲ့ ဂျာမနီမှာ ကားပျံ ထုတ်မယ်လို့ပြောပြီး ကြားနေချိန် ဥရောပတိုက် အလယ်ပိုင်းက ဆလိုဗားကီးယားနိုင်ငံကတော့ တကယ် ထုတ်လုပ်လိုက်ပါပြီ။
ရောင်းချခွင့်အတွက်ကတော့ သက်ဆိုင်ရာ အစိုးရကို တင်ထားပါတယ်။ ကားရဲ့ဒီဇိုင်း ထူးခြား ပြောင်မြောက်မှုကိုလည်း မြင်တွေ့ရမှာပါ။
အများဆုံး ၂ ယောက် စီးနင်းလိုက်ပါနိုင်မယ့်ကား ဖြစ်ပါတယ်။
ကားပျံရဲ့အလေးချိန်ဟာ ၉၉၂ ပေါင် ရှိပြီး- အင်ဂျင်ကို Rotax 912 လေယာဉ်အင်ဂျင် တပ်ဆင် ထားပါတယ်။
Aeromobil 2.5 လို့အမည်ပေးထားပါတယ်။ တတိယ မျိုးဆက်ပါ။
အကြောင်းကတော့ တီထွင်သူ အင်ဂျင်နီယာ Stefan Klien ဟာ ၁၉၉ဝ ခုနှစ်ကတည်းက စတင်ကြိုးပမ်းလာလို့ ဖြစ်ပါတယ်။
 1.0 ပထမ မျိုးဆက်ကို အဲ့အချိန်က အောင်မြင်ခဲ့ပေမယ့် ကိုယ်တိုင်ပဲ စမ်းသပ်ပြီး အများပြည်သူကို မပြသခဲ့ပါဘူး။
ယခု တတိယမျိုးဆက်ရောက်မှာ ပြသခြင်း ဖြစ်ပါတယ်။ စုစုပေါင်း အနှစ် ၂ဝတောင် ကြာသွားပါတယ်။
မိုးပေါ်မှာ ပျံရင် တစ်နာရီ မိုင် ၁၂၄ အထိ အမြန်သွားနိုင်ပြီး မြေပေါ်မှာဆိုရင် တစ်နာရီ မိုင် ၁ဝဝ လောက်ထိ အမြန်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Stefan Flien က ကားပျံဒီဇိုင်နာပါ။ ကားအတွက် လိုအပ်တဲ့အစိတ်အပိုင်းအားလုံးကို သူ့အဖွဲ့နဲ့ ကြိုးစား တည်ဆောက်၊ ဖန်တီးခြင်း ဖြစ်ပါတယ်။
မိုးပေါ်မှာ ပျံရင် မိုင် ၄၃ဝ ခရီးအထိ သွားနိုင်ပြီး မြေပေါ်မှာ မိုင်ပေါင်း ၃၁ဝ သွားနိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ အပိုဆီ သိုလောင်ခန်း ထပ်ထည့်ရင် ဒီထပ်ပိုဝေးတဲ့ခရီး သွားနိုင်အုံးမှာ ဖြစ်ပါတယ်။
အသုံးပြုမယ့်ဆီကလည်း လေယာဉ်ဆီ မဟုတ်ဘဲ မော်တော်ယာဉ်တွေမှာ အသုံးပြုတဲ့ဆီများကိုသာ အသုံးပြုစေမှာ ဖြစ်ပါတယ်။
ထုတ်လုပ်ရောင်းချနိုင်တဲ့အဆင့်အထိ ကြိုးပမ်းသွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref:autoblog
အောင်ခမ်း (Colay.Automobile)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  Kia GT Concept ထုတ်လုပ်ပြီ
ပုံမှာ မြင်တွေ့နေတဲ့ ကားဟာ တောင်ကိုရီးယား Kia ကုမ္ပဏီတို့ ဖန်တီးထားတဲ့ GT Concept ပြိုင်ကား ဖြစ်ပါတယ်။
 ၂ဝ၁၁ ခုနှစ် Frankfurt Motor Show မှာ ဝင်ရောက် ပြသခဲ့ပြီး လူအများ စိတ်ဝင်စားမှုကို အထူး ခံခဲ့ရပါတယ်။
အတွင်းမှာ အသုံးပြုမယ့် နည်းပညာ အသေးစိတ်ကို ဖော်ပြ သွားခြင်း မရှိပါဘူး။
သို့ပေမယ့် ကားဟာ ဟိုင်းဘရစ်ကား ဖြစ်လာမယ့်လို့ အများစုက ယုံကြည်ထားကြပါတယ်။
ဒီဇိုင်းအရ ပြောစရာ မလိုလောက်အောင် လှပနေပါတယ်။ ပြိုင်ကား ဆိုပေမယ့် တံခါးလေးပေါက်ပါ။
လေးယောက်စီး ပြိုင်ဆလွန်း ဖြစ်ပြီး နောက်တစ်ခါးကို နောက်ဘက် ဖွင့်ရတာမှာ ဖြစ်ပါတယ်။
ကား အရွယ်က သိပ်မကြီးပါဘူး။
လျှပ်စစ်ကား အဖြစ် ထွက်ရှိနိုင်ချေ ရှိတယ်လို့ခန့်မှန်းခဲ့ပေမယ့် ခရီးသည်လေးဦးဆံ့ကားအနေနဲ့က စွမ်းဆောင်ရည်မှာ ကျဆင်းလို့မရမယ့် အနေအထားမှာမို့ ဖြစ်ပါတယ်။
Telsa Motors က ထုတ်တဲ့Telsa Model S ကား တို့လို နည်းပညာကို Kia တို့ ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။
 ဒါကြောင့်လည်း အနီးစပ်ဆုံး အနေနဲ့ ဟိုင်းဘရစ်ကားပဲ ထွက်လာနိုင်တယ် လို့ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်။
Kia GT Concept ကား ထုတ်လုပ်မှုကို Kia တို့ စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
Ref:autoblog
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  ကားလမ်းမပေါ် ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်
ကားလမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားသော လေဆိပ် အမှန်တကယ် ရှိပါတယ်။
တည်နေရာကတော့လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့တောင်ဘက်စွန်း ရှိ ဗြိတိန်ပိုင် ကျွန်းမြို့တစ်ခုဖြစ်တဲ့Gibraltar- ကျွန်းမှာ ဖြစ်ပါတယ်။
Gibraltar လို့အမည်ရတဲ့ယင်းလေဆိပ်ဟာ Gibraltar- ကနေ စပိန်နိုင်ငံသို့- ဖောက်လုပ်ထားတဲ့အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။
လေယာဉ်ပြေးလမ်း အသုံးပြုတော့မယ် (တစ်နည်း) လေယာဉ်ပျံ မိုးပေါ်ပျံ တက်တော့မယ်ဆိုရင် ကားလမ်းမကြီးကို ယာယီပိတ်ထားရပါတယ်။
ယင်းလေဆိပ်ကို ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ခုနှစ်က ဗြိတိန်တော်ဝင်လေတပ်တို့ကိုယ်တိုင်တည်ဆောက်ပြီး စတင် အသုံးပြုခဲ့ပါတယ်။
 မြေပြင်ညီနေရာရှားပါးမှု၊ မြေနေရာ ရှာဖွေရမယ့် အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ယခုလို နည်းပညာနဲ့ စနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။
ယခုချိန်အထိလည်း ဗြိတိန်တော်ဝင်လေတပ်မှ အသုံးပြုဆဲဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး အတွက်လည်း အသုံးပြုပါတယ်။
Gibraltar Airport ဟာ ကမ္ဘာပေါ်မှာ အဝေးပြေးလမ်းမပေါ်ဖြတ်ပြီး တည်ဆောက်တဲ့ တစ်ခုတည်းသော လေယာဉ်ကွင်း ဖြစ်တယ်လို့ သိရပါတယ်။
Ref:wordwonder
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မှတ်ချက်  - Colay အင်တာနက် စာမျက်နှာ http://www.colay.com.mm/automobile/news/articles ကနေ ခွင့်ပြုချက်ယူပြီး ပြန်လည် ဖော်ပြပါတယ်)
နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး.............................
မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ---
Thursday, October 31, 2013
နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၀
မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။
မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အိမ်မှာ အဘွားကြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် ရဲတွေဝင်ရှာတာ။ နှစ်လုံးထီလည်း မမိဘဲနဲ့ ရဲကသူ့ကို လက်ထိတ် ခတ်လိုက်တော့ ကြောက်လန့်ပြီး သတိလစ်သွားတဲ့နောက်မှာ အသက်ပြန် ပါမလာတော့” ဟု ဦးအောင်မင်းလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ကမူ အဆိုပါ အိမ်တွင် ချွေးမဖြစ်သူက နှစ်လုံးထီ ရောင်းချသည်ဟု ကြားသိရပြီး ၎င်းအိမ်ကို ဝင်ဖမ်းစဉ်တွင် ချွေးမဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါအိမ်တွင် အဆိုပါ အမျိုးသမီးကြီးတစ်ဦးသာ ကျန်ရှိပြီး ၎င်းက နေအိမ် အခန်းတွင်း ဆေးသောက်ရန် ဝင်ရောက်စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွန်းမိ၍ ၎င်းလဲကျ မေ့လဲသွားသည်ကို ဟန်ဆောင်သည်ဟု ထင်ပြီး ဝတ္တရားအတိုင်း ရှာဖွေခဲ့ပြီးနောက် မိသားစုများက ဆေးရုံပို့ရန် ကားပေါ်တင်ချိန်တွင် အသက်မရှိတော့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်ကို ကိုးကား၍ The Voice သို့ ပြောကြားသည်။
တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စစ်ဆေးတဲ့အခါမှာ စစ်ဆေးခံရသူရဲ့ အခြေအနေတွေကို ကြည့်သင့်တယ်။ ဆေးသောက်မယ့် လူကို ဆေးသောက်ခွင့် ပြုပြီးတော့မှ စစ်ဆေးစရာရှိတာ စစ်ဆေးသင့်တယ်။ လူတိုင်းမှာ လူ့အခွင့်အရေး ရှိတယ်။ ဒီလို သေသွားတဲ့အတွက် ဥပဒေအရ အမှန်တရားပေါ်အောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောကြားသည်။
လောင်းကစား ဖမ်းဆီးမှုများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အိမ်များကို ရှာဖွေရာတွင် ရှာဖွေဝရမ်း ပါရှိရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ သေဆုံးနစ်နာမှုသည် လူ့အခွင့်အရေးကို ဆုံးရှုံးရသောကြာင့် နေပြည်တော် ရဲချုပ်ထံ မိသားစုဝင်များ တိုက်ရိုက် တိုင်ကြားသင့်ပြီး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်စာများ ပေးပို့ကာ ဥပဒေအရ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က The Voice သို့ ပြောကြားသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါအိမ်တွင် နှစ်လုံးထီ ရောင်းချနေသည်ဟု သတင်းရရှိသောကြောင့် ဝင်ရောက် ရှာဖွေခဲ့သည်မှာ မှန်ကန်သော်လည်း အမျိုးသမီးကြီး သေဆုံးရသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသောကြောင့် မဖြေကြားပေးနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly
Thit Htoo Lwin - Crime
twitter မသုံးဘူးသေးတဲ့ မိတ်ဆွေတွေအတွက်................
1:31 PM
twitter မသုံးဘူးသေးတဲ့ မိတ်ဆွေတွေအတွက်ပါ ။ ဖွဘုတ် ကြီးကိုစိတ်ညစ်လို့  ကွန်နက်ရှင်ကိုစိတ်ညစ်လို့  အသစ်အဆန်းလေးတွေသုံး ကြဖို့ စဉ်းစားနေတယ်ဆိုရင်အောက်မှာလေ့ လာလိုက်ပါဗျာ။ twitter သုံးရတာအရမ်းကိုပေါ့ ပါးပြီး 
အဆင်ပြေစေပါတယ်။ twitter ဟာ information network (သတင်းအချက်အလက် network )ကြီးတစ်ခုဖြစ်ပါတယ်။ သူ့ ကိုအသုံးပြုခြင်းအားဖြင့်   နောက်ဆုံးရသတင်းအချက်အလက် တွေကို အလွယ်တစ်ကူ၇ယူနိုင်ပါတယ်   အနောက်နိုင်ငံက လူတိုင်း twitter ကို တွင်ကျယ်စွာသုံးစွဲ နေကြပါတယ်။
twitter ကို email လိပ်စာတစ်ခုရှိရုံနှင့်  အလွယ်တစ်ကူဖွင့် လို့ ရပါတယ်။
အရင်ဆုံး မိမိတို့ အသုံးပြုနေတဲ့ iphone ,ipad , android ,nokia ,windows phone , blackbarry ,windows 8 အတွက် လိုအပ်တဲ့  app ကို ဒီမှာ ရယူပေးပါ။ iphone ,android မဟုတ်ရင် အနီရောင်နဲ့ ဘောင်ခတ်ထားတဲ့ နေရာမှာ ဝင်ရောက် install လုပ်ပေးပါ။ အီးမေးတောင်းရင် အီးမေးလိပ်စာပေးလိုက်ပါ။
အရင်ဆုံး sing up လုပ်ဖို့ အတွက် အောက်ကလိပ်စာကိုသွားပါ။
အောက်ကပုံအတိုင်းမိမိတို့ အချက်အလက်တွေပေးပြီးသွားရင် create my account ကိုနိုပ်ပါ။
အောက်ကပုံလေးထဲကလိုပေါ်လာပါလိမ့် မယ် အဲဒီမှာ next ကိုနိုပ်ပါ။
ဒီနေရာမှာအနည်းဆုံး( 5 ဦး ) အထက်ကို မိမိအနေနဲ့  following လုပ်ပေးရပါမယ်ပြီးရင်တော့  next ကိုနိုပ်ပါ။
ဒီနေရာမှာလည်း ( ၅ ခု ) အထက်ကို follow လုပ်ပေးရပါမယ်။မိမိနှစ်သက်ရာကိုရွေးပါ။
မိမိနှစ်သက်တဲ့ သူကိုရွေးလို့ ပြီးရင် တော့  next ကိုနိုပ်ပေးပါ။
ဒီနေရာမှာ သူငယ်ချင်းရှာရမှာဖြစ်ပါတယ်။မိမိမိတ်ဆွေများက twitter ပေါ်မှာရှိနေရင် အကုန်လုံးနှင့် ပြန်လည်ဆုံတွေ့ ခွင့် ရနိုင်ပါသည်။သူငယ်ချင်းကို အီးမေးအကောင့် နှင့် ရှာမလား yahoo စသည်ဖြင့် မိမိနှစ်သက်တဲ့ အကောင့် ကိုရွေးချယ်ပေးလိုက်ပါ။
ဒီနေရာမှာ allow acept ကိုနိုပ်ပေးလိုက်ပါ။မိမိက ခွင့် ပြုပေးခြင်းဖြစ်ပါသည်။
ဒီနေရာမှာ twitter မှာရှိသောသူငယ်ချင်းများကိုမြင်ရပါပြီ။ဒီနေရာမှာ မိမိရဲ့  photo လေးတစ်ပုံလောက်တော့ တင်ခဲ့ ချင်တယ်ဆိုရင် upload image ဆိုတာလေးကိုနိုပ်ပြီးတင်နိုင်ပါတယ်။
ဒီပုံလေးကဆိုရင်မိမိ အကောင့် ကို စတင်အသုံးပြုနေပုံလေးပါ။မိမိသွားချင်တဲ့ နေရာကိုသွားနိုင်ပါတယ်။လိုက်လေ့ လာကြည့် ပါ။
facebook မှာလိုပါပဲ မိမိရဲ့ သူငယ်ချင်းအကောင့် ထဲကိုဝင်ကြည့် နေတာပါ။
မိမိနှစ်သက်တဲ့ ပုံကိုရွေးပြီးပြီဆိုတာနှင့်  apply လုပ်ပေးလိုက်ပါ။
ဒါကတော့  လူရုပ်ကလေးနှင့်  Me ဆိုတဲ့ နေရာလေးကိုနိုပ်ပါက မိမိပိုင်ဆိုင်တဲ့ နေရာလေးကိုတွေ့ ရတဲ့ ပုံလေးပါ။ ဒီနေရာမှာ မိမိရေးလိုတာလေးရှိတာကိုရေးချင်ရင် ကြက်တောင်နဲ့ ကလောင်ပုံလေးဖြစ်တဲ့ အပြာရောင်လေးကိုနိုပ်ပြီး မိမိရေးလိုတဲ့  status (စကား ) tweets ကိုရေးသားနိုင်ပါတယ်။
ဒါကတော့  home ကိုနိုပ်ပြီး facebook မှာလို သူငယ်ချင်းတွေတင်သမျှ tweets သမျှကို မြင်ရတဲ့ နေရာလေးပါ။
ဒါကတော့ အကောင့် ကို log out လုပ်မယ်ဆိုရင်စက်သွားပုံလေးနဲ့ နေရာကိုနိုပ်ပြီး sing out လုပ်ဖို့ ပြပေးထားတာပါ။
twitter အကြောင်းနဲ့ ပက်သက်ပြီးဆက်လက်ဖော်ပြပေးပါမည်
-----------------------------------------
--------------------------------------
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
   စိုင်းသူ
သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်တွင်မီးလောင်မှုဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၃၁
၃၀.၁၀.၂၀၁၃ရက်နေ့ ၁၉၃၅အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့် ရပ်ကွက်၊ ရတနာလမ်း၊ မလိခအိမ်ယာ၊ တိုက်(ဘီ/၄)မြေညီထပ်ရှိ Mermaid SimleKTV ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့်အဆိုပါနေရာသို့ မီးသတ်ယာဉ် (၃)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၉၅၀အချိန်တွင် မီးငြိမ်းသွား ခဲ့ပါသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ ၎င်းဆိုင်၏မီးဖိုခန်းအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အကြော်ဆရာ စစ်မင်း (ဘ)ဦးသက်နိုင်၊ ဆိုင်လိပ်စာနေသူမှ ဂတ်စ်အိုး၏ဘားကိုဖွင့်၍ စက္ကူစအားမီးရှို့ကာ ဂတ်စ်မီးဖိုပေါ်သို့တင်စဉ် ဂတ်စ်များပန်းထွက်၍ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် စစ်မင်းတွင် ၀ဲ/ယာလက်ဖျံ၊ ဆီးခုံ၊ ခြေတောက်တို့တွင်မီးလောင်ဒဏ်ရာနှင့် မင်းမင်းထွန်း (ဘ)ဦးတင်ထွန်း(လိပ်စာတူ)တွင်လည်း ၀ဲ/ယာ ခြေကျင်းဝတ်နှင့် တင်ပါးတို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာများ(မစိုးရိမ်ရ)အဖြစ် ကုသနေရပြီး အဆိုပါမီးလောင်မှုကြောင့် ဂတ်စ်အိုး (၁)လုံး၊ ဒယ်အိုး (၁)လုံး၊ ဂတ်စ်မီးဖို (၁)လုံးတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး တန်ဘိုးငွေကျပ် (၇၀၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ စစ်မင်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၄၅၀/၂၀၁၃၊ ပြစ်မှုပုဒ်မ၂၈၅/၂၈၆/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ရေချိုးခန်းအတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံး .........................
ရန်ကုန်၊ အောက်တိုဘာ ၃၁
၃၀.၁၀.၂၀၁၃ရက်နေ့ ၂၁၄၅အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ သီရိမင်္ဂလာတည်းခိုခန်း၏
ရေချိုးခန်းအတွင်း၌ အမျိုးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းစန်းဦး (ဘ)ဦးဇော်အောင်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ထမီရင်လျှားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ပက်လက်အနေအထား သေဆုံးနေသည်ကိုတွေ့ရှိ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘုရင့်နောင်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို .......................
ရေခဲ(ပြည်)
ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရသင့်ရထိုက်တဲ့ အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကို သိက္ခာရှိစွာသတင်းစာထဲကနေ ကြော်ငြာပြီး တောင်းတာပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်စိုးမမမင်းက ပြည်မြို့တွင်သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့သည်ကို မူယာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အထက်ကခိုင်းသည်ဟုဆိုကာ ရပ်ကျေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ပြည်မြို့တရားရုံးက စက်တင်ဘာလ ၂၆ရက်တွင် ဒဏ်ငွေသုံးသောင်းအမိန့်ချခဲ့သေးသည်။
“ရပ်ကျေးဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။ ပြည်သူတွေ အကုန်သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းတာ ပါ။ ရပ်ကွက်လူကြီးကလည်း အထက်ကခိုင်းလို့ မလုပ်မဖြစ်လုပ်ရတယ်ဆိုပြီး လာတောင်းပန်တယ်။ ပညာပေးတဲ့ပုံနဲ့ နိုင့်ထက်စီးနင်းလုပ်ပြီးတရားစွဲတယ်”ဟု ဒေါ်စိုးမမမင်းက ပြောသည်။
ဒေါ်စိုးမမမင်းအား တရားရုံးကဒဏ်ငွေသုံးသောင်းချပြီးနောက်ပိုင်း အောက်တိုဘာလ ၁၄ ရက်က ဦးဝင်း မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က ပထမအကြိမ်ရုံးချိန်းတွင် လွှတ်တော် အမတ် ဦးဝင်းမြင့်က လာရောက်ခြင်းမရှိသဖြင့် နိုဝင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု ဒေါ်စိုး မမမင်းက ပြောသည်။
ဦးဝင်းမြင့်အား ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အခုလွှတ်တော်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် STRANDဟိုတယ်နှင့် KTV လုပ်ငန်းကိစ္စကိုလည်း ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့် ဖြေကြားလိုခြင်း မရှိဟုဆိုသည်။
တရုတ်ပြည်ရဲ့ ဗိုက်သားအက ရူးသွပ်မှု ................
တရုတ်နိုင်ငံတ၀ှမ်းမှာ ဗိုက်သားအကပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ကျောင်းတွေ ပေါ်ပေါက်လာတာနဲ့အတူ အကြီးအကျယ် လူသိများလာနေပါပြီ။ ဗိုက်သားအကဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကာလရှည်ကြာ တွဲပြီး သိလာခဲ့ကြတာပါ။ ဒါပေမယ့် သူရဲ့ အနာဂတ်ကတော့ အခု တရုတ်ပြည် ဖြစ်လာနိုင်ပါတယ်။
မကြာခင်က ပေကျင်းမှာ ကျင်းပခဲ့တဲ့ ဗိုက်သားအကညီလာခံမှာ ကမ္ဘာအနှံ့က ဗိုက်သားအက ထင်ရှားသူတွေ တက်ရောက်လာကြပြီး ၁ ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲနဲ့ ကပြ ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ကချေသည် ၂၄ ယောက်က ၀င်ကီရှင်း ဗိုက်သားအကကျောင်းမှာ သူတို့ရဲ့ သူတို့ရဲ့ ကကြိုးကကွက်တွေကို နေ့လယ်ပိုင်းသင်တန်းတွေမှာ ကပြခဲ့ကြပါတယ်။
ကျောင်းက ပေကျင်းအရှေ့ပိုင်းက ခမ်းနားတဲ့ ကူးသန်းရောင်းဝယ်ရေး အဆောက်အဦ သစ် တခုမှာပါ။
အသက် ၂၅ နှစ်အရွယ် ကျောင်းသူ တယောက် ဖြစ်တဲ့ ဖန်ဟွေမီက အဲဒီက ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းတခုက ရုံးအလုပ်ကို စွန့်လွှတ်ပြီး သူရဲ့ မိဘတွေရဲ့ ကန့်ကွက်မှုတွေ ကြားကပဲ ဗိုက်သားအက အချိန်ပြည့်ဆရာမတယောက်အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတာပါ။
“သူတို့က ကျမ ဗိုက်သားအက စကတာကို တကယ်ပဲ ကန့်ကွက်ခဲ့ကြတာရှင့်။ ဘာလို့လဲဆိုတော့ အ၀တ်အစားတွေက တရုတ် အမျိုးသမီးငယ်တွေနဲ့ မသင့်လျော်ဘူးပေါ့ရှင်။ ဒါပေမယ့် နောက်တော့ အကရဲ့ အနုပညာမြောက်တာနဲ့ လှပမှုကို သူတို့ တွေ့သွားခဲ့ပြီး တဖြည်းဖြည်း သူတို့ စိတ်ပြောင်းသွားကြပါတယ်။ နောက် သူတို့ ကျမတို့ရဲ့ကပြ ဖြေဖျော်မှုကို တီဗွီမှာ တွေ့သွားခဲ့တယ်လေ။ ကျမက ထင်ရှားတဲ့ တီဗွီရှိုးတခုမှာ ကပြခဲ့ရတဲ့အတွက် ကျမ အမေက ဂုဏ်ယူမယ်ဆိုတာကို သိပါတယ်။”
ဒီ ဗိုက်သားအကကျောင်းက အဆိုတော်ဟောင်း ၀င်ကီရှင်းက တည်ထောင်ထားတာပါ။ သူက သူ အီဂျစ်မှာ တေးဂီတ ဗွီဒီယိုတခု သွားရိုက်ခဲ့တဲ့အချိန်မှာ ဗိုက်သားအကကို သင်ယူခဲ့တာပါ။ နောက်ပိုင်းမှာ သူက ပေကျင်းရဲ့ ပထမဆုံး ဗိုက်သားအကကျောင်းနဲ့ ကလပ်ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် မှာတော့ ၀က်ဘ်ဆိုက်တခု တင်ထားခဲ့ပါတယ်။
ဒီကနေ့တော့ သူ့မှာ တရုတ်နိုင်ငံတ၀ှမ်း ဗိုက်သားအက လိုင်စင်ရ ကျောင်းပေါင်း ၆၃ ကျောင်းနဲ့ ကျောင်းသား ၁ သိန်း ကျော်ရှိနေပါပြီလို့ ပြောပါတယ်။
“ကျမတို့ဆီမှာ ဗိုက်သားအက သင်ယူတဲ့သူတွေက ၃ မျိုး ၃ စား ရှိပါတယ်။ တော်တော်များများကတော့ ဗိုက်သားအက က ခု သိပ်လူကြိုက်များလာတော့ ဗိုက်သားအက သင်ဆရာတွေ ဖြစ်လာဖို့ ကျောင်းထောင်ဖို့ လာသင်ကြတာပါ။ ဒုတိယကတော့ ဗိုက်သားအကမှာ ထင်ရှားကျော်ကြားတဲ့ ကချေသည်တွေ ဖြစ်ချင်လို့ လာသင်ကြတဲ့ ကျောင်းသူ တွေပါ။ သူတို့က ဘားတွေနဲ့ အာရပ် စားသောက်ဆိုင်တွေမှာ မကချင်ကြပဲ တရုတ်ပြည်မှာ လူကြိုက်များလာတဲ့ အားကစားရုံတွေနဲ့ ကဇာတ်ရုံတွေမှာ ကပြဖြေဖျော်ကြတဲ့ ကဇာတ်အဖွဲ့တွေမှာ ပါဝင် ကပြချင်တဲ့သူတွေပါ။ တော်တော်များများကတော့ ကျမရဲ့ အက အဖွဲ့နဲ့ တရုတ်ဗိုက်သားက အကျော်ကြားဆုံးသူများလို့ ခေါ်တဲ့အဖွဲ့မှာ ကချင်ကြတာပါ။ နောက်တော့လည်း ကျမတို့မှာ ၀ါသနာအရရော ကျန်းမာရေးကောင်းဖို့ပါ လာကကြတဲ့ ကျောင်းသားတွေ အများကြီး ရှိလာပါပြီ။”
အသက် ၃၀ ရှိပြီဖြစ်တဲ့ တောင်ဆွီလီက တရုတ်ပြည်အလယ်ပိုင်းက သူရဲ့ ဇာတိမြို့ ဖြစ်တဲ့ ရှင်ဇူးက စီးပွားရေးဘွဲ့ရ တယောက်ပါ။ သူက ဗိုက်သားအက ကို ၂၀၀၇ ခုနှစ်က သင်ယူခဲ့တာပါ။
“ကျမ စသင်တဲ့အချိန်မှာ အဲဒါက အတော်ကြီး ခက်ပါတယ်ရှင်။ ဒါပေမယ့် ကျောင်းသား အားလုံးကတော့ အစမှာ အဲဒီလို ခက်ခဲတာကို ကြုံရတာချည်းပါပဲ။ ကျမမှာ သိပ် အကူအညီ ပေးတတ်တဲ့ ဆရာမတယောက် ရှိခဲ့တယ်လေ။ သူက ကျမကို အားပေးပါတယ်။ သူက အမြဲ ဆက်လုပ်စမ်းပါကွာ၊ စိတ်မပူပါနဲ့ တချိန်မှာ တလှမ်းပဲ။ ပြန်လုပ်စမ်းပါအုန်းလို့ အမြဲ အားပေးခဲ့ပါတယ်။ နောက် တဖြည်းဖြည်း ကျမ ယုံကြည်မှု ရှိလာပြီး ပိုကောင်းလာတာပဲပေါ့ရှင်။”
သူက အခုတော့ ပေကျင်းမှာ လုပ်တဲ့ ၁ ပတ် အထူး သင်တန်းပြီးတဲ့အချိန်မှာ ဗိုက်သားက အကဆရာမ တယောက် ဖြစ်လာဖို့ အနာဂတ်ကို မြင်နေရပါပြီ။ သူက တောင်ပိုင်း ဟိုင်နန်ကျွန်း ပြည်နယ်မှာ ၀င်ကီရှင်း အကယ်ဒမီအသစ် တခု စတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
“ဟိုင်နန်မှာ အခုဆို ဗိုက်သားအကကို သင်ယူချင်တဲ့သူတွေ အများကြီး ရှိနေပါပြီ။ အထူးသဖြင့် ကျမတို့က ပြည်နယ် တီဗွီ ထုတ်လွှင့်ရေးဌာနတခုကနေ ကပြတဲ့ အစီအစဉ် တခု လုပ်ပြီးတဲ့ အချိန်မှာ ပေါ့ရှင်။”
တရုတ်နိုင်ငံမှာတော့ အဲဒါကို စလုပ်လာသူတွေက အမျိုးသမီးတွေချည်း မဟုတ်ပါဘူး။ အသက် ၃၂ ရှိပြီ ဖြစ်တဲ့ ယောင်ပင်ဘူးကတော့ ပေကျင်းက သူရဲ့ ကိုယ်ပိုင်ကျောင်းမှာ အမျိုးသား ဗိုက်သားအက စူပါစတားတယောက် ဖြစ်ပြီး သူရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်များလှပါတယ်။
သူက အရှေ့အလယ်ပိုင်းနဲ့ အာရှတခွင်က အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သရုပ်ဆောင် ကပြမှု တွေမှာ ပါဝင်ဖို့ အဲဒီဒေသကို ခရီးသွားလေ့ ရှိပါတယ်။
“ဗိုက်သားအကအကြောင်းကို သိတဲ့သူတွေက အရင်ကထက် ပိုပြီး များလာနေပါတယ်။ ကျနော်က ထင်ရှားကျော်ကြားတဲ့ ဗိုက်သားအက ညွှန်ကြားပြသသူတယောက်နဲ့ စကားပြောဖြစ်ခဲ့ တော့ သူက ကျနော်တို့ဆီက ဗိုက်သားအက တင်ဆက်မှုပွဲတွေဟာ ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံးပဲလို့ ပြောခဲ့ပါတယ်။ သူက အဲဒီပွဲတွေကို ကမ္ဘာအနှံ့ တက်ရောက်နေသူပါ။ ကျနော် တခြားနိုင်ငံတွေကို ရောက်ဖူးပါတယ်။ ကျနော်တို့ရဲ့ ဗိုက်သားအက က သိပ်ပြီး အနုပညာ အရည်အသွေး မြင့်မားပါတယ်။ ဒီမှာက အကြောင်းတွေက ရှိနေတယ်လေ။ အနောက် နိုင်ငံတွေမှာတော့ ၀န်ထမ်းတွေနဲ့ နေရာ အဆောက်အဦတွေက သိပ် ဈေးမြင့်နေတော့ သူတို့က အဲဒါတွေကို လုပ်ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ယှဉ်ရင် အငယ်စား အဆင့်လောက်ပဲ လုပ်နိုင်ကြတယ်ဗျ။”
တရုတ် ဗိုက်သားကချေသည်တွေအတွက်ကတော့ အောင်မြင်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။
ဝင်ကီရှင်းအကယ်ဒမီကျောင်းဟာ တရုတ်နိုင်ငံမှာ ဗိုက်သားအကကို ဒီထက် ဖွံဖြိုးအောင်မြင်လာအောင် လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ တောင်ဆွီလီက ပြောပါတယ်။
“နောက်နှစ်မှာတော့ ကျမတို့က ဒေသမြို့ကြီးတွေမှာ နောက်ထပ် ၀င်ကီရှင်း အကယ်ဒမီ ၅ ခုကနေ ၈ ခု အထိ တိုးဖွင့်မှာပါ။ နောက် ကျမတို့ ကြီးမားတဲ့ အီဂျစ်ပွဲတော်တခု လုပ်ဖို့ စီစဉ်နေပါတယ်။ ကျမက တချို့ အကျော်ကြားဆုံး ဗိုက်သားကချေသည်တွေကို ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ဖို့ တရုတ်နိုင်ငံကို ခေါ်ဆောင်လာဖို့ အစီအစဉ် ရှိပါတယ်ရှင်။”
မတ်ခ်ဂေါ့ဖရေးက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် တရုတ်နိုင်ငံ ပေကျင်း ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက် .............
ဇီကျန်၊ အောက်တိုဘာ ၃၀။
တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အသက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျားအင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြသည်။
“ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စက်ရုံတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင် ရလျက်ရှိသော
ကြောင့် မိန်းကလေးတစ်ဦးဦးနှင့် တွေ့ဆုံ ကြုံကြိုက်မည့် အခွင့်အရေးမရှိခြင်းနှင့်စပ်လျဉ်း၍ စိတ်ဖိစီးမှု ခံစားရ လျက်ရှိရာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီ နေအိမ် သို့ပြန်ရောက်ခဲ့ရာတွင် ၎င်း၏ ယောင်္ကျားအင်္ဂါအား အသုံးမ၀င်ဟုဆိုကာ ဖြတ်တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင် ဖော်ပြသည်။
“ရန်ဟူ”သည် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆရာဝန်များက ယခုကဲ့သို့ ကုသ၍ မရကြောင်းနှင့် ၎င်းဖြတ်တောက်ခဲ့သော အစိတ်အပိုင်းအား ပြန်ယူခိုင်းရာ စက်ဘီးဖြင့် ပြန်ယူခဲ့သော်လည်း ယင်းအစိတ်အပိုင်းမှာ သွေးမရှိဘဲ အချိန်အတန်ကြာ ခဲ့ပြီဖြစ်၍ ပြန်လည်ဆက်စပ်ကုသ၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။
လူပန်းအိမ်
People power
ပီမိုးနင်းရေးတဲ့ မိန်းမစိတ်ကျမ်း ကာမသိဒ္ဒိကျမ်းလိုပဲ အသုံးတည့်မယ့် APK
ဒီဆော့ဝဲလေးကတော့ 18 နှစ်အထက် အပျို  လူပျို  အိမ်ထောင်ရှင်တွေအတွက်
ငယ်ငယ်က ပီမိုးနင်း စာအုပ်တွေဖတ်ဖူးရင် ဒါက ဆောင်သင့်တဲ့ဆော့ဝဲလေးပါ
သိထားသင့်တဲ့ ဗဟုသုတ လင်နဲ့ မယားကြား နားလည်ထားရမယ် ပညာမလို့ 
တင်ပေးလိုက်တယ် ။ ယူချင်တဲ့သူ အောက်ကလင့်မှာ ယူလိုက်-ဖလမ်းဖလမ်း
[Download Link  သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် Click ကြည့်နိုင်ပါတယ်။။  New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး Download Now Button ကို နှိပ်ပြီး အောက်က ကြိုက်နှစ်သက်ရာမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]<br />Really thanks  to Script Developer - Ko Thi Ha
Credit:မောင်(စွယ်စုံကျမ်း)http://www68.zippyshare.com/v/91433962/file.html
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
အဆင်ပြေရင် ဆိုဒ်က ကြော်ငြာများကို တစ်ချက်လောက်နှိပ်သွားပါအုံးခင်ဗျာ
မာစတာ၊ဗီဇာဖြင့် ငွေပေးချေမှု လက်ခံနိုင်မည့်စနစ် ပြည်တွင်းဝက်ဘ်များ စတင်ချိတ်ဆက်နိုင်ပြီ ................
ရန်ကုန်၊အောက်တိုဘာ ၃၁
ပြည်တွင်းဝက်ဘ်ဆိုက်များတွင် နိုင်ငံတကာသုံးငွေကြေးကတ်များဖြစ်သည့် မာစတာ၊ဗီဇာတို့ဖြင့် ဝယ်ယူနိုင်မည့်စနစ်ကို စတင်ချိတ်ဆက်နိုင် ပြီဖြစ်ကြောင်း CB ဘဏ်မှ သိရသည်။
အဆိုပါ အွန်လိုင်းငွေပေးချေမှုစနစ်ကို ပြည်တွင်းမှ အွန်လိုင်းရှော့ပင်း များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့်အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် မည့်ဝက်ဘ်ဆိုက်များအနေနှင့် CBဘဏ်ဖြင့် ချိတ်ဆက်ရမည်ဖြစ်ပြီး Payment Gateway အတွက်ကိုမူ မာစတာကတ်၏ Gateway ဖြင့် သာချိတ်ဆက်အသုံးပြုထားကြောင်းသိရသည်။
ယင်းအတွက် အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ငွေ စာရင်းရှင်းရန်၊ ငွေလက်ခံရန်တို့အတွက် CB ဘဏ်တွင် စာရင်းရှင် အကောင့်တစ်ခု ဖွင့်ထားပေးရမည်ဟုသိရသည်။ထို့ပြင် ရောင်းချသည့် ပစ္စည်း၏ပမာဏအပေါ်မူတည်၍ ၀န်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။
၎င်း e-commerce စနစ်ကို ပြည်ပမှဝယ်ယူလိုသူများနှင့် နိုင်ငံတကာ သို့ပစ္စည်းတင်ပို့ရောင်းချလိုသည့် ပြည်တွင်းစီးပွားရေးပညာရှင်များအတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်ဟုသိရသည်။
ဘဏ်ဘက်မှ ငွေစာရင်းလက်ခံရရှိသည့်နေ့မှစ၍ တပတ်အတွင်း လုပ်ငန်းရှင်များ၏ ငွေစာရင်းအကောင့်အတွင်း သို့ငွေဖြည့်သွင်းပေး မည်ဖြစ်ကာ လုပ်ငန်းရှင်များဘက်မှလည်း (၃)လအတွင်း Transaction ကို ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။
သုတလင်း
Popular Myanmar News Journal 
Ref :  http://www.thithtoolwin.com