This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 19, 2017

၂၀၁၇-၁၈ မိုဘိုင်းဖုန်းရောင်းအားအကောင်းဆုံး ထိပ်တန်းကုမ္ပဏီ(၁၀)ခု

မိုဘိုင်းဖုန်းတွေဟာ လူတွေရဲ့နေထိုင်ရှင်သန်မှုမှာ မရှိမဖြစ်လိုအပ်တဲ့အသုံးအဆောင်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါ တယ်။ မိုဘိုင်းဖုန်းတွေရဲ့အသုံးဝင်မှုတွေဟာလည်း အားလုံးလည်းလက်တွေ့ဖြစ်ပါတယ်။ မိုးဘိုင်းဖုန်းရယ်လို့စတင်ဖြစ် လာပြီး လွန်ခဲ့တဲ့နှစ်(၂၀)ကျော်ကို ပြန်ကြည့်ရင် ဆဲလ်ဖုန်းတွေဟာ ဖုန်းဆက်ခေါ်ဖို့၊ မက်ဆေ့ခ်ျပို့ဖို့လောက်ပဲ အသုံးဝင် ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စမတ်ဖုန်းတွေက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါဟာ ခေတ်မီတဲ့သိပ္ပံနည်းပ ညာရဲ့ပြယုတ်တစ်ခုပဲမဟုတ်ပါလား။ ဒီလိုတီထွင်ဆန်းသစ်မှုတွေလည်း ပေါ်ထွန်းလာခဲ့သလို မိုဘိုင်းဖုန်းတီထွင်တဲ့ကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် Latest Modelတွေကို တစ်မျိုးပြီးတစ်မျိုးထုတ်လာခဲ့ကြပါတယ်။ ၂၀၁၇-၁၈မှာ ရောင်းအားအကောင်းဆုံး မိုဘိုင်း ဖုန်းကုမ္ပဏီတွေရဲ့အမည်စာရင်းကို ဖော်ပြချင်ပါတယ်။ ဒီကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကပြည်သူတွေနဲ့ ရင်းနှီးပြီး သားကုမ္ပဏီတွေဖြစ်လို့ ဗဟုသုတရမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် ဖုန်းတွေကို ရေကြောင်းကပဲ သယ်ယူတင် ပို့တာဖြစ်လို့ သင်္ဘောကုန်ယူနစ်နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၁၀။ ViVO (၄၄ သန်း) တရုတ်နိုင်ငံထုတ် VIVOမိုဘိုင်းဖုန်းဟာ ၂၀၀၉ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး Brandမှာပါဝင်နိုင်ခဲ့တာ အလွန်ချီးကျူးဖို့ကောင်းပါတယ်။ ကိုယ်ပိုင်ဆော့ဝဲနဲ့ ဟန်းဆက် အမျိုးမျိုးကို ထုတ်လုပ်ခဲ့ပြီး သူတို့ရဲ့ရောင်းအား ယူနစ်(၄၄)သန်းအထိရှိခဲ့ပါတယ်။ ၉။ TCL – Alcatel (၄၈ သန်း) TCL-Alcatel မိုဘိုင်းဖုန်းကုမ္ပဏီကလည်း တရုတ်နိုင်ငံကပဲ ထုတ်တာဖြစ်ပြီး ၂၀၀၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ TCL-Alcatelက ထုတ်တဲ့ ဟန်းဆက်အမျိုးအစားတွေဟာ ဟောင်ကောင်မှာအလွန်နာမည်ကြီး ဈေးကွက် လည်းကောင်းမွန်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီက ထုတ်တဲ့ဟန်းဆက်အမျိုးအစားတွေကတော့ Pop၊ Idolနဲ့ Pixiတို့ဖြစ်ကြ ပြီး သူတို့ရဲ့ရောင်းအားက ယူနစ်(၄၈)သန်းအထိရှိပါတယ်။ ၈။ Oppo (၅၀ သန်း) Oppoတံဆိပ်ကတော့ မြန်မာပြည်သူတွေရင်းနှီးပြီးသားဖြစ်မှာပါ။ ဆယ်လ်ဖီဘုရင်လို့ နာမည်ကျော်ကြားတဲ့ Oppoကုမ္ပ ဏီကို ၂၀၀၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ရောင်းအားက ယူနစ် သန်း(၅၀)ရှိပါတယ်။ ကုမ္ပဏီစတင် တည်ထောင်ခါစက Oppo MP3တွေကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှ စမတ်ဖုန်းတွေကို တီထွင်ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ Oppoတံဆိပ်ကို အိန္ဒိယ၊ တရုတ်၊ အာရပ်နိုင်ငံများ၊ ဥရောပ၊ သြစတြေးလျ၊ အမေရိကန်နဲ့ အရှေ့တောင် အာရှတို့မှာလည်း တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။ READ “ဖုန်းနှင့်မခွဲနိုင်ခြင်းရောဂါ” အကြောင်းတစေ့တစောင်း ၇။ ZTE (၅၆ သန်း) တရုတ်နိုင်ငံကထုတ်တဲ့ ZTEကုမ္ပဏီဟာ (၁၉၈၅)ခုနှစ်ကတည်းက တည်ထောင်ထားတာမို့လို့ မိုဘိုင်းလောကမှာ ကြာ မြင့်စွာရပ်တည်ထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ကုမ္ပဏီဟာ အလွန်ကြီးကျယ်ပြီး တရုတ်ပြည်သူပေါင်း(၇) သောင်းလောက်ကို အလုပ်ပေးထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဆော့ဝဲလ်၊ Telecom Services၊ တက်ဘလက်နဲ့ စမတ်ဖုန်းများစွာကိုလည်း ထုတ်လုပ်ပါတယ်။ နောက်ပြီး သူတို့ရဲ့မိုဘိုင်ဖုန်းဟာ ထိပ်တန်းမိုဘိုင်ဖုန်းတွေအနက် ဈေး အသက်သာဆုံးဖုန်းတွေလည်းဖြစ်ကြပါတယ်။ ၆။ LG (၅၉ သန်း) တောင်ကိုရီးယားအခြေစိုက် LGတံဆိပ်ဟာ ၁၉၅၈ခုနှစ်ကတည်းက စတင်တည်ထောင်ထားပြီး မိုဘိုင်းဖုန်းတွေမပေါ် ခင်ကတည်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် နာမည်ကျော်ကြားသူပါ။ ပြည်တွင်း LGကုမ္ပဏီမှာ အလုပ် သမားပေါင်း(၈)သောင်းလောက်အလုပ်လုပ်ကြသလို ကမ္ဘာ့အနှံ့ကုမ္ပဏီခွဲပေါင်းကလည်း ၁၁၀လောက်ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မိုဘိုင်းဖုန်းရောင်းအားက ယူနစ်(၅၉)သန်းအထိရှိနေတာဖြစ်ပါတယ်။ ၅။ Xiaomi (၆၅ သန်း) တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ အခြေစိုက်ထားတဲ့ Xiaomiမိုဘိုင်းဖုန်းတွေကတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်းမှ ပေါ်လာ တာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ မိုဘိုင်းဖုန်းရောင်းအားအကောင်းဆုံးစာရင်း နံပါတ်(၅)မှာ ချိတ်ခဲ့ပါတယ်။ Xiaomiကုမ္ပဏီဟာ ၂၀၁၀ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟန်းဆက်တွေကို ကွာလတီကောင်းကောင်းနဲ့ ထုတ်လုပ်ပေမယ့် ဈေးနှုန်းကသက်သာတော့ သူတို့ရဲ့Brandဟာ အချိန်တိုအတွင်းမှာ နာမည်ကျော်လာတာဖြစ်ပါ တယ်။ ၄။ Lenovo – Motorola (၇၂ သန်း) ၂၀၁၁ခုနှစ်ကနေစပြီး Lenovoလျှပ်စစ်ကုမ္ပဏီနဲ့ Motorola ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး Lenovo – Motorola ဟန်းဆက်တစ်ခုကို တီထွင်ခြဲ့ကပါတယ်။ ကုမ္ပဏီနှစ်ခုရဲ့ ဆန်းသစ်တဲ့နည်းပညာအသစ်တွေ ပေါင်းစပ်ပြီး ထုတ်လုပ် ထားတဲ့ မိုဘိုင်းတွေဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးမိုဘိုင်းဖုန်းစာရင်းမှာ ယူနစ်(၇၂)သန်းရောင်းအားနဲ့ အဆင့် (၄)မှာ ချိတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဟန်းဆက်ဖုန်းအမျိုးအစားတွေဟာ အရှေ့တောင်အာရှမှာသိပ်မတွင်ကျယ်ပေမယ့် ဥရောပနဲ့ အခြားတိုက်တွေမှာတော့ နာမည်ကြီးတဲ့ Brandတစ်ခုဖြစ်ပါတယ်။ READ Facebookက သိနေတဲ့ သင့်အကြောင်းတွေကို ဘယ်လိုဖျက်မလဲ ၃။ Huawei (၁၀၄ သန်း) တရုတ်နိုင်ငံရဲ့ နာမည်ကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီဖြစ်တဲ့ Huaweiကတော့ ရောင်းအား ယူနစ်(၁၀၄)သန်းနဲ့ အဆင့်(၃) မှာရပ်တည်နိုင်ခဲ့ပါတယ်။ Network၊ စမတ်ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်အပြင် အခြားဆော့ဝဲလ်အမျိုးမျိုးကိုလည်း ထုတ်လုပ်ပြီး ကမ္ဘာ့အနှံ့ တင်ပို့ရောင်းချတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကုမ္ပဏီခွဲပေါင်း (၁၆)ခုရှိသလို ပြည် တွင်းအခြေစိုက်ကုမ္ပဏီမှာလည်း အလုပ်သမားပေါင်း(၁)သိန်းခွဲလောက် အလုပ်ရနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ၂။ Apple (၂၂၅ သန်း) တည်ထောင်သူ စတိဂျော့ဗ်စမှစပြီး Appleကုမ္ပဏီတံဆိပ်ဟာ တစ်ကမ္ဘာလုံးကို စိုးမိုးထားနိုင်တဲ့ တံဆိပ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အချမ်းသာဆုံးနိုင်ငံ(၄၀)လောက်က Appleတံဆိပ်ကို အသုံးပြုကြပြီး I Phone၊ I Pad၊ လက်တော့ပ် စတာတွေဟာ အသုံးပြုနေတဲ့ Customerအားလုံးကလည်း Appleရဲ့အရည်အသွေးကို ဘယ်ကုမ္ပဏီ မှလိုက်မမီဘူးဆိုတာ လက်ခံထားကြပါတယ်။ ၁။ Samsung (၃၂၀ သန်း) Samsungကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံးကုမ္ပဏီအဖြစ်ရပ်တည်နေပါတယ်။ ၁၉၆၉ခုနှစ် တောင် ကိုရီးယားနိုင်ငံမှာစတင်တည်ထောင်ခဲ့တဲ့ Samsung ကမ္ဘာ့အနှံ့နိုင်ငံ(၈၀)မှာ ရောင်းအားအကောင်းဆုံးဖြစ်သလို ပြည်တွင်းကုမ္ပဏီမှာလည်း အလုပ်သမားဦးရေ (၃)သိန်းလောက်ရှိပါတယ်။ Samsungက Appleထက် ရောင်းအား အကောင်းဆုံးဖြစ်နေရခြင်းမှာ Modelမျိုးစုံဟန်းဆက်တွေထွက်သလို သာမန်ပြည်သူလူတန်းစားလည်း ၀ယ်ယူနိုင်လို့ ဖြစ်ပါတယ်။ *M2T* (Shwemom) Source ; Worldstopbest.com

အမေရိကန်ရဲ့ အန္တရာယ်အများဆုံး MS-13 ဂိုဏ်းကို ဒေါ်နယ်ထရမ့် ရှင်းပစ်မည်ဟုဆို

ဝါရှင်တန်၊ နယူးယော့ခ်၊ LA နဲ့ အခြား အမေရိကန် မြို့ကြီးတွေမှာ MS-13 လို့ ပြောလိုက်တာနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ အခြေအနေပါ။ MS-13 ဆိုတာ အမေရိကန်နိုင်ငံရဲ့ ရက်စက်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်မှု အများဆုံး လူဆိုးဂိုဏ်းကြီး ဖြစ်ပါတယ်။ ဒီမိုကရေစီဘိုးအေးနိုင်ငံကြီးမှာ ဒီလို လူစိုးဂိုဏ်းတွေ ရှိနေတာဟာ ရှက်စရာ ဖြစ်ပါတယ်။ ဧပြီလမှာ Central Islip မှာ အသက် 16 နှစ်နဲ့ အသက် 20 နှစ် အသီးသီးကို ရောက်နေကြတဲ့ လူငယ်လေးဦး ကို MS-13 အဖွဲ့ ၀င်တွေက ဘတ်တံတွေနဲ့ ၀ိုင်းဝန်းရိုက်နှက်ပြီး၊ မာချက်တီဓားတွေနဲ့ ၀ိုင်းခုတ်သုတ်သင်ခဲ့လို့ သေဆုံးသူ တွေရဲ့ အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အထိပါ။ သူတို့အလောင်းတွေကို ပန်းခြံထဲမှာ လာရောက်စွန့်ပစ်ခဲ့ပါတယ်။ ယင်းနောက် Brentwood မှာ အသက် 16-17 သာရှိသေးတဲ့ ကောင်မလေးနှစ်ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး၊ လက်ရဲဇက်ရဲ ရာဇတ်မှုတွေ ဆက်တိုက် ကျူးလွန်လာခဲ့တာကို တွေ့ရပါတယ်။ ဒီရာဇ၀တ်မှုတွေဟာ သမ္မတ ထရမ့်ကို လှောင်ပြောင်ရာရောက်ခဲ့ပြီး၊ ဒေါသထွက်စေခဲ့ပုံရပါတယ်။ READ နန်းသက်အကြာဆုံးဖြစ်တဲ့ ထိုင်းဘုရင်ဘူမိဘော သက်တော်၈၈နှစ်တွင် နတ်ရွာစံ ထရမ့်က တာဝန်ယူခဲ့တဲ့ သမ္မတအဆက်ဆက်နဲ့ အိုဘားမားကို ရာဇ၀တ်ဂိုဏ်းတွေ ရှိနေမှန်းသိရဲ့နဲ့ မနှိမ်နင်းရဲသူတွေလို့ ပစ်ပစ်ခါခါခါ ဝေဖန်ခဲ့ပြီး၊ ဒီရာဇ၀တ်ဂိုဏ်းသားတွေကို အကုန်ဖမ်းဆီးထောင်ချပစ်မယ်လို့ ကြိမ်းမောင်းခဲ့ပါတယ်။ ယင်း နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကို MS-13 အပါအ၀င် ရာဇတ်ဝတ်ဂိုဏ်းတွေ ရှင်းလင်းဖို့ တာဝန်တွေ အပ်နှင်းခဲ့ ပါတယ်။ MS-13 လူဆိုးဂိုဏ်းရဲ့ နာမည်အပြည့်အစုံဟာ Mara Salvatrucha ဖြစ်ပြီး ပြည်နယ်ပေါင်း 46 ခုမှာ အဖွဲ့ဝင်ပေါင်း 6000 မှ 10000 အထိ ရှိတယ်လို့ FBI က ဆိုပါတယ်။ MS ဆိုတဲ့ နာမည်ဟာ ဒီဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ အယ်ဆာဗေဒိုးနိုင်ငံသားရဲ့ နာမည်ဖြစ်ပါတယ်။ 1980 ခုနှစ်မှာ အမေရိကန်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး၊ ထိုစဉ်က အမေရိကန် အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဆာဗေဒိုးနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပေါ်နေချိန် ဖြစ်ပါတယ်။ MS-13 ဂိုဏ်းကို ပြည်တွင်းစစ်ကြောင့် အမေရိကန်ကို လာရောက်ခိုလှုံကြတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံသားတွေနဲ့ စတင်ခဲ့ကာ၊ မူလရည်ရွယ်ချက်ကတော့ ဆားဗေဒိုးနိုင်ငံသားတွေကို အကူအညီပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အင်အားကောင်းလာတာနဲ့အမျှ တရားဥပဒေစိုးမိုးရေးကို ဗြောင်ကျကျ ချိုးဖောက်လာသည်အထိ ရဲတင်းလာခဲ့ပါတယ်။ READ IS သုံးယောက်ကို ကျည်တစ်တောင့်တည်းနဲ့ ပစ်ခတ်သုတ်သင်နိုင်ခဲ့တဲ့ဗြိတိန်စနိုက်ပါစစ်သား MS-13 ဟာ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြပြီး၊ အစိုးရရဲ့ ဦးဆောင်မှုမပါဘဲ၊ တော်ရုံရဲတပ်ဖွဲ့က ရာဇ၀တ်ဂိုဏ်းတွေကို သွားမထိရဲပါဘူး။ အခုအခါမှာ တော့ သမ္မတထရမ့်က ရာဇ၀တ်မှုတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ လူဆိုးဂိုဏ်းတွေကို သူ့လက်ထပ်မှာ အကုန်ရှင်းပစ်မယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း ရာဇ၀တ်ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးနေကြောင်း သိရပါတယ်။ ထရမ့်က ” အိုဘာမားနဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ အားနည်းချက်က ဒီလောက်ဆိုးဝါးတဲ့ MS-13 လို ဂိုဏ်းမျိုးတွေ ရှိနေတာကို သိပါလျှက်နဲ့ ဘာမှ မလုပ်ခဲ့ ခြင်းပဲ … ကျနော့်လက်ထပ်မှာတော့ တစ်ဖွဲ့မှမထားဘူး “လို့ အတည်ပြုခဲ့ပါတယ်။ နတ်စည်တော် (Shwemom) source : thesun.co.uk

ယောနိနှစ်ခုပါတဲ့ အမျိုးသမီးနဲ့ သူမရဲ့ ချစ်သူက အိမ်ထောင်ရေးအတွေ့အကြုံများမျှဝေခဲ့

အမည်မဖော်ပြထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ ချစ်သူမှာ ရှားပါးခန္ဓာကိုယ်ပြောင်းလဲမှုဆိုင်ရာ အခြေအနေ တစ်ခုဖြစ်တဲ့လိင်အင်္ဂါနှစ်ခု ပါဝင်လာပါတယ်။ သူမှာ ယောနိလမ်းကြောင်းနှစ်ခုလည်း သီးခြားဆီပါဝင်သလို၊ သားအိမ်လည်း နှစ်ခု ပါဝင်ပါတယ်။ သူမရဲ့ နာမည်ကို NurseryRN လို့ ဖော်ပြထားပြီး၊ သူမက သူရဲ့ချစ်သူနဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို ပွင့်ပွင်းလင်းလင်း ထုတ်ဖော်ခဲ့ပါတယ်။ သူမမှာ ပါဝင်တဲ့ ယောနိနှစ်ခုမှာ ဘယ်ဘက်က ယောနိက ပိုသေးပေမယ့်၊ လိင်အင်္ဂါတစ်ခုမှာ ပါဝင်ရမယ့် အင်္ဂါရပ်တွေ စုံလင်တယ်လို့ ဆိုပါတယ်။ NurseryRN နဲ့ သူမရဲ့ ချစ်သူဟာ အသက် 20 ၀န်းကျင်သာ ရှိကြသေးပြီး၊ ၎င်းတို့ရဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံတွေကို Reddit လူမှုကွန်ယက် သုံးစွဲသူတွေက သိလိုဇောနဲ့ မေးမြန်းလာတာတွေ ရှိသလို၊ တစ်ချို့ကကျတော့ ရုပ်ပိုင်းဆိုင်ရာ အရကိုက လိင်အင်္ဂါနှစ်ခု ဘယ်ညာ၊ သို့မဟုတ် အပေါ်အောက် သီးသန့်ဆီ ပါတယ်လို့ ယူဆခဲ့ကြပါတယ်။ NurseryRN က ” ကျွန်မက လိင်အင်္ဂါနှစ်ခုနဲ့ မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ပါ .. ကျမအသက် 16 နှစ်မှာ ယောနိ နှစ်ခု၊ ယောနိလမ်းကြောင်းနှစ်ခု၊ သားအိမ်နှစ်ခုပါတယ်ဆိုတာကို သိခဲ့ရတာပါ … ဆရာဝန်တွေကတော့ သားအိမ် နှစ်ခုစလုံးမှာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောပါတယ် “လို့ Ask Me Anything ကဏ္ဍမှာ ပြောခဲ့ပါတယ်။ READ လူတစ်ယောက်သင့်ကိုညာနေတယ်ဆိုတာသိနိုင်တဲ့နည်းလမ်း မေးထားတဲ့ မေးခွန်းတွေအနက် သိသင့်သိထိုက်တဲ့ မေးခွန်းနဲ့ အဖြေကို ဖော်ပြရရင်- (၁) ယောနိနှစ်ခု ပါတယ် .. အလွန်ကျဉ်းမြောင်းတဲ့ နေရာတစ်ခုမှာ အတူတူနီးပါး တည်ရှိနေတယ် .. ဒါဆို ကလေးမွေးရတာ အခက်အခဲ မရှိနိုင်ဘူးလား ? NurseryRN က- တကယ်တော့ ကျွန်မရဲ့ ယောနိက သာမန်ထက် သေးငယ်ပါတယ် .. ဒီတော့ အခြားအမျိုးသမီးတွေထက် ကိုယ်ဝန် ပျက်နိုင်ချေနဲ့ ကလေးအရွယ်အစား သေးငယ်မှုတွေကတော့ ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်”လို့ ဖြေခဲ့ပါတယ်။ (၂) ချစ်သူက သိသွားတော့ ဘာဖြစ်သလဲ? NurseryRN ရဲ့ ချစ်သူမှ ဖြေ – တကယ်တော့ ကျနော်တို့ အတူမနေခင်ကတည်းက သူ့မှာ ဒီလိုအခြေအနေဆိုတာကို ရှင်းပြခဲ့ပြီးသားပါ .. ဒီအကြောင်းကို ဆွေးနေကြတုန်းက နည်းနည်းတော့ အောင့်သီးအောင့်သက်နဲ့ပါဘဲ၊ ဒါပေမယ့် ကျနော်တို့ အဆင်ပြေခဲ့ကြပါတယ်။ READ လူနေမှုပတ်ဝန်းကျင်ကိုအကြီးအကျယ် ပြောင်းလဲစေခဲ့သည့်တီထွင်မှု(၇)မျိုး (၃) ဆက်ဆံရတာကော ဘယ်လိုလဲ .. ကွဲပြားမှုတွေ ရှိတယ် မထင်ဘူးလား ? NurseryRN ရဲ့ ချစ်သူမှ ဖြေ – ဟုတ်ကဲ့ … တူတော့ မတူပါဘူး .. သို့ပေမယ့် ဒါပေမယ့် အမျိုးသမီးတစ်ယောက်နဲ့တစ် ယောက်တောင် မတူညီကြတာပဲလေ .. အစကတော့ ထူးဆန်းသလိုပါဘဲ .. နောက်တော့ ကျင့်သားရသွားပါတယ်။ (၄) ကိုယ်ဝန်ဆောင်မယ်ဆိုရင်ကော ? NurseryRN ရဲ့ ချစ်သူက- ဆေးပညာရှင်တွေရဲ့ ပြောစကားအရတော့ သူ့မရဲ့ သားအိမ်နှစ်ခုစလုံးဟာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ဆိုတာပါဘဲ ဒီအကြောင်းကို NurseryRN က ကျနော့်ထက် ပိုသိပါတယ် … ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတာကတော့ ကျနော်လည်း မဖြေတတ်ဘူး။ NurseryRN က – ကျမအသက် 16 နှစ်မှာ ယောနိ နှစ်ခု၊ ယောနိလမ်းကြောင်းနှစ်ခု၊ သားအိမ်နှစ်ခုပါတယ်ဆိုတာကို သိခဲ့ရတာပါ … ဆရာဝန်တွေကတော့ သားအိမ် နှစ်ခုစလုံးမှာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောပါတယ် “လို့ ဖြေခဲ့ပါ တယ်။ မဒီလေး (Shwemom) source : mirror.co.uk

Tuesday, June 13, 2017

အသစ်ကိုင်မယ်ဆွင် ဖုန်းဆက် 0945 000 1727

☎️ဖုန်းအဟောင်းပေး/အသစ်ယူစနစ်📲 ဖြင့်ရရှိထားသော ဖုန်း🚫Error ကင်း ✅အလုံးသန့်လေးဒွေကို 😬တစ်ဝက်ဈေးနီးပါးဖြင့် 💸ရောင်းမရ်ဗျာ 👉🏻D Page လေးကို ⭐️See First လုပ်ထား ✅Share ထား 👉🏻D Sts ကို Edit‼️ လုပ်ပြီး 👆🏻ထပ်တင်ပေးမရ် 😇ဦးရာလူ စနစ်ဖြင့် 📲ဖုန်းအလည်း/အထပ်ပြုလုပ်ပေးသည် 💳အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုသူများကို ဝန်ဆောင်မူ ပေးသည် တစ်ပုံခြင်း Click ကျိပြီး Share သွား😬 ✅Latha Mobile 0945 000 1727📞