This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, February 4, 2014

ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း ယူဆရသည့် ဓာတ်ပုံတွေ့ရှိ...........


အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ဟစ်တလာသည် ဘရာဇီးနိုင်ငံ မာကိုဂရိုဆို ပြည်နယ်ရှိ မြို့ငယ်လေး၌ အခြေချ မနေထိုင်ခင် အာဂျင်တီးနားမှ တစ်ဆင့် ပါရာဂွေးသို့ ထွက်ပြေးခဲ့ကြောင်း ၄င်းစာအုပ်ထဲ၌ ရေးသားထားသည်။

၎င်းသည် အဆိုပါ မြို့ငယ်လေး၌ နေထိုင်စဉ် Adolf Leipzig ဟူသော အမည်ကို အသုံးပြုခဲ့ဖွယ်ရှိပြီး ဂျာမန် အဖိုးအို တစ်ဦးအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ဓာတ်ပုံသည်မသေဆုံးခင် နှစ်နှစ်အလို ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး နံဘေးတွင်ရပ်နေသူမှာ ၄င်း၏ ချစ်သူလူမည်း အမျိုးသမီး ကတ်တင်ဂါ ဖြစ်သည်။

ဟစ်တလာသည် မိတ်ဆွေများ ပေးသည့် မြေပုံကို အသုံးပြု၍ မြှုပ်နှံထားသော ရတနာများအား ရှာဖွေရန် ယင်းဒေသ၌ လာရောက် နေထိုင်ခြင်း ဖြစ်ကာ ဘဝမှန်အား ဖုံးကွယ်ထားနိုင်ရန် ချစ်သူ ကတ်တင်ဂါအား အသုံးချခြင်းဖြစ်ကြောင်း စာရေးဆရာ ဆိုင်မွန်နီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၄၅ ခုနှစ် ဧပြီ ၃ဝ ရက်တွင် ဘာလင်ကတုတ်ကျင်း၌ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ကို လက်မခံဘဲ Leipzig (ဟစ်တလာဟု ယူဆရသူ)နှင့် အသက်ရှင်လျက်ရှိသော ဟစ်တလာ၏ မျိုးနွယ်များ၏ DNA ကို စစ်ဆေးသင့်ကြောင်း ဆိုသည်။

TW
Ref: EXPRESS

Popular Myanmar News Journal

ပြည့်တန် ဆာအဖြစ်စေခိုင်းသည့် အမျိုးသမီးကို ထောင် ၁၀ နှစ်ချ...................



အလှပြင်ဆိုင်တွင် တစ်လလျင်ကျပ် သုံးသိန်းမှလေးသိန်းအတွင်းရရှိမည်ဟု ယုံကြည် အောင်
ပြောဆိုကာ ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့သည်ဆိုသူကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားကြီး
ရုံးက လူကုန်ကူးမှုကာကွယ် တားဆီးရေးဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်
ဇန်န၀ါရီလ ၁၀ ရက်နေ့က အမိန့်ချ မှတ်ခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် နေ
အမျိုးသားတစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူမှာ မုန့်ဝယ်သွားခဲ့ရာ ကပြန်ရောက်
မလာသဖြင့် မင်္ဂလာဒုံမြို့နယ်ရဲစခန်းသို့လူပျောက်တိုင်ကြားခဲ့သည်။

ရဲစခန်းက လူပျောက်အမှတ်စဉ် ၁၂/၁၂ ဖွင့်စုံစမ်းခဲ့သည်။ ဆက်လက်စုံစမ်းခဲ့ရာ ၂၀၁၃ ခုနှစ်
မတ်လ ၄ ရက်နေ့ တွင် သမီးဖြစ်သူအား တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ မမော်ကြီး(ခ)
ဝါ၀ါခိုင်(ခ)ရီရီမော် နေထိုင်သည့် တိုက်ခန်းတွင် တွေ့ရှိခဲ့သဖြင့် သမီးဖြစ်သူ ကို ပြန်ခေါ်ဆောင်
ခဲ့သည်။

စုံစမ်းချက်များအရ မုန့်သွားရန် ထွက်သွားခဲ့သည်နေ့က တစ်ရပ်ကွက်တည်းနေ မသီင်္ဂိ(ခ)
မသူဇာဝင်းနှင့်တွေ့ရှိပြီး ၎င်းက အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်မည်ဆိုပါ တစ်လလျင် ကျပ်
သုံးသိန်းမှ ကျပ် လေးသိန်းခန့်ရရှိ မည်ဖြစ်ကြောင်းပြောဆိုကာပို့ဆောင်ပေးခဲ့သည်။

မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် မ၏နေအိမ်တွင် နေထိုင်စဉ်အတွင်း အနှိပ်စေခိုင်းခြင်း၊ပြည်တန်
ဆာကိစ္စများစေခိုင်းခဲ့ခြင်း တို့ကိုပြုလုပ်ခဲ့ခိုင်းခဲ့ကြောင်းပြောပြသိရသဖြင့်အရေးယူပေးရန်တိုင်ကြား
ခဲ့သည်။

မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၁၄၃/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှု
ဖွင့်အရေးယူခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သတ်၍ မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် ကိုစုံစမ်းခဲ့ရာ
၂၀၀၈ ခုနှစ်အတွင်းက အလှပြင်ဆိုင်နှင့်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်မှု ပြစ်မှုပုဒ်မ ၁၈၈ အရ ထောင်
ဒဏ်တစ်လကျခံခဲ့ရကြောင်း၊ထောင်မှလွတ်မြောက်လာစဉ် အဆိုပါအလုပ်များကို ဆက်လက်လုပ်
ကိုင်ခြင်းမပြုသေးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သမီးဖြစ်သူမှ အမျိုးသမီး တစ်ဦးကိုပို့ပေးခဲ့သဖြင့်အဆို
ပါအမျိုးသမီးငယ်ကို သမ္မရုံတွင်သွား ရောက်ခေါ်ဆောင် ခဲ့ကြောင်း အနှိပ်ပညာကိုသင်ကြားပေးခဲ့ပြီး
ဧည့်သည်အမျိုးသားများက အဆိုပါ အမျိုးသမီးငယ်ကိုခေါ်ဆောင်လိုကြောင်းပြောသဖြင့်ဧည့်သည်
အမျိုးသားများနှင့်အတူ ပြည်တန်ဆာကိစ္စစေခိုင်းခဲ့ကြောင်း၊ ၎င်းရရှိသည့်ငွေများကိုယူခဲ့ပြီး အိမ်ပြန်
မည် ပြောဆိုပါကလည်းပိတ်ပင်ခဲ့ကြောင်းဆိုသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဥပဒေအကြံပြုချက်တောင်းခံကာ လူကုန်ကူးမှုတားဆိးကာကွယ်
ရေးဗဟိုအဖွဲ့သို့ ကြိုတင်တရားစွဲဆိုရန် ဒုရဲအုပ်ဌေးဝင်းမှ တောင်းခံခဲ့သည်။ ဧပြီလ ၁၁ ရက်နေ့တွင်
ခွင့်ပြုချက်အရ မင်္ဂလာဒုံရဲစခန်းစွဲချက်အမှတ် ၁၆၅/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၄ အရ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဒုခရိုင်တရားသူကြီးက ပြစ်မှုကြီး
အမှတ် ၅၃/၁၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုးဝေအောင် / မြန်မာတိုင်း(မ်)

တယ်လီနောက ဝန်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက် ဝန်ဆောင်မှုပါ ထည့်သွင်း ပေးထားမည် ................

Tuesday, February 4, 2014

စ ချိုကို
ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက ဝန်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ တပါတည်း ထည့်သွင်းပေး ထားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘားကမ့်ရန်ကုန်ပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က “ ကျွန်တော်တို့ ရောင်းမယ့် မိုဘိုင်းဆင်းကတ်တွေမှာ အင်တာနက် ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပါ တယ်။ အင်တာနက် လျှောက်ထားခ ထပ်ပေးရတာမျိုး မရှိပါဘူး။ အဲဒီအင်တာနက်လိုင်းကို အသုံးပြုမှသာ အသုံးပြုခကိုပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက် ဝန်ဆောင်မှု ရရှိသော်လည်း အဆိုပါ အင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်း ထပ်ပေးရခြင်းဖြစ်သည်။

ဆက်လက်၍ Mr.Petter Furberge က“ တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင်ဖို့ အဓိက ထားတယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံး မဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက် နိုင်မယ်” ဟု ဆိုသည်။

တယ်လီနော အနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။

တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice) နှင့် အင်တာနက် အသုံးပြုခြင်း (Data) တို့ကို 2G နှင့် 3 G ကွန်ယက်များပေါ်တွင် ဝန်ဆောင်မှုပေးသွားဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှု ပေးနိုင် မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင်ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်အထိသာ ကောက်ခံရန် စီစဉ်ထားပြီး မိုဘိုင်းဆင်းကတ်ဈေးနှုန်းမှာလည်း ၁၅ဝဝ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချသွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “ ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် တစ်မိနစ်ကို အများဆုံး ၂၅ ကျပ် အထိသာကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက် နည်းရင်လည်း နည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက်များတည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်နဝါရီ ၃ဝ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေ တာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း၅ဝဝ ပေးဆောင်ရမည်ဖြစ်သည်။

ရှမ်းအရှေ့ တာချီလိတ်တွင် စိတ်ကြွဆေးပြား သိန်း ၁ဝဝ ကျော်ဖိုး ဖမ်းမိ ........


Tuesday, February 4, 2014

ဂျွန်ချစ်ငြိမ်း

ဇန်နဝါရီ ၂၉ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ် မှ တာချီလိတ်သို့ မောင်းနှင်လာသော ပါဂျဲရိုးကား တစ်စီးပေါ်တွင် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ဆေးပြား ၄၁ဝဝ ခန့် တွေ့ရှိပြီး ခန့်မှန်း တန်ဖိုး ကျပ်ငွေ သိန်း ၁ဝ၂ သိန်းဖိုးခန့် ဖမ်းဆီးရမိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ် မူးယစ်တပ်ဖွဲ့စု ၃၀ ၊တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ အချိန်ခန့်ကတာချီလိတ် မြို့နယ် ၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ယာဉ်များကို ရပ်တန့် ရှာဖွေ စစ်ဆေးနေစဉ် မိုင်းဖြတ် မှ တာချီလိတ် သို့ ယာဉ်မောင်းဖြစ်သူ စိုင်းလောင်ခမ်း ၊ ယမ်ခမ်းရွာ မိုင်းဖြတ် မြို့နေသူ မောင်းနှင် လာသော ပါဂျဲရိုး အစိမ်းရောင်

မော်တော်ယာဉ် ကို ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်း ထိုင်ခုံအောက်မှ အဖြူရောင် လက်ကိုင် အိတ်အတွင်း ရှမ်းစက္ကူဖြင့် ထုတ်ထား သည့် တစ်စည်းလျင် အပြာရောင် ပလတ်စတစ် ကပ်ခွာဖြင့်ထည့်လျက် နီညိုရောင် စိတ်ကြွဆေးပြား ၂ဝဝပြားစီပါ ၁ဝ ထုပ် စည်း ၂ စည်း ၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် ဖြင့် ထည့်လျက် နီညိုရောင် စိတ်ကြွဆေးပြား ၁ဝဝပြား ပါ ၁ထုပ် ၊ စုစုပေါင်း ဆေးပြား ၄၁ဝဝ ပြား တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး မှတ်တမ်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ စိုင်းလောင်ခမ်း အသက် ၃၈ နှစ်ကို တာချီလိတ်မြို့ ၊မြို့မ ရဲစခန်း မှ မယ(ပ)၁၈/၂ဝ၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂ဝ ရက်ကလည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ နန်းနိမ့်ကျေးရွာ အနောက်ဘက်ရှိ လုံးဟူး တောင်တန်းပေါ်တွင် ဘိန်းချက်စခန်းများနှင့် နန်းနိမ့် ကျေးရွာမှ ဘောရန် ကျေးရွာဘက်သို့ လာသော ဆိုင်ကယ်များတွင် ဘိန်းစိမ်းများကို တရက်တည်း ဖမ်းဆီးရမိခဲ့ပြီး ကျပ်သိန်းလေးထောင် တန်ဖိုးရှိသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသေး သည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်ရေးအတွက် စီမံချက်ချမှတ်၍ မြို့နယ်များအလိုက် ဘိန်းခင်းများ ဖျက်ဆီးလျက်ရှိသကဲ့ သို့ မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများကို နေ့စဉ်ဖမ်းဆီး ဖေါ်ထုတ်လျက် ရှိသည်ဟုလည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး က သတင်း ထုတ်ပြန်သည်။

ဝန်ကြီးဦးအုန်းမြင့်ကို အရေးယူဖို့ ပြည်မြို့မှာ တကိုယ်တော်ဆန္ဒပြ ......................

Tuesday, February 4, 2014

  


ပြည်သူတချို့နှင့်တွေ့ဆုံစဉ် အလွန်တရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို မှတ်ချက်ချသော
အစိုးရဝန်ကြီး ဦးအုန်းမြင့်ကို အရေးယူပေးရန် ပြည်မြို့မှ ရှေ့နေတဦးက  ယနေ့နံနက်ပိုင်းတွင် တကိုယ်တော် လမ်းလျှောက် ဆန္ဒပြ ပြောဆိုလိုက်သည်။  

 -
 

“ပြည်သူကို စော်ကားတာ လွှတ်တော်ကို စော်ကားတာပဲ။ အခုချိန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့်အချိန် ကိုယ့်နိုင်ငံက ဝန်ကြီးကိုယ်တိုင်က ဒီလိုစော်ကားတာမျိုး လုံးဝလက်မခံပါဘူး။ အရေးမယူမချင်း ကျနော် သပိတ်မှောက်နေမှာပါ” ဟု
ဆန္ဒပြသူ  ရှေ့နေ ဦးမြင့်အေးက ဧရာဝတီသို့ပြောသည်။
 -
ဆန့်ကျင်သူကို ဖမ်းမည်ဟူသော ဝန်ကြီးနှင့် ဖမ်းဆီးမှု လက်တွေ့ လုပ်ကိုင်နေသော အစိုးရကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်သည်။


“ အခုလက်ရှိ အစိုးရက ဒီအတိုင်းပဲ ကျင့်သုံးနေတာလေ။ ဖမ်းချင်တဲ့အချိန်ဖမ်းတယ် လွှတ်ချင်တဲ့အချိန်လွှတ်တယ်။ ဦးအုန်းမြင့်က လျှောက်ပြောနေတာလို့ မထင်ဘူး။ တကယ်ဖြစ်နေတာကို ပြောနေတာ” 
 -
 -


 
ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်နေသူ၏ စော်ကားချက်မှာ ပထမဆုံးအကြိမ်မဟုတ်ဟု သူက ရှင်းပြသည်။

“လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်လည်း တနှပ်လျှော့စားဖို့ပြောတယ်။ အခုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးက (၇၅) နှုန်းသော တောင်သူလယ်သမားတွေကို စော်ကားတယ်။ သူတို့ပြောချင်တယ်ဆို ရန်ကုန်လိုနေရာမျိုးတွေ နေပြည်တော်လို နေရာမျိုးတွေမှာပြောပါလား အခုတော့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးက ကျေးလက်နေပြည်သူကို စော်ကားတယ်” 
 -


 
-
 -
ပြည်မြို့ လူစည်ကားရာနေရာများတွင်  တကိုယ်တော် လမ်းလျှောက်သပိတ်မှောက်မှုအတွက် တရားဝင်စာတင်ပြီး ပြုလုပ်ခြင်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


 ရဲဝန်းထမ်းများက တားမြစ်ခဲ့သော်လည်း သူက ဆက်လက် ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသူကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း
ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဦးမျိုးဝင်းက ပြောကြားခဲ့သည်။ 
 -

 ကောင်းမြတ်မင်း


  • ဖြည့်စွက်ချက် -
ဝန်ကြီး  နုတ်ထွက်ပေးဖို့ လှုံ့ဆော်တဲ့ အွန်လိုင်းစာမျက်နှာတခုကိုလည်း တွေ့နေရပါပြီ။ လိပ်စာက https://www.facebook.com/ResignOhnMyint ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလေးရက်က ဖွင့်ထားတဲ့ စာမျက်နှာ ဖြစ်နိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ... ဒီဘလော့မှာလည်း ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်တော့မှာလား  ဆိုပြီး အခုလေးတင် ဖော်ပြထားပါတယ်။ လိပ်စာက http://blog.irrawaddy.org/2014/02/blog-post_7051.html ဖြစ်ပါတယ်။

နယ်တကာလှည့်ပြီး ပါးရိုက်မယ့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ရုပ်သံ ဆိုပြီး you tube မှာ ၁၅ မိနစ်စာ ရုပ်သံဖိုင်တခု တက်နေပါပြီ။ အင်တာနက် အဆင်ပြေသူများ ကြည့်ရှုနားဆင်လေ့လာနိုင်ပါတယ်။
လင့်က https://www.youtube.com/watch?v=SxH7M9H1oDw ဖြစ်ပါတယ်



၁၀၀၀ စီစီအောက် ကားတင်သွင်းခွင့် ရန်ကုန်ဈေးကွက် ပြောင်းလဲမှုမရှိနိုင် ....................

သိုက်ဇင်

အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေကို နယ်စပ်ကတဆင့် တရားဝင် တင်သွင်းခွင့်ပေးမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောဆိုလိုက်ပေမယ့် ရန်ကုန် မော်တော်ယာဉ်ရောင်းဝယ်ရေး ဈေးကွက်အပေါ် ပြောင်းလဲမှု တစုံတရာမရှိနိုင်ဘူးလို့ မော်တော်ယာဉ် ၀ယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေ ကို မြန်မာအိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေး – တမူး နယ်စပ်စခန်းတွေကနေ တရားဝင် တင်သွင်းခွင့်ပေးသွားဖို့ ရှိတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇန်န၀ါရီ ၂၉ ရက် တမူး ကုန်သည်တွေနဲ့ တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေ ၀င်ရောက်လာပါက ရန်ကုန် မော်တော်ယာဉ် ရောင်းဝယ်ရေးဈေးကွက်အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာ နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမ်တီစီ ကားအရောင်းစင်တာရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အဲဒီဘက်မှာ အိမ်စီးကား ဂျပန်ကားတွေတော့ နည်းမယ်။ ဖြစ်နိုင်တာက ၆၆၀ စီစီ ခွေးဘီလူးတို့၊ စူဇူကီးတို့လိုမျိုး မီနီပစ်ကပ်လေးတွေ အဲဒါမျိုးလေးတွေ ရှိတယ်။ ကျန်တဲ့ အိမ်စီးကားဈေးကွက်တို့ကိုတော့ ဒီလောက်မထိခိုက်နိုင်ပါဘူး။ သူ့လိုင်းနဲ့ သူပါပဲ။ ”


အလားတူ ရန်ကုန်မြို့ရဲ့ အကြီးဆုံးယာဉ်ရောင်းဝယ်ရေးစခန်းဖြစ်တဲ့ မင်းရဲကျော်စွာလမ်း က မော်တော်ယာဉ် ၀ယ်ရောင်းလုပ်ကိုင်သူ ဦးအောင်သန်းဝင်းကလည်း ဒါနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောဆိုခဲ့ပါတယ်။

“၁၀၀၀ စီစီကတော့ ပစ်ကပ်အသေးလေးတွေကတော့ သိပ်မရှိပါဘူး၊ နည်းပါတယ်။ ဘာမှထိခိုက်မှု မရှိပါဘူး။ ဒီမှာ အင်ဂျင်ပါဝါ ၁၀၀၀ က သိပ်မကြိုက်တာ။”

ဒီအပြင် ရန်ကုန် မော်တော်ယာဉ်ဝယ်ရောင်းဈေးကွက်မှာ လူသုံးများတဲ့ မော်တော်ယာဉ် အမျိုးအစားကတော့ ဂျပန်နိုင်ငံထုတ် ဖြစ်ပြီး အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကနေ ၁၅၀၀ စီစီ အကြားမှာ ရှိတဲ့ အိမ်စီးဆလွန်းကားတွေကိုသာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူမှုရှိတဲ့အကြောင်း သူက ဆက်လက် ပြောပါတယ်။

ရန်ကုန်မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်မှာ ၂၀၁၄ ခုနှစ် အတွက် ရန်ကုန်ဆိပ်ကမ်းအရောက် မော်တော်ယာဉ်ဈေးနှုန်း(စီအိုင်အက်ဖ်)တွေ ထွက်ရှိပြီးနောက် ပြီးခဲ့တဲ့လဆန်းကစပြီး အရောင်းအ၀ယ်အေးခဲ့လို့ ကား ၁ စီးကို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်းအကြား ဈေးချပြီး ရောင်းချနေရတဲ့အကြောင်း ဦးအောင်သန်းဝင်းက ပြောဆိုခဲ့ပါတယ်။

“အခုက ရောင်းတဲ့လူနဲ့ ၀ယ်တဲ့လူ သိပ်မမျှဘူးဖြစ်နေတယ်။ ရောင်းတဲ့လူက များတယ်၊ ၀ယ်တဲ့လူက သိပ်မရှိဘူး။ အရင်လို ၀ယ်တိုင်းလည်း မြတ်တာမဟုတ်ဘူးလေ။ ၀ယ်ရင်လည်း အရှုံးချည်းပဲဆိုတော့ လိုမှပဲ ကားက ၀ယ်ကြတော့တာ။ အပိုစုဆောင်း ၀ယ်တာ သိပ်မရှိဘူး။ စီးပွားရေးလုပ်မယ့်သူ၊ အိမ်အနည်းအကျဉ်းလိုအပ်တဲ့သူ စီးတာလောက်ပဲ ၀ယ်ကြတာ ရှိတယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ လူတဦးချင်း တင်သွင်းခွင့်ရရှိမှာ ဖြစ်သလို ပို့ကုန်နဲ့ သွင်းကုန် ကုမ္ပဏီတွေ၊ နိုင်ငံခြားရေးဝန်ထမ်းတွေ၊ သင်္ဘောသားတွေ၊ ပြည်ပမှာ သွားရောက် လုပ်ကိုင်နေတဲ့သူတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သံဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ ခရီးလုပ်ငန်းရှင်တွေကို ပြည်ပကနေ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့်ပေးထားပါတယ်။

အခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ပနိုင်ငံတွေကနေ မော်တော်ယာဉ်တင်သွင်းမှုက အစီးရေ ၂ သိန်းနီးပါး ရှိနေပြီး ဂျပန်နိုင်ငံက အများဆုံးတင်သွင်းမှု ရှိတာလည်း ဖြစ်ပါတယ်။

ချစ်သူများနေ့မှာ လက်ထပ်မယ့် ဝိုင်းစုခိုင်သိန်း ...........


Photo: ချစ်သူများနေ့မှာ လက်ထပ်မယ့် ဝိုင်းစုခိုင်သိန်း
Monday, February 3, 2014

အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူ့ချစ်သူ ကိုဥက္ကာမြင့်ကြူ နဲ့ လက်ထပ်မယ့်ရက်မြတ်ကတော့ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ ဖြစ်ပါတယ်။
ဒီရက်ကို ရွေးချယ်ခြင်းက အမှတ်တရပိုဖြစ်ခြင်းလို အားသာချက်တွေ ရှိသလို မင်္ဂလာဧည့်ခံပွဲခန်းမမှာ မင်္ဂလာဆောင်တွေ နာရီမလပ် များလွန်းတာမျိုးလို အားနည်းချက်တွေ ရှိပါတယ်။

ဘယ်လို အားနည်းချက်ပဲ ရှိပါစေ .... သူတို့ကတော့ အဲဒီနေ့ကို ရွေးလိုက်ကြပါပြီ။

အလှရိုက်ပုံတွေကိုတော့ သူတို့က မင်္ဂလာပွဲမတိုင်ခင် ရက် ၉ဝ လောက် ကြိုတင် ရိုက်ကူးထားကြသူတွေပါ။

ဒီနေ့ခေတ် မင်္ဂလာဆောင်တွေဟာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကိန်းကြီးခန်းကြီးနိုင်မှုတွေ၊ ဖေဖော်ဝါရီ ၁၄ လို နေ့ကောင်းရက်သာမျိုးကို ရွေးချယ်တာတွေကတော့ မနေ့ကခေတ်နဲ့ တကယ်ကို မတူတော့တဲ့အချက်တွေပါပဲ။

ထင်ရှားတဲ့သူတွေ အိမ်ထောင်ပြုတာ လူသိပ်မသိတဲ့ခေတ်ကနေ အခုတော့ လူသိရှင်ကြား မင်္ဂလာပြုကြတဲ့ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကလည်း ပိုမို ပွင့်လင်းလာ၊ လျှို့ဝှက်ဖို့ ခက်ခဲလာတဲ့အတွက် လူသိမှာကို ပူပင်ခြင်း မရှိတော့တာဖြစ်ပါလိမ့်မယ်။
လူငယ်တွေဟာ ဖေဖော်ဝါရီ ၁၄ ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဆန်တဲ့နေ့အဖြစ် သတ်မှတ်ပြီး လက်ထပ်ပွဲအတွက် ရွေးချယ်ကြ၊ အထူး တွေ့ဆုံမှုအဖြစ် ရွေးချယ်လာကြပါပြီ။ လာမယ့်နှစ်များမှာလည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ

ဝိုင်းစုရဲ့ Facebook မြင်ကွင်းတခု
အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူ့ချစ်သူ ကိုဥက္ကာမြင့်ကြူ နဲ့ လက်ထပ်မယ့်ရက်မြတ်ကတော့ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ ဖြစ်ပါတယ်။
ဒီရက်ကို ရွေးချယ်ခြင်းက အမှတ်တရပိုဖြစ်ခြင်းလို အားသာချက်တွေ ရှိသလို မင်္ဂလာဧည့်ခံပွဲခန်းမမှာ မင်္ဂလာဆောင်တွေ နာရီမလပ် များလွန်းတာမျိုးလို အားနည်းချက်တွေ ရှိပါတယ်။

ဘယ်လို အားနည်းချက်ပဲ ရှိပါစေ .... သူတို့ကတော့ အဲဒီနေ့ကို ရွေးလိုက်ကြပါပြီ။

အလှရိုက်ပုံတွေကိုတော့ သူတို့က မင်္ဂလာပွဲမတိုင်ခင် ရက် ၉ဝ လောက် ကြိုတင် ရိုက်ကူးထားကြသူတွေပါ။

ဒီနေ့ခေတ် မင်္ဂလာဆောင်တွေဟာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကိန်းကြီးခန်းကြီးနိုင်မှုတွေ၊ ဖေဖော်ဝါရီ ၁၄ လို နေ့ကောင်းရက်သာမျိုးကို ရွေးချယ်တာတွေကတော့ မနေ့ကခေတ်နဲ့ တကယ်ကို မတူတော့တဲ့အချက်တွေပါပဲ။

ထင်ရှားတဲ့သူတွေ အိမ်ထောင်ပြုတာ လူသိပ်မသိတဲ့ခေတ်ကနေ အခုတော့ လူသိရှင်ကြား မင်္ဂလာပြုကြတဲ့ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကလည်း ပိုမို ပွင့်လင်းလာ၊ လျှို့ဝှက်ဖို့ ခက်ခဲလာတဲ့အတွက် လူသိမှာကို ပူပင်ခြင်း မရှိတော့တာဖြစ်ပါလိမ့်မယ်။
လူငယ်တွေဟာ ဖေဖော်ဝါရီ ၁၄ ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဆန်တဲ့နေ့အဖြစ် သတ်မှတ်ပြီး လက်ထပ်ပွဲအတွက် ရွေးချယ်ကြ၊ အထူး တွေ့ဆုံမှုအဖြစ် ရွေးချယ်လာကြပါပြီ။ လာမယ့်နှစ်များမှာလည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ

ဝိုင်းစုရဲ့ Facebook မြင်ကွင်းတခု