This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 15, 2013

မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ

မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ ပြောချင်ပါတယ်

>>>မိုင်းလို့ယူဆရ တာနှင့် လုံးဝမထိပါနှင့်
>>> ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါဖြေး ညှင်းစွာ လုပ်ပါ >>>အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။
>>>ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။
>>>အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။ >>>စပ်စုသူများအနားမနေပါစေနှင့်
>>>အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည် ။ >>>မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်
>>> မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။

အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့ ) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ ထံ သတင်းပေးပို့ ကြပါ
အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့

(၀ဏ္ဏဖေသော်)

ငါ့အသား ကိုသခင်စားမှာစိုးကြောက်တယ်

ဖြူ နီ ပြာ ဝါ ညိုနက်တို့

အရွယ်မရင့်တရင့်ချိန်အခါ

မသမာကောင်လူယုတ်မာ

နောက်ကိုမှထည့်ရက်တဲ့သခင်

နွံရုန်းကာလယ်မြေပါတ်လို့

ထွန်းယက်လို့ကြွေးခဲ့တယ်

ခုချိန်ခါစက်တွေပေါ်ကာမှ

နွားတွေကိုဈေးခေါ်ရောင်းရက်

တယ်မလိုက်ချင်မနေရပြန်ဘူး

သခင်ကိုစိတ်မအေးပေမဲ့

သားသတ်တွေအတင်းခေါ်လို့

ခြေအစုံရွာကိုဖြတ်ခါသွားရပြီး

မသွားခင်မှာခဲ့ချင်ရဲ့လည်ပင်းကိ

သူတို့ဖြတ်လည်းအားမငယ်သေ

မှာမကြောက်ပါဘူးငါကြောက်

တာတကယ်ပြောရရင်ငါ့အသား

ကိုသခင်စားမှာစိုးကြောက်တယ်

လေ...............@@@

ဝိဉာဉ်ကူးပြောင်းနေတယ်ဆိုတာတကယ် ကော ဟုတ်ရဲ့လား ...(အစိမ်းသေဆိုတာ)...............

]






ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။

မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ၀ိဉာဉ် ရှိတယ်လို့ မှားယွင်းယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့ ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။

ညီငယ်ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ” ဘ၀တစ်ခုသာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘ၀မျိုးဖြစ်တယ်။ ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ် ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို “၀ိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘ၀ကူးပြောင်းတာ မြန်လွန်းလို့ အဲဒီပြိတ္တာကောင်ဟာ သူ့ကိုယ်သူ ယခင်ဘ၀က ပုဂ္ဂိုလ်လို့ မှားယွင်းယူဆနေမိတတ်တယ်။ နောက် အချိန်ကြာလာမှသာ သူဟာ ဘ၀သစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ်ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ “နောက်ဘ၀” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘ၀ဆိုတာဟာ “ယခုပစ္စုပ္ပန်ဘ၀” နဲ့ “ယခုဘ၀မတိုင်မှီ ဘ၀ပေါင်း များစွာက” ပြုခဲ့တဲ့ “ကောင်းမှုကံ/မကောင်းမှုကံ” တွေကို စံစား/ခံစားဖို့အတွက် ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်” တစ်ခုသာဖြစ်တယ်။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခု အဆက်ပြတ်မသွားအောင် ဆက်စပ်ပေးနေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ဘဲဖြစ်တယ် ။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခုကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “၀ိဉာဉ်” ကောင် လုံးဝမပါပါဘူး။

ဒီဘက်ဘ၀တွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစားစံစားဖို့အတွက် ရှေ့ဘ၀မှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ အမည်နာမ တပ်မယ်ဆိုရင်တော့ “လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . .” စသည်ဖြင့် အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ထွန်းနေရတဲ့ “သံကွင်းဆက်လို” အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။ ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။

ဒီဘ၀ပုဂ္ဂိုလ် နဲ့ နောက်ဘ၀က ပုဂ္ဂိုဟ်တို့ဟာ တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။

ဥပမာ ပြရရင် ရန်ကုန် ကနေ မန္တလေးကို စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။ အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို ရောက်သွားတာမဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့ငွေစက္ကူတွေဘဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့ရတာမဟုတ်လား။ ဘ၀ကူးတယ်၊ ဘ၀ဆက်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ ဒါမှ ဗုဒ္ဓအယူဝါဒ စစ်စစ်ဖြစ်ပါတယ် ။

သရ၀ဏ်

Burmar Pyi Thar

အမျိုးသမီးတစ်ဦးထားခဲ့သည့် M67 ဗုံးအား သက်ဆိုင်ရာမှအချိန်မီရှင်းလင်းနိုင်ခဲ့


အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦးမှဆိုင်အတွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည်ကို ပြန်မယူပဲ အဆိုပါအမျိုးသမီးကလမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေကအိတ်ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကို
စတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။

အဆိုပါဗုံးမှာ အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် M67ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင် သည်ကိုမူမသိရှိသေးကြောင်းအဆင့်မြင့်အရာရှိများက ပြောကြားသည်။

ဗုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ တာဝန်ရှိသူများက Water Cannon (အရည်တစ်မျိုးဖြင့်ဗုံးအား အသက်မဲ့စေသောစနစ်) စနစ်အား အသုံးပြုပြီး ညနေ(၃) နာရီတွင် ရှင်းလင်းခဲ့သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင်လည်း (၁၄)ရက်နေ့၌ အလုံမြို့နယ်၊ Waster Park II စားသောက်အတွင်းမှ ချိန်ကိုက်ဗုံး
ဟု ယူဆရသော အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပြီး တပ်မတော်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့ကြောင်း
သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်နေ့က ရန်ကုန်မြို့တွင်လည်းလက်လုံးဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။