This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 31, 2013

' ၀ိတ်ချနည်း '

* ယနေ့အကြိုက်ဆုံး ဟာသ *
==================

========
လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်။ ကုမ္ပဏီရဲ့အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကိုယူမယ်လို့ ပြောလိုက်တယ်။နောက်နေ့မနက်မှာတော့...အိမ်တခါးခေါက်သံကြားလို့ သွားဖွင့်ပေးလိုက်တယ်။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့အား ကစားမယ်လေး တစ်ယောက် ရပ်နေတာ တွေ့တယ်။ ကလေးတစ်ယောက်လို ဝတ်ဆင်ထား ပြီးNike အပြေးလေ့ကျင့်တဲ့ ဖိနပ်တစ်ရံ ဝတ်ဆင်ထားပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ် ကြောင်းလည်းရှိပါတယ်။ မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီက လွှတ်လိုက်တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်။"""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ မှီအောင် အတင်းပြေးလိုက် တော့တယ်။မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့် စိတ်မတင်မကျနဲ့ပဲ အရှုံးပေး လိုက်တယ်။မိန်းမငယ်လေးက နောက်ထပ် လေးရက်စလုံးလည်းဒီလိုပဲ ရောက်လာပြီး ပြေး ကြတယ်။ ၅ ရက်မြောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့အတိုင်း (၁၀) ပေါင် ဝိတ် ကျသွားမှန်းသိလိုက်တယ်။ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅) ရက်ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့်ခန်း ထပ်ယူမယ်လို့ မှာလိုက်တယ်။နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့ သွားဖွင့်ပေးလိုက်တော့...သူ့ဘဝမှာ သူတွေ့ဖူးသမျှ၊ ကြုံဖူးလာသမျှ အချောဆုံး၊ အလှဆုံးလို့ ထင်ရလောက်တဲ့ အချိုး အစားကျကျမိန်းမပျိုလေး တစ်ယောက် ရပ်နေတာ တွေ့ပြန်တယ်။ Reebok လေ့ကျင့်ဖိနပ် တစ်ရံကလွဲလို့ ဘာမှဝတ်ဆင် မထားဘူး။ လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်။ အဲ့ဒါက..."""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုး၊ အစားကအစ ချောမောပြေပြစ်၊ လှလွန်းတာကြောင့် ပိုပြီးကြိုးစားပန်းစား ပြေးလိုက်တာပေါ့။ ဒါပေမယ် ကံမကောင်းစွာပဲ မှီအောင်မလိုက် နိုင်ပြန်ဘူး။ နောက်ထပ်လေးရက်လည်း ဒီလိုပဲ လိုက်ကြ၊ ပြေးကြတာပေါ့ဗျာ။ သူ့ခန္ဓာကိုယ်က ပိုပြီးကြည့် ကောင်းလာတာကလွဲပြီးမှီအောင်တော့ မလိုက်နိုင်ခဲ့ပါဘူး။ (၅) ရက်မြောက်နေ့မှာတော့ သူ့ ကိုယ်သူ ပေါင် (၂၀) လျော့ကျသွားမှန်းသိလိုက်တော့ ဝမ်းမြောက်သွားတယ်။မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက်ကို ပေါင် (၅၀) ကျ စေတဲ့လေ့ကျင့်ခန်းကို မှာလိုက်တယ်။ ကုမ္ပဏီက သေချာအောင် ပြန်မေးတယ်။"""ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်းကို လုပ်ချင်ပါသလား။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့အရမ်းတင်းကြပ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ပါ""""""အသေအချာပါပဲ။ ဒီနှစ်တွေမှာ အဲ့ဒီလိုအရသာ မခံစားရတာ ကြာပြီမို့ စမ်းသပ်ကြည့်ချင်ပါသေးတယ်""" လို့ သူပြန်ပြောလိုက်တယ်။နောက်တစ်နေ့ မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်ပါ တယ်။ခန္ဓာကိုယ်က တောင့်တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့ လူသန်ကြီး တစ်ယောက်ရပ်နေတာကို တွေ့လိုက်တယ်။ ပန်းရောင်ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထား ဘူး။ လည်ပင်းမှာတော့စာတစ်ကြောင်း ရေးဆွဲထားတယ်။"""မင်းကို ငါမှီရင် မင်းဟာ ငါ့အတွက်ပဲ"""အဲ့ဒီအပတ်မှာတော့ သူ့ကိုယ်သူ ( ၆၃ ) ပေါင် ကျသွားမှန်း သိလိုက်တယ်။

(ဖတ်ခဲ့ဖူးတဲ့ ဟာသတစ်ပုဒ်ကိုပြန်လည်ဝေမျှလိုက်တာပါဘယ်သူရေးလည်းတော့မသိတော့ပါဘူး)

copied ဟားဟား ဟီးဟီး ရယ်စေသတည်း

Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်..............

တရုတ်နိုင်ငံပိုင် ​Huawei ​တယ်လီဖုန်းကုမ္ပဏီကို ​သြစတြေးလျအစိုးရက ​သြစတြေးလျနိုင်ငံမှာ ​ဝင်ခွင့်မပေးတဲ့အပေါ် ​တရုတ်အစိုးရက ​ဝေဖန်မှု ​လုပ်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​အင်တာနက် ​မြန်နှုန်း ​ဒိထက်မက ​မြန်ဆန်ဖို့အတွက် ​အစိုးရက ​ကြိုးစားနေပြီး ​အဲဒီအတွက် ​နိုင်ငံတကာက ​ကုမ္ပဏီကြီးတွေကို ​ဝင်ခွင့် ​ပေးထားပေမယ့် ​တရုတ်ပိုင် ​ကုမ္ပဏီကို ​ဝင်ခွင့် ​ပိတ်ပင် ​ထားတာဖြစ်ပါတယ်။

ယခင် ​လေဘာ ​အစိုးရ ​ခေတ်တုန်းကလည်း ​တရုတ်တယ်လီဖုန်း ​ကုမ္ပဏီကို ​သြစတြေးလျနိုင်ငံထဲ ​ဝင်ခွင့်ပေးရင် ​သြစတြေးလျရဲ့ ​လုံခြုံရေးအတွက် ​စိတ်မချရဘူးဆိုပြီး ​ဝင်ခွင့် ​ပိတ်ပင်ခဲ့ပါတယ်။

အခု ​တက်လာတဲ့ ​လစ်ဘရယ် ​အစိုးရကပါ ​ထပ်မံ ​ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ​တရုတ်အစိုးရက ​အမျက်ဒေါသ ​ထွက်နေပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ ​နိုင်ငံတကာ ​ကုမ္ပဏီကို ​ဝင်ခွင့်ပေးထားသလို ​တရုတ်ကုမ္ပဏီကိုလည်း ​စီးပွားရေး ​ပြိုင်ဆိုင်ခွင့် ​ပေးသင့်တဲ့အကြောင်း ​နိုင်ငံရဲ့ ​လုံခြုံရေးကို ​အကြောင်းပြပြီး ​နှစ်နိုင်ငံကြား ​ကုန်သွယ်စီးပွားရေးကို ​ဝင်ရောက်စွက်ဖက်တာမျိုး ​မလုပ်သင့်ဘူးလို့ ​တရုတ်အစိုးရက ​ပြောလိုက်ပါတယ်။

အမေရိကန်ကလည်း ​အလားတူ ​သူတို့နိုင်ငံရဲ့ ​လုံခြုံရေးအတွက် ​တရုတ်နိုင်ငံပိုင် ​Huawei ​ဖုန်း ​ကုမ္ပဏီကို ​နိုင်ငံတွင်းမှာ ​လုပ်ငန်းလုပ်ခွင့် ​ပိတ်ပင်ထားပါတယ်။

Huawei ​ဖုန်းကုမ္ပဏီကို ​အသုံးချပြီး ​တရုတ်အစိုးရအနေနဲ့ ​ဖုန်းခိုးနားထောင်တာတွေ၊ ​ထောက်လှမ်းမှုတွေ ​လုပ်မှာကို ​စိုးရိမ်နေကြတာဖြစ်ပေမယ့် ​Huawei ​ကုမ္ပဏီကတော့ ​ဒီလို ​လုံခြုံရေးချိုးဖောက်မှုမျိုး ​တခါမှ ​မလုပ်ဖူးတဲ့အကြောင်း ​တုန့်ပြန်ထားပါတယ်။

မကြာခင်မှာ ​သြစတြေးလျနဲ့ ​တရုတ်နိုင်ငံတို့ ​ကုန်သွယ်ရေးကိစ္စ ​ဆွေးနွေးဖို့ရှိပြီး ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘယ်လို ​ဆွေးနွေးမယ်ဆိုတဲ့အပေါ် ​စိတ်ဝင်စားနေကြပါတယ်။
 
Ref : www.thithtoolwin.com

ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ

သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်

မိုင်လီဆိုင်းရပ်စ်က သူမအနေဖြင့် ကိုယ်ရေး ဒုက္ခများကို လူအများရှေ့ ဖွင့်ဟပြောပြီး ငိုကြွေးနေရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည်ဟု ပြောဆိုလိုက်သည်။ သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမက ကင်မရာရှေ့တွင် ဗလာကျင်း မတ်တပ်ရပ်ပြရခြင်းထက် လူသနားအောင် လုပ်ပြရခြင်းက ပိုခက်ကြောင်းလည်း ဆိုသည်။ "ကျွန်မအတွက်တော့ အဝတ်မပါဘဲ ရပ်တည်ရတာဟာ ပြဿနာ အကြီးကြီး တစ်ခုလို့ ဘယ်တုန်းကမှ မထင်ဘူး။ ပြီးတော့ လူတွေက အမျိုးမျိုးတွေး၊ အမျိုးမျိုး ဝေဖန်နေတယ် ဆိုရင်တောင် ကျွန်မရဲ့စိတ်နဲ့ ထပ်တူကျမကျ လိုက်တိုင်းတာမနေဘူး"ဟု မိုင်လီက မှတ်ချက်ပြုခဲ့သည်။

သူမက "ကျွန်မရွေးချယ်မှု အရတော့ လူတွေရှေ့မှာ သနားစရာကောင်းအောင် ထွက်ငိုပြရတာနဲ့စာရင် အေးအေးလူလူပဲ အဝတ်အစားအားလုံး ချွတ်ပြလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်လုံး ထုတ်ပြရတာထက်စာရင် ကျွန်မအတွက်က ကိုယ့်အားနည်းချက်ကိုယ် ထုတ်ပြရတာက ပိုခက်နေလို့ပဲ"ဟုလည်း ပြောဆိုသွားသည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီက VEVOနှင့် အင်တာဗျူးတွင် "မျက်ရည်ဆိုတာ အတုလုပ်လို့ရတယ်။ အားလုံးက အတုလုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ချင်ဘူး။ လူတစ်ယောက်ဟာ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင် သူပြောနေတာ တကယ်လား၊ ဟန်ဆောင်လားဆိုတာ ညာလို့မရဘူးလေ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

ချောင်းသာ၌ မြန်မာ့အကြီးဆုံး နဂါးရုံဘုရား တည်ဆောက် ...............

ချောင်းသာ-ငွေသောင်ယံလမ်းပေါ်ရှိ အမှတ် ၆ ရပ်ကွက်တွင်
မြန်မာနိုင်ငံ၏ အကြီးဆုံး ဒီပါအေးမြ မဟာနဂါးရုံဘုရားကို တည်ဆောက်လျက် ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း နဂါးရုံဘုရား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့က People Power သတင်းစာသို့
ပြောကြားသည်။

ယင်းနဂါးရုံဘုရားကြီးကို စတင်တည်ဆောက်စဉ်က နဂါးရုပ်တစ်ရုပ်တည်းဖြင့် တည်ဆောက်ထားသော်လည်း
နောက်ပိုင်းတွင် နဂါးခုနှစ် ကောင်ကို ထည့်သွင်းတည်
ဆောက်ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့်ရှိကြောင်း ယင်းဘုရားကိုတာဝန်ယူတည်ဆောက်သည့် ပန်းရံဆရာ ဦးအာနိုးက ပြောကြားသည်။

“ဒီဘုရားကြီး ပြီးသွားရင် မြန်မနိုင်ငံမာရှိတဲ့ နဂါးရုံးတွေထဲမှာ အကြီးဆုံးဖြစ်လာမယ်” ဟု ၎င်းကပြောကြားသည်။

ဘုရားကြီးပြီးစီးသွားပါက ချောင်းသာကမ်းခြေသည် အပန်းဖြေစရာနေရာသာမက ဘုရားဖူးများပါ စည်ကား လာနိုင်ကြောင်း ချောင်းသာရွာတွင် ဆိုင်ကယ်ကယ်ရီ
သမား ဦးအောင်လေးက ဆိုသည်။

အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး ပထမတည်ထားစဉ်က နဂါးမှာ ကျိုးကျသွားသဖြင့်
၂၀၁၂ ခုနှစ်တွင် ကတည်းကပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဘုရားဂေါပကထံမှသိရှိရသည်။

အေးငြိမ်းသူ

People power

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား...............



လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမအိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာသော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်း သိရ၍ ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ---

Wednesday, October 30, 2013

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမအိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာသော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်း သိရ၍ ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမအိမ် လာလည်ရင်းသူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊လမ်းထဲမှာ ကားမောင်းတား ကြမ်းတယ်ဆိုပြီး ဂဏန်းကဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက PeoplePower သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9 Luger ၉ မမပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်မှူးရုံးမှ သိရသည်။

နယ်ကျော်ကာ ရပ်ကွက်အတွင်း တရားဝင်ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာမမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရေးသားသူ - ဝေဖြိုး
People power

Thit Htoo Lwin - Crime





ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ် ..................

အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။


Planet Myanmar Network

facebook မှာ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေး ဘာသာရေး လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထား

Facebookမှာ တိုင်မယ်တောမယ် (ေိေိ ) Report လုပ်မယ်

facebook ကပေးသောအခွင့် အရေးတွေကို သင်သိပါသလား.....? facebook က လူတစ်ယောက်ကို  လုပ်ပိုင်ခွင့် တွေ အပြည့် အဝပေးထားသလို   သူတို့ ရဲ့  pivacy တွေနဲ့ ညှိစွန်းရင်တော့ ပြန်လည်  ထိမ်းချုပ်ပေးပါတယ်။ facebook မှာ report လုပ်ပိုင်ခွင့် တွေ tag လုပ်တာတွေကို ပြန်လည် ဘယ်လိုချေဖျက် ကြမလဲ ဆိုတာ လိုအပ်ရင်အသုံးပြုလို့   ရအောင်ရှင်းပြပေးပါမယ်။အခုဆိုရင် facebook မှာမြန်မာဝန်ထမ်းတွေကိုခန့် အပ်ထားမှာဖြစ်လို့  သိသင့် တယ်ထင်လို့ ရေးလိုက်တာပါ။
 ကျွန်တော်တို့ကို မိမိတို့ နှစ်သက်တာကို လုပ်ပိုင်ခွင့် ပိုစ့် တင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊   လူမျိုးရေး  ဘာသာရေး  လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ   တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ  ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။facebook ကအများလက်မခံတဲ့ ကိစ္စမျိုးတွေကို ခွင့် မပြုပါဘူး ။ကျွန်တော်အနေနဲ့ တစ်ဦးချင်း လုပ်ပိုင်ခွင် နှင့်  facebook ကို report တင်ပုံလေးကိုရှင်းပြပေးပါမယ်ခင်ဗျာ။



တစ်ဦးချင်းပြန်လည်ချေပခြင်း ( remove tag )လုပ်ခြင်း
-----------------------------------------------------------------
remove   tag လုပ်တာအနေနဲ့ ကတော့ ရှင်းပါတယ် ဘာမှ ထွေထွေထူးထူး   မရှိပါဘူး မိမိဖျက်ချင်တဲ့ photo ကိုယ့် ကို tag လုပ်ထားတဲ့ ပုံနေရာမှာStatus ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/remove tag   ဆိုတာလေးကိုနိုပ်ပြီးဖျက်ပေးရုံပါပဲ။

i want to untag myself ဆိုတာလေးကိုနိုပ်လိုက်ပြီး ဖျက်လို့ ရပါတယ်။ဒီနေရာမှာ report တင်ချင်တယ်ဆိုရင် အောက်ကအကွက်လေးကိုနိုပ်လိုက်ရုံပါပဲ။
ပြီးရင်တော့  ဒီလိုလေးပါ။



report တင်ခြင်း
--------------------------------------------
report လုပ်တာကတော့  မိမိတစ်ယောက်တည်းလုပ်လို့ ရသလို သူငယ်ချင်းတွေဆီကိုပေးပို့ ပြီးအများနှင့် report တင်လို့ လည်းရပါတယ်။

အောက်ကပုံလေးအတိုင်း report abuse ကိုနိုပ်လိုက်ပါ။(ဒီကောင်လေးက group ) တွေမှာဆိုရင် လုပ်လို့ ရပါတယ်။




















အောက်ကပုံလေးလိုပေါ်လာရင် report ဆိုတာကိုဆက်နိုပ်ပါ။



ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကျွန်တော်တို့ ဘက်က သေချာရွေးပေးရပါလိမ့်




ဒါကတော့  မြန်မာလိုတတ်သဘောက်ဘာသာပြန်ပေးထားတာပါ။


  • I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
  • It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို ထိခိုက်စေပါတယ်)
  • It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့် သူငယ်ချင်းကို ထိခိုက်စေပါတယ်)
  • Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ ပိုစ်တစ်ခု spam ပါ )

 ( 1 )Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့အကြောင်းအရာဖြစ်ပါတယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
           * Target a Race or Ethnicity (လူမျိုးရေး)
           * Target a religious group (ဘာသာရေး)
           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)
( 2 ) Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
            * Self-Harm
            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)

  (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

Sexually explicit cont
My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)

အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။






Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။
 အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။ဒါမှ repot လုပ်တာအောင်မြင်နိုင်ပါမယ်။



 Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။


credit to - ကိုလင်းသလ္လာဝတီ
ရေးသားထာသောပိုစ့် ကို ပြန်လည်ဖြည့် စွက် ထားပါတယ်။
ဆက်လက်သိထားသင့် သောလိပ်စာများ
----------------------------------------------------------

  ----------------------------------------------------------------



အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ

လိုင်ဇာညီလာခံမြင်ကွင်းများ ...................

Wednesday, October 30, 2013


KIA တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ညီလာခံ ဒီကနေ့ အစပြုပါပြီ။ 

သမ္မတ ဦးသိန်းစိန်ကလည်း ညီလာခံကို သ၀ဏ်လွှာပေးပို့ထားပါတယ်။ 

ဒီညီလာခံကနေ "နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်" ရေးထိုးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်း အဲဒီ သဝဏ်လွှာမှာ ရေးထားပါတယ်။

ညီလာခံကို ရှမ်းပြည်နယ်အခြေစိုက်  UWSA, NDAA အစရှိတဲ့ အဖွဲ့တွေ မတက်ပါဘူး။ မတက်ရတဲ့ အကြောင်းရင်းအတွက် ကျန်းမာရေးမကောင်း၊ ဘာသာစကား အခက်အခဲရှိတယ် စတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။

 ၃ ရက်ကြာ ဆွေးနွေးမယ့် တရုတ်မြန်မာနယ်စပ် လိုင်ဇာညီလာခံကနေ ထွက်ပေါ်လာမယ့် ရလဒ်က ဘယ်လောက် ကြီးမားမယ် ဆိုတာကတော့ ခန့်မှန်းလို့ မရနိုင်သေးပါဘူး။

ဧရာဝတီသတင်းထောက် ဂျေပိုင် ရိုက်ကူး ပေးပို့လာတဲ့ ညီလာခံမတိုင်ခင်မြင်ကွင်းနဲ့ ဒီကနေ့ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။

  Kachin Clashes Continue as Ethnic Leaders Meet
http://www.irrawaddy.org/burma/kachin-clashes-continue-ethnic-leaders-meet.html

ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း KIA နှင့် အစိုးရတပ်တို့ ထိတွေ့ပစ်ခတ်မှု ရှိနေသေး
http://burma.irrawaddy.org/news/2013/10/30/50303.html

လိုင်ဇာ ညီလာခံတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် မူတည်ဆွေးနွေးမည်
http://burma.irrawaddy.org/news/2013/10/30/50293.html
























 


အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်.................



စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေး တစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။ ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေး တစ်ဦးဖြစ်ကြောင်း သိရသည်။ ---

Wednesday, October 30, 2013

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်

အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။

ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)

Thit Htoo Lwin - Crime



အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်.............



အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။ သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ---

Wednesday, October 30, 2013

အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်

အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ အမေရိကန်က သူ့ ပြည်သူတွေ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ တခြား နိုင်ငံ အတော် များများရဲ့ စာတွေ၊ အီးမေးတွေနဲ့ တယ်လီဖုန်း အဆက် အသွယ် တွေကို ကြားဖြတ် နားထောင်တယ် ဆိုတာ သိရပေမဲ့ မြန်မာ နိုင်ငံ ပါမပါ မသိ ပါဘူးလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

နိုင်ငံ တစ်နိုင်ငံဟာ သူ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ထင်တဲ့ ကိစ္စ အတွက် စုံစမ်း ထောက်လှမ်းတာက လွဲရင် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိတဲ့ မဟာမိတ် နိုင်ငံတွေ လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေ၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျင့်သုံး နေတဲ့ နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေနဲ့ သူတို့ ပြည်သူတွေ ကိုတော့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ လုပ်ဆောင်တာ မသင့်တော်ဘူးလို့ ယူဆကြောင်း ဦးရဲထွဋ်က ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thit Htoo Lwin - News




အမေရိကန် ထောက်လှမ်းရေးရဲ့ လှိျု့ဝှက် ထောက်လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်