This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, November 19, 2013

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင် .......................

Monday, November 18, 2013
~


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။


ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။

 မသိမ့်သိမ့်စိုးသိန်း -ပထမ
 မပိုးဇာခြည်ကျော် -ဒုတိယ
 မခိုင်ဇာဇာအောင် -တတိယ
 ရရှိကြပါတယ်။

 ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။
 ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။
 ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။

 ပထမ ဘတ် ၁၀၀၀၀
 ဒုတိယ ဘတ် ၇၀၀၀
 တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။

 အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။


 
























.

စကြာဝဠာကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို ....................


စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။


အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။
ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။
သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ  ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း  ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။
ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့်  “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ ယမန်နှစ်က အနားယူခဲ့သည်။
“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source Article: God did not create the universe, says Hawking
By Michael Holden Michael Holden – Thu Sep 2, 9:08 am ET

တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး


Monday, November 18, 2013

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးသည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။

သေဆုံးသူတွင် ဓာတ်လိုက်ခံရသည့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သစ်ပင်ပေါ်တွင် တွဲလျောင်းကျ သေဆုံးလျက် ရှိကြောင်း၊ အဆိုပါ နေရာအနီးတွင် သေဆုံးသူ၏ တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် ကိုချစ်ကိုကိုမှာ သစ်ပင်အောက်တွင် ရှိနေသော်လည်း မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည်ကို မသိရှိခဲ့ဘဲ သစ်ပင် ခွကြားသို့ ပြန်လည် ပြုတ်ကျသည့် အချိန်မှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုချစ်ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ မဟာဓာတ်အားလိုင်းမှာ သာကေတ ဓာတ်အားပေး စက်ရုံမှ သီတာ ဓာတ်အားခွဲ စက်ရုံသို့ ပို့လွှတ်ထားခြင်း ဖြစ်ပြီး ဗို့အား ပြင်းထန်ကာ ၎င်းဓာတ်အားလိုင်း (အဖိုလိုင်း) နှင့် ကိုးပေ အကွာအဝေး အတွင်းသို့ ရောက်ရှိပါက ဓာတ်ကြိုးထံသို့ အလိုလျောက် ဆွဲငင်တတ်ကြောင်း၊ ယခု ဖြစ်စဉ်တွင်လည်း သစ်ပင်မှတစ်ဆင့် မြေကြီးထံမှ (Earth) (ဓာတ်အားအမလိုင်း) မိနေစဉ် ဓာတ်အားလိုင်းက ဆွဲငင်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေးရုံးမှ လျှပ်စစ်ရုံး ဝန်ထမ်းလုပ်သက် အနှစ် ၃၀ ရှိသူ အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။
“ဓာတ်အားလိုင်းပေါ် ရေစိုနေတဲ့ စွန်ကြိုးတင်နေလို့ စွန်ကြိုးကို သွားကိုင် မိရင်တောင် မြေကြီးနဲ့ အပ်မိပြီး ဓာတ်ကြိုးက လှမ်းဆွဲသွားတာ။ အဲဒီအချိန် ဝိုင်းဆွဲရင် ဆွဲတဲ့လူပါ ပါသွားမှာ” ဟု ၎င်းကရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရေခဲတောင် ရေခဲစက်ရုံမှ ဝန်ထမ်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုအောင်သူထွန်းသည် ၎င်းစက်ရုံအနီး ဦးအောင်သူလမ်းနှင့် ဦးမိုးလမ်းထောင့်ရှိ မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးစဉ် အနီးရှိ စက္ကူစက်ရုံသို့ သွယ်တန်းထားသည့် ဗို့အား တစ်သောင်းတစ်ထောင်ရှိ ဓာတ်ကြိုးကို ကိုင်မိပြီး ဝဲဘက်လက်မ ညိုမည်းဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များဖြင့် အဆိုပါ မဲဇလီ သစ်ပင်ခွကြား တွင်ပင် သေဆုံးခဲ့ကြောင်း လှိုင်သာယာ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


Thit Htoo Lwin - Crime

ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost


ညီနေမင်း (နည်းပညာ) via google.com 
11:41 AM (15 hours ago)

to me

ညီနေမင်း


Posted: 17 Nov 2013 08:25 AM PST
ဒီဆော့ဝဲလေးကတော့ Computer သမားတွေအတွက်အလွန်သုံးဝင်စေမှာပါ။ အရမ်းစက်အားနည်းတဲ့ ကွန်ပြူတာတွေမှာ ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost
လေးထည့်ထားမယ်ဆိုရင်အရင်က ကစားရင် ထစ်နေတဲ့ ဂိမ်တွေကိုအထစ်အငေါ့
 မရှိကစားနိုင်မှာဖြစ်ပါတယ်ခင်ဗျား....ပြီးတော့ အင်တာနက်အမြန်နှုန်းလည်း
မြှင့်ပေးနိုင်ပါတယ်။စက် Model နိမ့်နေလို့ဂိမ်းကစားလို့အဆင်မပြေဖြစ်ပြီးစိတ်
ဓါတ်ကျနေတဲ့ ကိုကို၊မမ တွေအတွက်အသုံးလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာ download ယူသွားပါခင်ဗျား.....   
                                                    




သားဆက်ခြား ပညာပေးရေး ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်မည်

နန်းဆိုင်နွမ်

မြန်မာနိုင်ငံတွင် သားဆက်ခြား ပညာပေးရေးနှင့် ပတ်သက်၍ ဆင်းရဲချမ်းသာ၊ နေရာဒေသအလိုက် ကွဲပြားမှု မရှိစေရန် ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

သားဆက်ခြားလုပ်ငန်းကို အမျိုးသားစီမံကိန်းနှင့်အညီ ဆင်းရဲချမ်းသာ နေရာဒေသအလိုက် ကွဲပြားမှုမရှိစေရန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သားဆက်ခြားနည်းကို အသုံးမပြုခြင်းကြောင့် ကိုယ်ဝန်ဖျက်ချကာ ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြသာနာကို ကြိုတင်ကာကွယ်လိုခြင်း၊ သားဆက်ခြားခြင်းကြောင့် ပျော်ရွှင်သည့် မိသားစုဘ၀ ပိုင်ဆိုင်မှုကို မြန်မာပြည်ရှိ ပြည်သူများ ရစေလိုကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပသော Family Planning 2020 Press Conference တွင် ပြောကြားသည်။

“သားဆက်ခြားခြင်းဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ မိသားစုတိုင်းဟာ ကလေးဘယ်နှယောက် ယူမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်လို့ ရပါတယ်။ တဆက်နဲ့ တဆက်ကြား ခြားရင်တော့ ကလေးတွေ ဖွံ့ဖြိုးမှု၊ ပညာရေးပါ တိုးတက်လာမှာပါ။ ပြီးတော့ ကိုယ်ဝန်ဖျက်ချပြီး နောက်ဆက်တွဲဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်းတွေ လျော့လာမယ်။တခြားနိုင်ငံလို မိသားစု ဘယ်နှယောက်မွေး ဆိုတာတော့ မလုပ်ပါဘူး” ဟု ဒု ဝန်ကြီး ဒေါက်တာ ဒေါ်သင်းသင်းဌေးက ဆိုသည်။

အစိုးရက ကျန်းမာရေးနှင့် ပညာရေးအတွက် ယခင်နှစ်ကထက် ပိုမို ထောက်ပံ့လာသည့်အတွက် သားဆက်ခြား ကျန်းမာရေးနှင့် ပတ်သက်၍ စီမံချက် နယ်မြေမှအပ တခြားမြို့နယ် အားလုံးကို ထောက်ပံ့လာနိုင်ကြောင်း၊ ဆေးဝါးများကိုလည်း ဝယ်ယူ စုဆောင်းလာနိုင်ကြောင်း၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် တခြား အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကြောင့်လည်း သားဆက်ခြားလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။

ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနစိတ်မှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ မြင့်မိုရ်စိုး က “ဝေးလံတဲ့ ဒေသတွေမှာလည်း သားဆက်ခြားဆေးတွေ ပေးနိုင်ဖို့ ဒေသခံတွေကို လိုအပ်ချက် ဘယ်လောက်ရှိလဲ ဆိုတာ စာရင်း လုပ်ခိုင်းထားပါတယ်။ တဆက်နဲ့ တဆက်ခြားခြင်းဟာ ကျန်းမာရေးအပြင် လူမှုရေး အခွင့်အရေးအရ ကျန်းမာပျော်ရွှင်မှုနဲ့ ကလေးပညာရေးလည်း ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခဖြစ်ပွားသည့်နေရာများကို UNFPA အဖွဲ့မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြား နည်းပညာ အသုံးချရန်အတွက်လည်း အဖွဲ့အစည်းများက ပညာပေးမှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြားဆေးဝါး သုံးစွဲခြင်းကြောင့် မိခင်သေဆုံးမှု သိသာစွာ လျော့ကျခဲ့ကြောင်း ဒေါက်တာ မြင့်မိုရ်စိုးက ဆိုသည်။

Family Planning International Assistance (FPIA) ၏ အထောက်အပံ့နှင့် မိသားစု ကျန်းမာရေး စီမံကိန်းကို ၁၉၉၁ ခုနစ်မှစတင် ဆောင်ရွက်ခဲ့ပြီး စမ်းသပ် ၁ မြို့နယ်မှ ၆ မြို့နယ်အထိ တိုးချဲ့ကာ၊ ၁၉၉၂ ခုနစ်တွင် မြို့နယ်ပေါင်း ၂၀ ကျော် လုပ်ခဲ့ကြောင်း၊ ၁၉၉၇ ခုနစ်တွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာနနှင့် UNFPA အဖွဲ့၏ အထောက်အပံ့ဖြင့် မြို့နယ်ပေါင်း ၁၆၃ မြို့နယ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တခြားအစိုးရ မဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် PSI, MSI, IPPF နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း (MMCWA) တို့မှလည်း သားဆက်ခြားလုပ်ငန်းကို မြို့နယ် အများအပြား ဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရကလည်း မိသားစု စီမံကိန်း ၂၀၂၀ (Family Planning 2020) အတွက် လိုအပ်သည် ကျန်းမာရေး အသုံးစရိတ်ကိုနှစ်စဉ် ပိုမိုသုံးစွဲရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရောက်လျှင် သားဆက်ခြားနည်းလမ်း သုံးစွဲရန် ဇနီးမောင်နှံ သန်း ၃၀ ခန့်ကို ကျန်းမာရေး အသုံးစရိတ်ရန်ပုံငွေ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Commission on Information and Accountability for Women’s and Children’s Health (COIA) ဆိုင်ရာ နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ခုနစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနစ်တွင် FP/RH Best Practices Conference နှင့် ၂၀၁၆ ခုနစ်တွင် လိင်မှု ကျန်းမာရေးနှင့် အခွင့်အရေး၊ မျိုးပွားခြင်းဆိုင်ရာများ အာရှ ပစိဖိတ် ဒေသတွင်း ညီလာခံ (APCRSHR) တို့ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကျန်းမာရေးဌာနတို့ ပြုလုပ်သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်လောင်းသေဆုံးမှု အချိုးအစား (MMR) အရ ၁ သိန်းလျှင် ၃၁၆ ဦး ရှိကြောင်း၊ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဖျက်ချမှုနှင့် ဆက်စပ်ကြောင်း သိရသည်။

သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦး တိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး

Monday, November 18, 2013

ညအချိန် သင်္ချိုင်းကုန်းရှိ  မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူအမျိုးသားသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၀၅)ရပ်ကွက်တွင်နေထိုင်ပြီး ၎င်း၏ချစ်သူ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  အမှတ် (၁၀၄ )ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်းတို့သည် (၁၀၄) ရပ်ကွက်ရှိ ဘုရားပွဲသို့ ဆိုင်ကယ်ဖြင့်သွားရောက်ရာ ဘုရားပွဲမရှိသောကြောင့် ယင်းသုသာန်မှောင်ရိပ်ထဲတွင် စကားပြောနေချိန် အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာသည့်လူနှစ်ဦးက ““ဆိုင်ကယ်တစ်စီးဖြတ်သွားတာ မတွေ့ဘူးလား””ဟု မေးရာ ချိန်းတွေ့နေသည့် အမျိုးသားက မတွေ့မိကြောင်းပြောလိုက်၍ ယင်းဆိုင်ကယ် ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ ယင်းဆိုင်ကယ်နှင့် နောက်ထပ်လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပါ ထပ်မံရောက်လာကြပြီး ““မင်းက ဘာကောင်မို့ စကားကောင်းကောင်းမပြောတာလဲ””ဟုဆိုကာ အရက်မူးနေသည့် အဆိုပါလူလေးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ပြန်လည်ထွက်သွားကြကြောင်း သတင်းရရှိသည်။
ထိုသို့ ဖြစ်ပွားနေချိန်တွင် အမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်းမှ လူများကို သွားရောက်အကူအညီတောင်းပြီး ပြန်ရောက်လာချိန်တွင် အမျိုးသားမှာ ဒဏ်ရာများဖြင့် လမ်းမပေါ်တွင်သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““စုံစမ်းစစ်ဆေးနေတုန်းပဲ။ တရားလိုက ဒီလိုပဲ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လို့ပြောတာနဲ့ အမှုကိုလည်း ဒီအတိုင်းဖွင့်ပေးထားတာ”” ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။

ချိန်းတွေ့သူအမျိုးသမီးက တရားလိုပြုကာ ရဲစခန်းတွင် တိုင်ကြားသောကြောင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသားလေးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7day Daily

Thit Htoo Lwin - Crime

ကမ္ဘာ့ အကောင်းဆုံး တီထွင်မှု ၁၀ခု


ကမ္ဘာ့ အကောင်းဆုံး တီထွင်မှု ၁၀ခု 

၁။ World Wide Web
အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က၁၉၉၀မှာ တီထွင် ခဲ့ပါတယ်။ 
၂။ Computer
၁၉၄၁ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။
၃။ Airplanes
၁၉၀၃မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။
၎။ Light Bulb
၁၈၇၈မှာ Thomas Edison ကတီထွင် ခဲ့ပါတယ်။
၅။ Phonograph
sound recorder တစ်မျိုး ဖြစ်တဲ့ phonograph ကို ၁၈၇၇မှာ Thomas Edison ကတီထွင်ခဲ့ ပါတယ်။ 
၆။ Telephone
၁၈၇၆မှာ Scottish Engineer Alexander Graham Bell ကတီထွင် ခဲ့ပါတယ်။ 
၇။ Stream Engine
Thomas Newcomen က၁၇၁၂မှာ တီထွင် ခဲ့တာပါ။ 
၈။ Printing Press
Germany နိုင်ငံသား Johannes Gutenberg က၁၄၃၉မှာ တီထွင် ခဲ့ပါတယ်။
၉။ Compass
206 BC လောက်မှာ တရုတ် ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာ စတင် တီထွင် အသုံးပြု ခဲ့ပါတယ်။
၁၀။ Paper
စက္ကူ ကိုလည်း ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာပဲ တီထွင် ခဲ့တာပါ။ 

[source: graphs.net]
၁။ World Wide Web
အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က၁၉၉၀မှာ တီထွင် ခဲ့ပါတယ်။
၂။ Computer
၁၉၄၁ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။
၃။ Airplanes
၁၉၀၃မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။
၎။ Light Bulb
၁၈၇၈မှာ Thomas Edison ကတီထွင် ခဲ့ပါတယ်။


၅။ Phonograph
sound recorder တစ်မျိုး ဖြစ်တဲ့ phonograph ကို ၁၈၇၇မှာ Thomas Edison ကတီထွင်ခဲ့ ပါတယ်။
၆။ Telephone
၁၈၇၆မှာ Scottish Engineer Alexander Graham Bell ကတီထွင် ခဲ့ပါတယ်။
၇။ Stream Engine
Thomas Newcomen က၁၇၁၂မှာ တီထွင် ခဲ့တာပါ။
၈။ Printing Press
Germany နိုင်ငံသား Johannes Gutenberg က၁၄၃၉မှာ တီထွင် ခဲ့ပါတယ်။
၉။ Compass
206 BC လောက်မှာ တရုတ် ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာ စတင် တီထွင် အသုံးပြု ခဲ့ပါတယ်။
၁၀။ Paper
စက္ကူ ကိုလည်း ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာပဲ တီထွင် ခဲ့တာပါ။

[source: graphs.net]

“ ကျော်နေ၀င်း၊ အေးနေ၀င်းတို့က ပေးတဲ့ သင်ခန်းစာ ”



အခုရက်ပိုင်း ထွက်ပေါ်လာတဲ့အထဲက စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ သမ္မတ အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထဲ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ယောက် ပါဝင်လာခြင်းပါ။ လွတ်မြောက်လို့ နေအိမ်ရောက်ရောက်ခြင်း ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲကနေ တဆင့် သူတို့ အဖြစ်အပျက်၊ သူတို့ အတွေ့အကြုံ တစ်ချို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူတို့ ပြောဆိုတာတွေထဲမှာ ဘာတွေ ထူးခြားတာတွေပါလဲ၊ အဖြစ်မှန်တွေက ဘာလဲ၊ ဒီ အဖြစ်အပျက်တွေကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွတ်မြောက်ခွင့်ပေးသင့်သူတွေလား
ကိုကျော်နေ၀င်းနဲ့ အေးနေ၀င်း တို့နှစ်ယောက်ဟာ နိုင်ငံရေးသမားတွေတော့ မဟုတ်ကြပါဘူး။ သူတို့ နှစ်ယောက် လွတ်မြောက်လာတာနဲ့ ပါတ်သက်ပြီး အငြင်းပွားကြသူတွေ ရှိသလို၊ ကြေငြာချက်ထုတ် ကန့်ကွက်သူတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စိစစ်တဲ့နေရာမှာ အဓိကအားဖြင့် ဘယ်ပုဒ်မ တွေနဲ့ ဖမ်းဆီးထားသူတွေကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ် သတ်မှတ်မလဲ၊ အဲဒီ ပုဒ်မတွေနဲ့ မဟုတ်ရင်တောင် နိုင်ငံရေးလုပ်လို့ ဆက်စပ် အဖမ်းခံ၊ ထောင်ချ အပြစ်ပေးခံရရင် လည်း ထည့်သွင်းဖို့ စသဖြင့် မူဘောင်တွေ ချမှတ်ပြီး လုပ်ခဲ့ကြတာပါ။ အခု ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် ဟာ အဲဒီ သတ်မှတ်ထားတဲ့ ပုဒ်မတွေနဲ့ ထောင်ချခံရသူတွေဖြစ်နေလေတော့ လွတ်ငြိမ်းခွင့်ပေးတာဟာ မှန်ကန်ပါတယ်။ ဒါတင်မက အာဏာရှင် တစ်ယောက်ယောက် လက်ထက်မှာ နိုင်ငံရေးကြောင့် မဟုတ်ပဲလည်း သူနဲ့ စီးပွားရေးအရသော်၎င်း၊ တစ်စုံတစ်ခုအပေါ်မှာ အမြင်ချင်း မတူလို့သော်၎င်း မတရား အပြစ်ပေး ထောင်ချခံရတာတွေ ရှိပါတယ်။ သူတို့ နှစ်ယောက် အဲဒီ အထဲမှာ အကျုံးဝင်တာကြောင့် လွတ်ငြိမ်းခွင့်ရတာ သဘာဝ ကျပါတယ်။

သူတို့ကို ဘယ်သူက ထောင်ထဲပို့ခဲ့သလဲ။
လွတ်မြောက်ပြီးပြီးချင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်းက သူတို့ မိသားစု မတရား ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အကြောင်း၊ သူတို့မှာ တစ်ဖက်က စွတ်စွဲသလို အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လျောက်လဲခဲ့ပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် သူတို့တွေအားလုံး သေဒါဏ်ချမှတ်ခံရသလို သူတို့ညီအကိုရဲ့ မိခင်၊ အာဏာရှင် ဦးနေ၀င်းရဲ့ သမီး ဒေါ်ခင်စန္ဒာဝင်း ကတော့ နေအိမ်အကျယ်ချုပ် ချမှတ်တာ ခံရပါတယ်။ သူတို့ မိသားစုကို အဲလို လုပ်တဲ့သူရဲ့ နာမည်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မပြုပါဘူး။ ဒါပေမယ့် အဲဒီလူဟာ အဲဒီ အချိန်ကာလက ရာထူးအာဏာ အရှိဆုံးနဲ့ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်လို့ ဆိုထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အာဏာရှင်ဟောင်း ဦးနေ၀င်း မိသားစုကို နှိပ်ကွပ်ခဲ့သူအဖြစ် နာမည် ထွက်ပေါ်ခဲ့ပါတယ်။

အာဏာရှင်ဟောင်းအပေါ် သစ္စာရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
သူတို့ နှစ်ယောက် သတင်းစာရှင်းလင်းပွဲမှာ နောက်ထပ် စိတ်တ၀င်စား သိလိုက်ရတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အာဏာရှင်ဟောင်း၊ နိုင်ငံတော် သမ္မတဟောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးနေ၀င်းကို နေအိမ်အကျယ်ချုပ်ချဖို့ အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်းတို့ နှစ်ယောက် ပြောဆိုချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးတဲ့ အဲဒီ အမိန့်ကို ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ရမယ့် ၀န်ကြီးတစ်ပါးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှစ်ယောက်က ဒီလို နေအိမ်အကျယ်ချုပ် ချဖို့ လက်မှတ်ထိုးလိုက်ရင် သမိုင်းတရားခံ ဖြစ်နိုင်တယ်၊ ဒါကြောင့် လက်မှတ်မထိုးနိုင်ဘူး၊ တကယ်လို့ နေအိမ်အကျယ်ချုပ်ချချင်တယ်ဆိုရင် ကိုယ်တိုင် လက်မှတ်ထိုးပါ ဆိုပြီး အမိန့်ပေးသူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရည်ညွှန်းပုံရ) ကို ပြန်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာရတဲ့ အာဏာရှင်လက်အောက်မှာ ပြန်ပြီး တင်ပြရဲတဲ့ ထူးခြားတဲ့ လုပ်ရပ်ဖြစ်ကြောင်း သူတို့ နှစ်ယောက်က ပြောပါတယ်။ ပြောရရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ အာဏာရှင် ဦးနေ၀င်းကို နောက်ဆုံး အချိန်ထိ သစ္စာရှိသွားတယ် ဆိုတဲ့ ဇတ်လမ်းပါ။ ဒီအတွက် ကိုအေးနေ၀င်းနဲ့ ကိုကျော်နေ၀င်းတို့ ညီအစ်ကိုတစ်တွေက ခုအခါ နေအိမ်အကျယ်ချုပ်က လွတ်မြောက်နေပြီဖြစ်တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို သွားပြီး ကျေးဇူးတင်ကြောင်း ပြောကြမှာပါ။

တကယ့် အဖြစ်အပျက်က ဘာလဲ
သူတို့ နှစ်ယောက် သတင်းထောက်တွေကို ရှင်းပြတဲ့ဆီမှာ သူတို့မိသားစုဟာ အဲဒီအချိန်က စစ်အာဏာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား ရင်ကြားစေ့ရေး လုပ်ပေးဖို့ ကြိုးစားလို့ ဒီလို အညှိုးခံ အပြစ်ပေးခံရတာလို့ ဆိုထားပါတယ်။ သူပြောတဲ့အထဲက အချက်အလက် တစ်ချို့ မှန်ကောင်း မှန်နိုင်ပေမယ့် အဲဒါတွေဟာ နအဖ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာရှင်ဟောင်း မိသားစုဝင်တွေကို သေဒါဏ်ပေးဖို့လောက်အထိ အရေးပါခဲ့မယ့်ပုံတော့ မပေါ်ပါဘူး။ တကယ့် အဖြစ်မှန်ကတော့ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေပါ။ အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ ၁၉၈၈ စစ်ဘက်၊ အရပ်ဘက် ရာထူးတွေ အားလုံးကို စွန့်လွှတ်သွားတဲ့တိုင် အဲဒီအချိန်က စစ်ကောင်စီကို လိုအပ်တဲ့အခါ နောက်ကွယ်ကနေ ကြိုးကိုင်ညွှန်ကြားနေတယ်ဆိုတာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာတဲ့ သတင်းအပိုင်းအစ တွေက အတည်ပြုချက်ပေးနေပါတယ်။ သူကိုယ်တိုင် မြှောက်စားထားတဲ့ ထောက်လှမ်းရေး အကြီးအကဲ၊ စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့် ကနေ တဆင့် တိုင်းပြည်ရဲ့ အရေးအရာတွေကို နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်ခဲ့သလို သမီးဖြစ်သူ ဒေါ်ခင်စန္ဒ၀င်းနဲ့ မြေးတွေကလည်း စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်ကြီးစိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း နောက်ပိုင်းအာဏာရှိလာတဲ့ စစ်အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးလာတာ ဖြစ်ပါတယ်။ အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ စကိုင်းလင့်ခ် ကုမ္ပဏီထောင်ပြီး မိုဘိုင်းဖုန်း တပ်ဆင်ရေး လုပ်ကိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပါတ်သက်ရင် အစိုးရ ၀န်ကြီးဌာနကသာ တစ်ခုတည်းသော အော်ပရေတာ ဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်စန္ဒ၀င်းတို့ မိသားစု လုပ်ကိုင်ချင်တာကတော့ ပုဂ္ဂလိက အော်ပရေတာ လုပ်ငန်းဖြစ်ပါတယ်။ ကနဦး အစီအစဉ်အဖြစ် တစ်လုံး ကျပ် ၅ သိန်းတန်၊ ဂျီအက်စ်အမ် အလုံးရေ တစ်သိန်း တပ်ဆင်ရေး ဖြစ်ပါတယ်။ အဲဒီခေတ် အဲဒီ ကာလက ငွေတန်ဘိုးနဲ့ ပါတ်သက်ရင် ပထမ အဆင့်မှာတင် ကျပ်ငွေ ဘီလျံ ၅၀ လောက်တန်တဲ့ အလွန်ကြီးကျယ်တဲ့ စီမံကိန်းပါ။ နောက်ပိုင်း နအဖ အာဏာပိုင်တွေဟာ အဲဒီ စီမံကိန်း ဦးနေ၀င်း မိသားကို လုပ်ခွင့်မပေးတော့တဲ့အပြင် နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် ပုဒ်မ မျိုးစုံနဲ့ သေဒါဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ အကျိုးစီးပွား ခွဲဝေမှုကနေ အာဏာ ပြသနာ အထိ ရောက်သွားခဲ့ရတာသာ ဖြစ်ပါတယ်။ ဘာနိုင်ငံရေး ကိစ္စမှ မဟုတ်ခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီးနဲ့ အာဏာရှင် လုပ်မယ့်သူတွေအတွက် ဘာအချက်ပြနေသလဲ
အခုနောက်ပိုင်း လူတွေကြား ဆွေးနွေးငြင်းခုံနေကြတဲ့ အချက်တစ်ခုကတော့ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သူ့တပည့်သားမြေးတွေအပေါ် တစ်စုံတစ်ရာ သြဇာညောင်း မညောင်း ကိစ္စပါ။ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြစ်ပေး အရေးယူထားတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူုးကြီးဟောင်း သန်းရွှေရဲ့ သြဇာ သိပ်မရှိတော့ဘူးဆိုတာ ကောက်ချက်ချနိုင်ပါတယ်။ အာဏာရှင်တွေဟာ ဇတ်ခုံကန့်လန့်ကာ နောက်ကွယ် ရောက်သွားခဲ့ရင် အချိန်ကာလ တစ်ခုထက်ပို သြဇာ မရှိနိုင်ဘူး ဆိုတာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ ဘ၀ ဖြစ်စဉ်ကရော၊ အခု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဖြစ်ရပ်ကပါ သက်သေပြနေပါတယ်။
ပြောရရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးလျားလျား လွတ်မြောက်သွားပြီလို့ မပြောနိုင်သေးပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အာဏာရှင်စနစ်အောက်ကို ရောက်သွားနိုင်သေးတဲ့ ရေခံမြေခံတွေ အားလုံးကျန်ရစ်နေပါသေးတယ်။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ပျက်လုနီးပါး ဖြစ်ခဲ့ရတာတွေ၊ အာဏာရှင်တွေကိုယ်တိုင်လည်း ဇတ်သိမ်းမကောင်း၊ သမိုင်းမလှ ဖြစ်ခဲ့ရတာတွေကို လက်ရှိ အာဏာပိုင်တွေ၊ အထူးသဖြင့် တပ်မတော်ထဲက ခေါင်းဆောင်တွေ ကောင်းကောင်းသင်ခန်းစာယူဖို့ လိုပါတယ်။ သင်ခန်းစာ မယူခဲ့ရင်၊ အာဏာရှင်စနစ် ဖြစ်ပေါ်လာနိုင်တဲ့ ရေခံမြေခံတွေကို မြေလှန်မပစ်နိုင်ရင် တိုင်းပြည်လည်း မကောင်း၊ ကိုယ်လည်း သမိုင်းတရားခံဖြစ်၊ ပြည်သူတွေ တံတွေးခွက်ထဲလည်း ပက်လက်မြော ဆိုတဲ့ ဇတ်လမ်းတွေ ထပ်ပြီး ပေါ်ပေါက်လာနိုင်သေးတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။
မြန်မာပို့စ် ဂျာနယ်၊ ၁၈-၁၁-၁၃။ စာ- ၁၂။

အင်တာနက် ဂျာနယ် အတွဲ (14) အမှတ် (45) (18.11.13).............

အင်တာနက်ဂျာနယ်ကို အပတ်စဉ် တနင်္လာ တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက်ဂျာနယ် ကိုဖတ်ချင်သူများ အတွက်မူရင်းဆိုဒ်က နေဒေါင်းလုပ်လင့်ကိုတင်ပေး လိုက်တာပါဗျာ။ အင်တာနက်ဂျာနယ်
ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် ဂျာနယ် အတွဲ (14) အမှတ် (43)ကို တင်ပေး
လိုက်ပါတယ်ဗျာ။ ဒီနေ့ 4  ရက်နေ့ထွက် Update လေးပါ ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက်အဆင် မပြေ
သောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to - http://www.myanmarinternetjournal.com/

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။