This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 18, 2013

မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ဆောင်ရွက်ရမည့် အချက်များ နှင့် CI Form ပုံစံယူရန်


ပတ်စပို့လက်ဝယ်မရှိသူများ အတွက် သံရုံးတွင် CI လျှောက်ထားရမည့် ဖောင်ပုံစံ

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ သူရဦးရွှေမန်းပြောဆို


Monday, June 17, 2013
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရမယ်လို့  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
သူရဦးရွှေမန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ဒေသအနီးတဝိုက်နေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့  တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေဖြေဆိုရာမှာ အဲဒီလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ တွေ့ ဆုံပွဲ တက်ရောက်ခဲ့တဲ့ ABSDF တပ်ရင်း ၁ဝ၁ ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုမူးသာက RFA ကိုပြောပါတယ်။

သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု စတင်ထူထောင်ခဲ့တဲ့ ပထမဦးဆုံး ပြည်နယ် ၁၃ ခုအကြောင်းနဲ့ အဲဒီအချိန်ကစပြီး လက်ရှိကာလထိ ကျင့်သုံးနေတဲ့ အမေရိကန် ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို အခုခ ရီးစဉ်အတွင်း လေ့လာခဲ့တဲ့အကြောင်း၊ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခွင့် တောင်းဆိုတာလို့  သူတို့အနေနဲ့  အရင်ခေတ်တွေက နားလည်ခဲ့တာ မှားယွင်းခဲ့တဲ့အကြောင်း ပရိသတ်ကို ပြောဆိုတယ်လို့  ကိုမူးသာက
ပြောပါတယ်။

သူရဦးရွှေမန်းနဲ့ မြန်မာမိသားစုတွေ့ဆုံပွဲကို ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေနဲ့  အခြားစိတ်ပါဝင်စားသူ ၁၅ဝ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Copy from - RFA Burmese

၁၅ဝဝ ကျပ်တန် ဖုန်းဆင်းကတ်များ ပြင်ပဈေး မတည်ငြိမ်

ရန်ကုန်မြို့တွင် နိုင်ငံတော်မှ မဲဖောက် ရောင်းချပေးသော ၁၅ဝဝ ကျပ် တန် CDMA 800 MHz ဖုန်းဆင်း ကတ်များ သည် ပြင်ပ ဈေးကွက်များ၌လည်း ဗြောင်ကျကျ အရောင်းအဝယ် လုပ်လာကြပြီး အချို့ဆိုင်များတွင် ဆိုင်းဘုတ်များဖြင့်ပါ ကြေညာပြီး အရောင်းအဝယ် လုပ်လာကြသည်ကို တွေ့ရသည်။

အဆိုပါ ဆင်းကတ် များကို ထိုသို့ အလွယ်တကူ ဝယ်ယူ ရရှိနေပြီ ဖြစ်သော်လည်း တစ်ဆိုင် နှင့်တစ်ဆိုင် ရောင်းချသော ဈေးနှုန်းများမှာ တစ်သမတ်တည်းမရှိဘဲ များစွာ ကွာခြားမှုများ ရှိနေကြဆဲ ဖြစ်သည်။

မြို့လယ်ပိုင်းရှိ ဖုန်းဆိုင်များတွင် ကတ်မချိုးထား ရသေးသော ဆင်းကတ် များကို ငွေကျပ် ငါးသောင်းခွဲခန့်ဖြင့် ရောင်းချကြပြီး ကတ်ချိုးကာ ငွေကျပ် ငါးထောင် ဖြည့်ထားသော်လည်း မသုံးရ သေးသော ဆင်းကတ်များကိုမူ ငွေကျပ် ခြောက်သောင်း ဝန်းကျင်ဖြင့် ရောင်းချ လျက် ရှိကြသည်။

သို့သော် ဆင်ခြေဖုံး ရပ်ကွက်များတွင် ဖွင့်ထားသော ဖုန်းဆိုင် အချို့တွင်မူ ကတ်မချိုး ရသေးသော ဆင်းကတ်များ ကို ငွေကျပ် ခုနစ်သောင်းနှုန်း၊ ကတ်ချိုးပြီး ငွေကျပ် ငါးထောင် ဖြည့်ထားသော မသုံးရသေးသည့် ဆင်းကတ်များကိုမူ ငွေကျပ် ခုနစ်သောင်းခွဲ နှုန်းလောက် အထိဖြင့် ရောင်းချ တတ်ကြပြီး ၎င်းတို့ရောင်းချသော ကတ်များသည် လိုင်းစိတ်ချရသော VIP ကတ်များ၊ ဝန်ထမ်း ကတ်များဖြစ်သည်ဟု ဆိုသည်။ ထို့ အပြင် အချို့ဆိုင်များ၌ ထိုဖုန်းဆင်း ကတ်များ ဝယ်ယူလိုလျှင် ၎င်းတို့ဆိုင်မှ ဖုန်းပါ ဝယ်ယူ အားပေးရသည်။

ထိုသို့ ငွေကျပ် ခြောက်သောင်းကျော် ခုနစ်သောင်းကျပ်နှုန်း ဝန်းကျင်လောက် ဖြင့် အဆိုပါ ဆင်းကတ်များကို ဖုန်းဆိုင် များက ရောင်းချ တတ်ကြသော်လည်း ၎င်းဆိုင်များသို့ မဲပေါက်သူများက သွားရောင်းပါက ငွေကျပ် သုံးသောင်းခန့် သာ ပေးသည်ဟု သိရသည်။

ဖုန်းဆိုင်များက ထိုကဲ့သို့ ငွေကျပ် သုံးသောင်းလောက်နှင့် ဝယ်ပြီး ကတ် သက်တမ်း မကုန်သွားစေရန် ငွေကျပ် ငါးထောင်ဖြည့်ပြီးနောက် ၎င်းတို့ကြိုက် ဈေးခေါ်ကာ ပြန်လည် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။


မြ၀တီ

အိမ်ထောင်ရေးအဆင်မပြေတဲ့ ပါကစ္စတန်အမျိုးသမီးတွေ


Monday, June 17, 2013

မာဆို မာဆာရခန်ရဲ့ အသက်က ၂၂ နှစ်ပါ။

“အိမ်ထောင်ကျ သွားတာက မိဘတွေ ပေးစား တာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်ကြိုက် အိမ်ထောင်ပြုတာလည်း မဟုတ်ဘူး။  ကျမကို အရုပ်တရုပ်လိုပဲ ရောင်းလိုက်တာပါ။”

သူ့မိဘတွေက သူ့ကို အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ရောင်းခဲ့တာာပါ။ ၉ နှစ်ကြာတဲ့အခါ မှာတော့ လင်မယားပြတ်စဲဖို့ လျှောက်ထားရင်းနဲ့ ရုံးတော်ကို ရောက်နေပြန်ပါတယ်။ သူ့လိုပဲ လင်မယားပြတ်စဲလိုကြောင်း လျှောက်ထားတဲ့အမှုတွေ ပါကစ္စတန်နိုင်ငံမှာ တစထက်တစ ပိုများလာပါတယ်။ ---

ပါကစ္စတန်မှာ အိမ်ထောင်ကွဲတာဟာ လူတိုင်းမလုပ်ချင်တဲ့ ကိစ္စပါပဲ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေဟာ တခုလပ်ဘ၀ကို ရွေးချယ်လေ့မရှိပါဘူး။ အခုတော့ အိမ်ထောင်ကွဲဖို့ လျှောက်ထားတဲ့အမှုတွေ ပိုများလာပါတယ်။ မနှစ်တုန်းက ပတ်ရှဝါမြို့က တရားရုံးမှာ အမှုပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ၁၉၉၈ ခုနှစ်တုန်းက အမှုပေါင်း ၈၀ ပဲ ရှိခဲ့တာပါ။

မာဆို မာဆာရခန်ရဲ့ အိမ်ထောင်ကွဲလိုကြောင်း ရုံးတော်မှာ မလျှောက်ထားခင်မှာ သူ့ရဲ့ ခယ်အို သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ပါသေတယ်။ အဲဒီအချိန်ကစလို့ သူ့ဘ၀လည်း ခက်ခဲလာတယ်လို့ မာဆို မာဆာရခန်က ပြောပြပါတယ်။

“သူတို့ တအိမ်တည်းမှာ ဘယ်လိုလုပ်နေမှာလဲ။ ကျမရဲ့ မိဘတွေကလည်း ယောက်ျားအိမ် ကနေ သူတို့အိမ် သွားတာကို မကြိုက်ဘူး။ အိမ်ငှားတော့လည်း မိန်းမသားတယောက်တည်း ဆိုပြီးတော့ ဘယ်သူမှ အိမ်မငှားချင်ကြဘူး။”

ဒီလိုနဲ့ သူ့ သူငယ်ချင်းရဲ့မိသားစုနဲ့နေပြီး ပတ်ရှဝါမြို့မှာ အလှပြင်ဆိုင်တဆိုင်မှာ အလုပ်ရပါတယ်။ ရှေးရိုးစွဲ ပက်ရှ်တွန်အသိုင်းအ၀ိုင်းမှာ အိမ်ထောင်ကွဲဖို့ တောင်းဆိုတဲ့သမီးတွေကို မိသားစုသိက္ခာကျအောင် လုပ်တယ်လို့ သတ်မှတ်ကြပါတယ်။ နောက်ပိုင်းမှာ ပြဿနာတွေ ကြီးထွားလာတဲ့အခါ အိမ်ထောင်ကွဲဖို့ တောင်းဆိုတဲ့ အမျိုးသမီးတွေဟာ ခြိမ်းခြောက်ခံရပါတယ်၊ တချို့က အသတ်ခံရပါတယ်။

မနှစ်တုန်းက ထင်ရှားတဲ့ ပက်ရှ်တွန်အဆိုတော် ဂါဇလာ ဂျာဗစ်ကို သူရဲ့ခင်ပွန်းဟောင်းက သေနတ်နဲ့ ပစ်သတ်တဲ့အမှု ပေါ်ပေါက်ခဲ့ပါတယ်။ အမှန်က သူ့ရဲ့ခင်ပွန်းမှာ မိန်းမကြီး ရှိနှင့်နေတာကို နောက်ကျမှ သိတဲ့အတွက် ဂျာဗစ်က အိမ်ထောင်ကွဲဖို့ တောင်းဆိုခဲ့တာပါ။ သမီး အသတ်ခံရတဲ့အတွက် ဂျာဗစ်ရဲ့ မိခင်မှာ ပူဆွေးနေတုန်းပါပဲ။ ဥပဒေအရ တရားမျှတမှုကိုလည်း စောင့်နေရတုန်းပါပဲ။

ဒီလိုပဲ မာဆို မာဆာရခန်ရဲ့အမှုကလည်း မပြတ်သေးပါဘူး၊ အမှုက လောလောဆယ်မှာ ပတ်ရှဝါမြို့က အထက်တရားရုံးကို ရောက်နေပါတယ်။ ရှေ့နေ အမ်းစလင်းခန်က လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အိမ်ထောင်ကွဲချင်လို့ ရုံးတင်တဲ့ အမှုပေါင်း ၂ ဆလောက် ပိုများလာတယ်လို့ ပြောပါတယ်။

“ဆင်းရဲမှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို နားလည်လာကြတာက အဓိက အကြောင်းတွေပေါ့။ အကြမ်းဖက်ခံရ၊ အိမ်ထောင်ရှင်မအခွင့်အရေး ချိုးဖောက်ခံရရင် အိမ်ထောင်ကွဲခွင့် အတွက် လျှောက်ထားနိုင်တယ်ဆိုတာကို မီဒီယာတွေကတဆင့် သိလာတာပေါ့။ ဒါကြောင့် တရားရုံးကို ရောက်လာကြတယ်။”

ဂျအမ်မီယာ ဒါဝိတ်ဆိုတဲ့ အစ္စလာမ်ကျောင်းဟာ အစ္စလာမ်ဘာသာအဆုံးအမတွေကို သင်ကြားပြသရာဌာန ဖြစ်ပါတယ်။ ကျောင်းမှာ အဓိက မေးမြန်းဆွေးနွေးကြတဲ့ အကြောင်း တွေထဲမှာ ၄၀ ရာခိုင်နှုန်းက အိမ်ထောင်ကွဲတာနဲ့ ပတ်သက်ပါတယ်၊ အဆုံးအမ နာယူဖို့ လာကြသူတွေထဲမှာ အမျိုးသမီးတွေလည်း တော်တော်များများ ပါဝင်နေပါတယ်။

“အိမ်ထောင်ကွဲတာက လူ့အဖွဲ့အစည်းကို လုံးဝ ဖျက်စီးစေတဲ့အကြောင်းပဲ” လို့ ဒေသက အစ္စလာမ်မစ်ဘာသာကျွမ်းကျင်သူ မုဖတီ အက်ဗဒူ ကာဒါက ပြောပါတယ်။

“ဒါကြောင့် တရားဝင်ပဲ ဆိုဆို၊ အစၥလာမ္ဘာသာက အားမေပးပါဘူး။’

အစၥလာမ္ဘာသာမွာ လင်မယားကွဲတာထက် ပြန်လည်ပေါင်းထုပ်သွားတာမျိုးကိုပဲ အားပေးတယ်လို့ မုဖတီ အက်ဗဒူ ကာဒါက ပြောပါတယ်၊

အမျိုးသမီးအခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ အူးရတ် ဖောင်ဒေးရှင်း (Aurat Foundation)ရဲ့ အဆိုအရ မနှစ်တုန်းက အိမ်ထောင်ကွဲဖို့  တောင်းဆိုတဲ့ အမျိုးသမီးတွေအပါအ၀င် အိမ်တွင်းအကြမ်းဖက်မှုအတွင်းမှာ အမျိုးသမီး ၈ ထောင်ကျော် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ညွန်ကြားရေးမှူး ရှာဘီနာ အရစ်က “အကြမ်းဖက်တာကိုတော့ သည်းခံဖို့ မသင့်ပါဘူး။ ကျမတို့ အသိုက်အ၀ိုင်းနဲ့ ဓလေ့ထုံးတမ်းမှာ မိန်းကလေးဆိုတာ တကြိမ်အိမ်ထောင်ပြုပြီး တသက်လုံး မြဲရမယ်ဆိုတဲ့ အယူအဆက မှားယွင်တယ်” လို့ ပြောပါတယ်။

တရားရုံးမှာ တနေ့လုံး အမှုရင်ဆိုင်နေရတဲ့ ခန်ကတော့ သူ့ယောက်ျားဆီကနေ ကလေးစရိတ်နဲ့ နစ်နာကြေးတွေကို မမျှော်ကိုးဘူးလို့ ပြောပါတယ်။ အမှုကို မြန်မြန် ပြီးသွားစေချင်နေပါတယ်။ တချိန်တည်းမှာ သူ့ရဲ့လုံခြုံရေးအတွက်လည်း စိုးရိမ်နေရပါတယ်။

“အိမ်မှာနေလည်း တယောက်ယောက်က လာသတ်မှာကို ကြောက်နေရတယ်။ လမ်းထွက်တော့လည်း တယောက်ယောက်က အက်ဆစ်နဲ့ ပက်သွားမှာကို ကြောက်နေရတယ်။”

(Pakistani Women Turning to Divorce by Mudassar Shah, Peshwar, Pakistan)

by ဒီဗွီဘီ

ဗိုလ်ချုပ် စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဆုငွေထုတ်ခြင်း ထိုင်းအစိုးရ ပြန်တောင်းပန်ဟုဆို


 
ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် မတ်လအတွင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ကို ပြန်လည် တောင်းပန်ထားကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်ချုပ် စောမိုရှေး က ပြောကြားသည်။

ယင်းအကြောင်းအရာကို ဗိုလ်ချုပ် စောလားပွယ် နေအိမ်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ သို့သော် လာရောက် တောင်းပန်သည့် အချိန်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိသကဲ့သို့ မေးမြန်းရာတွင်လည်း အတိအကျ ပြောကြားခြင်း မရှိပေ။

ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ချက်မှာ မှားယွင်းပါသည်ဟု ထိုင်းထောက်လှမ်းရေးက လာရောက် တောင်းပန်ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်
စောမိုရှေးက ရှင်းပြသည်။

"အင်တာနက်ပေါ်မှာ တရားဝင် တင်ပေးဖို့ (ထိုင်းထောက်လှမ်းရေး ကို) တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ထိုင်းအစိုးရက တရားဝင် လုပ်ဆောင်ပေးတာ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။

DKBA တပ်သားများ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း မပြုလုပ်ရန် အမိန့် ထုတ်ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြုလုပ်ပါက ပြစ်ဒဏ်နှင့်အညီ ထိရောက်သော အရေးယူမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောလားပွယ်က ပြောဆိုသည်။

"မူးယစ်ဆေးဝါးတွေက ကျွန်တော်တို့ တပ်ထဲကမဟုတ်ဘူး" ဟုလည်း ဗိုလ်ချုပ် စောမိုရှေးက ဆိုသည်။

DKBA ၏ စစ်ဗျူဟာမှူး ဗိုလ်မှူး စန်းအောင်ကမူ တပ်ဖွဲ့နာမည်ကို အသုံး ချပြီး တပ်သားများ မူးယစ်ဆေးဝါး ရောင်းဝယ်သည်ကို လက်ပူးလက်ကြပ် ဖမ်းဆီးမိပါက ပြည်သူအများရှေ့တွင် သေနတ်ဖြင့် ပစ်သတ် အရေးယူမည် ဟု ဆိုထားသည်။

 
Copy from - The Voice Weekly

ဖုန်းခေါ်ဆိုမှု နှုန်းထားမှာ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံလျက်ရှိသည့် မိုဘိုင်းဖုန်း ခေါ်ဆိုခသည် များပြားလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏ ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ ဖြစ်သင့်ကြောင်း “ဆက်သွယ်ရေးက ဒါတွေကို သိပါတယ်။ သိပေမယ့် မလုပ်နိုင်ပါဘူး။

အဲ့ဒီအတွက် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး လုပ်ခိုင်းတာပါ။ သူတို့တွေကလည်း Service တွေကို အပြိုင်အဆိုင် ပေးသွားမှာပါ။ air time လို့ခေါ်တဲ့ ဖုန်းပြောဆိုခတွေကိုလည်း
ဈေးလျှော့ပေးသွားကြမှာပါ” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာအင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် နိုင်ငံတကာမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် Operator လုပ်ငန်းအား စိတ်ဝင် စားသည့် လျှောက်လွှာများ တင်ခဲ့ကြသည်။ အဆိုပါ လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ (၉၁)ခုမှ ဆန်ခါတင်ကုမ္ပဏီ (၁၂) ခုကို ရွေးချယ်ခဲ့သည်။

ဆန်ခါတင် ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၂ခုမှ Vodafoneနှင့် China Mobile ကုမ္ပဏီတို့ ပူးတွဲ လျှောက်ထားခြင်းကို အဆိုပါ ကုမ္ပဏီများက ပယ်ဖျက်ခဲ့၍ နောက်ဆုံးအဆင့် ဆန်ခါတင် အဆင့်တွင် ကုမ္ပဏီပေါင်း ၁၁ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ဆက်သွယ်ရေး Operator အဖြစ် ရွေးချယ်ခံရပါက ၂ နှစ်ခွဲအတွင်းတွင် မိုဘိုင်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်လာရန် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၂ထောင် ရင်းနှီးမြှုပ်နှံ ရမည် ဖြစ်ကြောင်း သိရသည်။

Myanmar ICT

ခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးပြော

ဓာတ်ပုံ-နန်းစုရတီစိုး ။ ဖေ့ဘုတ်စ်စာမျက်နှာ

ရန်ကုန်။ ။ ဇွန် ၁၇

ယခုရက်ပိုင်းဖေ့ဘုတ်စ် စာမျက်နှာတွင်ပျံနှံနေသောသတင်းမှာ ကောလဟလသာ
ဖြစ်ပြီး ရင်သားကိုခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးက Venus News Weekly သို.ယနေ. နေ.လည်ပိုင်းတွင်ပြောကြားသည်။

"ညီမခွဲစိတ်ပြုပြင်မူမလုပ်ထားပါဘူး၊ ဒီသတင်းဟာရယ်စရာကောင်းတဲ့ ကောလဟလသတင်း လို.ပဲထင်ပါတယ်၊ဒီလိုမြင်ကြတာလည်း
အချို.အင်္ကျီတွေမှာ ပိတ်သားမှာရင်ပုံခံတာတွေရှိတယ်၊အဲဒါကြောင့်ကြီးသွားတယ်
ထင်ပြီး သာမန်ရိုးရိုးဖက်ရှင်နဲ.ကျတော့ကွာသွားတာပေါ့နော်" ဟုဌင်းကဆိုသည်။

ဖေ့ဘုတ်စ်စာမျက်နှာတွင်အတည် မပြုနိုင်သောသတင်းဌာနများက မြန်မာမင်းသမီးများထဲမှပထမဆုံးရင်သားခွဲ စိတ်ပြုပြင်မူနန်းဆုရတီစိုးမှစတင် ခေါင်းစဉ်ဖြင့်ရေးသားနေပြီး ဂျပန်နိုင်ငံတွင်ခွဲစိတ်ပြုပြင်ခဲ့ကြောင်းပါရှိသည်။

Venus News Weekly

မလေး – မြန်မာ ဖက်စပ်ဇာတ်ကားအတွက် စရံယူပြီးမှ သရုပ်ဆောင်ဖို့ ပြေတီဦးငြင်း

နဒီထိုက်

မလေးရှားရောက် မြန်မာအလုပ်သမားတွေ အကြောင်း ပါဝင်တဲ့ “မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဆိုတဲ့ ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသားလုပ်ဖို့ ပြေတီဦးက စရံကျပ် သိန်း ၅၀ ယူထားပြီးမှ ရိုက်ဖို့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

“ကျနော် အဲဒီကားကို မရိုက်ဖြစ်တော့ပါဘူး။ အဲဒီကားကို ရိုက်ရင် ပရိသတ်တွေက လတ်တလောဖြစ်နေတဲ့ မလေးရှား ကိစ္စနဲ့ ပတ်သက်ပြီး အထင်လွဲမှာ စိုးလို့ပါ။ ဒါကြောင့် မရိုက်ဖြစ်တော့တာပါ” လို့ ဧရာဝတီကိုပြောပါတယ်။

မလေးရှား – မြန်မာ ပူးပေါင်းရိုက်ကူးမယ့် ဒီဇာတ်ကားကို ရိုက်ကူးဖို့ ပြေတီဦးက ငြင်းပယ်လိုက်တဲ့ အတွက် စီစဉ်သူ ကိုစတီးလ်နဲ့ မလေးရှားက ဒါရိုက်တာ တို့အတွက် အခက်အခဲတွေ ဖြစ်နေရကြောင်း သိရပါတယ်။

မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားကို ရှုတင်မန်နေဂျာ၊ ဇာတ်ညွှန်းရေးဆရာ စတီးလ်က စီစဉ်ခဲ့ပြီး မလေးရှားက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram က ရိုက်ကူးပုံဖော်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မြန်မာရုပ်ရှင် ဗီဒီယိုလောကမှာ ၂၇ နှစ်ခန့် ကျင်လည်လာသူ ကိုစတီးလ်က မလေးရှား နိုင်ငံကို ရောက်တိုင်း မြန်မာလူမျိုးတွေ အကြောင်း လေ့လာခဲ့ပြီး ဇာတ်လမ်းတပုဒ် ရေးသားထားခဲ့ကြောင်း၊ အဲဒီဇာတ်လမ်းကို ပရိုဂျူဆာ များစွာပြခဲ့ပေမယ့် မလေးရှား နိုင်ငံမှာ သွားရောက်ရိုက်ကူးရမယ့် ဇာတ်ကားဖြစ်နေတဲ့အတွက် ပရိုဂျူဆာတွေက ငြင်းဆိုခဲ့ကြောင်း၊ နောက်ဆုံး မလေးရှား အခြေစိုက် Shine Entertainment က ဟိန္ဒူ ဗုဒ္ဒဘာသာ R.perakas Rajaram နဲ့ တိုင်ပင်ပြီး မြန်မာနိုင်ငံက သရုပ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရန်တွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အခွေတွေကို မလေးရှား Shine Entertainment ကို ပေးပို့ခဲ့ကြောင်း၊ အဲဒီ သရုပ်ဆောင်တွေ ထဲကမှ ပြေတီဦး၊ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင် အစရှိတဲ့ သရုပ်ဆောင် တွေကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ကိုစတီးလ်က ပြောပါတယ်။

ဇာတ်ကားကို မြန်မာသရုပ်ဆောင်တွေနဲ့ မလေးရှားက အိန္ဒိယသရုပ်ဆောင်တွေ ပူးပေါင်း သရုပ်ဆောင်ကြမှာ ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ မလေးရှားကိုသွားပြီး ၁၅ ရက်လောက် အချိန်ယူ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

တချို့ဇာတ်ဝင်ခန်း တွေကိုတော့ မြန်မာနိုင်ငံ မှာလည်း ရိုက်ကူးမှာဖြစ်တယ်လို့ ပါဝင်သရုပ်ဆောင်မယ့် ဇော်ဇော်အောင်က ဆိုပါတယ်။

ဒီဇာတ်လမ်းကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ ၂ လလောက်က စတင်စီစဉ်ခဲ့ပြီး Shine Entertainment ဘက်က မြန်မာပြည်ကို လာခဲ့ကြောင်း၊ သရုပ်ဆောင် ပြေတီဦးကို ရိုက်ကွင်းအထိ လိုက်ပြီး စရံငွေ ကျပ်သိန်း ၅၀ ပေးခဲ့တဲ့ အကြောင်း၊ အားလုံး အဆင်ပြေချောမွေ့စွာနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ဇွန် ၁၆ မှာ ကျင်းပဖို့ စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်နေ့ ညဘက်ကျမှ ပြေတီဦးက အကြောင်းကြောင်းကြောင့် မရိုက်နိုင်တော့ပါဘူး ဆိုပြီး ငြင်းဆိုခဲ့တာကြောင့် ဇာတ်ကား ရှေ့ဆက်ဖို့ အနည်းငယ်ကြန့်ကြာ သွားနိုင်ကြောင်းနဲ့ အခက်အခဲတွေလည်း ကြုံတွေ့နေရကြောင်း ကိုစတီးလ်က ပြောပါတယ်။

“ကျနော်ပြောတာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျနော် ဒီဇာတ်ကားဖြစ်မြောက်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ကျနော်တို့ ရိုက်ကူးမယ့် ဇာတ်ကားက နှစ်နိုင်ငံ ပဋိပက္ခကို ရိုက်မှာ လုံးဝမဟုတ်ပါဘူး။ လူမျိုးရေး ဘာသာရေး အကြောင်း ရိုက်မှာ လုံးဝ မဟုတ်ပါဘူး။ မြန်မာ လူမျိုးတွေ ကိုယ့်နိုင်ငံမှာပဲ ကိုယ် အလုပ်လုပ်သင့်တယ် ဆိုတဲ့ မက်ဆေ့ခ်ျလေး ပေးချင်ရုံပါ။ ကျနော်တို့ ပြေတီဦးကိုလည်း အားလုံးပြောပြထားပြီး သူလည်း လက်ခံခဲ့ပြီးပါပြီ။ ၁၅ ရက်နေ့ ညကမှ ကပ်ပြီးတော့ မရိုက်နိုင်တော့ပါဘူး ဆိုပြီး ဖျက်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းကြောင်းကြောင့် လို့ပဲ ပြောတယ်။ ကျနော်က ဘယ်လို အခက်အခဲရှိလို့လဲဆိုတော့ သူက သူများနိုင်ငံမှာ သွားရိုက်ရင် အင်တာနက်ပေါ်မှာ လျှောက်ရေးကြမှာ စိုးတယ်လို့ ပြောပါတယ်” ဆိုပြီး သူက ရှင်းပြပါတယ်။

မင်းသမီး နဝရတ်ကတော့ အဲဒီဇာတ်ကားကို ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ရိုက်ကူးမယ့် အကြောင်း၊ မြန်မာပရိသတ် အတွက် အကျိုးပြုနိုင်မယ် ထင်လို့ ဆုံးခန်းတိုင်အောင် ရိုက်မယ့် အကြောင်း ပြောပါတယ်။

နဝရတ်ကို Shine Entertainment က ခေါင်းဆောင်မင်းသမီး အဖြစ် ရွေးချယ် ကမ်းလှမ်းလာတဲ့နောက် နဝရတ်က ဇာတ်လမ်းကို သေချာဖတ်ပြီး လက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလူမျိုးတွေအတွက် အသိနဲ့ သတိပေးနိုင်မယ့် ဇာတ်ကားမျိုး ဖြစ်တဲ့အတွက် ရိုက်ကူးဖို့ လက်ခံခဲ့ပြီး နဝရတ်ပိုင်ဆိုင်တဲ့ ငွေလမင်း ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကလည်း ကုန်ကျစရိတ်ကို တဝက်ကျခံကာ ပူးပေါင်းရိုက်ကူးမှာ ဖြစ်ကြောင်း နဝရတ်က ပြောပါတယ်။

“ဒီဇာတ်ကားကို နိုင်ငံခြားဒါရိုက်တာက ရိုက်မယ်ဆိုပြီးတော့ ကိုစတီးလ် (ခေါ်) ကိုဆာမိက ကျမဆီ ရောက်လာပါတယ်။ဇာတ်လမ်းကို သေချာဖတ်ပြီး သွားတာနဲ့ ရိုက်ဖို့ လက်ခံခဲ့ပါတယ်။ ဒီဇာတ်ကားဟာ မလေးရှား ဒါရိုက်တာက ရိုက်မယ် ဆိုပေမယ့် မြန်မာလူထု အားလုံးအတွက် အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ပေးနိုင်မယ်။ နိုင်ငံခြားမှာ သွားပြီးတော့ အလုပ်လုပ်ကြမယ့် သူတွေအတွက်အသိပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင်လည်း နယ်မှာ တောမှာ ရှိနေတဲ့ လူထုက သင်ခန်းစာ ယူနိုင်ကြမယ် ထင်ပါတယ်။ နဝရတ်တို့ မြန်မာလူမျိုးတွေ အတွက် အခုလိုမျိုး အခွင့်အရေး ရဖို့ မလွယ်ပါဘူး” လို့ နဝရတ်က ဆက်ပြောပါတယ်။

ဒီဇာတ်လမ်းဟာ စက်ရုံကြီး တခုမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလည်း ဖြစ်သလို၊ ဖြစ်ရပ်မှန် ဇာတ်ကားတွေကို ရိုက်ဖို့ စိတ်ဝင်စားတဲ့ နဝရတ်ကတော့ လုံးဝ လက်မလွှတ် နိုင်ပါဘူးလို့ သူက ဆိုပါတယ်။

“ပြီးတော့ မြန်မာပြည်မှာ ရှိနေတဲ့ ၇ ရက်သားသမီးတွေ အတွက် အခုလိုမျိုး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ နဝရတ် စွန့်စွန့်စားစား သွားရိုက်မှာပါ။ မြန်မာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရနေတဲ့၊ ဗုဒ္ဓဘာသာ အမျိုးသမီးတယောက် အနေနဲ့ ဘာအန္တရာယ်မှလည်း ဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကားကို ဆုံးတဲ့အထိရိုက်ပြီး ပရိသတ်ကို တာဝန်ကျေအောင် ကြိုးစားပါမယ်လို့လည်း ကတိပေးပါတယ်” လို့ နဝရတ်က ဧရာဝတီကို ပြောပါတယ်။

“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီ ဝါဝါအောင်ကလည်း ဒီဇာတ်ကားမှာ မြန်မာ အလုပ်သမားတွေကို နိုင်ငံခြားပို့ပေးရတဲ့ ဗီလိန် ဇာတ်ရုပ်က သရုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ကျရာ နေရာကနေ သရုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားမှာ လူမုန်းစရာ ပွဲစား မိန်းမကြီးနေရာက သရုပ်ဆောင်ရပေမယ့် မြန်မာ ပရိသတ်အတွက် သင်ခန်းစာတွေ အများကြီး ပေးနိုင်မယ့် ဇာတ်ကားပါ။ ပရိသတ်တွေ အတွက် ဒီဇာတ်ကားကို ရိုက်ဖြစ်အောင် ရိုက်မှာပါ။ ပရိသတ် တွေကလည်း လက်ခံပြီး ကြည့်ပေးစေချင်ပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်မယ့် ဇော်ဇော်အောင်ကလည်း မနှစ်က မလေးရှားနိုင်ငံက အနုပညာရှင်တွေ မြန်မာ Location နဲ့ ဇာတ်ကား တကားလာရိုက်စဉ်က သူတို့ ဇာတ်ရန်အနေနဲ့ ဝင်ကူဖူးတယ်၊ အခု မလေးမှာ မြန်မာတွေက သွားရိုက်မယ် ဆိုတော့လည်း ထပ်ပြီး ပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားက မလေးမှာ အလုပ်သွားလုပ်ရင်း အခက်အခဲတွေ၊ ဒုက္ခတွေ ရောက်ကြရတဲ့ အဖြစ်မှန်လေးတွေကို ရိုက်မှာဆိုတော့ မြန်မာ ပရိသတ်တွေ အတွက်လည်း သင်ခန်းစာ ပေးနိုင်မယ်ထင်ပါတယ်” လို့ ဇော်ဇော်အောင်က ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကား ဖြစ်မြောက်ဖို့အတွက် ငွေလမင်း ထုတ်လုပ်ရေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ နဝရတ်ရဲ့ မိခင် တချိန်က မင်းသမီးကြီး ဒေါ်အေးမြစိမ်းကလည်း အားတိုက်အင်တိုက် ပါဝင်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ သူကိုယ်တိုင် ၂ နှစ်လောက် သွားရောက်နေထိုင်ခဲ့ဖူးတဲ့ အတွက် ဒီဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့လည်း ဒေါ်အေးမြစိမ်း က ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း


Monday, June 17, 2013

ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန်မှာ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံက လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊ တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံက တင်သွင်းတဲ့ တရားမဝင်ဆေးဝါးတချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ကို နေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကလေးနဲ့ တမူးဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ လက်နက်မှောင်ခိုမှုတွေနဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာတွေ များပြားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေကတော့ ဒီလိုဥပဒေမဲ့လုပ်ဆောင်နေတဲ့ ရဲစခန်းတွေကို ဆက်လက်အရေးယူဖို့ရှိတယ်လို့ ဆိုပါတယ်။

RFA Burmese

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

Monday, June 17, 2013

ရန်ကုန်၊ ဇွန် ၁၆

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိသော်လည်း ကျောင်းမတက်နိုင်သေးသော ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော် အတွက် ရခိုင်ပြည်နယ် မြို့နယ် ငါးခုတွင် ယာယီ စာသင်ကျောင်းများကို UNICEFက အကုန်အကျခံ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာယီ စာသင်ကျောင်းများတွင် သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အလုပ်သင် ဆရာ၊ ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့မှုများလည်း ပေးသွား ရန် ရှိကြောင်း၊ ယင်း စာသင်ကျောင်းများတွင် ကျောင်းသား တစ်ဦးကို တစ်နေ့လျှင် နှစ်နာရီသာ သင်ကြားပေးမည်ဖြစ်ကြောင်း UNICEF အရေးပေါ် ပညာရေး ထောက်ပံ့မှု တာဝန်ခံ Ms. Mary Ombaka က ပြောကြားသည်။

ယခုလ ၂၈ ရက်နေ့တွင် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များရှိ ယာယီ စာသင်ကျောင်းများကို အပြီးသတ်သွားမည်ဖြစ်ပြီး စစ်တွေမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း ဆောက်လုပ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနထံမှ သိရသည်။

"ကျောင်းပညာရေး စနစ်ကနေ နှစ်ဖက် အဖွဲ့အစည်းတွေကို ပြန်လည် စေ့စပ် ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်" ဟု ရခိုင်ပြည်နယ်တွင် အခြေစိုက်သော OCHA ရုံးချုပ်မှ တာဝန်ရှိသူ Ms. Barbara Manzi က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီး သွားသော စာသင်ကျောင်း သုံးကျောင်းကို ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လတွင် စတင် ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ် တစ်ခုလုံး စာသင်ကျောင်း နှစ်ထောင့် ခုနစ်ရာ ကျော်ရှိပြီး ကျောင်းသား ဦးရေ ငါးသိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သည်။

The Voice Weekly

လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်

Kyaw Ko Kyaw shared Aye Chan Mon's photo.

18/6/2013

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ
ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံမူးအောင် သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွားလမ်းတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊
စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများအတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့သည်။

ThanLarWaddy Times

အေးချမ်းမွန် Copy & Credit To >Myanma Light < Thank

"မျိုးစောင့်ဥပဒေကိုလက်မခံနိုင် ကြောင်းအမျိုးသမီးအဖွဲ.(၈)ဖွဲ.နှင့်တ-က-သ မှကြေငြာချက်ထုတ်"

John Than shared Baydar Lam's photo.


အမျိုးသမီးတဦးလက်ထက်ဖို့ကိစ္စဟာကျွန်မတို့အမျိုးသမီးတွေနဲ.ပဲပိုပြီးသက်ဆိုင်မယ်လို့ထင်ပါတယ်။ကျွန်မတို့ရဲ.သဘောထားကလည်းအရေးကြီးတယ်လို့ထင်လို့ဒီကြေငြာချက်ကိုထုတ်တာပါ။ဒီမျိုးစောင့်ဥပဒေဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတန်းအပိုဒ်(၁၆)ကို ချိုးဖောက်တာဖြစ်တဲ့အတွက်လက်မခံနိုင်ကြောင်း၊စိုးရီမ်စရာကောင်းတာက ဘာသာရေးမှာသြဇာရှိတဲ့ဆရာတော်တွေကဝင်ရောက်စွက်ဖက်လာတာဟာကျွန်မတို့ လူ့အဖွဲ.အစည်းအတွက်မကောင်းတဲ့ကိစ္စလို့မြင်ပါတယ်ဟု အမေရိကန်ပြည်ထောင်စုမှချီးမြှင့်သောအမျိုးသမီးသတ္တိရှင်ဆုရ မဇင်မာအောင်(RAINFALL-အမျိုးသမီး)အဖွဲ.နှင့် RFA မှ ကိုနေရင်ကျော်တို့၏တွေ.ဆုံမေးမြန်မးခန်းမှကောက်နုတ်တင်ပြပါသည်။၁၇-၆-၂၁၀၃မှ
မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရန် ကြိုးပမ်းမှုနှင့် ပက်သက်၍ သဘော ထား ထုတ်ပြန် ချက်

ရက်စွဲ ။ ။ ဇွန်လ ( ၁၆)ရက် ၊ ၂၀၁၃ ခုနှစ်
တနင်္ဂနွေနေ့

၁) ၂၀၁၃ ခုနှစ် ဇွန်လ (၁၃)ရက် နေ့ တွင်ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိ နှိုင်း ပွဲမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ဘာသာခြား နှင့် အိမ်ထောင်ပြုခြင်း ကို ကန့်သတ်သည့် ဥပဒေမူကြမ်း ကို တရားဝင် အတည်ပြုနိင်ရေး အတွက် လွှတ်တော် ကိုတင်ပြ မည့် အစီအစဉ် ကို ကြေညာခဲ့သည်။

၂)၄င်းကဲ့ သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစား မှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ -- အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်ခြင်းဖြစ် သည်။

၃)အမျိုးသားရေး နှင့် ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ် ကို အခြေခံသော မျိုးစောင့်ဥပဒေ အယူ အဆ သည် လူတစ်ဦးချင်းလွတ်လပ် မှု အခွင့် အရေး ကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သ ကဲ့ သို့၊ လူ တစ်ဦး (သို့မဟုတ်) အမျိုး သမီး တစ်ဦးချင်းစီ ၏ ပုဂ္ဂလ ရွေးချယ် မှု အပေါ် စွက်ဖက် ထိမ်းချုပ်ခြင်းလည်းဖြစ်သ ဖြင့် လက်ခံ နိုင်ဖွယ် မရှိချေ။

၎) ဤ အမျိုးစောင့် ဥပဒေ ကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့၏ ပုဂ္ဂလိ က လွတ်လပ်မှု ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့် အပြင် ၊ အမျိုးသမီး တို့ ၏ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကားခြင်းလည်းဖြစ် သည်။

၅)လက်ရှိ မြန်မာနိင်ငံ ၏အသွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာ သော လူတစ်စု ၏ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား -မ မရွေး ၊ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ၊ ဒီမိုကရေစီ အင်အားစု အားလုံး အပါအဝင် ပြည်သူ တစ်ရပ်လုံး မတူ ကွဲ ပြား သည့် ဖြစ် တည် မှု များ ကို အပြန် အလှန် လေး စား တတ် သည့် အလေ့ အထ ကို မွေး မြူ ရင်း ၊ ညီညွတ်ကြရမည့် အချိန်ဖြစ်သည်။

၆) မျိုးစောင့် ဥပဒေ ကို သာ အတည်ပြုခဲ့ ပါ က ဗုဒ္ဓဘာသာ သည် အခြား ဘာသာဝင်များ နှင့် ရော စပ် ယှဉ် တွဲ နေထိုင်ရန် ယုံ ကြည် မှု ကိုယ်ခံ အား နည်း သော ၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံ ခံစား နေ ရသော ဘာသာ ၊ သာသနာ ဖြစ် သည် ဟု ဆိုလို ရာရောက်ပေလိမ့်မည်။

၇) ဤသို့သော ၊ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ၊ နိင်ငံရေး ၊ ဘာသာရေး နှင့် စိတ်ပညာ အမြင် များကို အခြေခံ ၍ - မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချ ပြီး၊ ဗုဒ္ဓဘာသာ ဝင် အမျိုးသမီး ထု အနေဖြင့် မိမိ တို့ လွတ်လပ်မှု ကိုစွက်ဖက် ထိမ်းချုပ်လိုသော ၊ အမျိုးသမီး ထု ၏ ဆင်ခြင်တုံ တရား ကို ထိပါး စော် ကား သော ဤ မျိုးစောင့်ဥပဒေ ကို ညီညွတ်စွာ ဆန့်ကျင် ကြပြီး၊ ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဒီမို ကရေစီ အသွင်ကူးပြောင်း မှု ကို နှောက်ယှက် ဟန့်တား လိုသော မသမာ သူ တစ်စု ၏ မရိုးဖြောင့်သော နည်းပရိယာယ် ကို အစဉ် မပြတ် သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

၈) ယခု ကြေညာချက် ကို လွတ်လပ်မှု့ နှင့် လူသား ၏ ဆင်ခြင်တုံ တရား ကို လေးစား တန်ဖိုးထား မြှင့်တင်လို သော မည့်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီး မဆို မိမိ တို့ နှင့် သဘောထား တူ မျှ ပါက လွတ်လပ်စွာ ဖြန့် ဝေ ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ပါသည်။

{ RAINFALL - အမျိုးသမီး အဖွဲ့ }
{အက္ခရာ အမျိုးသမီးအဖွဲ့ }
မနန့်သဇင်မင်း ( Colourful girls )
KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့
ဖန်တီးအိမ် - Phan Tee Ein ( Creative Home)
၈၈ - မျိုးဆက် ( အမျိုးသမီး အဖွဲ့)
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ-က-သ)
Triangle Women Support Group

လားရှိုး မြို့  မငြိမ်သက် မှု တွင် မွတ်ဆလင် ဘာသာဝင် များ ကို ခိုလှုံ ခွင့်ပေး ခဲ့ သည့် မန်ဆူ ရှမ်းကျောင်း ကို အလှု ငွေ များ လှုဒါန်း




ဓား တ ၀င့် ၀င့် နဲ့  လိုက် လာ တဲ့ ဆိုင်ကယ် အုပ်စု ရဲ့  အန္တရယ် က လွတ်အောင် ပြေး ခဲ့ ရသူ တွေ ၊ မီးလောင် နေတဲ့ နေ အိမ် က ရ ရာ လေး စွဲ ပြီး ထွက် ပြေး ခဲ့ ရသူ တွေ ၊ ကလေး တစ်ဖက် နဲ့  သား သည် အမေ အစ္စလာမ် ဘာသာ ၀င် တွေ ကို ခို လှုံ ခွင့် ပေး ခဲ့ တဲ့ လားရှိုး မြို့  က သီရိမင်္ဂလာ မန် ဆူ ရှမ်းကျောင်း ဆရာ တော် ဘဒ္ဒန္တပုညနန္ဒ ကို ဗုဒ္ဓ သာသနာ ပြန့်  ပွား ရေး မှာ သုံး ဖို့  အစ္စလာမ် ဘာသာ ၀င် တွေ က ငွေ ကျပ်
သိန်း နဲ့  ချီ ပြီး လှု ဒါန်း ခဲ့တယ် လို့  FNG က သိရ ပါတယ်။

မေလ ၂၉ နဲ့  ၃၀ ရက်နေ့  တွေ ဖြစ်ပွား ခဲ့ တဲ့ လားရှိုး ဘာသာရေး အကြမ်း
ဖက် မှု မှာ ဆရာ တော်က ခိုကိုးရာ မဲ့ မွတ် ဆ လင် ဘာသာ ၀င် တစ်ထောင် ကျော် ကို ကျောင်း တိုက် ထဲ မှာ ခို လှုံ ခွင့် ပေး နဲ့  ကျွေးမွေး
စောင့်ရှောက် မှု ပြု ခဲ့ ပါတယ်။

တော ထဲ နဲ့  တောင် ယာ ခင်း တွေ ထဲ ထွက် ပြေး သွား သူ တွေ ကို လည်း
ဆရာတော် က ခေါ် ယူ ပြီး စောင့် ရှောက် ခဲ့ ပါတယ်။

ဆရာ တော် အား ပြည်တွင်း ရှိ မွတ် ဆလင် ဘာသာရေး အဖွဲ့  များ နှင့်
လူ ပုဂ္ဂို လ် များ က ကျပ် ငွေ သိန်း ၂၀ ကျော် လှု ဒါန်း ခဲ့ ကြသည်။

လားရှိုး မငြိမ် သက် မှု တွင် လူတစ် ဦး သေဆုံး ပြီး ဘာသာရေး အဆောက်
အဦ တစ်ခု ၊ မိဘမဲ့ ကလေး ဂေဟာ တစ်ခု နှင့် နေ အိမ် ၊ ဆိုင် ခန်း နှင့်
သယ် ယူ ပို့  ဆောင် ရေး ယာဉ် များ ပျက် စီး ခဲ့သည်။

Myanmar Typing ကျင့်ချင်သူများအတွက်


===========================
ဒါလေးက တစ်ချို့တွေအတွက်တော့ အသုံးဝင်နိုင်ပါတယ် ၊ English Typing အတွက်ဆော့ဝဲလ်တွေအများကြီးရှိပေမဲ့ မြန်မာ Typing အတွက်ကတော့တော်တော်လေးရှားပါတယ်
မြန်မာစာ လေ့ကျင်ချင်သူတွေအတွက် အသုံးဝင်မှာပါ
ဒီဟာလေးက Flash နဲ့လုပ်ထားတာဖြစ်လို့ ဖိုင်ဆိုဒ်က အင်မတန်မှသေးငယ်လွန်းပါတယ်
ဘာမှသွင်းစရာမလို double Click နှိပ်ပြီး သုံးနိုင်ပါတယ် ။

Size - 1 MB

http://www.aungkyaw.net/2013/03/myanmar-typing.html
Myanmar Typing ကျင့်ချင်သူများအတွက်
===========================
ဒါလေးက တစ်ချို့တွေအတွက်တော့ အသုံးဝင်နိုင်ပါတယ် ၊ English Typing အတွက်ဆော့ဝဲလ်တွေအများကြီးရှိပေ
မဲ့ မြန်မာ Typing အတွက်ကတော့တော်တော်လေးရှားပါတယ်
မြန်မာစာ လေ့ကျင်ချင်သူတွေအတွက် အသုံးဝင်မှာပါ
ဒီဟာလေးက Flash နဲ့လုပ်ထားတာဖြစ်လို့ ဖိုင်ဆိုဒ်က အင်မတန်မှသေးငယ်လွန်းပါတယ်
ဘာမှသွင်းစရာမလို double Click နှိပ်ပြီး သုံးနိုင်ပါတယ် ။

Size - 1 MB

http://www.aungkyaw.net/2013/03/myanmar-typing.html

@ ကာတာရောက် ဒုက္ခအိုးများ ဘဝ

  •ှQLG ကိုနောက်ထပ် ထပ်မလာကြပါနဲ. ရွှေမြန်မာ တွေ ကြိုသတိပေးတာပါ နောက်မှနောင်တတွေရကြမှဆိုးလို.ပါ နောက်ထပ်ရောက်မဲ.သူတွေရှိတယ်ဆိုတာ အသံကြားတော. ရင်ထဲတောင်မကောင်းဘူး မအူမလည်နဲ. ကိုယ်တွေတုန်းကလိုပဲ ဘာဖြစ်ဖြစ် ဆိုရင်တော. အေးဂျင်.ကိုပိုက်ဆံလက်မလွန်သေးဘူး ဗီဆာမရသေးဘူးဆိုရင် မလာကြပါနဲ. အမှန်တစ်ကယ်ဆို အေးဂျင်. ကို ပိုက်ဆံ အများဆုံး ၃ သိန်းထက်မပိုပါဘူး ဘာလို.လဲဆိုတော. ကုမ္မှဏီက အေးဂျင်.ကို အလုပ်သမားရှာဖို. တစ်ယောက်ကို ၅ သိန်းနီးပါးပေးထားပြီးသားပါ ကိုယ်လိုချင်တဲ. position ကို အားမနာပါနဲ. အေးဂျင်.ပြောတိုင်းလဲမယုံပါနဲ. ရရာနဲ.တော. ဒီ QLG ( Qatar Luxery Group ) ကိုမလာပါနဲ. တစ်ကယ်မကောင်းပါဘူး ဗျာ ကုမ္မဏီအရမ်းကောင်းပါတယ် ( ကာတာ နိင်ငံပိုင် စီးပွားရေးလုပ်ငန်းစုကြီးပါ ကာတာဘုရင်မရှယ်ရာအများဆုံးပါပါတယ် ) ဒါပေမဲ. လူနည်းစုဖြစ်တဲ. အဂံလန်နိင်ငံသားတွေရဲ.ခြယ်လှယ်မှု.အောက်မှာ အခြေခံအလုပ်သမားတွေ လစာနည်းခြင်း အလုပ်ချိန် တစ်နေ. ၁၂ နာရီ ဆားဗစ် money မရှိပါဘူး တစ်ပါတ် တစ်ရက်ပိတ်ရက် အပြင် တစ်မန်းနီးက နှစ်လပေါင်းမှ ၃၀၀ လောက်ပဲရပါတယ် တစ်ယောက်တစ်မျိုး အရူးထပြီး အချိန်အမျိုးမျိုး ပလန်အမျိုးမျိုး ပါးစပ်ထဲရှိတိုင်း ဆွဲတာမို.လို. မလာစေချင်တာပါ ၀န်ထမ်း စာ မကောင်းပါ ၊ နားနေခန်း မရှိပါ ၊ လော်ကာမရှိပါ အဆောင်ကောင်းပါတယ် မြန်မာဆိုနှိမ်ပါတယ် ဘယ်လိုဖြစ်ဖြစ် လုပ်မယ်ဆိုတဲ.သူတွေဆိုရင်တော. မတားပါဘူး ကိုယ်.သမိုင်းနှင်.ကိုယ်ပါ တစ်ကယ်ကြုံတွေရတဲ.သူတွေရဲ. ခါးသီးတဲ.ကိုယ်တွေ.တွေဖြစ်တာကြောင်.ပြန်လည်မျှဝေတာပါ တစ်ခုပြောချင်တာက TLE မှ ပုဂ္ဂိုလ်များ မိမိ ငွေရရင်ပြီးရောဆိုပြီး ကိုယ်.ကို ယုံကြည်လို. အလုပ်လာအပ်တဲ. မြန်မာအချင်းချင်းအပေါ် မရက်စက်ပါနဲ. မလိမ်ပါနဲ. နှစ်ဖက်ခွမစားပါနဲ. 
    ခင်ဗျားတို. လုပ်တာ များနေပါပြီ ကျွန်တော်တို. မြန်မာလူ ၅၀ နီးပါနဲ.တင် တစ်ယောက် ၆ သိန်း နဲ. ခင်ဗျားတို. တော်တော်ခိုင်နေပါပြီ နာမည်တွေတပ်မပြောချင်ဘူးဗျာ နောက်လာမဲ.သူတွေကို ဒီဒုက္ခတွင်းထဲတော. ထိုးမထည်.ပါနဲ. မက်နဲ. ခင်ဗျားတို.ဘယ်လိုနားလည်မှု.လဲဆိုတာတော.မသိဘူး ကျနော်တို.ကတော.နောက် ရွှေတွေမလာစေချင်ဘူး တစ်ခြားနိင်ငံတွေတစ်ပုံကြီးပါဗျာ တစ်ခြားဂွင်တွေနဲ.လုပ်စားပါ 
    အိုတီကြေးပါမရပါ သတင်းအတိအကျသိချင်တဲ.သူတွေကတော. 

    universalguesi@gmail.com

    linnhtetthu89@gmail.com 

    nyanwinhtet.love@gmail.com

    Sithu linn ( face book ) 

    popularsexykoko99@gmail.com 

    thetswe137@gmail.com များသို. တိုက်ရိုက်ဆက်သွယ်ပြီးအသေးစိတ်မေးမြန်းနိင်ပါတယ်

    ( TLE အေးဂျင်.တည်နေရာကတော. ရန်ကင်းစင်တာ အနီးနား ဒိုရာဓါတ်ပုံတိုက်ရှေ. တည်.တည်.) 

    @ ကာတာရောက် ဒုက္ခအိုးများ