This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 30, 2012

လက်ပန်တောင်းတောင်သပိတ်စခန်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ဖြိုခွင်း



လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုနေသည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃း၀၀ အချိန်တွင် အာဏာပိုင်များမှ မီးလောင်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့ပါသည်။ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် သပိတ်စခန်းအတွင်းရှိ သံဃာတော်များနှင့်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သပိတ်စခန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင် ရောက်ရှိနေပြီး အာဏာပိုင်များနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း သိရှိရပါသည်။
 
ဓါတု လက်နက်စွဲခြင်းမရှိဟု သမ္မတရုံး ငြင်းဆို

မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်စခန်းများကို ဖြိုခွင်း ရာတွင် ဓါတုလက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေသည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည
်ကိုမူ သိထားပြီး ရဲတပ်ဖွဲ့သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက်နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

နိင်ငံတကာ၏ တုံ့ပြန် ပြောဆိုမှုများကို စောင့်ကြည့်နေသည်ဟု ၄င်းကဆိုသည်။
တဆင့်-The Voice Weekly
မုံရွာဆေးရုံတွင် ဆေးကုသခံနေသူ သံဃာတော်များနှင့် ဒေသခံများ
 
အခုနောက်ဆုံးကြားရတာကတော့ သံဃာတော် ၆ ပါး ပျံတော်မူသွားပြီလို့ ကြားရပါတယ်။ လမ်းတွေကပိတ်ထားတဲ့အ တွက် အပြင်ထွက်ပြီး အတည်ပြုချက်ရဖို့ ခက်နေပါတယ်”

ဆက်လက်ရရှိတဲ့သတင်းတွေကို ထပ်မံတင်ပြသွားပါမည်
 
စာပေဝေမျှသူ ( မော်နီကာ)

{ အား(၈)မျိုး }


လောကကြီးမှာ လူတိုင်း လူတိုင်း အားသာချက် ၊အားနည်းချက်ဆိုတာ ရှိကြပါ တယ်။ အဲတာကို သိချင်လို့ ကျွန်တော်စာအုပ် လိုက်ဖတ်တယ် အဲဒီမှာ အား (၈) မျိုးကို သွားတွေ့ တယ်ဗျာ့ မိတ်ဆွေတို့ သိအောင် တင်ပြလိုက်ပါတယ် -

အား(၈)မျိုး -

၁။ ရုဏ္ဏဗလာဒါရကာ = သူငယ်တို့၏ အားကား ငိုခြင်း ။။

၂။ ကောဓဗလာ = မိန်းမတို့၏ အားကား အမျက်ထွက်ခြင်း။။

၃။ အာဝုဓဗလာစောရာ = ခိုးသူဓားပြတို့၏ အားကား လက်နက်ဖြစ်ခြင်း။။

၎။ က္ကုဿရိယဗလာရာဇာနော = ဘုရင်မင်းမြတ်တို့၏ အားကား အစိုးရခြင်း။။

၅။ ဥဇတ္တိဗလာဗာလာ = သူမိုက်တို့၏ အားကား ကဲ့ရဲ့ခြင်း။။

၆။ နိဇ္ဈတ္တိဗလာပဏ္ဍိတာ = ပညာရှိတို့၏ အားကား သတိထားခြင်း။။

၇။ ပဋိသင်္ခါနဗလာဗဟုဿုတာ = အကြားအမြင်များသော ပုဂ္ဂျိလ်တို့၏ အားကား အရာရာ၌ ကောင်းစွာဆင်ခြင်ခြင်း။

၈။ခန္တီဗလာသမဏဗြဟ္မဏာ = ၇သေ့ရဟန်းတို့၏ အားကား သီးခံခြင်း ဖြစ်သည်။

အရှင်တေဇ၀န္တ(စလင်း)၏ သေမင်းကို ဘယ်လိုရင်ဆိုင်မလဲ စာအုပ်မှ
ကောက်နုတ် ပူဇော်ပါသည်။

You'realways Onmymind

ခေါင်းဆောင် မတင်ထိုက်သူများ 6 မျိုး


“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။


၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မ တစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့ကဘာမှ သိ တာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ် သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်း တာ ဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲ ဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင် တင်မိရင် လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ရမယ်၊ ငါပြီး မှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာ မဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက် ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက် ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ေ ကာင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။


(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်....)

{ စိတ်ဓာတ်အားနည်းခြင်း (၂၅) မျိုး }


စိတ်သည် အလွန်လျှင် သိမြင်နိုင်ရန် ခဲယဉ်းခြင်း၊ သိမ်မွေ့နူးညံခြင်း၊ ဟိုပြေးသည်ပြေးတပြေးတည်းပြေးလျက်ရှိခြင်းး ၊အလွန်လှုပ်ရှား လျှင်မြန်သော သဘောရှိခြင်း၊ ထိန်းချုပ်ရန်ခဲယဉ်းခြင်းး ၊ လျှပ်ပေါ်လော် လည်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သောကြောင့်စိတ်၏ ယောက်ယက်ခတ်မှု သဘောကိုမထိန်းချုပ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ စိတ်ကို မထိန်းချုပ် နိုင်သောအခါ စိတ်ဓာတ်အားနည်းခြင်းဖြစ်လာ၏ ။

စိတ်ဓာတ်အားနည်းးခြင်းး(၂၅)မျို

၁။ဒေါသထွက်ခြင်းး

၂။သဝန်တိုခြင်း

၃။သူတပါးကျေးဇူးကိုဖျက်ဆီးတတ်ခြင်း

၎။ကောက်ကျစ်ခြင်းး

၅။သီလကိုဖျက်ဆီးခြင်း

၆။အလွန်အမင်းစိတ်ကြီးဝင်ခြင်း

၇။မေ့လျော့ခြင်း

၈။ငိုက်မျဉ်းခြင်း

၉။(အဆွေ)ခင်ပွန်းယုတ်နှင့်ပေါင်းခြင်း

၁၀။အသံ၌ တပ်မက်လွန်းခြင်း

၁၁။အရသာ၌ တပ်မက်လွန်းခြင်း

၁၂။မက်မောလွန်းခြင်း

၁၃။အနံ၌ တပ်မက်လွန်းခြင်း

၁၄။မွတ်သိပ်ခြင်း

၁၅။အတွေ့၌ တပ်မက်လွန်းခြင်း

၁၆။ပျင်းရိခြင်း

၁၇။ငေးမောခြင်း

၁၈။မာန်ယစ်ခြင်း

၁၉။မာနဝင်ခြင်း

၂၀။မိုက်မဲခြင်း

၂၁။လှည့်ပတ်ခြင်း

၂၂။ငြူစူခြင်း

၂၃။ချုပ်ချယ်ခြင်း

၂၄။ရန်ငြိုးဖွဲ့ခြင်း

၂၅။တရားဓမ္မ၌ မမွေ့လျော်ခြင်း ............ ဟူ၍ ဖြစ်ပေသည်။

ထို(၂၅)မျိုးတွင် တမျိုးအကျုံးဝင်လျင် ထိုသူသည် စိတ်ဓာတ်အားသူပဲဖြစ် သည်။ မိမိစိတ်ကို ထိန်ချုပ်နိုင်အောင် ကျိုးစားခြင်းသည် ဗုဒ္ဓ၏အလိုကျ လိုက်နာကျင့်သုံးခြင်း ဖြစ်ပေသည်။

ref;You'realways Onmymind

****လင်ယူပက်စက်ကျလွန်းလို့***မျိုးဇာတိဂုဏ်အိမ်တိုင်းလုံးဘို့**အပိုင်း(၇)


အခုခေတ်မှာဗုဓ္ဓဘာသာမြန်မာအမျိုးသမီးလေးတွေ
လင်ယူတဲ့နေ၇ာမှာစည်းကမ်းမရှိပဲလူမျိုးခြားဘာသာခြားတွေနဲ့
အိမ်ထောင်ပြူနေကျတာတွေ၇ှိပါတယ်ဘာသာခြားဆိုတာ
ဘု၇ားအပေါ်ကြည်နိုနိုင်မဲ့သဒ္ဓါတ၇ား၊တ၇ားအပေါ်ယုံကြည်နိုင်မဲ့
သဒ္ဓါတ၇ား၊သံဃာအပေါ်ဆည်းကပ်နိုင်မဲ့သဒ္ဓါတ၇ား
၇ှိဖို့ဆိုတာမလွယ်ကူလှပါဘူးဗျာ။
   ဘာလိုလဲဆိုတော့သူတို့မှာယုံကြည်မြတ်နိုးစ၇ာသီးခြား
ဘာသာတစ်ခု၇ှိနေလို့ပါပဲ။သူဘာသာကတခြား၊ကိုယ့်ဘာသာက
တစ်မျိုးဆိုတော့သဒ္ဓါတ၇ားတူမျှဘို့ဆိုတာဘယ်လိုမှ
မဖြစ်နိုင်ပါဘူး။သဒ္ဓါတ၇ားခြင်း မတူမျှတော့ဘ၀အတွက်
အေ၇းကြီးလှတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ဘို့၇ာ
အခက်ခဲတွေတွေ တွေ့၇တတ်ပါတယ်။ဘယ်လိုအခက်ခဲမျိုးတွေလဆြို၇င်
မမိကဗုဒ္ဓဘာသာမြန်မာအမျိုးသမီးမို့ဘု၇ားသွားကျောင်းတတ်
လုပ်ချင်တယ်ဥပုသ်သီလစေဆောက်တည်ချင်တယ်။
ဆွမ်းတော်ပန်းတော်ကပ်ချင်တယ်သံဃာတော်တွေကိုဆွမ်းလောင်းချင်တယ်
အဲဒိတော့မိမိယူထားတဲ့ယောင်္ကျားကဘာသာခြားဖြစ်နေတော့
ဒီလိုဗုဒ္ဓဝေယျာဝစ္စ၊သံဃာ့ေ၀၇ာဝေစ္စတွေကိုထပ်တူထပ်မျှ
ပြုလုပ်ဘို့ဆိုတာမလွယ်ကူလှပါဘူး။
       ဘာသာခြားနဲ့မ၇ခင်အပျိုစင်ဘ၀တုန်းကမင်းလည်းမင်းကြိုက်တဲ့ဘာသာ
ကိုးကွယ်၊ငါလည်းငါကြိုက်တဲ့ဘာသာကိုးကွယ်မယ်ဆိုပြီကတိစကားတွေ
ဆိုကြပေမဲ့တကယ်တမ်းအိမ်ထောင်ပြုပြီးတဲ့အခါဘယ်ဘာသာခြား
ယောင်္ကျားကမှအိမ်ဦးခန်းမှာဗုဒ္ဓ၇ုပ်ပွားတော်ကြီးကိုထားပြီးမိန်းမကို
ကိုးကွယ်ခိုင်းမှမဟုတ်ဘူး။ထမင်းဟင်းကိုလဲသံဃာတော်တွေကို
သဒ္ဓါကြည်ဖြူစွာဖေးမကူပြီးလှူဒါန်းခိုင်းမှာမဟုတ်ပါဘူး။
   အဲဒိတော့မင်းလည်းမင်းကြိုက်တဲ့ဘာသာကိုးကွယ်ငါလည်ငါကြိုက်တဲ့ဘာသာ
ကိုးကွယ်ဆိုတဲ့စကားတွောလူမျိုးခြားတွေ၇ဲ့မာယာတစ်မျိုးလိုပဲပြော၇မှာပါ။
 ပထမညားခါစကဟုတ်မလိုလိုဘာလိုလိုနဲ့အချိန်လေးကြာလာတာနဲ့အမျှ
အနုနည်းအကြမ်းနည်းအမျိုးမျိုးသောနည်းပ၇ိယ်ာယ်တွေနဲ့
ကလိမ်ညာဏ်ဆင်ပြီဆွဲဆောင်သွားလိုက်တာနောက်ဆုံးအဲလူမျိုးခြား
ဘာသာခြားအသိုင်းဝိုင်းမှာခြားထဲမှာပဲဘ၀ကိုစုံစုံမြုပ်မြုပ်သွား၇တော့တာပါပဲ။
   နောက်ဆုံးသူနဲ့ကိုယ်နဲ့အကောင်းဆက်ပေါင်းဖက်လို့မွေးလာတဲ့ကလေးတွေ၇ဲ့ဘကိုလည်ူ
ပြန်စဉ်းစားကြည့်ပါအုံး။ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ၇ဲ့ထုံးတမ်းအစဉ်လာအ၇သားလေးအ၇ွယ်ေ၇ာက်လို့
သ၇ဏ၈ုံပီပီသသဆိုတတ်လာ၇င်ဘု၇ားကျောင်းကန်သွားပြီးတတ်နိုင်တဲ့အလှူဒါနလေးနဲ့
ဖန်၇ည်သင်္ကန်းဝတ်ဆင်မြန်းပေးပြီသာ့သနာ့အမွေကိုခံယူပါတယ်။သမီးမိန်းကလေမွေး၇င်လည်း
သ၇ဖူလေးကိုဆောင်း  မကိုဋ်တန်ဆာအ၀တ်လေးကိုဝတ်စေပြီးနာသမင်္ဂလာပြုလပ်ပေးပါတယ်။
    တကယ်တမ်းမြန်မာမိန်းကလေးတစ်ယောက်အနေနဲ့လူမျိုးခြားဘာသာခြားနဲ့၇ုလိ့
သားလေးသမီးလေးမွေးဖွာလာတဲ့အခါ”ကိုကိုလူမျိုးခြားကြီးကျွန်မသားလေးအ၇ွယ်ေ၇ာက်လာပြီ
အဲဒါ၇ှင်ပြုပေး၇အောင်နော်  သားလေး၇ှင်ပြု၇င်ကိုကိုဘာသာခြားကြီးက
သပိတ်လွယ်၊ကျမကကို၇င်လေးအတွက်သင်္ကန်းခေါင်း၇ွက်မယ်  အလှူဒါနပြုလပ်ပြီးတဲ့အခါမှာလည်း
ဘု၇ား တ၇ား သံဃာကိုကြည်ညိုပြီး အတူတူေ၇စက်သွန်းချ အမျှဝေမယ်နော်“လိုဆိုပြီး
ပြောလို၇ပါ့မလား။
   အဲဒလိုလသဒ္ဓါကြည်ဖြူဖေးမကူပြီးလုပ်ပေးခဲ့တာတွေေ၇ာဘယ်တုန်းက၇ှိခဲ့ကြလိုတုန်း။
များသောအားဖြင့်သူတို့ဘာသာသူတို့လူမျိုးထဲကိုပဲေ၇ာက်အောင်ခေါ်ဆောင်သွားကြတာချည်းပါပဲ
ကိုယ့်ဘက်ကိုပါလာတယ်ဆိုတာတစ်သောင်းမှာတစ်ယောက်တောင်မသေချာပါဘူးကျနော်အနေနဲ့
ဘာလိုဒီလာက်အေ၇းတကြီးပြောပြ၇တာလဲဆို၇င်အချို့မြန်မာအမျိုးသမီးတွေအမျိုးသားေ၇းစိတ်ဓာတ်
ဘာသာေ၇းအခြေခံစိတ်ဓာတ်နည်းပါးပြီးလင်ယူပက်စက်ကြလွန်းလို့ေ၇းသား၇ခြင်းဖြစ်ပါတယ်။

မိန်းမတို့  ရဲ့  လက်နက်များ


၁ ။ ပါးစပ်သေနတ်
မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘ၀မှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ – တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )
၂။ မျက်စောင်း
အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ အကောက်လွဲလို့ကတော့ (တတိယ လက်နက်စာမိသွားမယ် )
၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း – တွေပဲ
သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ် – အဲ — လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ – - တစ်မျိုးတည်းသာတွေးလိုက်တော့ – - အိုကေ — ပြေလည်ပြီလို့မှတ် အဲဒီ လက်သီးဆုပ်လေးကို ဖမ်း – ပြီး ဖွဖွလေးသာ နမ်းလိုက် — – ရဲရဲသာလုပ် – – အာမခံတယ် — – အဆင်ပြေလိမ့်မယ် ။
၎။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း
အဲဒီ လက်နက်ကလည်း ကြောက်စရ်ာတော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့ လက်နက် ( နျူးက – လီးယားလက်နက်ထက်ပြင်းတယ် )
၅။ မျက်ရည်လေ — မျက်ရည် လက်နက်
ဒါနောက်ဆုံးလက်နက်ပဲ မျက်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ — မျက်ရည်
ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ လုပ်ပစ်လိုက်ကြတာ သွားရော — အကုန်ကြွေပေတော့ – လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် — ဒါမှမဟုတ် ဘေးက ကိုယ့်ကို ၀ိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ် ။ ။
FORWARD…MAIL.. တစ်စောင် ထဲက ..ရ တာပါ ။
( ဖတ်ဖူးတဲ့ သူ..၊ တင်ပြဖူးတဲ့ သူများ..ရှိနေမလား..မသိ ။ တိုက်ဆိုင်မှုရှိရင်တော့ နားလည် ခွင့်လွတ်ပေးပါ..လို့ ။)
မှတ်ချက်။  ။www.shwemanmaye.wall.fm မှာကူးယူဖော်ပြပါသည်။

ရန်ကုန်မြို့

 

         ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည်။ ရှေးယခင် မွန်ဘုရင်များအောက်မြန်မာနိုင်ငံတွင် ကြီးစိုးစဉ်က ဒဂုံ ဟူသောအမည်ဖြင့် ထင်ရှားခဲ့ပြီး ခရစ်နှစ် ၁၇၅၅ တွင် တတိယ မြန်မာနိုင်ငံတည် ဘုရင် အလောင်းဘုရား (၁၇၅၅-၁၇၆၀ AD) ဒဂုံ ကို ရန်အပေါင်း ကုန်စင်သောကြောင့် ရန်ကုန်ဟု အမည်တွင်စေခဲ့သည်။ ကမ္ဘာအံ့ဖွယ် ကြီးများတဲမှ တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်တည်ရှိရာမြို့လည်းဖြစ်သည်။
         ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်-ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံ-က မွန် ဝေါဟာရ ဒဂုင်၊ လွုင်-တို့က ဆင်းသက်ပြီး ဒဂုံ-ဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျပ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့-လို့ အဓိပ္ပါယ်ရသော တိကုမ္ဘနဂရ-ဆိုသည့် ပါဠိဝေါဟာရ-က ဆင်းသက်ကြောင်း၊ တိကုမ္ဘ-က တိကုမ်၊ တကုမ်၊ ဒဂုံ-လို့ ပြောင်းလဲလာကြောင်း ဆိုကြပါသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရပါသည်။
 


တည်နေရာ

         ရန်ကုန်မြို့သည် ရန်ကုန်မြစ် နှင့် ပဲခူးမြစ်တို့ ပေါင်းစုံရာ နေရာတွင်ရှိသည်။

     ပါဝင်သောမြို့နယ်များ

  1. ကမာရွတ်မြို့နယ်
  2. ကော့မှူးမြို့
  3. ကျောက်တံတားမြို့နယ်
  4. ကြည့်မြင်တိုင်းမြို့နယ်
  5. ကွမ်းခြံကုန်းမြို့နယ်
  6. စမ်းချောင်းမြို့နယ်
  7. ဆိပ်ကြီးခနောင်တိုမြို့နယ်
  8. တာမွေမြို့နယ်
  9. တောင်ဥက္ကလာပမြို့နယ်
  10. ဒဂုံမြို့နယ်
  11. ဒဂုံမြို့သစ်
  12. ဒလမြို့နယ်
  13. ဒေါပုံမြို့နယ်
  14. ပုဇွန်တောင်မြို့နယ်
  15. ပန်းဘဲတန်းမြို့နယ်
  16. ဗိုလ်တထောင်မြို့နယ်
  17. ဗဟန်းမြို့နယ်
  18. မရမ်းကုန်းမြို့နယ်
  19. မင်္ဂလာ‌တောင်ညွန့်မြို့နယ်
  20. မင်္ဂလာ‌ဒုံမြို့နယ်
  21. မှော်ဘီမြို့နယ်
  22. မြောက်‌ဥက္ကလာပမြို့နယ်
  23. ရန်ကင်းမြို့နယ်
  24. ရွှေပြည်သာမြို့နယ်
  25. လှော်ကားမြို့နယ်
  26. လှိုင်မြို့နယ်
  27. လသာမြို့နယ်
  28. လမ်းမတော်မြို့နယ်
  29. သင်္ဃန်းကျွန်းမြို့နယ်
  30. သာကေတမြို့နယ်
  31. သန်လျင်မြို့နယ်
  32. အလုံမြို့နယ်
  33. အင်းစိန်မြို့နယ်

                     စာပို့သင်္ကေတများ

မြို့ စာတိုက် စာပို့သင်္ကေတ
ကမာရွတ် ကမာရွတ် 11041
ကျောက်တံတား ကျောက်တံတား 11182
ကျောက်တန်း ကျောက်တန်း 11301
ကြည့်မြင်တိုင် ကြည့်မြင်တိုင် 11101
စမ်းချောင်း စမ်းချောင်း 11111
တောင်ဥက္ကလာပ တောင်ဥက္ကလာပ 11091
ဒဂုံ ဒဂုံ 11191
ဒဂုံမြို့သစ် (မြောက်ပိုင်း) ဒဂုံမြို့သစ် (မြောက်ပိုင်း) 11421
ဒဂုံမြို့သစ် (တောင်ပိုင်း) ဒဂုံမြို့သစ် (တောင်ပိုင်း) 11431
ဒေါပုံ ဒေါပုံ 11241
ပုဇွန်တောင် ပုဇွန်တောင် 11171
ပန်းဘဲတန်း ပန်းဘဲတန်း 11041
ပြည်သာယာ ရန်ကင်း 11082
ဗဟန်း ဗဟန်း 11201
ဗိုလ်ချုပ်အောင်ဆန်းဈေး ပန်းဘဲတန်း 11143
ဗိုလ်တထောင် ဗိုလ်တထောင် 11162
ဗိုလ်တထောင် ဗိုလ်တထောင် 11161
ဘုရင့်နောင်ဈေး (သမိုင်း) မရမ်းကုန်း 11062
လှိုင် လှိုင် 11051
လှိုင်သာယာ လှိုင်သာယာ 11401
အလုံ အလုံ 11121
အောင်ဆန်း အင်းစိန် 11012
အင်းစိန် အင်းစိန် 11011
ကမ္ဘာအေး မရမ်းကုန်း 11061
လမ်းမတော် လမ်းမတော် 11131
မင်္ဂလာတောင်ညွန့် မင်္ဂလာတောင်ညွန့် 11221
မင်္ဂလာဒုံ မင်္ဂလာဒုံ 11021
မြောက်ဥက္ကလာပ မြောက်ဥက္ကလာပ 11031
ရွှေပြည်သာ ရွှေပြည်သာ 11411
ရွှေပေါက္ကံ မြောက်ဥက္ကလာပ 11032
တာမွေ တာမွေ 11211
ရန်ကုန် ရန်ကုန် 11181
ရန်ကုန် ဘူတာကြီး မင်္ဂလာတောင်ညွန့် 11222
ရန်ကင်း ရန်ကင်း 11081
သံလျင် သံလျင် 11291
သမိုင်းကောလိပ် (ရန်ကုန်တက္ကသိုလ် -လှိုင်နယ်မြေ) လှိုင် 11052
သာကေတ သာကေတ 11231
သိမ်ကြီးဈေး ပန်းဘဲတန်း 11142
သင်္ဃန်းကျွန်း သင်္ဃန်းကျွန်း 11071
သုဝဏ္ဏ သင်္ကန်းကျွန်း 11072

ဆိပ်ခံတံတားများ

  • ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အမှတ် ၁ မှ ၃ အထိ
         ဗိုလ်အောင်ကျော်ဆိပ်ခံတားသည် ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စီမံခန့်ခွဲမှုအောက်တွင်ရှိခဲ့ပြီး ဆိပ်ကမ်းတံတား အရှည်မှာ ၄၅၇ မီတာရှိသည်။ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာများကို ကိုင်တွယ်နေသော ဆိပ်ခံတံတားဖြစ်သည်။
  • ဆူးလေဆိပ်ခံတံတား အမှတ် ၁ မှ အမှတ် ၇ အထိ
         စုစုပေါင်း အရှည် မှာ မီတာ ၁၀၄၀ ဖြစ်ပြီး တန်ချိန် ၁၅၀၀၀ ရှိ ကုန်တင်သင်္ဘောခုနစ်စင်း တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်သည်။ ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဆန်တင် တံတားသည် အလျား ၁၃၉ မီတာရှိပြီး လယ်ယာထွက်ကုန် များကို ကိုင်တွယ်လျက်ရှိသည်။
  • နန်းသီတာ ဆိပ်ခံတံတား
         နန်းသီတာ ဆိပ်ခံတံတားသည် ပို့ဆောင်ရေးဝန်ကြီးဌာန ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသည်။ စုစုပေါင်းအလျားမှာ ၁၄၆ ဒသမ ၃ မီတာရှိသည်။ ခရီးသည်တင် ဆိပ်ခံတား အဖြစ်သာ သီးသန့်အသုံးချနေသည်။


သမ္မတစနစ်

 

         သမ္မတ စနစ်မှာ တိုင်းပြည်တော်တော်များများတွင်ကျင့်သုံးနေပြီး ဒီမိုကရေစီ စနစ်သာမက အာဏာရှင်စနစ်၊တစ်ပါတီစနစ် (အီဂျစ်၊ဆီးရီးယား၊မြောက်ကိုရီးယား၊တရုတ်၊ဗီယက်နမ်)အစရှိသည့် နိုင်ငံများတွင်ပါကျင့်သုံးကြပါသည်။သို့သော် ယခုဖော်ပြမည့် စနစ်မှာ ဒီမိုကရေစီ စနစ်ပေါ်တွင်အခြေခံသည့် သမ္မတစနစ်သာဖြစ်သည်။

နောက်ခံသမိုင်းကြောင်း

         သမိုင်းမှတ်တမ်းများအရ ခေတ်သစ်ကမ္ဘာတွင် သမ္မတစနစ်ကျင့်သုံးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အဦးဆုံးဖြစ်သည်။ဗြိတိန်တို့၏ ကိုလိုနီပြုထားသည်ကိုတွန်းလှန်ပြီး ပြည်နယ် ၁၃ ခုဖြင့်ပြည်ထောင်စုဖွဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ သမ္မတစနစ်ဖြင့်အုပ်ချုပ်ရန်သဘောတူကြသည်။ဂျော့ခ်ျ ၀ါရှင်တန် မှာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတဖြစ်သည်။

ဖွဲ့စည်းပုံ

         အခြေခံအားဖြင့် သမ္မတ စနစ်၏ အုပ်ချုပ်ရေးအာဏာ အပိုင်းတွင်တွင် ဖွဲ့စည်းပုံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သမ္မတ မှနိုင်ငံ၏ တာဝန်ကို အလုံးစုံတာဝန်ယူကာ ပြည်တွင်းပြည်ပ အရေးနှစ်ရပ်လုံးကို စီမံခန့်ခွဲသည်။(ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်)
         ဒုတိယတစ်မျိုးမှာ သမ္မတ ကပြည်ပရေးရာ၊ကာကွယ်ရေး နှင့်အရေးပါသည့် ၀န်ကြီးဌာနများကိုကိုင်တွယ်ပြီး ပြည်တွင်းရေးရာ (လုံခြုံရေး၊ပညာရေးနှင့် စီးပွားရေး အစရှိသည်)တို့တွင် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ပြီး ဦးဆောင်စေသည့်ပုံစံဖြစ်သည်။သို့သော် ထိုဝန်ကြီးချုပ်မှာ ပါလီမန် ဒီမိုကရေစီ စနစ် ၏ ၀န်ကြီးချုပ်များကဲ့သို့မဟုတ်ပဲ အချိန်မရွေး သမ္မတက ပြန်လည်ထုတ်ပယ်နိုင်သည်။ (ဥပမာအားဖြင့် ရုရှား၊ပြင်သစ်၊ထိုင်ဝမ်၊)ထို့အပြင်နိုင်ငံရေးအရ မိမိနှင့် မဟာမိတ်ပါတီမှ ခေါင်းဆောင်ကို အာဏာခွဲဝေပေးရန်အတွက်လည်း ၀န်ကြီးချုပ်ရာထူး ခန့်လေ့ရှိပြန်သည်။(ဥပမာအားဖြင့်ယူကရိန်း) ထိုသို့ဝန်ကြီးချုပ်များခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ထည့်သွင်းရေးဆွဲပြဌာန်းသည့်အတိုင်းဖြစ်သည်။
         သမ္မတကို ရွေးကောက်တင်မြောက်ရာတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်စနစ်ကိုသာအများဆုံး ကျင့်သုံးကြပြီး၊ ရံဖန်ရံခါ လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြောက်သည်လည်းရှိသည်။ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြောက် ပုံမှာ လွယ်ကူရှင်းလင်းသည်။လွှတ်တော်မှတစ်ဆင့် ရွေးကောက်ခြင်းသည် ပြည်တွင်းတည်ငြိမ်မှုရစေရန်အတွက်၊ ပြည်သူတို့ နိုင်ငံရေးတွင်မရင့်ကျက်သည့်အတွက် ဟူ၍အကြောင်းပြချက်များဖြင့် ပြည်သူတို့ကို နိုင်ငံရေးနယ်ပယ်မှဝေးကွာစေရန် ရည်ရွယ်ချက်ဖြင့်လည်းပြုလုပ်ကြသည်။(ဥပမာအားဖြင့်အနာဂတ် မြန်မာနိုင်ငံ)
         သမ္မတစနစ်တွင် အများအားဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူသည့် သမ္မတ သည်ကျန် ဥပဒေပြုရေးအာဏာ၊တရားစီရင်ရေး အာဏာ များနှင့် သက်ဆိုင်ခြင်းမရှိပေ။အမေရိကန်ပြည်ထောင်စု သမ္မတများသည် ဥပဒေပြုရေးအာဏာဖြစ်သည့် လွှတ်တော်သို့ ဖိတ်ခေါ်ခြင်းမရှိလျှင် သွားရောက်ခွင့်မရှိပေ။ထို့ပြင် သမ္မတများသည် နိုင်ငံတော်တရားသူကြီးချုပ်ကို ခန့်ထားပိုင်ခွင့်သာရှိပြီး ရာထူးမှ ပြန်လည်ရုတ်သိမ်းပိုင်ခွင့်မရှိသည့်အတွက် တရားစီရင်ရေးအာဏာကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။သို့သော် အချို့နိုင်ငံများတွင် သမ္မတတွင် တရားသူကြီးချုပ်များကို အကျိုးအကြောင်းပြကာ ပြန်လည်ဖြုတ်ချ ခွင့်ရှိကြသည်။

သမ္မတဖြစ်ရန်လိုအပ်သည့်အချက်များနှင့်ရာထူးသက်တမ်း

         သမ္မတ တစ်ဦးဖြစ်ရန်အတွက် နိုင်ငံအလိုက်သတ်မှတ်ထားသည့် စံနှုံးများကွာခြားတတ်ပါသည်။သို့သော် နိုင်ငံသားဖြစ်ရမည်၊ ပါတီဝင်ဖြစ်ရမည် ဟူသည့်အချက်များမှာ ပြဌာန်းမထားသည့်တိုင် အများက နားလည်ပြီးဖြစ်သည်။ ယေဘူယျအားဖြင့် အမျိုးသားရေးဝါဒ ကို အသားပေးသည့်နိုင်ငံများတွင် သမ္မတ တစ်ဦးအတွက် သတ်မှတ်ချက် များ လေ့ရှိပြီး ပွင့်လင်း လွတ်လပ်မှုကို အသားပေးသည့်နိုင်ငံများတွင်မူ သတ်မှတ်ချက်များ နည်းပါးတတ်ပါသည်။
         သမ္မတရာထူးသက်တမ်းမှာ နိုင်ငံအလိုက်ကွဲပြားတတ်သည်။ အများအားဖြင့် တစ်ကြိမ်လျှင် ၄ နှစ်နှုံးဖြင့် နှစ်ကြိမ်ထိ ထမ်းဆောင် နိုင်သည်။သို့သော် အာဏာရှင်စနစ်ကိုကြောက်ရွံပြီးတစ်ဦးတစ်ယောက်မှ အာဏာကိုရေရှည်ကိုင်တွယ်ကာ သြဇာထူထောင် မည့်အဖြစ်ကိုရှောင်လွှဲရန်အတွက် ၄ နှစ်ထက်ပိုသောသက်တမ်း တစ်ကြိမ်ကိုသာထမ်းဆောင်ရန်သတ်မှတ်သည် လည်းရှိတတ်သည်။ (ဥပမာအားဖြင့် တောင်ကိုးရီးယား သမ္မတများသည် ၅နှစ်သက်တမ်းတစ်ကြိမ်သာထမ်းဆောင်နိုင်သည်။)

သမ္မတ၏အခွင့်အာဏာ

         သမ္မတ တစ်ဦးအနေဖြင့် လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည့် ဥပဒေ ကို လက်မှတ်ထိုးကာအတည်ပြုပေးရသည်။ သို့သော် အချိန်အကန့်အသက် တစ်ခုအတွင်း အတည်မပြုပေးသည့်တိုင် ထိုဥပဒေမှာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဌာန်းနိုင်သည်။သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဌာန်းနိုင်သည်။သို့သော် ထိုသို့ပြဌာန်းသည့် ဥပဒေ သည် လွှတ်တော်၏ အတည်ပြုခြင်းကို ရယူရန်လိုအပ်ပြီး လွှတ်တော်မှ အတည်မပြုလျှင် ပျက်ပြယ်သည်။
         ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတသည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပ ပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။

(၂ဝဝ၈)အခြေခံဥပဒေ ပါ နိုင်ငံတော်အကြီးအကဲ ကဏ္ဍ

         (၂ဝဝ၈)နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခန်း(၃) နိုင်ငံတော်အကြီးအကဲကဏ္ဍ၌ အတိအလင်း ဖော်ပြ ထားပြီးဖြစ်သည်။
   ၁။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။
   ၂။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။
   ၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ

        (က) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊
       (ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်၊
       (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက်(၄၅)နှစ် ပြည့်ပြီးသူဖြစ်ရမည်၊
       (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်၊
       (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂ဝ) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊ ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
       (စ) မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
       (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အတွက် သတ်မှတ်ထား သည့်အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတ အတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်၊ အလားတူ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရာတွင် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်ရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်သည်။
       (က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက် ရမည်၊
       (ခ) သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ (၃)ဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
       (၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
       (၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
       (၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊
       (ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ၊ ရွေးချယ်တင်မြှောက်ရမည်၊
       (ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ရမည်၊
       (င) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတ  (၃)ဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊
       (စ) ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြဋ္ဌာန်းပေးရမည်၊

သမ္မတအားပြန်လည်ဖြုတ်ချခြင်း

       သမ္မတ တစ်ဦးအားပြန်လည်ဖြုတ်ချရန်မှာမူ ဖြစ်ခဲလှပါသည်။အကြောင်းမှာ ပါလီမန် ဒီမိုကရေစီ စနစ်ကဲ့သို့မဟုတ်ပဲ အုပ်ချုပ်ရေးအကြီးအကဲ(သမ္မတ)သည် လွှတ်တော်နှင့် ပိုင်းခြားထားသည့်အတွက်သော်လည်းကောင်း၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရာထူးသက်တမ်းပြည့်သည်ထိ တာဝန်ထမ်းဆောင်ရန် အာမခံပြဌာန်းပေးထားသည်ကြောင့်လည်းကောင်း ဖြစ်လေ့ ရှိကြသည်။သို့သော် အကျင့်ပျက်ယွင်းသည့်အတွက် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသော လုပ်ရပ်များကို ပြုကျင့်သည်ဟုလည်းကောင်း သက်သေစုံလင်လျှင် လွှတ်တော်အတွင်း ဖြုတ်ချရန်သင့်မသင့် မဲခွဲဆုံးဖြတ်ပြီး တရားစွဲဆိုနိုင်သည်။

ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ

  • အမေရိကန်ပြည်ထောင်စု(သမ္မတ အာဏာပိုင်စနစ်)
  • ပြင်သစ်(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
  • ထိုင်ဝမ်(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
  • ရုရှား(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
  • အင်ဒိုနီးရှား(သမ္မတ အာဏာပိုင်စနစ်)
  • ဖိလစ်ပိုင်(သမ္မတ အာဏာပိုင်စနစ်)
  • တောင်ကိုရီးယား(သမ္မတ အာဏာပိုင်စနစ်)
  • တောင်အာဖရိက(သမ္မတ အာဏာပိုင်စနစ်)
  • ယူကရိန်း(သမ္မတ၊၀န်ကြီးချုပ် အာဏာခွဲဝေစနစ်)
တို့ဖြစ်ကြသည်။
         အထူးသတိပြုရန် အချက်တစ်ချက်မှာ အချို့နိုင်ငံများ၏တရားဝင်အမည်များတွင် "သမ္မတ"ဟူသည့်စကားလုံးကိုသုံးစွဲသည့်တိုင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သည်မဟုတ်ချေ။ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့် စင်္ကာပူ(စင်္ကာပူသမ္မတနိုင်ငံ)၊ အိန္ဒိယ(အိန္ဒိယသမ္မတနိုင်ငံ)တို့ရှိတတ်သည်။ထို့ပြင် အာဏာရှင် နှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် အချို့နိုင်ငံများတွင်လည်း ထိုကဲ့သို့ သမ္မတ ဆိုသည့်အသုံးအနှုံးမျိုးကို သုံးစွဲတတ်ပါသည်။

မြန်မာနိုင်ငံရှိ သမ္မတများ

  1. စဝ်ရွှေသိုက် (၁၉၄၈-ခုနှစ် ဇန္န၀ါရီ ၄ရက် မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ)
  2. ဒေါက်တာဘဦး (၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် မှ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် အထိ)
  3. မန်းဝင်းမောင် (၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ )
  4. ဦးနေဝင်း (၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှ ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ)
  5. ဦးစန်းယု (၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ)
  6. ဦးစိန်လွင် (၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ )
  7. ဦးအေးကို (၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ )
  8. ဒေါက်တာမောင်မောင် (၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ)

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ


နိုင်ငံရေးရာ သတင်း Share ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends.myan-mar.burma@gmail.com ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့် ပြည်တွင်းထုတ် ဂျာနယ်များမှရွေးကာာ myanmar- myanmar. net မှ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။
”သိသင့်သိထိုက်တဲ့သတင်းတွေကို ရွေးဖော်ပြပေးမှာပါ။ ဖော်ပြရင်လည်း တစ်ပုဒ်လုံးမဟုတ်ဘဲ အဓိက အကြောင်းအရာပဲ ဖော်ပြမှာပါ။ ကိုယ်တိုင်ကလည်း နည်းပညာပိုင်း လုပ်နေတာဖြစ်တဲ့ အတွက် နည်း ပညာပိုင်းမှာ သိသင့်တဲ့ဟာတွေကိုလည်း ဘာသာပြန်ပြီး ထည့်ပေးမယ်” ဟု မြန်မာအင်တာနက်မှ တာဝန်ရှိသူ တစ်ဦးက သတင်းတင်ပြမှုနှင့် ပတ် သက်၍ ရှင်းပြသည်။ ပြည်ပရောက် မြန်မာအများစုအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်များမှ သိသင့်သိထိုက်သည့် သတင်းများကို ဖတ်ရှုနိုင်ရန် တင် ပြပေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းထုတ် သတင်းဂျာနယ်များမှ စိစစ်ရေးခွင့်ပြုချက်ရ သတင်းများကို ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက်
www. myanmar-myanmar.net
မှ နေ့စဉ်သတင်းဂျာနယ်ပေါင်းစုံမှ သတင်းများကို အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်။

White Phosphorus(P4) သုံးတဲ့ဗုံးအကြောင်း နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ


နိုဝင်ဘာ ၂၉၊ ၂၀၁၂
M-Media
ကျနော်တို့က ဒီပစ္စည်းကို မီးခိုးဗုံးအဖြစ်သုံးလိုက်တာပါတဲ့… အော်… ဟုတ်ကဲ့… စစ်တပ်မှာ မီးခိုးဗုံး ဘယ်နားလေးသုံးလဲ ပြန်မေးရမယ်…  သေနတ်ကိုမိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့ နေဝင်းတောင် ဒါမျိုးတော့ မသုံးတတ်ဘူး…
White phosphorus ဆိုတာက လေထဲမှာ သူ့ဘာသာသူမီးလောင်နိုင်တယ်… ရိုးရိုးလောင်ကျွမ်းရုံတင်မဟုတ်ပဲ ကိုယ်တိုင်မီးလောင်တဲ့အချိန်မှာ သူ့ဘာသာသူအရည်ပျော်ပြီး အောက်ကိုဆင်းတယ်… ကိုယ်ခန္ဓာကရေရှိတော့ ရေနဲ့ပါထပ်ပြီးဓာတ်ပြုတဲ့အခါ မီးလောင်လို့ဝင်ရောက်ဓာတ်ပြုတဲ့အောက်ဆီဂျင်ရယ် ရေရယ် ဖော့စရပ်ရယ်ထပ်ပြီးဓာတ်ပြုပြီး ဖော့စဖော့ရစ်အက်ဆစ်အပြင်းစားထပ်ထွက်ပြီး အက်ဆစ်စားတာပါထပ်ဖြစ်တယ်… ဒါဟာ white phosphorus အသုံးပြုရင် ဖြစ်တဲ့သဘာဝပါပဲ…
စစ်သုံးမှာ မီးခိုးဗုံးအနေနဲ့သုံးတာမှန်တယ်… ဒါပေမဲ့ မီးခိုးဗုံးဆိုတာ မျက်ရည်ယိုဗုံးမဟုတ်ဘူး… သူက smoke တွေအများကြီးထွက်ပြီး ရန်သူကိုအနီးကပ်တိုက်ခိုက်တဲ့အခါ ရန်သူ့ပစ်အားကျအောင်သုံးရတာ… ဒါ့အပြင် ပုံမှန်မီးခိုးဗုံးမှာထည့်သုံးတဲ့ white phosphorus အချိုးအစားကအင်မတန်မှနည်းလွန်းတယ်… ဖော့စရပ်နည်းနည်းလေးနဲ့ အခြားမီးခိုးအများကြီးထွက်နိုင်တဲ့ Agent တွေထည့်သုံးရတာပါ… ကျနော်စဉ်းစားတာက လူစုခွဲဖို့သက်သက်ဆိုရင် မျက်ရေယိုဗုံးသုံးပေါ့… ဒါကကျနော်သူတို့ဘက်လိုက်ပြီးတွေးပေးထားတာပဲရှိသေးတယ်… ဆန္ဒပြတဲ့လူ့အစုအဝေးကိုခွဲချင်ရင် မီးခိုးဗုံးဘာ့ကြောင့်သုံးသလဲ… ဘာလဲ မီးခိုးဗုံးသုံးပြီး ဝင်ရိုက်မလို့လား… ကဲအခုတော့သုံးပြီးပြီ… အဲ့ဒီအတွက် ဘယ်သူတာဝန်ယူဖြေရှင်းပေးမှာလဲ..
အောက်က ယူကျူ့လင့်က White phosphorus ကိုလက်နက်အဖြစ်သုံးပြီးတိုက်ခိုက်ခံရတဲ့အခါ ဖြစ်တဲ့ဒါဏ်ရာပါ… သူ့ရဲ့ cycle ကဒီလိုပါ… white phosphorus ဟာရေနဲ့ဓာတ်မပြုပါဘူး… အပေါ်က ယူကျူ့လင့်ထဲမှာ သေသေချာချာပါပါတယ်… white phosphorus ပဲသီးသန့်ဆိုရင် လေထုထဲမှာ ကိုယ်တိုင်မီးလောင်ပါတယ်… ဒါ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့အောက်ဆီဂျင်နဲ့လည်းဓာတ်ပြုနေပါသေးတယ်… လူ့အရေပြားနဲ့ထိတဲ့အခါ မီးလောင်လို့ထွက်လာတဲ့ ခန္ဓာကိုယ်ထဲကရေနဲ့ white phosphorus နဲ့ပတ်ဝန်းကျင်အောက်ဆီဂျင် ဓာတ်ပြုရာကထွက်တဲ့ ဖော့စရပ်အောက်ဆိုက်တို့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်စစ်ဖြစ်ပါတယ်… ဒါတင်မကပဲ မီးလောင်လို့ထွက်လာတဲ့အခြားဓာတ်ငွေ့တစ်ခုဖြစ်တဲ့ ဖော့စပေါရစ်ပန်တောက်ဆိုက်ကလည်း ရေနဲ့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်စစ်အပြင်းထွက်နေပါသေးတယ်… စဉ်းစားကြည့်ပေါ့ဗျာ
အသားပေါ်မှာ မီးလောင်တယ် ဖြစ်တဲ့ဒါဏ်ရာကို အက်စစ်စားတယ် … ဒီတော့ white phosphorus ကိုလက်နက်အဖြစ်သုံးရင် ဖော့စရပ်အများကြီးနဲ့တိုက်ရိုက်ထိတွေ့သူမှာ အရိုးပဲကျန်သည်အထိ မီးလောင်အက်စစ်စားသွားပါတယ်… ဂါဇာမှာ စာသင်ကျောင်းပေါ်ကို white phosphorus တွေအစ္စရေးကဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝင်ရှင်းတဲ့ဓာတ်ပုံတွေရှိပါသေးတယ်… အွန်လိုင်းမှာသာကိုယ့်ဘာသာကိုယ်ရှာကြည့်ပါ… အဲ့ဒီထဲမှာ အရိုးစုတွေအများကြီးတွေ့ရပါလိမ့်မယ်… Special operation game ကိုကစားဖူးရင် အဲ့ဒီထဲမှာလည်း white phosphorus နဲ့တိုက်ခိုက်ခံရပုံကို ပုံဖော်ထားတာတွေ ပါပါတယ်…
white phosphorus သုံးတဲ့မီးခိုးဗုံးနဲ့အတိုက်ခံရတာဆိုပြီး စကားကိုကြွံသွားမှာစိုးလို့ သေသေချာချာရှင်းပြတာပါ… အခန့်မသင့်ရင် အစိုးရဘက်က အရေပြားလောင်ရုံတင်ဆိုပြီး ခံငြင်းပါလိမ့်မယ်… အဓိကမေးသင့်တာက white phosphorus အသုံးပြုလိုက်ရင် ဖြစ်လာမဲ့ဘေးထွက်ဆိုးကျိုးတွေကို မတွက်ဆပဲ ဘာ့ကြောင့်သုံးသလဲဆိုတာရယ် ဘာ့ကြောင့် မီးခိုးဗုံးနဲ့တိုက်ခိုက်တာလဲဆိုတာရယ်ပါ… တကယ်ဆိုရင် ဖော့စရပ်ပါတဲ့ မီးခိုးဗုံးပဲဖြစ်ဖြစ် ဖော့စရပ်မပါတဲ့မီးခိုးဗုံးပဲဖြစ်ဖြစ် မသုံးသင့်ပါဘူး…
အခုဖြစ်သွားတာမှာဆိုရင် တစ်ဖက်ကဆန္ဒပြသူတွေဟာ အကြမ်းဖက်တိုက်ခိုက်နေသူတွေမှမဟုတ်တာ… အကြမ်းဖက်ဆန္ဒပြသူတွေမို့လို့ အကြမ်းဖက်နှိမ်နင်းတယ်ဆိုရင် တစ်မျိုးပေါ့… ဒီဖြစ်ရပ်မှာ တချို့က နိုင်ငံရေးအရောင်တွေပါသယောင်ယောင် ဟိုယောင်ယောင် ဒီယောင်ယောင်ပြောနေကြလို့ပါ… ကျနော်မြင်တာကျတော့ ဆန္ဒပြသူတွေဟာနိုင်ငံရေး အရောင်အသွေးတွေကြောင့် သွေးထိုးမြှောက်ပင့် သူတွေကြောင့်ပဲဆိုပါစေဦး ဒီလိုတိုက်ခိုက်မှုမျိုး လိုအပ်လို့လားဆိုတဲ့မေးခွန်းပါ… ထပ်ပြောချင်တာက နိုင်ငံရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်စေလိုတဲ့ပုံစံမျိုးတွေဘာတွေနဲ့ တရားရေအေးသွားရောက် တိုက်ကျွေးသူအနေနဲ့ ထိုင်းနိုင်ငံက ဘန်ကောက်မှာလမ်းပိတ် လေယဉ်ကွင်းပိတ်ပြီးဆန္ဒပြသွားတဲ့ဖြစ်ရပ်က နှစ်ပိုင်းပဲကြာပါသေးတယ်… ဒီလောက်မြို့တော်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ စီးပွါးရေးပါထိခိုက်အောင် ဆန္ဒပြနေတဲ့ သူတွေကို ထိုင်းက ဖော့စရပ်ပါတဲ့ဗုံးနဲ့ဖြိုခွင်းတယ်လို့ မကြားလိုက်မိရိုးအမှန်ပါ… ပြောမယ်ဆိုလည်း ၂ဖက်စလုံးကို မျှမျှတတပြောပါ… ဒါပါပဲ…
Source: သန့်စင်ဖြိုး FB
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။
အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
Source: ဝါးလုံးရှည် အတီး FB
--

Stick တွေကို Desktop ပေါ်ကဆွဲထုတ်မယ့်USB Safely Remove v5.1.2



Computer တွေ့မှာတွေ့ဖူးတယ်မလား....Stick တွေထုတ်ခါနီးကျရင်....

ညာဘက်အောက်ထောင့်က..စိမ်းစိမ်းလေးကိုသွားသွားနှိပ်ရတာလေ.....

မျက်စိမကောင်းတဲ့သူဆို....ဟိုနှိပ်ဒီနှိပ်နဲ့ရှူပ်ကုန်ရော..........  :D

အဲ့လိုမဖြစ်အောင်..ဒီSoftware က အကူအညီပေးပါတယ်........

Desktop ပေါ်က Icon ကို Double Click လိုက်တာနဲ့....စိတ်ချစွာဆွဲဖြုတ်လို့ရပါတယ်...

တစ်ခြားလုပ်ဆောင်ချက်တွေလည်း..ရှိပါသေးတယ်...

ကလိချင်ရင်တော့ယူသွားပေါ့..... :)
~~~~~Comment တစ်ကြောင်းက..ကျွန်တော့်အတွက်အသက်ရှူမှန်စေပါတယ်~~~~~

Download ပြုလုပ်ရန်

Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်




Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

           Windows 7 On Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …

၁။       Run Box (windows + R) ကိုဖွင့်ပါ။
၂။       Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
 
၃။       ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။

၎။       ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။       တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
 
၆။       Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
 
၇။       Apply – Ok လုပ်ပါ။

၈။       ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။

           ပုံလေးတွေတစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။

           ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ …

           ကြိုးစားပါဦးမည်
      ဥယျာဉ်မှူးလေး


အဖြေရှာမရသောုသစတေးလျမှ ပန်းရောင်ရေကန် Hiller Lake



ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့
သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။

ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော် တန်းများ ခြားထားပါသေးတယ်။ ရေကန်မှာ အယ်လ်ဂျေး မ...
ျားကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင်ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြသေးပါဘူး။

သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ်နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီး
Hiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါ တယ်။
--
Ref: wiki
http://www.innewsmyanmar.com/2012/11/hiller-lake.html
http://house.com.mm/

“မျက်နှာဖုံးကွာကျတဲ့ တန်းဆောင်တိုင်ည”



ဘုရား………ဘုရား…………
ဘုရားတသံတွေနဲ့အတူ
ပြေးကြလွှားကြနဲ့
တန်းဆောင်တိုင်လပြည့်ည
သန်းခေါင်ကျော် အခါကာလမှာ
ငရဲခန်းတခု
ခွေးမြီးကောက် ကျည်တောက်စွပ်ထားတဲ့
လူမိုက်တစု ထုဆစ်ခဲ့ကြတယ်။
တပ်ဦးက ဘုရားသား
မဏ္ဍိုင်က ပစ္စည်းမဲ့လူတန်းစား
အကြောင်းတရားက ညီမျှခြင်းချရုံပါ
အမှားတခုမှ မပါခဲ့ပါဘူး
အကျိုးတရားက
အသားညှော်နံ့တွေ
တပြည်လုံး ပြန့်နှံ့သွားတယ်။
လက်နက်ချင်းအားပြိုင်ချိန်မှာတောင်
ငြိမ်းချမ်းရေးချိန်ခွင်လျှာ ညှိနေကြသေးဆိုပဲ
လက်ဗလာနဲ့ ပြည်သူလူထုကတော့
ဒီမိုကရေစီအတုပေါ်မှာ
သွေးစက်လက်နဲ့ ပိုးလိုးပက်လက်ဖြစ်ကောင်းတုန်း…
ဟန်ဆောင်ပန်ဆောင်အပြုံး
အယောင်ဆောင်မျက်နှာဖုံးနဲ့
အာဏာရှင်ရုပ်လုံးကို
လက်ပန်းတောင်းတောင်က အဆုံးသတ်ပေးခဲ့တယ်။
တကယ်တော့………
အမှားအယွင်းက တခုပဲရှိတာပါ။
မင်းသားတွေ ဘယ်လောက်ထွက်ထွက်
ပြကွက်က ဖန်တရာတေနေတယ်
အစွယ်လိုသူလည်း ဒင်းပါပဲ…..
အသွားစေခိုင်းသူလည်း ဒင်းပါပဲ….
လေးပစ်သူလည်း ဒင်းပါပဲ….။ ။
မောင်ပါလ
၂၉.၁၁.၂၀၁၂

တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမှုတွင် ALP ပါဝင် ပတ်သက်မူ မရှိဟု ဆို


မောင်ရမ္မာ

မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) သည် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့ သည့် တကျော့ ပြန် ရခိုင် ဆူပူအကြမ်းဖက်မူ ဖြစ်စဉ်တွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက် မူ မရှိကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။

နိုင်ငံတော် သမ္မတရုံး၏ ၂⁄ ၂၀၁၂ ထုတ်ပြန်ချက် အပေါ် ရခိုင်ပြည်လွှတ် မြောက်ရေး ပါတီက သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး တုန့်ပြန်ရာတွင် ထိုသို့ ပြောဆိုလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ALP က နိုဝင်္ဘာလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

၂၀၁၂-ခုနှစ် အာက်တိုဘာလ (၃၀)ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး၏ သ တင်းထုတ်ပြန်ချက် ၂/ ၂၀၁၂ တွင် ဖေါ်ပြချက် အပိုဒ်(၄) ၏ စာကြောင်း ရေ (၃)တွင် အောက်တိုဘာလ အတွင်း ဖြစ်ပွါး ခဲ့သော ရခိုင်ပြည်နယ် တွင်း အကြမ်းဖက်မှု နောက်ကွယ်မှ ငြိမ်းချမ်းရေးယူ ထားသော အဖွဲ့အစည်း အချို့ ပါဝင်နေသည်ဟု ဖေါ်ပြ ထားကြောင်း၊ အဆိုပါ ဖေါ်ပြချက် မှာ

ငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံ ရကြောင်း၊ သို့အတွက် ယခုလို ကျေညာ ချက် ထုတ်ပြီး တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတွင်းရေးမှူး ၂ ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။

“ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက်ဆူပူမှုမှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက် ကျွန် တော်တို့ကို ရည်ညွန်းပြီး ပြောဆိုတာဖြစ်တယ် လို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီက လူကြီးတွေနဲ့ ဦးအောင်မင်း ထိုင်းနိုင်ငံ ချမ်းမိုင်မှာ တွေ့တဲ့အခါ ဦးအောင်မင်း ကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။ ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်းဖြစ်ဖို့ အတွက် ကျွန်တော်တို့ဘက်က ကြေ ငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ် ယခုကဲ့သို့ ALP ကို စွပ်စွဲ ပြောဆိုလာသဖြင့် ALP ဘက်ကလည်း ရခိုင် ပြည်နယ်အတွင်း တကျော့ပြန် အကြမ်းဖက်မှုများတွင် စစ်တပ်က ပါဝင် ပတ်သက် မှုရှိ သည် ဟု ပြန်လည်ပြောဆိုလိုက် ကြောင်း ခိုင်သုခက ပြောသည်။

“ စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင်ပြော လိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်း ပြလိုက်ပါတယ်” ဟု ဆိုသည်။

ALP ၏ ကျေညာချက်ထဲတွင် နိုင်ငံတော် သမ္မတရုံ၏ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်သည် လုံးဝ အခြေ အမြစ် မရှိသော စွပ်စွဲချက်သာ ဖြစ်ပြီး ရ ခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ ရန်နှင့် နိုင်ငံတကာမှ ALP ပါတီ အပေါ် အထင်အမြင်လွှဲမှားစေရန် တမင် ကြံ ရွယ် လုပ်ဆောင်နေသော လူပုဂ္ဂိုလ် အချို့နှင့် အဖွဲ့အစည်း အချို့၏ လုပ်ရပ်သာ ဖြစ်သည်ဟု ဖေါ်ပြသည်။

၎င်းအပြင် အောက်တိုဘာလ အတွင်းက ဆူပူ အကြမ်းဖက်မူ နောက်ကွယ်မှ ပါဝင် ပတ်သက်နေသူ များမှာ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်မှ နယ်မြေများကို အပိုင်ရယူလိုကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မူဆလင်အဖွဲ့ အချို့နှင့် ၎င်းတို့အား အား ပေးအား မြှောက် ပြုနေကြသော နိုင်ငံအချို့မှ အဖွဲ့အစည်း အချို့သာ ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။

၎င်းအပြင် မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၃) ဦး ဖမ်းဆီးခံ ထားရခြင်းနှင့် ပတ်သက်ပြီးလည်း ALP နှင့် တစ် စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ကျေညာချက်ထဲ တွင် ဖေါ်ပြထားသည်။

ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ


~




ကျော်ခ ~

ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲမှုတွင် အာဏာပိုင်များက သပိတ်စခန်းများကို ကနဦးအနေဖြင့် မီးသတ်ပိုက်များနှင့် ထိုးခွဲခြင်း၊ လူထုချီတက်လာနိုင်မည့် လမ်းကြောင်းများနှင့် သပိတ်စခန်းများအတွင်း မျက်ရည်ယိုဗုံးများနှင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် သပိတ်စခန်းများအတွင်း ပစ်ခွဲခြင်းများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ အာဏာပိုင်အဖွဲ့များက သပိတ်စခန်းများအတွင်း “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟု ညာသံပေးကာ အုပ်စုလိုက် ဝင်ရောက်ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဧရာဝတီသို့ပြောသည်။

မီးလောင်ဒဏ်ရာရသွားတဲ့  ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ (သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်မ်)
ယင်းသို့ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။



















မီးလောင်ဗုံးများနှင့်ပစ်ပြီး သပိတ်တပ်ဖြိုခွဲရန် နေပြည်တော်မှ ညွှန်ကြားခဲ့ဟုသိရ....


သိန်းစိန်၏ ပကတိရုပ်Thit Sar's photo.
သိန်းစိန်၏ ပကတိရုပ်photo by - Thit Sar's photo.
 
မတ္တာပို့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြသည့် ရဟန်းသံဃာတော်တွေကို လက်နက်ကိုင် သူပုန်စခန်းဝင်စီးသလို အချိန်မတော် အလစ်ဝင်ပြီး အကြမ်းဖက်တာ လူမဆန်တဲ့ လုပ်ရပ်ပါ... အလွန်စိတ်ထိခိုက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပါတယ်....
 
လက်ရှိအစိုးရ ရဲတပ်ဖွဲ့ နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီ ...ဖြေရှင်းရလိမ်မယ်

လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ


အခုလုံခြုံရေးတွေက စီမံကိန်းဧရိယာ တစ်ခုလုံးမှာရှိတဲ့ လမ်းတွေကိုပိတ်ထားလို့ ပိတ်မိနေကြတယ်။ လူမှုရေးအဖွဲ့အစည်းတွေက ကားတွေကိုလည်း ၀င်ခွင့်မပေးတော့ဘူး။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးလောင်ဗုံးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဆရာတော်များ အပြင်းအ ထန်ဒဏ်ရာများရရှိခဲ့ကြပုံ။

မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ဓာတ်ပုံ- သလ္လာဝတီတိုင်မ်း

ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်တဲ့ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံ။
သစ်ထူးလွင်

ကေအိုင်အေက မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် အကျဉ်းသားပို့ ယာဉ်တန်းကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့



မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်း ဖြစ်သည်။ “လုံးခင်းဘက်မှာ ဖြစ်သွားတာ။ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ နောက်ရက်မှာပဲ ဒေသခံ အုပ်ချုပ်ရေးမှူးရုံးက သတင်းပို့လာပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ အခင်းဖြစ်ပွားမှုအရ ဖားကန့်မြို့မှ မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် ဖားကန့်မြို့မှ မြစ်ကြီးနားကို ပို့ဆောင်မည့် အကျဉ်းသားယာဉ်ကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား သုံးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်နေ့စဉ်သတင်းက ရေးသားဖော်ပြထားသည်။ “ကေအိုင်အေနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့က တိုက်ရိုက်မဆက်ဆံပါဘူး။ ပြည်ထောင်စုအဆင့်က ကိုင်တွယ်တာပါ။ ပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ ရှိတာပဲ၊ သူတို့ဆီကိုပဲ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။ ကေအိုင်အေနှင့် မြန်မာအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးထားသည်မှာ ၁၁ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး ခိုင်မာသော သဘောတူညီချက်များ ရရှိထားခြင်း မရှိသေးကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ http://wlovestory.blogspot.com/2012/11/blog-post_3051.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ


နိရဉ္စရာ

နိုဝင်္ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့က ပြုလုပ်ခဲ့သော (၆ရ) ကြိမ်မြောက်ကု လသမဂ္ဂ အထွေထွေ ညီ လာခံကြီး၏ (၄၃) ကြိမ်မြောက်တတိယကော်မ တီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင် များကို ရို ဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းကိုမြန်မာဘက်ကပယ်ချလိုက် သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆို သည်မှာ မရှိကြောင်း၊ ကုလသမဂ္ဂ၏ ဆုံး ဖြတ်ချက်ထဲတွင် သုံး နှုန်းဖော်ပြထားသော အသုံးအနှုန်း အပေါ် မိမိတို့ ကိုယ် စားလှယ် အဖွဲ့အနေဖြင့် အပြင်း အထန် ကန့်ကွက်ကြောင်း၊ ရခိုင်ပြည် နယ်အ တွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ ဘာသာရေးအရ ဖိနှိပ်မူကြောင့် ပေါ်ပေါက်လာသော အကြမ်း ဖက်မှုများ မဟုတ်ဘဲ လူမှု အဖွဲ့အစည်း နှစ်ခုအ ကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ ပြန်လည် တုံ့ပြန်ပြောဆို ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မိကြောင်း၊ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်များအပေါ်အကြမ်း ဖက် ဖိနှိပ်မူများကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာ အစိုးရအနေဖြင့်လူနည်းစုဖြစ်သောသူတို့၏အခွင့်အရေးကိုအကာအကွယ်ပေး ရန်တောင်း ဆိုကြောင်း စသည့် အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီ ဆွေး နွေးပွဲ တွင် ချမှတ်ခဲ့သည်ဟု ဆိုသည်။

မြန်မာ ကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာ အမည်ခံထားသူများမှာ ရွှေ့ပြောင်း ၀င်ရောက်လာသူ များသာဖြစ်ကြောင်း၊ သူတို့ကိုယ်သူတို့ ခွဲခြား သတ်မှတ်ရန် ကြိုးစားနေရာတွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အဖြစ် မပြောဆိုဘဲ လူမျိုးစုတခု အဖြစ် သူတို့ဖာသာ ဖန်တည်းသတ်မှတ် ခြင်း မျိုးကို လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး စုများ အထဲတွင် ရိုဟင်ဂျာဆိုသော တိုင်းရင်းသား လူမျိုးစု မရှိပါကြောင်း၊ ယခုကဲ့သို့ သတ်မှတ်မူမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်း ကမှ အသိအမှတ် မပြုခဲ့ဖူး ပါ ကြောင်း၊ ဤကဲ့သို့ အခြေအနေ မျိုးတွင် တိုင်းပြည်၏ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီပါက နိုင်ငံတွင်း မည်သည့် လူမှု အ၀န်းအ၀ိုင်း မဆို နိုင်ငံသားဖြစ်ခွင့်ကို မည်သည့် အခါ မှ မငြင်းပယ်ခဲ့ဘူးကြောင်းနှင့် ငြင်းပယ်မှာလည်း မဟုတ် ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

မြန်မာအနေဖြင့် တတိယ ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ရိုဟင်ဂျာ အမည် သုံးစွဲခြင်းကို ကန့်ကွက် ကြောင်း ပြောဆိုသည်ဟု ရွိုက်တာ သတင်းတွင်လည်း ဖေါ်ပြသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ အခြေအနေအတွက် စိုးရိမ်ကြောင်းနှင့်ရခိုင်ပြည်နယ်တွင်နေထိုင်သူများအားလုံး အ တွက် အကာအကွယ်ပေး ရန် တောင်းဆိုချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။

(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမူ ရေး အဖွဲ့အစည်းများ၏ တစ်စုံတစ်ရာ တုန့်ပြန်မူများ ယနေ့ထိ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ့်နှင့်ခဲ့မှုအပေါ် ဆရာတော် ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်) ရဲ့ပြောပြချက်


ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ
အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။........Shwe Pin Lon........
ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူ
ထုကလည်း ၀မ်ပေါင်ကုမ္ပဏီကိုအကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကိုအကြမ်းမဖက်အောင်
စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲ
ဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသု
က္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ 
 
ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ 
 
ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။
 
 
 
Shwe Pin Lon

ရခိုင်ပြည်သို့ ကုလား ၆၀ဦး ထပ်မံပို့ခံရပြန်ပြီ


သဇင်ဥ

ဘင်္ဂလာမှ ရခိုင်ပြည်နယ်ဘက်သို့ ကုလား ၆၀ ဦးအား မှောင်ခိုလမ်းများမှ ယ မန်နေ့က ထပ်မံပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်း မြန်မာ-ဘင်္ဂလာ နယ်စပ်မှောင်ခိုလမ်းများမှ တရားမ၀င် ပို့ဆောင်ခဲ့သော တပ်ဖွဲ့မှာ ကော့စ်ဘ ဇားမြို့ အခြေစိုက် BGB အမှတ် ၁၇၊ ရဲတပ်ဖွဲ့နှင့်တာခ်နာ မြို့နယ် အခြေစိုက် BGB အမှတ် ၄၂ တို့က ဖမ်းဆီးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ယနေ့ဒေသထုတ် ဆော်မူဒြကာ ထော် သတင်းက ဆိုသည်။

ယင်းသတင်းက ပို့ဆောင်ခြင်းခံရသူများမှာ ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆ ရီမြို့နယ်နှင့် ကော့စ်ဘဇားခရိုင်များမှ ဗုဒ္ဓဟူးနေ့က ဖမ်းဆီး ရမိပြီး ယင်းနေ့ အတွင်း အတင်းအဓမ္မ ပို့ဆောင်ခြင်းဖြစ်ကြောင်း ဖေါ်ပြသည်။

BGBမှ ရခိုင်ပြည်သို့ အတင်းပို့ဆောင်သော ကုလားများမှာ ဘင်္ဂလာသို့ ကျူးကျော်ဝင်ရောက်ပြီး မှောင် ခိုစက်လှေများဖြင့် မလေးသို့ သွား ရန် ပြင်ဆင်နေကြချိန် ဘင်္ဂလာအာဏာပိုင်များက စွပ်စွဲဖမ်းဆီးခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပို့ ဆောင်ခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိမြန်မာလူထုနှင့် အစိုးရ ဦးသိန်းစိန်က ယင်းကုလားများအား တဘက်ဘင်္ဂလာမှ ကျူးကျော်ဝင်ရောက် လာသူများ ဖြစ် ကြောင်းနှင့် မြန်မာတွင် ယင်းလူမျိုးမရှိကြောင်း နိုင်တကာသို့ ရှင်းရှင်းလင်းလင်း တရားဝင် ထုတ်ဖေါ် ပြောဆိုထားသည်။


ထိုကဲ့သို့ ကုလားများအား ရခိုင်ပြည်သို့ ပို့ဆောင်ခဲ့မှုအား BGB အမှတ် ၄၂ တပ်ရင်းမှူး ဇာဟိဒ် ဟာဆန်နှင့် ၁၇ တပ်ရင်းမှူး ခါလေကူဇ္ဖာ မန် တို့က အတည်ပြုပြောဆိုသည်။

ဘင်္ဂလာက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်သို့ နိုဝင်္ဘာလအတွင်း ကုလားစုစုပေါင်း ၆၀၀ နီးပါးအထိ အတင်းအဓမ္မ တရားမ၀င် မှောင် ခိုလမ်းများမှ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကော့စ်ဘဇားမြို့မှ ထုတ်သည်သတင်းများအရ သိရှိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)က လက်ပန်းတောင်းတောင်မှ ဒဏ်ရာရရှိသူများကို ဆေးဝါးအကူအညီပေးမည်


7 Day News Journal, 29 November 2012  —  ရန်ကုန်၊ နိုဝင်ဘာ-၂၉
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယနေ့ညနေပိုင်းတွင် လက်ပန်းတောင်းတောင်သို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အများပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက 7day News သို့ ပြောသည်။
“လောလောဆယ်တော့ ကျွန်တော့်တို့ဆိက အသင်းသား ၄၊ ၅ ယောက် အခု လက်ပန်းတောင်းတောင်သွားဖို့ ပြင်နေပြီ။ အဓိကက ဆေးဝါးအကူအညီ ပေးဖို့ပါ။ ဟိုကိုရောက်တော့မှ ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ဒီကနေ ငွေလွှဲပေးမှာပါ။ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းဖို့ ရှေ့ပြေးအဖွဲ့လေးလွှတ်တာပါ။ သူတို့စုံစမ်းရတဲ့အချက်တွေအပေါ် မူတည်ပြီး တတ်နိုင်တဲ့ ဆေးဝါးအကူအညီတောက်လျှောက်ပေးသွားမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ
ဦးကျော်သူက ပြောသည်။
လက်ပန်းတောင်းတောင် သပိတ်စခန်းများမှဒဏ်ရာရရှိသူများအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အဖွဲ့သားများ က လိုအပ်သည့်အကူအညီများပေးရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။
You might also like:

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာ ခရီးစဉ် မြင်ကွင်းတချို့


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက မုံရွာမြို့နယ်ကို သွားရောက်ကာ ဒေသခံ ပရိတ်သတ်တွေကို မိန့်ခွန်း တရပ် ပြောကြားခဲ့ပါတယ်။ 

မုံရွာ ဒေသခံများကို မိန့်ခွန်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံများ- မန်းသားလေး/ဧရာဝတီ

လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ပြီး အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်လို့ ထိုဒေသ ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ မြို့ခံပရိသတ်ရဲ့ မြင်ကွင်းတချို့ကိုလည်း ဖော်ပြပေးလိုက်ပါ တယ်။ 




ဆက်စပ်သတင်း

လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျိုးအစားဖြင့် ဖောက်ခွဲ ခံခဲ့ရ


မုံရွာ ဆေးရုံတွင် တက်ရောက် ကုသ ခံနေရသော သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျိုးအစားဖြင့် ဖောက်ခွဲ ခံခဲ့ရသည့် အတွက် ရေနှင့် ထိတွေ့ ရာတွင် ဒဏ်ရာ ပြင်းထန်ခြင်း ဖြစ်ကြောင်း ဒဏ်ရာ ရသူများကို ဆေးကုသ ပေးနေသော မုံရွာ ဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ သပိတ်စခန်း ဖွင့်ထားသည့် နေရာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့နံနက် နှစ်နာရီ ခွဲခန့်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းပြီး နောက် တွေ့မြင်ရစဉ်

Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း


ပထမဆုံးအနေနဲ့ ဖုန်းရဲ့
Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
အဲ့ဒါက ဖောင့်အတွက်ပါ ။
ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။
သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။
Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။ အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ
Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာကီးဘုတ် ကိုရွေးပေးပါ ။
Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း
ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။
မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။
အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။
 
Download>>>mediafire (or)freehostina (or)zshare
Ref>>>http://myanmarplay.com/?p=3901